"ဟင့်အင်း..ဖယ် အဝတ်လဲမလို့..."
"မရဘူး ချည် မင်းအဖြေပြန်ပေး
မှ ကိုယ်အဝတ်လဲခွင့်ပေးမယ်..."
"အို...."
ပြောလည်းပြော ချည်သဘက်လေးအား
ဆွဲချ၍ ဘေးက မို့ယာအပေါ်က စောင်
အပါးကြီးအား ဆွဲကာ နှစ်ယောက်ပေါ်
လွှားခြုံလိုက်ပြီး သူမခါးလေးကနေ ဆွဲ၍
ခန္ဒာကိုယ်နှစ်ခု ပူးကပ်နေလိုက်တော့သည်။
ချည် မထင်မှတ်ထားသော သူ့အပြုအမူ
များကြောင့် မျက်ဝန်းပြူးများပြူးကျယ်နေကာ ရှက်လွန်းသဖြင့် ပါးပြင်မို့မို့လေးမှာ
ရဲတက်လာတော့သည်။
မထင်ထားမှုကြောင့် တော်တော်နှင့် ဘာမှ
ပြန်မပြောနိုငိဘဲ သူ့အား ကြည့်ကာ...
"ရှင်....ရှင်...ဘာလုပ်တာလည်း..ခွင်း..."
"မင်း ကလေးမွေးပေးမယ်လို့ မပြောမချင်း
ဒီစောင်ခြံထံက မထွက်ရဘူး..."
ဘေးဘက်တွင်ပုံကျနေသော သူမ
သဘက်လေးအား ချည်တစ်ချက်
ကြည့်ပြီး သူမကိုယ်လေးပေါ်မှာ
ဘာမှ အကာအကွယ်မရှိမှုကို
သူမအား ပို၍အရှက်သည်းစေခဲ့သည်။
ချည် နှုတ်ခမ်းလေးအားဖိိကိုက်
ပစ်၍...စောင်လေးထဲ ပခုံးလေး
ကျုံ့ဝင်ကာ...
"ရှင်...ရှင်....အရမ်းယုတ်မာတယ်..."
ခွင်း ရဲနေ၍ သူ့အား မကျေမနပ်ကြည့်နေသော မျက်နှာလေးအား ကြည့်၍...
"မင်း အခုလိုဖြစ်အောင် အချိန်ဆွဲနေတာ
ချည် ဒီထက်ပိုဆိုးလာလို့ ကိုယ်စိတ်မထိန်း
နိုင်ရင် အိပ်ယာပေါ်ရောက်သွားလိမ့်မယ်
နော်...နောက်ဆက်တွဲ မင်းပိုသိမှာပါ..."
သူ့အပြောကြောင့် ချည်သူ့အား
နှုတ်ခမ်းလေးဖိကိုက်၍ နားကျဥ်းစွာ
ကြည့်ပြီး မျက်ဝန်းများက အလျော့ပေး
သလို မှိတ်ချလိုက်ချိန် မျက်ရည်တို့က
ပါးပြင်အထက် စီးကျလာတော့သည်။
"ကောင်းပြီး ကျွန်မ သဘောတူ
တယ် ဒါပင်မဲ့ ကျွန်မ ကျောင်းပြီးတာနဲ့
ဟိုမှာ ကျောင်းသွားဆက်တက်မယ်..."
"ကောင်းပြီ ငါသဘောတူတယ်..."
သူ ပြောလည်းပြော ခြုံထားသော
စောင်ဖြူကြီးအား ဘေးကို ပြန်ပစ်
ထုတ်လိုက်၍ သူမ ဘဘက်လေးအား
ပြန်ကောက်ပြီး သူမကိုယ်လေးအပေါ်
ပြန်ပတ်ပေးကါ နှုတ်ခမ်းတို့က ပြုံးနေတော့သည်။
ချည် သူ့အပြုံးတို့အား ကြည့်၍...
သဘောပေါက်ကာ...
"ရှင်...ရှင် လူယုတ်မာ..."
"အဟက် မင်းခန္ဒာကိုယ်က အရမ်းလှတယ်လေ..."
ဗြုန်း...
ချည် သူ့စကားကြောင့် အရှက်သည်းပြီး
သူ့ရင်ဘတ်အား အားကုန်ထရိုက်၍
အဝတ်လဲခန်းထဲပြေးဝင်လာတော့သည်။
ဆံနွယ်ရှည်ကြီးများ ပြေကျသွား
သောကြောင့် သူမ အလှည့်မှာ
ထိုဆံနွယ်ရှယ်များက သူ့နှာခေါင်းအား
ထိုးဝေ့ကျီဆယ်သွားသဖြင့် ခွင်းပြုံး၍..
"အဟွန်း မင်းအရမ်းလှတယ်ချည်....
မင်းကို ငါ မရရအောင် ငါ့အချစ်တွေနဲ့
ချည်ပြမယ်..."
-------==================^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"လှိုင်း နင်ဟိုနေ့က သတင်းကြားပြီး
ပြီလား..."
"ဘာကိုလည်း..."
"ဘားမှာလေ နင့်ကို ခွင်းကချေသွား
တဲ့သတင်း ပျံ့နေတာပဲ..."
ထိုအခါ လှိုင်း မျက်နှာလေး ပျက်သွား
၍ တဖန်ပြန်၍ ပြုံးကာ...
"ဒါတွေက ကောလဟာလတွေက
သူတို့မလိုလို့ပြောတာနေမှာပေါ့..
အဲဒီနေ့က ခွင်းက မူးနေတာဟ
ငါ့တောင် မှတ်မိတာမဟုတ်ဘူး
ငါစကားသွားပြောတော သူခဏပြော
ပြီး အရေးကြီးကိစ္စပေါ်လာလို့ ပြန်ထွက်
သွားတာ..."
"ဟုတ်လား....ငါလည်း အဲဒီလိုပဲ
ထင်ပါတယ် ဒါကို ဟိုမိန်းမတွေက
မသိဘဲ ခွင်းကို နင်က စကားသွား
ပြောတော့ ဟိုက အော်ပြီး ထားခဲ့တာတဲ့.. "
ထိုအခါ လှိုင်း မပီပြင်သော အပြုံးတို့
ဖြင့် ပြုံးကာ..
"သူတို့က ဒီလိုပါပဲ သူတို့မှ မရတာ..."
"ဟုတ်ပ..."
နှစ်ယောက်သားပြောပြီး ဝင့်ကတော့
အေးဆေးစွာမုန့်စားနေသလောက်
လှိုင်းမှာ ထိုနေ့က အဖြစ်အပျက်ကြောင့်
ရှက်စိတ်တို့ ဝင်နေတော့သည်။
ခွင်း သူမကို မမှတ်မိလို့ အခုလိုပြော
သွားတာလား ဒါမှမဟုတ် မူးနေလို့
များလား...ဘယ်လိုပဲ သူမအားပြောပြော
လှိုင်း သူ့အား အပြစ်မတင်ရက်ပေ။
တကယ်ပြောပြီး မထားခဲ့ခံရသောကြောင့်
ရှက်စိတ်ဝင်မိသော်လည်း သူမူးနေတာ
ဆိုသော အတွေးများဖြင့် စိတ်ထဲ ဖြေသိပ်
နေမိတော့သည်။
"လှိုင်း ငါတို့ ကျောင်းက နှစ်ဝက်
လောက်ဆို လေ့လာရေးခရီး
ပို့ပေးတယ်သိလား နင်နဲငါ လိုက်သွား
ကြမယ်နော်..."
"အင်းပါ...ပြီးတော့ ကျောင်းက
ဒုတိယနှစ်မှာ ဂုဏ်ထူးတန်းဝင်ရင်
နိုင်ငံခြား ပညာတော်သင်ပို့တယ်ဆို..."
"ဟုတ်တယ် အဲဒါက အရမ်းကြိုးစား
ရတယ်ဟ..ဘယ်သူများရမလည်း
ငါတော့ အရမ်းသိချင်လာပြီ..."
ထိုအခါ လှိုင်း မျက်နှာပေါ်တွင်
အပြုံးတို့က နေရာယူနေ၍...
"ငါကြိုးစားမယ်...အဲဒီနေရာရအောင်
ငါကြိုးစားမယ်ဝင့်..ငါတို့ ကြိုးစားခဲ့လို့
အခုလို ဆေးအမှတ်မှီခဲ့တာပဲ...ဒီမှာလည်း
မရနိုင်ဘူး နင်ထင်လို့လား..."
"သူက ဘက်စုံတော်ရမှာလှိုင်းရဲ့
Speaking လည်းကောင်းရမှာ..."
"အော် ငါလည်း ပြောတက်ပါတယ်
ပြီးတော့ ထပ်ပြီးလေ့လာရင် ရပါတယ်..."
"ဟုတ်ပါပြီ နင်ပဲဝင်ဖို့ငါမျှော်လင့်တယ်
ငါကတော့ တော်ပါပြီ ရိုးရိုးဆရာဝန်ပဲ
လုပ်တော့မယ်..."
လှိုင်းတစ်ယောက်တော့ ဆုံးဖြတ်ချက်
ခိုင်မာစွာဖြင့်....
----======================---^^^^^🍓🍓🍓🍓🍓🍓🍓🍓
ဒေါက်...ဒေါက်...
"သမီးနဲ့သားရေ ဖိတ်စာတွေလာကြည့်ပါ
အုံးကွယ်..."
အပြင်က တံခါးခေါက်သံနှင့်အတူ
မေမေအသံကြောင့် ချည်အဝတ်လဲ
ခန်းက ထွက်ပြီး ဆိုဖာပေါ်မှာထိုင်၍
သူမအား မျက်တောင်မခပ် မျက်ဝန်း
များမှေးစင်းကြည့်နေသော သူ့ကြောင့်
ချည် ခြေလှမ်းလေးများတုန့်သွားပင်မဲ့
လည်း မျက်စောင်းလေးထိုးကာ တံခါး
နားအား လျှောက်သွားလိုက်သည်။
လျှောက်တာလျှောက်ရသည် သူ့အကြည့်
များ ကပ်ပါလာသောကြောင့် ချည်မှာ
ကြက်သိမ်းများ တဖြန်းဖြန်းထ၍နှုတ်ခမ်း
လေးအား ဖိကိုက်ပစ်ပြီး စိတ်ထဲ မကျေမနပ်
ဖြစ်ကာ...
တောက်...တော်တော် အမြင်ကပ်ဖို့ကောင်း
တဲ့လူ...
ချည် စိတ်အားလျော့ချပြီး တံခါးဖွင့်ချိန်
အပြင်မှာ ပြုံး၍ ရပ်နေသော မေမေကြောင့်
ပြုံးကာ..
"မေမေ...အထဲ ဝင်ပါအုံး... "
ထိုအခါ ချွေးမဖြစ်သူအနောက်က
သားဖြစ်သူအား ကြည့်၍ ဒေါ်သက်ထား
ခေါင်းလေးရမ်းကာ..
"မဝင်တော့ပါဘူး သမီးရယ်...ဒီမှာ
ဖိတ်စာက ဒီဇိုင်း ၄မျိုး ကြည့်လိုက်ကြ
အုံးနော် မကြိက်ရင် မေမေတို့ ပြန်ရိုက်ပေး
မယ်..."
အဖြူရောင် ရွှေရောင် ငွေရောင် ခရမ်းရောင်
ဖိတ်ဖိတ်လဲ့နေ၍ တန်ဖိုးကြီးမားလောက်မည်
ဖြစ်သော ဖိတ်စာအား ချည် ယူ၍ ကြည့်ကာ..
"ချည် သဘောကျပါတယ် မေမေ..."
အေးလွန်းသော ချွေးမ ဖြစ်သူအား ဒေါ်သက်ထားကြည့်၍ ပြုံးကာ.
"ဟုတ်ပါပြီ အေးဆေးကြည့် မနက်ဖြန်
ဝတ်စုံအစမ်းဝတ်ဖို့ မေမေ ညနေပိုင်း.ချ်ိန်း
ထားတယ်နော်..."
"ဟုတ် "
"ဒါနဲ့ သား မင်းဘယ်မှ မသွားဘူးလား..."
ခွင်း သူ့အားမေးလာသော မိခင်ဖြစ်သူ
အား ကြည့်၍ ခေါင်းခါပြပြီး သူ့အား ကျော
ပေးထါးသော သူမကျောပြင်လှလှလေးအား
တစ်ချက်ကြည့်ကာ..
"သား plan ရှိလို့ ဘယ်မှသွားလို့
မရဘူးမေမေ..."
"ဗုဒ္ဓေါ....ထူးဆန်းလို့ပါလား..
ဒါဆို မေမေသွားတော့မယ်နော်..."
ဒေါ်သက်ထားပြောပြီး အောက်ထပ်သို့
ပြန်ဆင်းလာ၍ ခင်ပွန်းသည်လာရင်
ပြန်ပြောဖို့ အသင့်ပြင်ထားလိုက်တော့သည်။
မောင် သားလေးလိမ္မာနေပြီလို့ပြောရင်
ဘယ်လောက် အံ့သြသွားမလည်း...
ချည် ဖိတ်စာတွေအားကိုင်၍ သူ
မေမေအား အဓိပ္ပါယ် တွေဖြင့်
ပြောလိုက်သော စကားကြောင့်
မျက်နှာလေးမှာ ထူပူနေ၍ နှုတ်ခမ်းလေး
အား ဖိကိုက်ပစ်၍ သူ့အား မကျေမနပ်
ကြည့်လိုက်မိသည်။
ခွင်း ဘာမှ မဖြစ်သလို သူမအား
ကြည့်၍....
"လာလေ အတူတူကြည့်ရအောင်...".
စကားမများချင်သောကြောင့် ချည်
သူ့အနားလျှောက်သွားလိုက်သည်။
"ရော့....ကြည့်..."
သူ့အား ကမ်းပေးနေသော သူမအား
ခွင့် ကြည့်၍...လက်ကလေးကနေ
ဆွဲချလိုက်ပြီး ပေါင်ပေါ် ဆွဲတင်ထားကာ
ဖိတ်စာတို့အား အေးဆေးစွာကြည့်နေ
တော့သည်။
ချည် ရုတ်တရပ် သူ့အပြုအမူကြောင့်
သူ့ပေါင်ပေါ်ထိုင်ရက်ကလေး ရှိနေကာ
မနေတက်သဖြင့် မျက်နှာလေးမှာ
ရဲသထက်ရဲလာ၍...
"ခွင်း ရှင် ချည်ကိုလွတ် လွတ်လွတ်
လပ်လပ် ထိုင်ပါလား ..."
"ဒီအတိုင်းပဲ သဘောကျတယ်..."
"အို..ရှင်...ရှင်..."
ဗြန်း....
ရုတ်တရပ်လှုပ်လိုက်သော သူ့ကြောင့်
ချည် မျက်ဝန်းလေးတွေ ပြူးသွား၍
သူ့ရင်ဘက်ကြီးအား ရိုက်ချလိုက်တော့သည်။
သူမရဲ့ ရှက်နေသော အမူအရာများ
ကြောင့် ခွင်းပြုံးကာ..
"မင်း သဘောကျရဲ့လားချည်..."
"မကျဘူး.... "
ခွင်း မျက်ခုံးတွေ ပင့်တက်သွား၍..
"စောစောက မေမေကိုပြောတော့
ကျတယ်ဆို...."
"ဟုတ်တယ် အခုရှင့်ဟုတ်လို့ပြောတာ..."
"အဟက်...ဒါပင်မဲ့ မင်းသဘောကျပါတယ်..."
ချည် နှုတ်ခမ်းလေးအား မဲ့လိုက်ကာ...
"ရှင်နဲ့ ပတ်သတ်တဲ့အရာတွေဆို
ဘာမှ သဘောမကျဘူး..."
"အဟက် ဟုတ်လို့လား ကျတဲ့အရာ
တွေရှိပါတယ်..."
ဗြုန်း...
"လူယုတ်မာ.. "
"ဟား...."
သူ့ရယ်သံကြောင့် ချည်သူ့ရင်ဘက်အား
ထပ်မံ၍ ရိုက်ချလိုက်သော်လည်း
ရယ်သံက ပျက်မသွားပေ။
ထိုအချိန် ချည်တစ်ခုခုအား ခံစားမိ၍...
မျက်နှာလေးမှာ ထားစရာမရှိအောင်
ရဲတက်လာ၍...သူ့ပေါင်ပေါ်က အသည်းအသန်ထကာ...
"အို...ရှင်...ရှင် တနှာရူးပဲ..."
"ဘာ..."
သူ သူမအား မျက်မှောင်ကြီးကုတ်၍
ကြည့်နေသောကြောင့် ချည် ပစ်ပစ်နှစ်နှစ်
မျက်စောင်းထိုးပစ်ကာ..
"ရှင့်ကိုယ်ရှင် ပြန်ကြည့်..."
ထိုအခါ ခွင့် သဘောပေါက်သွာ၍..
"ဟား..ချည် မင်းနှာဘူးမပဲ
ဒီမှာ ဖုန်းကြီးပါ..''
"အို..."
သူ ဘောင်းဘီအိတ်ထဲက ထုတ်ပြသော
ဖုန်းကြောင့် ချည် မျက်နှာလေးရဲတက်လာ
၍ အခန်းအပြင်ဘက်ပြေးထွက်လာခဲ့တော့သည်။
ပြေးထွက်သွားသော သူမအားကြည့်၍
ခွင်းတစ်ယောက်တော့ အပြုံးတို့က
မရက်တန့်နိုင်။
----====------=-----==========---^^^^^🍓🍓🍓🍓🍓🍓🍓
"သမီးလေး...ဘာလိုချင်လို့လည်းကွယ်.. "
ချည် သူ့နဲ့မနေချင်သောကြောင့်
မေမေရှိရာလျှောက်လာ၍ ဘေးတွင်
ဝင်ထိုင်ကာ ခေါင်းလေးခါပြလိုက်သည်။
"မဟုတ်ပါဘူး မေမေ...ချည် ပျင်းလို့
ဆင်းလာတာ..."
"သားရော.."
"ဟို အခန်းထဲမှာမေမေ..."
"အဟွန်း ဟုတ်ပါပြီ...လာ
သမီးကို မေမေ ခြံထဲမှာ
ပန်းပင်တွေ လိုက်ပြမယ်.."
"ဟုတ်ကဲ့ မေမေ.. "
ပြောပြီး သားအမိနှစ်ယောက် ခြံထဲ
ဆင်းလာကာ...ဒေါ်သက်ထား သူမ
ပန်းပင်တွေအား ချွေးမဖြစ်သူကို
အားတက်သရော ရှင်းပြနေတော့သည်။
"သမီး ဒါက ဂျပန်က ပန်းမျိုးစေ့လေ
သူက အစေ့တောင် ၁နှစ်ထားရတယ်
တစ်နှစ်နေမှ အပင်စပေါက်တာကွဲ့. ."
အပြာရောင်အစေ့လေးအား သေချာ
စိုက်ပျ်ိုးထားသော ပန်းအိုးလှလှလေး
အား ချည်စိတ်ဝင်စားစွာကြည့်၍...
"သူက အပြာရောင်လေးနော်..."
"ဟုတ်တယ်သမီးရဲ့ သူက အပြာပင်
မဲ့ အပင်ပေါက်ရင် သူအခက်တွေက
အဖြူရောင်းသန်းပြီး အပွင့်တွေက
ရွှေရောင်လေ..."
ချည် တအံ့တသြလေးကြည့်၍..
"တကယ်လား မေမေ..."
"တကယ်ပေါ့...သမီး မကြာခင်
တွေ့ရလိမ့်မယ်..."
"မမလေး..အကိုလေးခေါ်ခိုင်း
လို့ပါ..သူနဲ့ပြောထားတဲ့ plan
စမယ်တဲ့...''
"ဟင်..."
ချည်ထိုစကားကြောင့် မျက်နှာလေး
မှာ တင်း၍ ရဲသွားကာ...နှုတ်ခမ်း
လေးအားဖိကိုက်ပစ်၍..
တောက်...လူယုတ်မာ...
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း