ချည် သူ့အား အလန့်တကြားကြည့်နေလိုက်တာ ဘာစကားမှ ပြောမထွက်သည့်အထိပင်။
ခွင်း သူမသူ့အား ပြူးတူးတူးကြည့်နေသော
ပုံစံလေးကြောင့် ပြုံး၍ ဘေးက အိပ်ယာအပေါ် သူမကိုယ်လေးအား ပြန်ချပေးလိုက်
တော့သည်။
"ချည်..မင်းအရမ်းနာနေလို့လား
ကိုယ် ကြပ်ထုပ်ထိုးပေး..."
ဘုတ်...ဖျန်း...
"လူယုတ်မာရဲ့ ဘာတွေပြောနေတာလည်း..."
ချည် မျက်နှာလေးမှာ ရဲချိတ်လာ၍
သူ့ရင်ဘတ်အား ထုနေလိုက်သည်။
ဒီလူ အရှက်မရှိတာလား ရှက်ကြော
များ ပျက်နေတာလား ဒါမှမဟုတ်
နှာဘထ လွန်နေတာလား...
ချည် သူ့အား နှုတ်ခမ်းလေးဖိကိုက်ကာ
ကြည့်လိုက်သည်။
"ရှင်..ရှင်က အရှက်မရှိတဲ့လူ...''
နှုတ်ခမ်းလေးအား လုံးနေအောင်
ဖိကိုက်၍ သူ့အား လက်ညိုးလေး
ထိုးကာပြောလာသော သူမကြောင့်
ခွင်း နှုတ်ခမ်းမှာ အပြုံးတို့ ဖြစ်ထွန်း
နေ၍...
"ချည်ရယ်...ယောကျာ်းမိန်းမ သဘာဝ
တော့ ဒီလောက်တော့ရှိမှာပေါ့..ချည်
ယောကျာ်းရထားတော့ ဒီလောက်တော့
ခံရမှာပဲ...နောက်ပိုင်း ချည် ကျင့်သား
ရသွားမှာပဲ..."
"ရှင်...ရှင် ပြောလိုဆိုးလေပါလား
ခွင်းမာန်ဟုန်း..."
သူ့၍ အရှက်မရှိ အပြောရဲရဲများကြောင့်
ချည် ဒေါသတွေထွက်လာ၍ မျက်နှာ
လေးမှာလည်း ရဲချိုတ်နေတော့သည်။
"အဟွန်း..ကိုယ်က သဘာဝ
ဖြစ်တက်တာကိုပြောတာပါ...
ဒါနဲ့ လမ်းလျှောက်ကြည့်ပါလား
စောစောက လူကိုတောင် အိပ်ယာအထိ
လာထုနိုင်သေးတာပဲ...''
"ဘာ..."
ချည် သူ့အား မီးဝင်းဝင်းတောက်သော
မျက်ဝန်းတို့ဖြင့်ကြည့်ကာ...
"ရှင် ခံစားကြည့်ပါလား..."
"ကိုလည်း ခံစားရတာပဲ...မင်းနာမယ်
ဆိုတာ ကိုယ်သိပါတယ်..အခုလမ်း
လျှောက်ခိုင်းတာ ဘယ်လိုပုံလည်း
သိချင်လို့..."
သူ့ရဲ့ ပြောင်ချော်ချော်အပြောတို့ကြောင့်
ချည် ဒေါသတို့က ဒီရေးအလား တရိပ်ရိပ်
တက်လာတော့သည်။
ချည်လက်သီးလေးအား ဖိဆုပ်ထား
မိပြီး သူမအား ရပ်၍ ငုံ့မိုးကာ
ကြည့်နေသော သူ့အား
မကျေမနပ်မော့ကြည့်ပြီး
တစ်ဆက်ထည်း ဘေးက ပန်းအိုး
ဆီ အကြည့်ရောက်သွားချိန်..
"ဟေ့..တွေးနေတာ ရပ်လိုက်နော်..
ဟိုရက်က မင်းရိုက်ထားတဲ့အနာ
တောင်မကြပ်သေးဘူး ရိုက်ချင်လည်း
မင်္ဂလာပွဲ ပြီးမှရ်ိုက်..."
ချည် အကြံအား သိနေသော သူ
ပြောလာသောကြောင့် ချည်ခပ်မဲ့မဲ့
သူ့အား ကြည့်ကာ..
"ရတယ် ရှင့်ကို ရိုက်ရဖို့ပဲ အရေးကြီးတာ..."
ထိုအခါ သူမ ဘေးက ပန်းအိုးအား
လှမ်းယူလိုက်သောကြောင့် ခွင်း
လက်ကာပြ၍..
"ဟေ့..ချည်...ချည် မင်းနော် နောက်မှ
နောင်တရမယ်..."
"ရပါလိမ့်စေ...ရဲရဲကြီးရရဲတယ်
ရှင့်ကို ရိုက်ရဖို့ အတွက်ဆို..."
ဒေါက်...ဒေါက်...ဒေါက်....
ချည်ပြောပြီး ပြင်ရန်ပြင်နေချိန်
အပြင်က တံခါးခေါက်သံကြောင့်
ချည်လှုပ်ရှားမှုတွေရပ်တန့်သွား
သလို ခွင့်မျက်နှာကြီးမှာလည်း
ထိုတော့မှ သက်ပြင်း ချလိုက်တော့သည်။
"သားနဲ့သမီးရေ...မနက်စား စားကြမယ်
အောက်မှာ သမီးမိဘတွေလည်း ရောက်
နေတယ်ကွဲ့..."
ပျက်နေသော ချည်ရဲ့ မျက်နှာကြောင့်
ခွင်းတစ်ယောက် ပြုံးစေ့စေ့ဖြစ်သွား၍..
"ဟုတ် မေမေ သားတို့ခဏနေ ဆင်းလာ
ခဲ့မယ်..."
"ဟုတ်ပါပြီ...သား..."
ခွင်း မိခင်ဖြစ်သူ ပြန်ဆင်းသွားမှ
သူမအနားတိုးသွား၍ ဒီအတိုင်း
ရပ်နေသော သူမလက်ထဲက
ပန်းအိုးအား ယူကာ..
"ကိုယ် မျက်နှာသစ်ရေချ်ိုးလိုက်အုံး
မယ်..ခဏစောင့်...မင်းအဆင်ပြေအောင်
ကိုယ်စီစဥ်ပေးမယ်...."
ဂျလောက်...
တံခါးပိတ်သံနှင့်အတူ ရေချ်ိုးခန်းထဲ သူ
ဝင်သွားတော့မှ ချည် ရပ်နေသဖြင့်
နာကျင်မှုအား ပြန်ခံစားရကာ ဘေးက
မွေ့ယာကြီးအပေါ် ခပ်ဖြေးဖြေးထိုင်းချလိုက်
၍ နှုတ်ခမ်းလေးအား ဖိကိုက်ကာ ရေချ်ိုး
ခန်းထဲက သူ့အား မကျေမနပ်ကြည့်နေလိုက်သည်။
ရေချိုးခန်းထဲက ခွင်းတစ်ယောက်တော့
အောင်နိုင်သော အပြုံးတို့က ပန်ဆင်ထားလျှက်..
-----==-====----===-----------=--=-=-^^^^^^🍓🍓🍓🍓🍓🍓
"သက်...သမီးလေးတို့ ဆင်းလာပြီလား.."
ဒေါ်သက်ထား အပေါ်ထပ်ကနေဆင်းလာ၍
အဆင့်သင့်ထိုင်ကာ စကားပြောနေကြသော
ဒေါ်မြဖူးဆီမှ စကားကြောင့် ပြုံး၍
ခေါင်းငြိမ့်လိုက်ကာ..
"ခဏနေ ဆင်းလာလိမ့်မယ်..ဖူးရဲ့
နိုးနေကြပြီး သားရေချ်ိုးမလို့တဲ့.. "
ထိုအခါ ဒေါ်မြဖူးငုံ့မျက်နှာပြုံးသွား၍..
"အဟင်း...ဒီအတ်ိုင်းဆို သားနဲ့သမီး
အဆင်ပြေကြပြီ ထင်တယ်...ဖူးကတော့
သက်ရဲ့ သားလေးဆိုတော့ အကုန်စိတ်
ချပါတယ်..သားက သူ့ဘာသူ ဆိုးတာလေးကလွဲပြီး အကုန်တော်တဲ့ ကလေးပါ..."
"အမလေး ဖူးရယ် သက်ကလည်း သမီး
လေးကို အခုလို ချွေးမလေးအဖြစ် ပိုင်ဆိုင်
လိုက်ရတာ အခုထိ အပျော်တွေ ပြည့်နေတုံး
ပါ..သမီးလေး သားကို ပြုပြင်နိုင်မယ်လိူ့လည်း သက် ယုံကြည်တယ် သက်တို့က
ဘေးကနေ မဖြစ်သင့်တာမဖြစ်ရအောင်
ကြည့်ရူပေးရမှာပဲ..."
ဒေါ်မြဖူးငုံ သဘောတူ၍
ခေါင်းငြိမ့်လိုက်ကာ..
"ဖေကြီးတို့ရော ဘယ်လိုမြင်လည်း..
သက်တို့လိုပဲ..သားနဲ့သမီးကို
သဘောတူကြတယ်မဟုတ်လား..."
"အော်ဖူးရယ် လက်မှတ်ပဲ ထိုးပြီးပြီ
သဘေယမတူလို့ ရတော့မလား
တမာန်ရဲ့ သားလည်းဖြစ် ငယ်ငယ်ထည်း
က ကိုယ်တို့လက်ပေါ်ကြီးလာတဲ့သားခွင်း
ကိုတော့ ငြင်းစရာအကြောင်း မရှိပါဘူး..."
"ဟုတ်တယ်...ကျွန်တော်လည်း ဘာမှ
ပြောစရာ မရှိပါဘူး သမီးလေးကိုတော့
စိတ်ချဗျာ...ကျွန်တော်သားကိုလည်း
ဒီအတ်ိုင်း မလွတ်ထားဘူး စောင့်ကြည့်နေမှာ...''
ဦးတမာန်အပြောကြောင့် အားလူံး
ပြုံးလိုက်ကြကာ...စားပွဲပေါ် ဒေါ်သက်ထား
လှပအောင် ပြင်ဆင်ထားသော
ရှောက်သီး ၊အကြော်၊ ဘဲဥ၊ပဲသီး၊နံနံပင်
အစပ်မှုန့် အားလုံးကို ဗန်းလေးတွေထဲ
အစီအရိထည့်ကာ...
"ကဲ..ခဏနေ စားရတော့မယ်နော်..."
"အနံ့လေးက မွေး...ဟင်...''
ဒေါ်မြဖူးတစ်ယောက် ပြောလက်စ
ကားပင်ရပ်သွား၍ ထမင်းစားခန်းထဲ
ဝင်လာသော နှစ်ယောက်ဆီ အကြည့်
ရောက်သွားကာ တအံ့တသြ ကြည့်နေတော့သည်။
"သား..သမီးလေးဖြစ်လို့လည်းကွယ်..."
ဒေါ်သက်ထား ချွေးမဖြစ်သူအား
သားဖြစ်သူပွေ့ချီထားသော ကြောင့်
အနားလျှောက်လာ၍ စိုးရိမ်တကြီး
မေးလိုက်သည် ။
ခွင်း သူ့ရင်ခွင်မှာ မျက်နှာလေး
ရဲနေသော သူမအား ငဲ့ကြည့်
လိုက်ကာ...
"မဟုတ်ဘူးမေမေ ချည်ချေထောက်
လေဝင်သွားလို့ ချော်လဲသွားတာ..."
"ဟင်...ဟုတ်လား..သမီး..အရမ်း
များသွားလားကွယ်..."
ချည် မေမေအားငဲ့ကြည့်၍...
ခေါင်းခါပြကာ..သူ့အားပြန်
ကြည့်ပြီး...ထိုင်ခုံပေါ်ချပေးရန်
မျက်စာပစ်ပြ၍..
"ရှင် ကျွန်မကို အောက်ချပေးတော့..."
ထိုတော့မှ ခွင်းမျက်နှာ ပြုံးစေ့စေ့ဖြစ်နေပြီး
သူမအား ထမင်းစားပွဲထိုင်ခုံအပေါ်ချပေး
လိုက်တော့သည်။
အားလုံးက အကြောင်းမသိစွာ စ်ိုးရိမ်နေကြ
သော်လည်း ဦတမာန်ကတော့ သားဖြစ်သူအားမျက်မှောက်ကုတ်၍ ကြည့်နေတော့သည်။
ခွင် ဖခင်ဖြစ်သူ ကြည့်နေသောကြောင့်
သူ ခုံမှာထိုင်နေရင်း မျက်နှာပိုးသက်ကာ
ထောင်နေလိုက်သည်။
"သမီး... အရမ်းနာသွားလား..."
"သမီးလေး မေမေတို့ဆေးခန်း
လိုက်ပို့ပေးမယ်လေ.."
"ရပါတယ် ချည် နည်းနည်းလေး
နာသွားရုံပါ နောက်ရက်
ပြန်ကောင်းမှာပါ..."
ယောက္ခမ ဖြစ်သူနှင့် မိခင်ဖြစ်သူ
ရဲ့ စိုးရိမ်တကြီးပြောလာသော
ကြောင့် ချည် လိမ်နေရသောကြောင့်
မျက်နှာလေးမှာ ရဲ၍ အပြုံးတို့က
မပီပြင်စွာပင်။
သူမအား မပြောမဆို ရေချ်ိုးခန်းထဲက
ထွက် အဝတ်အစားလဲပြီးတာ ကောက်
ချီ၍ ထွက်လာသော သူ့ကြောင့် ချည်အခု
လို ပါလာခဲ့ရတာဖြစ်သည်။
အခုထိ မျက်နှာကြီးမှာ မတည်မပြုံး
ဖြစ်နေသော သူ့မျက်နှာအား ချည်
ငဲ့ကြည့်မိ၍ ပါးရိုက်ချင်တာ လက်ဝါး
တွေ တယားယားပင်။
"ဒါဆို အေးပုံ...ဟင်းရည်ပန်ကန်
လာချတော့ကွယ်..."
"ဟုတ်ကဲ့..ဒေါ်လေး..."
ဒေါ်သက်ထားစကားအဆုံး ခဏအကြာ
အငွေ့တထောင်းထောင်းနှင့်စားချင်
စဖွယ်..အုန်းနို့ခေါက်ဆွဲအရည်တို့က
မွှေးပျံစွာ..စားပွဲအထက်ရောက်ရှိလာ
တော့သည်။
"မွှေးနေတာပဲ...သက်ရယ်...
ဖူးတို့တော့ အိမ်မပြန်ချင်တော့
အောင် ဖြစ်တော့မယ်ထင်တယ်..."
"အမလေး ဖူးတို့ဆို တစ်သက်လုံး
ခေါ်ထားပြီးသား....ထည့်စားနော်..."
ဒေါ်သက်ထားပြောလည်းပြော
အကုန်လုံး ပန်ကန်ထဲအား
ဟင်းရည်ထည့်ပေးကါ စားကောင်းနေ
ကြသော အားလုံးကို ကြည့်၍ ပြုံးနေတော့သည်။
ခွင်းတို့ကတော့ မိခင်လက်ယာအကြိုက်
မို့ အားရပါးရစားနေလိုက်သည်။
ချည် ယောက္ခမ ဖြစ်သူလက်ယာက
ကောင်းနေသော်လည်း တစ်ချက်တစ်ချက်ကိုယ်လုံးလေး လှုပ်လိုက်ရင် အသဲခိုက်
အောင် နာကျင်သွားသောကြောင့်
သူမဘေးက သူ့အား မေတ္တာပို့နေမိတော့သည်။
စားနေရင်း နင်ပါစေတော်...
---====================^^^^^^🍓🍓🍓🍓🍓🍓🍓🍓
"သမီးရေ မာမီ အပြင်သွားမလိူ့
ဘာမှာအုံးမလည်း..."
လှိုင်း ဧည့်ခန်းမှာထိုင်၍ တီဗီကြည့်
နေချိန် မာမီ ပိုက်ဆီအိတ်အား
လွယ်၍ သူမအားမေးလာချ်ိန်..
"မာမီ ဘာသွားဝယ်မလို့လည်း..."
"အော် မကြာခင် မိတ်ဆွေတစ်ယောက်
ရဲ့ သမီးလေ မင်္ဂလာပွဲ ရှိတယ်လေ
လက်မှတ်ထိုးပွဲတောကမသွားရလို့
လက်ထပ်ပွဲတော့ သွားရမှာ ဒါ့ကြောင့်
အဝတ်အစားနဲ့ လက်ဝက်လက်စား
ပြင်ဆင်ဖို့ သူငယ်ချင်းတွေနဲ့
ချိန်းထားတယ် သမီးရယ်..."
လှိုင်း အံ့သြမိသည်။ဘယ်လောက်ကြီး
ကျယ်လို မာမီတို့ကပါ တခန်းတနား
အခုလို ပြင်ဆင်နေကြရတာလည်း။
"ဘယ်မှာ လုပ်မှာ ဟုတ်လို့လည်း
မာမီ..."
ဒေါ်ကြင်ဝေ ခေါင်းခါပြ၍...
"ဖိတ်စာက မရောက်သေးတော့
မသိဘူး သမီး ဒါပင်မဲ့ ကောင်လေး
မိဘနဲ့ ကောင်မလေးမိဘတွေကတော့
တကယ့်အသိုင်းအဝိုင်းကြီးတွေက
မာမီမိတ်ဆွေတွေကိုသိပင်မဲ့ ကောင်လေးဘက်ကိုတော့ မာမီလည်း ဖိတ်စာမရောက်
တော့ မသိရသေးဘူး..."
လှိုင်းခေါင်းငြိမ့်ပြ၍...
"ဟုတ် အဲဒါဆို သွားလေမာမီ.."
"ဟုတ်ပါပြီ ဒါနဲ့ သမီးရော မင်္ဂလာ
ပွဲလိုက်ချင်သေးလား အသိုင်းအဝိုင်း
ကြီးတော့ မင်္ဂလာပွဲကလည်း အရမ်းခမ်း
နားမှာသမီးရဲ့...''
"နေပါစေ မာမီ လှိုင်းမလိုက်တော့ဘူး
စားတွေလုပ်ရအူံးမယ်..အော်ဒယ်ဒီကို
ပြောပေးအုံးနော်..လှိုင်းကားမလဲသေး
ဘူးလိူ့.."
"ဟင် သမီးပဲ ကားက မကောင်းတော့ဘူး
ဆို...''
"ရသေးတယ်မာမီ...လှိုင်း အဲဒါပဲ
စီးချင်သေးလို့.."
"ဟုတ်ပါပြီ ဒါဆို မာမီသွားပြီနော်..."
"ဟုတ်...."
လှိုင်မာမီထွက်သွားတော့မှ
ပြုံးလိုက်ကာ..
"ဒီကားလေးက သူနဲ့လှိုင်းရဲ့
တွေ့ဆုံခြင်းလေးပဲ မာမီ..."
-----===================^^^^^^🍓🍓🍓🍓🍓🍓🍓🍓
အကုန်လုံးစားသောက်ပြီးစီးချိန်
မေမေတို့နှစ်ယောက်နှင့် အိမ်အကူ
မိန်းကလေးတွေသိမ်းဆည်းနေတာ
ကို ချည်ထိုင်ရက်ကလေးကြည့်နေမိသည်။
"သမီး ဒါဆို ဒီနေ့အဝတ်အစားအပ်ဖို့
နဲ့လက်စွပ်အပ်ဖို့ မသွားရဘူးပေါ့..."
"ဘာမှ မပူနဲ့ ဖူး သက်ဒီဇ််ိုင်နာတွေကို
လှမ်းပြောပြီးပြီး သူတို့ ခဏနေ
ရောက်လာလိမ့်မယ်...လက်စွပ်ကလည်း
လုပ်ပေးမဲ့ ဒီဇိုင်နာလာလိမ့်မယ်...''
"အို...သက်က အကွက်စေ့လိုက်တာ...''
"အမလေး ချည်လေးက အခု ဦးတမာန်ရဲ့
ချွေးမ ဖြစ်နေပြီလေ..အဟင်း..."
ရယ်မောကာပြောနေသော မေမေတို့အား
ချည်ကြည့်၍ ပြုံးနေမိသည်။
ချည်ရုတ်တရပ်အိမ်ထောင်ကျသွားတာ
ကောင်းသည်လား ဆိုးသည်လား ချည်မသိတော့...အမှန်ဖြစ်န်ိုင်မယ်ဆိုရင် ဟိူလူယုတ်မာ
နဲ့ တစ်ခန်းထဲ အတူမနေချင်။
ထိုအချိန် ရုတ်တရပ် သူမအနား
ရောက်လာ၍ ပွေ့ချီလိုက်သော
သူကြောင့် ချည်တို့အား ကြည့်နေကြ
သော မေမေတို့အား မျက်နှာပူစွာဝေ့ကြည့်၍
သူ့အား မကျေမနပ်ကြည့်ကာ..
"ရှင်..ရှင် ဘာလုပ်မလို့လည်း... "
ခွင်း သူမအား ပြုံးစေ့စေ့ငုံ့ကြည့်၍...
"ဆေးထည့်ပေးမလို့..."
"ရှင်နော်..."
ဆက်ရန်..
စာရေးသူ -လွမ်းခြင်း