book

Index 11

အပိုင်း (11)

  • Author : Lwanchin
  • Genres : Romance, Drama

"ရှင်စကားပြောတာ ဆင်ခြင်ပြောပါ

ခွင်းမာန်ဟုန်း..."


ထရပ်၍ သူ့အား မျက်နှာလေးတင်းကာ

​ပြောလာသော သူမအား ခွင်းကြည့်၍

ပြုံးလိုက်ကာ သနပ်ခါးပါးကွက်လေး

ကွက်ထားသော ပါးပြင်အပေါ်သို့ ခါးကြီးကိုင်ကာ သူ့ရဲ့

နှုတ်ခမ်းနှင့် နှာခေါင်းဖိကပ်၍

နမ်းရှိုက်လိုက်တော့သည်။


"အို...ရှင်..."


ချည်သူနမ်းလိုက်သောပါးပြင်

လေးအား အုပ်က်ိုင်၍ သူ့အား

မကျေမနပ်သူ့အား မော့ကြည့်ကာ..


"ရှင်...ရှင်..ဘာလုပ်တာလည်း..."


ခွင်း သူမရဲ့ ရဲနေသော မျက်နှာလေး

အား ကြည့်၍ ပြုံးကာ...


"နမ်းလိုက်တာလေ အခုမှပဲ အမောပြေ

သွားတော့တယ်.. "


ပြောပြီး ဘေးကမွေ့ယာကြီးပေါ်

ပက်လက်လှဲချလိုက်သောသူ့အား

ချည် လက်သီးလေးဆုပ်၍ မကျေမနပ်လေး

ကြည့်နေမိသည်။


သူ့ရဲ့ နှုတ်ခမ်းတို့က အောင်နိုင်စွာ

ပြုံးနေသောကြောင့် ချည်သည်းမခံ

နိုင်တော့စွာ....


ဘုတ်...ဘုတ်...


"လူယုတ်မာ...သေ....သေ..."


"ဟာ...ချည် မင်း.."


ခွင်း ရုတ်တရပ် သူမျက်ဝန်းတို့

မှိတ်ထားချိန် သူ့လည်ပင်းအား

လာညစ်နေသော သူမကြောင့်

မျက်ဝန်းတို့ပွင့်၍ သူမအား 

ကြည့်ကာ...အသာနေလိုက်သည်။


ချည် သူ မလှုပ်မရှပ်ပဲ မျက်ဝန်းတွေ

ပွင့်၍ သူမအားကြည့်နေသောကြောင့်

လည်ပင်းညစ်နေရင်းမှ ကြောင်အအလေး

ဖြစ်သွားကာ..


"ရှင်..ရှင်...ဘာဖြစ်...."


"အို...အမေ့..."


ချည်အလန့်တကြားလေး ထရပ်မည်

အလုပ် သူလျှင်မြန်စွာ ချည်ကိုယ်လေး

အား ဆွဲချ၍ ချည်အပေါ်အုပ်မိုးလာသော

သူ့ကိုယ်ကြီးကြောင့် အလန့်တကြားလေး

သူ့ရင်အုပ်ကြီးအား တွန်းကာ...


"ရှင်...ရှင်...ဘာလုပ်တာလည်း ခွင်း...."


"အဟက်...အခန်းထဲမှာ လက်ထပ်ခါစ

လင်မယားနှစ်ယောက် ရှိတာ ဘာလုပ်မယ်လို့

ထင်လို့လည်း..."


ချည်သူ့အပြောကြမ်းကြမ်းကြီး

ကြောင့် မျက်နှာလေးမှာ ရဲသွား၍..


"အို..မသိဘူး ဖယ် ငါစာလုပ်နေတာ

နော်...''


"သိတယ်လေ ဒါ့ကြောင့်လည်း မနှောက်

ယှက်ချင်လို့ ပါးလေးပဲနမ်းပြီး စိတ်တွေ

ဖြေသိမ့်နေတာ ချည်ဘာသာ ကုတင်ပေါ်

တက်လာတာတော့ မတက်နိုင်ဘူး.. "


"အို..ရှင့်ကို အမြင်ကပ်လို့ လည်ပင်း

လာညစ်တာလေ..."


သူမအပြောကြောင့် ခွင်းသွားဖွေးဖွေး

လေးတွေပေါ်အောင်ပြုံးလိုက်၍...


"အခု ချည် အညစ်ခံရတော့မယ်

အဟက်...''


ချည် ပါးပြင်လေးတွေရဲတက်သွား၍..


"ရှင်...ရှင် ဘာစကားပြောတာလည်း..."


"နှာခေါင်းကိုပြောတာပါ..ဒီလိုလေ.. ''


ပြောပြီး ချည်နှာခေါင်းလေးအား လာညစ်

သော သူ့ကြောင့်ရော သူမကိုယ်လုံးလေး

အား ဖိ၍ ဖက်တွယ်ထားတာကြောင့်ပါ

ချည် ဒေါသတွေ အလိပ်လိပ်တက်လာတော့သည်။


"ခွင်းမာန်ဟုန်း..."


"ပြော..မိန်းမ..."


ချည် သူမအား မျက်နှာမတည်မပြုံးဖြင့်.ကြည့်ပြီး ပြောလာသော သူ့အား မျက်ဝန်း

စူးစူးလေးတွေဖြင့်ကြည့်ကာ...


"ရှင်..ကျွန်မအပေါ်က ဖယ်မှာမလည်း

မဖယ်ဘူးလား..."


ခွင်း သူ့အား ဒေါသဖြစ်ပြီး မျက်နှာ

လေးရဲနေသော သူမအား ကြည့်၍

ဖူး၍ နမ်းချစ်စရာကောင်းသော

နှုတ်ခမ်းလေးအား တစ်ချက်ကြည့်ကာ..


"မဖယ်ဘူး...အခုက မင်္ဂလာဦးည

ဆိုတာ မမေ့ပါနဲ့ချည်.."


"အို...ရှင့်မင်္ဂလာဦးက မပြီးတော့ဘူးလား...''


"အဟက်...အဲဒါက နေ့မင်္ဂလာဦး

အခုက ညမင်္ဂလာဦး..."


"အို..."


ပြောပြီး ချည်မျက်နှာလေးအထက်

ငုံ့ချ၍ ပြောလာသော သူ့ကြောင့် ချည်

အလန့်တကြားမျက်ဝန်းတို့ မှတ်ချ

လိုက်တော့သည်။


ခွင်း သူမရဲ့ လှပ၍ သူစွဲလမ်းရသော

နှုတ်ခမ်း ဖူးဖူးလေးအား ပိရိ​သေသပ်သော သူ့နှုတ်ခမ်းတို့ဖြင့် စုပ်ယူနမ်းရှိုက်နေတော့သည်။


ချည်ခေါင်းလေးခါရမ်း၍ ငြင်းဆန်နေ​သောိလည်း မလွတ်မြှောက်နိုင်ဘဲ အနမ်းတို့က

နှုတ်ခမ်းလေးပေါ်မှာပဲ ကြာရှည်စွာတည်ရှိ

နေတော့သည်။


အသက်ရူသံပြင်းပြင်းတွေနှင့်အတူ

ချည် အသက်ရူမဝဖြစ်လာသောကြောင့်

သူ့ရဲ့ကျောပြင်ကြီးအား လက်သည်း

တို့ဖြင့်နာအောင် ဆွဲကုတ်နေသော်လည်း

အရေထူသော သူကတော့ ဘာမှ မဖြစ်စွာ

အနမ်းပင်မပျက်။


ချည်ခေါင်းလေးခါရမ်း၍.... သူ့အား

အတင်းတွန်းကာ..


"တော်တော့...ရှင်...အွန်း.. "


ငြင်းဆန်၍ ပြောလာသော်လည်း သူ

ထပ်မံ၍ ချည်နှုတ်ခမ်းလေးတို့အား သိမ်းပိုက်သွားသောကြောင့် ချည်တစ်

​ယောက် သူ့ရင်ခွင်အောက် ငိုမဲ့မဲ့ဖြစ်သာ

ရှိနေတော့သည်။


"အို...အမေ့...ရှင်ဘာလုပ်တာလည်း..."


ခဏအကြာ ချည်နှုတ်ခမ်းလေးအား

လွတ်ပေးလိုက်သည်နှင့် ကိုယ်လေး

သည်လည်း လေပေါ်ကြွတက်သွား

သောကြောင့် ချည်တစ်​ယောက် မျက်ဝန်း

တွေပြူးကျယ်သွား၍ သူမအား ပွေ့ချီ၍

ရေချိုးခန်းဘက်သို့သွားနေသော သူ့အား

မော့ကြည့်ကာ..


"ရှင်...ရှင်..ဘယ်ကိုသွားနေတာလည်း

ခွင်း..''


ခွင်း သူမအား မျက်ဝန်းတို့မှေး

စင်းကာကြည့်၍...


"ရေအတူချ်ိုးကြရအောင်...''


"အို..မရဘူး ရှင်နော်...ကျွန်မကို

လွတ်.."


ဘုတ်..ဘုတ်...


ချည်ခေါင်းလေးခါရမ်း၍ အလန့်တကြား

ပြောပြီး သူ့ရင်ဘက်အား ထုနေသော်လည်း

ရေချ်ိုးခန်းထဲ ရောက်လာပြီဖြစ်သောခွင်း..

တံခါးအား ခြေဖြင့်ကန်ပိတ်လိုက်သည်။


ဂျိန်း....


"အမေ့..."


တံခါးပိတ်သံကြောင့် ချည်လန့်ဖြန့်

သွား၍...သူ့အား ကြည့်ကာ...

မျက်ရည်တွေကျ၍..


"ရှင့်ကို လွတ်လို့ပြောနေတယ်နော်..."


"အဟွန်း ရေအတူချိုးမယ်လေကွာ..."


"အို...ချ်ိုးစရာလား မချိုးဘူး...နှာဘူး

ကောင်ရဲ့.."


ဘုတ်..ဘုတ်...


ချည်ပြောပြီး သူ့အားထုနေသော်လည်း

သူ ချည်အားပွေ့ချီလျှက် စိုက်ကြည့်နေပြီး...


"အားကုန်တယ်ချည်....အရမ်းထုမနေနဲ့

မင်းလက်တွေပဲ နာကုန်မှာ..."


"အို...''


ခွင်း သူမကိုယ်လေးအား ရေချ်ိုးခန်း

ကြမ်းပြင်အထက်ချပေးလိုက်ချိန်

ချည် ဂေါင်ဝန်လေးကြယ်စေ့လေးအား

ဖြုတ်ပြီး ဆွဲချွတ်ချလိုက်သော သူ့ကြောင့်ယချည် ကိုယ်လေး အေးတက်သွားကာ..

သူ့အား မော့မကြည့်ချင်သောကြောင့်

နှုတ်ခမ်းလေးဖိကိုက်၍ မျက်နှာလေးအား

လွဲပစ်လိုက်တော့သည်။


ခွင်း သူမရဲ့ လှပသော အလှတရား

များအား တစ်ချက်ကြည့်၍ သူမခါး

လေးကနေ ပင့်ချီကာ ဘေးရေဗန်း

အောက် နှစ်ယောက်သားကောက်ဝင်

လိုက်ချိန်...


​ဗျော.....


"အာ့....မင်းလူယုတ်မာ..."


"အဟက်..."


ရေသံနှင့်အတူ လူနှစ်​ယောက်ရဲ့

အသက်ရူသံပြင်းပြင်းများသည်လည်း...


---------=--================^^^^^🍓🍓🍓🍓🍓🍓🍓


"မောင် စောစောက သားရဲ့

ကားသံကြားတယ်..ပြန်လာ

ပြီ ဖြစ်မယ်..."


ထိုအခါ အခန်းထဲ ဆိုဖာပေါ်ထိုင်

နေသော ဦးတမာန် မျက်နှာကြီး

တည်သွား၍. .


"ပြန်လာပြီဆို မောင် အဲဒီကောင်ဆီ

သွားလ်ိုက်အူံးမယ်.."


"အို..မောင်ကလည်း ဘာအဲဒီကောင်လား

ကိုယ့်သားကို ဘယ်လိုပြောနေတာလည်း...''


"အဲဒီ မောင့်သားဟုတ်လို့ပဲ အခုလို

ကြည့်နေရတာသက်...သက်ရဲ့သား

အကြောင်းကို မောင်သိတယ်...လေးငါး

ရက်ထည်းနဲ့ သမီးလေးချည်က သူ့ကို

စိတ်ဝင်စားမှာ မဟုတ်ဘူး.. "


"အို..မောင်ကလည်း ဖူးစားဆိုတာ

ပြောရမလား မြင်မြင်ချင်းချစ်သွား

တဲ့သူတွေလည်း အများကြီး အဲဒီထဲ

မှာ မောင်ရော မပါလိူ့လားပြော..."


ဒေါ်သက်ထား မျက်စောင်းထိုးကာ

ခင်ပွန်းဖြစ်သူအားပြောလိုက်တော့သည်။


ဦးတမာန် ဇနီးဖြစ်သူရဲ့ ကလေးဆန်ဆန်

အပြောကြောင့် ပြုံးယောင်သမ်းသွား၍...


"မောင်နဲ့သက်က ချစ်သူတွေလေ

တစ်ယောက်ကိုတစ်ယောက်ချစ်ပြီးမှ

ယူကြတာလေ အခုသက်က သက်ရဲ့သား

စကားကိုယုံတာလား သမီးချည်လေးကို

ဘယ်လိုခြိမ်းခြောက်ထားလည်းမပြောတတ်ဘူး ဒီလောက် အေးတဲ့သမီးချည်ကတော့..

သက်ရဲ့သားကို ချက်ချင်းကြီးပြန်မကြိုက်

နိုင်ဘူး အခုလည်း ဘယ်ကပြန်လာလည်း

မသိဘူး မောင်သွားပြောအုံးမယ်...''


အခန်းအပြင်ဘက်သွားဖို့ထွက်ဖို့

ပြင်နေသောခင်ပွန်းဖြစ်သူအား

ဒေါ်သက်ထား အလန့်တကြား

ပြန်ဆွဲထားကာ..


"အို..မောင် ရှင် အချိန်လည်းကြည့်အူံး...

မောင့်သားအကြောင်းသိရဲ့သားနဲ့.မနက်မှ

ပြောတော့... ''


ထိုတော့မှ ဦးတမာန် ​ခြေလှမ်းတွေပြင်ကာ

အိပ်ယယဘက်ပြန်လှည့်လာ၍

မျက်နှာကြီးရဲကာနေတော့သည်။


ဒေါ်သက်ထားတစ်ယောက်ကတော့

ခင်ပွန်းဖြစ်သူအား မျက်စောင်းတွေး

ထိုးရင်းဖြင့်...


-------------====================^^^^^🍓🍓🍓🍓🍓


Ring Ring Ring Ring

Ring Ring Ring Ring

Ring Ring Ring Ring🎼🎼🎼🎼🎼


လှိုင်းရေချိုးခန်းကထဲကထွက်လာ

ချ်ိန် ဖုန်းမြည်သံကြောင့် ကြည့်လိုက်

ချိန် သူငယ်ချင်းဖြစ်သူဆီက ဖြစ်သောကြောင့် ပြုံး၍ ကိုင်လိုက်ကာ..


"ဟယ်လို ဝင့် ငါအိမ်ပြန်ရောက်ပြီ

သိလား.. ''


"ငါလည်း စိတ်ပါလို့ ဆက်လိုက်တာ..

နင်နောက်ကျလိုက်လား..."


"ဟုတ်တယ် ကားပြတ်လို့လေ..ဒါနဲ

ငါနင့်ကိုမနက်ကြရင်ပြောရအုံး

မယ်...ကျောင်းကိုစောစောလာခဲ့ဒါပဲ .."


လှိုင်း ဝင့်အား တမင်သက်သက်

စိတ်စွ၍ ဖုန်းအား အမြန်ချလိုက်ကာ

ပြုံးနေလိုက်သည်။


သူမသာ ခွင်းဆိုသော သူနှင့်တွေ့ခဲ့ပြီး

စကားပြောခဲ့တာ သူမသိရင်

ဘယ်လောက်တောင် အံ့သြနေ

လိမ့်မလည်း ။


လှိုင်း အခုထိ အခုန်မြန်နေသောရင်ဘက်

လေးအားဖိ၍ ပြုံးကာ သူ့ရဲ့မျက်နှာ

ချောချောကြီးအား မြင်ယောင်၍

ပြုံးနေမိသည်။


လှိုင်းရဲ့ ပထမဆုံး ရင်ခုန်သံတွေ

ဖန်တီးပေးသော သူက တစ်ချိန်လှိုင်းရဲ့

သတိုးသားလောင်းဖြစ်ရမည်။


သူကလွဲ၍လည်း ဘယ်သူ့ကိုမှလည်း

ရင်ခုန်လိူ့ ရတော့မှာမဟုတ်။


 လှပသော နှုတ််ခမ်းလေးတို့ ကွေး

ညွှတ်နေအောင်ပြုံးနေသော

လှိုင်း....


"လှိုင်း ရှင့်အနားအရောက်လာတော့မယ်ခွင်း...လှိုင်းရဲ့ရင်ခုန်သံတွေက ရှင်မှ ရှင်ပဲတဲ့.. "


------------=-===============---^^^^^🍓🍓🍓🍓🍓🍓


"ဟက်ချို....."


"ဟက်ချို..."


ချည် ထမင်းစားနေသော သူ့အနား

မျက်နှာလေးတင်းကာ ထိုင်နေမိရင်း

နှာစေး၍ ချမ်းစိမ့်စိမ့် ဖြစ်ကာ နှာချေနေ

မိသည်။


"ချည် မစားဘူးလား. ."


"မစားဘူး..."


ရေချ်ိုးခန်းထဲမှ တော်တော်နျင့်မထွက်

ရသောကြောင့် ချည်အအေးမိ၍

ဖျားချင်သလို​ဖြစ်နေတာဖြစ်သည်။


အခုလည်း ထမင်းစားတာ ချည်အား

မရမကပွေ့ချီလာပြီး ဘေးမှာထိုင်ခိုင်းထား

သော သူ့ကြောင့်ချည်လက်သီးလေး

ဆုပ်ကာ ဒေါသဖြစ်၍ မျက်နှာလေးမှာ

ပို၍တင်းမာနေတာဖြစ်သည်။


ခွင်း သူမပုံစံလေးကြောင့် နှုတ်ခမ်း

တို့မှာ ပြုံးယောင်သမ်းသွား၍...


"ချည် ကိုယ်တို့ အစောကြီး

ကျန်သေးတာပဲ.. "


နာရီအား ကြည့်၍ ပြောလာသော

သူ့အား ချည် အမြင်မကြည်သလ်ို

ကြည့်၍ မျက်နှာလေးလွဲထားမိသည်။


ခွင်း သူခြောက်အောင် လေမှုတ်ပေးထါး

သော ဆံနွယ်လေးတွေအား ချထားကာ

မြန်မာဝတ်ဆုံချည်သားအပွလေးအား

ဝတ်ဆင်ထားပြီး ဝင်းစက်နေသော မျက်နှာလေးမှာ အပြုံးမရှိသော်လည်း လှပနေကာ...


"မင်း...အရမ်းလှတယ်...ချည်.."


"အို...ရှင်နော်..."


ချည်သူ့အား မျက်စောင်းထိုး၍

ထရပ်လိုက်ချိန်...


"အရင် ထသွားရဲရင် ထသွားနော်...

ထသွားလို့ကတော့ ဒီည မအိပ်ရဘူး

မှတ်...''


ချည် သူ့စကားကြောင့် နှုတ်ခမ်းလေး

ဖိကိုက်၍ လက်သီးလေးဆုပ်ကာ

ပြန်ထိုင်နေ၍ မျက်နှာလေးမှာ ပို၍

တင်းမာနေတော့သည်။


ခွင်း ထမင်းကို အေးဆေးစားနေကာ

နှုတ်ခမ်းတို့မှာတော့ ပြုံးယောင်သမ်းနေ

ပြီး သူမ ဘေးတစောင်း မျက်နှာသွယ်သွယ်

လေးအားကြည့်၍...ပြုံးနေမိသည်။


"အဟွန်း..လိမ္မာသားပဲ..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: