book

Index 17

အပိုင်း(17)❤❤

  • Author : Lwanchin
  • Genres : Romance, Drama

ချည် သူမအား စီးမိုးကြည့်နေသော

သူ့အား အလန့်တကြားပြူးကြည့်၍

လက်ကလေးဖြင့် သူ့ရင်ဘက်ကြီးအား

တွန်းထားမိတော့သည်။


ခွင်း သူမမျက်နှာလေးအား စူးစိုက်

စွာကြည့်၍ဆံပင်လေးအား သပ်တင်

ပေးလိုက်ကာ ပြုံး၍...


"ဘာလို့ လန့်နေတာလည်း..ခဏပဲကို..''


"အို မရဘူးခွင်း ငါအိပ်ချင်နေတယ်

ငါ့ကို တစ်ညလောက် နားခွင့်ပေးပါ..."


"မရလို့ဗျာ..."


"မင်း အရမ်း လူမဆန်တာပဲ..

လူမူရေးလေးဘာလေး နားလည်

လေ ...."


ချည် အိပ်ချင်တာရော ​ပြောမရတဲ့

သူ့ကိုရော ဒေါသဖြစ်လွန်းသဖြင့်

ပါးချချင်တာလည်း လက်ဝါးကို

ယားနေတော့သည်။


ခွင်း နှုတ်ခမ်းလေးဖိကိုက်၍ သူ့အား

ဒေါသတကြီးကြည့်နေသော သူမအား

ငုံ့မိုးကာကြည့်လိုက်သည်။


"ဒီမှာချည် ခင်ဗျားက ကျုပ်မိန်းမ

နော် ဘာကြောင့် ငြင်းနေရတာလည်း..."


"ငါ့မှာ ငြင်းပိုင်ခွင့်ရှိတယ် ခွင်း

ရှင့်ဘာသာ ယောကျာ်းမကလို့

ဘာပဲ ဖြစ်နေဖြစ်နေ အတင်းအကြပ်

အနိုင်ကျင့်ခွင့် မရှိဘူးဆိုတာ

နားမလည်ဘူးလား..."


"နားမလည်ဘူးဗျာ ကိုယ့်မိန်းမကိုယ်

ချစ်တာပဲ ဘာကို နားလည်ရမှာလည်း...

ချည် ခင်ဗျား စကားအရမ်းရှည်တာပဲ...

တိတ်တော့ဗျာ.. "


"အို ဟင့်အင်း ..."


ချည် ခေါင်းလေးခါရမ်း၍  ငုံ့ကျလာ

သော သူ့မျက်နှာကြီးအား အတင်း

လက်ကလေးဖြင့် တွန်းထားသော်လည်း

အားသန်လှသော သူ့ကြောင့် အနမ်းတို့အား

ခေါင်းလေးသာ ခါရမ်း၍ ရှောင်ရှားနေမိတော့သည်။


"ချည် မငြင်းနဲ့ကွာ...တစ်ခါထည်း..."


"ဟင့် ဘာတစ်ခါလည်း ရှင် ညလုံးပေါက်

မှာ ကျွန်မသိတယ်..."


သူမရဲ့ ရန်တွေ့စကားကြောင့်

ခွင်း အတင်းလိုက်နမ်းသောကြားက

ပြုံးယောင်သန်းသွားမိသည်။


"အဟွန်း မပေါက်ပါဘူး ခဏပဲ..."


"အို..မရဘူး.."


"မသိဘူး... လာကွာ ကြာတယ်.."


"အမေ့..."


ချည် ကိုယ်လေးအား ပေါ့ပါးစွာ ခါးလေး

ကနေ ပင့်ယူကာ မော့လာသော မျက်နှာ

လေးမှ နှုတ်ခမ်းဖူးဖူးလေးအား စုပ်ယူနမ်း

ရှိုက်သွားသော ခွင်း...


သူ့ရဲ့ကြမ်းတလှည့် နုတလည့်ကြား 

ချည် အလူးအလဲ အနမ်းခံနေရပြီး

အသက်ရူးကြပ်လာကာ..သူ့ရင်ဘက်ကြီးအား

အတင်းထူရိုက်နေသော်လည်း ခွင်းတစ်ယောက်ပန်းနှင့်ပေါက်သည့်အလားပင်။


"အွန်း ခွင်း တော်တော့..."


သူ့အနမ်းတို့မှ ခဏတာ လွတ်မြှောက်ချိန်

ချည် ခေါင်းလေးရမ်း၍ ငြင်းဆန်းသော်

ခွင်း သူမလည်ပင်းလေးအား ဖိကိုက်ပစ်လိုက်ကာ..


"ဘာမှတောင် မစရသေးဘူး.. "


"ရှင်..အာ့..."


ထပ်မံ၍ လည်ပင်လေးအားအကိုက်ခံ

လိုက်ရသော ချည် ကိုယ်လုံးလေးမှာ

တုန်တက်သွား၍ ချည်ညဝတ်ချည်သား

အင်္ကျီလေးရဲ့ ကြယ်သီးတို့အနား သူ့လက်တို့တိုးလာချိန်...ကြက်သိမ်းတွေပင်ထ၍ 

မျက်ဝန်းတွေပြူးကျယ်ကုန်ကာ..


"အာ့ ခွင်း ရှင်...ရှင်ရပ်လိုက်လို့

ပြောနေတယ်..."


ဗြုတ်...


"အို...''


အားချင်းမမျှသောကြောင့် ချည်အတင်း

ပင် ရုန်းကန်နေသောလည်း မွန်နေသော

ခွင်းတစ်ယောက် ကြယ်သီးတို့အား

စိတ်မရှည်စွာ ဆွဲဗြုတ်လိုက်ချိန် မျက်စီ

မျက်နှာပျက်၍ ယောက်ယပ်ခက်သွားသော

ချည်တစ်ယောက် မျက်ရည်တို့က ချက်ချင်း

ဝဲတက်လာ၍ လက်ကလေးက ခေါင်းအုံး

လေးသာ ဖိဆုပ်ထားတော့သည်။


ချည်ရဲ့ သဘောထားကိုမမေးမြန်းဘဲ

သူလိုချင်တာတစ်ခုပဲ ကြည့်တက်တဲ့

သူ့အား ချည် မုန်းပါသည်။


ခွင်း သူမရဲ့ မျက်ရည်တွေအား

အနမ်းများဖြင့်သာ ခြောက်သွေ့စေ

၍...


"မင်း မကြာခင် ကျင့်သားရသွားမှာပါ..

ကိုယ့်အထိအတွေ့တွေကြား...."


"ဟင့်အင်း ဟင့်အင်း...."


ချည် မျက်ရည်တွေကျ၍ ခေါင်းလေး

ခါရမ်းနေပင်မဲ့လည်း သွက်လှသော

သူ့လက်တို့က ဘယ်အချ်ိန်လှုပ်ရှား

လိုက်လည်း မသိ ချည်နှင့်သူကိုယ်ပေါ်တွင်

ခြံထဲသော ပါးလွှလွှ စောင်းဖြူကြီးမှ လွဲ၍

ဘာမှ မရှိတော့ပေ။


ထိုအတူ လှုပ်ရှားလိုက်သော သူ့ရဲ့အပြု

အမူ​​ကြောင့် ချည်တစ်ယောက် ခြေထောက်

လေးများ ကော့တက်သွားကာ နှုတ်ခမ်း

လေးအား ဖိကိုက်ပစ်ပြီး သူ့ကျောပြင်ကြီး

အား လက်သည်းများဖြင့် ဖိစိုက်ကာ ကုတ်

နေတော့သည်။


ထိုအတူ အပြင်ဘက်က ထူးဆန်းစွာ

ထွက်ပေါ်နေသော လမင်းကြီးသည်လည်း

သူတို့နှစ်​ယောက်အား ကြည့်ပြီး ရှက်လို့

ထင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွား၍ ကောင်းကင်ကြီးမှာလည်း မှောင်

မိုက်နေတော့သည်။


----------------------------------=----------^^^^^^🍓🍓🍓🍓🍓🍓🍓🍓


မနက်မိုးလင်းသော် မနက်စာဝိုင်း

တွင် ဦးတမာန်နှင့် ဒေါ်သက်ထား

စောစောထ၍ သူတို့အတွက်

မနက်စာပြင်ဆင်ပေးနေသောကြောင့်

မျက်နှာများမှာ အပြုံးတို့က ဖုံးဖိမရ။


"သမီး နောက်ရက် အခုလို အစောကြီး

မထနဲ့ကွယ်...သမီးက စားလည်း လုပ်ရသေး

ယောကျာ်းအတွက်လည်း ဝေရါဝစ္စက လုပ်ရသေးတယ် မေမေတို့အတွက်ပါဆို ပိုပင်ပန်း

ပါတယ်..."


ချည် ခေါင်းလေးအား ခါရမ်း၍..ယ


"ရပါတယ် မေမေ ချည် မပင်ပန်း

ပါဘူး ..."


ဒေါ်သက်ထား ခင်ပွန်းဖြစ်သူအား

တစ်ချက်ပြုံးကြည့်ပြီးမှ ချည်လေးအား

ကြည့်ကာ..


"သမီး မျက်နှာက နွမ်းနယ်နေပါလား

နေမကောင်းဘူးလား..."


ချည် ပြုံး၍ ခေါင်းလေးခါပြ၍

ပါးမုန့်ကြော်အားလှီး၍ လှပစွာ

ပြင်ထားသော ပန်ကန်လေးကို

မေမေတို့အရှေ့ချပေးလိုက်သည်။


"ချည်နေကောင်းပါတယ် မေမေ..

ဘာမှ မဖြစ်ပါဘူး..."


ဒေါ်သက်ထား သနပ်ခါးပါးကွက်ကြား

လေးနှင့် ဆံနွယ်အရှည်ကြီးကို

ရင်ဘတ်မို့မို့လေးထက် တစ်ပတ်လျှို

၍ ချထားကာ မြန်မာရင်ဖုံးခါးတိုဝမ်းဆက်

လေးဖြင့် လှပနေသော ချွေးမဖြစ်သူအား

ဂုဏ်ယူစွာကြည့်၍ ပြုံးနေမိသည်။


ထိုအချိန် ပန်ကန်ပြားလေးထဲထည့်ပေး

လာသော မွေးနေသော ထမင်းကြော်

အား ကြည့်၍...


"သမီး ထမင်းလည်း ကြော်ထား

တာလား..."


ချည် ခေါင်းလေးငြိမ့်ပြ၍...


"ဟုတ်တယ် မေမေရဲ့ မနက်တိုင်း

ကော်ဖီက ရိုးနေပြီလေ ဒါ့ကြောင့်

ရှမ်းထမင်း​ကြော်လေး ကြော်ပေးထါးတာ

ဒါက မုန့်ညှင်းချဥ်လေး ဖေဖေရောစားကြည့်

ချည် အိမ်မှာဆို ဖေဖေနဲ့မေမေကို ကြော်ကျွေး

နေကြလေ..."


မွှေးပျံ့၍ စားချင်စဖွယ် ထမင်းကြော်

လေးအား ကြည့်၍ ဒေါ်သက်ထား

ပြုံးကာ..


"မောင်ရေ သက်တို့တော့ ဘက်စုံတော်တဲ့

ချွေးမလေးကိုရထားတာ ဘယ်လောက်

ကံကောင်းလိုက်လည်း. ."


"ဟား...ဟုတ်တယ် သမီးရေ သမီးအမေ

သမီးကို ချွေးမတော်လိုက်တဲ့နေ့ထည်းက

ပြုံးနေတာ ပါးစပ်နားရွက်တပ်ချိုတ်မတက်

ဘဲ.... "


ဦးတမာန်၍ ရွတ်နောက်နောက်အပြော

ကြောင့် အားလုံးပြုံးမိသွားတော့သည်။


"မောင်နော် သက်ကိုပဲပြောမနေနဲ့

မောင်ကရော ဘာထူးလည်း သမီးချည်

သိလား သူ့အပေါင်းအသင်းတွေကို

သမီးချည် လေးအကြောင်းကြွားနေတာ

အခုထိ ကြွားတူံး..."


ချည် သူ့မအား အဖော်ညှိ့သလိုပြော

လာသော စကားကြောင့် လှပသော

နှုတ်ခမ်းလေးမှာ ပြုံးယောင်သမ်း

သွားတော့သည်။


သူမအား ချစ်ပေးကြတဲ့ ဖေဖေနဲ့မေမေ

ကြောင့် ချည် စိတ်သက်သာရာ ရနေတာ

ဖြစ်သည်။


"အန်ကယ်ကြီး ဧည့်ခန်းထဲမှာ ဖုန်း

လာနေပါတယ်ရှင့်...''


"အေးအေး..."


ဦးတမာန်စားနေရင်း ထရပ်ကာ...


"သက်နဲ့ သမီး စားနဲ့ကြနော်... "


"ဟုတ်ကဲ့ ဖေဖေ..."


ဒေါ်သက်ထား ခင်ပွန်းဖြစ်သူ ထွက်သွား

တော့မှ... ထမင်းကြော်စားနေသော

ချည်လေးအားကြည့်ကာ...


"သမီး သားက အခုထိ မနိုးသေးတာလား..."


"ဟုတ်...ဟုတ်ကဲ့ မေမေ...ချည်

ဆင်းလာတော့ မနိုးသေးဘူး.. "


ဒေါ်သက်ထား ခေါင်းငြိမ့်၍...


"သမီးကို မေမေ တစ်ခုလောက်အကူ

အညီတောင်းချင်တယ်ကွယ်...."


ချည် သူ့အကြောင်းပြောမှာ သိသော်လည်း

ငြင်းဆန်လို့မကောင်းသောကြောင့် ခေါင်းလေးအား ငြိမ့်ပြကာ...


"ဟုတ်ပြောပါ မေမေ..."


"သား အကြောင်းပါ...သားကို သမီးလေး

တစ်ခုခုဆို ဆုံးမပြီး စိတ်ရှည်ပေးပါ

ကွယ် သားက သမီးနဲ့သားက ချစ်လို့

လက်ထပ်ထားပြီးမှ မေမေတို့လည်း

စိတ်ချမ်းသာချင်တယ်ကွယ်..."


ချစ်လို့ဆိုသော စကားက ချည်အား

အသက်ရူကြပ်ချင်သလို ဖြစ်သွား၍

လူကြီးတွေအား စိတ်အညစ်စေချင်

သည့်အတွက် ချည်ခေါင်းငြိမ့်ကာ..


"ဟုတ်ကဲ့ ပါမေမေ ချည်ဘက်ကတော့

အတက်နိုင်ဆုံး မယားဝတ္တယား

ကျေပွန်အောင် နေသွားမှာပါ...."


"သက်ရေ... ဖိတ်စာတွေ ခဏနေရင်

ရောက်လိမ့်မယ် ယူထားလိုက်အုံး .."


ဦးတမာန်ပြန်ဝင်ထိုင်၍ ဇနီးဖြစ်သူအား

ကြည့်၍ ပြောလ််ိုက်စဥ်...ဒေါ်သက်ထား

ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်ကဲ့ မောင် မြန်သားပဲ... ''


"ဟုတ်တယ် မောင့် မိတ်ဆွေက ဟိုမှာ

ဖိတ်စာလုပ်ငန်းလုပ်တာလေ..."


"သြော်....ဒါနဲ့ သမီးလေး ဝတ်စုံတွေက

သဘက်ခါဆို အကုန်ရပြီနော် အစမ်းဝတ်

ကြည့်ဖို့ မေမေ အဲဒီရက် ချိန်းထား

တယ်နော် သမီးကျောင်းက ဘယ်ရက်သွား

မှာလည်း..."


"ချည် ကျောင်းကို မနက်သွားမှာ မေမေ. ."


"အွန်း ရပါတယ် ဒါဆိုလည်း မေမေ

ညနေ လာခိုင်းထားမယ်လေ.. "


"ဟုတ်...."


ချည် ခေါင်းလေးသာ ငြိမ့်ပြ၍

ထမင်းပန်ကန်လေးအား မွှေနေပြီး

စားချင်စိတ်မ မရှိတော့ပေ။


------------------------=---------------------^^^^^^🍓🍓🍓🍓🍓🍓🍓


ခွင်း မျက်ဝန်းတို့အား မဖွင့်ဘဲ

ဘေးက နေရာတစ်ခုက လက်ဖြင့် 

စိမ်းနေမိသည်။


 ဘေးက နေရာက လွတ်နေသောကြောင့်

မျက်ဝန်းတို့က အော်တိုပွင့်၍ခွင်းထ

ထိုင်ကာ လွတ်နေသေည သူမနေရာ

လေးအား ကြည့်ကာ စိတ်တို့က အလို

မကျစွာ..


"ကျစ် ဘယ်တွေသွားပြန်ပြီလည်းမသိဘူး

ဒီမိန်းမ ညက တော်တော်နဲ့ မအိပ်ရတာတောင်... "


ခွင်း ပြောပြီး မျက်မှောင်ကျုတ်ကာ

နေစဥ်...တခါးဖွင့်၍ မျက်နှာလေး

တည်က ဝင်လာသော သူမကြောင့်

သူပို၍ မျက်မှောင်ကုတ်သွားကာ..


"ဒါ ဘယ်က ပြန်လာတာလည်း

ချည်..."


ချည သူမေးတာ ကြားသော်လည်း 

ဖြေချင်စိတ်မရှိသောကြောင့် အဝတ်အစား

လဲခန်းဘက်သို့သာ လျှောက်လာလိုက်သည်။


"ဟိတ် ငါမေးနေတာလေ..."


"အို...ဘယ်လိုလုပ်လိုက်တာလည်း.. "


ခါးလေးကနေ ပင့်၍ ဆွဲလိုက်သော

ကြောင့် ချည် သူ့ရင်ခွင်ထဲ ပစ်ချသွား၍

ဒေါသ ဖြစ်ဖြစ်နဲ့ သူရင်ဘတ်ကြီးအား

ရိုက်ချပစ်လိုက်တော့သည်။


ဗြန်း...


ချည် ရိုက်သော်လည်း ချည်းခါးလေးအား

မလွတ်ပေးပဲ ကပ်သပ်၍ ဖက်ထားသော

သူ့အား ဒေါသတို့က အစိုးမရတော့ပေ။


ညက အဖြစ်အပျက်တို့နှင့်စုပေါင်း၍

ချည် ဒေါသတို့က အနိုင်ယူသွားကာ

သူမအား ဖက်ထားသော လက်တို့က

ဒေါသတကြီး ကုံးကိုက်လိုက်တော့သည်။


သူမ ဘယ်လိုပင် ရိုက်ရိုက် ကိုက်ကိုက်

နားကျင်ပုံမရသော သူ့အား ချည် ကြည့်၍..


"ရှင် ကျွန်မကို လွတ် ခွင်း..."


"ရိုက်လေ..."


သူမအား မျက်ဝန်းတို့မှေးစင်း၍ ကြည့်ကာ

ပြောလာသော သူ့အား ချည် ခပ်မဲ့မဲ့ ကြည့်ကာ..


"မရိုက်ဘူး ရှင်က လူမဟုတ်ဘူး..."


ခွင် ခပ်မဲ့မဲ့ပြုံး၍ သူမအား ကြည့်ကာ..


"အဟွန်း ဘာလည်း မနာတက်လို့လား

ကိုယ်လည်း လူပဲ နာတာပေါ့ ဒါပင်မဲ့

ချည်ကပေးတဲ့ ဒဏ်ရာကြောင့် ကိုယ်မနာ

ဘူး.. ပြီးရင် အလျော်ပြန်ယူလို့ရတာကို..."


ခပ်ရွဲ့ရွဲ့ပြောလာသော စကားတို့ကြောင့်

ချည် နှုတ်ခမ်းလေးအား ဖိကိုက်ပစ်၍

သူ့အား ကြည့်ကာ..


"ရှင့်ကို အဆိပ်ကျွေးရင်ရော ရှင်အခုလို

ငြိမ်ပြီး စားမှာလား..."


"အဟွန်း ဒါပေါ့ ချည် ကျွေးတယ်ဆို

ကိုယ်စားမှာပါ...."


"တောက်..."


အရှုံးမခံပြန်ပြောနေသော သူ့အား

ချည်ကြည့်၍..


"ရှင့်ကို အရမ်းမုန်းတယ်..."


ခွင်း သူမအားဖက်ထားသော

လက်တို့ ပို၍ တင်းကြပ်သွားကာ..

သူ့အား မကျေမနပ်ကြည့်နေသော

သူမအား ကြည့်၍ နဖူးလေးအား

နမ်းချိန် တစ်ဖက်လည့်သွားသော သူမ

မျက်နှာလေးကြောင့် ခွင်း ပါးလေးအား

ထပ်မံ၍ နမ်းရှိုက်လိုက်ကာ...


"မုန်းပါ..မင်းဆီက အချစ်ကိုလည်း

ငါမတောင်းပါဘူး..."


နှစ်ယောက်သား တစ်ယောက်အား

တစ်ယောက်ကြည့်၍ အကြည့်တို့

စစ်ခင်းနေကြတော့သည်။


ခဏအကြာ ချည် သူ့လက်တို့အား

အတင်းဖယ်ချ၍...သူမစာကြည့်စား

ပွဲနေရာလေးအား လျှောက်သွားသည်ကို

ခွင်း မျက်တောင် မခပ်တန်း ကြည့်နေမိ

သည်။


မြန်မာဝမ်းဆက်လေးနှင့် သနပ်ပါးကွက်

ကြားလေးက သူမကို အလှပိုတိုးစေကာ

သူနှစ်သက်သော သူမဆံနွယ်ရှည်ကြီးတ်ို့က

သူ့အား ရင်ခုန်သံတွေကို ပို၍ ဖြစ်ပေါ်လာစေ

သည်။


ချည် သူမအား ကြည့်နေသည်အား

သိသဖြင့် နှုတ်ခမ်းလေးသာ အသာ

ဖိကိုက်ပစ်၍ အံဆွဲလေးဖွင့်ကာ ဆေးကဒ်

လေးအား ထုတ်ယူ၍ သောက်မည့်အချိန်...


ဗြုန်း...


"အဲဒါ ဘာလုပ်တာလည်းချည်..."


"အို...ရှင်..."


သူ သူမလက်ကလေးအား ပုတ်ထုတ်

လိုက်သောကြောင့် ချည် ငြိမ်သက်သွား

သော ဒေါသတို့က ပြန်၍ အစပြုလာကာ

သူ့အား ခပ်စူးစူးကြည့်လိုက်ကာ..


"ရှင်..ဘာလုပ်တာလည်းခွင်း...."


ထိုအခါ ခွင်း သူမအား စူးရဲစွာ

ကြည့်၍..


"မင်းကို ငါဘာပြောထားလည်း

ချည် မင်းငါ့ကို အာခံပြီး ဒီဆေးတွေ

သောက်တာလားဟမ်း..."


ဒုန်း...


"သွားကွာ..ဒီလောက်သောက်ချင်တဲ့ဆေး

သွား...စမ်း..."


ဝယ်ထားသော ဆေးကဒ်တွေနှင့် သောက်လက်စဆေးကဒ်တွေအား ဖျက်စီးနေသော

သူ့ကြောင့် ချည် မျက်ဝန်းလေးတွေ ပြူး

ကျယ်ကုန်ကာ သူ့အနားပြေးသွားလိုက်ပြီး..


"ဟင့်အင်း..ခွင်း ရှင်ဘာလုပ်တာလည်း

ပေး ကျွန်မဆေးတွေ လူယုတ်မာရဲ့

ကျွန်မဘဝကို အတင်းယူယုံတင်မကလို့

ကျွန်မအိမ်မက်တွေကို ထပ်ပြီးဖျက်စီး

ပစ်မလို့လား လူယုတ်မာရဲ့..ဟီး....."


သူ့အား အတင်းထုရိုက်၍ ဆံပင်လေးတွေ

ဖရိုဖရဲနှင့် ရှိုက်ကြီးတငင်ငိုကာ သူ့ဖျက်စီး

ထားသော ဆေးကဒ်တွေအား အတင်းလိုက်

လု၍ ပြောလာသော သူမအား ခွင်း ကြည့်၍...


"မင်း ဒီမှာ ငါ့ကို ကြည့်စမ်းချည်...

မင်း မင်း ငါ့ရင်သွေးကို မွေးပေးဖို့

စိတ်ကူးမရှိရင် မင်းအိမ်မက်တွေလည်း

လူံးဝ ဖြစ်မလာစေရဘူးဆိုတာ ငါပြော

ရဲတယ်ချည် ခွင်းဆိုတဲ့ မင်းယောကျာ်း

ဘာလုပ်နိုင်တယ်ဆိုတာ မင်သိရင်

ငါ့သဘောထားကို မငြင်းဆန်နဲ့ချည်..."


"ဟင့်အင်း ဟင့်အင်း မယူဘူးဖယ်

လူယုတ်မာ ကျွန်မအသားကို မထိနဲ့

ဖယ်...လူယုတ်မာရဲ့ ဟီး...အဟင့်..

ဟင့်..."


သူမ ပခုံးလေးအား ကိုင်ထားသော

သူ့လက်တို့က အတင်းထုရိုက်၍

ခေါင်းလေး ခါရမ်းကာ ငိုနေသော

သူမကြောင့် ခွင်း အံကိုတင်းနေအောင်

ကြိတ်လိုက်ကာ မေးကြောကြီးများ

ထောင်လာကာ..


"မင်း မှတ်ထား မင်း ငါ့ရင်သွေး

မွေးကိုမွေးပေးရမယ်..."


အို...


ပြောပြီး လွတ်လိုက်စဥ် ရုန်းနေသော

အရှိန်ဖြင့် ချည် ကုတင်နား လဲကျသွားကာ

အခန်းအပြင်ဘက်ထွက်သွားသော

သူ့ကျောပြင်ကြီးအား မျက်ရည်တွေကျလာ၍

အံလေးကြိတ်ကာ ကြည့်နေမိတော့သည်။


"ဟီး...အဟင့်..ရှင့်ကို ချည် အရမ်းမုန်းတယ်

ခွင်း...."


----------==================^^^^^^🍓🍓🍓🍓🍓🍓🍓


မျိုးသစ် ခွင်းဖုန်းဆက်ပြီး barကို

ချ်ိန်းသောကြောင့် သူရောက်လာချ်ိန်

ဝိုင်းတစ်ခုတွင်  တစ်ယောက်ထည်း

ထိုင်ကာ သောက်နေသော ခွင်း ထင်းနေကာ

မိန်းကလေးများရဲ့ အကြည့်တို့ကလည်း

ထိုနေရာဆီသို့...


မျိုးသစ် သက်ပြင်းချ၍ အနား

လျှောက်သွားလိုက်သည်။


အနားရောက်ချိန် ဘေးတွင် ပုလင်းခွန်

တွေ ပုံနေကာ သောက်ထားတာ

အတော်များနေပုံရသော ခွင်းကြောင့်

သူမျက်ဝန်းတွေ ပြူးသွား၍...


"ခွင်း မင်း ဘာလို အခုလောက်အထိ

သောက်ထားရတာလည်းကွာ..."


မျ်ိုးသစ်အနားတွင် ဝင်ထိုင်၍ စိတ်ပူ

စွာပြောလိုက်ချိန် သူ့ဘက်သို့ ခေါင်းထောင်လာ၍ မျက်ဝန်းတို့ မှေးစင်း၍ ကြည့်လာသော

ခွင်း.. ယ


"အဟက်...မျိုးသစ် မင်းရောက်ပြီလား..

ရော့သောက်...''


ကမ်းပေးလါသော ဝိုင်ပုလင်းအား

မျ်ိုးသစ်ယူ၍ အရှေ့တွင် ပြန်ချထားကာ..


"တော်ပြီ ငါမ​သောက်တော့ဘူး

မင်း အရမ်းများနေပြီခွင်း အရင်က

မင်းအခုလ်ို သောက်တာ ငါမကြား

ဖူးပါးဘူး မင်း ဘာဖြစ်တာလည်း..."


"အဟွန်း အိမ်က မိန်းမကြောင့်..."


"ဘယ်လို...ခွင်း...ခွင်း မင်းဘယ်တော​က

မိန်းမ ယူသွားတာလည်း..."


မျိုးသစ် တအံ့တသြ မျက်ဝန်းတွေပြူ

၍ မေးလာစဥ် ခွင်း မျက်မှောင်ကုတ်ကာ..


"မင်း အရမ်း စပ်စုတဲ့ကောင်ပဲ...

ဘယ်က မိန်းမမှ မရဘူး ....

ငါပြန်တော့မယ်..."


"ဟ..မင်းကလည်းကွာ ငါ့ကိုကြ

ခေါ်ပြီး..."


"တော်ပြီး ငါ့မိန်းမ...သူမ တစ်ယောက်ထည်း..."


"ဟမ်း..."


ပြောပြီး တည်ငြမ်စွာ ထထွက်သွားသော

ခွင်းအား မျိုးသစ်ကြည့်၍ နားမလည်

နိုင်စွာဖြင့်သွားကာ...တစ်ယောက်ထဲ

ကျန်နေခဲ့သော သူ့မှာတော့ အရူးကြီးပမာ..


"ဒီကောင်း ဘာတွေ ပြောသွားတာလည်း

ဘယ်က မိန်းမလည်း..."


မျိုးသစ်ပြောပြီး တစ်ယောက်ထည်း

ခေါင်းကုတ်ကာ ကျန်နေခဲ့တော့သည်။


------------------------------=---==--^^^^^🍓🍓🍓🍓🍓🍓🍓🍓


ချည် သူ့ထွက်သွားပြီးထည်းက

အခန်းထဲက ဘယ်မှမထွက်တော့ဘဲ

ငိုနေကာ တစ်ကိုယ်လုံး နုံးချိချိဖြစ်နေသော

ကြောင့် ရေးဝင်ချိုးလိုက်သည်။


ရေချိုးနေရင်း သူမ ဝမ်းနည်းမှုကြောင့်

ပါးပြင်အထက် မျက်ရည်တို့ စီးကျလာ

ပြန်သည်။


ချည် ခေါင်းလေးခါရမ်း၍ အအေးပတ်

မည်ဆိုးသောကြောင့် ခပ်မြန်မြန်ပဲ

ချ်ိုးကာ သဘက်လေးပတ်၍

အခန်းအပြင် ထွက်လာချိန်..


"အမေ..."


ကုတင်ပေါ်တွင် ငုတ်တုတ်ကြီး

ထိုင်နေသော သူ့အား ချည် 

လန့်ကာ မျက်ဝန်းလေးပြူး၍

ကြည့်နေမိသည်။


ရေများ စိုနေသော သူမအား

ခွင်းကြည့်၍... မျက်မှောင်ကြီး

ကုတ်ကာ...ဘေးက တဘက်

ကြီးအား ယူ၍ အနားလျှောက်သွားလိုက်

သည်။


"ဘာလို့ အကြာကြီးချိုးနေတာလည်း

အအေးပတ်အုံးမယ် ချည်...''


ချည် စောစောက တင်းမာနေတာ

သူမဟုတ်သလို အခုတော့လည်း

ချည်အား စိုးရိမ်တကြီးပြော၍

ရေသုတ်ပေးနေသော သူ့အား ​ကြည့်ကာ..


"ရှင်....ရှင်....စိတ်ဆိုးနေတာမဟုတ်ဘူးလား..."


ထိုအခါ ခွင်းလှုပ်ရှားမှုတွေ ရပ်တန့်ကုန်ကာ..


"မင်း ကိုယ့်ကိုကလေးမွေးပေးမယ်

မဟုတ်လား..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: