"အားလုံးပဲ မင်္ဂလာ လက်မှတ်ထိုးကိစ္စလည်း
ပြေလည်ကြပြီဆိုတော့...အခု
စေ့စပ်ပွဲကြီးက အောင်မြင်စွာ
ပြီးဆုံးပါပြီခင်ဗျာ.."
ဖြောင်း...ဖြောင်း....
လက်ခုတ်သံများနှင့် လူတွေရဲ့
အပြုံးများအောက်တွင် အပြုံးအရယ်
ကင်းမဲ့နေသော ချည်.....
သူနဲ့ စတင်၍ဖြစ်ပျက်သော နေ့မှစ၍
သူမ မျက်နှာပေါ်တွင် အပြုံးဟူ၍
မရှိတော့ပေ။
"ကဲဒါဆိုရင်တော့...သမီးလေး ဘာပြော
ချင်သေးလည်း..."
ချည်ဖခင်ဖြစ်သူအသံကြောင့် ဖခင်အား
တောင်းပန်သော အကြည့်တို့ဖြင့်မော့ကြည့်ကာ...ခေါင်းလေးခါပြ၍...
"ချည်ပြောစရာ မရှိပါဘူးဖေဖေ..."
ဦးစက်ရောင် သမီးဖြစ်သူအား
ပြုံးစွာကြည့်၍....
"သမီးက ဖေဖေတို့ကို အားနာနေတာလား
အားမနာပါနဲ့ သမီးရယ် ဖေဖေသူငယ်ချင်း
ရဲ့ သားမောင်ခွင်းမာန်ဟုန်းနဲ့ဆိုတော့
ဖေဖေနဲ့ မေမေ ဘာမှ အပြစ်မပြောပါဘူး
ဖေဖေတို့က ပိုလို့တောင်ဝမ်းသာသေးတယ်
ကွယ်..''
ထိုအပြောကြောင့် ဘေးမှ ထိုင်နေသော
ခွင်းကတော့ ယောက္ခမရဲ့ သဘော
ထားကြောင့် မျက်နှာပေါ်တွင်ကျေနပ်
သော အပြုံးတို့ကနေရာယူထား
သည်။
ချည်ဘာမှ ပြန်မပြောဘဲ ခေါင်းလေး
သာငုံ့ထားမိသည်။လူကြီးတွေဆွေး
နွေးပြောနေသော စကားတို့ကိုသာ
နားထောင်နေလိုက်သည်။
ချည်တို့ မင်္ဂလာပွဲကို ရန်ကုန်မှာပဲ
ကျင်းပမည် ဖြစ်ပြီး...ညပိုင်း
Dinnerလေးပဲ လုပ်မည်ဖြစ်သည်။
သူ့မိဘတွေက အကြီးအကျယ်လုပ်ပေး
ချင်ပင်မဲ့လည်း ဒါတောင်မတက်သာလို့
လက်ခံလိုက်ရသောချည် ငြင်းဆန်မှုကြောင့်
အားလူံး ခေါင်းငြိမ့်ခဲ့ရသည်။
ခွင်း မြန်မာရင်ဖုံး အဖြုုရောင်
လက်ရှည်လေးနှင့် အနောက်တိုင်း
ဆံထုံး မို့မို့လေးဖြင့် လှပနေသော
သူမအား ငဲ့ကြည့်၍...သူပြုံးလိုက်မိသည်။
ခွင်းလက်တစ်ဖက်က သူမလက်ကလေး
အား သွားဆုပ်က်ိုင်ချ်ိန် သူမ ရုန်းရန်ပြင်စဥ်...
သူ သူမနားလေးနားကပ်၍..
"မရုန်းနဲ့ချည် လူကြီးတွေ ကြည့်နေတယ်.."
ချည်သူ့အပြောကြောင့် မျက်နှာလေး
မှာ မအိမသာဖြစ်သာ တစ်ချိန်လုံး
ရှိနေခဲ့သည်။
အားလုံးပြီးချ်ိန် ချည်နှင့်သူ လူကြီး
တွေအား ကန်တော့ကြသည်။
"သားနဲ့ သမီး အိုအောင်မင်းအောင်
ပေါင်းသင်းရပါစေကွယ်..."
ဦးစက်ရောင်ဆုတောင်းပေးသလောက်
ဦးတမာန်ကတော့ သားဖြစ်သူအား
တစ်ချက် ကြည့်၍...
"သမီးချည်..သမီးကို ဒီကောင်
အနိုင်ကျင့်တာနဲ့ လေးလေး
ကိုပြော ကြားလား...''
"အို..ရှင်ကလေ..ဖေဖေပြောစမ်းပါ..."
ခင်ပွန်းဖြစ်သူအား ဒေါ်သက်ထား
ပြောလာချိန် အားလုံးပြုံးလိုက်ကြ၍
ဦတမာန်လည်း ထိုတော့မှ သတိထားမိကာ...
"ဟုတ်သားပဲ သမီးချည် ဖေဖေက်ို
ပြောကြားလား...''
"ဟုတ်ကဲ့ ပါဖေဖေ...."
ချည်ခေါင်းလေးငြိမ့်ကာပြန်ဖြေလ်ိုက်သည်။
"သား...သားကအခုအချိန်မှာ အိမ်ထောင်
ဦးစီးဖြစ်နေပြီနော်..အရာရာကို သားက
ဦးဆောင်တက်ရမယ်...''
ခွင်း မိခင်ဖြစ်သူအား ခေါင်းငြိမ့်ပြ၍..
"ဟုတ်ကဲ့ပါ မေမေ..."
"ကဲ ဒါဆ်ို သွားနားကြတော့
မင်္ဂလာပွဲက နောက်တစ်ပတ်
ဆိုတော့ ဝတ်စုံတွေအတွက်
ညနေမှ သွားပြီး အပ်ကြပေါ့.. "
ချည် မနက်ထည်းက လာသမျှဧည့်သည်
တွေအား ဧည့်ခံနေရသောကြောင့် နား
ချင်နေပြီ ဖြစ်သည်။
သူ့မိဘရော ချည်မိဘပါ မိတ်ဆွေများ
ပြားလှသောကြောင့် လက်မှတ်ထိုးပွဲက
မင်္ဂလာပွဲတစ်ခုအလား....
သူ့မိဘတွေက ဒိတ်ဒိတ်ကျဲ သူဌေး
ဖြစ်သောကြောင့် ပို၍ စည်းသွားတာလည်း
ဖြစ်သည်။
ချည်ရှေ့ဆက်ရမည်ကို သက်ပြင်းလေး
ချချ်ိန် သူမအား မျက်မှောင်ကုတ်၍
ကြည့်နေသော သူ့အားပြန်ကြည့်လိုက်သည်။
"ဘာလည်း...''
"ဘာမှ မလဲဘူး လာ...အခန်းထဲ
သွားကြမယ်..."
"အို...ရှင့်ဘက်သာ သွားပါလား.. ''
ခွင်း သူမစကားကြောင့် မျက်မှောင်
ကြီးတွေ ပို၍ ကုတ်သွားကာ..
"ဟ...ရမလား...မင်းနဲ့ငါ လက်မှတ်
ထိုးပြီသား...မင်းနဲ့ငါမသွားလို့
ဘယ်သူနဲ့သွားရမှာလည်း.. "
"ရှင့်အခန်းရှင်သွားပါလား
ချည်က ချည့်အခန်းကိုသွားမှာ...''
"ရမလားကွ...မရဘူး ငါ့အခန်းကို
လိုက်ရမယ်..မင်းက ငါ့မိန်းမ..."
နှစ်ယောက်သား အပေါ်မတက်ခင်
ရန်ဖြစ်နေသောကြောင့် နှစ်ဖက်မိဘ
တွေလည်း သူတို့အားကြည့်၍...မျက်နှာ
တွေရဲနေကြတော့သည်။
"သမီး သားပြောတာ မှန်တယ်လေ
ကွယ် အခုကသမီးနဲ့သားက အကြင်
ဇနီးမောင်နှံ တွေဖြစ်သွားပြီလေ တစ်ယောက်
တစ်ခန်းမှ နေလို့မရတော့တာကွယ်..."
ချည် မိခင်ဖြစ်သူအပြောကြောင့် သူမ
မျက်နှာလေး ခေါင်းလေးပြန်ငုံ့သွားကာ..
"ဟုတ်ကဲ့ပါမေမေ..."
ချည်ပြောပြီး အရှေ့က တက်သွားသော
သူ့အနောက်အား မျက်နှာလေးတည်တင်း
စွာလိုက်ပါလာတော့သည်။
သူတို့နှစ်ဦးအား ကြည့်၍ ကျန်နေခဲ့သော
သူတို့ကတော့ သင်ပြင်းကိုယ်စီချနေမိတော့သည်။
ဦးတမာန်သားဖြစ်သူအားကြည့်၍
မျက်နှာကြီးရဲစွာ..
တော်တော်အခုမှ မိန်းမ..မိန်းမ ဖြစ်နေတဲ့သား...
---=====================^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"ဟင်....လှိုင်း နင်ဒီရက်ပိုင်း
မျက်နှာလည်း မကောင်းပါလား
ဘာဖြစ်နေတာလည်း..."
"ဘာဖြစ်ရမှာလည်း ဟိုရက်တောက
ငါနဲ့ ပြဿနာဖြစ်တဲ့ မိန်းမကြောင့်
အခုထိ စိတ်တိုနေတာ..."
"သြော်လှိုင်းရယ်..ကြာပြီပဲ
ထားလိုက်ပါတော့.."
"မထားန်ိုင်ဘူး ငါ့ကိုလူပါး
ဝသွားတာ..ဒီအတိုင်းတော့
မထားနိုင်ဘူး... ''
"ဒါဆို နင်က သူ့ကို ဘာလုပ်မလို့လည်း...''
လှိုင်း ဝင့်အားကြည့်၍ ပြုံးကာ..
"ငါ့မှာ အကြံရှိတယ်..အဲဲဒီမိန်းမ
ငါ့ကို မကြည့်ရဲအောင်လုပ်ရမယ်..."
ဝင့် ခေါင်းခါလိုက်၍..
"ဒါပင်မဲ့ လှိုင်းရယ်..."
"နင်ဘာမှ လာမပြောနဲ့တော့လှိုင်း
ပြီးတော့ သူ့ခေါင်းမှာ အဲ့ဒီနေ့က
စည်းထားတာ နင်တွေ့လိုက်လား.."
"ဟင်..ဘာကိူလည်း...."
လှိုင်း ဝင့်အား ကြည့်၍..
သူမတို့အရှေ့က ရေကူးကန်ကြီးး
ဆီ အကြည့်တို့ရောက်သွားကာ..
"ခွင်းမာန်ဟုန်းဆီမှာ အမြဲတွေ့နေတက်
တဲ့ ကြိုးလေး အဲ့ဒါ သူမခေါင်းပေါ်မှာ
ငါတွေ့လ်ိုက်တယ်..."
"ဟင် ဟုတ်လို့လား...လှိုင်း ပြီးတော့
အဲဒါတွေက ပုံစံတူတွေ.. "
"No, No ခွင်းကိုင်တဲ့အရာတွေက
ပုံစံတူတွေ နင့်တွေ့ဖူးလို့လား
သူက သူကိုင်တဲ့ ပစ္စည်းမှန်သမျှ
သူ့ပါသူ ဒီဇိုင်းထုတ်တာလေ...''
ဒါလည်းဟုတ်သည်။ခွင်းမာန်ဟုန်းဆိုတာ
အရမ်းချမ်းသားသော သူဌေးသားဆ်ိုပင်
မဲ့လည်း မိဘဆီက ငွေလက်ဖြန့်တောင်း
သုံးတဲ့သူမဟုတ်ဘူးဆိုတာ သူမတ်ိုသိခဲ့ရသည်။
သူ့မှာ ဘယ်သူမှ မသိန်််ိုင်သော ပိုင်ဆိုင်မှု
တွေနှင့် လုပ်ငန်းတွေ ရှိတာဆိုတာ
သိပင်မဲ့လည်း ဘယ်သူမှ အတိအကျ
မသိကြပေ။
"ဒါပင်မဲ့ လှိုင်း..ခွင်းနဲ့က
အဲဒီမိန်းကလေး ဘယ်လိုပတ်သတ်
နိုင်မှာလည်း...''
"ငါလည်း အတိအကျတော့မသိဘူး
နင်ပြောသလို ငါလည်းစဥ်းစားမ်ိတယ်
ဒါပင်မဲ့ ငါရအောင်စုံစမ်းမယ်..."
"တကယ် ခွင်းနဲ့ပတ်သတ်နေတယ်
ဆိုရင်ရော.."
ထိုအခါ လှိုင်းမျက်နှာလေးမှာ
ပျက်သွား၍..မျက်နှာမှာ တင်းသွား၍...
"မဖြစ်နိုင်ဘူး....ဝင့်..."
ထိုအခါ ဝင့်လှိုင်းအားကြည့်၍..
"လှိုင်း နင့်စိတ်က ခွင်းကို စိတ်ဝင်စား
နေတယ်ဆိုတာ နင်သိရဲ့လား..."
လ်ှိုင်းထရပ်လိုက်၍...သူမ
မျက်နှာမှာ ပျက်နေပြီး...
"ဟင့်အင်း မဖြစ်နိုင်ပါဘူး
ငါ ခွင်းကို စိတ်မဝင်စားဘူးဝင့်
ခွင်းကပဲ ငါ့ကို စိတ်ဝင်စားရမှာ..."
ဝင့်ခေါင်းခါလိုက်၍...ပြုံးကာ..
"စိတ်ကူးအရမ်းမရင်နဲ့လှိုင်း
ခွင်းလိုလူက ဘယ်မိန်းကလေး
ကိုမှ စပြီး စိတ်ဝင်စားမှာ
မဟုတ်ဘူး..."
လှိုင်း လှပသောနှုတ်ခမ်းလေး
မှာ ပြုံးသွား၍...
"နင်ကြည့်နေလိုက်..နောက်ရက်က
စပြီး ငါလုပ်ပြမယ် တစ်နေ့သူကိုယ်
တိုင် ငါ့ကို စပြီး ဖွင့်ပြောလာစေရမယ်..."
------------------------------=--=======-^^^^^🍓🍓🍓🍓🍓🍓🍓
ဂျောက်....
တံခါးပိတ်လိုက်သည်နှင့်အတူ ချည်
မျက်နှာလေးတင်းမာပြီး သူ့အား
မျက်နှာလွဲထားကာ မတ်တပ်လေး
ရပ်နေမိသည်။
"မင်းအဲဒီမှာပဲ ရပ်နေတော့မှာ
လားချည်...''
လှပသော ကိုယ်လုံးလေးမှာ မြန်မာ
ဝတ်စုံလေးအားဝတ်ထားပြီး ပန်းပု
ရုပ်လေးအလား လှပနေသော ဇနီး
အသစ်စက်စက်လေးအား ခွင်း
အင်္ကျီကြယ်သီးဖြုတ်နေရင်း
ပြောလိုက်ပြီး မျက်မှောင်ကြီးကုတ်၍
ကြည့်နေစဥ် သူမ သူ့ဘက် မျက်နှာ
လေးတည်တင်းပြီး ကြယ်သီးတွေပြုတ်နေသော သူ့ရင်ဘတ်ဖွေးဖွေးကြီးကြောင့်
မျက်နှာလေးရဲသွား၍ ချက်ချင်းမျက်နှာလေး
ပြနလွဲလိုက်မိသည်။
ထိုအရာကို ခွင်း တွေ့၍ ပြုံးလိုက်ကာ..
"ပြောလေ ဘာပြောမလို့လည်း.."
ချည် သက်ပြင်းလေးချ၍..
"ရှင့်ကို ချည်ပြောစရာ
ရှိတယ်..."
"အင်း..."
"ရှင့် ကျောင်းကအပေါင်းအသင်း
တွေကို ရှင်နဲ့ချည် လက်ထပ်ထားတာ
အခုအသိမပေးပါနဲ့ လက်ထပ်ပွဲ
ကြမှ သူတို့ဘာသာသိပါစေ... "
"အင်း နောက်တော့ရော..."
သူပြောပြီး ချည်အနားလျှောက်လာသော
ကြောင့် ချည် မျက်နှာလေးအားပို၍
တင်းထားကာ..
"ရှင်နဲ့ ကျွန်မ အခုအတူမနေနိုင်သေးဘူး.. ''
"ဘာ...''
"ဟုတ်တယ် ကျွန်မ အခန်းပြန်နေပါရစေ...''
ခွင်း သူမစကားကြောင့် လျှာကို ပစောင်း
ထိုး၍ ခပ်မဲ့မဲ့ပြုံးလိုက်ကာ...ကြယ်သီးတွေ
ဖြုတ်ထားသော အင်္ကျီအားချွတ်၍
ကြမ်းပြင်ပေါ် ပစ်ထုတ်လိုက်ပြီး...သူမ
ဆီလျှောက်သွား၍ သူမကိုယ်လေး
အား ပေါ့ပါးစွာပွေ့ချီလိုက်သည်။
"ဒါတော့ လက်မခံနိုင်ဘူး...လာခဲ့
အိပ်ချင်နေပြီ..."
"အို...ရှင်နော်...ရိုက်မှာနော်..."
"ရ်ိုက်လေ..တစ်ခါ ရိုက် တစ်ခါ
နမ်းပဲ...''
"အို...ရှင်..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း