book

Index 19

အပိုင်း(19)❤❤

  • Author : Lwanchin
  • Genres : Romance, Drama

"သမီး ချည်လေး...."


ချည်သူ့အား မဆကျမနပ်စိတ်ထဲက

ပြောပြီး နှုတ်ခမ်းလေးအား ဖိကိုက်

ထားမိချိန် မေမေခေါ်သံကြောင့် သတိပြန်

ဝင်လာ၍...


"ဟုတ်ကဲ့ မေမေ..."


"ဘာ planလည်း သမီးရဲ့ မေမေတို့

မသိရပါလား..."


မေမေမေးလာတော့ ချည်မျက်နှာလေး

ရဲသွား၍ ခေါင်းလေး ငုံ့သွားကာ...


"ဟို  ....ဟို စီးပွားရေးလုပ်မဲ့ ကိစ္စ

ပြောတာမေမေရဲ့..."


"ဟင် ဟုတ်လား ဘာလုပ်ကြမှာလည်း.. "


"ဟို ချည်တို့ တိုင်ပင်နေတုံး မေမေ

အတိအကျဖြစ်ရင် ပြောပြမှာပါ.. "


"အဟွန်း ဟုတ်ပါပြီ..သားခေါ်နေတယ်

ဆိုတော့ သွားချင်သွားလေ သမီး.. "


ချည် ခေါင်းလေးခါရမ်းလိုက်၍..


"ရတယ်မေမေ ချည် အပင်လေးတွေ

စိတ်ဝင်စားလို့ပါ သူနဲ့က ခဏနေမှ

ပြောလည်း ရပါတယ်မေမေ..."


"ဟုတ်ပါပြီ ဒါဆို မေမေတို့ အပင်တွေ

လိုက်ထပ်ကြည့်မယ်နော်..."


"ဟုတ်..."


ချည် တမင် မသွားချင်တာနဲ့ မေမေနှင့်

ပနတွေ လိုက်ကြည့်နေတော့သည်။


"သမီး ဒီအပင်လေးက သားရဲ့

အဘိုး မဆုံးခင် ပေးသွားတဲ့ အပင်

လေးလေ သားက ပန်းပင်တွေ မချစ်ပင်

မဲ့ ဒီအပင်လေးတော့ အရမ်းဂရုစိုက်တာ

ဘယ်သူမှလည်း မထိရဲဘူးလေ သူ့ဒေါသ

ကိုကြောက်လို့..."


"ဟုတ်..."


ချည် အံ့တော့သြမိသည်။သူလိုလူက

ဒီအပင်ကို ဂရုစိုက်တယ်ဆိုတော့..

ချည် ပန်းဝါလေးတွေ ပွင့်နေသော 

ထိုအပင်လေးအား ကြည့်၍ တစ်ချက်

ပြုံးလိုက်မိသည်။


"လာ သမီး ဟိုဘက်မှာ ပန်းတွေ

အများကြီးကွဲ့..."


"ဟုတ်.. "


ချည် မေမေနှင့်အတူ ခြံကြီးထဲ

အမျိုးစုံသော ပန်းပင်တွေလိုက်ကြည့်

နေရင်း တစ်ခုခုကို သတိရသွားကာ..


"မေမေ...''


ဒေါ်သက်ထား ချွေးမဖြစ်သူ

ခေါ်သံလေးကြောင့်...


"ပြောလေ သမီး...ဘာပြောမလို့လည်း..."


"ဟို ချည် အခုမှ သတိရလို့လေ မနက်

ဖြန် ဝတ်စုံဝတ်ကြည့်ပြီးရင် ချည်

မေမေနဲ့ ဖေဖေဆီ တစ်ရက်လောက်

ပြန်နေချင်လိူ့ပါ ချည်က အိမ်ထောင်

ကျသွားပြီဆိုတော့ ဖေဖေနဲ့ မေမေကို

တွေ့ရဖို့ကလည်း ခဲယဥ်းသွားပြီလေ...

အဲဒါကြောင့် ချည် မနက်ဖြန်တစ်ရက်

တော့ ဖေဖေနဲ့မေမေဆီ သွားနေချင်တယ်..."


ဒေါ်သက်ထား ချွေးမဖြစ်သူအပြောအား

နားလည်စွာ ခေါင်းငြိမ့်ပြ၍...


"ဟုတ်ပါပြီကွယ် မေမေ နားလည်ပါ

တယ်...သမီးသွားလေ..."


ထိုအခါ ချည် မေမေအား ပြုံးပြ၍

ခေါင်းလေးငြိမ့်ပြကာ..


"ဟုတ်ကဲ့ပါ မေမေ..."


"သမီး သားနဲ့ အဆင်ပြေတယ်မဟုတ်လား.."


"ဟုတ် ပြေ ပါတယ် မေမေ..."


"အဟွန်း သမီးလေးဆီက ဒီစကား

ကြားရတာ မေမေ အရမ်းဝမ်းသာ

တာပဲ သိလား...သမီးနဲ့သား

အဆင်ပြေဖို့ပဲ မေမေတို့ တစ်နေ့တစ်နေ့

မျှော်လင့်နေရတာ...သမီးလေးကို ချွေးမအဖြစ် မေမေတော်ရတာ အခုထိ ဝမ်းသာ

လိုမဆုံးဘူးကွယ်..."


ချည် မေမေအား ကြည့်၍...


"ချည်လည်း မေမေနဲ့ ဖေဖေလို့ ယောက္ခမ

မျိုးရတာ မိဘနှစ်ပါး ထပ်ရလိုက်သလိုပါ

ပဲ ချည်အပေါ် အစစအရာရာ ဂရုစိုက်

ပြီး ချစ်ပေးတါ  ချည်ကျေးဇူးတင်ပါတယ်

မေမေ....ဖေဖေနဲ့မေမေက ချည်ရဲ့ မိဘအရင်းတွေပါပဲ..."


ပြောပြီး ချည် မေမေရင်ခွင်ထဲ

တိုးဝင်၍ ဖက်ထားလိုက်တော့သည်။


ဒေါ်သက်ထား လိမ္မာသိတက်သော

ချွေးမဖြစ်သူလေးရဲ့ ကိုယ်လေးအား

ပြုံး၍ ပြန်လည်ဖက်တွယ်ထားမိတော့သည်။


ထိုမြင်ကွင်းအား မြင်သော သူတိုင်း

နှုတ်ခမ်းပေါ်တွင် ပြုံးယောင်သမ်း

သွားကြတာတော့ အမှန်ပင်။


"မေမေ...ညနေစာ ဟင်းချက်မှာမဟုတ်

လား ချည်ချက်ပေးမယ်နော် ဒီညနေ..."


"အဟွန်း ကောင်းပါပြီး ဒီညနေ

တော့ ချည်လေးရဲ့ လက်ယာစား

ပြီး ဗိုက်တင်းတော့မယ်..."


သားအမိနှစ်ယောက်ပြောပြီး

အိမ်ထဲ ပြန်ဝင်လာတော့သည်။


-----------------=-============-==^^^^🍓🍓🍓🍓🍓🍓🍓🍓


"ခွင်း အခုထိ တက်မလာသေး

သော သူမကြောင့် မျက်နှာကြီးမှာ

အလိုမကျမှုတွေ ဖြစ်ပေါ်နေတော့သည်။


"ကျစ်...ဘာလို့တက်မလာသေး

တာလည်း..."


သူပြောပြီး မျက်ဝန်းတို့က သူမစာကြည့်

စားပွဲပေါ် ရောက်သွားပြီး အရုပ်လေး

တစ်ခုအား အကြည့်တို့ အာရုံစိုက်

သွားပြီး သူအနားလျှောက်သွားလိုက်၍

ထိုအရုပ်လေးအား ယူ၍ ကြည့်လိုက်မိသည်။


သူထိုယောကျာ်းအရုပ်လေးအား

မျက်မှောင်ကြီးကုတ်ပြီး ကြည့်နေရင်း

အရုပ်ပေါ်က စာတန်းတစ်ခုကြောင့်

မျက်နှာမှာ တင်းမာ၍ အလိုမကျမှု

တွေ ပို၍ ဖြစ်ပေါ်လာတော့သည်။


"ဒါ ကျွန်မ ပစ္စည်းတွေ ဘာလို့ ကိုင်တာ

လည်းခွင်း...''


ထိုအချိန် အနောက်ကနေ ရုတ်တရပ်

ရောက်လာ၍ ထိုအရုပ်လေးအား 

ပြန်ဆွဲယူပြီး ပြောလိုက်သော သူမကြောင့်

ခွင်း ခပ်မဲ့မဲ့ ကြည့်လိုက်ကာ...


"အဟက်..ပြောပါအုံး...ဘယ်သူ

ပေးထါးလို့ အခုလို ဖြစ်ပျက်နေရတာ

လည်း..."


ချည် အရုပ်လေးအားကိုင်၍

မျက်နှာလေးမှာ တင်းမှာထားပြီး

သူ့အားကြည့်ကာ...


"ရှင် သိစရာ မလိုပါဘူး...."


"ဘာ.. ရှင် သိစရာမလိုပါဘူး

ဟုတ်လား ချည်.. "


ခွင်း သူမစကားကြောင့် ခပ်မဲ့မဲ့

ပြုံး၍ လျှာကိုပစောင်မှာထိုးပြီး

ဂျစ်ကန်ကန် ပုံစံဖြင့် သူမအနား

တိုးကပ်လိုက်ချိန်..


"အို..ရှင် ဘယ်လိုဖြစ်နေတာလည်း

ခွင်း..."


"ငါက ဘာကို ဘယ်လို ဖြစ်ရမှာလည်း

မင်းအကောင်ပေးတဲ့ အရုပ်မို့လို့

မင်းက အခုလို ဖြစ်ပျက်ပြနေတာလား

အဟွန်း....ပြီးတော့ မင်းက ငါ့မိန်းမ

မင်းဆံနွယ်ကအစ ငါ့ပိုင်တာ...မင်းဦး

နှောက်ထဲမှာ မှတ်ထား...."


ချည် မျက်နှာလေးမှာ တင်းမာသထက်

တင်းမာလာ၍ သူမအား ခပ်မဲ့မဲ့

ငုံ့ကြည့်နေသော သူ့အား မော့ကြည့်ကာ...


"ရှင် မမိုက်ရိုင်းနဲ့..ဘာ မင်း

မင်းအကောင်လည်း...စကားကို

လူကြီးလူကောင်းဆန်ဆန်ပြောပါ..."


"အဟက် ဘယ်လိုလုပ်မလည်း မင်းယူ

ထားတဲ့ ငါဆိုတဲ့ကောင်က လူကြီးလူ

ကောင်မဆန်တက်တော့...ပြီးတော့

ဘာလို့ မင်းအကောင်ကို ထိတော့

အရမ်းနာနေရတာလည်း ..."


သူ့အပြောတွေကြောင့် ချည်အရွဲ့တိုက်

ချင်စိတ်တို့ ဖြစ်ပေါ်လာကာ..


"ဟုတ်တယ် ဘာဖြစ်လည်းနာတာ

ကျွန်မ ချစ်လို့ ကျွန်မနာတာ 

ဘာဖြစ်လည်း.. "


"ဘာ..."


ခွင်း သူ့အား ကပ်ကပ်လန်အောင်ရန်

ပြန်တွေ့နေသော သူမကြောင့် သူခပ်မဲ့

မဲ့ ပြုံးကာ အရွဲ့တိုက် ဂျစ်ကန်ကန်သမား

ပီပီ...


"အဟွန်း မင်းချစ်လို့ မင်းနာတာ

ပေါ့...အဟက်...စိတ်ချ ဒီနေ့က

စပြီ မင်းအပြုအမူအတိုင်း

ငါနေပြမယ်... မင်းစိတ်ခိုင်အောင်သာ

ထား.. .''


ဒုန်း....


ပြောပြီး အခန်းအပြင်ဘက်သူထွက်

သွားတော့မှ ချည် လက်ထဲက အရုပ်

လေးအား ကိုင်ပြီး တဖြည်းဖြည်း ထိုင်ရက်

ကလေး ဖြစ်သွား၍ မျက်ရည်တို့က

ပါးပြင်အထက်ပေါက်ခနဲစီးကျလာတော့သည်။


အရုပ်လေးက ဖေဖေသူမအား အသက်၁၉နှစ်တောက ပေးထါးသော ကိုယ်တိုင်ပြုလုပ်

ထားသည့် လက်ဆောင်လေး ဖြစ်တာကြောင့်

ချည် တန်ဖိုးထားကာ အမြဲစာကြည့်စားပွဲ

ပေါ်တင်ထားတာ ဖြစ်သည်။


ဒီအရုပ်လေးက ဖေဖေ သူ့ပုံတူ

လုပ်ပြီး ပေးထါးလို့လည်း ချည်

အရမ်းမြတ်နိုးခဲ့တာ ဖြစ်သည်။


သူ့အပြောတွေအား မခံချင်တာ

ကြောင့် ချည်ရွဲ့ပြောလိုက်ကာ

စိတ်ထဲတော့ အတော်ပင်မကောင်း။


အမြဲတမ်းတစ်ကိုယ်ကောင်းဆန်သော

သူ့အား ချည် မုန်းနေမိသည်။


ရှင်နဲ့ချည်ရဲ့ရေစက်က ကံတရားပါ

လောက်တဲ့အထိ ချည်သည်းခံနေ

မှာပါ.....


----------======-------==-========-^^^^🍓🍓🍓🍓🍓🍓🍓


ခွင်းတစ်ယောက် သူ့အဖိုးအိမ် ရောက်ကထည်းက computerတစ်လုံးနှင့် အလုပ်ရူပ်နေကာ ဘေးတွင် ထိုင်နေသော တိမ်တောက် တစ်ယောက် ခေါင်းကုတ်ကာ နေမိသည်။


ပြောရအောင်လည်း ဒင်းမျက်နှာက

တစ်လောကလုံး သူ့လုပ်စာထိုင်စား

ထားသော ရုပ်ဖြစ်နေသော ကြောင့်

တိန်တောက် အသံတော့ မထွက်ရဲပေ။


ဒါပင်မဲ့လည်း ရောက်ကထည်းက ထိုင်နေတာ

မိုးလည်းချုပ်နေပြီ ဖြစ်သောကြောင့်

သူအရဲစွန့်၍...


"ခွင်း မင်း ငါ့ကို ခေါ်ပြီး ဘာလို့

ဒီအတိုင်းကြီး တိုင်ခိုင်းထားတာ

လည်းကွာ.. "


"ဒါဆို ထကနေလေ..."


တိန်တောက် မျက်နှာကြီးမဲ့သွား၍

မျက်နှာတင်းမာနေသော သူ့အား

ကြည့်ကာ..


"မင်း အိမ်မပြန်တော့ဘူးလား..."


"ပြန်မှာ နောက်ကျမှ..."


"ခွင်း မင်းအခုတစ်လောထူးဆန်း

နေတယ်နော်..."


"ဘာကိုလည်း.. "


သူ့အား အလုပ်မပျက် ပြန်ပြောနေသော

ခွင်းရဲ့ မျက်နှာချောချောအား ကြည့်၍..


"မင်း အရင်လို nightoutလည်းမထွက်

ကားမောင်းလည်း သိပ်မပြိုင်တော့ဘူး

ပြီးတော့ အခုရက်ပိုင်း ကျောင်းလည်းမလာ

ဘဲ ပျောက်ချက်သား ကောင်းနေတာ..

မင်း ပြော ငါ့ကို ဘာတွေ ဖုံးကွယ်ထားတာလည်း..."


"မင်း ဘယ်လို ထင်လို့လည်း..."


ပြန်မေးလာသော ခွင်းအမေးကြောင့်

တိန်တောက် ခေါင်းရမ်း၍...


"ငါ မထင်တက်လို့ မင်းကိုမေးတာ

လေကွာ..."


ထိုအခါ ခွင်းcomputerပေါ် လှုပ်ရှားနေသော

လက်တို့ ရပ်တန့်သွား၍...


"ငါ မိန်းမ ရသွားပြီ..."


"ဘာ....ခွင်း မင်း..မင်း နောက်နေတာလား...''


တိန်တောက်တစ်ယောက် မျက်လုံးပြူး

မျက်ဆံပြူးဖြစ်မေးလာသောကြောင့်

ခွင်း မျက်ခုံးးတွေပင့်တက်၍...


"မင် ရုပ်ကလည်း ဘာဖြစ်တာလည်း

ငါမိန်းမရတာ အဲဒီလောက်ထူးဆန်း

သွားလား..."


"ဟာ..ထူးဆန်းသွားတာပေါ့ကွ...မင်းလို

လူက မိန်းမယူတာ ကျောင်းက

မိန်းကလေးတွေသိလို့ကတော့

အကုန် ထိုင်ငိူမှာ မြင်ယောင်သေး

ငါတောင် လုံးဝမယုံနိုင်ဘူး ဒါနဲ့ဘယ်သူနဲ့လည်း ဘယ်ကလည်း နာမည်ဘယ်သူလည်း

လှလား..."


ခွင့် တိန်တောက်အောင် မျက်မှောင်ကုတ်ကာ

ကြည့်၍...


"ငါက များပြားလှတဲ့ မေးခွန်းတွေကို

ဘယ်က စဖြေရမှာလည်း ဒါပင်မဲ့

တစ်ခုပဲ ဖြေတော့မယ်...အဲဒါ ငါ့ကို

ပါးရိုက်လိုက်တဲ့ ကောင်မလေး.. "


"ဘာ....မင်း မင်း ဘယ်က ပြန်

တွေ့ပြီး သွားခိုးလ်ိုက်တာလည်း..."


"မင်းအမေ....ခိုးစရာလား အိမ်ပေါ်

ရောက်လာလို့ ကောက်သိမ်းလိုက်တာ...''


"ဟေ...."


ခွင်း အပြောအား နားထားပြီး

တိန်တောက်တစ်ယောက်

မျက်ဝန်းပြူးပြူးကြီးဖြစ်

ရှိနေတော့သည်။


---========-=============^^^^^🍓🍓🍓🍓🍓🍓🍓🍓


ချည် မနက်ကျောင်းသွားရမည်

ဖြစ်သောကြောင့် စာလုပ်နေရင်း

စားပွဲပေါ်က ၁၁နာရီဆိုသော လက်တံလေး

အား ကြည့်၍...သူမ မျက်နှာလေးမှာ

ပျက်နေမိသည်။


ခဏအကြာခေါင်းလေးခါရမ်း၍..


အို..သူ့ဘာသူ ဘာပဲဖြစ်ဖြစ် ငါနဲ့

မဆိုင်ဘူး ပြန်လာချင်လာ မလာချင်နေ...


ချည်စိတ်ထဲကနေ ပြောပြီး စာထဲအာရုံ

စိုက်ကာ သာကြည့်နေလိုက်သည်။


ဝူး.......


တော်တော်အကြာ ခြံထဲ မောင်းဝင်လာသော

ဆိုင်ကယ်သံကြောင့် သူပြန်ရောက်လာပြီ

ဆိုတာ ချည်သိလိုက်မှ မသိစိတ်ကသက်ပြင်း

လေးချမိတော့သည်။


ချောက်....


ခဏအကြာ အခန်းတံခါး ပွင့်သွား၍

ဝင်လာသော သူ့အား ချည် လှည့်မကြည့်

မိအောင်နေပြီး စာလုပ်ဟန်ဆောင်နေလိုက်

သည်။


ဂျ်ိမ်....


သူ ရေချ်ိုးခန်းဘက်ဝင်သွားချိန်

ချည်ထိုင်ရာမှ ထ၍ သူ့အတွက်

အဝတ်အစားသွားထုတ်ပေးပြီး

သူမ စာကြည့်စာပွဲတွင် ပြန်ထိုင်နေ

ကာ သူပြန်အထွက်လာကို 

နားစွင့်နေမိသည်။


ကျီ.....


ရေချ်ိုးခန်းတံခါးပွင့်သံနှင့်အတူ

နီးကပ်လာသော ခြေသံကြောင့်

ချည် လှည့်မကြည့်ပဲ စာသာ

အာရုံစိုက်နေပင်မဲ့လည်း သူ့အသံတော့

နားစွင့်နေမိသည်။


ခွင်း ခေါင်းရေသုတ်ပြီး ပြန်ထွက်လာ

ချ်ိန် သူ့အား ထုတ်ပေးထါးသော

အဝတ်အစားများကြောင့် စာလုပ်နေသော

သူမအား တစ်ချက်ကြည့်၍...ကောက်ယူဝတ်ကာ အိပ်ယာပေါ်ထိုင်ချ၍ ကုတင်ကြီးအားမှီ၍ သူမကျောပြင်

လှလှလေးအား ကြည့်နေမိတာ 

အချိန်တော်ကြာပင်။


ခွင်း မလှုပ်မရပ်တောင့်တောင့်ကြီး

နေသော သူမကြောင့် စိတ်မရှည်

တော့စွာ..ထရပ်လိုက်၍...


"အို...ခွင်း ရှင်ဘာလုပ်တာလည်း..."


ချည် ရုတ်တရပ် သူမကိုယ်လေးအား ပွေ့ချီလိုက်သော သူ့အား

အလန့်တကြားမေးလိုက်စဥ်

သူမအား ပြန်ငုံ့၍ ကြည့်လာသော

ခွင်း...


"အချိန်လည်း ကြည့် အိပ်ကြမယ်

မင်္ဂလာပွဲမှာ မင်းအလှပျက်နေတာ

မလိုချင်ဘူး အချ်ိန်ကို မှန်အောင်

အျိပျ..."


ချောက်.


"အို...ခွင်း ရှင်နော်..."


မီးပ်ိတ်သံနှင့်အတူ တစ်ခန်းလုံး

မှောင်ကျသွား၍ ချည်အသံလေး

သည်လည်း တိုးတိတ်ပျောက်ကွယ်

သွားတော့သည်။


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: