book

Index 20

အပိုင်း(20)

  • Author : Lwanchin
  • Genres : Romance, Drama


နောက်တစ်နေ့မနက် ချည်ရေချိုးအဝတ်အစားလဲကာ ကျောင်းသွားရန်

ပြင်စဥ်နေချ်ိန်...


"ဒါ ဘယ်လည်း ချည်.."


မျက်နှာတွင် အလိုမကျမှုများ အထင်းသား

ပေါ်နေသည့်အပြင် အသံကပါ သိသာစေကာ

ချည် ခေါင်းဘီးနေသော နားသို့ရောက်လာ၍

မေးသော သူ့ကြောင့် ချည် တစ်ချက်သာ သူ့အားမော့ကြည့်၍...


"ကျောင်းသွားမလို့..."


"ဘာ...မင်္ဂလာပွဲပြီးမှ တက်လို့မရဘူးလား..."


"မရဘူး စာတွေအရမ်း နောက်ကျနေပြီ.."


"ဒါဆို လိုက်ပို့မယ်..."


"ရတယ် မေမေဒါရိုက်ဘာဦးလေး

ကြီးကို လိုက်ပို့ခိုင်းထားတယ်..."


ထိုအခါ ခွင်းမျက်နှာမှာ မှုံကုတ်နေ၍

မြန်မာဝတ်စုံလေးဖြင့် လှပနေသော

ဇနီးဖြစ်သူအား ကြည့်၍ မျက်နှာပေါ်

တွင် ပို၍ အလိုမကျလာတော့စွာ...


"ခါးက ဘာလို အဲလောက်အထိ

တိုနေရတာလည်း..."


"ဟင်..ဘယ်မှာလည်း... ဒါ ကျွန်မ

ဝတ်နေကျ အတိုင်းပါပဲ..."


ချည်သူ့အား မျက်စောင်းလေးထိုးကာ

ပြောစဥ် ခွင်း ဘေးက ဗီဒိုကြီးအားမှီ၍

လက််ပိုက်ကာ သူမအား စူးစိုက်ကြည့်လိုက်သည်။


"ဘယ်မှ မတိုရမှာလည်း ကြည့်ကြည့်ပါလား

ခါးကတိုပြီး ရင်ဘတ်က မို့မောက်နေတာ

ပဲ...ဒီအတိုင်း ပြနေသလိုပဲ.. "


"ရှင်..."


ချည် သူ့အ​ပြောကြောင့် ဒေါသလေး

ထွက်သွားကာ နှုတ်ခမ်းလေးအား

ဖိကိုက်ပစ်၍...


"အို ရှင့်လို နှာဘူး အတွေးနဲ့ ဘယ်သူ

မှမကြည့်ဘဲ ရှင်ဘဲကြည့်နေတာ.."


"ဟ ငါ့မိန်းမငါ့ကြည့်တာလေ သူများတွေ

အကြည့်မခံနိုင်လို့ပြောနေတာ...အဲဒီအဝတ်အစား မလဲရင် မသွားရဘူး..."


ချည် ဝတ်ထားတာ မြန်မာဝတ်စုံ

ကာကီရောင်လေးကို ခါးတိုလေး

ချပ်ကပ်နေအောင်ဝတ်ဆင်ထားတာ

ဖြစ်ပြီး သူ​ပြောသလိုလည်း တစ်ခုမှ

မရိုင်းပေ။


သက်သက် လူလည်ကျပြောနေသော

သူ့အား တု၍မပြောချင်သောကြောင့်

ချည် ထရပ်လိုက်ကာ သူရပ်နေသော

ဗီဒိုနာသွား၍ ခါးရှည်မည် အဝတ်အား

ရွေးနေလိုက်သည်။


ခွင်းလက်ပိုက်မပျက် သူမအား

ကြည့်နေကာ အဝတ်အစား

ရွေးနေရင်း လက်ကလေး

မြှောက်လိုက်ချ်ိန် ပေါ်လာသော

ခါးဖွေးဖွေးလေးအပြင် မျက်နှာပေါ်တွင် လိမ်းခြယ်ထားသော သနပ်ခါးတို့ဖြင့် ပို၍လှပနေသောကြောင့်  စိတ်တို့က

အလိုမကျစွာ မျက်နှာကြီးမှာ ပျက်နေ

တော့သည်။


ချည်ရှာနေရင်း အပေါ်ထပ် အနွေးထည်းဇာ

အပါးလေးအား တွေ့သောကြောင့် ယူ၍

ဝတ်ကာ..


"ရပြီလား..."


"မရသေးဘူး....လာခဲ့...."


"အို ဘာလုပ်တာလည်း..."


ချည်လက်ကလေးအား ဆွဲခေါ်၍

သူ့အဝတ် ဗီဒိုဆီခေါ်သွားသော

ကြောင့် ချည် ယပ်ကန်ယပ်ကန်

ပါသွားတော့သည်။


ခွင်း သူ့ဗီဒိုအားဖွင့်၍ သူမတော်

တော့သော အဖြူရောင် တီရှပ်တစ်ထည်

အား ယူကာ...


"ရော့ ဒါသွားလဲ..."


ချည် သူ့လက်ထဲက သူ့အင်္ကျီအား

ကြည့်၍...


"အို မဝတ်ပါဘူး..."


"ဒါဆို ကျောင်းမသွားနဲ့..."


ထိုစကားကြောင့် ချည်နှုတ်ခမ်းလေး

အား ဖိကိုက်ပစ်ကာ ရိုးရိုးလေးသာ

စည်းနှောင်ထားသော ဆံနွယ်များ

ဝေ့ခါ သွားသည့်အထိ လှည့်၍ အဝတ်လဲ

ခန်းထဲ မကျေမနပ်ဝင်သွားပုံက ကလေးဆန်လှသည်။


သူမအပြုအမူလေးအား ခွင်းကြည့်၍

နှုတ်ခမ်းတွင် အပြုံးတို့ ဖြစ်ထွန်းနေ

တော့သည်။


ခဏအကြာ တီရှပ်ပွပွကြီးအား ဝတ်၍

ထွက်လာသော သူမကြောင့် ခွင်း

ကြည့်ကာ မျက်နှာမှာ ပို၍ မှုံကုတ်သွား

တော့သည်။


တီရုပ်က သူမနှင့် ပွယောင်ယောင်

ဖြစ်နေသော်လည်း ပို၍ မဆ်ိုး

သွားဘဲ လိုက်ဖက်နေသောကြောင့်

ခွင် အံတကြိတ်ကြိတ်ဖြစ်နေတော့သည်။


အပွဝတ်ထားသော်လည်း ခန္ဓာကိုယ်

ကောက်ကြောင်းတို့က သေချာ

ကြည့်ရင် သိသာစေပြီး လှပနေလေသည်။


ချည်တစ်​ယောက် အောက်ကထမိန်နှင့်

သူ့တီရှပ်အပွကြီဖြင့် မလိုက်ဖက်စွာ

ဝတ်ဆင်ထားရမှုကြောင့် မျက်နှာမှာ

ပျက်နေစွာ သူ့ကိုလည်း မကျေနပ်တော့။


စာတွေအရမ်းနောက်ကျလွန်းလို့သာ

သွားရမှာ မဟုတ်ရင်း သွားမှာမဟုတ်တော့။


"ရပြီမဟုတ်လား.. ဖယ်တော့.. "


သူ့အား တိုက်၍ စိတ်ဆိုးမာန်ဆိုးထွက်သွား

သော သူမအား ခွင်းကြည့်၍..


"ကျစ်...ဒီမိန်းမကို ဘယ်လို ရုပ်ဆ်ိုးအောင်

ဆင်ရမလည်း..."


-----------====================^^^^^🍓🍓🍓🍓🍓🍓🍓


"ဟယ်...သမီး ကျောင်းသွားတော့

မလို့လား..."


"ဟုတ်ကဲ့မေမေ..."


"ဒါနဲ့ သမီးလေး ဒီလို ဝတ်တာ မမြင်ဖူး

တော့ တစ်မျိုးလေးပဲ...ငါ့သမီးက

ဘာပဲဝတ်ဝတ်လှပနေတာပဲ..."


ချည် မျက်နှာလေးမှာပျက်နေ၍..


"ချည် အရမ်းကြည့်ရဆိုးနေလား

မေမေ...''


"မဆိပါဘူး သမီးရဲ့ တီရှပ်က

ပွပင်မဲ့ သမီးလေးဝတ်တော့

ရုပ်မဆ်ိုးပဲ ပိုတောင်လှနေတယ်...

ဒီအင်္ကျီ မေမေ တွေ့ဖူးသလိုပဲ ..."


မေမေ စဥ်းစားသလိုလေးပြောလာသော

ကြောင့် ချည် မျက်နှာလေး ရဲသွားကာ..


"ဟို ချည်...ချည် သူ့အင်္ကျီကို

သူ့ဝတ်ခိုင်းလို့ ဝတ်တာပါ.. "


ခေါင်းလေးငုံ့ကာ ပြောနေသော

ချွေးမဖြစ်သူအား တအံ့တသြကြည့်၍...


"ဟုတ်သား ဒါ သားအရင်က

ဝတ်ခဲ့တဲ့ အင်္ကျီပဲ...ချည်လေး

နဲ့လိုက်သားပဲ...သားက သူ့အင်္ကျီ

တွေကို အရမ်းရိုသေတာကွဲ့...လာသမီး.မနက်စာစားပြီးမှ သွား မေမေထမင်းချိုင့်လည်း

ထည့်ပေးထါးတယ်..."


"ဟုတ်ကဲ့ မေမေ..."


ချည် ယောက္ခမဖြစ်သူနှင့်အတူဝင်ထိုင်၍...


"ဖေဖေရော မေမေ..''


"သမီး ဖေဖေက ဒီနေ့ သူ့မိတ်ဆွေ

ဆွမ်းကျွေးရှိလို့ အစောကြီးသွားတယ်

မေမေက ခေါင်းနည်းနည်း နောက်

နေလို့မသွားတာ..."


"ဟင် အခုရော ဘယ်လိုနေသေး

လည်း မေမေ ချည် ဆေးတိုက်မယ်လေ... "


"အဟွန်း သက်သာသွားပါပြီကွယ်

ညက အကြောတက်စာစားမိပြီး

မူးနောက်နောက်ဖြစ်သွားတာ...အခု

ဘာမှမဖြစ်တော့ပါဘူး...စားသမီး...

များများစား..."


ချည်အား ကော်ဖီနှင့် ပါးမှုန့်ကြော်

အားတိုးပေး၍ ပြောလာသော

မေမေကြောင့််ချည် ခေါင်းလေးငြိမ့်ပြ၍

စားနေလိုက်သည်။


"မေမေ ညနေ ချည်ပြန်မလာဘူးနော်

ကားသမားဦးလေးကြီးကို မေမေတို့

အိမ်ပဲ လိုက်ပို့ခိုင်းလိုက်မယ် နော်..."


"မေမေပြောထားတယ်သမီး..ရတယ်နော်

စိတ်ဖြောင့်ဖြောင့်သွား သားကို မေမေ

ပြောထားလ်ိုက်မယ်နော်...ပြီးတော့

ဝတ်စုံကိုလည်း သမီးပြန်လာမှပဲ

ဝတ်ကြည့်တော့...မေမေဖုန်းဆက်ပြီး

ပြောထားတယ်..."


"ဟုတ် ကျေးဇူးပါ မေမေ..."


ချည်ပြောပြီး မေမေအားကြည့်၍

ကျေးဇူးတင်သောအကြည့်ဖြင့်

ကြည့်၍ ပြုံးနေတော့သည်။


-------=--==========-=-======-^^^^^🍓🍓🍓🍓🍓🍓🍓


"လှိုင်း နင်မနေ့ကအိမ်စာလုပ်လာသေးလား..."


"အင်းပြီးသွားပြီ..."


"ဟယ် လုပ်ပါအုံး ငါမပြီးသေးဘူး

ညက အိပ်ပျော်သွားလို့ဟယ်..."


ယောက်ယပ်ခက်စွာပြောလာသော

ဝင့်ကြောင့် လှိုင်း မျက်စောင်းလေး

ထျိုးကာ..


"ရှင် ကျောင်းတောကအကျင့်ကို 

မပျေက်သေးဘူးနော်..."


"ဟီး တစ်ခါတစ်လေပါဟ..."


"ကဲပါ လာရှင်းပြမယ်..."


ပြောပြီး လှိုင်း ဝင့်အား စာရှင်း

ပြနေချိန်...


ဝေါ.....ကျီ....


သူမတို့ မလှမ်းမကမ်းတွင် ထိုးရပ်သွားသော

BMW ကားအမဲရောင်ကြီးကြောင့် ..


"ဟဲ့...ဟိုမှာ..."


ဝင့်မေးငေါ့ပြရာအား လှိုင်းကြည့်

လိုက်ချိန်...ကားပေါ်က ဆင်းလာသော

ဟိုအမျိုးသမီး ...


"အဲဒါ ဟိုမိန်းကလေးမဟုတ်လား...

ဘောစိပဲ..."


စီးလာသော ကားက အတော်ပင် ပေးရသော

ကားဖြစ်သောကြောင့် ဝင့်တစ်ယောက်ပြော

လိုကျစဥျ...


"သူများကား လမ်းကြုံလိုက်လာတာ

နေမှာပေါ့ဟယ်..."


"မဖြစ်နိုင်ဘူးဟ...သူက သူများ

တွေလို အရမ်းမဝတ်စားပဲ ရိုးရိုး

လေးနေတာ တစ်ခါတစ်ခါ 

သူဝတ်တဲ့ လက်စွပ် ဟန်းချိန်း

လေးတွေဆို စိန်ရေတောက်နေတာပဲ

အတော် တန်ဖိုးကြီးမှာ....လှိုင်းရဲ့

သူ့အဆင့်အတန်းက မသေးလောက်ဘူး.. "


ဝင့်စကားကြောင့် လှိုင်း ကျောင်းဝန်းထဲ

လျှောက်ဝင်သွားသော သူမအား မနာလို

ဝန်တိုစွာကြည့်၍ နှုတ်ခမ်းလေးဖိကိုက်

ထားမိကာ..


"လာ ဝင့် ငါတို့လည်း ဝင်မယ်..."


"အင်း..."


ပြောပြီး နှစ်ယောက်သား သူမအနောက်

ကို ခပ်သွက်သွက်လိုက်လာလိုက်သည်။


ချည် ကျောင်းမတက်ရက်များနေသော

ကြောင့် စာများအား ပြန်ကူးယူရန်

ကျောင်းအုပ်ကြီးရုံးခန်းရှိရာအား ခပ်သွက်

သွက်လျှောက်လာစဥ်...


ဘုတ်...


"အမေ့..."


ချည့်အား အနောက်ကဝင်တိုက်လိုက်

သောကြောင့် လက်ထဲက ထမင်းချိုင့်

လေးပြုတ်ကျသွားကာ ချည်အနောက်

သို့လှည့်ကြည့်လ်ိုက်ချိန် သူမအား

ခပ်မဲ့မဲ့ကြည့်နေသော အမျိုးသမီးတစ်ဦး...


"အဟွန်း sorryတို့က မမြင်လို့လေ..."


တမင်ဝင်တိုက်လိုက်တာသိသော

ချည် ဘာမှမပြောချင်တော့သဖြင့်

ထမင်းချိုင့်လေးသာ ပြန်ကောက်၍

ခြေလှမ်းဖို့ပြင်ချိန်...


"ဒီမှာ ရှင်လူမူရေးနားလည်ရင်

ပြန်ပြောအုံးလေ...''


ခပ်စပ်စပ် ထွက်ပေါ်လာသောအသံ

ကြောင့် ချည် လှည့်ကြည့်၍..


"ရပါတယ်..."


ပြောပြီး ထပ်မံ၍ ခြေလှမ်းပြင်လိုက်

သည်။


"ရှင် တော်တော် မာန်တက်နေတဲ့

မိန်းမပဲ...ဘာလည်း ရုပ်လေးလှတယ်

ဆိုပြီး မာန်တက်နေတာလား..."


တမင် ရန်လာရှာနေသော ထိုမိန်းကလေး

အား ချည်ပြန်၍ လှည့်ကြည့်ကာ...


"ရှင်ကရော ဘာဖြစ်နေတာလည်း ရှင့်ကို

ဘာမှ မဖြစ်ဘူးလ်ို့ပြောနေတာလေ

တို့အရေးကြီးကိစ္စရှိလို့ ရှင်နဲ့ဖက်ပြီး

ပြန်ပြောမနေနိုင်ဘူး Sorryပဲ...''


"ရှင်...ရှင်...''


လှိုင်းတစ်ယောက် သူမအား ပြောကာ

ထွက်သွားသော ထိုအမျိုး အမျိုးသမီး

အားကြည့်၍ ဒေါသတွေထွက်ကာ ဆွေ့ဆွေ့

ခုန်နေတော့သည်။


"လာပါ လှိုင်းရယ်.. ငါတို့လည်းစာလုပ်ကြမယ်..."


ဝင့်ဆွဲခေါ်လာသော်လည်း လှိုင်း

ထိုမိန်းမကျောပြင်အားကြည့်၍

နှုတ်ခမ်းအား ဖိက်ိုက်ပစ်ကာ..


ရှင် နောက်တစ်ခါတွေ့ရင် မလွယ်ဘူးမှတ်..


------===-================^^^^^^🍓🍓🍓🍓🍓🍓🍓


ညနေ ၃နာရီခွဲ ဖြစ်နေပြီဖြစ်သောကြောင့်

ခွင်း မခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန်

လျှောက်နေတာ ဘယ်နှစ်ကြိမ်ပင်မသိတော့။


"ကျစ် ပြန်ရောက်သင့်နေပြီကို ဘာလို့

မရောက်သေးတာလည်း.. ''


ဝေါ....ဝူး...ကျီ...


ထိုအချိန် ခြံထဲ ကားရပ်သံကြောင့်

ခွင်း ပြတင်းပေါက်အနား ပြေးသွား၍

ကြည့်လိုက်ချ်ိန် ဒါရိုက်ဘာဦးလေးကြီး

သာ ကားပေါ်က ဆင်းလာသောကြောင့်

သူအလိုမကျစွာ မျက်မှောင်ကုတ်သွား၍..


"ချည်ကို သွားကြိုတာ ဘာလို့ တစ်ယောက်

ထည်း ပြန်လာရတာလည်း...ကျစ်...''


သူအလိုမကျစွာ​ပြောပြီး မေးရန်

အောက်ထပ်သို့ ဆင်းလာလိုက်သည်။


"ဟယ်..သား ဘယ်လည်း ဒီမှာ မေမေ

ညနေစာ စားဖို့ ပြင်နေပြီ..."


ဒေါ်သက်ထား သားဖြစ်သူဆင်းလာသော

အရိပ်ကြောင့် ထမင်းစားခန်းထဲမှ ထွက်လာ၍

ပြောလိုက်သည်။


"မေမေ ချည် ဘာလို့ ပြန်မလာသေး

တာလည်း...''


"ဟုတ်သားပဲ သားကို မေမေပြောဖို့

မေ့နေတာ ချည်လေးက ဒီနေ့တစ်ရက်

သူ့မိဘတွေနဲ့ နေချင်လို့တဲ့ နောက်ဆို

တွေ့ဖို့ ခံယဥ်းသွားပြီလေ အဲဲဒါ မေမေ

ခွင့်ပြုလိုက်တာ..."


ထိုအခါ ခွင်းမျက်နှာတည်သွား၍...


"မေမေ နောက်ဆို သားမိန်းမ ကိစ္စ

သားကိုပြောပါ သားမသိပဲ ခွင့်မပြု

နဲ့ဗျာ..."


"သား ဘယ်လည်း... "


ဒေါ်သက်ထား အိမ်အပြင်ဘက်ထွက်သွား

သော သားအား လှုပ်လှုပ်ရှားရှား မေးလိုက်ချ်ိန်....


"လိုက်သွားမလို့.. ချည် အနောက်ကို..."


ဝူး....ဝေါ....


ပြောပြီး ကားဖြင့်မောင်းထွက်သွားသော

သားအား ဒေါ်သက်ထားကြည့်၍

ပြုံးလိုက်ကာ..


" အမလေး တစ်ရက်လေးတောင် မခွဲနိုင်ဘူးအဟွန်း... ဒါနဲ့ ဒီကောင်လေး ချည်လေးရဲ့ မိဘအိမ်

ဘယ်လိုသိသွားတာပါလိမ့်..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: