book

Index 21

အပိုင်း(21)

  • Author : Lwanchin
  • Genres : Romance, Drama

"သမီး သက်တို့ကိုရော

သေချာပြောခဲ့ရဲ့လား...."


ချည် မိခင်ဖြစ်သူ ခြေထောက်လေး

အား နှိပ်ပေးနေရင်း မေမေ မေးလာသော

ကြောင့် ခေါင်းလေးငြိမ့်ပြကာ..


"ဟုတ်ကဲ့ ပြောလာပါတယ် မေမေ.."


"အင်း ဒါပင်မဲပသမီးရယ် ညမအိပ်

ပါနဲ့ ပြန်ပါ အခုအချိန်မှာက သမီးက

အိမ်ထောင်သည် ဖြစ်နေပြီလေကွယ်

ပြီးတော့ မင်္ဂလာပွဲကလည်း ရက်ပိုင်း

ပဲလိုတော့တာ.... "


"မေမေကလည်း တစ်ညထည်းပါ

နောက်ဆို ချည်က မေမေတို့ဆီ

ပြန်လာဖို့က ကြာအုံးမှာလေ..မေမေတို့က

မင်္ဂလာပွဲ ပြီးတာနဲ့ ပြန်ကြမှာ ချည် ဒါ့ကြောင့်

မေမေနဲ့ ဒီည အိပ်မယ်နော်..."


ထုအခါ ဒေါ်မြဖူးငုံ ပြုံးလိုက်ကာ...


"ဟုတ်ပါပြီ မေမေနဲ့ အိပ်လို့ရပါတယ်

ကွယ် ဒါနဲ့ သားခွင်းကိုရော ပြောလာလား. '"


ထိုအခါ ချည် ခေါင်းလေးငုံ့သွားလျှက်...


"ချည် သူ့ကို မပြောလာဘူး မေမေ..."


ဒေါ်မြဖူး သမီးဖြစ်သူအား ကြည့်၍

သက်ပြင်းချကာ...


"သမီး သမီးနဲ့သားနဲ့က နှစ်ဦးနှစ်ဖက်

ချစ်လို့ လက်ထပ်ထားကြတာနော်...

မေမေတို့ အတင်းပေးစါးလို့ ယူထားတဲ့

သူတွေမဟုတ်ဘူး ပြီးတော့ အခုအချိန်မှာ

သားခွင်းက သမီးရဲ့ ခင်ပွန်း ဒါ့ကြောင့်

ခင်ပွန်းသည်ကို ရိုသေရမယ် သမီး

မေမေတို့ မျိုးရိုးက တစ်လက်တစ်မယား

စနစ်ကို ကျင့်သုံးကြတာ ဒါ့ကြောင့်

သမီးလည်း လင်ယောကျာ်းအပေါ်

နားလည်ပေးပြီး အိမ်ထောင်ကို တည်မြဲအောင် သမီးလည်းကြိုးစားရမယ် အရာရာ

ကို ခင်ပွန်းကြီးပဲ ကြိုးစားလို့မရဘူးကွဲ့

ဇနီးသည်ကလည်း နိုင်တဲ့ဝန်ကို ထမ်းရမှာပဲ...."


"ဟုတ်ကဲ့ပါ မေမေ ချည်မှတ်ထားပါ့မယ်

ပြီးတော့ မေမေတို့ကို စိတ်မပျက်စေရပါ

ဘူး....''


"ဟုတ်ပါပြီကွယ်..  ဒါနဲ့သမီးကျောင်း

စာတွေရော လိုက်နိုင်ရဲ့လားကွယ်..."


"ဟုတ် ချည် ကျောင်းတက်ရက်နောက်

ကျပင်မဲ့ ကျောင်းအုပ်ကြီးက သင်ရိုး

တန်းတွေကို ရိုက်ကူးပြီး ပြန်ပြတဲ့အတွက်

အခက်အခဲတော့ မရှိတော့ပါဘူး.. "


"အဟွန်း...ဟုတ်ပါပြီ မေမေသမီးလေးက

တော်တာကို..."


"ချည် စာလိုက်နိုင်တာ မေမေတို့

ကြောင့်ပါ ချည်ကို ငယ်စဥ်ကထည်းက

အင်္ဂဘာသာကို ကျွမ်းကျင်အောင်သင်ပေးပြီး

စာကြိုးစားချင်အောင် အသိပညာတွေပေး

လို့ ချည်လိုက်နိုင်တာပါ..."


"အဟွန်း ဒါ မေမေတ်ို့ကြီးပဲ ကောင်းတာ

မဟုတ်ဘူးလေ သမီးလေးကလည်း လိမ္မာပြီး

ကြိုးစားလို့ပေါ့ကွယ်...ဘာလိုလိုနဲ့ နှစ်တွေက

လည်း ကုန်တာမြန်လိုက်တာ...မေမေသမီး

လေးတောင် အိမ်ထောင်ရှင်မကြီးဖြစ်ပြီး

လူကြီးလေး ဖြစ်လာပြီပဲ..."


ချည် မေမေအား ကြည့်၍ ပြုံးပြလိုက်စဥ်. . 


ဒေါက်...ဒေါက်....


"သမီးနဲ့ ဖူးရေ အပြင်မှာ သားခွင်း

ရောက်နေတယ်.. ထွက်လာကြအုံး.. "


"ဟင်..."


ချည် အပြင်က ဖေဖေစကားကြောင့်

အံသြသွားသလို မေမေကတော့ ပြုံးကာ...


"အဟွန်း မိန်းမကို မခွဲနိုင်ရှာဘူး ထင်တယ်

လာသမီး မေမေတို့ ဧည့်ခန်းကို သွားကြရ

အောင်.."


"ဟုတ်ကဲ့ မေမေ...''


ချည်ပြောပြီး မေမေအနောက်ကနေ

မျက်နှာလေး ပျက်စွာလိုက်ပါလာတော့

သည်။


----------------===============^^^


"ခဏနေ ဆင်းလာလိမ့်မယ်သား..."


"ဟုတ် အဖေရပါတယ်ဗျ..."


"ဒါနဲ့ သားခွင်း မင်းအဖေနောက်ကွယ်က

စီးကနေ စီးပွားရေးလုပ်နေတယ်ဆို..."


"အဟဲ..ဟို နည်းနည်းပါအဖေ အရမ်းတော့

မအောင်မြင်သေးပါဘူး... "


"ဘာပဲ ဖြစ်ဖြစ်ကွာ အခုလို ကြိုးစား

လိုစိတ်ရှိတာတော့ အဖေသဘောကျ

တယ်...''


"ဟုတ်ကဲ့ အဖေ..."


ထိုအချိန် အပေါ်ထပ်က ဆင်းလာသော

သူမရဲ့ မိခင် သူမမိခင်အနောက်ကနေ

လိုက်လာသော ချည်....


"သား သမီးလေးအနောက်လိုက်လာတာ

လား...''


ယောက္ခမ ဖြစ်သူအမေးကြောင့်

ခွင်း ခေါင်းကုတ်လိုက်ကာ...

ပြုံးပြ၍...


"ဟုတ်ကဲ့ အမေ ကျွန်တော်မသိလိုက်တော့

စိုးရိမ်ပြီး လိုက်လာတာပါ..."


ထိုအခါ ချည်မျက်နှာလေးမှာ

ပျက်သွား၍ ဖခင်ဖြစ်သူအား

လှမ်းကြည့်ချိန် ဖခင်ဖြစ်သူ

သူမအား အပစ်တင်စွာကြည့်နေသော

ကြောင့် ချည်ခေါင်းလေးငုံ့ချလိုက်မိသည်။


ဦးစက်ရောင် သမီးဖြစ်သူအားကြည့်ကာ...


"သမီး ဒါ ဘယ်လို လုပ်လိုက်တာလည်း

ဒီကို လာတာ သားခွင်း ကိုမပြောခဲ့ဘူးပေါ့...

သမီးက အိမ်ထောင်သည်ဖြစ်နေပြီ အရင်

လိုကိုယ့်သဘောအတိုင်း ဘာမှ လုပ်ပိုင်

ခွင့်မရှိဘူး သမီး ဘာပဲလုပ်လုပ် ဘယ်ပဲ

သွားသွား ခင်ပွန်း ဖြစ်သူကိုတိုင်ပင်ပြီး

ခွင့်ပြုမှ သမီးမှာ သွားပိုင်ခွင့်ရှိမယ်..."


ခွင်းမျက်နှာမှာ ပြုံးစေ့စေ့ဖြစ်နေသလောက်

ဖခင်ဖြစ်သူ အဆူခံရသော ချည်မျက်နှာ

လေးမှာ သေးငယ်နေ၍ သူ့အား မကျေမနပ်

ဖြစ်နေတော့သည်။


"ဟုတ်ကဲ့ပါ ဖေဖေ နောက်ဆို ချည်

သူ့ကို ပြောပါ့မယ်.."


"အင်း..သမီးမှာ အသိပညာတွေ

အများကြီးရှိပါတယ် ဖေဖေနောက်တစ်ခါ

မပြောချင်ဘူး အခုလည်း ညနေစောင်းရင်

သားနဲ့ပြန်လိုက်သွားလိုက်..."


ထိုအခါ ငြိမ်နေသောခွင်း လှုပ်လှုပ်ရွရွ

ဖြစ်သွား၍...


"အဖေ ချည်က သူ့မိဘတွေနဲ့နောက်ဆို

ခွဲရတော့မှာဆိုတော့ ဒီနေ့တစ်ရက်တော့

သူနေပါစေ...ကျွန်တော်ခွင့်ပြု ပါတယ်...''


"ဟင် ဒါဆ်ို သားကပြန်မှာပေါ့..."


"မဟုတ်ဘူး အဖေ ကျွန်တော်လည်း

ဒီမှာ ဒီည အိပ်ပါမယ်...."


ထိုအခါ ချည် သူ့မျက်နှာအား ကြည့်၍

နှုတ်ခမ်းလေးအား ဖိကိုက်ထားမိပြီး

မျက်စောင်းတွေ ထိုးနေမိတာ အကြိမ်ကြိမ်။


"ဟုတ်ပါပြီ ကွယ်...သမီးလေးအပေါ်

နားလည်ပေးလို့ အဖေကပဲ ကျေးဇူး

တင်ပါတယ်..သမီးလေးအတွက် ခင်ပွန်း

ကောင်းဖြစ်မယ်ဆိုတာလည်း အဖေ

ယုံကြည်ပါတယ် အဖေသမီးလေးကို

သားကို စိတချလက်ချ အပ်ပါတယ်ကွယ်...''


ထိုအခါ ချည်မျက်နှာလေးမှာမဲ့လိုက်မိသည်။


"စိတ်ချပါ အဖေ ကျွန်တော် ချည်ကို

တသ်သက်လုံး ခင်ပွန်းဝတ္တယားကျေပွန်

အောင် ဆောင့်ရှောက်သွားမှာပါ..."


ထိုအခါ အားလုံးပြုံးသွားသလောက်

ချည် နှုတ်ခမ်းလေးအားခပ်မဲ့မဲ့လေး

ဖြစ်နေတော့သည်။


ဖေဖေတို့အရှေ့မှာ သူတော်ကောင်းယောင်

ဆောင်သော သူ့အား ချည် ပါးချချင်တာ

လက်ဝါးတွေပင်းယားလာမိတော့သည်။


"ကဲ ဒါဆို ကျွန်မတို့ မိသားစု 

စုံစုံလင်လင် ညနေစာ စားကြတာပေါ့

သမီးက မေမေနဲ့ ဝိုင်ကူ သားကတော့

သားဖေဖေနဲ့ စကားပြောကြအုံး..."


"ဟုတ်ကဲ့အမေ...."


ဒေါ်ဖုံးငုံ သမက်ဖြစ်သူ လာသော

ကြောင့် ပျော်ရွှင်နေကာ ဖွယ်ဖွယ်ရာရာ

ချက်ကျွေးရန် မီးဖိုထဲ ဝင်လာခဲ့တော့သည်။


ချည် ပြုံးစေ့စေ့ဖြစ်နေသော မျက်နှာ

အားတစ်ချက်ကြည့်၍ မျက်စောင်းထိုးကာ

မိခင်ဖြစ်သူအနောက်ကို လိုက်လာခဲ့လိုက်သည်။


"သမီး...မေမေတို့ အမဲသားနှပ်ရယ်

ဝက်သားခြောက်ကြော်ရယ် ကင်ပွန်း

ရွက်ဟင်းချိုရယ် ပုစွန်ဆီပြန်လေး

ရယ် ချက်ကြမယ်....သမီးက မေမေ

ကို ရေခဲသေတ္တာ ထဲက ထုတ်ပေး..."


"ဟုတ်ကဲ့ပါ မေမေ..."


ချည် မိခင်ဖြစ်သူပြောသမျှ အား

ရေခဲသေတ္တာထဲက ထုတ်ပေးပြီး

ဆေးကြောကာ ဝိုင်းကူချက်နေရင်း

သူ့အား ဒေါသဖြစ်နေတာ့သည်။


တော်တော် ရူပ်တဲ့လူ....


-----=====================^^^^^🍓🍓🍓🍓🍓🍓🍓


"သက်..သမီးတို့ရော..."


"ချည်လေးက သူ့မိဘအိမ် သွားလည်

တယ် မောင် ရဲ့....''


"ဒါဆို မင်းသားကရော...."


ဒေါ်သက်ထား ပြုံးလိုက်ကာ...


"သမီးချည်လေးအနောက်ကို

လိုက်သွားတယ်လေ..."


"အင်း....မောင် ဖိတ်စာတွေ လိုက်

ဖိတ်ခိုင်းပြီးပြီ.. ဆွမ်းကျွေးအတွက်

ဘုန်းကြီးကိူလည်း လျှောက်လာပြီး

ပြီနော်...ပြီးတော့ မင်္ဂလာပွဲကိုလည်း

မောင်တို့ hotelခန်းမကြီးကို သဘက်ခါ

စပြီး အခန်းအနားပြင်ဆင် ခိုင်းပြီးပြီ..''


"ဟုတ်ကဲ့ မောင် သမီးလေးကို

ဝတ်စုံတွေ ပြီးတာကို မနက်ဖြန်

စမ်းဝတ်ခိုင်းကြည့်ထားတယ်...

မတော်ရင် ပြင်ရအောင်လို့..နောက်တော့

လက်ဝတ်ရတနာတွေနဲ့ မင်္ဂလာလက်စွပ်

မနက်ဖြန် ရောက်မှာမောင် အားလုံးတော့

Readyဖြစ်နေပါပြီ..."


ဇနီးမောင်နှံနှစ်ဦးပြောပြီး ထမင်းစား

သောက်နေလိုက်သည်။


"ဒေါ်ဒေါ်...ဒီမှာ အကိုလေး

နာမည်နဲ့ ပစ္စည်းလာပါတယ်..."


အလုပ်သမားမိန်းကလေး

အသံကြောင့် သူမတို့ ခေါင်း

ငြိမ့်လိုက်ကာ...


"အင်း ယူလာခဲ့လေ ဒီမှာပဲ တင်ထား

လိုက် "


"ဟုတ်ကဲ့ ဒေါ်ဒေါ်..."


ထိုကောင်မလေး ပြန်ထွက်သွားမှ

ဇနီးမောင်နှံ နှစ်ယောက် တစ်​ယောက်

ကိုတစ်ယောက်ကြည့်၍ ထိုဘူးလေးအား

ကြည့်ချင်စိတ်တွေ ဖြစ်ပေါ်လာကာ..


"မောင် သက်တို့ ဖွင့်ကြည့်ကြမလား.."


"ကောင်းသားပဲ မင်းသား မဟုတ်တာ

တွေ ဘာတွေ လုပ်ထားပြန်ပြီ

လည်း မသိဘူး....."


ပြောပြီး လင်မယားနှစ်ယောက် 

ထမင်းစားချင်ကို အမြန်လက်စ

သက်၍ ထိုဘူးလေးအား 

သိချင်စိတ်ပြင်းစွာ ဖောက်လိုက်ချိန်

ထွက်လာသော ဆေးဘူးများကြောင့်

နှစ်ယောက်သား တအံ့တသြ ဖြစ်လျှက်...


"သက် မင်းသား ကိုယ်ဝန်ဆောင်တွေသောက်

တဲ့ဆေး ဘာလုပ်ဖို့လည်း..."


"သက်လည်း ဘယ်သိမလည်း သမီးချည်

လေး အတွက်များလား..."


လင်မယား နှစ်ယောက် တစ်ယောက်ကို

တစ်​ယောက်ကြည့်ကာ အံသြနေတာ

စကားပင် မပြောနိုင်တော့....


ယူထားတာ ဘယ်လောက်ရှိသေးလို့

ကိုယ်ဝန်အားတိုးဆေး မှာထားရတာလည်း...


---==============----=========^^^^^^^^^^^


"သားနဲ့ ကိုရေ ထမင်းစားကြမယ်..."


ချည် မိခင်းဖြစ်သူထမင်းစား

လာခေါ်သောကြောင့် ဦးစက်ရောက်နှင့် ခွင်း

 စကားကောင်းနေတာအား ဖြတ်၍...


"သားရေ လာ မင်းအမေ လက်စွမ်းပြ

ထားတာ တစ်ခါလောက် စားကြည့်ကြတာ

ပေါ့...ဟား..."


"ဟုတ်ကဲ့အဖေ..."


ပြောပြီး နှစ်ယောက်သား ထမင်း

စားခန်းထဲ ဝင်သွားချိန် စားပွဲထိပ်တွင်

ဦးစက်ရောင်ဝင်ထိုင်ကာ ခွင်းနှင့် ချည်က

တစ်ဖက်မှာ ဝင်ထိုင်ပြီး ဒေါ်မြဖူငုံကတော့

အခြားတစ်ဖက်တွင် ဝင်ထိုင်ကာ...


"သား ဘာမှ အားမနာနဲ့ များများထည့်

စားနော် အမဲသားက သမီးလေး လက်ယာ

ဒါတွေကတော့ မေမေ ချက်ထားတာ...."


"ဟုတ်ကဲ့ မေမေ..."


ချည် ဖခင်ဖြစ်သူအား ဟင်းဦးချပြီး

မိခင်ဖြစ်သူကိုပါ ထည့်ပေးကါ သူမ

ပန်ကန်ထဲ ခပ်ထည့်မည် အလုပ် 

ဖခင်ဖြစ်သူကြည့်နေသောကြောင့်

ဘေးက သူ့ပန်ကန်ထဲ လက်တို့က

အော်တို ရောက်သွားကာ...ဟင်း

များထည့်ပေးနေလိုက်သည်။


"အဟမ်း.....သားစားနော် ဘာမှ

အားမနာနဲ့.. "


"ဟုတ်ကဲ့ပါ..အဖေ..."


ခွင်း ယောက္ခမ ဖြစ်သူတွေအားပြုံးပြ၍

ဘေးက စူပုတ်ပုတ်ဖြစ်နေသော သူမအား

ကြည့်၍ ပြုံးလိုက်ကာ ထမင်းစ စားလိုက်

တော့သည်။


သူမ ဟင်းချက်လက်ယာက အရသာ

ရှိသောကြောင့် ခွင်း ထမင်း ခပ်များများ

စားမိမှာတော့ အမှန်ပင်။


"သမီး... သားကို အပေါ်ထပ်က

အခန်းတစ်ခုထဲ လ်ိုက်ပို့လိုက်

သား လည်း နားချင်မှာပေါ့..."


ချည်စားသောက်ပြီးလို့ ပန်ကန်တွေ

သိမ်းနေချိန် ထိုင်ခုံပါ်တွင် ထိုင်နေဆဲ

သူ့အားလှည့်ကြည့်ကာ. 


"ဟုတ်ကဲ့ မေမေ..."


ချည်ပြောပြီး လက်ဆေးကာ..


"ကျွန်မနောက်ကလိုက်ခဲ့.. ''


ပြောပြီး အရှေ့က ဦးဆောင်၍ ခေါ်လာ

လာတော့သည်။


 ခွင်း သူမအနောက်က လိုက်လာ၍

မျက်နှာပေါ်တွင် အပြုံးတို့က

ဖြစ်ထွန်းနေတော့သည်။


ချည် မျက်နှာလေးမှာ တင်းမာနေ၍

အခန်းတစ်ခုအရှေ့အရောက်

ရပ်လ်ိုက်ကာ...အခန်းတံခါးအား

ဖွင့်၍...


"ဒါ ရှင်နေရမဲ့အခန်း...."


ချည်ပြောပြီး ပြန်လှည့်ဖို့အပြင်

လက်အားဖမ်းဆွဲကာ အခန်းထဲ

ဝင်လိုက်သော သူ့ကြောင့် ချည်

မျက်ဝန်းများပြူးသွား၍ အထိန့်တလန့်

လေး ဖြစ်သွားကာ...


"အို..ခွင်း...ရှင် ဘာလုပ်တာလည်း..."


"အနားယူကြမယ်လေ..."


"မရဘူး ဖယ်လွတ် အောက်မှာ မေမေက်ို

ကူရအုံးမယ်..."


"ဒါပင်မဲ့ တစ်နေ့ကုန် ဘာမှ မဘာရသေး

ဘူးလေ..."


ချည် သူ့အပြောကြောင့် မျက်နှာလေး

ရဲသွား၍....


"သေလိုက်လေ..နှာဘူးရဲ့..."


ပြောပြီး ပြေးထွက်သွားသောသူမအား

ခွင်း ကြည့်၍ ပြုံးမိလိုက်ကာ..


"မင်း ညကြမှ တွေ့မယ်ချည်..."


ချည် အောက်ထပ်အရောက် အပေါ်

ထပ်သို့ကြည့်၍ မဲ့လ်ိုက်ကာ...


"နှာဘူး....စောင့်နေလိုက်.."


ချည်ပြောပြီး မိခင်ဖြစ်သူအား

ဝိုင်းသိမ်းပေးရန် မီးဖိုထဲ ပြန်ဝင်

လာတော့သည်။


ချပ်...ချပ်....ချပ်....


ခွင်းနာရီအား တစ်ချက်ကြည့်၍

သူ မျက်နှာကြီးမှာ မှုံကုတ်ကာ

နေတော့သည်။


သူ့မ မိခင်အား ကူမည်ဆိုပြီး

သွားတာ အခုည၉နာရီထိုးတော့

မည် သူမအရိပ်အယောက်တောင်

ပေါ်မလာပေ။


သူလိုက်သွားရင်လည်း ယောက္ခမတွေ့အား

အားနာသောကြောင့် အခန်းထဲတွင်သာ

တစ်​ယောက်ထည်း ခေါက်တုန့်ခေါက်ပြန်

လျှောက်၍ သူမအသံအား နားစွင့်ကာ

နေပြီး သူဒီညတော့ သူမပြန်မလာမချင်း

အိပ်ပျော်တော့မှာမဟုတ်။


ခွင်းဘောင်းဘီအိတ်ကပ်ထဲမှာ

ထည့်ထားသော ဆေးလိပ်နှင့်

မီးခြစ်အား ထုတ်၍ မီးညှိ့ကာ

ပိရိသေသပ်သော နှုတ်ခမ်းတို့ဖြင့်

ဖွားကာ အငွေ့တွေအားမှုတ်ထုတ်ပြီး

မျက်နှာပေါ်တွင်တော့ အလိုမကျမှုတွေက

အစားထိုးကာ နေရာယူထားတော့သည်။


မိခင်ဖြစ်သူဘေး မျက်ဝန်းများမှိတ်ထား

သောချည် နှုတ်ခမ်းတို့မှာ အောင်နိုင်စွာ

ပြုံးနေ၍...


ဆက်စောင့်နေလိုက်...နှာဘူး...


-----=====================^^^^🍓🍓🍓🍓🍓🍓🍓


နောက်တစ်နေ့မနက် မိဘဖြစ်သူတွေအား

နှစ်ယောက်လုံးနှုတ်ဆက်ကာ 

အိမ်ပြန်ဖို့ ကားပေါ်တက်လိုက်ကြသည်။


ချည် ဖခင်နှင့် မိခင်အား လက်ကလေး

ပြ၍....


"ဖေဖေနဲ့မေမေ ချည်သွားတော့မယ်

နော် မနက်လာခဲ့နော်.. "


"ဟုတ်ပါပြီကွယ်....ကားကို

ဂရုစိုက်မောင်းကြ..."


"ဟုတ်ကဲ့မေမေ.. "


ထိုအချိန် ကားလေးမှာ ခြံကြီးထဲက

မောင်းထွက်လာခဲ့သည်။


ချည် မနက်ထည်းက တည်တင်းနေသော

သူ့အား မသိချင်ယောင်ဆောင်၍

အပြင်ဘက်သို့ ငေးကြည့်ကာ လိုက်ပါ

လာခဲ့လိုက်သည်။


ဝေါ....ကျီ...


"အမေ့..."


ရုတ်တရပ် လမ်းမဘေး ရပ်သွားသော

ကားကြောင့် ချည် သူ့အား ကြည့်ကာ..


"ကား ဘာဖြစ်လို့လည်း.. "


"ဘာမှ မဖြစ်ဘူး.. ''


သူဆီက အေးစက်စက် စကား

သံနှင့်အတူ သူ့အင်္ကျီကြယ်သီးအား

လက်တစ်ဖက်က ဖြုတ်နေသောကြောင့်

ချည် သတွေးလေးမျိုချ၍...


"ခွင်း...ရှင်..ရှင်..ဘာလုပ်မလို့လည်း..."


"လာ...ပြမယ်..."


"ဟင့်အင်း အမေ့..အို..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: