"သမီးချည်... စားနော်..ဒါလေးက
ငါးရံ့အူဟင်းလေ အချဥ်ဆီပြန်လေး
ချက်ထားတာ..ဒါက သမီးအကြိုက်
မုန်ညှင်းရွက်ကို အဆီနည်းနည်းနဲ့
ကြော်ထားတာ..ဒါကတော့..."
"အော်သက်ရယ်...သမီးလေး သူ့ပါသူ
ထည့်စားပါစေ မင်းလုပ်နေတာနဲ့ အနေ
ကြပ်နေပါအုံးမယ်..."
"အို...မောင်ကလည်း သက်ကသမီး
လေးကို စားစေချင်လို့ပါ...."
"ဟုတ်ပါပြီကွာ..သမီးချည်
ထည့်စား သိလား..."
ချည် ဇွန်လေးက်ိုင်၍ ခေါင်းလေးငြိမ့်ပြကာ..
"ဟုတ် ဖေဖေနဲ့ မေမေ...''
"ဒါနဲ့ ဟိုကောင်ရော..."
ချည်ဘေးကနေရာလွတ်အား တစ်ချက်
ကြည့်၍...
"ဟို...ချည် မသိဘူး ဖေဖေ...''
"ဟေ...''
ဦးတမာန် သူမအပြောကြောင့်
သားဖြစ်သူအပေါ် ဒေါသဖြစ်သွား
မိသည်။
အခုမှ လက်ထပ်ထားသော ဇနီးမယား
ကို ဘယ်သွားမယ်တောင်မပြောသွား
သည့်သား ပြန်လာရင်တွေ့ကြအုံး
မှာပေါ့....
ဒေါ်သက်ထား ကြားကနေပဲ...
"ကဲပါ..ဒီပုံအတိုင်းဆို သားကနောက်
ကျအုံးမှာ...သမီးချည် မေမေတို့ပဲ
အရင်စလိုက်ကြမလား. .''
"ဟုတ်ကဲ့ မေမေ..."
ချည် ခေါင်းလေးငြိမ့်လိုက်သည်နှင့်
အားလုံး ထမင်းစစားလိုက်ကြသည်။
ချည်ဇွန်လေးအားက်ိုင်၍ ထမင်းကို
ခပ်၍ စားလိုက်သည်။
သူနေ့လည်ထည်းက အပြင်ကို အရေး
ကြီးလို့ဆိုပြီး ကားသော့ယူ၍
ထွက်သွားတာဖြစ်သည်။
သူလည်း အရေးကြီးလို့ပဲပြောပြီး
ချည်လည်း ဘာမှ မမေးမိ။
ချည်ဘဝကတော့ နေ့ချင်းညချင်းကို
အိမ်ထောင်သည်ဘဝရောက်သွား
ပြီဖြစ်သည်။
ချည့်ကို မေမေဆုံးမဖူးသည်။အိမ်ထောင်
ရှင်မှ ဖြစ်သော မ်ိန်းမကောင်းက အိမ်ထောင်တစ်ခုကို မြဲအောင် အတက်နိုင်ဆုံးထိန်းသိမ်း
ရမည် ဖြစ်သည်။
ချည် ထမင်းစားနေရင်း စိတ်ပင်ပန်းစွာ
သက်ပြင်းလေးချနေမိသည်။
"သမီးချည်စားမကောင်းလို့လားကွယ်..."
ချည်ထိုတော့မှ သတိရသွားကာ..
"မဟုတ်ပါဘူး မေမေ ချည်စားကောင်း
ပါတယ်...နောက်ရက်ကစပြီး ချည်
ဝိုင်းချက်ပေးမယ်နော်..."
ထိုအခါ ဒေါ်သက်ထား သိတက်လွန်း
သော ချွေးမလေးအား အပြောလေးနဲ့
တင် အချစ်တွေပိုနေမိသည်။
သူမအခုလို ချည်လေးအား ချွေးမတော်ရတာ
အရမ်းကံကောင်းလှပါသည်။သားက ဆိုးသွမ်းပင်မဲ့လည်း သမီးချည်လေးသာ
ပြုပြင်ပေးရင် တကယ့်လိမ္မာလာမှာ သူမ
ယုံမိသည်။
ဒေါ်သက်ထား ချွေးမလေးအား ချစ်စနိုး
ကြည့်၍...
"အမလေး မလုပ်ရပါဘူးကွယ်..
အိမ်မှာ ကောင်မလေးတွေ နောက်
ထပ်နှစ်ယောက်တောင်ခေါ်ထား
သေးတယ် သမီးလေးက စာကြိုးစား
ရမယ်လေကွယ်ဆေးကျောင်းဆိုတော့
စာတွေအရမ်းများတယ်လေ... အိမ်မှာတော့
ဘာမှ မလုပ်ရဘူးနော် ချည်လေး..."
"ဟုတ်တယ်သမီးရေ...အဲဒါတွေ
ခေါင်းထဲမထည့်နဲ့ သမီးသာ တော်တဲ့
ဆရာဝန် ဖြစ်အောင်ကြိုးစား...ဒါသမီး
လုပ်ရမဲ့ အလုပ်ပဲ..."
ချည် သူမအပေါ်ကောင်းလွန်းလှသော
ယောက္ခမဖြစ်သူတွေကြောင့် သူမ
အားနာနေမိသည်။
အခုလို ယောက္ခမမျိုးတွေရတာချည်ဘဝ
အတွက်ကံကောင်းပြီး ရတဲ့ယောကျာ်း
ကတော့ ချည်ဘဝအား အနိုင်ယူတက်
သော ယောကျာ်း ရတာ ကံမကောင်းဘူး
ဆိုတာတော့ ချည်သိပါသည်။
သူလိုချင်တာ တစ်ဖက်သားကို
မကြည့်ဘဲ ရအောင်ယူတက်သော
ယောကျာ်းအား ချည်မုန်းမိသည်။
---------------------------=-=-==-======^^^^^🍓🍓🍓🍓🍓🍓🍓
"ခွင်း....မင်းသေချာပြီလား..."
ခွင်း သူ့အား အထင်သေးသလို
မေးလာသော ကျော်ဗိုလ်အား
လက်အိတ်အမဲကို သေချာဝတ်ဆင်
ပြီး ခပ်မဲ့မဲ့ကြည့်ကာ..
"အဟက်...မင်းလောင်းကြေးက...''
"သိန်း ငါးသောင်း...မင်းကရော...''
သူ့အား ခပ်မဲ့မဲ့ပြန်မေးလာသော
ကျော်ဗိုလ်ကြောင့် ခွင်းကြည့်ကာ...
"မင်းလိုချင်တဲ့ မြေကွက်..."
ထိုအခါ ကျော်ဗိုလ်မျက်နှာ
အရောင်တောက်သွား၍..
"အို...ကောင်းပြီခွင်း မင်းကတိမင်းတည်ပါစေ..."
"အဟက်...ခွင်းဆိုတဲ့ငါက တစ်ခွန်းပဲ...
ဒါနဲ့ မင်းပိုက်ဆံ အခုယူလာတာလား.."
"ဟိုမှာReadyပဲ..မင်းသာ ပေးဖို့ပြင်ထားပါ..."
"အဟက် စကြတာပေါ့.. "
ခွင်းပြောပြီးတာနဲ့ ဟဲမက်ဆောင်းကာ
သူ့ရဲ့ပြိုင်ကာအမဲရောင်လေးအပေါ်
တက်လိုက်သလို တစ်ဖက်က ကျော်ဗိုလ်ဆို
သော သူလည်း ပြိုင်ကားအနီပေါ်တက်လိုက်ကြကာ ပြိုင်ရပ်ထားသော ကားပေါ်မှာ
တစ်ယောက်ကိုတစ်ယောက်ကြည့်ပုံက
ကြောက်မက်ဖွယ်ပင်။
ခွင်းခပ်မဲ့မဲ့ပြုံးလ်ိုက်၍ ကားစက်နိုးပြီး
အရှေ့က အချပ်ပြသော လူဆီတစ်ချက်
ကြည့်၍ ထိုလူ ထွက်ဖို့ အချက်ပြချ်ိန်
ဂီယာအားတင်၍ လေဟုန်လို လျှင်မြန်စွာ
အပြိုင်မောင်းထွက်လာတော့သည်။
"ဟေ့..ဟား...."
ဝူး.....
ဝူး.......
သူ့အားကျော်တက်သွားသော ကျော်ဗိုလ်
သူ့အား လှောင်သွားသောကြောင့် ခွင့်
ခပ်မဲ့မဲ့ပြုံးလိုက်ကာ..အရှိန်အား မြှင့်တင်
၍ မောင်းထွက်လာပြီး ထိုကားကျော်တက်၍
ကျွမ်းကျင်စွာ မောင်းထွက်သွားတာ ကြည့်ရူ
သူများ ပါးစပ်အဟောင်းသားပင်။
နာရီဝက်အကြာ...
"Wow...ကားနံပါတ်.....အမဲ....
ဦးစွာ ရောက်ရှိလာပါပြီဗျာ..."
ဝူး.......ဝူး....ဝေါ....
ဒိုင်လူကြီး စကဆုံးသည်နှင့် ခွင်းရဲ့
ပြိုင်ကားသည်လည်း သတ်မှတ်ထား
သော နေရာတွင် ရပ်လိုက်ကာ..ကားပေါ်ကနေ
စတိုင်ကျစွာဆင်းလာ၍...အခုမှ ရောက်ချလာသော ကားအား လက်ပိုက်စွာကြည့်နေ
လိုက်သည်။
ကျော်ဗိုလ်တစ်ယောက် မျက်နှာကြီး
နီစွာ..ဆင်းလာ၍ ခွင်းအား မကျေမနပ်
ကြည့်ကာ..
"မင်း ကံကောင်းသွားတယ်မှတ်..."
ခွင်း ခပ်မဲ့မဲ့ပြုံး၍ ကျော်ဗိုလ်ဆို
လူအား မျက်ဝန်းတွေမှေးစင်း၍
ကြည့်ကာ..
"အဟက်...ငါက ကံကောင်းသွား
တာပေါ့...ဟုတ်ပါပြီ ဘယ်မှာလည်း
ပိုက်ဆံ...''
ထိုအခါ ကောင်လေးတစ်ယောက်
ခွင်းအား ကြီးမားလှသော
အိတ်အား ခွင်းလက်ထဲသို့လာ
ထည့်ပေးချိန် ခွင်းပြုံး၍
ယူလိုက်ကာ..
"ကျေးဇူးပဲ ကျော်ဗိုလ် နောက်လည်း
ငါ့ကိုပေးဖို့ ဆုထားအုံး.. "
"မင်း..."
ဒေါသတွေ တရူးရူးဖြစ်နေသော
ကျော်ဗိုလ် အားခွင်းကြည့်၍
ကားထဲ ထိုပိုက်ဆံအိတ်အား
ထည့်ကာ ဝင်၍ စက်နိုးလိုက်ပြီး
အောင်နိုင်သောအကြည့်ဖြင့်
ကြည့်ကာ ပြန်မောင်းထွက်လာတော့သည်။
"တောက်.."
ကျန်နေခဲ့သော ကျော်ဗိုလ် မျက်နှာကြီး
ရဲစွာလက်သီဆုပ်၍...
"မင်း နိုင်တုံး ပြုံးထားပေါ့....ခွင်း...''
-------------------=====--------------^^^^^^🍓🍓🍓🍓🍓🍓🍓
ညအမှောင်က အနည်ငယ်အရောင်စ
ပြုလာသောကြောင့် လှိုင်း ပျက်နေသော
ကားကို ကြည့်၍ သူမ မျက်နှာလေးမှာ
ပျက်နေမိသည်။
"ဒုက္ခ ပါပဲ...မှောင်နေပါပြီဆိုမှ
ဒီကားကလည်း..."
သူမပြောပြီး ကားစက်ဖုံးအားဖွင့်
ပြီး အကူအညီတောင်းရန် လမ်းမကြီး
ပေါ်ကြည့်ပင်မဲ့လည်း သူမရောက်နေ
သောလမ်းက ကားအသွားအလာနည်းသော
ကြောင့် ရင်ထဲလည်းစိုးရိမ်သွားမိသည်။
ထိုအချိန် ကားတစ်စီးမောင်းလာသော
ကြောင့် လှိုင်းပြုံးလိုက်၍...လမ်းမထက်တက်ကာ တားလိုက်သည်။
ခွင်း သူ့ကားအားတားနေသော အရှေ့က
လူကြောင့် ကျစ်သက်လိုက်ကာ...
"ကျစ်...ဘာလည်းကွာ..နောက်ကျနေပါ
တယ်ဆို...''
တဖြည်းဖြည်း နီးကပ်လာချ်ိန် မိန်းကလေးဖြစ်သောကြောင့် မကောင်း
တက်သဖြင့် ရပ်လိုက်ကာ...ကားမှန်ချလိုက်၍..
"ဘာကိစ္စလည်း..."
"ဟင်...သူ..."
လှိုင်း ကားမှန်ချ၍ ပေါ်အလာသော
မျက်နှာချောချောကြောင့် ရင်တွေ
ခုန်သွားမိကာ..
"ဟို...လှိုင်း ကားပျက်နေလို့
ကူညီပေးလို့ရလားရှင့်..."
ခွင်း အဖုံးဖွင့်ထားသော
ကားအား တစ်ချက်ကြည့်၍..
သူဆင်းလာလိုက်ပြီး တစ်ချက်
ကြည့်ပေးလိုက်သည်။
"ဆီပြတ်သွားတာ...''
ပြောပြီး သူ့ကားဆီလျှောက်သွား၍
ကားအဖုံးဖွင့်ကာ ဘုံးတစ်ဘုံးအား
ထုတ်၍ သူမကားထဲ ဆီဖြည့်ပေး
လိုက်သည်။
လ်ှိုင်းတည်တင်းပြီး ချောမောကာ
လှုပ်ရှားသမျှကြည့်ကောင်းနေသော
သူ့အား ငေးငေးလေးကြည့်နေမိသည်။
ထိုယောကျာ်းကိုသာ သူမပိုင်ဆိုင်ရရင်
ဘယ်လောက်ကောင်းလိုက်မလည်း...
"စက်နိုးကြည့်..."
"ဟင်...ဟုတ်..."
ထိုအခါ လှိုင်းအတွေးတို့ရပ်တန့်သွား
ပြီး ကားပေါ်တက်၍ စက်န်ိုးကြည့်လိုက်သည်။
ဝေါး.....
"အို..ရပြီ...ကျေးဇူးပါ...ကိုခွင်း..."
ခွင်း သူ့နာမည်အားခေါ်လာသော
မိန်းကလေးကြောင့် မျက်ခုံးတွေ
ပင့်တက်သွားပြီး ခေါင်းငြိမ့်ကာ..
"ရတယ်..."
သူပြောပြီးတာနဲ့ ဆီပုံးအား သူမဆီ
ကမ်းပေးကါ ကားပေါ်ပြန်တက်၍
မောင်းထွက်လာခဲ့တော့သည်။
လှိုင်းဆီပုံးလေးကိုင်၍...ပြုံးစွာ
ကြည့်နေမိရင်း ရင်တွေလည်း
ခုန်နေတာ ပေါက်ထွက်မတက်ပင်။
---------=================^^^^🍓🍓🍓🍓🍓🍓🍓
ဝေါ...ဝူး.....
ခြံထဲကားဝင်လာသော
အသံကြောင့် ပြတင်းပေါက်အနား
စာလုပ်နေသောချည် ခေါင်းလေး
ထောင်သွားမိသည်။
ဘေးကနာရီကို ကြည့်တော့လည်း
ည ၇နာရီ ရှိနေပြီ ဖြစ်သောကြောင့်
သူမ သက်ပြင်းသာချ၍ စာလုပ်နေလိုက်သည်။
ဂျလောက်...
ဘုတ်.......
ခဏအကြာ အခန်းတံခါးပိတ်သံနှင့်
တစ်ခုခုချလိုက်သောအသံကြား
ပင်မဲ့လည်း ချည်လှည့်မကြည့်။
ခွင်း သူပြန်လာတာကို အရေးမစိုက်
သော သူမအား ခါးကြီးထောက်၍
မျက်မှောင်းကြီးကုတ်၍ ရပ်ကြည့်နေ
မိသည်။
သူမမမြင်ဖူးသော ဂေါင်ဝန်အရှည်ကြီး
ကို ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်ကြီးအား
တစ်ဖက်လျှို၍ အနောက်သို့ပဲ ပြန်ချထား
သော သူမပုံစံလေးက ကပိုကရိုနိုင်သော်လည်း လှလွန်းလှသည်။
ခွင်း အင်္ကျီလက်ကြယ်သီးဖြုတ်၍
သူမအနား လျှောက်သွားကာ...
"မင်း ထမင်းစားပြီးပြီလားချည်.. "
ခွင်းသူမေးသော်လည်း ပြန်မဖြေသော
သူမကြောင့် သူ အောက်နှုတ်ခမ်းအား
အသည်းယားစွာဖိကိုက်ပစ်၍...
"ကိုယ်မေးတာ ကြားလားချည်..."
"အို..ရှင့်ဘာသာ သွားစားပါလား
အချိန်လည်းကြည့်လေ..."
ချည် သူမပုခုံးလေးအားကိုင်၍
ပြောလာသော သူ့ကြောင့် မကျေမနပ်
ကြည့်၍ နှုတ်ခမ်းလေးဖိကိုက်ကာ
သူ့အား မော့ကြည့်လာချ်ိန်....
ခွင်း သူမမျက်နှာလေးအား စူး
စူးစိုက်စွာကြည့်၍..
"ကိုယ်က ချည်ကိုပဲ စားချင်တာ.."
"ရှင်..."
ဆက်ရန်...
စာရေးသူ - လွမ်းခြင်း