"ဟူး...ပင်ပန်းလိုက်တာ..."
မင်္ဂလာပွဲပြီးလို့ သူနှင့်သူမအိမ်ကိုအရင်
ပြန်လာခဲ့တာ ဖြစ်သည်။
အဝတ်အစားတွေ ဟိုတယ်မှာ တစ်ခါ
ထည်းလဲလာသောကြောင့် ချည် ပေါ့ပေါ့
ပါးပါးပင် ပြန်လာခဲ့ရသည်။
ထိုအချိန် ကုတင်ပေါ် ကန်လန့်ဖြတ်လဲချ
လိုက်သော သူ့အား ချည်ကြည့်၍
မျက်စောင်းလေးထိုးကာ မျက်နှာပေါ်
တွင်ကျန်နေသေးသော မိတ်ကပ်များအား
ဖြတ်၍ ရေချိုးရန် ရေချိုးခန်းထဲ ဝင်လာ
ခဲ့တော့သည်။
မနက်ဖြန် တစ်ရက်လုံးပြုလုပ်မဲ့
မင်္ဂလာပွဲကိုလည်း ချည်တွေးပြီး
သက်ပြင်းလေးချလိုက်ပြီး တံခါး
ဝနား အသာပြေး၍ လော့ကို သေချာ
ချလိုက်၍ ပြုံးလိုက်မိသည်။
ဟိူလူယုတ်မာက ပြောလို့ရတာမဟုတ်။
အခုတော့ ကြိုက်သလိုဝင်စမ်း...အဟွန်း...
ချည် စိတ်ထဲကနေပြောပြီး ရေဗန်းရှိရာ
ဆီလျှောက်လာ၍ အေးဆေးစွာ ရေချိုး
နေလိုက်တော့သည်။
ဗျော.......
ရေအေးများနှင့်အတူ ပင်ပန်းနွမ်းနယ်
မှုတွေလည်း ပြေပျောက်သွား၍... ချည်
အတော်ကြာအောင် ချိုးပြီး သဘတ်လေး
ပတ်ကာ အခန်းပြင် ပြန်ထွက်လာချိန်....
သူမရှိသောကြောင့် ခေါင်းလေးရမ်း၍
အခန်းထဲ ဝေ့ကြည့်ကာ.
"ဒီလူ ဘယ်သွားတာလည်းမသိဘူး....''
ချည် သူပြန်မလာခင် အမြန်အဝတ်
စားလဲလိုက်ကာ....ဆံနွယ်များအား
ရှင်းနေချ်ိန်...
"အင်း....ပစ္စည်းတွေကို သေချာစစ်
သူတို့ဘက်ကပို့တာတွေ အရင်က
မှားတဲ့ဟာတွေ ပြန်ထည့်ပေးလိုက် ..."
"........."
"ဟုတ်တယ် ကျွန်တော် မင်္ဂလာပွဲ
ပြီးမှ လာခဲ့မယ်..ပြီးတော့...
တောင်ကြီးဘက်မှာလည်း
အသစ်ထပ်ဖွင့်ဖို့ အဲဒီတော့မှ ပြောကြ
တာပေါ့..."
ဖုန်းပြောပြီး သဘတ်ယူ၍
ရေချိုးခန်းထဲ ဝင်သွားသော
သူ့အား ချည် မျက်ဝန်းတောင့်
မှ အသာခိုးကြည့်၍ မျက်နှာလေး
လွဲလ်ိုက်ကာ ဆံနွယ်များအား ခပ်ဖွဖွ
သာစီးထားလ်ိုက်ပြီး... ညလည်း မှောင်
နေပြီ ဖြစ်သောကြောင့် လိုက်ကာများအား
ပိတ်လိုက်ကာ...ဖေဖေနှင့် မေမေအား ဖုန်း
ခေါ်လိုက်သည်။
"ဟယ်လို.. မေမေ အိမ်ပြန်ရောက်ပြီ
လား...''
"............"
"ဟုတ် ချည်တို့ရောက်ပြီ စောစောက
အောက်ထပ်မှာလည်း မေမေသက်တို့
ကားသံကြားတယ် ရောက်ပြီ ထင်တယ်..."
"..........."
"ဟုတ် မေမေ ဒါဆို စောစော အိပ်နော်..."
ချည် မေမေနဲ့ပြောပြီး ဖုန်းလေးကိုင်ကာ
ထိုင်နေပြီး သူမရှေ့ဆက်ရမည်ကို
စဥ်းစားနေမိသည်။
မင်္ဂလာပွဲပြီးတာနဲ့ ကျောင်းကို
ပျက်လို့မဖြစ်တော့ အခုတောင်
သူ့ အဖေ ပြောထားသောကြောင့်
အဆင်ပြေနေတာ ဖြစ်သည်။
ချည် အိမ်ထောင်ချပင်မဲ့လည်း
ချည်ဖြစ်ချင်သော အိမ်မက်ကို
ဘယ်တော့မှ ချည်မစွန့်လွတ်နိုင်။
ဂျီ......
ထိုအချိန် ရေချိုးခန်းတံခါး ဖွင့်၍
ထွက်လာသော သူ့ကြောင့် ချည်
မျက်နှာလေးတည်ကာ တောင့်တောင့်
လေး ထိုင်နေမိသည်။
ခွင်း ရေသုတ်ပြီး ညဝတ် အင်္ကျီနှင့်
ပုဆိုးအား ထုတ်၍ ဝတ်ကာ
အခုထိ ထိုင်နေသော သူမအား တစ်ချက်
ကြည့်၍ သူအိပ်ယာပေါ်လဲကာ စောင်
ခြုံပြီး မျက်ဝန်းများအား မှိတ်ထားလိုက်သည်။
ထူးဆန်းသော သူ့အပြုအမူကြောင့်
ချည်အံ့သြနေမိကာ မျက်နှာလေး
မဲ့လိုက်၍...
အမလေး မခေါ်လည်းနေပေါ့...
ချည် အိပ်ယာပေါ်က သူ့အား
မျက်စောင်းထိုးလိုက်ပြီး
သူမလည်း ကုတင်တစ်ဖက်သို့
သွားကာ ဝင်လဲပြီး မျက်ဝန်းများ
မှိတ်ထားလိုက်သည်။
အတော်ကြာ အခန်းကြီးထဲ လှုပ်ရှား
မှုများရပ်တန့်နေကာ စတင်၍
လှုပ်ရှားလာသော လက်တစ်ဖက်...
"ချည်...မင်းပြောစမ်း ညနေက
ငါ့ကို ရွဲ့ပြီး မင်းယောကျာ်းလေး
တွေကို ပြုံးပြနေတာ မဟုတ်လား..."
"အမေ့...အို...လန့်လိုက်တာ ရှင်
ဘယ်လို ဖြစ်နေတာလည်း..."
ချည်ကိုယ်လေးက ကလေးချီသ
လို ကောက်ချီ၍ ရုတ်တရပ်ပြော
လာသောကြောင့် ချည် လန့်သွား
သဖြင့် ရင်ဘက်မို့မို့လေးမှာ နိမ့်
ချီမြင့်ချီ ဖြစ်နေပြီး သူ့အား ဒေါသတကြီး
ကြည့်နေမိသည် ။
"ငါ မေးတာဖြေစမ်းပါ...''
"အို...ဘာကိစ္စ ရွဲ့ရမှာလည်း ကိုယ့်
မင်္ဂလာပွဲကိုလာတာ ပြုံးမပြလ်ို့
မဲ့ပြရမှာလား..."
ခွင်း အခန်းမီး မလင်းတလင်းလေး
ကြား မှုန်ညက်ညက်လေးလှပနေသော
သူမ မျက်နှာလေးကို စိုက်ကြည့်၍...
"မလိုဘူး မနက်ဖြန် လုံးဝ မပြုံးပြနဲ့
ပြုံးပြတာနဲ့ အဲဒီနားမှာ နောက်ထပ်
မင်္ဂလာဦး ထပ်ဖြစ်သွားမယ်..."
ချည်သူ့စကားကြောင့် နှုတ်ခမ်းလေး
ဖိကိုက်ပစ်၍...
"သေလိုက်လေ..."
"မသေပါဘူး အခုတော့ မင်းနဲ့
ပျော်ပွဲဆင်နွဲလိုက်အုံးမယ်...ဟား...."
ပြောပြီး နှစ်ဦးလုံးပေါ်စောင်ကြီး
အား ခြုံလွှမ်းလိုက်ချိန်...ချည်
အသက်ရူးတွေကြပ်လာ၍
သူ့ကို ထုရိုက်ကာ...
"အို..ရှင်...ဖယ်...
ကျွန်မ အသက်ရူကြပ်တာ..."
"ကိုယ်လုပ်ပေးမယ်..."
"ဟင့်အင်း...အွန်း..."
ထိုနောက် အခန်းကြီးထဲ ငြိမ်သက်သွားတော့သည်။
-------========================^^^^🍓🍓🍓🍓🍓🍓🍓
"သမီး လှိုင်း ဘာဖြစ်တာလည်း
ကွယ်..."
ဒေါ်ကြင်ဝေ သမီးဖြစ်သူရဲ့
မူမမှန်သောအခြေအနေကြောင့်
စိုးရိမ်တကြီးမေးလိုက်ချိန်...
"ဘာမှ မဖြစ်ပါဘူး မာမီ ညက
လှိုင်း စာကြည့်တာ နောက်ကျသွား
လို့ပါ..."
"သမီးရယ် စာလည်း အဲဒီလောက်ကြီး
လည်း မလုပ်ပါနဲ့ကွယ် မာမီသမီးက
တော်ပြီးသားပဲ..."
"ဟုတ်မာမီ...မင်္ဂလာပွဲရော
အခြေအနေကောင်းရဲ့လား မာမီ....."
"အမလေး အားကျစရာကြီး သမီးရယ်
မာမီတော့ သတိုးသမီးလေးကို အရမ်း
အားကျတာပဲ ရုပ်ကလေးကလည်းချော
ကိုယ်လုံးလေးကလည်း လှပြီး ထင်းနေတာ
ပဲ...သတိုးသားကရော ချော...ရွှေရွှေချင်း
ထပ်တဲ့အပြင် စိန်စိန်ချင်းထပ်တော့ ဘာမှ
ကို အပြစ်ဆိုဖွယ် မရှိဘူးပေါ့ သမီးရယ်...
နှစ်ယောက်လုံးကတော့ သမီးအရွယ်ပဲ...
ငယ်တော့ ငယ်ကြသေးတယ်...ဒါပင်မဲ့လည်း
ချစ်ကြတော့လည်း မခွဲန်ိုင်လို့ယူကြတာ
ပဲလေ.... အပြစ်ပြောစရာတော့ မရှိပါဘူး..."
မေမေစကားများကြောင့် လှိုင်း ဟန်မပျက်
အောင်နေကာ...
"မေမေ ဒီနေ့ သွားအုံးမှာလား
မင်္ဂလာပွဲ...''
"အင်း ဒီနေ့က ဒီမနက်ထည်းက
အကျွေးအမွေးလုပ်တာ ညနေ
၄နာရီမှာ ပွဲစမှာ သမီးရဲ့ သူဌေး
ဦးတမာန်ရဲ့ ခြံထဲမှာပဲ..."
"ဒါဆို သမီးလည်း လ်ိုက်မယ်နော်.. ''
"လိုက်ခဲ့လေ သမီးရဲ့ မာမီမှာ ဖိတ်
စာရှိတော့ လိုက်လို့ရတယ်...ဒါပင်
မဲ့ အားနာတာတစ်ခုက လက်ဖွဲ့
လက်မခံဘူးကွယ် မာမီတို့က
ပေးချင်တာကို..."
"သူတို့က ချမ်းသာတော့ လက်ဖွဲ့
မယူတာ ဖြစ်မယ်နော် မာမီ..."
"ဟုတ်မှာပေါ့ သမီးရယ် ဦးတမာန်
ဆိုတာ စိန်ကို ဇယ်တောက်နေတာ
တစ်ဦးတည်းသော သားဆိုတော့
တွေးကြည့်ပေါ့သမီးရယ်..ပြီးတော့
သတိုးသမီး သတိုးသား လက်ထပ်လက်
စွပ်နဲ့ သတိုးသမီးဝတ်ထားတဲ့ လက်ဝတ်
ရတနာတွေက မာမီကြည့်ရတာ တန်ဖိုး
မသေးလောက်ဘူးသမီးရဲ့...ဒီက စိန်တောင်
မဟုတ်ဘူး နိုင်ငံခြားက နာမည်ကြီးစိန်
တွေနဲ့ လုပ်ထားတာ...အားကျစရာ..."
လှိုင်း စားပွဲအောက်က လက်ကလေးမှာ
လက်သီးလေးဆုပ်ထားလျှက်...
နင်က ငါပိုင်ဆိုင်တဲ့အရာတွေလု
ယူသွားတာပဲ ရွှေချည်ခြင်း
နင် ပြန်ပေးဆက်ရမယ်....
----===================^^^^^🍓🍓🍓🍓🍓🍓🍓
"ခွင်း မင်းကွာ အရမ်းလျှိုတယ်
သူငယ်ချင်း အရင်းကြီးကိုတောင်
ပလစ်ထားတာ.."
"တော်စမ်းကွာ မင်းကို ငါမဖိတ်
လို့လား မင်းဘာသာ ပြင်ဦးလွင်
သွားနေပြီး..."
ခွင်းအပြောကြောင့် မျိုးမင်း
မျက်စောင်းထိုး၍...
"မင်က ငါဟိုရောက်မှ မနက်ဖြန်
ငါ့မင်္ဂလာပွဲလို့ပြောတာကို
ငါဘယ်လောက် အံ့သြသွားတယ်
ထင်လည်းကွ...''
"အဟက်..ဟုတ်ပါပြီ ဒီနေ့ပွဲတော့
မင်း မှီတယ် အပိုတွေပြောမနေနဲ့..
ဗူးတွေ သေချာစစ်ပေအုံး..."
"အေးပါကွ..."
မနက်ပိုင်း မရှိဆင်းရဲသားများအား
သူနှင့်ချည် ရိက္ခာတွေ လှူမှာ
ဖြစ်ပြီး လာသော ဧည့်သည်
တွေကိုလည်း ခြံကြီးထဲမှာပဲ
ဧည့်ခံကျွေးမွေးမှာ ဖြစ်သည်။
"အဆင်ပြေပြီး ခဏနေ
ပေးရုံပဲ..."
"အင် ခဏနေ ချည်လာလိမ့်မယ်
အဲဒီတော့မှ ပေးမယ်...''
မျိုးမင်း မဲ့ရွဲ့လိုက်၍..
"အမလေး အခုမှ တချည်ထည်း ချည်နေတယ်နော်...ဟင်..."
ထိုအချိန် ခွင်းလိုပဲ အပြာနုရောင်
ပါသော မြန်မာဝမ်းဆက်လေးကို
ဝတ်ထားပြီး သူတို့ဆီ လှပသော
လျှောက်လာသော ခွင်းရဲ့မိန်းကလေး...
ခွင်း မျိုးမင်းအကြည့်များကြောင့်
လှည့်ကြည့်လိုက်ချိန် သူတို့ဆီ
လျှောက်လာသော သူမကြောင့်
သူ မျိုးမင်းဘက်သို့လှည့်၍...
"မင်း အခုလို ထပ်ကြည့်နေမယ်ဆို
မင်း မျက်လူံး ငါထိုးဖောက်တော့မယ်..."
ထိုတော့မှ မျိုးမဲ့ မျက်ဝန်းလေး
ကပြာကယာလွဲ၍..
"အဟဲ လှလို့ပါကွာ..ရိုးရိုးသားသား
ကြည့်မိတာပါ ကိုယ့်သူငယ်ချင်းရဲ့
မိန်းမကိုကွာ..ငါက မရိုးမသားကြည့်
စရာလား..."
"ကျွန်မတို့ အစားအသောက်တွေ
ပေးလိုက်ကြမလား အပြင်မှာ
စောင့်နေကြတာ နေတွေပူနေကြပြီ...''
"အင်း ပေးမယ်...ချည် ဒါက
ငါ့သူငယ်ချင်း မျိုးမင်း...''
သူမိတ်ဆက်ပေးမှုကြောင့်
သူမအား ပြုံးပြနေသော
ထိုလူအား ချည်ပြန်ပြုံးပြ
လိုက်သည်။
ထိုနောက် သူနှင့် သူမ ဘေးက
အလုပ်သမား အကူအညီနှင့်
ခြံအပြင်မှာ ရပ်နေကြသော
လူတွေအား လှူတန်းစရာများ
ဝေငှပေးလိုက်သည်။
ချည် အခုလို မရှိဆင်းရဲသားများ
အား ပေးလှူရသောကြောင့်
စိတ်ထဲတွင် ကျေနပ်ကာ ပိတိများ
စေဆာနေတော့သည်။
ခွင်းလည်း စည်းကမ်းတကြယူနေကြ
သော လူတွေအားကြည့်၍ ပြုံကာ
သူမလည်း ပြုံးနေသောကြောင့်
သူ အခုလို မရှိဆင်းရဲသားများအား
သူမနှင့်အတူ အမြဲလှူဖို့ ဆူံးဖြတ်လိုက်မိ
တော့သည်။
အားလုံးပြီးစီးချိန် ခွင်းနှင့် ချည်
ဧည့်သည်များ ရောက်နေသော
ဝိုင်းများအား လိုက်လံနှုတ်ဆက်
စကားပြောပြီး အချိန်တို့သည်လည်း
ညနေသို့ တဖန်ရောက်ရှိလာပြန်
တော့သည်။
အားလုံး ခြံကြီးထဲ နောက်တစ်မျိုး
ပြင်နေကြကာ ယခုအခါတွင်တော့
ပန်းပေါင်းစုံအပြင် သစ်ရွက်သစ်ခက်
လေးများဖြင့် ရိုးရှင်းစွာပြင်ဆင်ထား
သော ညဧည့်ခံပွဲ။
ညနေ ၃နာရီ ထိုးနေပြီ ဖြစ်သော
ကြောင့် ပွဲစီစဥ်သူနှင့် အကျွေး
အမွေး စားစရာများဟာလည်း
အရှံအပယ် တည်ခင်းဧည့်ခန်း
ထားကာ အလှဆင်ထားသော
ရေဗန်းကြီးများဟာလည်း လှပနေတော့သည်။
ထိုအတူ တကယ့်ဒိတ်ဒိတ်ကျဲ.မင်္ဂလာပွဲ
ဖြစ်သောကြောင့် လုံခြုံရေးအပြည့်ဖြင့်
စောင့်ကြပ်ထားကြသည်။
အချိန် တဖြည်းဖြည်းနီးလာတာနှင့်အမျှ
ဧည့်သည်များသည်လည်း အနောက်တိုင်း
ဆန်ဆန် လှပစွာ ဝတ်ဆင်လာပြီး ပွဲတက်
လာကြတော့သည်။
--------====================^^^^^🍓🍓🍓🍓🍓🍓🍓
"လှလိုက်တာ မေမေသမီးလေးက.."
ဒေါ်သက်ထားနှင့် ဒေါ်မြဖူးငုံ
နက်ပြာအစားယူလိုက်သော
အနီရောင် dressလေးနှင့် လှပနေသော
ည သတိုးသမီးလေးအား ကြည့်၍
ကျေနပ်စွာပြုံးနေကြတော့သည်။
ချည်အသားက ဖွေးဥနေသောကြောင့်
ကိုယ်လုံးလေးအပေါ် ဘာအရောင်တင်တင်
လှပနေမြဲ ဖြစ်သည်။
အခုလည်း ညပိုင်း အနီရောင်dressလေးက
ကိုယ်လုံးလေးပေါ်တွင် ချပ်ကပ်နေကာ
လည်းပင်းတွင်လည်း နီလာတစ်ဆက်စာ
အား ဝတ်စုံဆင်ထားပြီး ရင်ဘတ်
မို့မို့လေးတွင်လည်း vပုံသဏ္ဍန် ဟိုက်
ချထားသော်လည်း သပတ်သဖွယ်
သိုးမွှေးအမျှင်လေးများဖြင့် ပြန်၍
တန်ဆာဆင်ထားသောကြောင့် အရိုင်း
မဆန်ဘဲ လှပနေတော့သည်။
ဆံနွယ်များအားလည်း အနောက်တိုင်း
ဆန်ဆန် ဆံထုံးလေး လှပစွာထုံးဖွဲ့
ထားပြီး နီလာဆံထိုးလေးအား
ခေတ်မီလှပစွာ ထိုးထားသောကြောင့်
အားလုံးအကြည့်တို့က မခွဲနိုင်ကြ။
ထိုအချ်ိန် အဝတ်လဲခန်းက အနောက်တိုင်း
ဝတ်စုံ အဖြူရောင်ကို အမဲကွတ်ကာ
ဝတ်ထားသော ခွင်း အမြင်မရိုင်းစေ
ဘဲ သူဝတ်မှ ပုံပေါ်ပြီး လှပနေကာ
ချောမောမှုတို့က ပို၍ ပေါ်လွင်နေတော့
သည်။
ခွင်း လှပနေသော သူမလေးအား
မျက်တောင်မခပ်တမ်းကြည့်နေစဥ်
ဒေါ်သက်ထားနှင့် ဒေါ်မြဖူးငုံ
ကောင်မလေးများအား မျက်ရိပ်
မျက်ကဲ ပြကာ အပြင်သို့ ထွက်လာ
ခဲ့တော့သည်။
ချည် သူမအား ကြည့်နေသော
သူ့အကြည့်များကြောင့် ကြက်သိမ်းများ
ပင်ထသွားကာ....မျက်နှာလေး လွဲလိုက်
မိသည်။
ခွင်း သူမရဲ့လွဲသွားသော မျက်နှာလေး
မေးလေးကနေ လက်ဖျားလေးဖြင့်
ပင့်ယူ၍....
"က်ိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ
ပြုံးပြမနဲ့နော် သိတယ် မဟုတ်လား
ကိုယ်က နေရှာမရှောင်တက်တာကို..."
ထိုအခါ ချည်သူ့အား နှုတ်ခမ်း
လေးဖိကိုက်၍
ရုပ်နှင့်မလိုက် နှာဘူးကျလွန်းသော
သူ့ကို ခပ်မဲမဲ့ ကြည့်၍...
"လူယုတ်မာ..''
"အဟက်....မင်းယောကျာ်းပါ..
ဒါနဲ့..မင်းရင်သားတွေ ထွားလာ
သလျိုပဲ..."
နောက်ဆက်တွဲစကားကြောင့်
ချည် နှုတ်ခမ်းလေးဖိကိုက်
ပစ်လိုက်ကာ သူ့အား
မျက်နှာလေးရဲကာကြည့်၍
လက်ထဲက ပန်းစည်းနှင့်ပစ်
လိုက်ကာ....
"အား.....လူယုတ်မာ..."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း