book

Index 9

အပိုင်း-၉

အတိတ်​ခြေရာ

@@@@@@@


°°°°°°°°°°°

"မိ​မှီ...ညည်းသတင်း​တွေကြား​နေရတယ်​နော်"


"ဘာကို​လဲ..ဒေါ်​လေးရဲ့..."


"ခုမှမသိချင်ယေ္င်ဆောင်မနေနဲ...ညည်းနဲဟိုဘက်ရပ်ကွက်က​ကောင်​လေအ​ကြောင်း"


​ဒေါ်​လေး၏အ​ပြော​​ကြောင့်မှီမျက်နှာ​လေပျက်သွားသည်။


"​ပြောစမ်း...အဲ​ကောင်​လေးနဲညည်းနဲကဘာ​တွေလဲ။"


:ဒေါ်လေးကဘာကြားထားလိုလဲ..."


"အေး...ကျူပ်ကြားထားတာက...ညည်းနဲသူနဲကတွဲ​နေတာဆိုဘဲ။ဘယ်ရမလဲငါကလဲငါတူမဘက်က​နေ​ပြောခဲ့တယ်"


"ဘာ​ပြောခဲ့​တာလဲ..."


"ညဘ်းကိုကျူပ်ယုံပြီးလက်မ​ထောင်ပြောခဲ့​တာ​ပေါ့​အေ...ငါတူမကအဲလိုမဟုတ်ဘူး...စွပ်စွဲတာ​တွေ​တော်​တော့လလို​ပေါ​အေ....."


"ဪ...​ဒေါ်​လေး...ဒေါ်လေးသူကငါအပေါ်တကယိ့ယုံကြည်နေတာပါလား...မှီတောင်ပန်းပါတယ်ဒေါ်လေးရယ်...မှီ​ဒေါ်​လေးကိုမလိမ့်သင်ဘဲလိမ်ရ​တောမယ်။"

မှီအတွေးတွေနဲစဥ်စားနေစဥ်.....


"ဟဲ့...မိမှီငါ​ပြောတာ​ဟုတ်တယ်​မ​လား။

ညည်းနဲသူနဲက......"


"ဟုတ်ပါတယ်​ဒေါ်​လေး...​မှီတို့ကသူငယ်ချင်း​တွေပါ"


"ဘယ်သူယုံယုံ၊မယုံယုံငါတူမကိုငါယုံတယ်...ဟေ့...ငါယုံတယ်"


​ဒေါ်​လေးကပတ်၀န်းကျင်ကိုစိန်​ခေါ်စကားဆိုလိုက်ချင်ဖြစ်သည်။

ဒေါ်လေးကမှီကိုပြန်ကြာ်လိုက်ပြီး။


"မိမှီ...​ဒေါ်​လေးသမီးကိုယုံတယ်။ပြီး​တောဒီအရွယ်ကသစ်ရွက်လူပ်တောင်ရင်ခုန်တယ်....​ဒေါ်​လေးနားလည်တယ်​သမီး...ဒါ​မယ်ဒီအရွယ်မှာသမီးကိုအချစ်ကိုမ​တွေ့​စေချင်ဘူး။မီးနဲတူတဲ့အချစ်ကသမီးအနာဂတ်အတွက်ဘာ​ကောင်းကျိုးမှ​ပေးမှာမဟုတ်ဘူး။​ဒေါ်​လေးဒါဘဲ​ပြောချင်တယ်"


​ဒေါ်​လေးကမှီကို​နားချပြီးအိမ်​ပေါ်တက်သွားသည်။​ဒေါ်​လေးသတိမ​ပေးခင်အချိန်တည်းကပင်မှီသည်မီးတစ်ခုကိုထိ​တွေ့ထားပြီးဖြစ်သည်။အချစ်ကို​ဒေါ်​လေး​ပေးသဘ်ကနာမည်ကမီးတဲ့။မဟုတ်ဘူး​ဒေါ်​လေးမီးဆိုတာသိပ်ပူ​လောင်လွန်ပါတယ်​ဒေါ်​လေး။ဒါမယ်အချစ်ကမီးမဟုတ်ဘူးသိပ်ကိုနှစ်လိုဖွယ်​ကောင်းတဲ့ကမ္ဘာ​​ပေါ်ကဖန်ဆင်းရှင်​တွေရဲ့​နောက်ဆုံးအ​မွေလိုမီှကနာမည်​ပေးချင်တာပါ။


မှီရင်ထဲကဆို​နေ​သောစကားများဖြစ်သည်​။


@@@@@@@@@@@@@@@@@


"မှီ​ရေ....မနက်ဖြန်ကျတို့စုဆီသွားကြမို့....

မှီလိုက်မယ်မလား"


"အင်း.....မှီအားရင်လိုက်မယ်လေ...​ကေသီ...

မှီတို့လည်း...စုဆီမရောက်ဖြစ်တာကြာပြီးနော်

စာ​မေးပွဲကလည်းဘာလိုလိုနဲနီးလာပြီ"


"ဟုတ်တယ်....မှီ​ရေ....ဒါနဲ....မှီတို့၂​ယောက်အဆင်​ပြေရဲ့လား...."


"အင်း....ပြေပါတယ်သီရိရဲ့....ဘာလိုလဲ"


"အဆင်ပြေရင်လည်းပြီးတာပါဘဲ......သီရိကစိုးရိမ်လို​မေးတာ"


သီရိစိုးရိမ်မည်ဆိုလည်းစိုးရိမ်​စရာ​ပင်​ဖြစ်သည်

မောင်ကလူရူပ်လူပွေးဆိုတာကို သီရိ​တင်​မ​က

အတန်းတစ်ခုလုံးတောင်သိနေနိုင်သေးသည်။

​မောင်ကိုဘယ်သူ​တွေဘယ်လိုအပြစ်​တင်​နေပါ​စေ။မှီလက်ထဲမှာရှိ​သော​မောင်​သည် မှီကိုသာချစ်ရမည်။မှီကမောင်​ကိုအရာရာ​ပြောင်းလဲ​အောင်လမ်းညွှန်​ပေးချင်သည်။

​မောင်ဘ၀အတွက်မှီဖြစ်လာရမည်။


​ကျောင်းဆင်းချိန်တိုင်းတွင်​မောင်...မှီကိုလာကြိုမြဲဖြစ်သည်။ညတိုင်းလည်း​မောင်နှင့်phခိုး​ပြောရသည်။ဒီလိုခိုး​ပြောခိုးတွေ့ရနေသည်ကပင် မှီအတွက်မဟာကံ​ကောင်းခြင်းဟုမှီထက်​နေမိသည်။မှီစိတ်ထဲတွင်​မောင်နှင့်မှီကိုဘယ်သူမှခွဲလိုရ​မည်မဟုတ် 

မောင်ကခွဲသွားရင်တောင် မှီက​မောင်နံဘေး

မှာ တွဲကပ်နေမည်အမိှုက်က​လေး တစ်စဖြစ်ချင်နေမိသည်။

ဟော...ဟိုမှာ....ကျောင်းဆင်းချိန်ပုံမှန်အတိုင်း ​မောင်. မှီကိုလာကြိုနေပြီးဖြစ်သည်


"မောင်...​စောင့်​နေတာကြာပြီးလား"


"ဟင့်...ကြာပြီ​ဆို....ကြိုစားမူဖြင့်​နဲ့...ဆုပေး​မို့လား"


မောင်က​ပြောပြီး သူပါး​လေကို​ဖောင်းလိုက်သည်။


"​တော်ပါနော်...မောင်​တို့​များ...ဆုကအမြဲလိုယူချင်​နေ​တောတာဘဲ​နော်"


"ကိုယ့်ချစ်သူပေးတဲ့ဆုဘဲလိုချင်တာပေါ့...

ဒါမယ့်မပေးလည်းရပါတယ်....ဘာဘဲဖြစဖြစ်​စောသ့်ရကျိုးနပ်ပါတယ်"


"ဟင့်....ဘာလို"


"ဟေ...ဒီက​မောင်ချစ်သူမျက်နှာ​လေကို​တွေ့ရလိုလေ...မောင်ချစ်သူမျက်နှာလေက

သိပ်အ​မော​ပြေဖို့​ကောင်းတာဘဲ"


"စကား​တွေကြွယ်​နေတယ်....မောင်

မှီသတိထားရ​တောမှာလား"


"သတိမထားပါနဲကွာ....စိတ်မချရင်အိမ်သာ​ခေါ်ထား"


"ဟား...ဟား...​"မောင်၏စကား​ကြောင့်မှီရယ်မိသည်။


"​မောင်က​မောင်ချစ်သူ​လေ​ကိုအဲလိုပျော်​အောင်ထားချင်တာ....ကဲ....တက်....ပြန်ကြစို့"

"အင်း....."


​မောင်လိုက်ပို​သောစက်ဘီး​နောက်မှမှီသည်​မောင်ခါးကိုတင်းကျပ်စွာဖက်ထားသည်။

မောင်ကိုဖက်ထားရင် မှီစိတ်ထဲတွင် စိတ်မ​ချ

မှုများ​ပေါ်လာ​သည်။


"မောင်....."


"ဗျာ........"


"မှီ​ကို....​နောက်ပိုင်းကျရင်ပြစ်မသွားပါနဲ​နော်"


"ဟင့်....မှီ...ဘာလိုအဲလို​တွေ​ပြော​နေတာလဲ"


"မှီ...စိုးရိမ်​လို့ပါ....ပြီးတော....​နေနဲလလိုမ​ပေါင်းဆုံရ​ဘဲ....အ​ဝေးကကြည်​နေရမယ်

အဖြစ်မျိုး...မှီမဖြစ်ခြင်းဘူး"


"ဪ...မှီရယ်...မဆိုင်တာ​တွေ​လျှောက်​တွေး​နေပြန်ပြီး"


"​မောင်အတွက်​က...မ​ဆိုင်​ပေမယ့်...မှီအတွက်ကဆိုင်တယ်မောင်...​ဘာလို​ဆို...​မောင်နာမည်က​နေယံရှင်း

မှီကလ​ရောင်မှီ....အဲလိုနေနဲလလိုနာမည်ဆင်တူနေတဲ့..မှီနဲ​မောင်တနေကျ ခွဲရမှာမှီ​ကြောက်တယ်"


မှီစကား​ပြောပြီးချိန်မှာမောင်ကစက်ဘီးကိုရပ်လိုက်ပြီး

မှီကိုကြည်​နေသည်။


"​မောင်​ပြော​ရဲ​တယ်...မှီ...မင်းကိုချစ်တာတခြားသူတွေနဲမတူဘူး...အဲ​တော...​မောင်ချစ်သူ​လေစိတ်ချ​နော်"


မှီ...​မောင်၏စကားကိုခေါင်းသာညိတ်မိသည်။

မကြာ​လောက်​သောအချိန်တွင်စိန်ပန်းနီနှင့်ကန်​ရေပြင်ကြီးနား​ရောက်လာသည်။ဒီ​နေရာ​လေသည်...မှီ​တို့​နှစ်ယောက်​အတွက်...ချစ်သက်​သေ​နေရာ​လေဖြစ်သည်။ဒီ​နေ​ရာ​လေ​ရောပ်​တောမှ.....

"မောင်​သစ္စာရှိ​ပါနော်......"


"အင်း....စိတ်ချပါ"


မောင်​သည့်...မှီကိုလမ်းထိပ်ထိလိုက်ပိုပြီး၊ဂရုစိုက်ဖို့အ​ကြောင်း​တွေ တဖွဖွမှားပြီး။ပြန်သွားသည်။​မောင်နှင့်အတူရှိ​နေရ​သော​နေရက်များသည်။မှီအတွက်ပျော်ရွှင်သောနေရက်များဖြစ်သည်။


@@@@@@@@@@@@@@@@@


ဒီအပတ်ကျောင်းပိတ်ရက်တွင် မှီ​တို့​သူငယ်ချင်း​တွေအားလုံး ချစ်စု​ဆီ​သွား​ဖြစ်သည်။


"ဟယ်....စု...စုဘူးကြီးနဲပါလား...တို့မလာနဲအ​တောတွင်းမှာအ​တော်​လေ​ပြောင်းလဲသွားပါလား"


​ကေသီ​ပြော​​သောစကားများကို စုကရယ်​​နေသည်။ပြီးမှ


"​​ကောင်မ​တွေ ဘယ်က​နေဘယ်လိုလှည့်လာကြတာလဲ။"


"ဘယ်က​နေမှလှည့်လာတာမဟုတ်ဘူး...နင့်ဆီဘဲလာတာ" သီရိ​ကဆို​လိုက်သည်။


"ကဲ....လာ...အိမ်​ပေါ်တက်ကြ....

​ယောကျာ်း​ရေ.....ဒီမှာ...စုသူငယ်ချင်းတွေလာလို....အ​အေး​၀ယ်​ပေးပါလား"


စု၏စကားကိုသူမယောကျာ်းကဘာမှစောဒကမတက်ဘဲ ပိုက်ဆံ​ယူပြီး​ထွက်သွား​သည်။

တကယ့်​တောစုတိုယူတုန်းကဘယ်သူမှသ​​ဘောမတူ​ပေး။အရက်သမားကိုယူ​သည့် စုအတွက်အားလုံးကရင်​​လေးကျသည်။ခု​တောလည်းသူဟာနဲသူအဆင်ပြေနေသည်။


"ဟယ်...မိုက်လှချည်လား...သာချက်ဘဲကွာ

ဘာနည်းလမ်း​တွေသုံးထားတာလဲ"


"နည်းလမ်းက​တော့...သူမဦးခင်ကိုယ့်ဦးအောင်လုပ်လိုက်တာလေ....ယောကျာ်းဆိုတဲ့အမျိုးက...ဂုတ်ကိုနားနားချိုးထားမှတော်ရာကျတာ...

တကယ့်​တော...စုတို့ကွဲသွားကြ​သေးတယ်။

​မေ​မေ​ပြောသလို...စုဘ၀က...လင်ဆိုးမ​ယား...တဖာဖာဖြစ်ခဲ့​​သေးတယ်​​လေ"


"ဟင်...ဘယ်လို​ဖြစ်​တာလဲ...​ပြော​တောဖြင့်နင့်​ယောကျာ်းကမယူခင်တည်းကနင့်စကားတစ်ခွန်ဘဲဆို"


"ဟုတ်​တယ်...ကေ​သီ​ရေ...မယူခင်တုန်းကအဲလိုဘဲ...ယူလည်းပြီးရော...ရှိတဲ့ဗီဇတွေ့ကထပ်ထွက်လာတောတာဘဲလေ. ..ငါလည်းအစကသည်းခံတယ်မခံနိုင်တဲ့အဆုံးသူထက်ပိုမိုက်ပြလိုက်တာ....အခုတောအပိုးကိုကျိုးသွားတာဘဲ...ဒါနဲ​သူငယ်ချင်း​တို့...နင်တို့ကိုလည်းတစ်ခါတည်းပြောထားအုန်းမယ်...မကောင်း​တဲ့လူ​တွေကို​လေ...ကိုယ့်လက်ထဲ​ရောင်မှ​ကောင်းပါ​စေဆိုပြီးပြုပြင်ဖိုမစဥ်စားနဲ...​မွေးသ​ေ န္ဓ

​သေမှ​​ပျောက်ဆိုတာကြားဖူးတယ်မလား"


"အင်း...ကြားဖူး​ပ...အိမ်မှာအ​မေရဲ့လက်စွဲ​တော်စကား​လေ"

သီရိက​ပြောချင်ဖြစ်သည်။


"အကျင့်ဆိုတာပြင်ရခက်တယ်...."


"အင်း...ဒါဆ်ုစုက​ရောဘယ်လို​ပြင်​လိုက်​တာလဲ....ဘယ်လိုပြင်ရမှာလဲ...ကေ​သီ​ရယ်...

ဂျိုမကြွ​​အောင်ကိုယ့်ဘက်ကအရင်ဦးချိုထားတာလေ

​ယောကျာ်းဆိုတဲ့...အမျိုး...ကိုယ့်ကသေလောက်အောင်ချစ်ပြဂရုစိုက်ပြနေရင်ပိုချိုကြွတယ်...အဲ​တော...မချစ်ဘူးမဟုတ်ဖူးချစ်တယ်

ဒါမယ်အဲအချစ်ကိုမထုတ်ပြနဲ...ထုတ်ပြ​ရင်​လေ...သူငယ်ချင်းတို့ဒူးနဲ​မျက်ရည်​သုတ်​ရမယ်

အကွက်​​တွေသာပြင်ထားလိုက်​တော"


"ဟုတ်​လှ​ချည်​လား...စုတို့များအိမ်​ထောင်ကျပြီးမှအ​တော်အကွက်​တွေစုံလာပါလား"


ကေသီ၏အပြောကိုစုကရယ်သည်။မကြာခင်တွင် စု​ယောကျာ်းအ​အေးဘူးများဖြင့်ပြန်လာသည်။မှီတို့လည်း​ရှေ့​ဟောင်း​နှောင်းဖြစ်​တွေ​ပြောဖြစ်ကြသည်။


"မှီ...မင်း​ရောအဆင်​ပြေရဲလား"


"ဘာကိုလဲ...စု"


"​နေယံရှင်းနဲ...."


"အင်း...​ပြေပါတယ်...ဒါနဲစုကမှီအ​ကြောင်းကိုဘယ်လိုသိ"


"ဒီလိုဘဲလေလူတွေပြောနေကျလ်ု...ဘာဘဲဖြစ်ဖြစ်ပေါ့...မှီရယ်...ဂရုစိုက်ပါ..."


စုက​တောမှီကိုဒီလောက်သာပြောသည်။ပတ်ဝန်းကျင်၏စကားများကြောင်း ချစ်စု​တောင်သိနေသည်ဒီကိစ္စကို ဒေါ်​လေး​လည်း

သိ​နေသည်​မှာ ဧကန်မလွဲပင်ဖြစ်သည်။ဒါမယ်

​ဒေါ်​လေကမှီကိုဘာတစ်ခုမှမပြောသေးပေ။

မှီယခုအခါတွင်ဝန်ခံရမည်လာ တွေးမိ​သည်။


"မှီ...ဘာ​တွေ​​တွေး​နေတာလဲ"


"ဘာ​မ​မဟုတ်ပါဘူး....​ကေသီ"


"မှီ...စုစကားကြောင်းစိတ်ထဲမကောင်းတာတွေ...​မ​တွေးနဲ​နော်"


"အင်း​ပါ....စုရယ်"


မှီတို့အားလုံးစုအိမ်မှာ ​ရှေ့​ဟောင်း​နောင်ပြစ်​တွေ​ပြောပြီး ပြန်လာ​ကြသည်။​မှီအိမ်ကို​ပြန်ရောက်​တော ​ဒေါ်​လေးတစ်​ယောက်​နောက်​ဖွေးတွင်လုပ်စရာရှိတာကိုလုပ်​နေသည်။မှီ​ဒေါ်လေကိုကြည်ပြီး မှီအ​ကြော်း

ကို ​မေးသင်မ​မေးသင့်စဥ်စားနေ​မိသည်။


"မှီ...ပြန်လာပြီးလား"


ရုတ်တရက်ဒေါ်လေ၏စကားကြောင့် မှီလမ်းသွားသည်။


"ဟုတ်​ဒေါ်​လေး...ပြန်လာပါပြီ"


"အဲဒါဆိူလည်းရေမိုးချိုထမင်းစားပြီး...စာကျက်​တော...စာ​မေးပွဲနီး​နေပြီမလား"


"ဟုတ်​ဒေါ်​လေး. ..ဒါနဲ..."


"အင်း....."


"ဘာမှမဟုတ်​တော​ပါဘူး....မှီ...ပြီးရင်...စာကျက်​တောမယ်​"


"အေး...အေး...."


အိပ်​ခန်း​ဆီသို့ ဝင်သွားသောမှီကိုကြည်ပြီး။

​ဒေါ်လေးစိတ်ထဲတွင်သက်ပြင်းတစ်ခုချသွား

သည့်​ကို မှီမသိလိုက်တောပေ။


နောက်​အပိုင်း...​ကျောင်းစာ​မေးပွဲနှင်အတူ....


စာ​ရေးသူ_V (EYU)😷


rate now: