book

Index 2

အပိုင်း(2) ❤❤

  • Author : Lwanchin
  • Genres : Romance, Drama



​ဖြန်း..ဖြန်း...


နှုတ်ခမ်းဖူးဖူးလေးအထက်မှ

သူ့နှုတ်ခမ်းတွေခွာချိန် ချည်

ရှက်လွန်း၍ အသားတွေတုန်တက်

လာကာ မျက်ဝန်းထဲဘာမှမမြင်တော့

ဘဲ အားကုန် ရိုက်ချလိုက်တော့သည်။


"ဟာ ခွင်း..."


"ခင်ဗျာ..."


"အို...သွား...အွန်း...''


ထပ်မံ၍ နမ်းလာသော သူ့အနမ်း

များအား ချည် မျက်ရည်တွေကျလာ၍

ခေါင်းလေးခါ၍ အတင်းငြင်းဆန်နေပင်

မဲ့လည်း ချည့်ကိုယ်လုံးလေးအား

ပွေ့ဖက်ထား၍ ချုပ်နှောင်ထားသော

သူ့ကြောင့် ရုန်းထွက်ခွင့်မရပေ။


"ဖယ်...သွားလူယုတ်မာ..."


ချည် သူ့ရင်ကြီးအား အတင်းတွန်း၍

သူ့အား စူးရဲနာကျည်းမုန်းတီးသော

မျက်ဝန်းများဖြင့် ကြည့်၍ ပြောလိုက်၏။


ခွင့်သူ့အား နှုတ်ခမ်းလေးဖိကိုက်၍

မကျေမနပ်ကြည့်နေသော သူမအား

ကြည့်၍ သူ့နှုတ်ခမ်းအား လက်မဖြင့်

ဖိသပ်လိုက်၍ ခနဲ့တဲ့တဲ့ပြုံးလိုက်ကာ...

ပါးပြင်အားထိုးပေး၍...


"ရိုက်ချင်သေးလား ထပ်ရိုက်လေ...

တစ်ချပ်ရိုက် တစ်ချက်နမ်းပဲနော်...

အဟက်..."


ချည်သူ့ရဲ့ အပြုံးတွေအား မုန်းတီး

စွာကြည့်၍...


"မင်းဘာကြောင့် ငါ့ကိုအခု

လို လုပ်ရတာလည်း မင်းနဲ့

ငါနဲ့လည်း မသိဘဲနဲ့..."


ချည်အသားတွေတုန်ယင်လာ၍

လက်သီးလေးဆုပ်၍ သူ့အား

မေလိုက်ချိန် ခွင်း သူမအား

ကြည့်၍...


"မလုပ်ချင်ပါဘူး...ခင်ဗျားက

အရင်ကျုပ်ပါးကို လာရိုက်တာကို

ကျုပ်ဆိုတဲ့ကောင်က ပါးလာကိုက်ရင်

နားရွက်ပြန်ကိုက်တက်တဲ့ကောင်...

ခင်ဗျားကိုတော့ နှုတ်ခမ်းပြန်ကိုက်တာ

ပေါ့..အဟက်...နောက်မှတ်သွား လက်ပါ

တိုင်းကောင်းတာမဟုတ်ဘူး..."


"တောက်..နှမသားချင်းစာနှာမှု

မရှိတဲ့လူယုတ်မာ..."


"ကျုပ်မှာ နှမမှ မရှိတာ..."


သူမအား မျက်ဝန်းတွေမှေးစင်ကာ

ကြည့်​ပြီး ဂျစ်ကန်ကန်ပြောလာသော

သူ့အား ချည် ဘာမှမပြောထွက်ဘဲ

နှုတ်ခမ်းလေးအားဖိကိုက်၍ 

ကြည့်နေလိုက်သည်။


"ခွင်း တော်တော့ကွာ....ဒီက ညီမက်ိုလည်း

ကျွန်တော်ကြားထဲကနေ တောင်းပန်ပါတယ်

ဗျာ...."


ကြားထဲကနေ တောင်းပန်နေသော

မျိုးသစ်အား ခွင်းကြည့်၍...


"ဒီလိုမိန်းမကို ဘာကိစ္စတောင်း

ပန်နေရတာလည်း မျိုးသစ်..ထားလိုက်

ဒီလိုမိန်းမက ဒါနဲ့ပဲတန်တာ..."


"ခွင်းရာ..မင်းကလည်းကွာ...

တော်တော့ပါဆို..."


ပြောပြီး ကားပါကင်ဘက်သို့

ထွက်သွားသော ခွင်းအား

မျိုးသစ်ကြည့်ပြီး အခုထိ ဒေါသ

မပြေသေးသော မိန်းကလေးအားအား

နာစွာကြည့်ပြီး...


"ဒီက ညီမ ကျွန်တော်တို့ တကယ်

တောင်းပန်ပါတယ်ဗျာ..တကယ့်ကို

တောင်းပန်ပါတယ်ဗျာ.."


ချည်နှုတ်ခမ်းလေးအားဖိက်ိုက်

ထား၍ ရှက်၍ ဝမ်းနည်းလွန်းသော

ကြောင့် တုန်ယင်နေသော အသံအား

ထိန်း၍...


"ကျေးဇူးပြုပြီး ကျွန်မအရှေ့က

ထွက်သွားပေးကြပါ..."


"ဟုတ်..ဟုတ်ကဲ့ပါဗျာ...ကျွန်တော်

သွားပါ့မယ်...ပွေမယူပါနဲ့နော်..ညီမ.."


ချည် ထွက်သွားသော အရှေ့က

လူရဲ့ ချောပြင်အား နှုတ်ခမ်းလေး

ဖိကိုက်၍ မုန်းတီးစွာကြည့်နေလိုက်တော့သည်။


---------=---------------&&&&&&---^^^^^🍓🍓🍓🍓🍓🍓🍓


"ခွင်း...မင်းအရမ်းလွန်တယ်ကွာ..."


ကားလမ်းမကြီးအတိုင်းမောင်းနေသော

ခွင်း တပ်ထားသော မျက်မှန်အမဲအား

လက်ည်ိုးဖြင့် ပင့်တင်၍ ပခုံးတွန့်လိုက်ကာ..


"မတက်နိုင်ဘူး ငါ့ကို လာရိုက်တာကို..."


"မင်းကလည်းကွာ..အခြားနည်းတွေ

ရှိတာကို..."


"ဘာလည်း ငါက ပါးပြင်ရိုက်ရမှာ

လား...''


"မင်းကလည်း ငါ့ဆိုဖဲ့မယ်ကြီးပဲ

ငါပြောတာ အေးဆေးပြောဖို့ပြောတာ...''


"အော် ပါးရိုက်တဲ့ လူကို ငါက

သွားတောင်းပန်ရမှာလား..."


"အဲဒါနဲ့ နမ်းလိုက်တယ်ပေါ့..ဒါနဲ့

ဘယ်လိုသဘောရလည်း... "


"ဘာကိူလည်း.."


မသိသလိုမေးနေသော ခွင်းအား

မျိုးသစ် မျက်စောင်းထိုးကာ

ကြည့်၍..


"မင်းနမ်းလ်ိုက်တဲ့ ကောင်မလေး

ကိုပြောတာ..."


ခွင်း မျက်နှာအား မဲ့လိုက်၍...


"သွားစမ်းပါကွာ..ပုံတုံးကြီးကို... 

ဘာမှ မလာဘူး..."


"မင်းကလည်း ပုံတုံးပင်မဲ့ မဟာဆန်

ပြီး လှတာကို...အနီးကပ်ကြည့်လေ

ပိုလှလေပဲ..."


ထိုမိန်းကလေးအကြောင်း ဖွဲ့နွဲ့ပြော

နေသော မျိုးသစ်အား ခွင်း မျက်မှောင်

ကုတ်ကာကြည့်၍...


"မင်း ဒါပဲပြောစရာရှိတော့တာလား..."


"အေးပါကွာ..မင်းကလည်း ဒါနဲ့

ပြောတော့ဆိုင်ကယ်နဲ့လာမှာဆို

ငါ့ကိုကြိုတာ..."


"ငါ့ဆိုင်ကယ်ပေါ် မင်းကိုမတင်ချင်

လို့ရှင်းလား.."


မျိုးသစ် သူ့အား မျက်စောင်း

တွေကြီးပဲထိုး၍...


"မင်းနော် သူငယ်ချင်း အရင်းကြီးကို...

ငါမင်းကိူမေးအူံးမယ်..."


မကုန်နိုင်သေးသော မေးခွန်းတွေ

ကြောင့် ခွင်း စိတ်မရှည်စွာ...


"ဘာလည်းမေ..."


"ဟဲဟဲ မင်းကလည်း...

မင်း ကောင်မလေးရနေပြီဆို..."


ခွင်း ပြေကျသွားတာမကြာသေး

သော မျက်ခုံးတို့အား ပြန်၍

ပင့်တက်ကာ..


"မင်းကို ဘယ်သူပြောတာလည်း..


"မင်းကလည်း ကျောင်းမှာ ဒီလောက်

လူစိတ်ဝင်စားတဲ့မင်းအကြောင်းကို

မမေးဘဲနဲ့တောင် ငါကြားရတယ်..

ဒါနဲ့ ဆေးကွင်းဆို..."


"မဟုတ်ပါဘူးကွာ...ငါ..hotel

အသိတစ်ယောက်ဆီ ဖေဖေပစ္စည်းပေးခိုင်းလို့

 သွားတော့

ငါ့ကားကို လမ်းမှာတားတာ

သူ့ကားပျက်သွားလိူ့ လမ်းကြုံ

ရင်လိုက်ချင်လို့တဲ...သူ့အဒေါ်ဆိုလားပဲ

အဲဒီမှာတည်းလိူ့တဲ အဲဒါ ငါခေါ်သွား

ပေးလ်ိုက်တာ..."


"ဒါနဲ မင်းရင်ထဲ မရောက်ဘူးလား..."


"သွားစမ်းပါ မိန်းမမြင်တာနဲ့

ရောက်စရာလား...မင်းပဲရောက်..."


"ငင့် မင်းကလည်း မင်းအခုအချ်ိန်ထိ

ရည်စားလည်းမထားဘူး တစ်ယောက်

လောက်ထားကြည့်ပါလား...''


"တော်စမ်းပါ...ငါစိတ်မဝင်စားဘူး...

မင်း အဲဒါတွေပဲ ဆက်ပြောနေရင်

ငါ မင်းကိုကားပေါ်က ကန်ချတော့မယ်...''


"ဟဲဟဲ...အေးပါကွာ..တိတ်ပါပြီ..."


ပြောရင်တကယ်လုပ်တက်သော

သူငယ်ချင်းဖြစ်သူကြောင့်

မျိုသစ် အသံတိတ်သွား၍

စိတ်ထဲကနေ ကြိမ်ဆဲနေမှာတော့

အမှန်ပင်။


ဒါကိုသိသော ခွင်း နှုတ်ခမ်းမှာ

ခပ်တွန့်တွန့်ပြုံး၍ ကားကိုသာ

ကျွမ်းကျင်စွာမောင်းနေတော့သည်။


--===================^^^^^^🍓🍓🍓🍓🍓🍓🍓🍓


"သမီး ချည် မျက်နှာလည်း

မကောင်းပါလား.. ဘာဖြစ်တာလည်း

ကွယ်..."


ချည် လေးတမာန်အား ပြုံး၍

ခေါင်းလေးခါပြကာ..


"ဟင့်အင်း...ချည်း ဘာမှ မဖြစ်ပါဘူး

လေးလေး ကားဆီးရတာ ကြာတော့

ခေါင်းထဲ တစ်မျိုးကြီး ဖြစ်နေလိူ့ပါ..."


"ဟုတ်လား သမီး အဲဒါဆို

လေးလေး ကားမှန်ဖွင့်ပေး

မယ်လေ...''


ချည်ခေါင်းလေးခါပြ၍...


"ရတယ် လေးလေး ချည် ဒီအတိုင်း

ပဲ ရပါတယ်...အန်တီသက်ရော

နေကောင်းတယ်မဟုတ်လားဟင်..."


"ဟား...သမီးအန်တီသက်ကတော့

နေကောင်းတာ ဒေါင်ဒေါင်ကို

မြည်လ်ို့ သူ့သားနဲ့ တစ်နေ့တစ်နေ့

ရန်ဖြစ်နေရလိူ့လေ...''


လေးတမာန်အပြောကြောင့်

ချည် ပြုံးလိုက်မိ၏။


မေမေတို့ပြောတဲ့ ကလေးဆိုးဆိုတာ

ထိုကလေးလေးပဲ ဖြစ်ရမည်။


လေးလေးတမာန်နဲ့ အန်တီသက်

ချည်တို့ဆီ ခဏခဏလာလည်ပင်

မဲ့လည်း ထိုကလေးလေးမပါသော

ကြောင့် သူမ မမြင်ဖူးတာဖြစ်သည်။


မိဘနှစ်ပါးက ချောမောကြတော့

ထိုကလေးလေးလည်း ချစ်ဖို့ကောင်း

မှာကြိမ်းသေလောက်သည်။


သူမ အရမ်းဆိုးဆွမ်းသော ထိုကလေး

လေးကို လိမ္မာာအောင် ပြုပြင်ပေး

ရမည်။


ကလေးဆိုတော့ အခုအချိန်မှာ ပြု

ပြင်ပေးနိုင်ရင် အချ်ိန်မှီပါသေသည်။


ချည် ကိုယ့်အတွေးနှင့်ကိုယ်ပြုံးနေလိုက်၍

ဖြတ်ခနဲ စောစောက ဟိုလူယုတ်မာရဲ့

ခနဲတဲ့တဲ့အပြုံးအားမြင်ယောင်၍

လက်သီလေးဆုပ်ထားမိတော့သည်။


"သမီး ချည်က အရမ်းတော်တာပဲ...

အခုဆေးကျောင်းသူလေးဖြစ်တော့

မှာပေါ့..."


ချည်ပြုံး၍...


"ချည် ဆရာဝန်ဖြစ်ချင်လို့ အရမ်းကြိုး

စားခဲ့လို့ပါ..."


"ကိုစက်ကတော့ အရမ်းကံကောင်းတာ

လိမ္မာပြီးသိတက်လွန်းတဲ့ သမီးလေး

ကိုရထားတာ လေးလေးကတော့

အရမ်းအားကျတာပဲ...သမီးရန်ကုန်

မှာ လိုအပ်တာမှန်သမျှ သမီးအန်တီ

နဲ လေးလေးကိုပြောနော်...ကြားလား.."


"ဟုတ်ကဲပါ..လေးလေး.."


ချည်အား နွေးထွေးစွာကြိုဆိုသော

လေးလေးကြောင့် ချည် ရင်ထဲ

ပေါ့ပါးသွားမိတာတော့အမှန်ပင်။


မကြာခင် ကားလေး အဖြူရောင်

တံတိုင်းကြီးရဲ့ ခြံဝန်းကြီးထဲ

ဝင်ရောက်လာ၍ များပြားလှသော

ကားများနှင့် ကြီးမားလှသော

ဆိုင်ကယ်ကြီးတွေအနားရပ်လိုက်

ချိန် ချည် တအံ့တသြလေး ဖြစ်သွားမိသည်။


လေးလေးတို့က ခြံထဲမှာ showroom က

ကားတွေဆိုင်ကယ်တွေ ခြံထဲမှာ ထားထား

တာလား...


လေးလေးတမာန်တို့က ကားအမျိုးမျိုး

နဲ့ဆိုင်ကယ်အရောင်းခန်းမကြီးများစွာ

ဖွင့်ထားတာကိူ မေမေပြောလို့ ချည်သိ

ထခဲ့တာ ဖြစ်သည်။


"ဟယ်...သမီးလေး..လာလာ..

အမလေး မတွေ့ရတဲ့ နှစ်အတွင်း

လှလာလိုက်တာကွယ်..."


ချည်အားပြေးဖက်သော အန်တီသက်အား

ချည်ပြန်လည်ဖက်တွယ်ထား၍...


"အန်တီလည်း လှပါတယ်ရှင်..."


"မလှပါဘူးရှင်...ချည်လေးကမှ

ရိုးရိုးလေးနဲ့ လှလိုက်တာ..."


"ကဲ တူကြီးနှစ်ယောက် အိမ်ထဲ

ရောက်မှပြောတော့...သက် 

သမီးလေး ပင်ပန်းလာတယ်လေ

နားချင်မှပေါ့ကွာ..."


"အို..ဟုတ်သားပဲ သက်ဝမ်းသာ

သွားလ်ို့ပါ..လာသမီးလေး...."


ချည်လက်အားဆွဲ၍ ပြောလာသော

အန်တီသက်အား ချည်ပြုံးပြ၍..


"ချည် အဝတ်အစားတွေ..."


"​သြော်ထားလိုက်သမီး ခဏနေ

ခြံစောင့်ကို အပေါ်ထပ်တင်ခိုင်း

လိုက်မယ်..လာသမီး..ခဏအနား

ယူပြီး ညနေစာ စားကြတာပေါ့...

အန်တီ အခန်းကို လိုက်ပို့ပေးမယ်...."


"ဟုတ်ကဲ့အန်တီ..."


ချည် အန်တီဆွဲခေါ်ရာ အပေါ်ထပ်သို့

လ်ိုက်လာ၍... အခန်းတစ်ခုထဲ ဝင်လာလိုက်သည်။


"ဒါ..သမီးအတွက်အခန်း ကြိုက်ရဲ့လားဟင်..."


အပြာနုလေးသုံးထားသော အခန်း

အားကြည့်၍..


"ရပါတယ် အန်တီသက် ချည်ကြိုက်ပါတယ်..."


"အဟွန်း..ဟုတ်ပါပြီ...သမီး

နားနော်...ခဏနေ အန်တီးတို့

ထမင်းစားကြမယ်.."


"ဟုတ်အန်တီ..."


ချည် အန်တီသက်ထွက်သွားမှ

မွေ့ယာလေးပေါ်ထ်ိုင်လိုက်ကာ..

အခန်းထဲ ချည်ရဲ့ အဝတ်ထုပ်​တွေ

လာပို့ပေးသော ကောင်မလေးနဲ

ဦးလေးကြီးကြောင့် ချည်အားနား

စွပြုံးပြ၍ သူတို့ပြန်ထွက်သွားတာနဲ့

ခဏ အနားယူနေမိသည်။


ရေကတော့ ညကြမှချ်ိုးဖို့ဆုံး

ဖြတ်ထားမိသည်။


အပူထဲကလာပြီး အခုချိုးရင် အအေး

ပတ်မှာဆိုးသောကြောင့်ပင်။


ချည်းအဝတ်အစားတွေ နေရာ

ချ၍ ပေါ့ပါးသော ဝမ်းဆက်လေး

အားဝတ်ကာ...အန်တီလာခေါ်မှာကို

စောင့်နေမိသည်။ 


----------========-===========^^^^🍓🍓🍓🍓🍓🍓🍓🍓


"ခွင်း...ပြန်တော့မလို့လား..."


မျိုးသစ် မူးနေပြီးဖြစ်ကာ

မျက်ဝန်းတွေစင်းကျ၍

မေးလာသောကြောင့် 

အနည်းငယ်သာမူးသော

ခွင်း ခေါင်းငြိမ့်ကာ..


"ပြန်တော့မယ် ငါမရောက်သေးတာ

မေမေသိရင် ကောတော့မယ်..ပြန်ပြီ...''


"ဟာ..ခွင်း နေအုံးလေကွာ...

ခွင်း..."


ခွင်း အော်ခေါ်နေသော မျိုးသစ်

အား ဂရုမစိုက်စွာ ထထွက်လာလိုက်သည်။


ကားအားအရှိန်သက်၍ မောင်းလာကာ

ခြံစောင့် ဦးလေးကြီးက သူ့အား

ခြံတံခါး ဖွင့်ပေးချ်ိန် ခွင်း ပြုံးပြ၍...


"ကျေးဇူးပဲ ဦးလေး..."


ပြောပြီး ဘီးလှိမ်းယုံလေးသာ

မောင်းပြီး ကာရပ်လ်ိုက်၍ 

ပိတ်သွားပြီဖြစ်သော တံခါးမကြီးအား

ကြည့်၍ ခွင်း ခေါင်းရင်းထောင့်မှ

အပေါ်ထပ်သို့ ကျွမ်းကျင် စွာ

ခိုတက်သွားတော့သည်။


အခုလို မေမေမသိအောင် ခိုပြန်လာရတာ

ခွင်းအတွက်ရိုးနေပြီဖြစ်သည်။


သူ သူ့ဘေးကအခန်းပြတင်းပေါက်က

နေအသာလေးခုံဝင်လိုက်ချိန်...သူ့အားထမိန်

ရင်ရှားလေးဖြင့် ပြူးတူးတူးလေး

 ရပ်ကြည့်နေသော

မိန်းကလေးတစ်ဦး....


"အမေ့ရေ..."


"ဟာ..."


"အို..ရှင်..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: