book

Index 14

အပိုင်း(14)❤❤

  • Author : Lwanchin
  • Genres : Romance, Drama

သူ့အား တအံ့တသြကြည့်နေသော

သူမအား ခွင့်ငုံ့ကြည့်၍..


"ကြည့်မနေနဲ့ တကယ်ထည့်ပေး

စေချင်လို့လား..."


"မင်းက အရမ်းယုတ်မာတာပဲ..."


ချည် သူ့အားမော့ကြည့်ကာ

ခပ်မဲ့မဲလေး အနိုင်ပိုင်းစွာ

ပြောလိုက်တော့သည်။


"အဟက်... အဲဒီလူယုတ်မာ

ကိုချည် ယောကျာ်းတော်ထား

ရတာ မဟုတ်ဘူးလား..."


ချည် သူ့အပြောကြောင့် နှုတ်ခမ်း

လေးဖိကိုက်၍ သူ့အား မကျေမနပ်

ကြည့်နေမိသည်။


"ဘာလည်း မကျေနပ်ရင်း လမ်းဆင်း

လျှောက်မလား ရတယ်နော်..."


သူမ မလျှောက်နိုင်မှန်းသလို သက်သက်

အကျင့်ယုတ်ကာပြောလာသော သူ့အား

ချည် ဒေါသတွေ အလိပ်လိက်ထွက်လာတာ

ကို မနည်းအောင့်အီးထားရသည်။


"သား သမီးကို ဘယ်ကိုခေါ်သွား

မလို့လည်း...'


"အခန်းထဲ မေမေ ဆေးလိမ်းပေးမလို့..."


သားဖြစ်သူအပြောကြောင့် မိခင်နှစ်ယောက်

လုံး ကျေနပ်စွာပြုံးသွားကြတော့သည်။


ချည်တစ်ယောက်တော့ ပြုံးနေသော

သူ့အား ပို၍ အမြက်ကပ်လာကာ...


"ရှင် သွားမှာလား မသွားဘူးလား...".


"အော် မိန်းမရယ် အော်ရလား

အခန်းထဲ အရမ်းသွားချင်နေတာ

လား...လိုက်ပို့ပေးမယ်နော်...''


ချည်သူ့အားပြောလိုက်သော

အသံလေး ဒေါသပါပြီး ကျယ်

သွားသောကြောင့် အားလုံးပြုံး

စေ့စေ့ဖြစ်ကုန်ကြကာ သူစကားကြောင့်

ရော အားလုံးက ချည့်အား ဘယ်လိုမြင်

သွားမည်လည်း။


ဒါ သက်သက် ချည့်ကို အရှက်ခွဲတာ။ချည်

အပေါ်ထပ် ထက်လာ၍ ချည်အား ပွေ့

ထားလျှက် ပြုံးနေသော သူ့အား နှုတ်ခမ်း

လေး ဖိကိုက်ကာ ကြည့်လိုက်မိ၍...


"ရှင့်လို လူယုတ်မာ တစ်ခါမှ

မတွေ့ဖူးဘူး...''


"အခု တွေ့ဖူးပြီ မဟုတ်လား..."


"ရှင်က အရမ်းမုန်းဖို့ကောင်းတာ..."


"အဟက်..ချစ်ပါလို့လည်း မပြောပါဘူး..."


"လူယုတ်မာ..လူ့ဂွစာ..."


"ကိုယ်ဂွရှည်ပါတယ်..."


"ခွင်းမာန်ဟုန်း..."


"အော် မိန်းမရယ် ယောကျာ်း

ဒီမှာလည်း.. "


"တောက်..."


ထိုအချိန် အခန်းထဲရောက်လာသော

ကြောင့် ချည့်ကို ဆိုဖာပေါ်ချပေးချ်ိန်...


ခွပ်...


"အား...ချည်...မင်း..."


ချည်ဆိုဖာစားပွဲပေါ်က အလှပန်ကန်

စောင်းနှင့် သူ့ခေါင်းအား ခေါက်ချလိုက်

ပြီး နာကျင်နေပြီး ချည်အား မကျေမနပ်

ကြည့်နေသော သူ့အား ချည် ခပ်မဲ့မဲ့

ပြုံး၍...


"ဘယ်လိုလည်း နာမှနာရဲ့လားဟင်...

အဟင်း..."


သူမ သူ့အား ရိုက်လိုက်ရလို့

ပျော်ကာ သွားလေးတွေပေါ်

အောင်ပြုံးလိုက်သော သူမလေး

အား ခွင်းကြည့်လိုက်မိသည်။


"အဟွန်း...ကိုယ်အရင်က ပြောထားတာ

ပါးတစ်ချက်အတွက် အနမ်းတစ်ပွင့်

အခုက ပါးမဟုတ်ဘူး ခေါင်းဆိုတော့... "


ခွင်းပြောပြီး မျက်နှာလေးပျက်နေသော

သူမအား ငဲ့ကြည့်ကာပြုံး၍

သူမ ရင်ညွှတ်လေး အထက်

မျက်ဝန်းတို့ ရောက်သွားချိန်...


"အို...ရှင်...ရှင် တနှာရူးပဲ...''


ချည် ရင်ဘတ်လေးအား လက်ကလေး

ဖြင့်ယှက်၍ သူ့အကြည့်တို့အား သဘော

ပေါက်ကာ ဒေါသတကြီး ပြောလိုက်တော့သည်။


ခွင်း သူမရဲ့ ​ဖြစ်ပျက်နေသော ပုံလေးအား

တည်ငြိမ်စွာကြည့်၍...


"အဟက်...ဒါဆို ဘာလို့ ကိုယ့်ခေါင်း

ကိုရိုက်တာလည်း..."


"ရိုက်ချင်လိူ့ ရိုက်တာ..."


"အဲဒါဆို ကိုယ်ကလည်း နမ်းချင်

လို့ နမ်းတာကွာ..."


"အို...ရှင်...ခွင်း..ရှင်ဘာလုပ်တာလည်း..."


"ခေါင်းရိုက်တဲ့ အခယူတာ..."


ပြောပြီး ချည်ရဲ့ အသည်းအသန်

ရှောင်နေသော နှုတ်ခမ်းလေးအား

ခွင်းတစ်ယောက် ရန်ရှာနေ၍....

လက်တို့က ရင်ဘက်လေးက 

ကြယ်သီးလေးတွေဆီ လှမ်းလိုက်ချ်ိန်..


"အမေ့ ခွင် ရှင်နော်...ကျွန်မ

တစ်ကိုယ်လုံးနာနေတာ ရှင်ကန်းနေတာ

လား..."


"အဟွန်း မနာတဲ့နေရာတွေရှိတာပဲ

ခဏပဲ...''


ဗြုတ်...


"အမေ့ရေ...မင်းလူယုတ်မာ..အွန်း..."


သူပြောပြီး ချည်အင်္ကျီကြယ်သီးအား

ဖြုတ်လိုက်ချ်ိန်  ချာ်အလန့်တကြား

အော်လိုက်သော်လည်း နှုတ်ခမ်းလေး

ကိုပါ သိမ်းပိုက်သွားသော သူ့ကြောင့်

ချည် သူ့ရင်ခွင်ထဲ မရုန်းသာ မလူးသာ

ဖြစ်နေရတော့သည်။


ထိုအချိန် အခန်းအတွင်းရှိ လိုက်ကာတို့

သည်လည်း အော်တို ပိတ်သွားလျှက်။


-----==============--=-🍓🍓🍓🍓🍓🍓🍓🍓🍓🍓


"ဒေါ်ဒေါ် ဧည့်သည်တွေရောက်နေပါတယ်..."


ဒေါ်သက်ထား မီးဖိုထဲ ဖူးနှင့်အတူ

သိမ်းဆည်းနေချိန် အိမ်အကူကောင်မလေး

လာပြောသောကြောင့် ခေါင်းငြိမ့်ကာ..


"ဟင်..သမီးလေးအတွက် ခေါ်ထားတဲ့

ဒီဇိုင်နာတွေထင်တယ်...လာဖူး

သက်တို့ သွားရအောင်....''


"အင်း သက်..."


"အော် အေးပုံ ဧည့်သည်တွေ အတွက်

မုန့်နဲ့ ကော်ဖီ ချပေးနော်..."


"ဟုတ်ကဲ့ ဒေါ်ဒေါ်..."


ဒေါ်သက်ထားနှင့် ဒေါ်မြဖူး

ဧည့်ခန်းဆီ ထွက်လာလိုက်သည်။


ဦးတမာန်နှင့်နေရောင်ကတော့

ရေးကူးကန်နားကအရိပ်မှာ

နှစ်ယောက်သား ကျားကွက်

ထိုးနေကြသည်။


"စောလိုက်လား...သဒ္ဒါ..."


"ဟုတ်တယ် မမသက်ရယ်...

စောစောပဲ လာလိုက်တာ 

မင်္ဂလာပွဲကလည်း နီးနေတော့..."


"ဟုတ်ပါပြီ...ဖူး ဒါ သက်တို့

အမြဲအပ်နေတဲ့ နာမည်ကျော်

ဒီဇိုင်နာ..သဒ္ဒါ တဲ့...သဒ္ဒါ ဒါက

မမသက် သူငယ်ချင်းလည်း

​ဖြစ်တယ် ခမည်းခမက်လည်း

ဖြစ်တယ်..."


"အင်း... ဒီကအမကိုမြင်ထည်းက

သတိုးစမီး ဘယ်လောက်လှမလည်း

ဆိုတာ မှန်းကြည့်စရာတောင် မလိုတော့

ပါဘူး..."


သဒ္ဒါ အပြောကြောင့် ဒေါ်သက်ထား

နှင့် ဒေါ်မြဖူး ပြုံးနေမိတော့သည်။


"ဒါနဲ့ သတိုးသမီးရော..."


"ခေါ်ပေးမယ် သဒ္ဒါ ဒါပင်မဲ့ သမီးလေးက

မနက်က ခြေထောက်နာလို့တဲ့ကွယ်

အဲဒါ သဒ္ဒါပဲ အပေါ်ကိုလိုက်ပြီး

တိုင်းပေးပါကွယ်..."


"ရပါတယ် ...သဒ္ဒါ သတိုးသမီးလေး

ဆီ လိုက်တိုင်းပေးမယ်လေ..."


"ဟုတ်ပါပြီ အရမ်းလှအောင်ချုပ်ပေး

ရမယ်နော်....သက်ရဲ့ချွေးမက အလှ

ဆုံးဖြစ်နေရမှာ....''


"စိတ်ချ သဒ္ဒါလက်ရာကို စိတ်ချလိုက်

ဒါနဲ့ ဘယ်နှစ်စုံချုပ်ရမှာလည်း.."


"အင်း ဆွမ်းကပ်ကတစ်စုံ

ဧည့်ခံပွဲကြီးကတစ်စုံ

ညဘက် ဧည့်ခံမှာကတစ်စုံ

Dinnerပြီးတော့ လူငယ်တွေ

ကပွဲမှာက တစ်စုံ

ပြီးရင် မနက်ပိုင်း မင်္ဂလာ

အလှူထပ်လုပ်မှာက တစ်စုံ...၅ စုံပေါ့..."


"ပုံစံလေးလည်း ရွေးပြီးပြီလား

မမသက်...''


"မမတို့ ရွေးထားတယ် သမီးလေးက

ရွေးတက်မှာမဟုတ်ဘူး မမ ပုံစံတွေ

ပြပေးမယ် ရွေးတာဆိုတာလည်း

စိတ်ကူးထားတာပါ...."


"အမလေး ချွေးမလေးကတော့

အရမ်းကံကောင်းတာပဲနော်...

သဒ္ဒါကတော့ အားကျလိုက်တာ...''


ထိုအခါ ဒေါ်သက်ထား ပြုံး၍...


"သဒ္ဒါရယ် သက်ကလည်း အခုလို

ချွေးမလေးရထားတာ သူ့အတွက်

ဆုလဒ်ကြီးပဲလေး...အဟင်း..ဟင်း...''


"ဟုတ်ပါပြီ မမသက်ရယ် အားကျတယ်နော်...

Welding ရိုက်ဖို့အတွက်ကရော..."


"အဲဒါ သားနဲသမီး ငွေဆောင်မှာ

သွားရိုက်မှာလေ..မင်္ဂလာဆောင်ခါ

နီး အခြားနိုင်ငံတွေတော့ မလွတ်ချင်

တော့ဘူးလေ..."


"ဟုတ်ပါတယ်...ကိုယ့်နိုင်ငံမှာလည်း

လှတဲ့နေရာတွေ အများကြီးကို...''


"ဒါဆို အပေါ်သွားကြမယ် ဝတ်စုံတိုင်း

ဖ်ို့အတွက်..."


ဒေါ်သက်ထားပြောပြီး အားလုံးကို

ဦးဆောင်၍ အပေါ်ထပ်ဆီကို ခေါ်

လာခဲ့တော့သည်။


----===============-----=====-^^^^^🍓🍓🍓🍓🍓🍓


"ခွင်း ရှင် အင်္ကျီမဝတ်ဘူးလား..."


"နမ်းရင် ဝတ်မယ်..."


"သေလိုက်လေ...''


စောင်ပုံထဲ အပေါ်ပိုင် အင်္ကျီချွတ်ကြီး

နှင့် အခုထိနေနေသော သူ့အား ချည်

အမြက်မကြည်စွာ ကြည့်၍ ပစ်ပစ်နှစ်နှစ်

မျက်စောင်းထိုးလိုက်ကာ မှန်တင်ခုံလေး

နားမှာ ထိုင်နေမိသည်။


သူမ သူရှိရာ ကုတင်အနားလည်း

မသွားရဲပေ။ဒီလူက ဘယ်တော့မှ

တင်းတ်ိန်တဲ့လူမဟုတ်။


"မိန်းမ လာလေဒီကို..."


သူ့ဘေးက သူမနေရာအား ပြ၍

ခေါ်နေသော သူ့အား ချည် 

ခပ်မဲ့မဲ့ကြည့်ကာ..


"သေလိုက်လေ....ရှင့်လို တစ်နေကုန်

အိပ်ယာထည်းတော့ မနေနိုင်ဘူး...''


"အဟက်..ကိုယ်ကလည်း မိန်းမရလို့

နေတာပါ..မိန်းမနဲ့ဆိုတော့ ဇိမ်ပဲ...ဒါနဲ့

နာတာက မနက်ဖြန် ပျောက်လောက်တယ်

မဟုတ်လား..."


သူ ရုတ်တရပ်ပြောလာသောစကား

ကြောင့် ချည်မျက်နှာလေးရဲတက်သွားကာ..


"ရှင်..ရှင် အရှက်မရှိတဲ့လူ..."


ခွင်း ပြုံး၍ ထထိုင်ကာ ကုတင်အား

မှီကာ မပြင်မဆင်ဘဲနှင့်တောင်

လှပနေသော သူမအား ငေးကြည့်မိလိုက်သည်။


ထိုင်နေသော သူမရဲ့ လှပသော ကိုယ်

လုံးလေးမှာ ပုပုရုပ်လေးသဖွယ် 

အဖိုက်အရှိက်တွေ ဖြင့် အပစ်ဆိုရက်ဖွယ်

မရှိအောင် လှပနေတာအား ခွင်းကြည့်၍...သက်ပြင်းချကာ..


"မင်း ကျောင်းတက်အုန်းမှာလား..."


"ဘာ ကျွန်မက ကျောင်းမတက်လို့

ဘာလုပ်ရမှာလည်း..."


ခွင်း သူ့အား မျက်စောင်းလှမ်းထိုး

နေသော သူမအား ခပ်တည်တည်ကြည့်၍...


"ကလေးမွေးလေ..."


"ဘာ...."


ဆက်ရန်...

စာရေးသူ -လွမ်းခြင်း


rate now: