"တကယ်ကြီးနော် လှိုင်း နင်သွား
ခဲ့တယ်ပေါ့...မင်္ဂလာဆောင်ကတော့
လူတွေပါးစပ်ဖျားမှာ ရေဗန်းစားနေတာ
ကြီးကျယ်ခန်းနားလိူ့တဲ့....ငါလည်း သွားချင်တာ ဖိတ်မဲ့သူမရှိလို့ ဟဲဟဲ..."
ဝင့်အပြောကြောင့် အခုထိ စိတ်နှောက်
နေသော လှိုင်း မျက်မှောင်ကုတ်သွား၍...
"ဝင့် ငါ စိတ်ညစ်နေတာနော် အလိုက်
ကမ်းဆ်ိုးလေး သိပါအုံး..."
"နင်ကလည်း ငါကစတာပါဟယ်....
ဟယ်..ဟိုမှာ..."
ထိုအချိန် အရင်တစ်ခါတွေ့တောက
နဲ့ အရောင်ခြား အဖြူရောင်ကား
ပေါ်က ဆင်းလာသော ချည်ဆ်ိုသော
မိန်းမ..ကြည့်လိုက်ရင် သူ့ကိုယ်သူ
အေးတိအေးစက်နှင့် မထုံတပေလုပ်
ပြီး ခွင်းကို အပိုင်ချ်ိုင်သွားသော မိန်းမ။
လှိုင်း နှုတ်ခမ်းလေးဖိကိုက်ပစ်၍
လက်သီလေးဆုပ်ကာ စိတ်ထဲကနေ
ပြောပြီး ထိုမိန်းမရှိရာက်ို လျှောက်လာ
ခဲ့သည် ။
ဝင့် လှိုင်းကြောင့် မျက်လုံးပြုးသွားကာ..
"အမလေး လှိုင်း ဘာတွေ ပြဿနာ
ရှာအုံးမလို့လည်း ဒုက္ခ ပါပဲ. .."
ဝင့်တစ်ယောက်ပြောနေပင်မဲ့လည်း
လှိုင်းကတော့ ဟိုမိန်းကလေးဆီ
သွားနေပြီ ဖြစ်သည်။
ချည် အိတ်လေးလွယ်၍ ကျောင်း
ဝန်းထဲ လျှောက်လာချိန် သူမဆီသို့
ဒေါသတကြီးလျှောက်လာသော
အမျိုးသမီးကြောင့် ချည် တအံ့တသြ
ကြည့်နေမိစဥ်....
"ဒီမှာ နင်ဘယ်လို ပညာတွေသုံး
ပြီး ခွင်းက််ို စနိုက်ကြော်သွားရတာလည်း..."
"ဘယ်လို...''
ချည် ဘလိုင်းကြီး ရန်လာတွေ့နေသော
အမျိုးသမီးအား မျက်မှောင်လေး
ကုတ်၍ ကြည့်နေကာ...
"ရှင် ဘာတွေပြောနေတာလည်း..."
ဟိုရက်ကလည်း အချောက်တိုက်
ရန်ရှာပြီး အခုလည်း လာပြောနေသော
ထိုအမျိုး သမီးအား ချည်နားမလည်တော့။
အခုလည်း ဟိုလူကိုချည်ကပဲ စနိုက်
ကြော်ရအောင် သူက ကလေးလား။
ဘာမှရေရေရာရာမသိဘဲ လာပြော
နေသော ထိုအမျိုးသမီးအား
ချည် ကြည့်နေလိုက်သည်။
"ဘာတွေ ပြောနေတာလည်း
ဟုတ်လား ရှင်မသိချင်ယောင်
ဆောင်မနေနဲ့ ရှင် ခွင်းကို ဘယ်လို
ဆွဲဆောင်လိုက်လည်း ပြောစမ်း..."
"ဒီမှာ ရှင် ကျွန်မကို ဒီလိုလာမေး
ပိုင်ခွင့်မရှိဘူး ရှင့်သိချင်ရင်
သူ့ကို သွားမေးလေ ကျွန်မ
ဘယ်လို စန်ိုက်ကြော်လိုက်လည်း
ဆိုတာ...."
ထိုအခါ လှိုင်း ထိုမိန်းမမျက်နှာအား
ကြည့်၍ မနာလိုဝန်တိုမူတွေက
မြင့်တက်လာကာ...
"ရှင် တစ်ခုသိထားရမှာက
ခွင်းကို ကျွန်မ ပြန်ယူမယ်..."
ပြောပြီး ထွက်သွားသော ထိုအမျိုး
သမီးအား ချည် နားမလည်နိုင်စွာ
ကြည့်၍ ဟိူလူယုတ်မာအား
ဒေါသထွက်နေတော့သည်။
"ဒီက တစ်ယောက် ကြားကနေ ဝင့်တောင်းပန်
ပါတယ်နော် လှိုင်းက စိတ်ထဲ ရှိလို့ပြော
တာမဟုတ်ပါဘူး သူ့အစား
တို့တောင်းပန်ပါတယ်နော်...."
ချည်အား ပြောပြီး စောစောက
မိန်းကလေးအနောက်ပြေးလ်ိုက်
သွားသည့် မိန်းကလေးအား
ချည် သွယ်တန်းနေသော
မျက်ခုံးလေးပင့်တက်ကာ
ကြည့်၍ သက်ပြင်းလေး
ချလိုက်တော့သည်။
-----------====================^^^^🍓🍓🍓🍓🍓🍓🍓
"ပီရူးတစ်ပွဲ....ခေါက်ဆွဲကြော်တစ်ပွဲ...
Colar နှစ်ဘူး..."
ခွင်းနဲ့ မျ်ိုးမင်း ကန်တင်းတွင်
နေ့လည်စာ မှာလိုက်ပြီး
ခွင်းဖုန်းကြည့်နေချ်ိန်...
"ခွင်း မင်း ရုံးကို သွားအုံးမှာလား.. "
"အင်း သွားမှာ ခဏနေ အတန်းကတော့
မင်းပဲတက်လိုက်တော့ ငါအလုပ်ကိစ္စတွေ
ပြီးတာနဲ့ ချည်ကို သွားကြိုရအုံးမယ်...''
"အေးပါ ငါစာတွေ မင်းကို ပြန်ပြောပြ
မယ်..."
"ရတယ် မင်းသာ နားလည်အောင်
အရင်လုပ်.. "
ထိုအခါ မျ်ိုးမင်း မျက်နှာကြီး
မဲ့သွား၍. .
"မင်းနော် ငါ့ကိုတွေ့လိုက်တိုင်း ဖဲ့မယ်
ဆိုတာကြီးပဲ.. "
"မဟုတ်လို့လား..."
"အေးပါ ပြောထား မင်းက်ို
မနိုင်ရတော့လည်း မင်းကလေး
ရရင် ငါ နိုင်အောင် လုပ်ထားအုံးမယ်..."
ထိုအခါ ခွင်း ဖုန်းအား အိတ်ကပ်ထဲ
ထည့်၍ သူတို့မှာထားတာတွေ လာချ
ပေးချိန် ပရှူးထမင်းကြော်ပန်ကန်အား
ယူ၍ မျိုးမင်းအရှေ့ချပေးကါ...
"ရော့...ဒါကို အရင်စား နောက်မှ
စကားများ.. ''
"အေးပါကွာ မင်းကလည်း...''
နှစ်ယောက်သားပြောပြီး နေ့လည်စာ
အားစားနေလိုက်သည်။
"ဟိုမှာ ခွင်းမဟုတ်လား..."
"အင်း ဟုတ်တယ်... သူ့အမျိုးသမီး
မပါဘူးထင်တယ်...''
"နင်ကလည်း ဟိုက ဆေးကျောင်းကလေ
ဒီကို လာမလာ... "
"မသိဘူးလေ ခွင်းလို လူမျိုးရထားတော့
နေရာတကာ လျှောက်လိုက်နေမလား
လို့..."
"အော် နင်ပဲလိုက်....ဒါနဲ့ ကညာ
ကို နင်ဘာသောက်မလည်း..''
တိတ်ဆိတ်နေသော ကညာအား
မွန်ပွင့် မေးလိုက်ချိန်...ကညာ
ငေးနေမိရာအား သတိရသွား၍
ကပြာကယာ သူမတို့အရှေ့ဝိုင်းဆီက
မျက်ဝန်းလေးများ လွဲ၍...
"အင်း ငါ အအေးပဲသောက်မယ်..."
ထိုအခါ မွန်ပွင့် ရ်ိပ်မိသွား၍....
"အမယ် ကညာ နင် အရှေ့က
ကိုခွင်းကို ငေးနေတာလား...
အဟွန်း ဒီဘဝတော့ ငါတို့
ငေးကြည့်ခွင့်ပဲ ရှိတော့တယ်..
စောစောက ငါတို့ပြောနေတာ
သူလေ နင်လည်း ကျောင်းနောက်
ကျမှပြောင်းလာတော့ ဘယ်သိအုံး
မလည်း သူက ချမ်းသာတယ် ရုပ်ချောတယ်
မရည်အချင်းရှိတယ် သူ့ကို တစ်ကျောင်းလုံး
ကမိန်းကလေး အများစု သဘောကျကျတယ်
ဝမ်းနည်းစရာက မနေ့ကပဲ မင်္ဂလာဆောင်
ပြီးသွားပြီ.."
သနပ်ခါး ပါးကွက်ကြားလေးနှင့်
ကညာ မျက်ဝန်းလေးဝိုင်းသွား၍
ဝမ်းနည်းသွားသော်လည်း လွယ်အိတ်
ကလေးအားကိုင်၍ ..
"ငါ...ငါမကြည့်ပါဘူး...ဟိူဘက်
ကိုကြည့်နေတာ..."
သူမ ငြင်းဆန်လိုက်ချိန်...
"ဟုတ်ပါပြီ ဒါဆို ငါ နဲ့
ပြာလက် မုန့်သွားမှာ
အူံးမယ်...နင် ဒီမှာနေနော်..."
"အင်း..."
ကညာ မွန်ပွင့်တို့ ထသွားမှ
ဝမ်းနည်းစိတ်ကြောင့်
သက်ပြင်းလေးချကာ
ထိူဝိုင်းကို ပြန်ကြည့်ချ်ိန်
သူ့အကြည့်များဖြင့် စုံစည်း
လ်ုက်သောကြောင့် ထိန်းချုပ်ထား
သော ရင်ခုန်သံတို့ကလည်း ပေါက်
ကွဲမတက် ခုန်ပေါက်နေတော့သည်။
ကညာ ကပြာကယာ မျက်ဝန်းလေး
စိုက်ချ၍ ခေါင်းလေးငုံ့ထားကာ..
ရှက်နေသောကြောင့် ပါးလေးတွေ
ရဲလာ၍...
ရှင်ရယ်...မကြည့်တွေနဲ့တင်
ကညာကို သတ်နေတာလားနော်...
ခွင်းစားသောက်ပြီး တစ်ဖက်ဝိုင်း
သို့ မျက်ဝန်းတွေ ရွေ့သွားချိန်
ချည်လိုပဲ ဆံပင်အရှည်နှင့် မိန်းကလေး
အား တစ်ချက်ကြည့်မိသွား၍ မျက်ဝန်းများ
လွဲလ်ိုက်ကာ..ချည်မျက်နှာလှလှလေးအား
ပြန်မြင်ယောင်၍ ပြုံးကာ...
အခုတောင် မင်းကို လွမ်းနေပြီ
ချည်...
-------====================^^^^^🍓🍓🍓🍓🍓🍓🍓🍓
"ဒါဆို မနက်ပြန်တော့မှာပေါ့
ဖူးတို့က..."
"ဟုတ်တယ်သက်ရယ် သားနဲ့
သမီး လည်း မင်္ဂလာပွဲ ပြီးပြီလေ
ဟိုမှာလည်း အလုပ်ကိစ္စတွေရှိသေး
တော့ ပြန်ရမယ်လေ...အရမ်းမှ
မဝေးကြတာ သတိရရင် လာလည်မှာပါ...''
ဒေါ်မြဖူး ခမည်းခမက် သူငယ်ချင်း
ဖြစ်သူအား ပြုံး၍ ပြောနေစဥ်
ဒေါ်သက်ထားမှာလည်း ခေါင်း
ငြိမ့်ပြကာ...
"အင်းပါ ဖူးရယ် သက်က
သမီးလေး ဝမ်းနည်းမှာဆိုးလို့
သက် ချက်ချင်းကြီးပြန်တော့..."
"စိတ်မပူပါနဲ့ သမီးကို ဖူး
ဖုန်းဆက်ပြောထားသေးတယ်..''
"အင်းပါ သက်လည်း အာတာနဲ့
လာလည်မှာပါ....''
"အင်းပါ..ဒါနဲ့ ကလေးတွေက
ငယ်ကြသေးတော့ ကလေးကို
နောက်မှ ယူခိုင်းကြမလား သက်...".
ထိုအခါ ဒေါ်သက်ထား ခေါင်းခါလိုက်၍...
"အမလေး ဖူးရယ် သက်တို့ပြောတာ
နောက်ကျနေလား မသိဘူး ဟိုရက်က
သားက သမီးအတွက် ကိုယ်ဝန်ဆောင်
အားဆေး ဝယ်ထားတယ်သိလား...".
ထိုအခါ ဒေါ်မြဖူးမျက်နှာ
တအံ့တသြဖြစ်နေ၍...
"တကယ်လား သက်
သားနဲ့သမီးက လက်ထပ်တာ
ဘယ်လောက်ကြာသေးလိူ့လည်း
သက်ရယ်...''
"သက်လည်း အဲ့ဒါပြောချင်တာ...
လက်ထပ်တာ ဘယ်လောက်မှ
မကြာသေးဘူး ဆေးတွေတောင်
ဝယ်နေတော့...."
နှစ်ယောက်သား မျက်နှာပူစွာ
ပြောနေပြီး စဥ်းစားမရ
ဖြစ်နေတော့သည်။
"ဒါဆို သမီးမှာက ကိုယ်ဝန်ရှိနေတာလား...'
"အ့ဒါ သက်လည်း အတိအကျမသိဘူး
သမီးကို မေးမှ သိတော့မယ်..."
"အင်း....မေးပြီး ဖူးကို ပြန်ပြောအူံး...
ရှိနေတယ်ဆိုလည်း လက်ခံကြိုဆို
ရမှာပေါ့...ငယ်သေးပင်မဲ့လည်း
ဒါ ဘုရားပေးတဲ့လက်ဆောင်ပဲပေါ့..."
"အင်း သက်လည်း အဲဒီလ်ိုပဲ
လက်ခံထားပါတယ် ။အခုခေတ်
ကလေးတွေ လိုက်လို့ကို မမှီတော့
ပါဘူး ဖူးရယ်..."
နှစ်ယောက်သား ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်
ပြောကာ စိတ်ထဲတွင်တော့ သိချင်စိတ်
တို့က ပြင်းပြစွာပင်။
-------====================^^^^^🍓🍓🍓🍓🍓🍓🍓
ကျောင်းလွတ်ချ်ိန် ချည် အိတ်လေး
ပိုက်ကာ လာကြိုမည့်ကားကို မျှော်
နေမိသည်။
ထိူအချိန် အိမ်ကကားလာပြီ
ဖြစ်သောကြောင့် ချည်မျက်နှာလေး
ဝင်းပသွား၍ ကားရပ်လိုက်တာနဲ့
ဝင်ထိုင်လိုက်ကာ...
"ဦးလေး အိမ်က်ိုပဲ မောင်းတော့နော်..."
"ဟုတ်ပြီ ချည်လေး..."
ချည် ကားထွက်လ််ိုက်သည်နှင့်မျက်နှာလေးမှာ ပြုံးယောင်သမ်းသွားမိသည်။
သူမက်ို သူလာကြိုမည်ဖြစ်သော်လည်း
မနက်က မိန်းကလေးကိစ္စကြောင့်
ချည် သူ့အား အမြင်ကပ်စွာအိမ်က
ကားအား သူမလာခင်စော၍
ကြိုခေါ်ထားခဲ့တာဖြစ်သည်။
ကျောင်းဝန်းထဲရောက်လို့ ချည်
မရှိတာ သူသိရင် ဘယ်လောက်တောင်
ဒေါသထွက်နေလိမ့််မလည်း...
ချည်တွေးပြီး နှုတ်ခမ်းလေးတွေမှာ
မဲ့ပြုံးလေးပြုံးနေလိုက်၍....
ရှင် ဆက်စောင့်နေလိုက်..ခွင်း...
-------==================^^^^^
ခွင်း ဆိုင်ကယ်အား ရပ်ထား၍
သူမကို စောင့်နေတာ အတော်
ကြာပြီ ဖြစ်သည်။
ကျောင်းသူ ကျောင်းသားတွေ
ကုန်သလောက်ရှိတဲ့အချ်ိန်အထိ
သူမ ထွက်မလာသေးသောကြောင့်
ခွင်း စိတ်ထဲ ထူပူသွားကာ...
သူ ဆိုင်ကယ်အားခွ၍...ကျောင်းဝန်း
ထဲ မောင်းဝင်လာခဲ့သည်။
ကျောင်းသားတွေ ကုန်နေပြီတောင်
ဘာလိူ့ သူမက ထွက်မလာသေးတာ
လည်း....
ခွင်း ဆိုင်ကယ်မောင်းရင်း သူမအား
စိုးရိမ်စိတ်တို့က ကြီးစိုးလာတော့
သည်။
ခဏအကြာ သူမသင်သော စာသင်
ဆောင်အရှေ့ သူဆိုင်ကယ်ရပ်လ်ိုက်ပြီး
ကြည့်ချိန် ဘယ်သူမှ မရှိတော့သော
ကြောင့် ခွင်း ဆိုင််ကယ်ပေါ်ပြန်တက်၍
ကျယ်ဝန်းလှသော ကျောင်းဝန်းကြီးထဲ
စိုးရိမ်စွာ ပတ်ရှာနေတော့သည်။
အတော်ရှာသော်လည်း မတွေ့သောကြောင့်
ခွင်း သူမအား စိုးရိမ်သော စိတ်တို့က
ဆောက်တည်ရာ မရဖြစ်လာ၍
ချွေးတွေပါ ပျံလာကာ သူဖုန်းထုတ်၍
သူမဖူန်းအား ခေါ်သော်လည်း မကိုင်။
Call ပေါင်းများစွာခေါ်သော်လည်း
အဝင်သာရှိပြီး ဖြေဆိုသော သူတော့
မရှိပေ။
ထိုအချိန် ခွင်း မေမေအား ဖုန်း
ခေါ်ကာ...
"မေမေ...ချည်...အိမ်ပြန်ရောက်
နေလား..."
"သား ဘယ်သွားနေတာလည်း
သမီးလေးက အိိမ်ပြန်ရောက်
နေပြီနော်..."
ထိုအခါ ခွင်း မျက်နှာမှာ တင်းမာ
သွား၍ အံကြိတ်လိုက်ကာ
ဖုန်းအား ချလိုက်၍ စီးကျလာသော
ချွေးတို့အား ခါထုတ်လိုက်ကာ..
"မင်း တွေ့မယ် ချည်..."
ဝူး.........
ပြောပြီးမောင်းထွက်လာသော
ဆိုင််ကယ်ရဲ့အရှိန်က သူဒေါသ
ဘယ်လောက်ထွက်နေလည်းဆိုတာ
ပြနေသယောင်။
တစ်ဖက်တွင် ဒေါ်သက်ထား
ဖုန်းကိုင်ကာ..
"ဒီကောင်လေး ဘာဖြစ်တာလည်း
မသိဘူး စကားတောင်
ဆူံးအောင် မပြောဘူး...''
ပြောပြီး သူမ မီဖ်ိုဘက်ဝင်လာခဲ့တော့သည်။
----------=-===============^^^^^🍓🍓🍓🍓🍓🍓
ချည် သူပြန်မလာခင် ရေအမြန်
ပြီးအောင်ချိုးနေလိုက်သည်။
ဒီနေ့သူ့အား အနိုင်ယူလိုက်ရသော
ကြောင့် ချည် ကျေနပ်နေကာ
ပြုံးရွှင်နေတော့သည်။
ချည်ရေအား ဝအောင်ချိုးပြီး
စိတ်တွေလန်းဆန်းကာ
သပတ်လေးပတ်၍ ပြုံးကာရေချိုး
ခန်းထဲက ထွက်လာချိန်...
"အို...အမေ့...ရှင်...ရှင်... "
သူ့အား ကုတင်ပေါ်တွင်ထိုင်၍
အင်္ကျီမရှိဘဲ အောင်ပိုင်းဘောင်း
ဘီတစ်ထည်သာဝတ်ပြီး မျက်ဝန်း
များမှေးစင်းကြည့်နေသော
သူ့ကြောင့် ချည် လက်ညိုးလေး
တစ်ထိုးထိူးဖြင့်သာ မျက်ဝန်းလေး
ပြူးကာ အထိန့်တလန့်လေး ကြည့်
နေမိတော့သည် ။
ထိုအချိန် ခွင်းမျက်နှာအထက်...
အောင်နိုင်သော အပြုံးများဖြင့်....
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း