book

Index 7

အပိုင်း(7)❤❤

  • Author : Lwanchin
  • Genres : Romance, Drama

"တောက်.....မင်းကွာ...''


ခွပ်..ခွပ်...


"အို...မောင်...အရမ်းမထိုး

ပါနဲ့သားကို..."


သားဖြစ်သူအား တိုးကြိတ်နေသော ခင်ပွန်း

သည်ကြောင့် ဒေါ်သက်ထား ကြားတွင်ဗျာ

များနေမိသည်။


ဒါတောင် အ်ိပ်ရာပေါ်တွင်သတိမေ့နေသော

ချည်လေး မနိုးသေးလို့ နိုးရင်း ဘာတွေ

ဆက်ဖြစ်အုံးမလည်းမသိ။


"အို မောင့် တော်ပါတော့မောင်ရယ်..

သက်ကို သနားရင်တော်ပါတော့...အဟင့်..ဟင့်..."


ဒေါ်သက်ထား ငိုကာပြောလာစဥ်

ဦးတမာန် ဒေါသမပြေစွာ အံကြိတ်ကာ

နှုတ်ခမ်းမှ သွေးတွေကျနေသော

သားအား မချိ့စွာကြည့်၍..


"မင်းကွာ...သူများသားသမီးကို

အခုလို လုပ်တာ လူမဆန်တာကွ

ဒါမဒိန်းမှုမြှောက်တယ်ဆိုတာ

မင်းသိလား..ဟမ်း...သူ့မိဘတွေ

ငါတို့ကို ယုံကြည်လို့ လာထားတာ

ဒါကို မင်းကအခုလို လုပ်လိုက်တော့

ငါတို့က ဘာဖြစ်သွားပြီလည်းဟမ်း..တောက်.  '"


ဦးတမာန် တရူးရူးနဲ့ ဒေါသတွေ ထွက်နေကာ

ကြားထဲက ဇနီးသည်ကြောင့် အနည်းဖြေရှော့

နေရသည်။


"သား တာဝန်ယူမှုပါ ဖေဖေ...ပြီးတော့

သူက သားချစ်သူပါ..."


"တောက်...မင်းသူများသားသမီး

ဖျက်စီးပြီးမှ တာဝန်မယူဘူးပြောကြည့်

ပါလား မင်းကိုသတ်ပြီး ငါကိုယ်တိုင်

ထောင်ထဲဝင်မယ်ကွ..."


"မောင်ရယ် ဒေါသကို လျော့ပါ

သား....ဒီကိစ္စမှာ မေမေလည်း

သားကို အရမ်းစိတ်ဆိုးတယ်...

မေမေရဲ့သားမှာ အခုလို စိတ်ဓာတ်

ရှိတာ မေမေအရမ်းဝမ်းနည်းတယ်သား...

ချစ်သူဆိုလည်းချစ်သူပေါ့..ဒါပင်မဲ့.မေမေတို့က်ိုပြောပေါ့...အခုလို ဖြစ်စရာလိုလိုလားကွယ်. ."


ခွင်း ဆံပင်တွေအား ဖိ၍ ဖွပစ်ကာ

နှုတ်ခမ်းမှ စီးကျလာသော သွေးတို့အား

သုတ်ကာ..


"ကျွန်တော် တာဝန်ယူမှာပါ မေမေ. .

ကျွန်တော် ချည်ကို တာဝန်ယူမှာပါ..

ကျန်တာတွေ ဆက်မပြောပါနဲ့တော့မေမေ."


"ဟေ့ကောင် တိတ်စမ်း...မင်းကများ

မိဘကျို..."


ဦးတမာန် သားဖြစ်သူအား အမြင်မကြည်

စွာ ဝင်ပြောချိန် ဒေါ်သက်ထား နှစ်ဦးသား

ရဲ့ အလယ်တွင်ရပ်၍...


"မောင်မပြောနဲ့ သက်ပြောမယ်..."


ခင်ပွန်း ဖြစ်သူဘက်လှည့်ပြီး သား

ဖြစ်သူဘက်လှည့်ကာ..


"သား မေမေပြောမယ် သမီးချည်

လေးနိုးလာရင် သားရအောင်

တောင်းပန်ပါ သမီးချည်လေးက

ခွင့်လွတ်ရင် သားကို မေမေတို့

ခွင့်လွတ်ပေးမယ် သမီးချည်လေး

ရဲ့ ဆုံးဖြတ်ချက်မှာပဲ မူတည်တယ်

သား...''


ခွင်း မိခင်ဖြစ်သူအား ကြည့်၍...

ခေါင်းငြိမ့်ပြကာ..


"ကောင်းပြီ မေမေ ဒါပင်မဲ့ သား

အခု သူမနိုးလာတာကို စောင့်နေမယ်

မေမေနဲ့ ဖေဖေ ဝင်မလာပါနဲ့..."


ပြောပြီး အပေါ်ထပ် ချည်လေးအခန်း

ဆီတက်သွားသော သားဖြစ်သူအား

ဇနီးမောင်နှံ နှစ်ယောက် ကြည့်လိုက်ကာ

သက်ပြင်းတွေချနေမိတာလည်း ခဏခဏပင်။


သူမတို့ ဧည့်ခန်းထဲမှာ စကားပြော

နေချိန် အိမ်ထဲ အဝတ်အစားဖရိုဖရဲ

ဖြစ်နေသော ချည်လေးအား ပွေ့ချီ၍

ဝင်လာသော သားဖြစ်သူကြောင့် 

နှစ်ယောက်သား ထိန့်လန့်ကုန်ကြကာ

ဘာမှ ပြောမထွက်သည့်အထိပင်။


သားဖြစ်သူကတော့ လွယ်လွယ်လေး

ပြောလိုက်တာက သားနဲချည် မှားခဲ့

ပြီတဲ့ လက်ထပ်ပေးပါ တဲ့...


ထိုစကားကြောင့် ဇနီးမောင်နှံနှစ်ယောက်လုံး

အံ့သြလွန်း၍ ထိန့်လန့်မိကြတာအမှန်ပင်။


ဘယ်အချိန်ထည်းက သားနဲ ချည်လေးက

ရင်းနှီးပြီး အခုလိုတွေ သိသွားကြတာလည်း..


-----=============-----------^^^^^^^🍓🍓🍓🍓🍓🍓🍓


ခွင်း သူမအခန်းထဲ ဝင်လာ၍

အခုထိ သတိမေ့နေသော သူမအနား

တိုးသွားကာ သူ့နဲ့ဆို အမြဲတမ်း တည်

တင်းနေသော မျက်နှာလေးမှာ အခုတော့

လည်း ကလေးတစ်ယောက်ပမာ...


ခွင်း သူမအနားဝင်ထိုင်၍ နဖူးလေး

အား ငုံ့ကာနမ်းလိုက်ပြီး..


"မင်းကို ပိုင်ဆိုင်ရဖို့ ကိုယ်လူယုတ်မာ

ဆန်ပါရစေ ချည်ရယ်.."


သူပြောပြီး ဘောင်းဘီအိတ်ထဲက

ဖုန်းထုတ်ယူ၍ သူမနှင့် နှုတ်ခမ်း

လေးအား နမ်းရှိုက်နေသော ပုံအား

ပီပြင်စွာ ရိုက်ယူပြီး ခေါင်းငုံ့စိုက်ချကာ

သူမဘေးတွင် ထိုင်နေမိသည်။


သူမ သူ့အား လွယ်လွယ်နှင့်

လက်ထပ်ဖ်ို့ ခေါင်းမငြိမ့်ဘူး

ဆိုတာ သူသိပါသည်။


ဒါ့ကြောင့်လည်း အခုလို ထင်ယောင်ထင်

မှားလုပ်ရတာ ဖြစ်သည်။


သူမ သူ့အား မုန်းနေမှာလည်း ခွင်း

သိပါသည်။ဒါပင်မဲ့ သူ သူမအား

အရာရာ အရှုံးပေးပြီး ချစ်သွားမှာပါ

သူ့ရင်ထဲမှာ သူမအတွက် အချစ်တွေရှိနေ

ပြီဆိုတာ သူ သူမမေ့လဲကျသွားချိန်မှာ

သူနားလည်ခဲ့သည်။


ခွင်း သူမလက်ကလေးအားက်ိုင်၍

သူမ ဆံနွယ်လေးတွေအား သက်တင်

ပေးနေချိန်....သူမ လက်ကလေးလှုပ်လာ

ပြီး မျက်ဝန်းလေးတွေ ပွင့်လာစဥ်

ခွင်း ပြုံးလိုက်ကာ..


"ချည် မင်း သတိရလာပြီလား..."


ချည် သူမအနားက သူ့အားမြင်ချိန်

မျက်ဝန်းမှ မျက်ရည်တို့က ကျလာ၍

သူ့အား မုန်းတီးစွာကြည့်လိုက်ပြီး..

အိပ်ယာမှ ချက်ချင်းထရပ်လိုက်ကာ

လက်သီးလေးအားဆုပ်၍...


"ထွက်သွား..."


"ချည်..ကို..."


"ထွက်သွားလို့ ပြောနေတယ်လေ

ရှင့်ကို ကျွန်မ လက်ထပ်မယ်ထင်နေ

လို့လား လဲသေလိုက်...ရှင်အခုချက်

ချင်း ကျွန်မ အရှေ့က ထွက်သွား

လိုက်..."


ခွင်း ခေါင်းတွေခါရမ်း လိုက်၍...


"မသွားဘူးချည်..ကိုယ်မင်းကိုထား

ပြီး ဘယ်မှမသွားနိုင်ဘူး..အခုအချိန်မှာ

မင်းက ကိုယ့်မိန်းမ ဖြစ်နေပြီ..."


ချည်နှုတ်ခမ်းလေးဖိကိုက်ကာ

မဲ့ပစ်လိုက်၍..


"အဟွန်း ဘာမိန်းမလည်း... ရှင့်ပါးစပ်

အရသာခံပြီးပြောမနေနဲ့...ရှင့်က်ို

ကျွန်မ လုံးဝလက်မထပ်ဘူး ရှင့်ကို

ရဲတိုင်မယ်.. "


ခွင်း သူမအားကြည့်ကာ ပြုံးလိုက်၍..


"တိုင်လေ က်ိုယ်ကလည်း ချည်ရဲ

မိဘတွေကို ဒါလေး လက်ဆောင်လှမ်း

ပို့ပြီး ထောင်ထဲ ဝင်လိုက်ပြီး အချိန်တန်ရင်

ချည်နဲ့ ကြည်နူးခဲ့တာလေး ပြန်တွေးပြီး

သာယာနေရုံပဲ...''


"ဘာ...ရှင်..ရှင်ဘာပြောတယ်..."


ချည်သူ့အား မယုံနိုင်စွာကြည့်၍

မျက်ရည်တွေကျလာကာ 

မေးလာချ်ိန် ခွင်း သူမ မျက်နှာလေး

အား ကြည့်၍ သနားသော်လည်း

သူအခုလို မလုပ်ရင် သူမ သူ့အားလက်ထပ်မှာမဟုတ်။


ခွင်း သူမအားပြုံးပြ၍ ဖုန်းအားထုတ်ကာ

စောစောကရိုက်ယူထားသော ဓာတ်ပုံအား

ပြလိုက်ချိန် ချည် ကိုယ်လေးအနောက်သို့

ယိုင်သွားပြီး သူ့အားပို၍ မုန်းတီးစွာ

ကြည့်ကာ..


"ရှင်...ရှင်... လူယုတ်မာ...ဟီး..

အဟင့်...ဟင့်...ဟင်​့..."


ချည်ပြောပြီး ငိုချလိုက်ကာ ထိုနေရာ

လေးမှာပဲ ထိုင်ကြသွားတော့သည်။


ဖေဖေနဲမေမေက အရှက်အကြောက်

ကြီးကြသူပီပီ မျိုးရိုးနှင့် ဂုဏ်သိက္ခာကို

အသက်ထက်တန်ဖိုးထားကြတာဖြစ်သည်။


အခုဒီဓာတ်ပုံကို မြင်ရင် နှလုံးရပ်ပြီး

ဖေဖေနှင့်မေမေ တစ်ခုခု ဖြစ်လိမ့်မည်။


ဟင်းအင်းချည် အဲဒီလိုတော့ အဖြစ်မခံနိုင်။

ချည်မှာ မိသားစုဆိုလို ဖေဖေနှင့်မေမေသာ

ရှိသည်။


ချည်ဘာနှင့်မှမလဲနိုင်သလို အဆုံးရှုံး

လည်းမခံနိုင်ပေ။


ခွင်း သူမရဲ့ ဖြစ်ပျက်နေသော ပုံလေးအား

ကြည့်၍ မျက်နှာအား တမင်တင်းမာ

လိုက်ကာ..


"ဘယ်လိုလည်း မင်းငြင်းအူံးမှာလား.. "


ချည် မုန်းတီးလှသော သူ့အသံကြောင့်

မျက်နှာမှာ မဲ့ပြုံးတို့က ဖြစ်ပေါ်လျှက်...


"ကောင်းပြီး ရှင့်ကို ကျွန်မ လက်ထပ်မယ်..."


ချည်ပြောပြီး မျက်ဝန်းတို့အား

မှိတ်ချလိုက်ချိန် မျက်ရည်တို့အား

ပါးပြင်အထက် အလုအယက်ခုန်

ဆင်းလာကြတော့သည်။


------------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓🍓


"သမီးချည်...သေချာပြီလား

သမီး ဒီကောင်ကို လက်ခံမှာ

​သေချာလား သမီး သမီးကို ဒီကောင်

ဘာတွေ ချိန်းခြောက်ထားသေးလည်း

အန်ကယ်ကိုပြော..."


ဦးတမာန် ဧည့်ခန်းထဲတွင် ခေါင်း

ငုံ့ကာထိုင်နေသော ချည်လေးအား

သားဖြစ်သူကို မယုံကြည်စွာမေးနေစဥ်..

ခွင်းမျက်နှာမှာ အီလည်လည်ဖြစ်သွား၍

ချည် မျက်နှာလေးမှာ တည်တင်းနေကာ...


"ချည်...ချည်ကို သူဘာမှ မပြောပါဘူး

လေးလေး သူပြောတာတွေ အမှန်တွေပါ

ချည်နဲ့သူ နှစ်ဦးသဘောတူ မှားခဲ့ကြတာ

ပါ....''


ချည်စကားဆူံးတာနှင့် မျက်ရည်စီးကြောင်းက ပါးပြင်အထက် စီးကျလာကာ သူမ

အမြန်သုတ်လိုက်၍ မျက်နှာသေလေးနှင့်

ပင်ထိုင်နေမိသည်။


အဖြစ်အမှန်တွေ မသိသော ဦးတမာန်

နှင့် ဒေါ်သက်ထား ထိုတော့မှ သက်ပြင်း

ချကာ..


"ချည်လေးရယ် အန်တီသက်က သားနဲ့

သမီးချစ်သူတွေဆိုရင် ဘာမှပြောစရာ

မရှိပါဘူး သမီးလေးကို အန်တီက

သမီးအရင်းလေးလို ချစ်တာ အန်တီရဲ့သား

ကဆိုးလွန်းတော့ သမီးကိုတောင် အန်တီက

အားနာနေရတာ အခုအခြေအနေတွေဖြစ်ပြီ

ဆိုတော့လည်း အန်တီ ဝမ်းမြှောက်စွာသမီးလေးကို ချွေးမအဖြစ်ကြိုဆိုပါတယ်သမီး

ချည်လေးရယ်.. "


"ဟုတ်ကဲ့ အန်တီ ကျေးဇူးတင်ပါတယ်...''


"သမီးမိဘတွေကို အန်တီဖုန်းဆက်

ပြီးရန်ကုန်တက်လာခိုင်းမယ် ပြီးရင်

မင်္ဂလာပွဲကို သမီးလေးသဘောအတိုင်း

အန်တီသက် အားလူံးလုပ်ပေးမါ်နော်

သမီးလေး..."


ချည် ပြုံးရယ်ချင်းမရှိဘဲ ခေါင်းလေး

ငြိမ့်ပြနေမိကာ သူမဘေးက ခွင်း

သူမအားကြည့်၍ နားလေးအနား

ကပ်ကာ..


"မင်း မျက်နှာလေး အနည်းငယ်ပြင်

လိုက်ရင် ကောင်းမယ်ချည်..."


ထိုအခါ ချည် မျက်ရည်တို့က 

ပို၍ ဝဲတက်လာ၍ လက်ကလေးမှာ

ထမိန်လေးအား ဆုပ်ကိုင်ထားမိကာ..


"ရှင့်ကို အရမ်းမုန်းတယ် ခွင်းမာန်ဟုန်..."


ခွင်း သူမအသံတိုးတိုးလေးပြောလာပင်မဲ့လည်း ရင်ထဲ အောင့်သက်သက်ဖြစ်သွားကာ..မျက်နှာအား တမင် အောင်နိုင်သော

အပြုံးပြုံးထား၍..သူမနားလေးနားကပ်ကာ...


"မင်းကို ချစ်ပါလ်ို့လည်းမပြောဘူး ချည်"


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: