book

Index 6

အပိုင်း(6)❤❤

  • Author : Lwanchin
  • Genres : Romance, Drama

"ရော့....."


"ဟင်..."


ခေါင်းကို ကိုင်လိုက်သည်နှင့်အတူ 

ချည်အရှေ့ကိုကျလာသော ခရေပန်း

နှင့် စံပယ်ပန်းများ ရနံ့များက သင်းပျံ့နေကြ

ကာ စိတ်ကျေနပ်ဖွယ်အပြည့်ပင်။


စိတ်ထဲ ဘဝင်မကျတာက ချည်ပင်။


ခေါင်းမှ အခွေလေးနှင့်ခရေးပန်ကုံးလေး

အား ဖြုတ်၍ ပစ်ထုတ်လိုက်ကာ..


ကျောင်းကပြန်လာပြီး မမှီလိုက်သော

စာတွေအား ဆရာမ ပြန်ရှင်းပြလိုက်

သောကြောင့် ချည်ခြံထဲဆင်းပြီး

ပြန်ကြည့်နေခဲ့တာ ဖြစ်သည်။


"နောက်တစ်ခါ ငါ့အသားကို မထိပါနဲ့..."


ချည်မျက်နှာလေးတင်းမာစွာပြောပြီး

စာအုပ်တွေ ခုံလေးပေါ်မှ ကောက်ယူ၍

ထွက်သွားရန် ပြင်လိုက်စဥ်...


"ရပ်လိုက်စမ်း... "


ချည် ခြေလှမ်းလေး သံအသံကြောင့်

အနည်းငယ်ရပ်သွားသော်လည်း ဂရုမ

စိုက်သလို ခြေလှမ်းထပ်လှမ်းလိုက်စဥ်...


"လာခဲ့စမ်း မင်..."


"အို..လွတ်စမ်း..ရှင်နော်..."


ချည်လက်ကလေးအား သူ့ရဲ့ ကြမ်းတမ်း

စွာ ဆွဲသွားမှုကြောင့် လက်ထဲက စာအုပ်တွေ

ပင်ပြုတ်ကျကုန်တော့သည်။


"ရှင့်ကို လွတ်လို့ပြောနေတယ်နော်..."


ခွင်း သူမလက်ကလေးအား အကြမ်း

ပတမ်းက်ိုင်၍ ခြံထောင့်အား ဆွဲသွားကာ

လက်အား လွတ်ချပေး၍..


"ပြောစမ်း ငါကစေတနာနဲ့ပေးတါ

မင်း ဘာပုံစံ လုပ်လိုက်တာလည်း.. "


"မလိုချင်ဘူး ရှင့်ဆီက စေတနာတွေ

ကျွန်မ မလိုချင်ဘူး..."


သူ့အား မျက်နှာလေးတင်းမာကာ

ပြန်ပြောလာသော သူမကြောင့်

ခွင်း ခပ်မဲ့မဲ့ ကြည့်၍...


"အဟွန်း ဘယ်လို လုပ်မလည်း

ငါကလည်း မယူချင်တဲ့သူဆို

အရမ်းပေးချင်တာ...."


ပြောပြီး သူ့ဘောင်းဘီ အိတ်ထဲက

ထပ်၍ ထုတ်လာသော ခရေပန်းကုံး

လေး...


ချည် သူ့အား မကျေမနပ်နှုတ်ခမ်းလေး

ဖိက်ိုက်ကာ ကြည့်၍...


"မယူဘူးလို့ ပြောနေတယ်နော်..."


"မရဘူး...မင်းနောက်တစ်ခါ 

ငြင်းရဲရင် ငြင်းလိုက်..."


"ငါ အော်လိုက်မှာ...''


"အော်လေ...မင်းအော်တာနဲ့

ငါ့မိန်းမ ဖြစ်ပြီပဲ..."


"တောက်...ရှင်..."


နှုတ်ခမ်းလေးဖိကိုက်၍ သူ့အား

ပြာကျမတက်ကြည့်နေသော

သူမအနား ခွင်းဘာမှ မဖြစ်သလို

တိုးကပ်သွားပြီး....သူမ ဆံနွယ်တွေအပေါ်

ပန်းလေးအား ချည်နှောင်ပေးလိုက်ကာ

မျက်နှာလေးတင်းပြီး နှုတ်ခမ်းလေး ဖိက်ိုက်

ထားသော သူမအား ခွင်းပြန်ငုံ့ကာကြည့်၍...


"မင်းကို ငါအဲဒီပန်းလေးတွေလို

ချည်နှောင်ပစ်မယ်..."


ချည် မျက်နှာလေးမဲ့လ်ိုက်၍..


"ဆုတောင်းလေ..."


"အဟက် ဆုတောင်းစရာမလိုပါ

ဘူး ပန်းတောင် မင်းခေါင်းပေါ်

ရောက်နေတာ...လူဆိုရင် အလွယ်လေး..."


ချည် သူ့အပြော သူ့ရဲ့ ခနဲ့တဲ့တဲ့အပြုံး

တွေကြောင့် အသားတွေပင်တုန်လာကာ

ရိုက်ချင်နေသော လက်ဝါးတို့အား လက်သီး

လေးအဖြစ် ဆုပ်ထားမိ၍ သူ့အား မုန်းတီး

စွာကြည့်၍..


"ရှင့်ကို အရမ်းမုန်းတယ်သိလား..."


"အဟက်...မုန်းပေါ့..မင်းစိတ်နဲ့

မင်းမုန်းတာပဲ...ငါလည်းမင်းကို

ချစ်တယ်လို့မပြောပါဘူး... "


"တောက်...ရှင်ကျေးဇူးပြုပြီး

ကျွန်မနဲ့ လာမပတ်သတ်ပါနဲ့

ရှင့်အပြုအမူတွေလွန်လာရင်

ကျွန်မ အန်တီနဲ့ ရှင့်ကို တိုင်မှာ..."


"အခု သွားတိုင်လိုက်ပါလား..."


သူမအား ခပ်ရွဲ့ရွဲ့ပြောလာသောစကား

ကြောင့် ချည် နှုတ်ခမ်းလေးအားထပ်မံ၍

ဖိကိုက်ထားမိကာ သူ့အား ကြည့်၍...


"ရှင်က မိန်းမတစ်ယောက်ကို မကြည်ဖြူ

ပဲ အခွင့်အရေးယူတက်တဲ့ လူစားမျိုးပဲ..."


ခွင်း သူမအား သေချာကြည့်၍...

နှုတ်ခမ်းတို့က ကြည့်ကောင်းစွာ

ပြုံးနေပြီ...


"အဟွန်း...မင်းဟုတ်လို့ပါ...ငါမင်းတစ်

ယောက်ထည်းပဲ အခုလို လုပ်ဖူးတော့

မသိဘူး...အခွင့်အရေးယူတယ်လို့

ပြောရအောင် ငါသဘောကျလို့ နမ်းတာ

လေ...လူတွေ ပစ္စည်း ပန်းတွေကို သဘော

ကျရင် နမ်းကျတာပဲ...ငါလည်း မင်းအပေါ်

အဲဒီလိုပဲလေ..."


"ရှင်..."


ချည် မျက်နှာလေးရဲတက်သွား၍

သူ့အား မကျေမနပ်ကြည့်ကာ 

လက်ထဲက ပန်းအား ဖြတ်ရန်ပြင်စဥ်..


"ဟေးမဖြတ်နဲ့နော်...ဖြုတ်လိုက်တာနဲ့

အကျိုးဆက်တွေ မင်းဆီလာလိမ့်မယ်..."


သူ့အပြောအား ချည်မဲ့လိုက်ကာ...

လက်ကလေးက ထိုပန်းလေးအား

ဆွဲဖြုတ်ပစ်၍. .


"သေလိုက်လေ..."


ပြောပြီး သူ့အရှေ့ကို ပစ်ထုတ်လိုက်

တော့သည်။


ခွင်းခြေထောက်နားက ပန်းအား

ငုံ့ကြည့်၍ တစ်ချက်မဲ့ကာပြုံးလိုက်ကာ.


"အဟက်..မင်းက သတ္တိကောင်းသား

ပဲ...."


"အမေ့..ရှင်..ရှင်.. "


ပြောပြီး သူမကိုယ်လေးအား ပွေ့

ချီ၍ အနီးက အဆောင်လေးထဲ

ခေါ်သွင်းသွားသော...ခွင်း...


ချည်ထိုတော့မှ ထိန့်လန့်သွားကာ..

သူ့အား အတင်းကုတ်ဖဲ့ရိုက်ရင်း..


"ဖယ်..လူယုတ်မာ ရှင်ဘာလုပ်တာလည်း

အန်တီရေ...လေးလေးရေ...ချည်ကို

ကယ်ပါအူံး...အန်တီရေ...!!!"


ချည်သူ့ရင်ဘက်ကြီးအား အတင်း

ကုတ်ဖဲ့ရိုက်နေရင်း အန်တီနဲ့ လေးလေး

အား အကိုးတကြီးအော်ခေါ်နေမိစဥ်...


"တိတ်စမ်း လေးအကုန်ခံမနေနဲ့ မင်းဘယ်

လိုခေါ်ခေါ် မေမေတို့မကြာဘူး..."


ပြောပြီး ချည်ကိုယ်လေးအား ကလေး

ပွေ့သလိုပွေ့ထားပြီး ထိုင်ခုံပေါ်တွင်

ထိုင်၍ သူ့မျက်နှာ ချည်မျက်နှာလေး

အထက် ငုံ့ကျလာချိန် ...


"အို...ဟင့်အင်း..ဟင့အင်း...ဖယ်..."


ချည် ခေါင်းလေးခါရမ်း၍ သေလုမျောပါး

အသည်းအသန်ခေါင်းလေးခါရမ်း၍

ရှောင်နေရတော့သည်။


ခွင်း သူမ နှုတ်ခမ်းလေးအား နမ်းရှိုက်

နေသော်လည်း အသည်းအသန်ရှောင်နေ

သော သူမာကြောင့် မေးလေးအားဆွဲမော့လိုက်ချိန်..


"အို..အမေ့...အွန်း..."


ချည် မျက်ရည်​တွေ ပါးနှစ်ဖက်အထက်

စီးကျလာပြီး အလန့်တကြား မျက်ဝန်း

တွေ မှိတ်ချလိုက်တော့သည်။


သူ့ရဲ့ နှုတ်ခမ်းတွေ ချည်နှုတ်ခမ်းလေး

တွေအား စုပ်ယူသိမ်းပိုက်သွားချိန် သူ့အင်္ကျီ

အား အသည်းအသန်ဆုပ်ကိုင်ထားသော

ချည်လက်ကလေးတို့သည်လည်း ပို၍

တင်းကြပ်သွားပြီး...သူ့ရင်ခွင်ထဲ

ပင်လက်ကလေးရှိနေသောချည် နားစပ်လေး

သို့ မျက်ရည်စီးကြောင်း နှစ်ကြောင်း ကျလာချန်...


ချည်..သူ့ကို မုန်းလိုက်တာ...


ခွင်း သူမအား ကြောက်လန့်သွားအောင်

ချိန်းခြောက်ယုံတင် စိတ်က ရည်မှန်း

ထားသော်လည်း သူမနှုတ်ခမ်းတို့အား

နမ်းရှိုက်လိုက်ချ်ိန် သူမလွတ်ပေးနိုင်တော့ဘဲ

အသည်းအသန် ဆုပ်ယူနမ်းရှိုက်နေလိုက်ကာ

သူမကိုယ်လေးကိုလည်း ကြစ်နေအောင် ဖက်ထားလိုက်၍...အနမ်းတို့က ဆက်လက်ဖြစ်ထွန်းနေပြီး...


မင်းက ကိုယ့်အတွက်ပဲချည်...မင်းကို

ကိုယ့်အချစ်တွေနဲ့ ရအောင်ချည်ပြမယ်...


------=========--------=========^^^^^🍓🍓🍓🍓🍓🍓🍓


ဝူး.....ဝေါ....


ခြံဝန်းကြီးထဲ ကားစိုက်ဝင်လာချ်ိန်

အပြင်ကို ထွက်ကြိုနေသော ဇနီး

ဖြစ်သူ ခြံထဲ တစ်ခုခုအားရှာနေတာ

ကိုဦးတမာန်ကားပေါ်က ဆင်းလာကာ

ကြည့်၍...


"သက် ဘာရှာနေတာလည်း..."


"မောင်...ဒီမှာလေ သား ဆိုင်ကယ်

ကြီးရှိပြီး လူမတွေ့လို့မောင်ရဲ့..."


"သက်ရယ် သူ့အခန်းထဲမှာ ရှိမှာပေါ့..

သမီးချည်ရော ပြန်ရောက်ပြီလား

ကိုယ်သွားကြိုသေးတယ် ကျောင်းသား

တွေ အကုန်လွတ်သွားပြီ..."


"ဟုတ်တယ် သမီးချည် taxiငှား

ပြီး ပြန်လာတယ်တဲ့...နောက်ရက်

သက်ပဲ အိမ်က ဒရိုက်ဘာလွတ်ပြီး

ကြိုခိုင်းလိုက်မယ်..မောင်ဒီရက်ပိုင်း

အလုပ်ရူပ်နေတော့...''


"အင်း သမီးချည် အဆင်ပြေရင်

ရပါတယ်ကွ..."


"ဟုတ်ကဲ့မောင် လာ..အိမ်ထဲဝင်

ကြမယ်.."


ဒေါ်သက်ထား ခင်ပွန်းဖြစ်သူအိပ်အား

ယူလိုက်သည်နှင့် ဦးတမာန် ဇနီးဖြစ်သူ

ပုခုံးအား ဖက်ကာအိမ်ထဲ ဝင်လာလိုက်သည်။


ထိုအချ်ိန် မြတ်ခင်လေးအပေါ် ကျနေသော

စာအုပ်လေးတွေကတော့ အဖော်မဲ့စွာ...


အိမ်ထဲအရောက်..အသင့်ဖျော်၍ 

ရေခဲ့သေတ္တာထဲ ထည့်ထားသော 

အအေးဖန်ကန်အားယူ၍ ဧည့်ခန်း

တွင်ထိုင်နေသော ခင်ပွန်းဖြစ်သူထံ

ယူသွား၍...


"ရော့..မောင် အေးအေးလေးသောက်

ကြည့်.. ''


ဦတမာန်ပြုံး၍ ယူ၍ သောက်လိုက်ကာ..


"အခုမှပဲ ရင်ထဲအေးသွားတော့တယ်.. "


ဒေါ်သက်ထား ပြုံးလိုက်၍ ခင်ပွန်း

ဖြစ်သူအနား ဝင်ထိုင်ကာ..


"မောင့်ကို သက် ပြောစရာ

ရှိတယ်.. "


"အင်း ပြောလေ..."


"ဟို သားကို သက်တို့ သူ့အဖိုးအိမ်

မှာ ​သွားနေခိုင်းရင်ကောင်းမလား..."


"ဟင်..."


ဦးတမာန် ဇနဖြစ်သူအား မယုံနိုင်စွာ

ပြန်ကြည့်နေမိသည်။


အရင်က သားက ပြောင်းနေဖို့ပြောသော်လည်း သူမ မျက်ရည်တရှုံ့ရှုံ့

နှင့် ဖြစ်နေသော ဇနီး အခုတော့

ကြည်ကြည်ဖြူဖြူ သားဖြစ်သူအား

သူကိုယ်တိုင်ပြောင်းနေဖို့ ပြောလာသော

ကြောင့် အံ့သြမိတာအမှန်။


သားကို အရမ်းချစ်လွန်းသော ဇနီး

အားဦးတမာန်ကြည့်၍...


"ဘာဖြစ်လို့လည်းသက်...အရင်က..."


"သြော် အခုက အရင်လိုမဟုတ်တော့

ဘူးလေး သမီးချည်လေးလည်း ရှိတယ်.

မောင့်သားအကြောင်း မောင်သိတယ်မဟုတ်

လား မတော်လို့ သမီးချည်လေးကို သဘော

ကျပြီး အတင်းအကြပ်ယူရင် ဘယ်လို

လုပ်မလည်း....''


"သြော် သက်ရယ် သမီးချည်လေးကလည်း

လူပါကွာ..မကြိုက်တာကို အတင်းအကြပ်ကြီး ယူလို့ရမလား..."


"သူများတွေ မရင်ပင်မဲ့ မောင့်သားက

တော့ ရတယ်လေ..သူက သူလိုချင်ရင်

ဘာမှကြည့်တာမဟုတ်ဘူး...သက်ကတော့

အရမ်းဆိုးလွန်းတဲ့ သားနဲ့ သမီးချည်လေး

ကို မနီးစပ်စေချင်ဘူး..."


ဦးတမာန်သက်ပြင်းချ၍...


"အေးပါကွာ...မောင်ပြောအုံးမယ်

သားကို..."


ပြောပြီး ဇနီးမောင်နှံနှစ်ယောက် ရင်ထဲ

ကိုယ်စီ သက်ပြင်းအခါခါ ချနေမိတော့သည်။


-----=====----===--------=-----=-^^^^🍓🍓🍓🍓🍓🍓🍓🍓


ဖြန်း.....ဖြန်း...


"လူယုတ်မာ..."


ဆံပင်လေးတွေ ဖရိုဖရဲ ရူပ်ပွနေပြီး

တွန့်ကြေကာ ဆုပ်ပြဲနေသော

မြန်မာအင်္ကျီရင်ဘုန်းလေးအား အသည်းအသန်ဆွဲဖုန်းနေသော သူမ...


သူ့အား အားကုန်လွဲရိုက်ချပြီး မျက်ရည်

တွေစီးကျလာ၍ မကျေမနပ်ကြည့်နေသော

ချည်...


နှုတ်ခမ်းလေးအား ပြတ်ထွက်မတက်

ဖိက်ိုက်ပစ်၍ သူ့အား မုန်းတီးစွာကြည့်

လိုက်ပြီး...လက်ညိုးလေးအား တုန်ယင်စွာ

ထိုး၍...


"လူယုတ်မာ ကျွန်မကို...ကျွန်မကို...

ဟီး...အဟင့်..ဟင့်..ဟင့်..."


အပြင်သို့ အခုပုံစံဖြင့် ပြန်မထွက်ရဲသော

ကြောင့် ချည်ထိုနေရာလေးမှာပဲ ရှက်

လွနသဖြင့် ဝမ်းနည်းစွာထိုင်ငိုနေမိတော့သည်။


ခွင်း စိတ်တွေလွတ်ထွက်သွားကာ

သတိပြန်ရချ်ိန် အရာရာဟာ နောက်

ကျသွားပါပြီ။


ခွင်း ဆံပင်တွေအား စိတ်ရူပ်စွာ

ဆွဲလန့်ပစ်၍ ငိုနေသော သူမအနား

ကပ်ကာ..


"ငါ..ငါမင်းကို တာဝန်ယူမှာပါ..."


ချည် သူ့အား ငိုနေရင်း မုန်းတီးစွာ

ဆက်ခနဲမော့ကြည့်၍...


"သေလိုက်လေ လူယုတ်မာရဲ့.. "


ချည်ဘဝ သူ့လက်ထဲ စုန်စုန်မမြုပ်

သွားသော်လည်း ချည်ခန္ဒာကိုယ်အနံ့

ကျူးကျော်ပြီးသွားသော် သူ့အထိ

အတွေ့များကြောင့် ချည်ဘဝ ပျက်ခဲ့

ပါပြီ။


ချည်ရှက်လွန်းသဖြင့် ဝမ်းနည်းစွာ

ငိုရှိုက်နေရင်း ဒေါသတို့က အစိုး

မရတော့စွာ ဘေးက သစ်သား

တုတ်အားယူ၍...


"လူယုတ်မာ.."


ခွပ်..


"အား...ချည်...မင်း.."


ခွင်းခေါင်းမှ သွေးတို့ ကျလာ၍

လဲကျသွားချ်ိန် ချည်တစ်ယောက်

တုတ်လေးပစ်ချ၍ ကြောင်တောင်

တောင်လေး ဖြစ်နေပြီး ပါးပြင်ပေါ်

မျက်ရည်တွေ စိးကျလာ၍ သူ့အနား

ထိုင်ကျသွား၍ လဲကျသွားတော့သည်။


ခွင်းမူးနေသော ခေါင်းအား ခါ၍

လဲကျနေသော သူမအနား အားယူ၍

တိုးသွားကာ...


"ချည်..ချည်..."


ပြောပြီး သူမလေးအား ပွေ့ဖက်လိုက်၍...

နဖူးလေးအား နမ်းရှိုက်လိုက်ကာ..


"ကိုယ်တောင်းပန်ပါတယ် ချည်ရယ်...''


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: