book

Index 1

အပိုင်း(1)❤❤

  • Author : Lwanchin
  • Genres : Romance, Drama


"ဖေကြီး....သမီးလေးကို သွားပို့ရမဲ့

အချိန်နီးနေပြီနော်...."


"အေးပါကွာ...ကိုယ်သိပါတယ်..."


ထိုအခါမှ အခန်းထဲက ထွက်လာသော

ဦးစက်ရောင် ကားသော့နှင့် အိတ်အား

ယူ၍ အမြန်ခပ်သုတ်သုတ်ထွက်လာ

ပြီး..


"ကိုယ်ကားပေါ်က စောင့်နေမယ်နော်..''


"ဟုတ်ဖေကြီး..."


ဒေါ်မြဖူးငုံ ခင်ပွန်းဖြစ်သူအား ပြုံးပြလျှက်

သမီးအခန်းရှိရာအားတက်လာ

လိုက်သည်။


ဒေါက်...ဒေါက်...


"သမီးလေးရေ....ပြီးပြီလားကွယ်..."


ချည် မိခင်ဖြစ်သူအသံကြောင့်

အဝတ်တွေ အိတ်ထဲထည့်နေရင်း

ပြုံးကာ...အခန်းအဝအားကြည့်၍...


"ဝင်လာလို့ ရတယ်မေမေ  ချည်

ပြီးပါပြီ..."


ထိုအခါ တံခါးဖွင့်၍ ဝင်လာသော 

မေမေအား ချည်ပြုံးပြ၍...


"မေမေ....ချည် တကယ်သွားရမှာ

လားဟင်..."


သနပ်ခါး ပါးကွက်ကြားလေးကို ညှပ်နေ

အောင် လိမ်းထားပြီး ဆံနွယ်ရှည်ကြီး

တွေအား တစ်ပတ်လျှိုထုံး၍ ချထားသော

လည်း ငယ်ရွယ်မှုတို့က နုကြွနေကာ

ရင့်ကျက်တည်ငြိမ်လှသော သမီး

ဖြစ်သူအား ဒေါ်မြဖူးငုံကြည့်၍..


"မေမေ သမီးလေးက ကျက်သရေရှိ

ပြီး လှပလိုက်တာ.မေမေတော့အခုလို

သမီးလေး ရထားတာ ဘယ်လောက်ဂုဏ်ရှိ

လိုက်သလဲ...."


မေမေအပြောကြောင့် မြို့ပေါ်သွား

ပြီး သူများအိမ်နေရမည်ကို

စိတ်ညစ်နေသော ချည်...

မျက်နှာလေးပြုံးသွား၍...


"မေမေကလည်း..ချည်

ကို မြှောက်နေပြန်ပြီ..."


"အို...သမီးလေးကလည်း မေမေက

အမှန်တိုင်းပြောတာပါ..မေမေသမီး

က ဆံသားကနေ ခြေဖျားအထိကို

လှပနေတာ..အဟွန်း..."


ချည် မျက်နှာလေးရှက်သွား၍

ခေါင်းလေးပြန်ငုံ့သွားကာ...


"မေမေကလည်း..''.


ဒေါ်မြဗူးငုံ လိမ္မာသိတက်ပြီး အရှက်အကြောက်ကြီးသော

သမီးဖြစ်သူအား ကြည့်၍

ချစ်စနိုးပြုံးနေမိ၏။


"သမီး ဟိုရောက်ရင် အန်တီသက်ကို 

ဘာပဲလိုလို ပြောနော် တိုင်ပင်နော်.. 

မေမေ...သမီးလေးက လိမ္မာတော့

ထွေးထွေးထူးထူး သိပ်မမှာတော့ပါဘူး..."


ချည် ခေါင်းလေးအားငြိမ့်ပြကာ...


"ခြည်း လိမ်လိမ်မာမာနေမှာပါ မေမေဘာ

စိတ်မပူနဲ့နော် ပြီးတော့ ဖေဖေနဲ့ မေမေသာ

ကျန်းမာရေး ဂရုစိုက်နော်...."


"အဟွန်း ဟုတ်ပါပြီး..လာ

ကားပေါ်မှာ ဖေဖေစောင့်နေပြီ

မေမေတို့သွားကြမယ်နော်..."


"ဟုတ်..."


ချည် အဝတ်အိတ်ကို သယ်၍

မေမေအနောက်ကနေ လိုက်လာ

ခဲ့တော့သည်။


ပြင်ဦးလွင်ကနေ ရန်ကုန်မေမေသူငယ်

ချင်း အန်တီသက်တို့အိမ်၌ ချည်နေပြီး

ဆေးကျောင်းသွားတက်မှာ ဖြစ်သည်။


သွားတာသွားရမှာ အန်တီသက်ရဲ့ သား

က အရမ်းဆိုးတယ်လို့လည်း မေမေတို့

ပြောသံတော့ကြားဖူးသည်။


ဒါပင်မဲ့ အားလူံးက ထိုကောင်လေးအား

ကလေးလို့ ခေါ်နေကြတော့ အခုမှ

ကလေးပဲ ရှိလောက်ပါအုံးမယ်...


ချည် တွေး၍ စိတ်ထဲအနည်းငယ်တော့

ပေါ့ပါးသွားမိတော့၏။


-----------------------------------------^^^^^^🍓🍓🍓🍓🍓🍓🍓


"ဟေ့ကောင်း ခွင်းမာန်ဟုန်ဆိုတဲ့

ကောင်ကိုသိလား..."


"ဟာ သိတာပေါ့...တစ်ကျောင်းလုံးရဲ့

ချဥ်ဘက်ကို..."


"မိန်းကလေးတွေ မပါပါဘူးကွာ..."


"မင်းကလည်း အရေးထဲမှ ကာကွယ်

နေသေးတယ်..."


"မဟုတ်ပါဘူး မင်းကလည်း

ငါဆက်ပြောမယ်...သူက

ဟိုရက်က ဆေးကျောင်းဘက်က

စော်နဲ့ hotelသွားတယ်ကွ..."


"ဟာ..ဟုတ်လို့လား မင်းကလည်း

သူက မိန်းကလေးတွေကို အဖက်လုပ်

တာမှမဟုတ်တာ..သူ့ဘာသူ ဆိုးတာကဆိုး

တာပဲ..."


"ဟာမင်းကလည်း ....အခု တွဲပြန်တော့လည်း

Hotelအထိ ခေါ်သွားတာဆိုတော့...စဥ်းစား

လေကွာ...ပြီးတော့ကောင်မလေးက

ဆေးတက္ကသိုလ် ကွင်းကွ...ဟိုကောင်က

စားဖားကြီး မထင်ရဘူးနော်..."


"တောက်....လာစမ်း...ပြန်ပြောစမ်း...

ခွင်းဆိုတဲ့ကောင် ဘာဖြစ်လည်း....

စာဖားကြီး ဟုတ်လား..."


အနောက်တွင် ရောက်လာပြီး ထိုလူ

နှစ်ယောက်ထဲမှာ တစ်​ယောက်ရဲ့

ဂုတ်အား ဆွဲကာ လက်သီးဖြင့် ချိန်

ရွယ်လိုက်သော ခွင်း....


သွယ်ချနေသော မျက်နှာချောချောနှင့်

မဲနက်သော မျက်ခုံး ဖျောင့်တန်း၍

စင်းကျနေသော နှာတံ ပိရိသေသပ်သော

နှုတ်ခမ်းတို့က သူ့အား ချောမောမှုတို့ကို

ပုံဖော်ပေးထါးသည်။


ရှည်လျားပြီး ကြည့်ကောင်းလှသော

ခန္ဓာကိုယ်အချိုးအစားကြောင့်ရော

ချောမောသော ရုပ်ရည်ကြောင့်ပါ

မိန်းကလေးတိုင်းရဲ့ ပါးစပ်ဖျားတွင်

ခွင်းဆိုတာ ပါးစပ်ဖျားလေးတွေပင်။


ဂျစ်ကန်ကန် နိုင်ပင်မဲ့လည်း ရည်းစား

မရူပ်တက်တာ ခွင်းရဲ့ တစ်ခုထည်း

သော ကောင်းမွန်တဲ့အကျင့်ပင်။


အခုလည်း ယောကျာ်းတန်မဲ့ သူ့အတင်း

အား မဟုတ်တာကို အဟုတ်ပြောနေသော

ငနဲသား နှစ်ကောင်အား သူပညာပြ

ရတော့မှာ ကြိမ်းသေနေသည်။


အခုမှ အကြောက်အလန်တကြား သူ့အား

တောင်းပန်သလိုကြည့်နေသော ငနဲ့သား

နှစ်ကောင်အား ခွင်း ခနဲ့ပြုံးပြုံးကာ

ကြည့်၍...


"ပြောလေ...ဘာလည်း ခွင်းဆိုတဲ့

ကောင်က ဘာဖြစ်တယ် ပြောလေ.. ''


"ဟို..ဟိူ ငါတို့တောင်းပန်ပါတယ်ကွာ...

ငါတို့မှားပါတယ် နောက်တစ်ခါ

မင်းအကြောင်းမပြောတော့ပါဘူး

ကွာနော်..."


တစ်ယောက်က ဒူးထောက်မတက်

တောင်းပန်နေမှု​ကြောင့် ခွင်း

စူးစူးရဲရဲ ကြည့်လိုက်ကာ...


"အဲဒါ ငါ့အကြောင်းမပြောခင်

ထဲက စဥ်းစားသင့်တယ်..အခုတော့...''


"ခွပ်..."


"အား...သေပါပြီဗျာ..."


"နောက်တစ်ခါ.. ငါ့အကြောင်းပြော

ရင် ရှိသမျှသွားတွေ ကျွတ်ပြီမှတ်..."


ပြောကာ ဘာကိုမှ ဂရုမစိုက်စွာ

ထွက်သွားသေါ ကျောပြင်အား

နှစ်​ယောက်သားကြည့်၍

ထိန့်လန့်နေမိတော့သည်။


----==-===================^^^^^🍓🍓🍓🍓🍓🍓🍓


"မောင်ရေ...ဒီနေ့ မြဖူးသမီးလေး

လာမှာနော်....သွားကြိုဖို့ မေ့နေအုံး

မယ်..."


ဦးတမန်တော် ခေါင်းငြိမ့်၍...


"ဟုတ်ပါပြီ...သက်ရယ် မောင်

သွားကြိုလိုက်ပါ့မယ်..."


ဒေါ်သက်ထားပြုံးသွားကာ Company

ကို သွားတော့မည်ဖြစ်သော ခင်ပွန်း

အနားလျှောက်လာ၍...


"အင်းပါ...ဒါနဲ့ မြဖူးရဲ့သမီးလေးက

အရမ်းလိမ္မာတာသိလား သက်ကတော့

သမီးလေးကို အရမ်းချစ်တာ...ချည်လေးသာ

သက်ရဲ့ တကယ့်သမီးလေး ဖြစ်ရင် ဘယ်

လောက်ကောင်းလိုက်မလည်း.."


ဥပဓိရုပ်ရည်ချောမောခန့်ညား

လွန်းသော ဦးတမာန်တော်ပြုံး၍...


"မင်း ချည်လေးကိုတော့ မင်းသား

နဲ့ မဆက်နဲ့နော်...ဟိုက ရိုးရိုးလေးနေတာ

မင်းသားလို့ တစွပ်ထိုး တစောက်ကန်းနဲ့

မဖြစ်ဘူး...ငါသမီးချည်လေးကို နှမျောတယ်..."


"အို..မောင်နော်...ကိုယ့်သားကို

ဘယ်လိုပြောလိုက်တာလည်း..

အဲဒါ ရှင်ကြီးပဲ ငယ်ငယ်က

ငါ့သား..ငါ့သားနဲ့ အလိုလိုက်ခဲ့

တာမဟုတ်ဘူးလား..အခုမှ 

မနိုင်မှ သက်ဘက်ကိုတော့ 

မလွဲချနဲ့နော်..."


ဒေါ်သက်ထား ခင်ပွန်းဖြစ်သူအား

မျက်စောင်းလေးထိုးကာပြောပြီး

နှုတ်ခမ်းလေးဆူနေချိန် ဦးတမာန်တော်

ဇနီးဖြစ်သူအနားတိုးသွားပြီး...


"ဟုတ်ပါပြီ..မောင့်အမှား..ဟုတ်ပြီ

လား..."


ထိုတော့မှ ဒေါ်သက်ထား မျက်စောင်း

လေးထိုးကာ ပြုံးလိုက်မိသည် ။


-------------=-------------------&&&&---^^^^^🍓🍓🍓🍓🍓🍓🍓


အဝေးပြေးကားဝန်းကြီးထဲ

ချည် အဝတ်အိတ်တွေဖြင့်

အန်တီသက်လာကြိုမှာကို

ခေါင်းလေးတမျှော်မျှော်ဖြင့်

စောင့်နေချိန်...


"အို...အမေ့ရေ...''


သူမအား အရှိန်ဖြင့် ဝင်တိုက်

ကာ သူမရဲ့ ခါးသိမ်သိမ်လေး

အားဖက်လိုက်သော လက်တစ်စုံ..


"ဟာ....."


"ခွင်း...."


နှစ်ခမ်းနှစ်စုံ စက္ကန့် ပိုင်းအကြာ

ပူးကပ်နေပြီး နှစ်ယောက်သား

​ကြောင်ကြည့်နေချ်ိန် အရင်ဦး

ဆူံးသတိဝင်လာသော ချည်

ရှက်စိတ် ဒေါသစိတ်တို့ အသိတရားအား

အမှောင်ဖုံးသွားကာ...


"ဖြန်း..."


ခွင်းလည်ထွက်သွားသော ပါးပြင်

အားကိုင်၍ ထိုပုံတုံးတုံးအမျိုးသမီး

အား ခပ်ညစ်ညစ်ကြည့်လိုက်ကာ..


"အဟွန်း...ပါးတစ်ချက်အတွက်..

လာခဲ့..''


"အို...အမေရေ....ဟင့်အင်း..အွန်း..."


ဆက်ရန်...

စာရေးသူ - လွမ်းခြင်း


rate now: