ပတ်ဝန်းကျင်တွင် အမှောင်ထု
ဖုံးလွှမ်းနေသော်လည်း ခြံဝန်းကြီး
ထဲတွင်တော့ မီးများထိန်လင်း
နေပြီး အရောင်အသွေးစုံလင်စွာ
လှပနေကြကာ...တဖွဲဖွဲရောက်လာသော
ဧည့်သည်တော်များနှင့် ဧည့်ခံပွဲတွင်
ဖျော်ဖြေမည့် နာမည်ကြီးတီးဝ်ိုင်းက
လည်း ဖျော်ဖြေတီခပ်နေကြတော့သည်။
ထိုအချိန် လျှောက်လမ်းကြီးအတိုင်း
လက်ချင်းချိတ်၍ ထွက်လာသော
မင်္ဂလာ သတိုးသားနှင့် သတိုးသမီး
လူအများရဲ့ မျက်ဝန်းများကလည်း
ထိုနေရာအား အားကျသောအကြည့်တို့
ဖြင့် ငေးမောကြည့်နေကြတော့သည်။
ချည် ဖိနပ်ရဲ့ ဒေါက်ကချွန်ပြီး မြင့်သော
ကြောင့် သူမ သူ့ရဲ့လက်မောင်းအား
အားပြု၍သာ ကိုင်ထားရသည်။
"ဒီမှာ ရှင် ခပ်ဖြေးဖြေးလျှောက်ပါ..."
ချည် သူ့ခြေလှမ်းကျဲကြီးများကြောင့်
ခပ်ဆက်ဆက်လေးပြောလိုက်ချိန်
ထိုတော့မှ သူခြေလှမ်းများ နှေးကြသွား၍..
"အခုအတိုင်း ဆူပုတ်ပုတ်နေကြားလား.."
"ရှင် ကျွန်မကို လူတွေပြောစရာဖြစ်
အောင် လုပ်နေတာလားခွင်း..."
"မလုပ်ပါဘူး မင်းဘာကိုမှ
ဂရုစိုက်စရာ မလိုဘူး
ကိုယ့်အကြောင်း သိတယ်
မဟုတ်လား.."
သူ့စကားကြောင့် ချည် မျက်စောင်း
လေး ဝင့်ကာ ဟန်မပျက် နေပြီး
မင်္ဂလာစင်မြင့်အထက်သို့ လျှောက်
လာခဲ့တော့သည်။
ဖြောင်း...ဖြောင်း...ဖြောင်း...
ထိုအချိန် လက်ခုပ်သံများ ထွက်ပေါ်
လာပြီး ဂုဏ်ပြုကြချိန်.... ဓန
သူမလက်ကလေးအား ကိုင်၍
မတည်မပြုံးဖြင့်သာ ကြည့်နေတော့သည်။
ထိုအချိန် ချည်နောက်ကျောလေးက
နေ ချည်အင်္ကျီလေးအား ဆွဲချနေသော
သူ့ကြောင့် ချည် မျက်နှာလေးမှာ
ထိန့်လန့်သွား၍...
"ခွင်း ရှင် ဘာလုပ်တာလည်း ..."
"မင်း ရင်ဘက်ပေါ်နေလိူ့..."
"အို...."
ချည်ရင်ဘက်လေးအား ကြည့်၍
ပြောလာသော သူ့ကြောင့် ချည်
မျက်နှာလေးရဲ၍ ဒေါသတကြီး
ကြည့်ကာ အံလေးကြိတ်လိုက်မိပြီး....
"အဲဒါ ရှင်တစ်ယောက်ပဲ နှာဘူး
ကျလို့ မြင်နေတာ ဘယ်သူမှ.မမြင်ဘူး..."
"ဟုတ်တယ်လေ အမြင်မတော်လို့ ပြောတာ
လေ နှာဘူးကျချင်ရင် ပြောမနေဘူး
ဒီအတ်ိုင်း ကြည့်နေမှာပေါ့..ပြီးတော့
မင်း ကိုယ့်ကို နှာဘူး နှာဘူးနဲ့ ကိုယ်မိန်းမ
ကို ဟိုဟာဖြစ်တာ နှာဘူးဖြစ်သွားရောလား
မင်း ဂန်ဒူးကိုလိုချင်နေတာလား ..."
"ခွင်း ရှင်နော် အရှက်မရှိ လျှောက်ပြော
မနေနဲ့...လူယုတ်မာရဲ့..."
သူမအပြောကြောင့် ခွင်းမျက်နှာ
ဖွေးဖွေးပေါ်က မျက်ခူံးမဲကြီးများ
ပင့်တက်သွား၍...သူမ နားလေးနား
ခါးကြီးကိုင်းချကာ..
"လူယုတ်မာဆိုတာ ညကြရင်
ပြမယ်..."
"ရှင်..."
နှစ်ယောက်လုံး ဆင်မြင့်အထက်
တိုးတိုးကျိတ်ကျိတ်ရန်ဖြစ်နေကြ
ပြီး သူ့ပြန်ပြောလာချိန် ချည်လက်သီး
လေးဆုပ်၍ သူ့အားပြန်ရန်တွေ့ဖို့
ပြင်စဥ် လက်ရှိအခြေအနေအား
သတိသွားပြီး ထွက်နသောဒေါသ
တွေအား မနည်းထိန်းချုပ်လိုက်၍
နှစ်ယောက်သား ဟန်မပျက်နေနေ
တော့သည်။
"မောင် သားနဲ့သမီးကို ကြည့်ပါ
အုံး ကြည်နူးစရာ သမီးလေးကို
သားက နမ်းလိုက်တာ တွေ့လားး..."
ဦးတမာန်တို့လည်း ဧည့်သည်
များအား လ်ိုက်လံနှုတ်ဆက်၍
အရှေ့ဝ်ိုင်းမှာခဏထိုင်နေချိန်
ဇနီးဖြစ်သူပြောလာသောကြောင့်
သူ ခေါင်းငြိမ့်ပြကာ..
"ဟုတ်ပါပြီ သက်ရယ်..."
ထိုအချိန် သားနဲ့သမီး ဧည့်သည်တွေ
အား လိုက်လံနှုတ်ဆက်နေသော
ကြောင့် သူမတို့မိဘတွေလည်း ထကာ
ဧည့်ခံနေကြတော့သည်။
"ခွင်း ရှင့်မျက်နှာက ဘာဖြစ်နေတာလည်း..."
"ဘာလို့လည်း.. "
"ပြုံးချင်လည်းပြုံးမဲ့ချင်လည်း
မဲ့လိုက်..ဘာမှန်းမသိဘူး..."
"ငါ နေတက်သလိုနေတာပဲ. ."
"ဒါဆိုလည်း ကျွန်မကိုလည်း
လာမပြောနဲ့....ကျွန်မဘာသာ
ရယ်ချင်ရယ်မယ် မဲ့ချင်မဲ့မယ်.."
"ရယ်ရဲရင် ရယ်လိုက်လေ..."
ထိုအချ်ိန် ချည်ရဲ့ မာနများက
ခေါင်ထောင်ထွက်လာ၍
ခပ်မဲ့မဲ့လေး လုပ်ပြီး ဘေးဝိုင်းက
ကောင်လေးများနှင့် အသက်ခပ်လက်လက်
လူတွေအား ရွေး၍ ပြုံးပြလိုက်တော့သည်။
ထိုအခါ ခွင်းမျက်နှာကြီးမှာ တည်သွား
၍ သူမလက်ကလေးအား ဆွဲယူကာ
ခါးလေးကနေ ဆွဲဖက်လိုက်ချိန်...ချည်
သူ့ရင်ခွင်ထဲကနေ သူ့အား အလန့်တကြား
မော့ကြည့်လိုက်တော့သည်။
ခွင်း သူမမျက်နှာလှလှလေးအား
ကြည့်၍ sorryချည် မင်းက စကား
မှနားမထောင်တာ..."
"အို...."
ပြောပြီး နှုတ်ခမ်းလေးအား
စုပ်ယူ၍ နမ်းရှိုက်သွားချိန်
ချည် တစ်ကိုယ်လုံး ဓာတ်လိုက်သလို
တုန်တက်သွားကာ ရှက်လွန်းသဖြင့်
မျက်ဝန်းလေးများအား မှိတ်ချလိုက်တော့
သည်။
ထိုအချိန် မိဘများဖြစ်ကြသော
ဦးတမာန် ဦးနေရောင် ဒေါ်သက်ထား
ဒေါ်မြဖူးငုံတို့မှာလည်း ရှက်ရှက်နှင့်
မျက်နှာလွဲထားကြမိ၍...မတည်မပြုံး
ကြီး ဖြစ်နေကြတော့သည်။
ဦးတမာန် သားဖြစ်သူ ကဲပုံကြောင့်
မျက်နှာကြီးရဲနေကာ...ဒေါသဖြစ်
ပင်မဲ့လည်း အခုထိ မပြီးသေးသော
အနမ်းကြောင့် ကြည့်လည်း မကြည့်ရဲပေ။
ထိုအချိန် ဧည့်သည်များကြား အပြာရောင်
ဝတ်စုံနှင့် လှပနေသော လှိုင်း ကြည့်၍
နှုတ်ခမ်းလေးဖိကိုက်ထားကာ ရင်ထဲ
တွင် ချည်ဆိုသော မိန်းမကို မုန်းနေမိ
တော့သည်။
လက်သီးလေးဆုပ်ကာ ခေါင်းလေး
မော့၍ အနမ်းခံနေသော ချည်ဆိုသော
မိန်းမဟာ ထိုနေ့ကစပြီး လှိုင်းဘဝရဲ့
ပြိုင်ဘက်ပင်။
----------==================🍓🍓🍓🍓🍓🍓🍓🍓🍓
အားလုံးပြီးစီးချိန် သူနဲ့ ချည်
မိဘများအား ကန်တော့၍
ဆုံးမသြေဝါဒများ နာခံပြီး
အပေါ်သို့ တက်လာတော့သည်။
"ချည် မင်း အင်္ကျီအဖြူနဲ့.ကောင်
ကိုသိတာလား..."
ချည် လက်ဝတ်လက်စားများဖြတ်ပြီး
ဘူးလေးထဲ ထည့်နေချိန်...သူအမေး
ကြောင့် မျက်စောင်းလေးထိုးကာ
ကြည့်၍...
"ဘယ်သူ့ကိုပြောတာလည်း မသိဘူး..."
"ဟ..မင်းပဲ ပြုံးပြနေတာလေ.."
"အို ကျွန်မကသိမလား သူပြုံးပြ
လို့ ပြုံးပြတာလေ..."
"ဘာ.. "
"အမေ့.. ရှင်..ဖြေးဖြေးအော်လို့မရ
ဘူးလား...''
ချည် သူအော်လိုက်သောကြောင့်
ရင်ဘက်လေးဖိ၍ မျက်စောင်း
လေးထ်ိုးကာ ပြောလိုက်စဥ်...
ခွင်း သူမအား မျက်မှောင်ကြီး
ကုတ်ကာကြည့်၍.... လျှာကို
ပါးစောင်တွင် ထ်ိုးကာ...
"မင်း ကိုငါပြောထားတယ်လေချည်
ပြုံးမပြရဘူးလို့..."
"အ်ို လာတဲ့ဧည့်သည်ကို ကျွန်မက
မဖော်ရွေလို့ ကောင်းမလား
ရှင် စဥ်းစားပြီးမှ ပြောခွင်း ..."
ချည် မျက်နှာလေးတည်၍ သူအား
မျက်နှာလေးလွဲကာ နေလိုက်သည်။
ထိုအပြုအမူကိုပဲ ခွင်းကြည့်၍
အသည်းတယားယား ဖြစ်နေကာ..
"ငါ့ကို ကြည့်စမ်းချည်.... "
ထိုအခါ ချည် မျက်နှာလေးမော၍..
ကြည့်ကာ..
"ဘာလည်း..."
ထိုအချိန် ခွင်း သူမမျက်နှာနား
သူ့မျက်နှာအားနီးကပ်စွာ
တိုးကြည့်၍...
"မင်း အခုမှ ဖော်ရွေနေတယ်ပေါ့..
လာခဲ့...ငါနဲ့ရှိနေတဲ့အချိန်မှာလည်း
အဲဒီလို ဖော်ရွေနေပေး..."
"အို..ဘာလုပ်တာလည်း..."
ချည်ကိုယ်လေးအား ဘေးက ကုတင်
ပေါ်တွန်းချလိုက်၍ သူ့အင်္ကျီကြယ်သီး
တွေဖြုတ်နေကာ သူမအား စူးစိုက်ကာ
ကြည့်လာသောကြောင့် ချည် မျက်ဝန်း
လေးပြူးသွား၍ ပက်လက်ကလေးကနေ
အမြန်ထထိုင်၍ ကုတင်အောက်ပြေး
ဆင်းရန်ပြင်သော်လည်း သူ့ကိုယ်ကြီး
အုပ်မ်ိုး၍ ချည်ခြေထောက်လေးကနေ
ကိုင်၍ ဆွဲချလိုက်သောကြောင့် ချည်
ပက်လက်ကလေးပြန်ဖြစ်သွားကာ..
"ခွင်း ရှင်..ရှင် ဘာလုပ်မလို့လည်း... ''
သူမအပေါ်က အပေါ်ပိုင်း အင်္ကျီ မရှိ
တော့သည့် သူ့အား မျက်နှာလေး
လွဲကာပြောလ်ိုက်ချိန်... ရင်ခွင်အောက်က
မျက်နှာလေးရဲ၍ ဖြစ်ပျက်နေသော.သူမအား
ခွင်း မျက်ဝန်းများ စူးစိုက်ကာကြည့်၍...
"ငါက မင်းကျော်းလေ မင်း ဖော်ရွေ
ဖို့ကောင်းတယ်.... "
"ဟင့်အင်း..."
ငုံ့ကျလာသော သူ့မျက်နှာကြောင့်
ချည် ခေါင်းလေးခါရမ်း၍
ငြင်းဆန်သော်လည်း လည်ပင်းလေး
တစ်လျှောက် နမ်းရှိုက်နေသော
သူ့ကြောင့် ချည်ကိုယ်လေးတွန့်လိမ်
နေကာ...
"ခွင်း ကျွန်မ ရေချိုးမလို့ ...ဖယ်ပါ..."
"အတူတူချိုးမယ် ခဏနေ
အခုတော့ စလိုက်ကြမယ်
ချည် ဖော်ရွေမယ် မဟုတ်လား..."
"အို..."
ပြောပြီး ထပ်မံ၍ ငုံ့ကျလာချ်ိန်
ချည် မျက်ဝန်းလေးများ
မှိတ်ထားလိုက်မိတော့သည်။
ချည် ငြင်းဆန်ချင်သော်လည်း အခု
အချိန်မှာ သူက ချည်ရဲ့ တရားဝင်ယောကျာ်း
ဖြစ်နေပေပြီ။
ထိုအချိန် ကုတင်ဘေးကျလာသော
ချည်ရဲ့ မင်္ဂလာဂါဝန်အနီလေးသည်လည်း
မျက်နှာငယ်စွာဖြင့်....
-----------------=-==============^^^^🍓🍓🍓🍓🍓🍓🍓
"နင်ကြားပြီးပြီလား.. ခွင်း
လက်ထပ် သွားပြီတဲ့.. ''
"ကြားပြီးပြီ သတင်းစာကြီးမှာ
ခေါင်းစဥ်ကြီးကို ထင်းလ်ို့..."
"အင်းနော် ငါအံ့သြလွန်းလို့
နှမျှောလိုက်တာ...''
"ဟိုမှာ လာနေပြီ...."
ထိုအချ်ိန် ကျောင်းဝန်းထဲ ဆိုင်ကယ်
ဖြင့် ဝင်လာသော ခွင်းကြောင့်
မိန်းကလေးတွေ အသံတိတ်သွား
သော်လည်း မျက်ဝန်းများကတော့
နှာမျောစွာကြည့်နေမိကြတော့သည်။
"ခွင်း...ဟဲဟဲ သတ်ိုးသား အသစ်စက်စက်
ကြီး ဟဲဟဲ...."
ခွင်း ဆိုင်ကယ်အား ရပ်လိုက်၍
သူ့အား ရယ်ပြနေသော မျိုးမင်း
အား မျက်ခုံးပင့်ကာ ကြည့်၍...
"မင်း မျက်နှာ ဘာဖြစ်နေတာလည်း
မျိုးမင်း ပြောင်ချော်ချော်နဲ.."
"မင်းကလည်းကွာ....ငါက
မင်းအစားပျော်လို့ပါ..."
"ဘာကိုပျော်တာလည်း..."
"ဟဲဟဲ ဟိုမှာကြည့် မင်းကို
မျက်နှာငယ်လေးတွေနဲ့ ကြည့်နေတာ
တွေ့လား..."
ခွင်း အဝေးကမိန်းကလေးတွေအား
တစ်ချက်ဝေ့ကြည့်၍..မျက်ခုံးတွေ
ပင့်တက်သွားကာ...
"အဲဒါ ဘာဖြစ်လည်း..."
"ဟာ မင်းကလည်း မင်းကို
နှာမျှောနေကြတာလေ
ဒါနဲ့ ငါ့ကောင်မင်္ဂလာဦးရဲ့
အတွေ့အကြုံလေးပြောပေး
ပါအုံး..."
ခွင် ပြောင်ချော်ချော်မေးနေသော
မျိုးမင်းအား ငဲ့ကြည့်၍ လွယ်
အ်ိတ်အား ပုခုံးပေါ်ကျော်၍
လွဲတင်ကာ လက်ဖြင့်ချိတ်ထား
ပြီး...
"သိချင်ရင် မင်းမိန်းမယူကြည့်လိုက်လေ..."
ထိုအခါ မျိုးမင်း မျက်နှာကြီး
ထပ်၍ မဲ့သွားကာ..
"မင်းကလည်းကွာ ငါက
မင်းလိုမှ မချောတာကြိုက်မဲ့သူ
ရှိရင် ယူသွားတာကြာပေါ့
မင်းပြောစရာတောင်မလိုဘူး...
မင်းမိန်းမရော..."
"ကျောင်းသွားတာပေါ့..."
"မင်းတို့ ကျောင်းလာနိုင်တယ်
နော်...''
"ကျောင်းမလာလို့ ငါတို့က
ဘာလုပ်ရမှာလည်း...."
"ဟဲဟဲ မင်းကလည်း ငါပြောတာ
မင်္ဂလာ ဆောင်ပြီးရင် ဟန်းနီးမွန်း
ထွက်ကြတယ်လေ အဲဒါကိုပြောတာပါ..."
"မလိုဘူး အချိန်ကုန်တယ်...ဖယ်စမ်း
ကွာ အရှေ့က စာသင်ခန်းထဲ
သွားမယ်...."
ပြောပြီး ဝင်သွားသော ခွင်းရဲ့
ကြည့်ကောင်းလှသော ကျောပြင်အား
မျိုးမင်းကြည့်၍ ဘေးက
ခွင်းအားလိုက်ငေးကြည့်နေကြ
သော မိန်းကလေးတွေအား
တစ်လှည့်ကြည့်ကာ..
"တော်တော်စန်းပွင့်တဲ့ကောင်...."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း