မျက်နှာလေးအား လက်ကလေးတစ်ဖက်
ဖြင့်အုပ်ကာ သူ့အား အတင်းပင် လက်တစ်
ဖက်က တွန်းထားသော သူမလေးကြောင့်
ခွင်း မျက်မှောင်ကုတ်ကာ ကြည့်ပြီး
သူမကိုယ်လေးအား လက်တစ်ဖက်ဖြင့်
ဆွဲမယူ၍ ပေါင်ပေါ်တင်လိုက်တော့သည်။
"အို...ခွင်း ရှင်ဘယ်လို ဖြစ်နေတာလည်း..
လွတ်ပါ..."
"မင်း ညက ဘာလို့ ကိုယ်ဆီ ပြန်မလာတာလည်းချည် ကိုယ်အခုထိ မအိပ်ရသေး
ဘူး သိလား..."
"အို မသိဘူး ရှင့်ဘာသာ ရှင်မအိပ်တာ
ချည် မေမေတို့နဲ့ နေချင်လို့ ပြန်လာတာ
ရှင်လည်း သိရဲ့သားနဲ့..."
"ဟ တွေရရင်တော်ရောပေါ့ အခုက
ယောကျာ်းဖြစ်သူကို တစ်ယောက်ထည်း
အိပ်ခိုင်းတာ တရားလား..."
"တရားတယ် ရှင် ဘယ်လိုဖြစ်နေတာလည်း
ဖယ်..လွတ် လမ်းမကြီးမှာ... "
"ဘယ်သူမှ အထဲကို မမြင်ရဘူး...အပိုတွေ
လုပ်မနေနဲ့...လူလည်းရှင်းတယ်..."
အပြင်ဘက်ကို မကြည့်ဘဲ ချည်မျက်နှာ
လေးကိုသာ တစိုက်မက်မက်ကြည့်ကာ
ပြောလာသော သူ့ကြောင့် ချည် နှုတ်ခမ်းလေးသာ ဖိကိုက်ထားကာ သူ့အား မကျေမနပ်
မော့ကြည့်ချိန်...ငုံ့ကျလာသော သူ့မျက်နှာ
ကြောင့် ချည် မျက်ဝန်းလေးတွေ ပြူးသွားကာ သူဖက်ထားသော ကြောင့် ရုန်းမရဲသဖြင့်...
"အို...ခွင်း မရဘူး.."
"ဟင့်အင်းနော်..."
ပြောပြီး ခေါင်းလေးအတင်းခါရမ်း၍
ရုန်းကန်ငြင်းဆန်နေသော်လည်း အချစ်
တစ်ည ပြတ်သွားသော ခွင်း သူမမျက်နှာ
လေးအားဆွဲမော့၍ နှုတ်ခမ်းလေးအား
စုပ်ယူနမ်းရှိုက်နေကာ....သူမအင်္ကျီလေး
ဆီ လက်တို့ လှမ်းလာချိန်...
"အို..မရဘူးနော်..."
"အဟွန်း ရလိုက်ပါ..."
အွန်း....
ပြောပြီး ထပ်မံ၍ နမ်းရှိုက်သွားသော
သူ့ကြောင့် ..ချည် အသက်ရူသံတွေပါ
မှားလာကာ ချည်ကိုယ်လေးအား
ပင့်မလိုက်သော သူ့ကြောင့် ချည်
မျက်နှာလေးမှာ ရဲချိတ်နေတော့သည်။
တဖြည်းဖြည်း အနမ်းတို့က လည်ပင်း
လေးအထက် ဆင်းသက်လာချိန်....
ချည် အားကုန် သူ့ကိုယ်ကြီးအားတွန်း၍...
"ခွင်း ကျွန်မ ကျောင်းချိန် မမှီဘဲ နေအုံး
မယ်...''
"ခဏပဲကိုကွာ..."
"ဘာ ခဏလဲ... မရဘူး...
ကျွန်မ စိတ်ဆိုးမှာနော်...''
"ကိုယ် ချော့မယ်..."
အို....
ထိုအချိန် ကားကူရှင်မှာ အနောက်သို့
လှန်ကျသွားပြီး ကုတင်သဖွယ် ဖြစ်သွားချိန်
ချည် အတင်းနမ်းရှိုက်နေသော
သူ့အနမ်းတွေကြား ရုန်းကန်ရင်း
သူ့ရင်ခွင်အောက် ရောက်ရှိသွားကာ....
ချည် ထမိန်လေးအား သူဆွဲချလိုက်ချိန်..
"အို...ရှင်..."
ချည် အသံလေးပြာအောင်အော်လိုက်သော်လည်း အရာရာဟာ သူ့လက်ထဲမှာပင်။
ခဏအကြာ ကားလေးထဲမှာ ချိုမြိန်သော
အချစ်ရနံ့များ သင်းပျံ့နေ၍ ကားလေးသည်
လည်း အနည်းငယ် လှုပ်ခပ်သွားတော့၏။
-----=====================^^^^^^🍓🍓🍓🍓🍓🍓🍓
"အို...လှလိုက်တာကွယ်...."
အဖြူရောင် မင်္ဂလာဝတ်စုံ ဂါဝန်အရှည်
ကြီးဖြစ် လှပနေသော ချည်။
ဂါဝန်ကို အပွအကားကြီးမဟုတ်ဘဲ
ကိုယ်လေးမှာ ကောက်ကြောင်းလေးတွေ
ပေါ်၍ လှပနေကာ ရင်ဘတ်နှင့် လက်မောင်း
လေးတွေ ဇာအပါးလေး ကပ်ချုပ်ထားကာ
ဇာအထူက လက်ရှည်ဒီဇိုင်း ထွင်ထားပြီး
တစ်မျိုးလေးဆန်းနေကာ လှပနေတော့သည်။
နဂိုက ကိုယ်လုံးလှသူဖြစ်တာကြောင့်
အခုလို ဝတ်ကြည့်လိုက်တော့လည်း
ထင်းပြီး လှပနေကာ အားလုံးချည်ရဲ့
အလှအား အားကျစွာကြည့်နေကြ
တော့သည်။
"သမီးရယ် လှလိုက်တာ...
စောစောက အရင်ဝတ်လိုက်တဲ့
ဝတ်စုံတွေလည်း သမီးနဲ့အရမ်းလှတယ်
ဒါလေးကလည်း တစ်မျိုးလေး
ပိုလှတယ်..."
မေမေအပြောအား ချည် ပြုံးယုံသာ
ပြုံးပြမိသည်။
မှန်ထဲက ချည်ရဲ့ပုံရိပ်လေးအား
ကြည့်၍ ချည် ပြုံးလိုက်မိသည်။
ထိုအတူ သူ့ကို တွေးမိသွား၍
မျက်နှာလေးမှာ ပြန်တည်သွားမိသည်။
မနက်က အိမ်ကိုနောက်ကျမှ ပြန်ရောက်
သောကြောင့် ချည်ကျောင်းမသွားဖြစ်တော့။
ဒါနဲ့ပဲ မေမေက ဝတ်စုံစမ်းဝတ်ကြည့်ဖို့
ဒီဇိုင်နာ အမတွေအား ဖုန်းဆက်ခေါ်လိုက်တာ
ဖြစ်သည်။
"သမီး သဘောကျရဲ့လား..."
"ဟုတ် မေမေ ချည် သဘောကျပါတယ်..."
"အဟွန်း ဟုတ်ပါပြီ ဒါဆ်ို အားလုံး ကွတ်
ဖြစ်နေတော့ ဘာမှ ပြင်စရာ မလိုတော့
ဘူးပေါ့..."
"ဟုတ် မေမေ....ဒါဆို ချည် အဝတ်အစား
ပြန်လဲလိုက်တော့မယ်နော်..."
"ဟုတ်ပါပြီ..."
ဒေါ်သက်ထား အဝတ်လဲခန်းထဲ
ဝင်သွားသော ချွေးမဖြစ်သူရဲ့
ကျောပြင်လှလှလေးအား ကြည့်ကာ
ကျေနပ်နေမိတော့သည်။
"မမသက်ရဲ့ ချွေးမက အရမ်းလှတာပဲ..
အားကျလိုက်တာနော်..."
ဒီဇ်ိုင်နာဖြစ်သူ မိုးပွင့် ပြောလာသော
စကားကြောင် သူမကျေနပ်စွာ
ပြုံးလိုက်၍...
"အဟွန်း ကျေးဇူးပါကွယ်...
မမလည်း ချည်လေးလို ချွေးမရတာ
အရမ်းကျေနပ်တာပဲ..."
ဒေါ်သက်ထား ပြုံးကာ ပြောပြီး
အဝတ်လဲခန်းဘက်အား
ကြည့်မိတာ အခါခါ....
သားတော်မောင် ပျောက်နေသော
ကြောင့် သူမ စိတ်ထဲဘဝင်မကျ။
ချည်လေးအားမေးချင်ပင်မဲ့လည်း
ဧည့်သည် တွေအရှေ့မမေးချင်သောကြောင့်
မျိုသိပ်ထားမိတော့သည်။
အဝတ်လဲခန်းက မေမေတိုရပ်နေသော
နေရာနှင့် ခြားထားသောကြောင့်
ချည် တစ်ခါပြန် လျှောက်လာလိုက်သည်။
သူမအခန်းထဲ ဝင်၍ အနောက်စေ့လေး
အား လက်ကလေးဖြင့် ဆွဲချဖို့ ပြင်စဥ်
ခါးလေးအား သိမ်းဖက်လ်ိုက်သော
လက်တစ်စုံကြောင့် ချည် လန့်ဖျန်သွား၍
အော်ဖို့အလုပ်...
"ချည် ကိုယ်ပါ..."
"အို..ရှင် ဘယ်လ်ို ရောက်လာတာလည်း..."
ထိုအခါ လက်ထဲက သော့ကို ပြ၍..
"မင်းတို့စကားပြောနေချိန် ဘေးတံခါး
ကဝင်လာတာလေ..."
ချည်သူ့အား မကျေမနပ်ကြည့်ကာ..
"ရှင် အရမ်း ယုတ်မာတာပဲ
ထွက် ကျွန်မ အဝတ်လဲမလို့.. "
"ကို လဲပေးမယ်လေ.."
"အို ရမလား ပြန်ထွက်နော်...အမေ့.. "
ချည်ပြောနေချိန် သူ ချည်ကိုယ်လေး
အား ဆွဲလှည့်ကာ သူ့ကိုယ်ကြီးနှင့်
ကပ်နေအောင် ဖက်ထားလိုက်သော
ကြောင့်မျက်ဝန်းများပြူးသွားကာ
သူ့အား အလန့်တကြားကြည့်မိချိန်
သူ ချည်အား ခပ်ပြုံးပြုံးစိုက်ကြည့်လာ၍...
"ရူး အသံမထွက်နဲ့နော်..အပြင်မှာ
လူတွေနဲ့...''
အာ့...
ဗျီ.....
ပြောပြီး ချည်လည်ပင်းလေးအား
ကိုက်ချလိုက်ပြီး ဂါဝန်စေ့လေး
အား ဆွဲချလိုက်သော သူ့ကြောင့်
ချည် နှုတ်ခမ်းလေးအား ဖိကိုက်ထား
မိ၍ သူမအား နမ်းရှိုက်နေသော
သူ့အား အော်ချင်သော်လည်း အပြင်က
မေမေတို့ ကြားသွားမှာ ဆိုးသောကြောင့်
ငြိမ်နေရတော့သည်။
ချည် နှုတ်ခမ်းလေးအား ဖိကိုက်ပစ်၍..
ဒါ အပြင်က လူတွေရှိတာသိရက်နဲ သက်သက် ရုပ်မာတာ...
-----------=-==================^^^^^🍓🍓🍓🍓🍓🍓🍓
ညနေစောင်း ထမင်းစားခန်းထဲ
ဒေါ်သက်ထားနှင့်အတူ ချည်
ထမင်းစားဖို့အတွက် ဝိုင်းကူပေနေစဥ်...
"သမီး သွား သားကို သွားခေါ်တော့..
ထမင်းပွဲအဆင့်သင့် ဖြစ်ပြီလို့
မေမေလည်း သမီးအဖေကို သွားခေါ်
အုံးမယ်..."
"ဟုတ် မေမေ..."
ချည်ပြောပြီး သူ့ကို ခေါ်ရန်
အပေါ်ထပ်သို့ တက်လာခဲ့တော့သည်။
နေ့လည်က ကိစ္စဖြစ်ပြီးကထည်းက
သူ့အား ချည်စကားမပြောချင်သော
ကြောင့် မျက်နှာချင်းမဆိုင်တော့တာ
ဖြစ်သည်။
အခု မေမေခေါ်ခိုင်းသောကြောင့်
မကောင်းတက်လို့ တက်လာ
ခဲ့ရပင်မဲ့လည်း စိတ်ထဲတော့ သူ့အား
မကျေနပ်ပေ။
အခန်းအရှေ့အရောက်...
ဒေါက်..ဒေါက်...
"ဒီမှာ..ရှင့်ကို ထမင်းစားဖို့
မေမေ ခေါ်နေတယ်..."
ကျီ....
ထိုအခါ အခန်းတံခါးပွင့်လာ၍
ပြုံးစေ့စေ့ဖြင့် အခန်းထဲက ထွက်လာ
သော သူ...
ခွင်း သူ့အား မျက်နှာလေးတင်း၍
ပြောနေသော သူမကြောင့် မျက်နှာ
မှာ ပြုံးစေ့စေ့ဖြစ်နေပြီး...သူမအနောက်က
လိုက်လာခဲ့လိုက်သည်။
ထမင်းစားခန်းထဲအရောက် မေမေနဲ့ ဖေဖေ
ရောက်နှင့်နေပြီ ဖြစ်သောကြောင့် ချည်
နှင့် သူ နေရာကိုယ်စီ ဝင်ထိုင်လိုက်တော့သည်။
"သား...မင်းတို့ ဖေဖေတို့ကို တစ်ခုခု
ပြောချင်သေးလား..."
"မပြောချင်ပါဘူး..."
ခွင်း ခေါင်းခါ၍ ဖခင်ဖြစ်သူ
အား ပြန်ပြောစဥ် ဦးတမာန်
ဇနီးဖြစ်သူအား ပြန်ကြည့်၍
နှစ်ဦးသား သက်ပြင်းချကာ
မနေ့ကရောက်လာသည့် ဆေး
အကြောင်း သိချင်နေကြတာ
ထိန်းမရ။
ခွင်း မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူအား
ငဲ့ကြည့်၍...
"ဘာဖြစ်နေကြတာလည်း ဖေဖေနဲ့မေမေ.."
"ဆေးလေ..."
"ဟို သားရယ် ဘာမှ မဟုတ်ဘူး
သားဖေဖေ ဆေးဝယ်ဖို့ပြောနေတာ.."
ဒေါ်သက်ထား ခင်ပွန်းဖြစ်သူအား
အမြန်ထား၍ စကားဖြတ်ပြော
လိုက်တော့သည်။
"ဘာဆေးလည်း...မေမေ..."
"အားဆေးပါ..."
ထိုအခါ ခွင်း ခေါင်းငြိမ့်၍ ဘေးတွင်
တိတ်ဆိတ်စွာ ငုံ့စားနေသော သူမ ပန်ကန်
ထဲ အရှေ့က ဝက်သားဟင်းအချိုချက်
အား ခပ်ထည့်ပေး၍...
"များများစား..."
သူ့စကားကြောင့် ချည် ခေါင်းလေး
မှာပို၍ ငုံ့ကျသွားပြီး ထမင်းသာ
အမြန်စားနေလိုက်သည်။
ထိုအရာကို ဦးတမာန်နှင့် ဒေါ်သက်ထား
ကြည့်၍ ပြုံးသွားကြမိတော့သည်။
အားလုံး စားသောက်ပြီးချိန် ချည်
ဝိုင်းသိမ်းပေးပြီး အပေါ်ထပ်သို့ တက်
လာပြီး အခန်းထဲ ဝင်လာချိန် ဆေးလိပ်
သောက်နေသော သူ့အားကြည့်၍
ချည် နှာခေါင်းလေးရှုံ့လိုက်ကာ
စာကြည့်စာပွဲတွင် ဝင်ထိုင်ကာ
စာအုပ်ယူ၍ သာကြည့်နေလိုက်သည်။
ခွင်း ဝင်လာထည်းက စာကြည့်နေသော
သူမ ကျောပြင်လေးအား ကြည့်၍
လက်ထဲက ဆေးလိပ်အား ကုန်အောင်
သောက်နေလိုက်ပြီး အတိုအပိုင်းအစလေး
အား ခွက်ထဲ ထည့်လိုက်ကာ အံဆွဲထဲက
သူပြန်လာချိန် အလုပ်သမား ကောင်မလေး
လာပေးထါးသော ဘူးအားယူ၍
သူမအနား လျှောက်သွားကာ..
"ရော...."
ချည် သူမအရှေ့ချပေးလါသော
စက္ကူဘူးအား ကြည့်၍ သူ့အား
ပြန်ကြည့်ကာ..
"ဘာတွေလည်း...''
"ကြည့်ကြည့်ပါလား ..''
ချည် သူမအား ခပ်တည်တည်ပြော
လာသော သူ့အား တစ်ချက်ကြည့်၍
ထိုဘူးလေးအား ဖွင့်ကြည့်ချိန်...
မြင်လ်ိုက်ရသော ကိုယ်ဝန်ဆောင်
အားဆေးများကြောင့် သူ့အား အလန့်တကြား
မော့ကြည့်၍...
"ခွင်း...ရှင်...ရှင်...ဘာလုပ်တာလည်း..."
"မင်း သောက်ဖို့လေ..."
"အို ကျွန်မက ကိုယ်ဝန်မှ မရှိတာ
ဘာလို့ သောက်ရမှာလည်း..."
"အခုမရှိလည်း နောက်သောက်ရတော့
မှာ...သိမ်းထားလ်ိုက်ပေါ့.. "
ပြောပြီး ရေချိုးခန်းဘက်ဝင်သွားသော
သူ့အား ချည် မကျေမနပ်ကြည့်ကာ..
ချည် မျက်နှာလေးမှာလည်း ရဲတက်လာ၍..
"အရှက်မရှိတဲ့ လူယုတ်မာ ရှင်ပဲသောက်..."
ဆက်ရန်....
စာရေးသူ - လွမ်းခြင်း