book

Index 23

အပိုင်း(23)

  • Author : Lwanchin
  • Genres : Romance, Drama

မနက်ပိုင်း ဘုန်းကြီးကျောင်းမှာ ဆွမ်း

ကျွေးပြီး အလှူလုပ်မည် ဖြစ်ပြီး ညနေပိုင်း

Hotelကြီးမှာ မင်္ဂလာအခန်းအနားကြီး

လုပ်မည် ဖြစ်သည်။


နောက်ရ​က်တွင်တော့ ညပိုင်း ခြံကြီးထဲမှာ

ပဲ ညနေ ၅နာရီကစပြီး ဧည့်ခံမှာဖြစ်သည်။


ယခုပြင်ဆင်ပြီးချိန် သူလာခေါ်တာကို

စောင့်နေသောချည်။


အဝါပန်တောက်ခြောက်ရောင်

မြန်မာဝမ်းဆက်ကလေးနှင့် ရွှေမင်း

သမီးလေးတစ်ပါးလို လှပနေသော 

ချည်။


မြန်မာဝတ်စုံလေးက ကိုယ်လေးပေါ်

မှာ ချပ်ကပ်နေပြီး လှပနေပုံက ကဗျာ

ဆန်လှစွာ....ဆံနွယ်အရှည်ကြီးအား

နဖူးလေးမှ အ​ပြောင်သိမ်းပြီး အနောက်

တွင် ထုံးဖွဲ့ထားပုံက မဟာဆန်စွာပင်။


ရှပ်...ရှပ်...ရှပ်....


တဖြည်းဖြည်းနီးကပ်လာသော ခြေလှမ်း

များကြောင့်  ချည် ခေါင်းလေးငဲ့ကြည့်လိုက်ချိန် သတိုးသားဝတ်စုံ အပေါ် အဖြူရောင်ကို

ပတောက်ခြောက်ရောင် ရွှေရောင်ပုဆ်ိုး

ဖြင့် တွဲဝတ်ဆင်ထားပုံက ခန့်ညားစွာပင်။


ခွင်း ပန်းပုရုပ်လေးသဖွယ်လှပနေသော

ဇနီးဖြစ်သူအား ကြည့်၍ တဖြည်းဖြည်း

အနားတိုးသွားကာ...


"သွားကြရအောင် ချည်..."


ထိုအခါ ချည်ခေါင်းလေးငြိမ့်ပြကာ

ထရပ်လိုက်ချိန်...


"အမေ့...."


ကိုယ်လေး ယိုင်ကျသွားချိန် သူမကိုယ်

လေးအား ဆွဲဖမ်းပွေ့ယူလ်ိုက်သော

ခွင်း....


ချည်လက်ကလေးမှာ သူ့ရင်ဘတ်ပေါ်

သို့ တင်လျှက် မျက်နှာနှစ်ခုနီးကပ်စွာ

ရှိနေချိန်..အသံရူသံပြင်းပြင်းတို့က

လည်း ထွက်ပေါ်လာလျှက် နှစ်ဦးလုံး

ရဲ့ ရင်ခုန်သံတွေကလည်း မြင်းတစ်ကောင်

ပမာ ခုန်ပေါက်နေလျှက်...


ချည် သတိပြန်ဝင်လာ၍ သူ့ကိုယ်ကြီး

အားတွန်းကာ မတ်တပ်လေးရပ်လိုက်ချိန်...

ခွင်း သူမပုံစံလေးကြောင့် နှုတ်ခမ်းတွင်

အပြုံးတိုး ဖြစ်ထွန်းလာ၍ အသည်းယား

နေမိသည်။


"သွားကြမယ် မေမေတို့ သွားနှင့်ပြီ..."


ပြောပြီး အရှေ့ကလျှောက်သွားသော

သူ့အနောက်သို့ ချည် တဖြည်းဖြည်း

လိုက်သွားကာ ကားပေါ်သို့အသီးသီး

တက်လိုက်သည်နှင့် ကားလေးသည်လည်း

ခြံဝန်းကြီးထဲကမောင်းထွက်လာတော့သည်။


ဘုန်းကြီးကျောင်းအရောက်

ချည်နှင့်သူ မင်္ဂလာတရားနာယူပြီး

ဆွမ်းကပ်ကာ လှူတန်းဖွယ်ရာများ

လှူတန်းပြီး လာသမျှ ဧည့်သည်များအား

နှုတ်ဆက်ကာ...အချိန်တွေ ကုန်မှန်းမသိ

ကုန်လာခဲ့သည်။


အားလုံးပြီးစီးချိန် ချည်နှင့်သူ ညနေ

မင်္ဂလာပွဲကြီးအတွက်ပြင်ဆင်

ရမှာ ဖြစ်သောကြောင့် အိမ်ကို

အရင် ဦးဆုံးပြန်လာခဲ့ကြပြီး

ခဏအနားယူကာ မကြာခင်

မင်္ဂလာပွဲရှိသော ဟိုတယ်

ကို သွားရမည် ဖြစ်သောကြောင့်

ရေချ်ိုးရန် ရေချိုးခန်းထဲ ဝင်လာ

ခဲ့သည်။


ချည် အေးမြသော ရေလေးအား လက်ကလေးဖြင့် ထိကာ သွားလေးတွေ

ပေါ်အောင် ပြုံးလိုက်ချိန်...


ဂျီ....


"ဟင်..."


ရေချိုးခန်းတံခါး ဖွင့်၍ ဝင်လာသော

သူ့ကြောင့် ဘေးက သပတ်ကြီးအား

ယူကာ ကိုယ်လေးအပေါ် ပတ်၍...


"ခွင်း ရှင် ရိုင်းလှကြည့်လား

ကျွန်မ ရေချ်ိုးမလို့လေ...ရှင် ဘာဝင်

လုပ်တာလည်း..."


သူမအမေးအား ဘာမှ ပြန်မဖြေဘဲ

ရှေ့ဆက်တိုးလာသော သူ့ကြောင့်

ချည် သဘက်လေးအား ခပ်တင်းတင်း

ဆုပ်ကိုင် ထားလျှက် မျက်ဝန်းလေးက

တံခါးဝသို့ ကြည့်လ်ိုက်ကာ..


"ဒါဆို ရှင်အရင်ချိုး...."


ပြောပြီး အခန်းအပြင်ဘက်သို့

ထွက်ရန်အပြင်...


"အို...ရှင် ဘာလုပ်တာလည်း...''


ပြောပြီး ချည်ပတ်ထားသော သဘက်လေး

အား ဆွဲချလိုက်သောသူ့ကြောင့် ချည်

မျက်ဝန်းလေးများပြူးကျယ်သွား၍

သူ့အား အလန့်တကြားကြည့်လိုက်တော့သည်။


ခွင်း သူမရဲ့ရဲနေသော မျက်နှာလေး

အား ကြည့်ကာ...


"ဘယ်ကိုသွားမှာလည်း ဟိုတယ်သွား

ဖို့ အချိန်ကနီးနေပြီ ...အတူချိုးမယ်..."


"အို...သေလိုက်လေ နှာဘူးရဲ့..."


ဘုတ်..


ချည်ပြောပြီး သူမခါးလေးအား

ဖက်ထားသော သူ့ရင်ဘတ်ကြီးအား

ထုကာ မကျေမနပ်အော်၍ ပြောလိုက်

ချ်ိန် ခွင်း သူမအား မျက်မှောင်ကြီး

ကုတ်ကာကြည့်၍...


"မင်း.... ကိုယ့်ယောကျာ်းကို

နှာဘူး နှာဘူးနဲ့ ယောကျာ်းပဲ

ကိုယ်မိန်းမနဲ့ ဟိုဟာပြုရတာ

ထူးဆန်းသွားလို့လား ကိုယ်က

မင်းနဲ မလုပ်ရလိူ့ ဘယ်သူနဲ့..."


ဗြန်း....


ချည် သူ့စကားများကြောင့်

ရှက်သွားကာ သူ့ရင်ဘက်ကြီးအား

ရိုက်ချလိုက်သောကြောင့် ခွင်းစကား

ရပ်သွား၍...


"ရိုက်လေး ကိုယ်ကတော့ အချက်

ရေနဲ့ မှတ်ပြီး ပြန်ယူပြီးသားပဲ..."


"အို..."


ပြောပြီး ပွေ့ချီလိုက်သော သူ့ကြောင့်

ချည် လန့်ဖျန့်ကာ သူ့လက်ထဲ

ပါးသွားပြီး ရေချ်ိုးကန်လေးထဲ

ချည်အား ချီ၍ ဝင်သွားပြီး သူ

သူမကိုယ်လေးအား ချပေး

ချ်ိန် ချည် ခေါင်းလေးခါရမ်း၍

ဘာအဝတ်မှ မရှိသော ကိုယ်လုံး

လေးအား ရေထဲ နစ်ဝက်အောင်

ကိုယ်လေးကျုံ့ထားကာ လက်ကလေး

ပိုက်ပြီး သူမအရှေ့မှာ ထိုင်၍ ကြည့်နေသော

သူ့အား ကြည့်ကာ...


"တနှာရူး...''


"ဟုတ်တယ်ကွာ..လာ မင်းယောကျာ်း

က တနှာရူး ရပြီလား..."


"အို...အဟင့်...လူယုတ်မာ..."


ချည်အား အတင်းဆွဲယူနေသော

သူ့ကြောင့် ချည် မျက်ရည်လေး

များပင် ကျလာ၍ ပြောလာချိန်

ခွင်း သူမကိုယ်လေးအား သူနဲ့

ကပ်ချပ်နေအောင် ခါးသိမ်သိမ်လေး

မှ ဆွဲဖက်ထားပြီး မျက်နှာလှလှလေး

အား ကြည့်ကာ...


"ဟုတ်တယ် ကိုယ်က လူယုတ်မာ

ချည် တစ်ယောက်ထည်း အတွက်ပဲ..."


"အို...''


ပြောပြီး ငုံ့ကျလာသော သူ့မျက်နှာ

ကြောင့် ချည် ခေါင်းလေးခါရမ်း၍

ငြင်းဆန်နေသော်လည်း အရာရာ

ဟာ နောက်ကျသွားလျှက်....


--------===================^^^^^^🍓🍓🍓🍓🍓🍓🍓


"ဟယ်....လှိုင်း ဒီမှာ ကြည့်စမ်း..."


"ဘာလည်း ငါစာလုပ်နေတယ်...''


"ဟာ...နင်ကလည်း ကြည့်ဆို 

ဒီမှာ ခွင်း..


ခွင်းဆိုသော နာမည်ကြောင့် လှိုင်း

လှုပ်ရှားမှာများ ရပ်တန့်သွား၍

ဖုန်းပေါ်တွင် သတင်းခေါင်းစဥ်ကြီး

နှင့်အတူ ပုံရိပ်များအား မြင်တွေ့လိုက်ရသော

ကြောင့် လှိုင်း အံ့သြလွန်းသဖြင့်

ပါးစပ်လေး ပွဟသွားကာ...


"ဒါ...ဒါက တကယ်လား....ဝင့်..."


"တကယ်ဟုတ်လို့ တက်လာတာပေါ့

လှိုင်းရယ် အဲဒီမိန်းကလေး အခုရက်

ပိုင်းပျောက်နေတာ မင်္ဂလာကိစ္စကြောင့်

ကို.. ကြည့်စမ်း နောက်မှလည်း ရောက်လာ

တယ် အခု ခွင်းကိုလည်း အပိုင်သိမ်း

သွားတယ်...အရမ်းသွက်တာပဲ..."


ထိုအချိန် လှိုင်းထိုင်နေရာမှ ထရပ်လိုက်၍...


"ငါ အိမ်ပြန်တော့မယ် ဝင့်..."


"ဟင်...လှိုင်း..လှိုင်း..."


ပြေးထွက်သွားသော လှိုင်းအား

ဝင့် အလန့်တကြားလေးခေါ်သော်လည်း

လှည့်မကြည့်ဘဲ ကားရှိရာဆီသာ

ပြေးသွားသောကြောင့် သူမစာအုပ်တွေ

အမြန်ကောင်သိမ်း၍ ပြေးလိုက်လာ

ခဲ့သော်လည်း... လှိုင်းရဲ့ကားလေးဟာ

ကျောင်းဝန်းကြီးထဲကနေ မောင်းထွက်

သွားပြီ ဖြစ်သည်။


လှိုင်း စိတ်လှုပ်ရှားလွန်းသောကြောင့်

လက်ကလေးမှာ တုန်ယင်နေကာ

ကားအား မနည်းအားယူ၍

မောင်းလာခဲ့ပြီး မျက်ရည်များဟာ

လည်း ပါးပြင်သို့ စီးကျလာပြီး..


"ဟင့်အင်း...ဟင့်အင်း မဖြစ်န်ိုင်ဘူး

ငါ...ငါ..မျက်စီမှားတာ မဖြစ်နိုင်ဘူး

အဲဒီမိန်းမနဲ့ ခွင်း မဖြစ်နိုင်ဘူး...''


ခေါင်းလေးအား ခါရမ်း၍ ပြောလာပြီး

မျက်ရည်များ အတားအစီးမဲ့စွာ

စီးကျလာတော့သည်။


အတော်အကြာမောင်းလာပြီး

သူမ ခြံထဲအရောက် အိမ်ထဲ

ပြေးဝင်လာ၍...


"မာမီ..မာမီ..."


ဒေါ်..... သမီးဖြစ်သူ ခေါ်သံကြောင့်

မင်္ဂလာပွဲသွားဖို့ ပြင်ဆင်နေရင်း

အခန်းအပြင်သို့ ထွက်လာကါ..


"သမီး မာမီ ဒီမှာ ဘာဖြစ်လို့လည်..."


လှိုင်း မူမပျက်အောင် မနည်း ဟန်

ပြင်လိုက်ကာ..


"မာမီ အခုသွားမှာ သတိုးသား ခွင်းမာန်ဟုန်းလား..."


"ဟုတ်တယ် သမီး သူဌေးကြီး ဦးတမာန်

ရဲ့သားလေ.... မနက်ကထည်းက

ဆွမ်းကျွေးလုပ်တာ မာမီကအခုညနေ

မှ သွားရမှာ ပြီးတော့ မနက်ဖြန်

လည်း တစ်နေကုန် သူတို့ ခြံကြီးထဲ

မှာ ဧည့်ခံမှာ...အားကျစရာကြီးကွယ်..

ဘယ်လောက်တောင် ခမ်းနားလိမ့်မလည်း....

ဒါနဲ့ သမီးက သိလို့လား..."


ထိုအခါ လှိုင်း မျက်ရည်မကျအောင်

ထိန်းထားလျှက်...


"ဟုတ် မာမီ အသိတွေပါ...

ဒီနေ့တော့ လှိုင်း မလိုက်တော့

ဘူး မနက်ဖြန်မှ လိုက်မယ်နော်..."


"ဟုတ်ပါပြီ ဒါဆို မာမီ ပြင်ဆင်

လိုက်အုံးမယ် ခဏနေ သွားရတော့မှာ.''


"ဟုတ် မာမီ...''


လှိုင်း မိခင်ဖြစ်သူအခန်းထဲ

ပြန်ဝင်သွားမှ ပါးပြင် ပေါ်

သို့ မျက်ရည်များ ကျလာပြီး

မျက်ဝန်းများအား မှိတ်ချလိုက်ကာ..


"ရှင့် ကို မကျေနပ်ဘူး... ခွင်း..."


---------------=================^^^^^🍓🍓🍓🍓🍓🍓🍓🍓


အဖြူရောင်တွေကြီး သုံးထားပြီး

လှပစွာပြင်ဆင်ထားသော 

မင်္ဂလာ အခန်းအနားကြီး....


"သားနဲ့ သမီး....ရောက်ပြီလား..."


"ရောက်ပြီလေ..သမီးက အလှပြင်ခန်းထဲမှာ

သားလည်း အထဲလိုက်ဝင်သွားတာတွေ့တယ်..."


ဒေါ်သက်ထားနှင့်ဒေါ်မြဖူး အဖြူရောင်

ချိတ်ဝမ်းဆက်ကိုယ်စီနှင့် လှပနေကြကာ

နှစ်ဖက်မိဘ လာသမျှ ဧည့်သည်များအား

ကြိုဆို ဧည့်ခံနေကြတာ ဖြစ်သည်။


နှစ်ဖက်လုံး အသိုင်းအဝိုင်း

အကြီးတွေမို့ လာသမျှ ဧည့်သည်တွေကလည်း မနည်းမနောစည်းကားနေလှသည်။


ဧည်သည်တွေလည်း စုံပြီ မင်္ဂလာ

သတိုးသားသတိုးသမီး ထွက်ရန်

နီးကပ်လာသောကြောင့် သူမတို့လည်း

ဆင်မြင့်အနား နေရာယူလိုက်ချိန်...


တူနှစ်ဖြာ.....ရွှေဂဟေဆက်ဖို့...

သွေမျက်တဲ့ မေတ္တာ.....🎼🎼🎼🎼🎼


ရေစက်ရဲ့ ရှေးအလာ.....

မနှေးအခါခါ ချင့်တွေး....🎼🎼🎼🎼


ချစ်ရေးခု သမုဒယ နွယ်လာ....

သြော်..ချစ်ရေးခု.သမုဒယနွယ်လာ....🎼🎼🎼🎼🎼🎼


အရင်တွံ့တေးသိန်းတံ မေဆွိရဲ တူနှစ်

ဖြာ သီးချင်းအား ယခုနာမည်ကြီး

အဆိုတော် ပြန်လည်သီဆိုသော

တူနှစ်ဖြာ မင်္ဂလာသီချင်းမှာ ခန်းမကြီးထဲ

ပျံ့လွင့်လာချ်ိန် အဖြူရောင် မင်္ဂလာ

သတိုးသားနှင့် သတိုးသမီး လက်ချင်းချိတ်

၍ သတိုးသမီးလက်မှ လှပသော အဖြူ

ရောင်ပန်းစည်းကိုင်ကာ ခပ်ဖြေးဖြေး

လျှောက်လာပုံအား ဓာတ်ပုံဆရာများ

က မလွတ်ရအောင် တဖြတ်ဖြတ်ရိုက်ကူး

နေကြသလို အားလုံးရဲ့ မျက်ဝန်းများသည်

လည်း အလွန်လိုက်ဖက်၍ လှပကာ ကျက်သရေ ရှိလှသော သတိုးသား

သတိုးသမီးအား အကြည့်မလွဲနိုင်လောက်

အောင် ကြည့်နေကြသည်။


ချည် များပြားလှသော လူများကြောင့်

ခြေလှမ်းလေးအား မနည်းထိန်းလျှောက်

နေရသည်။


သူကတော့ တည်ငြမ်စွာ အခုမှ လူကြီး

လူကောင်း ဆန်ပြစွာနေသောကြောင့်

ချည် မျက်နှာလေးမဲ့ပစ်လိုက်သည်။


ခွင်း သူမ မျက်နှာပုံစံအား မြင်လိုက်သော

ကြောင့် ပြုံးမိသွားကာ...


"မဲ့ မနေနဲ့ ညကြရင် ကိုယ့် ညပဲ...."


ထိုအခါ ချည် သူ့အားကြည့်၍

မျက်စောင်းထိုးကာ..


"ရှင် အရမ်းနှာထတာပဲ..ခွင်း...''


"အဟက်..ကိုယ်က ​​ယောကျာ်းပဲ...

နှာထမှာပေါ့ ဂန်ဒူးမှ မဟုတ်တာ..."


သူ့အပြောကြောင့် ချည် နှုတ်ခမ်း

လေးဖိကိုက်ပစ်ပြီး.... ဟန်မပြတ်

ပြုံးနေမိတော့သည်။


မကြာခင် သူနဲ့သူမ လက်ထပ်လက်စွပ်

တစ်ယောက်ကို တစ်ယောက် ဝတ်ပေး

ပြီးချိန် ဧည့်သည် တွေအား လိုက်နှုတ်ဆက်

၍ အသိမိတ်ဆွေများနှင့် အမှတ်တရပုံများ

ရိုက်ကြကာ... မင်္ဂလာပွဲကြီးအား

ပျော်ရွှင်ဖွယ်ကျင်းပကာ အားလုံးရဲ့

မျက်နှာတွင်လည်း အပြုံးတွေဖြင့် 

ပြည့်နက်နေကြတော့သည်။


"လိုက်ဖက်လိုက်ကြတာ...ချောချော

လေးတွေ သတိုးသမီးလေးက နုဖက်ပြီး

ချောလိုက်တာ ကံကောင်းလွန်းလှတယ်..."


"အေးနော်..သူများတွေ ဘဝပေး ကုသိုလ်

ကံများ ကောင်းလိုက်ပုံ သတိုးသားကလည်း

ကြည့်ပါလား ဂရုစိုက်လိုက်တာ.....''


"ဒါပင်မဲ့ သတိုးသမီးက မျက်နှာ

တည်နေသလိုပဲ..."


ထိုအခါ ချည်နှင့်သူ ကြားသွားကာ

ခွင်း သူမ မျက်နှာအား ငဲ့ကြည့်ကာ..


"ကြားလား မင်းမျက်နှာ ပြုံးထား..

နောက်မှ သတင်းတွေ ထွက်လာမှ

ငိုမနနေဲ...."


ထိုအခါ ချည် သူ့အား မျက်စောင်း

ထိုးကာ ဧည့်သည်တွေ အား လိုက်ပြုံး

ပြနေသောကြောင့် ခွင်း မျက်မှောင်ကြီကုတ်သွားကာကြည့်၍...


ဘာလည်းဟ ဒီမိန်းမ တွေ့စရာလူကိုပြုံး

ပြစရာလား....


စိတ်ထဲကနေ ပြောပြီး ခွင်းမျက်နှာကြီး

မှာ ယောကျာ်းလေးတွေပါ ​ပြုံးပြနေသော

သူမကြောင့် ပျက်နေတော့သည်။


တောက်..နောက်မှ တွေ့မယ်...ချည်....


သူ့မျက်နှာကြီး ပျက်နေသောကြောင့်

ချည် ပြုံးလိုက်ကာ...ယောကျာ်း

လေးတွေကြီး ရွေးကာ ပြုံးပြနေလျှက်...


ဒါ...ရှင် ပြုံးပြခိုင်းလို့...ကျွန်မက

ရှင့်ထက်ပိုရွဲ့တက်တယ်...ခွင်း....


ဆက်ရန်....

စာရေးသူ - လွမ်းခြင်း


rate now: