သူ့အား မျက်ဝန်းပြူးပြူးဖြင့်
ကြည့်နေသော သူမအား ခွင်း
ကြည့်၍...
"ဒါလေးပြောတာ ဘာဖြစ်သွားတာလည်း
ယောကျာ်းမိန်းမ ယူမှတော့ ကလေးက
မွေးရမှာပဲလေ ဘာလည်း ချည်က ကလေး
မမွေးချင်သေးလို့လား ကျွန်တော်ကတော့
ကလေးလိုချင်တယ်..."
ချည်ကိုပြောခွင့်မပေးဘဲ သူကြီးပင်
ပြောချသွားသောကြောင့် ချည်သူ့အား
ဒေါသတကြီး ကြည့်နေမိသည်။
ဒီလူ နှာဘူးထယုံတင်မဟုတ် သူဖြစ်ချင်တာ
ပဲ သူသိတဲ့လူပါ။
"ရှင် ဦးနှောက်ရော ရှိရဲ့လား
ခွင်းမာန်ဟုန်း..."
"အဟွန်း ဘယ်လိုထင်လို့လည်း... "
"ရှင့်ကို အရူးလို့ပဲ ထင်တာ
ရူးတာတောင် ရှင်က ဘဝင်ရူး..."
ခွင်း လက်ပိုက်၍ သူမအား မျက်ဝန်းများ
မှေးစင်းကြည့်ကာ..
"အဲဒီအရူးကို အခုပဲ ချည်လင်တော်
နေရပြီမဟုတ်ရင် ချည့်ဗိုက်ထဲတောင်
ကိုယ့်ရင်သွေး အခုတောင်တွယ်နေလောက် ပြီ...''
သူ့စကားကြောင့် ချည် ဒေါသတွေအလိပ်လိပ်ထွက်လာကာ ထိုင်နေရင်း လက်သီးလေးအား
ကျစ်နေအောင် ဆုပ်ထားမိကာ ထရပ်လိုက်စဥ်...
"အာ့...."
နာကျင်မှုကြောင့် ပြန်ထိုင်ကျသွားကာ
ချည်မျက်နှာလေးမှာ ရှုံ့မဲ့နေတော့သည်။
ထိုအရာကိုမြင်တော့ ခွင်း အိပ်ယာမှ အသန်း
အသန်ထဖို့ပြင်စဥ်..
"အို...ရှင် ဘာထလုပ်မှာလည်း
အခုချက်ချင်း မထနဲ့နော်..."
မျက်နှာလေး လွဲ၍ပြောလာသော
သူမကြောင့် ခွင်းလှုပ်ရှားမှုတွေ
ရပ်တန့်သွား၍ မျက်မှောင်ကြီး
ကုတ်၍ ကြည့်ကာ..
"စောစောကပဲ ထခိုင်းပြီး အခုမထနဲ့ဆို
တော့ ချည်မင်းအမျိုးမျိုးပါပဲလား
ကိူယ့်ကို အိပ်စေချင်တယ်ပေါ့.. "
ချည် မျက်နှာလေးရဲသွား၍ သူ့အား
မျက်စောင်းထိုးကြည့်ကာ...
"ရှင်...ရှင် တနှာရူးအတွေးတွေးမနေနဲ့
ရှင် အောက်မှာ ဘာမှ မဝတ်ကသေး
လို့ပြောနေတာ..."
ထိုတော့မှ ခွင်းမျက်နှာကြီး ပြုံး
စေ့စေ့ဖြစ်သွား၍..
"အဟက် ဝတ်ထားပါတယ် ကိစ္စ
ပြီးထည်းက အဟွန်း..ဟွန်း..."
လူယုတ်မာအသံနှင့်ပြောလာသော
ကြောင့် ချည်ဒေါသတွေ မထိန်းန်ိုင်
တောက နှုတ်ခမ်းလေးအား ဖိကိုက်၍
နာတာပင် မတိမရတော့ဘဲ သူ့ဆီ
လျှောက်သွား၍ ဘေးက ဖက်ခေါင်းအုံး
ကြီးအား ဆွဲ၍ ရိုက်ချနေတော့သည်။
ဘုန်း..ဘုန်း...
"အဲဒါ ယုတ်မာအုံး...''
ဘုန်း...
"ဟာ...ချည်မင်းနော်..."
ခွင်း သူမ ခေါင်းအူံးနှင့်ထုတာအား
မရှောင်ဘဲ ဒီအတိုင်းငြိမ်ခံနေလိုက်သည်။
ဘုန်း...ဘုန်း...
ချည် ဒေါသတွေပြေသွားမှ ထုနေတာ
အရပ်လိုက်၍ သူမအား မချိုမချဥ်
ကြည့်နေသော သူ့ကြောင့် ခြေလှမ်း
လေးနောက်ဆုပ်သွားချိန်..
"ဒါ ဘယ်ပြေးမလို့လည်း လာခဲ့..''
"အို..လူယုတ်မာခွင်း..."
ချည်လက်ကလေးကနေ အကြမ်း
ပတမ်းဆွဲချလိုက်သော သူ့ကြောင့်
ချည် သူ့ဘေးတွင် ပက်လက်ကလေး
ဖြစ်သွားချိန် သူ ချည်ကိုယ်လေးအပေါ်
အုပ်မိုးလိုက်သောကြောင့် မျက်ဝန်းတွေ
ပြူးကျယ်ကုန်ကာ...
"ခွင်း...ရှင်..ရှင်..."
"သားရေ...ဒီမှာ ဒီဇိုင်း...အမလေး..."
"အမလေး..."
အခန်းထဲ ဦးဆောင်၍ ဝင်လာသော
မေမေတို့နှင့် အမျိုးသမီးတွေ
မျက်နှာတွေရဲတက်လာ၍
အခန်းအပြင် ပြေးထွက်သွားတာကို
ကြည့်၍ ခွင်းကတော့ ဘာမှ မဖြစ်သော်လည်း
သူ့ရင်ခွင်အောက်က ချည်တစ်ယောက်
တော့ မျက်ဝန်းလေးပြူးကာ မျက်ရည်
တို့က နားထင်အစပ်သို့ စီးကျနေတော့သည် ။
"ဟာ..ဘာဖြစ်တာလည်း ချည်ရာ
ကိုယ်တို့က ဟိုဟာလုပ်နေတာမှ
မဟုတ်တာ...မေမေတို့ ဘာမှမထင်ပါဘူး..."
"ဟင့်...ဟီး....အဟင့်...ဟင့်..."
သူ့အား ရန်တောင်ပြန်မတွေ့နိုင်တော့
ဘဲ ငိုချလိုက်သော သူမကြောင့်
ခွင်း ပြာယာတွေခပ်၍ မျက်ရည်တွေသုတ်
ပေးနေတော့သည်။
"ဟီး....အဟင့်
.အဲဒါ ရှင့်ကြောင့်...''
"ဟုတ်ပါပြီ အဲဒါ ကိုယ့်ကြောင့်
ဟုတ်ပြီလား..."
"ဟီး...အဟင့်...ဟင့်..."
-------------================^^^🍓🍓🍓🍓🍓🍓🍓
"အမလေး သက်ရယ် ဘာလို့ တံခါး
မခေါက်တာလည်း.. ''
ဒေါ်မြဖူး မျက်နှာမှာရဲ၍ ပြောလာ
ချိန် ဒေါ်သက်ထားတစ်ယောက်လည်း
မျက်နှာမှာ နီရဲနေ၍...
"သက်မှားတာပါ...ဒီက ညီမတို့ရယ်
မမတောင်းပန်ပါတယ် အိမ်ကသားကလေ
အရမ်းဆိုး..."
ထိုအခါ အားလုံးမှာ မျက်နှာကြီး
တွေရဲတွတ်နေ၍...
"ရပါတယ် မမသက်ရဲ့ ဘာမှ
မဖြစ်ပါဘူး..."
ထိုအခါ ဒေါ်သက်ထား သန့်ရှင်းရေး
လုပ်နေသော အေးပုံအား ကြည့်၍..
"အေးပုံ အပေါ်က နင့်အကိုလေးနဲ့
အမလေးကို ဝတ်စုံတိုင်းဖို့အတွက်
နဲ့ လက်ဝတ်ရတနာအတွက် ဒီဇိုင်နာ
တွေ ရောက်နေတယ်လို့...သွားပြော..."
"ဟုတ်ကဲ့ ဒေါ်လေး..."
"နေအုံး...အေးပုံ...''
အပေါ်ထပ် တက်ဖို့ပြင်နေသောအေးပုံ
ရပ်သွား၍...
"ဟုတ်ဒေါ်လေး ဘာဖြစ်လို့လည်းရှင့်..."
"အခန်းတံခါး ခေါက်ပြီးပြောနော်..."
"ဟုတ်ကဲ့...ဒေါ်လေး..."
အေးပုံ အပေါ်ပြန်တက်သွားတာကို
ဒေါ်သက်ထားတို့ မျက်နှာပူပူနဲ့သာ
ကြည့်နေမိသည်။
"ဟာ..ထိုင်ကြလေ မတ်တပ်ကြီး
တွေ သက်ရယ် ဧည့်သည်တွေကို
ဘယ်လိုထားနေတာလည်း..."
ဘာမှ မသိသော ဦးတမာန်နှင့်
ဦးနေရောင် ဝင်လာ၍ ပြောချိန်
ဒေါ်သက်ထား... ဧည့်သည်တွေ
အားဝေ့ကြည့်၍. .
"မဟုတ်ဘူး မောင်ရဲ့ သမီးလေး
ကို ကိုယ်တ်ိုင်ယူမလို့..."
"အဲဒါဆို အပေါ်ခေါ်သွားလေ သက်ရဲ့..."
"ဟို...သွားပြီးပြီမောင်ရဲ့ ခဏနေ
သမီးထွက်လာမှ အပေါ်က ဧည့်ခန်း
ကိုပြန်တက်တော့မယ်..."
"အင်း ကိုနဲ့ နေရောင် သားနဲ့သမီး
အတွက် ဖိတ်စာ ကိစ္စ စီစဥ်
အုံးမယ် အနက်ဖြန် ညနေ flight
နဲ့ ပို့မှာဆိုတော့..."
"ဟုတ်ကဲ့မောင်..."
ဦးတမာန် သူစာကြည့်ခန်းဆီကို
ဦးနေရောင်အား ခေါိ၍ တက်သွား
မှ အားလုံးသက်ပြင်းချလိုက်မိသည်။
ခဏအကြာတွင် အေးပုံပြန်ဆင်လာ
၍...
"ဒေါ်လေး မမလေးက အခုအပေါအထပ်
ဧည့်ခန်းမှာ ရောက်နေပါပြီ..."
ထိုတော့မှ အားလုံးပြုံးလိုက်မိ၍..
"ဒါဆို သက်တို့လည်း အပေါ်တက်ကြ
ရအောင်နော်..."
ပြောပြီး ဒီတစ်ခါတော့ စိတ်အေးလက်အေး
အပေါ်တက်လာပြီး ဧည့်ခန်းတွင် မျက်နှာ
တည်တည်လေးဖြင့် ခေါင်းလေးငုံ့ကာ
နေသော ချွေးမဖြစ်သူအား ဒေါ်သက်ထား
တို့ ကြည့်၍ မျက်နှာအား ပြင်လိုက်ကြကာ..
" သမီးချည်လေး... ဒီမှာလေ
သမီးတို့ မင်္ဂလာပွဲအတွက် ဝတ်စုံ
တွေ ချုပ်ပေးမဲ့ ဒီဇိုင်နာတွေလေ
ဒါက လက်စွပ်နဲ့ ရတနာဒဇိုင်းအတွက်..."
ယောက္ခမ ဖြစ်သူမိတ်ဆက်ပေးသော
အမတို့အား ချည်ပြုံးပြလိုက်မိသည်။
စိတ်ထဲတွင်တော့ စောစောက
ကိစ္စအား ရှက်စိတ်ကမပြေသေး
ပေ။
"ဒါဆို အမတို့ စတိုင်းကြရအောင်
ညီမလေး ဝတ်ဆုံက ၅ စုံ ညီမလေး
တို့ ဘယ်အရောင်တွေကြိုက်လည်း
ဆိုတာ ခဏနေရင် သတိုးသားလောင်း
နဲ့အတူရွေးနော်..လက်ဝတ်လက်စားကလည်း
အင်္ကျီ ဒီဇ်ိုင်းကိုတစ်မျိုး ဒီက အမက
ဆွဲပေးမှာ...ညီမလေး ကံကောင်းတာနော်..
အကုန်လုံးရဲ့အချစ်ကိုခံနေရတာ..."
ချည် မျက်နှာလေး ရဲ၍ သူမအား
စ၍ ကိုယ်တိုင်းနေသောကြောင့်
ရပ်ပေးလိုက်ကာ မျက်နှာလေး
မှာလည်း မတည်မပြုံးလေး
ဖြစ်နေမိတော့သည်။
ကိုယ်တိုင်းပြီးချ်ိန် အဝတ်အစားနမူ
နာဒီဇိုင်းတွေအား ဒေါ်သက်ထား
ဒီဇိုင်နာဆီသို့ပေး၍...
"ချုပ်မှာကတော့ ဒီပုံစံလေးတွေ
ချည်လေးက ကိုယ်လုံးရော လူလေး
ရောလှတော့ မေမေတို့ရွေးပေးတဲ့
အခုပုံစံလေးတွေနဲ့အရမ်းလိုက်မှာ
သမီးရဲ့...အရောင် တွေက အဖြူကို
ငွေရောင် နက်ပြာ ကောင်းကင်ရောင်
ရွှေရောင် ပြီးရင် အဝါတောက်တောက်လေး...
သမီးလေး သဘောကျရဲ့လား.. သားအတွက်
ကတော့ သမီးဝတ်ရုံနဲ့ လိုက်ဖက်တာ
စီစဥ်ရမှာ သားက အရက်ထဲက ကိုယ်တိုင်း
ရှိပြီးသားဆိုတော့ သမီးအတွက်ပဲတိုင်းရတာ..."
ချည် ခေါင်းလေးငြိမ့်ပြ၍...
"ဟုတ် ရပါတယ် မေမေ..."
မင်္ဂလာပွဲက အရင်က အေးဆေး
လုပ်မယ်ဆိုပင်မဲ့လည်း ဟိုလူ
ကြောင့် အခုတော့ ပွဲအရည်အတွက်
က ပို၍ များပြားသွားသည်။
"ရတနာ ဒီဇိုင်းကတော့ ဝတ်စုံ
နဲ့လိုက်ဖက်အောင် စိန်၊နီလာ
ပတ္တမြား ကျောက်စိမ်း ပုလဲ
တစ်ဆင်စာဆီ သမီးမေမေနဲ့
မေမေ စီစဥ် ထားတယ် ပုံလေးတွေ
သမီးကြိုက်မကြိုက်ကြည့်ကြည့်နောိ..."
ချည်လက်ထဲ လက်ဝတ်တန်ဆာ ဒီဇိုင်း
အား ကမ်းပေးလါသော မေမေကြောင့်
ချည် ယူလိုက်ကာ...ကြည့်၍...
"ဟုတ် ချည်သဘောကျပါတယ်
မေမေ...''
"လက်ထပ်ဆွဲရော သမီးတို့
စိတ်ကြိုက်ဒီဇိုင်းရှိလား..."
မေမေ အမေးကြောင့် ချည်ခေါင်းလေး
ပင်ခါပြ၍..
"မရှိဘူး မေမေ ချည်က အကုန်
အဆင်ပြေ ပါတယ်..."
ဒေါ်သက်ထားနှင့် ဒေါ်မြဖူး
အေးလွန်းသော သမီးလေး
ကြောင့် ပြုံးလိုက်ကာ...
"သမီးရယ်...လက်ထပ်လက်စွပ်ဆိုတာ
တစ်သက်မှာ တစ်ခါပဲ လုပ်ရတာ
ဒါတော့ သမီးနဲ့သားကိုယ်တိုင်
ရွေးချယ်ရမယ်လေ..."
"ဒေါ်လေး ဒါ အကိုလေးပေးခိုင်း
တဲ့ ဒီဇိုင်းပါ...."
ထိုစဥ် စာရွက်အထူလေးအားယူ၍
လာပေးသော အေးပုံကြောင့်
ဒေါ်သက်ထား ယူ၍ ကြည့်ကာ မျက်ခုံးတွေ
ပင့်တက်သွားပြီး ပြုံးလိုက်မိသည်။
"ဖူးရေ ကြည့်ပါအုံး သားက
လက်စွပ် ဒီဇိုင်း ကိုယ်တိုင်ဆွဲထား
တာပဲ..."
ဒေါ်မြဖူးအပါအဝင် အားလုံးကြည့်၍..
"လှလိုက်တာ ဒါပ စိန်ကို ရံထားတာ
ပဲ သမီးလေးနဲ့လည်း လိုက်တယ်
သားအတွက်ကလည်း ရိုးရှင်းပြီး
လှတယ်..."
"ဟုတ်ပ မမသားကတော့ ဆွဲတက်လိုက်တာ
သူ့သတိုးသမီးအတွက်ကို ကြည့်ပါအုံး
အားလုံးကြည့်၍ ပြုံးကာ
သူ့အားချီးကျူးနေကြပင်မဲ့လည်း
ချည်တစ်ယောက်တော့ တည်တည်လေး
ပင် ထိုင်နေတော့သည်။
ဒေါ်သက်ထား အခုလို သမီးလေး
အပေါ် သိတက်လွန်းသောကြောင့်
စိတ်ထဲ ဒီတစ်ခါတော့ ချီးကျူးမိသည်။
အဟွန်း တော်လိုက်တဲ့သား...
-----------=---=--==--------============^^^^^^^🍓🍓🍓🍓🍓🍓
"လှိုင်း နင်တွေ့မိလား...."
"ဘာကိုလည်း..."
လှိုင်းနဲ့ ဝင့် ကျောင်းဝန်းကြီးထဲက
စားသောက်ဆိုင်ထံတွင် ထိုင်မုန့်စား
နေတာ ဖြစ်သည် ။
ရုတ်တရပ် ဝင့်ပြောလာသော
စကားကြောင့် မျက်ခူံးတွေ
ပင့်တက်သွား၍ လှိုင်း
ပြန်လည်မေးလိုက်ချိန် ဝင့်
သက်ပြင်းလေးချ၍..
"ဟိုရက်က ဆံပင်အရှည်ကြီးနဲ့
မိန်းကလေးလေ..သူ့ကို ငါဒီရက်ပိုင်း
မတွေ့မိဘူးလို့..."
ထိုအခါ လှိုင်း မျက်နှာအား မဲ့လိုက်၍..
"ပြန်ပြေးပြီ နေမှာပေါ့..အဟွန်း...."
"အော်လှိုင်းရယ် နင်ကလည်း
အဲဒီတစ်ယောက်ကိုဆို အကောင်း
မမြင်ဘူး..."
"နင်လည်း သိရဲ့သားနဲ့ ဝင့်ရယ်
ငါသူ့ကို ဘယ်လောက်မုန်းလည်း
ဆိုတာ.."
"ဟုတ်ပါပြီ ဒါနဲ့ နင်ငါ့ကိုပြောစရာ
ရှိတယ်ဆို.."
ထိုအခါ လှိုင်း ချက်ချင်း မျက်နှာ
မှာ ပြုံးသွား၍...
"ငါ..ငါသူနဲ့ ထပ်စုံတယ် ဝင့်...''
"ဟင်...ဘယ်သူလည်း.. "
"အဟွန်း ခွင်းနဲ့...."
"ဘယ်လို.. ဘယ်မှာလည်း..."
အသည်းအသန် ထမေးလေးသော
ဝင့်ကြောင့် လှိုင်းပြုံးကာ...
"မနေ့ကညက ငါကားပျက်နေတာ
သူဝင်ကူညီပေးသွားတာ ပြီးတော့
ငါ့ကို ကြည့်တဲ့ အကြည့်တွေကလေ
ရင်ဖ်ိုဖို့ကောင်းလိုက်တာဟာ..."
"တကယ်ကြီးလား လှိုင်း ဒါဆို
ခွင်းက နင့်ဆီမှာ ကျရှုံးတော့မယ်
ဆိုတဲ့သဘောလား..."
လှိူင်း ဘာမှပြန်မဖြေဘဲ ပြုံးယုံသာ
ပြုံးနေပြီး...
"သဘောမဟုတ်ဘူးဝင့် မကြာခင်
သူက ငါ့လူဖြစ်လာတော့မှာ..."
"အို..ပိုင်လှချီလား...လှိုင်းရယ်..."
"အဟွန်း ငါက လှိုင်းလေး
အခြားသူမှ မဟုတ်တာ..."
လှိုင်းပြောပြီး အအေးပိုက်လေး
အား နှုတ်ခမ်းလေးဖြင့် ထိ၍ ငုံ့သောက်လိုက်ကာ ရင်ထဲတွင်တော့ သူ့အကြောင်း
ပြောတာတောင် တဖြတ်ဖြတ်ခုန်နေတာ
သူမကိုယ်သူမ သတိထားမိလိုက်တော့သည်။
မရတော့ဘူးခွင်း ရှင်လှိုင်းရဲ့ နှလုံးသား
ကိုခိုးသွားပြီ...
-----===================^^^^^🍓🍓🍓🍓🍓🍓🍓
"ဒါဆို မမ ကျွန်မတို့ပြန်ပြီနော်..."
"ကောင်းပါပြီကွယ်.."
အားလုံးပြီးစီးချိန် ဒီဇိုင်နာ
အမတွေ နှုတ်ဆက်ပြီး
ပြန်သဖြင့် ဒေါ်သက်ထား တို့
အိမ်အောက်လိုက်ပို့ပေးနေတော့သည်။
ချည် အခန်းထဲ မဝင်ချင်သော
ကြောင့် ထိုနေရာမှာပဲ ကပ်သပ်၍
ထိုင်နေမိသည်။ ယ
ထိုအချိန် ချည့်အနား အချိန်ကိုက်
လျှောက်လာသော သူ့ကြောင့်
ချည် မမြင်ချင်ယောင်ဆောင်၍
မျက်နှာလေး လွဲထားလိုက်မိသည်။
ခွင်း သူမပုံစံလေးကြောင့် ပြုံး၍
အနားတ်ိုးသွားကာ..
"ပြီးရင် အခန်းထဲ ပြန်ဝင်ကြမယ်
ချည်...''
"အို..မင်း..."
ပြောပြီး ချည်ကိုယ်လုံးလေးအား
ပွေ့ချီ၍ အခန်းရှိရာသို့ ခေါ်လာသော
သူ့အား ချည် ပြောချင်စိတ်ကုန်ကာ
ငြိမ်သက်၍သာ လိုက်ပါခဲ့လိုက်သည်။
ထိုအချိန် အပေါ်ထပ်ပြန်တက်လာသော
ဒေါ်သက်ထားနှင့် ဒေါ်မြဖူး
မျက်ဝန်းပြူးကာကြည့်၍...
"သက် ဖူးသမီးလေး အခန်းထဲ
ပါသွားပြန်ပြီ..."
ဒေါ်သက်ထား မျက်နှာပူ အားနာစွာ..
"ဟုတ်ပါရဲ့ ဖူးရယ်..သားက
တော်တော်ဆ်ိုးတာပဲကွယ်..."
ပြောပြီး နှစ်ယောက်သား မျက်နှာ
နီနီဖြင့်သာ အောက်ထပ်ပြန်ဆင်း
လာ၍ ဒေါ်သက်ထား သားတော်မောင်ထံ
မေတ္တာပို့နေမိတော့သည်။
တော်တော် နှာဘူးထတဲ့သား...
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း