book

Index 12

အပိုင်း (12)❤❤

  • Author : Lwanchin
  • Genres : Romance, Drama

ဘုတ်..


"ရော့..သိမ်းလိုက်..."


ထမင်းစားပြီးလို့ အခန်းထဲပြန်ရောက်ချိန်

ချည်အား အိတ်အမဲကြီးချပေးလါသော

ကြောင့် သူ့အား နားမလည်နိုင်သလိုပြန်ကြည့်ကာ..


"ဒါ..ဘာလည်း..."


ခွင်း ဖုန်းနှိပ်နေရင်း သူမအား ငဲ့ကြည့်ကာ..


"ဖွင့်ကြည့်လေ..."


ချည် ခေါင်းလေးခါရမ်းပြ၍...


"ဟင့်အင်း...ကျွန်မ မကြည့်ချင်ဘူး

ရှင့်ဘာသာရှင် သိမ်းလိုက်..."


"ဘာ..."


ခွင်း သူမစကားကြောင့် လက်ထဲက

ဖုန်းအား အိပ်ယာအထက်ချလိုက်ကာ

မျက်နှာလေးတင်း၍ ရပ်နေသော

သူမအား မျက်မှောင်ကြီးကုတ်ကာ

ကြည့်လိုက်သည်။


"ဒီမှာ ချည် ငါကမင်းယောကျာ်း...

ငါ့ယူလာသမျှမင်းမှာ ထိန်းသိမ်းဖို့

တာဝန်ရှိတယ်..."


"အို...ဘာမှန်းမသိတာကို ကျွန်မက

ဘာကို ထိန်းသိမ်းရမှာလည်..."


ဖျီ.....


"ဟင်.."


ထိုအချိန် ထိိုအိတ်ကြီးကို ဖွင့်ချလိုက်သည်

နှင့် မြင်လိုက်ရသော ပိုက်ဆံတွေကြောင့်

ချည် သူ့အား မင်သက်စွာကြည့်၍...


"ဒါတွေက..."


"အဟွန်း..စိတ်ချ မင်းယောကျာ်းငါ

မဟုတ်တာတွေလုပ်ပြီးရလာတာ

မဟုတ်ဘူး စိတ်သန့်သန့်နဲ့သုံး ကိုယ်ရှာ

တာ မင်းအတွက်ပဲချည်.."


ချည် တအံ့တသြလေး သူ့အား

ကြည့်နေရာမှ ခေါင်းလေးခါရမ်းကာ..


"ကျွန်မ မသုံးဘူး ရှင့်ပိုက်ဆံ ရှင်ပြန်ယူ

ထားပါ..ကျွန်မမိဘပေးတဲ့..ပိုက်ဆံ..."


"မင်းအခု ငါ့မိန်းမဖြစ်နေပြီ ငါရှာတာပဲ

မင်းသုံးရမယ်..မင်းမိဘတွေလည်း

ငါပြောထားမှာ မင်းသူတို့ဆီက လုံးဝမယူ

ရဘူး.. ''


ချည်သူ့အား မကျေမနပ်ကြည့်လိုက်၍..


"အို...ရှင် ဒီလောက်လိုက်မချုပ်ချယ်ပါနဲ့

ရှင့်ကို ချည်ဘာမှ ဝင်မပြောဘူး ကျွန်မကိစ္စ

တွေလည်း ရှင် ဝင်မပါပါနဲ့.. "


"အဟက်...မင်း စာတွေအရမ်းဖတ်တာ

များသွားပြီထင်တယ်ချည်....မင်းထင်တာ

ငါနဲ့မင်းယူပြီးရင် ငါ့ကိစ္စကိုလည်း မင်းမပြောဘူး မင်းကိစ္စကိုလည်း ငါမပြောရဘူးလို့

မင်း ပြောရင် ငါလက်ခံမယ် ထင်ထားတယ်ပေါ့..."


ထိုအခါ ချည်မျက်နှာလေးတင်းမာနေ၍

လက်သီးလေးဆုပ်ကာ မျက်နှာလေး

လွဲထားစဥ်...ခွင်း သူမအနားကပ်ရပ်လာ၍

ပြုံးကာ သူမလည်ပင်း ဖွေးဖွေးလေးဆီ အကြည့်ရောက်သွားပြီး ပြုံးကာ..


"မင်း မှားနေပြီး လက်ထပ်ထဲက 

မင်းစိတ်ရော ခန္ဒာကိုယ်ပါ

ငါ့အပိုင် ဖြစ်သွားပြီချည်...မင်းရဲ့

ဝင်သက်ထွက်သက်ပါမက မင်းရဲ့

လှုပ်ရှားမှုအားလုံးဟာလည်း ငါနဲ့ဆိုင်တယ်...

အခုအချိန်ကစပြီး ဘယ်ယောကျာ်းနဲ့မှ

စကားမပြောပါနဲ့..."


"သေလိုက်လေ..ရှင်အရမ်း တစ်ကိုယ်ကောင်း

မဆန်နဲ့ခွင်း...."


"အဟွန်း ကိုယ့်မိန်းမ ကိုယ်ဆန်တာ

ဘာဖြစ်လည်း ချည်လည်း ပြန်ဆန်

ချင်ရင် ရတယ်လေ ကိုယ်ခွင့်ပြု

ပါတယ်..."


ပခုံးပင့်ကာပြောလာသော သူ့ကြောင့်

ချည် ဒေါသထွက်လွန်းသဖြင့် နှုတ်ခမ်း

လေးဖိကိုက်ပစ်၍..သူ့အား မမြင်ချင်တော့

သဖြင့် ကျောခိုင်းကာ စာလုပ်ဖို့ သွားရန်

ပြင်ချ်ိန်...


"ဒါဘယ်လည်း..ချည်..."


"အို..ဖယ်ပါ..."


"မေးတာဖြေလေ.."


ချည် သူ့အား မကျေမနပ်ပြန်ကြည့်ကာ..


"ဘာလည်း စာလုပ်မလို့..."


"မလုပ်ရဘူး အခုက ကိုယ့်အချ်ိန်...

ကိုယ်ကလွဲပြီး မင်းဘယ်ကိုမှ မကြည့်ရဘူး

ချည်..."


"အို...ရှင်နော်..."


ဘုတ်..ဘုတ်...


ပြောပြီး ချည်ကိုယ်လေးအား

ပွေ့ချီလိုက်သောသူ့ကြောင့်

ချည် ဒေါသတွေထွက်လာကာ

သူ့ရင်ဘတ်နှင့်ကျောပြင်အား လက်သီး

ဆုပ်ကလေးတွေဖြင့် ထုနေတော့သည်။


"ရှင်း...ကျွန်မကို လွတ်ပေးနော်..."


အိပ်ယာပေါ်တင်လိုက်၍ ပက်လက်ကလေး

ဖြစ်သွားသော သူမအပေါ်အုပ်မိုး၍ လက်ကလေးနှစ်ဖက်အားရုန်းမရအောင် ခွင်း

လက်နှစ်ဖက်၍ အိပ်ယာအထက်ဖိဆုပ်ထား

ကိုင်ထားကာ...


"အချ်ိန်လည်း ကြည့်အုံးချည်...မင်းနဲ့

ကိုယ်ရဲ့အချိန်တွေ ဖြစ်နေပြီ...''


သူ့အပြောကြောင့် ချည်မျက်နှာလေး

ရဲသွားကာ..


"အို..ရှင် အရှက်မရှိလိုက်ပြောမနေနဲ့...

တစ်နေလုံး ရှင့်အချ်ိန်တွေကြီးပဲ..ရှင်လူ

တောင်ဟုတ်ရဲ့လား..."


ခွင်း သူမ မျက်နှာတင်းတင်းလေးအား

စူးစိုက်စွာကြည့်၍..


"ကိုယ်လူဆိုတာ မင်းကို လက်တွေ့ပြမယ်..."


"အို...ဟင့်အင်း...အွန်း...''


သူ့ရဲ့ ငုံ့ကျလာသော အနမ်းတွေကြား

ချည်ရှောင်သော်လည်း မရမက

ချည်နှုတ်ခမ်းလေးအား သိမ်းပိုက်

စုပ်ယူသွားပြန်သော သူ့ကြောင့်

ချည် မျက်ရည်များနားထင်အစပ်သို့

စီးကျလာကာ သူဆုပ်ကိုင်ထားသော

လက်ကလေးမှာလည်း မွေ့ယာကြီးအား

ဖိဆုပ်ချေထားမိတော့သည်။


ခွင်း သူမလက်တို့အား

 လွတ်ပေးကါ အနမ်းများ

မပြတ်စေဘဲ သူ့အင်္ကျီအား ဆွဲချွတ်၍

ဘေးသို့ပစ်ထုတ်လိုက်ပြီးသည်နှင့် လက်တို့က သူမ အင်္ကျီဆီရောက်သွားချ်ိန် ချည်

အလန့်တကြားသူ့လက်အား ဆုပ်ထား၍

သူ့အား မျက်နှာတင်းတင်းလေးဖြင့်

ကြည့်လိုက်ကာ...


"တော်ပါတော့..."


ခွင်း သူ့အား မျက်ရည်တွေဖြင့်

ကြည့်နေသော သူမ မျက်နှာလေး

အားကြည့်၍ ပြုံးလိုက်ကာ..


"မင်္ဂလာဦးမှာ မငိုရဘူးဆိူတာ

မင်းမသိဘူးလား ချည်...ရလာတဲ့ကလေး

မျက်လုံးပြူးတက်တယ်တဲ့..."


ချည် သူ့စကားအား ဘာမှ ပြန်မတုန့်ပြန်

ဘဲ သူ့ရင်ဘတ်ကြီးအား အသာတွန်း၍...


"ကျွန်မ..ကျွန်မ စိတ်မပါဘူး "


ခွင်း သူမ မျက်ရည်တို့အား အနမ်း

များဖြင့် ခြောက်သွေးစေလိုက်ကာ..


"ကိုယ်မရတော့ဘူး..''


ဗျီ....


"အို..."


ချည် ရင်ဖုံးအင်္ကျီလေးအား ကြယ်သီး

တွေကို စောင့်ဆွဲ၍ ဖြုတ်လိုက်သည်နှင့်အတူ

ချည်ရင်ဘတ်လေးအေးစိမ့်စိမ့်ဖြစ်သွားကာ

သူ့ခေါင်းသည်လည်း ထိုရင်ဘက်မို့မို့လေး

အပေါ် ငုံ့ကျလာသည်နှင့် ချည်ထိန့်လန့်

ရှက်ရွံစွာ မျက်ဝန်းလေးတို့ မှိတ်ချလိုက်ကာ

သူ့ကျောပြင်ကြီးအား လက်သည်းတို့ဖြင့်

ကုတ်ချလိုက်တော့သည်။


တဖြည်းဖြည်း...မွေ့ယာဘေး အဝတ်များ

ပုံလာကာ လူတစ်ယောက်ရဲ့ ခြေထောက်

များသည်လည်း ယှက်နွယ်နေလျှက်...


ခွင်း အနမ်းတို့သည်လည်း သူမရင်မို့မို့လေးကနေ လည်ပင်လေးတွေအား ဖိစုပ်ယူ၍

နမ်းရှိုက်လာတော့သည်။


ချည်သူ့အနမ်းများကြောင့် မောဟိုက်ပင်ပန်းလာကာ သူ့ရဲ့ပို၍ တိုးလာသော အထိအတွေ့

များဟာ သူမအတွက် အသက်ရူသံတွေပို၍ပြင်းလာတော့သည်။


ကျေးဇူးပြုပြီး ဒီအခြေအနေကြီး အမြန်ဆုံး

ကုန်ဆုံးပါစေ...


---============+=+++++===🍓🍓🍓🍓🍓🍓🍓🍓🍓🍓


"ကြက်သွန်လေးကို ပါးပါးလီးနော်...

အေးပုံ..."


"ဟုတ်ကဲ့...ဒေါ်လေး..."


"သြော်...နုနု ဘဲဥကို သေချာ

ပြောင်အောင်ခွာပြီး ရေစင်အောင်

ဆေး ပြီးတာနဲ့ စကာလေးထဲထည့်..."


"ဟုတ်ကဲ့ပါ ဒေါ်လေးရဲ့..."


ဒေါ်သက်ထား ဟင်းရည်အိုးမွှေနေရင်း

ပါးစပ်ကလည်း အဆက်မပြတ်ပြောနေတော့သည်။


ဒီနေ့ ခင်ပွန်း သားနှင့် ချွေးမတို့အား

သူမလက်ယာ အုန်းနို့ခေါက်ဆွဲ

ချက်ကျွေးခြင်းဖြစ်သည်။


စားပြီးရင်တော့ အရမ်းကောင်းတယ်ဆို

သော သမီးချည်လေးရဲ့အပြောကို

ကြားရအုံးမှာကြိမ်း​သေသည်။


ဒေါ်သက်ထားပြုံး၍ ဟင်းရည်ထဲ အရသာ

များ အနေတော်ထည့်ကာ မွှေ၍ ကြက်သွန်

အနီခွာထားသော ဥလေးများအား ထည့်လိုက်ကာ...


"နုနုနဲ့အေးပုံ ဟင်းရည်အိုး ကြည့်ထားနော်..

ငါ အပေါ်တက်အုံးမယ်....ဆူတာနဲ့ မီးပိတ်လိုက်တော့.."


"ဟုတ်ကဲ့..ဒေါ်လေး..."


ဒေါ်သက်ထား ပြုံး၍ အပေါ်ထပ်သို့

တက်လာကာ...ခင်ပွန်းသည်အား

နိုးရန် အခန်းထဲ ဝင်လာတော့သည်။


"ဟော့...မောင်အစောကြီးနိုးနေပါလား..."


"ဟုတ်တယ်..ဟိုကောင် စက်ရောင်နဲ့

ချ်ိန်းထားလို့သက်ရဲ့. .''


"ဟင်..ဟုတ်လား သက်လည်း ဒီနေ့

က်ိုစက်နဲ့ဖူးကို ထမင်းစားဖိတ်ထားတယ်

ဒီမှာနေတဲ့အတောအတွင်း အိမ်မှာပဲလာစား

ဖို့ ခေါ်ထားတာ..."


"ဟုတ်လား ကောင်းတာပေါ့...ဒါ့ကြောင့်

ဒီကောင်း စောစောလာမယ်ပြောတာကိူ

ဖူးလည်း ပါလာမှာပေါ့..သက်ရဲ့..."


ဒေါ်သက်ထား ခေါင်းငြိမ့်ပြ၍ 

ခင်ပွန်းဖြစ်သူ အိပ်ထားသော

အိပ်ယာအား သိမ်းနေရင်း...


"ဒါနဲ့..မောင့်ကိုပြောရအူံးမယ်..ညက

သားနဲ့သမီး ပြဿနာဖြစ်သံတော့

မကြားဘူး ဒါ့ကြောင့် မောင်အစ

သွားမဖော်နဲ့တော့နော်..."


"သက်ကလည်းကွာ..မင်းသားကို

ပြောတော့ပြောမှ ရမှာပေါ့..မဟုတ်

ရင်ဒီကောင် သမီးလေးကိုအခုလို

တစ်ယောက်ထည်းထားပြီး ထွက်

သွားရင် ဘယ်လို လုပ်မလည်း..."


"အို မောင်ရယ်..သားက အမြဲတမ်းလည်း

အဲဒီလို မဟုတ်ပါဘူး..."


"ကဲပါ..လာအောက်ထပ်သွားရအောင်

စက်ရောင်တို့ရောက်လာရင် မသိဘဲ

နေအုံးမယ်..."


"ဟုတ်ကဲမောင်..."


ဦးတမာန် ဇနီးဖြစ်သူ ပခုံးအား

ဖက်ကာ အောက်ထပ်သို့ဆင်းလာ

လိုက်သည်။


ထိုအချိန်တိုက်ဆိုင်စွာအိမ်ထဲ

ဝင်လာသော ကိုစက်ရောင်နှင့်

မြဖူးကြောင့် သူမတို့ပြုံးကာ..


"ဟယ်..ဖူးတို့အသက်ရှည်အူံးမယ်..

အခုပဲမောင်နဲ့ပြောနေတာ ဖူးတို့

ရောက်လာမယ်ဆိုပြီး..."


"အဟွန်း သက်ရဲ့ လက်ရာစားချင်

တော့လည်း လာရတာပေါ့ရှင်..ဒါနဲ

သမီးနဲ့သားရော...''


"ရှိတယ် သက်ရဲ့ မနိုးသေးဘူးထင်တယ်.."


"ဟင်...ဟုတ်လား..."


ဒေါ်မြဖူး နံရံကြီးပေါ်က နာရီအား

ကြည့်ကာ..


"ထူးဆန်းလိုက်တာ သမီးက 

အခုလို နေမြင့်အောင် မအိပ်ဖူးဘူး..."


"အေည်ဖူးရယ်..မနေ့က လက်မှတ်ထိုး

ပွဲကြောင့် ပင်ပန်းလို့နေမှာပါ..ခဏနေ

သက်သွားနိုးပေးမယ်...လာ

အရင်သင်ချက်ထားတာ လာမြည်းကြည့်  ."


"အင်းပါ..."


ဇနီးသည်နှစ်ယောက်အနောက် ဦးတမာန်

နှင့် ဦးစက်ရောင်လည်း စကားပြော၍

လိုက်လာကြတော့သည်။


--====================^^^^^🍓🍓🍓🍓🍓🍓🍓


အခန်းကြီးထဲ ချည် ဆိုဖာလေးပေါ်ထိုင်၍

အိပ်ယာပေါ်တွင် မှောက်ခုံကြီးအိပ်ပြီး အခုထိ မထသေးသော သူ့ရဲ့ အင်္ကျီမပါသော

ကျောပြင်ဖွေးဖွေးကြီးအား တစ်ချက်ကြည့်၍

မျက်နှာလေးမှာ ပို၍ တင်းမာနေတော့သည်။


အခုလောက်ဆို မေမေတို့ သူမကို ဘယ်လို

မိန်းကလေး ထင်နေလောက်ပြီလည်း။


အမြဲတမ်း အစောကြီးထတက်သော

ချည်သူ့အကြောင့် အပြင်ထွက်မရ

သဖြင့် ဒေါသတို့က သူ့အပေါ်

ပုံကျလာကာ မထနိုင်သော ခြေထောက်

တို့အား ခက်ခဲစွာလှမ်း၍ သူ့အနား

နာကျင်စွာတိုးသွားပြီး အေးဆေးစွာ

အိပ်နေသော သူ့အပေါ် ဘေးက ခေါင်းအုံး

ယူကာ ကိုက်ချလိုက်တော့သည်။


"ရှင်..ထစမ်း..."


ဘုန်...ဘုန်း..


"ဟာ..."


ခွင်း သူ့အားရိုက်နေသော ခေါင်းအူံး

ကြီးအားဆွဲဖမ်း၍ သူမအားမျက်ဝန်း

တွေဖွင့်ကြည့်ကာ..


"ချည်ကလည်းကွာ...ဘာဖြစ်တာလည်း..

ကိုယ်ကောင်းကောင်းအိပ်ပါရစေ...''


"ဘာ...."


ချည်သူ့အား မကျေမနပ်ကြည့်ကာ..


"ရှင်ဘာသာရှင် အိပ်အိပ်ထထ ကျွန်မ

စိတ်မဝင်စားဘူး ရှင်ဒီနေ့ကစပြီး

အခြားအခန်းမှာသွားအိပ် ကျွန်မအနား

ကပ်ဖို့ လုံးဝမစဥ်းစားနဲ့ လူယုတ်မာရဲ့..."


သူမစကားကြောင့် ခွင်းအိပ်နေရာ

မှ ထ ထိုင်၍..


"ကဲပြော..ဘာဖြစ်လို့လည်း...

မနက်အစောကြီး ချည် ဘာတွေ

ဖြစ်နေတာလည်း..."


ချည် သူ့အားရန်တွေ့နေရသော်လည်း

မတ်တပ်ရပ်တာနှင့် နာနေသော တစ်ကိုယ်

လုံးကြောင့် နှုတ်ခမ်းသားလေးတွေပြုတ်

ထွက်လုမတက်ဖိကိုက်ပစ်၍...မျက်ရည်

တွေဝဲလာမိသည်။


ဒီပုံစံနှင့် သူမ မေမေတို့ကို ဘယ်လို

ထွက်တွေ့ရမလည်း။သူ့ကြောင့် လက်နှင့်

လည်ပင်းတွေမှာလည်း ကိုက်ရာတွေပွထနေကာ...ချည်တွေးပြီး ရှက်လွန်းသဖြင့်

မျက်ရည်တို့က ထပ်မံ၍ ကျလာတော့သည်။


ချည် ရှက်လိုက်တာ...


ခွင်း ချက်ချင်း မျက်ရည်တွေကျလာ

သော သူမအားကြည့်၍ မျက်ခုံးတွေ

ပင့်တက်သွား၍...


"ချည် မင်းဘာဖြစ်တာလည်း.. "


ချည် အခုအခြေအနေမှာ သူ့အသံကြား

လေ ပို၍ ဒေါသဖြစ်လာလေဖြစ်သော

ကြောင့် ထိုင်နေသော သူ့အား ဘေးက

ခေါင်းအုံးအားပြန်ဆွဲယူ၍...


ဘုန်း...ဘုန်း..


"ရှင့်ကို အရမ်းမုန်းတယ်..အရှက်မရှိတဲ့

လူယုတ်မာရဲ့.."


"ဟာ..ချည် မင်း..."


အတင်း ထုရိုက်နေသော သူမလက်ကလေး

အား ဆွဲ၍ သူပွေ့ ချီလိုက်ချိန်...


"အမေ့...အာ့..."


ချည်နာလွန်းသောကြောင့် တော်တော်နှင့်

မျက်ဝန်းများမဖွင့်နိုင်ကာ သူ့ရင်ခွင်ထဲ

ငြိမ်သက်နေချ်ိန် ခွင်း သူမအားကြည့်၍

သဘောပေါက်သွားကာ သွားဖွေးဖွေးတို့

ပေါ်အောင်ပြုံး၍ သူမကိုလည်း သနား

မိသွားသည်။


အခုထိ မျက်ဝန်းတွေမဖွင့်သေးသော

သူမနဖူးလေးအပေါ် သူနမ်းရှိုက်လိုက်ကာ...


"ကိုယ်တောင်းပန်ပါတယ်... ချည်..

ကိုယ်ညက အချစ်ကြမ်းသွားမိလို့..

နောက်ရက် ညှင်သာမယ်နော်..."


ထိုအခါ ချည်မျက်ဝန်းတို့ အလန့်တကြား

ပွင့်လာ၍...


"ဘာ...''


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: