book

Index 16

အပိုင်း(16)

  • Author : Lwanchin
  • Genres : Romance, Drama

"ရပြီ ကျွန်မအနားမလာနဲ့ခွင်း..."


"ဘာဖြစ်လို့လည်း..."


"ရှင့်ကို အရမ်သလန့်လွန်းလို့..

သွားရှင် ကျွန်မတစ်ယောက်ထည်း

နေပါရစေ တစ်လက်စထည်း

စာအုပ်လေး ယူပေးလို့ရမလား..."


ခွင်း သူမအား သေချာကြည့်၍

ခေါင်းငြိမ့်ပြကာ..သူမ စာကြည့်စာ

ပွဲပေါ်က စာအုပ်အချို့အား ယူပေး

၍ သူမအားကမ်းပေး​ကာ..


"ဒါတွေလား... "


"အင်း ဟုတ်တယ်..ရပြီ

ရှင် သွားစရာ ရှိရင်သွားနော်

ကျွန်မ စာကြည့်မလို့..."


"ကြည့်လေ ကိုယ်လည်း သွားစရာ

မရှိဘူး ထိုင်နေမှာ..."


ချည် သူ့ရဲ့ ကတ်သပ်သော အပြောကြောင့်

ဘာမှ ပြန်မပြောတော့ဘဲ စာအုပ်သို့သာ

အာရုံပို့ထားလိုက်တော့သည်။


"ချည် မင်း အရင်ကလည်း အခုလိုပဲ

နေတာလား..''


ချည် သူ့အား စကားမ​ပြောချင်သဖြင့်

စာကြည်နေသော်လည်း ကုတင်အား

အကျအနမှီ၍ ချည်အား ကြည့်ကာ

မေးလာသော သူ့စကားအား မကြားချင်

ယောင် ဆောင်ထားမိသည်။


ခွင်း သူမေးတာမဖြေသော သူမကြောင့်

ခပ်မဲ့မဲ့ပြုံးလိုက်၍..


"အဟွန်း ချည် မင်းနှုတ်ခမ်းလေးက..."


"ဒီမှာ ရှင်အပိုတွေပြောမနေနဲ့ခွင်း

ရှင့်မှာ အလုပ်မရှိဘူးလား ကျွန်မ

စာလုပ်နေတယ်လေ.. "


ဒေါသတကြီးအော်လာသော သူမကြောင့်

ခွင်း ပုခုံးတွန့်ပြကာ..


"ကိုယ်ကလား အဟွန်း အလုပ်မရှိဘူး

လေး ဒါပင်မဲ့အခုတော့ အလုပ်ရှိသွား

ပြီး မိန်းမကို ကလေးမွေးခိုင်းရမဲ့

အလုပ်...."


"ဘာ...!!!"


"ဟုတ်တယ် စာအုပ်ထဲမှာ မျိုးအောင်အောင်

ဘယ်လို လုပ်ရမလည်း ကြည့်ကြည့်ပါ

လား..... "


သူ့စကားကြောင့် ချည်မျက်နှာလေး

မှာ ရဲတွတ်နေ၍....သူ့အား မကျေမနပ်

ကြည့်ကာ..


"ရှင်...ရှင်..."


"ဘာလည်း ကိုယ်ပြောတာ မှားလို့လား

ယောကျာ်းယူပြီဆိုထည်းက ကလေးက

မွေးရမှာ ဆေးကျောင်းတက်လို့

ပါတဂူဖြစ်အောင် နိုင်ငံခြားသွားမယ်

ခေါင်းထဲ မထည့်နဲ့နော် ဒီနဲ့အခန်းပြင်

တောင် လွတ်ချင်တာမဟုတ်ဘူး.."


ဘုတ်...


"ဟာ..ချည် မင်း..."


သူ့အား စာအုပ်နဲ့ပေါက်၍ မျက်ရည်

တွေ ပါးပြင်ပေါ်စီးကျနေသော

သူမအား ကြည့်၍ ခွင်း မျက်မှောင်

ကြီး ကုတ်သွားတော့သည်။


"အဲဒါ..ဘာဖြစ်တာလည်း..."


"ရှင်...ရှင် အရမ်း တစ်ကိုယ်ကောင်း

ဆန်တဲ့လူ... ထွက်သွားသွား..."


"ဟ...ဘာဖြစ်လို့လည်း အမှန်ပြောတာ

ပဲလေ ဘာလည်း မင်းနိုင်ငံခြားသွား

ဖို့ တွေးထားလို့လား..."


"ဟုတ်တယ်..."


ခွင်းသူမရဲ့ အဖြေကြောင့် ခဏငြိမ်သက်

သွားကာ...


"လုံးဝပဲ ချည် မင်း သွားဖို့

လုံးဝမစဥ်းစားနဲ့ အခန်းပြင်တောင်

ကိုယ်မပါပဲ လွတ်ချင်တာမဟုတ်ဘူး..."


ချည် ပါးပြင်မှာ မျက်ရည်တို့

အား သုတ်၍..


"ရှင် အရမ်း တစ်ကိုယ်ကောင်းမဆန်

နဲ့ခွင်း ကျွန်မကို လက်ထပ်လိုက်တာ

နဲ့ ဘဝကိုပါ ချုပ်ကိုင်လို့ ရမယ်များ

ထင်နေလား..."


"ထင်ယုံတယ် မဟုတ်ဘူး ငါလုပ်

နိုင်တယ်ဆိုတာ မင်းကိုပြမယ်..."


"တောက်..."


"မင်း ငါ့ကို တောက်မခပ်နဲ့ချည်..."


"ဘာဖြစ်လည်း ကိုယ်ပါးစပ်နဲ့

ကိုယ်ခပ်တာ..."


သူ့အား မကျေမချမ်းပြောလာသော

သူမအား ခွင်းကြည့်ကာ..ခေါင်းရမ်း၍..


"ချည် မင်းနဲ့ ကိုယ်က လင်မယား

တွေ ဖြစ်နေပြီလေ ကိုယ့်စကား

နားထောင်ပါ...''


"နား မထောင်နိုင်ဘူး ရှင်ကျွန်မကို

အမိန့်လာမပေးနဲ့ ခွင်း..."


ခွင်း ဒေါသကြီးနေသော သူမ

အနားတိုးသွားကာ...


"ကောင်းပြီ မင်းကို အမိန့်မပေးဘူး

ဒါပင်မဲ့ မင်း ကိုယ့်ကို တစ်ခုတော့

လိုက်လျောရမယ်..."


ချည် သူ့အားကြည့်၍..


"ဘာလည်း.."


"ကလေးမွေးပေးရမယ်..."


သူ့စကားကြောင့် ချည်မျက်နှာ

ပျက်သွား၍ ခေါင်းလေးအားပြုတ်

ထွက်မတက်ခါရမ်းလိုက်တော့သည်။


"ဟင့်အင်း မဖြစ်နိုင်ဘူး ကျွန်မ

ကလေးမမွေးချင်သေးဘူး..."


"ဒါဆိုလည်း သွားဖို့ မမျှော်လင့်နဲ့ချည်

မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်

စဥျးစားပါ..."


ဒုန်း..


ပြောပြီး အခန်းပြင်ထွက်သွားသော

သူ့ကြောင့် ချည် ပါးပြင်သို့မျက်ရည်

တို့ကစီးကျလာတော့သည်။


ချည် အိမ်မက်က ဆေးကျောင်းပြီးအောင်

တက်ပြီး နိုင်ငံခြားမှာ ပညာတော်သင်

သွားဖို့ဖြစ်သည်။


အခုတော့ သူမ အိမ်မက်တို့ကိုစွန့်လွတ်

ရတော့မှာလား..


"ဟင့်အင်း ငါမစွန့်လွတ်န်ိုင်ဘူး..."


ချည်ခေါင်းလေးအားခါရမ်း၍

မျက်ရည် တို့ကပေါက်ခနဲကျလာကာ

တစ်ယောက်ထည်း ငိုနေမိတော့သည်။


-------=======================^^^^^🍓🍓🍓🍓🍓


"သား....ဘယ်လည်း..."


မှောင်နေပြီ ဖြစ်သောကြောင့်

တံခါးတွေ စစ်နေသော ဒေါ်သက်ထား

သားဖြစ် ဆိုင်ကယ်ဦးထုပ်ဆွဲ၍ဆင်းလာ

သောကြောင့် မျက်ဝန်းတွေပြူးသွား

၍ အထိန့်တလန့်လေး မေးလိုက်တော့သည်။


ခွင်း ဟဲလ်မက်အား ကိုင်၍ မိခင်

ဖြစ်သူအားကြည့်၍..


"ကိစ္စပေါ်လာလို့ မေမေ...တံခါးတွေ

ပိတ်လိုက်တော့ သားပြန်လာ

ဖြစ်ရင် သားနည်းသားဟန်နဲ့ 

ဝင်မယ်..."


"အို သားရယ် အချိန်လည်း ကြည့်ပါအုံး

၇နာရီ ထိုးနေပြီလေ သားအဖေသိရင်

ဒေါသဖြစ်နေအုံးမယ်ကွယ်..သမီးလေး

နဲ့ ရန်ဖြစ်တာလား..."


စိုးရိမ်၍ မေးလာသော မိခင်အား

ခွင်း ခေါင်းခါပြလိုက်သည်။


"မဟုတ်ဘူး မေမေ...သား အကြောင်

ပေါ်လာလို့ပါ ချည်ကိုလည်း ကြည့်ပေး

ထားပါအုံး..သားသွားပြီနော်..."


"အို..သား...."


ဝူး........


ဒေါ်သက်ထား သားဖြစ်သူအား

အနောက်က ခေါ်နေသော်လည်း

လျှင်မြန်လွန်းသော သားဖြစ်သူ

က ဆိုင်ကယ်ပင်မောင်း၍ ခြံကြီး

ထဲကနေ မောင်းထွက်သွားတော့သည်။


ဒေါ်သက်ထား သက်ပြင်းသာချ၍

ခေါင်းလေးခါနေစဥ်...


"အဲဒါ မင်းသားမဟုတ်လား

သက်...''


ဒေါ်သက်ထား ခင်ပွန်းဖြစ်သူအသံကြောင့်

ပုခုံးလေး တုန်တက်သွားကာ...


"ဟို..မ..."


"မောင််ကို မညာနဲ့သက်

သက်ရဲ့သား လုပ်ပုံ

အချိုးပြေလားမပြေလားကြည့်..

သမီးချည်လေးကို ဘယ်လောက်တောင်

မျက်နှာပူစရာကောင်းလိုက်လည်း..."


"မောင်ရယ် သားမကြာခင်ပြန်လာ

မှာပါ သက်လည်း သမီးလေးဆီ

သွားလိုက်ပါ့မယ်..."


"သူ့ဘာသူ ပြန်လာချင်လာ မလာချင်နေ..

ဟေ့...အကုန်လူံးခြံစည်းရိုးတံခါးကအစ

တံခါးမှန်သမျှ အကုန်သော့ပိတ်..."


ဦးတမာန် ဒေယသတကြီး အိမ်အကူတွေ

အား ပြော၍ အပေါ်ထပ်သို့ ဒေါသတကြီး

ပြန်တက်သွားတာအား ဒေါ်သက်ထား

မျက်နှာငယ်စွာကြည့်၍ သက်ပြင်းချကာ

သမီးချည်လေးဆီ တင်လာခဲ့သည်။


ချည် ဆိုင်ကယ်သံကြားတော့

သူထွက်သွားတာ သိလိုက်သော

ကြောင့် မျက်ရည်တို့အား သုတ်၍...


"သွားပေါ့ ပိုတောင်ကောင်းသေး

ဘယ်တော့မှ ပြန်မလာနဲ့ ဟင့်...."


ဒေါက်...ဒေါက်..


"သမီးချည် မေမေပါ..."


ယောက္ခမ ဖြစ်သူအသံကြောင့်

ချည် မျက်ရည်စတို့အား ပြောင်

စင်အောင်သုတ်၍...ထရပ်လိုက်ကာ

တံခါးအား အပြေးလေးသွား၍ 

ဖွင့်လိုက်ချိန်... သူမအား အကဲခပ်

စွာကြည့်နေသော မေမေကြောင့်

ချည် ခေါင်းလေးငုံ့လိုက်မိသည်။


ဒေါ်သက်ထား မို့အစ်အစ်လေး ဖြစ်နေသော

ချည်လေးရဲ့ မျက်နှာလေးကြောင့် သူမ

သိလိုက်ပြီ ဖြစ်သည်။


"သမီး မဆင်ပြေရဲ့လားဟင်...သားက

မကြာပါဘူး ပြန်လာမှာပါ သမီးရဲ့

အပြင်မှာ မအိပ်တက်ပါဘူးသားက..."


ချည်ခေါင်းလေးငြိမ့်ပြ၍...


"ဟုတ် ရပါတယ် မေမေ ချည်ဘာ

မှ မဖြစ်ပါဘူး...."


ဒေါ်သက်ထား ခေါင်းခါပြ၍..


"မေမေကို မညာပါနဲ့ သမီးရယ်

သားနဲ့ ရန်ဖြစ်ထားတာ မေမေသိပါတယ်

သားကိုလည်း မေမေဆူံးမပါ့မယ်ကွယ်..."


အခုလိုပြောလာတော့လည်း ချည်အား

နာလွန်းနေသည်။သူနှင့်သူမကြောင့်

မေမေတို့အား စိတ်မညစ်စေချင်ပါ။


ချည် ခေါင်းလေးသာခါရမ်း၍..


"မဟုတ်ပါဘူးမေမေ သူကိစ္စရှိလိူ့

သွားတာ ချည်ကိုပြောသွားပါတယ်

ချည်တို့ ရန်မဖြစ်ပါဘူး မေမေ..."


ထိုအခါ ဒေါ်သက်ထား သက်ပြင်းသာ

ချ၍...


"ဟုတ်ပါပြီကွယ် မေမေ ဘုရားရှစ်ခိုး

အူံးမယ်...သမီးလေးလည်း နားတော့နောိ.."


"ဟုတ် မေမေ..."


ချည် မေမေထွက်သွားမှ အိပ်ယာ

ဘက်ပြန်လျှောက်လာကာ သူ့အိပ်ယာ

ဘက်ကြည့်၍ မျက်စောင်းထိုးလိုက်ကာ..


"ရှင်အရမ်း လူတွေကို ဒုက္ခပေးတာ

ပဲခွင်း..."


------====================^^^^^🍓🍓🍓🍓🍓🍓🍓🍓


ဝို......


ဖြောင်း....ဖြောင်း ..ဖြောင်း...


🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼


မြူးကြွသော သံစဥ်များနှင့်အတူ

ကခုန်နေကြသော လူငယ်များ...


အရောင်းအသွေးစုံလင်လှစွာ

ဘီယာနှင့်ဝိုင်သောက်သူက

သောက်နေပြီး ကခုန်နေသော

သူများကလည်း ကခုန်နေလျှက်ပင်။


ထိုထဲတွင် ဝိုင်းတစ်ခုမှာ တစ်ယောက်ထည်း

ထိုင်၍ အကောင်းစားနိုင်ငံခြားအရက်ကို

သောက်နေသော ခွင်း ဘေးတွင်လည်း

သောက်ပြီးသား အရက်အခွင်များက

ပုံနေလျှက်။


မိန်းကလေးအများစု မျက်ဝန်းတွေက

အရည်သောက်ပြီး မူးနေတာတောင်

ချောမောပြီး ဆွဲဆောင်လွန့်းသော

သူ့ဆီ ခဏခဏရောက်နေကြတာ

အမှန်ပင်။


အနားတော့ ဘယ်သူမှ မသွားရဲကြပေ။


လက်ချောင်ရှည်ရှည်တို့က ပုလင်အား

ကိုင်၍ မော့သောက်နေပြီး ရင်ဘတ်မှာ

ကြယ်သီးအချိူ့ဖြုတ်ထားမှုကြောင့်

ဖြူဖွေးနေသော ရင်ဘက်ကြီးက

Sexကျစွာ ကြည့်ကောင်းလှသည်။


ဖွေးသော အသားအရည်ကြောင့် ဝတ်ထား

သော အင်္ကျီ အနီးရဲရဲနှင့် ဘောင်းဘီအနက်

ကြောင့် အများကြား ထင်နေတော့သည်။


ဆံပင်စတိုင်ကလည်း လူငယ်ဆန်စွာ

အရှေ့ဆံပင်အတိုများက နဖူး

ပေါ်ကျနေပုံကလည်း ကဗျာဆန်စွာ....


"လှိုင်း...လှိုင်း..ဟိုမှာ..."


အခုမှ ရောက်လာ၍ ကခုန်နေသော

လှိုင်း ဝင့်အသန်းအသန်လက်ညိုး

ညွှန်ပြမှု​ကြောင့် ကြည့်လိုက်ချိန်

မြင်လိုက်ရသော သူကြောင့်

မျက်နှာမှာ ဝင်းပသွား၍...


"ဝင့်...ငါ ခဏသွားအူံးမယ်.."


သီချင်းသံကြောင့် လှိုင်းအော်ပြောပြီး

သူ့အနား တဖြည်းဖြည်းလှပစွာ လျှောက်လာ

ခဲ့သည်။


ချပ်ကပ်နေသော ပေါင်လောက်တစ်ဆက်ထည်း အသားကပ်အင်္ကျီကြောင့် ခန္ဓာကိုယ်

ကောက်ကြောင်းမှာ ထင်ပေါ်နေ၍

ယောကျာ်းလေးများရဲ့ အာရုံအား လှိုင်း

တစ်ယောက် ဖမ်းစားထားတော့သည်။


လှိုင်း အမြဲတမ်းချောမောနေသော

သူ့အနား ဝင်ထိုင်၍ မူးနေသော

သူ့အား ကြည့်ကာ..


"ခွင်း... "


"ဘယ်သူလည်း..."


ရုတ်တရပ် အသံမာကာ

ခေါင်းထောင်လာသော

သူ့ကြောင့်  လှိုင်း လန့်သွား၍...


"ခွင်း ရှင်..ရှင် မူးနေတာ

မဟုတ်ဘူးလား..."


"လစ်လိုက်တော့....

ဘာအသံမှ မကြားချင်ဘူး..."


ထပ်မံ၍ ပြောလာသော

စကားကြောင့် လှိုင်း မျက်နှာလေး

ပျက်သွား၍.....


"ဟို လှိုင်းကို မမှတ်မိ..."


"ကျစ်....''


စကားပင် မဆုံးသေးပြောပြီး 

ထရပ်၍ ထွက်သွားသော

သူ့ကျောပြင်အား လှိုင်းတစ်ယောက်

ကြည့်၍သာ ကျန်နေခဲ့တော့သည်။ 


------------=---===============^^^🍓🍓🍓🍓🍓🍓


ခွင်း စိတ်ညစ်၍ သောက်နေပါသည်

ဆိုမှ လာရူပ်သောမိန်းမကြောင့်

သူ စိတ်ရူပ်စွာထလာ၍ ငွေရှင်းပြီး

အချ်ိန်လည်း လင့်နေပြီ ဖြစ်သောကြောင့်

သူဆိုင််ကယ်ပေါ်တက်၍ စက်နိုးကာ

ထွက်လာတော့သသည်။


ဝူး...


ဘယ်လောက်မူးသည့်ဘီယာ ဝိုင်

ဖြစ်ပါစေ မမူတက်တာ သူ့အကျင့်

ဖြစ်သည်။


အခုလောက်ဆို ချည်အိပ်ပျော်

နေလောက်ပြီ။မာနကြီးသော

သူမ သူ့ကို စောင့်နေမှာ မဟုတ်မှန်း

ခွင်း သိသည်။


ဝူး..


ဆိုင််ကယ်အား အရှိန်မြင့်လိုက်၍

ခွင်း မောင်းလာတော့သည်။


ခြံရှေ့အရောက် ပွင့်လာသောတံခါး

ကြောင့် ခွင်းပြုံးလိုက်မိသည်။


ဖေဖေက သူ့ကို ဘယ်လောက် စိတ်ဆိုး

ဆိုး အိမ်ကလူ အားလူံးကတော့ သူပြန်

အလာကိူ စောင့်၍ တံခါးဖွင့်ပေး တာ

ဖြစ်သညိ။


ခွင်း ခြံထဲ ဆိုင်ကယ်အား

တွန်း၍ ရပ်ထားလိုက်ကာ

တံခါး အသင့်ဖွင့်ပေးထါး

သောကြောင့် အသာဝင်၍

အခန်းရှိရာ တင်လာခဲ့သည်။


အခန်းထဲအရောက် သူ့အားကျောပေး

၍ အိပ်နေသော သူမအား ကြည့်၍

ခွင်း အနားကပ်သွားမိသည်။


သူ ဆံနွယ်ရှည်ကြီးအား ရင်ဘက်ပေါ်တင်၍

အိပ်ပျော်နေသော သူမအား ကြည့်၍

ပြုံးကာ..


"မင်း အရမ်းလှတယ်ချည် ဒါပင်မဲ့

တာဝန် မပြီးသေးလို့ မင်း အိပ်လို့မရသေးဘူး.. "


ပြောပြီး သူအင်္ကျီအားချွတ်၍

ဘေးသို့ပစ်ထုတ်လိုက်ကာ သူမကိုယ်လေးအား ဆွဲလည့်ပစ်ချိန်...ချည်မျက်ဝန်းလေး

များ အလန့်တကြားပွင့်လာ၍...


"အို..ရှင်..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: