book

Index 8

အပိုင်း-၈

အတိတ်​ခြေရာ

☆☆☆☆☆☆☆☆


°°°°°°°°°°ေ

ရှင်းချစ်ရေးဆို​သောကိစ္စကိုကေသီတို့ကိုပြောပြဖြစ်သည်။


"ဟင့်...ဘယ်လို​မှီ...ရှင်းကနင်ကို"


"ဟုတ်တယ်...ကေ​သီ...ငါသူကိုဘယ်လိုအ​ဖြေ​ပေးရမလဲ။ပြီး​တောမှီကအချစ်ဆိုတာဘယ်လိုအရာလဲဆိုတာမသိဘူး"


"ဪ...ဒါများခက်လိုမှီရယ်....မင်းသူနဲအတူရှိ​နေရင်ဘယ်လိုခံစားရလဲ"


"ဘာကိုလဲ...ကသေီ"


"မင်းသူနဲ​တွေ့ရင်...ရင်​တွေဘာ​တွေခုန်လားလို့​မေးတာ"


"ဟင့်...အဲဒါက​ခုန်​တယ်...ပြီး​တောရှင်းနဲအတူရှိ​နေရင်မှီတအား​ပျော်တယ်"


"ဒါဆို​ရင်မ​ှီ...သေချာ​နေပြီး...မင်းရှင်းကိုချစ်​နေပြီး"


"အချစ်ဆိုတာကိုအဲလိုမျိုးအဓိပ္ပါယ်ဖွင့်ဆိုလိုရတာလား"


"အင်း​ပေါ့...မှီရယ်။မှီကဘယ်လိုထင်လိုလဲ"


"မှီကမပြောတတ်ဘူး....ဒါမယ်သိတာက​တောမှီ...ရှင်းနဲရှိ​နေရင်​ပျော်တယ်"


"အင်းပါ...အဲဒါဆိုလည်းအဖြေပြန်ပေးလိုက်တောပေါ...."


"နေပါ​အုန်း...သူများ​တွေလို့မှီလည်းမူပါရ​စေအုန်း"


"ကောင်းပါ​ပြီး...."


မှီ​တွေးကြည်ပြီး​ပျော်​နေစဥ်မှာသီရိမေကမှီကိုသတိပေးစကားဆိုသည်။


"မှီ...သီရိက​တောမှီကိုသတိ​ပေးချင်တယ်။

​ရွေးချယ်စရာလမ်းကမှီ​ရွေးရမှာပါ..."


"ဘာကိုလဲ...သီရိ..."


"မှီကိုသတိ​တောထား​စေချင်​တယ်..."


"ဘာလို့....."


"ရှင်းကဒီကိစ္စ​တွေမှာရူပ်တယ်ဆိုတာမှီလည်းသိမှာပါ...

အဲ​တောသတိထား​စေချင်တယ်။​သေချာစဥ်စား​စေချင်တယ်"


သီရိ၏စကား​ကြောင့်လည်းမှီအ​တွေးနယ်ချဲ​ရ​ပြန်သည်။


"ဘာမှမစိုးရိမ်ပါနဲမှီရယ်...ရှင်းကမှီကိုတကယ့်ချစ်​မှာပါ....ဘာဘဲဖြစ်ဖြစ်ကေသီကတော...

ရှင်းနဲမှီကသိပ်ကိုလိုက်ဖက်တဲ့စုံတွဲအဖြစ်မြင်​​နေမိတယ်"


​ကေသီ၏ထိုစကား​ကြောင့်မှီ​...ပို၍အ​တွေးခက်ရသည်။ဘာဘဲဖြစ်ဖြစ်ဒီကိစ္စမှာမှီကအဓိကဆိုင်သူဖြစ်သည်။ထိုအတွက်ဖြစ်လာမည်အ​ကြောင်းအကျိုးအ​ကောင်းအဆိုးအားလုံးကို​မှီ

ကိုယ်တိုင်ပင်ခံရမည်မှာလည်းအမှန်ပင်ဖြစ်သည်။သို့​​ပေမယ် မှီ၏စိတ်ထဲတွင်. ရှင်းနှင့်​တွေရလျှင်ရင်ခုန်သည်။​ပျော်သည်။ထိုသို​သောအ​ကြောင်းပြချက်​လေ​များ​ကြောင့်မှီဒီအရာကိုအချစ်ဟုသတ်မှတ်ချင်သည်။ရှင်းကိုမှီ၏အနားတွင်ထားချင်သည်။


ည​နေ​ကျောင်းဆင်းချိန်တွင်ရှင်းတစ်​ယောက်မှီကိုလာကြို​တောမည်ဖြစ်သည်။​မှီ...ရှင်းနှင့်တွေ့ရမည်ကိုတွေးတိုင်းရင်ခုန်နေသည်။

ဟော....​ကျောင်း​ရှေတွင်စက်ဘီးဖြင့်​စောင့်​နေသူမှာရှင်းမဟုတ်​ပေလား။မှီနှင်ရှင်းကို​တွေ့​တော​ကေသီက....


"မှီနော်....မင်းစိတ်ကိုမညာနဲ​နော်"


မှီ​ခေါင်းညိတ်ပြလိုက်သည်။သီရိကလည်းသတိပေးစကားဆိုပြန်သည်။


"​သေချာဆုံးဖြတ်ပါမှီ......"


အလင်းသစ်ကလည်းအမှာစကား၁ခုထပ်ဆိုပြန်သည်။


"ဘာဘဲဖြစ်၂မှီဆုံးဖြတ်ချက်ပါ....မှားတောမမှားစေနဲပေါ....ရှင်း...ငါ့သူငယ်ချင်းကိုမင်းဆီအပ်ထားခဲ့မယ်​နော်"


ရှင်းကအလင်းသစ်ကို​ခေါင်းသာညိတ်ပြသည်။မှီကိုရှင်းကထုံးစံအတိုင်းစက်ဘီး​နောက်ခုံမှာထိုင်​စေသည်။

ကန်​ရေပြင်နဲတံတား​လေတစ်ခုရှိသည်​နေရာ၊ထို​နေရာစိန်ပန်း​တွေကလည်းနီရဲစွာပွင့်​နေသည်။ဒီနေရာတွင်ရှင်းကစက်ဘီးကိုရပ်လိုက်သည်။


"မှီ...."


"ဟင့်......"


"ကိုယ့်အတွက်အ​ဖြေက"


မှီ​ရှက်သွေးဖြာသောမျက်နှာလေကိုခေါင်းငုတ်၍ဝှက်လိုက်သည်။


"မှီ....."


ရှင်း၏​နောက်၁ခွန်း​ခေါ်သံ​ကြောငိ့မှီ...ရှင်းကိုမောကြည်မိသည်။အကြည်တို့ဆုံသည်။

ထိုခနမှာပင်မှီ​၏ရင်ခုန်သံ​တွေ​ဗ​လောင်ဆူလာသည်။ဒါကိုအချစ်လိုမှီသတ်မှတ်မိပြီးရှင်း၏အ​မေးကို​ခေါင်းညိတ်ပြသည်။


"ဟင့်...မှီ....ဒါဆို...ကိုယ့်​ကို....ကိုယ့်ကို"


"အင်း....."


ရှင်းကမှီ ၏ထိုပုံစံကိုသ​ဘောမကျ။မှီ၏လက်​မောင်းနှစ်ဖက်ကိုကိုင်လိုက်ပြီး။

မှီရှက်၍ဝှက်ထားမိသောခေါင်းကိုမောလိုက်၍


"မှီ​ကလည်း​ကွာ...အ​ဖြေကို​သေချာရှင်းရှင်းပေးကွာ...ကိုယ့်ကိုချစ်လား"


မှီဒီအချိန်မှာမမူနိုင်တောပေ။


"အင်း....ချစ်တယ်"


"တကယ့်....."


"အင်း​ပါ​ဆို...."


"ဟာ....ဒီ​နေကမ္ဘာ​ပေါ်မှာအ​ပေ​ျာ်ဆုံးလူသားကိုပြောပါဆို....ကိုယ့်အပြင်ဘယ်သူမှရှိမှာမဟုတ်ဘူး....သိပ်​ပျော်တာဘဲ....

ဒါဆို...မှီနဲကိုယ့်ကချစ်သူ​တွေဖြစ်သွားပြီးဆို​တောကိုယ့်မှီကိုအမြဲလာကြိုမယ်"


"အင်း....ဒါနဲ...ရှင်း....မှီအ​ပေါ်သစ္စာရှိပါ​နော်"


"ဒီအ​တွက်​စိတ်ချ....ကမ္ဘာ​ပေါ်မှာသစ္စာအရှိဆုံးလူသားကကိုယ့်ဘဲဖြစ်စေရမယ်...မင်းအ​ပေါ်ထားမယ်သစ္စာကခါးတမာ​တွေချိုမှဘဲပျက်မယ်"


"စကားတွေကကြွယ်သကို...ဒါဆိုမှီယုံ​လို​ရမလား...."


"အပြည်အ၀ကိုယုံလိုရတာ​ပေါ့"


"အင်း​ပါ...."


တကယ့်​တောဒီ​နေ​လေမှာရှင်း​ပျော်သလိုမှီလည်း​ပျော်သည်။ရှင်းကမှီဘ၀အတွက်အ​ဖေပြီးလျှင်ဒုတိယ​မြောက်​​သောချစ်ရသည့်တစိမ်း​ယောကျာ်းတစ်​ယောက်ဖြစ်လာသည်။ထိုအချိန်ကစလိုရှင်းသည်မှီအ​ပေါ်​လေးနက်စွာဆက်ဆံသည်။​ပျော်​အောင်လုပ်​ပေးသည်။မှီစကား၁ခွန်းသည်ရှင်းအတွက်အရာရာဖြစ်လာသည်။သူငယ်ချင်း​တွေကလည်းမှီတို့ကိုအားကျလာကြသည်။တကယ့်ကို​ပျော်ရွှင်ဖွယ်အတွဲကမှီတို့အတွဲဖြစ်လာသည်။

ထိုအချိန်ကမှီတို့အတွက်အဆက်သွယ်ဆိုသည်ကစာပိုခြင်းနှင့်လူချင်း​တွေခြင်းသာဖြစ်သည်။

ထိုရက်​တွေမှစ၍ရှင်းသည်မှီကို​ကျောင်းကြို​ကျောင်းပိုအမြဲလုပ်​ပေးသည်။တခါတရံရှင်း

အလုပ်ကြမ်းလုပ်ရသည့်အချိန်လက်က​လေးများအသားမာတက်ပွန်းပဲ့လာတိုင်းမှီရင်ထဲတွင်မ​ကောင်း​ပေ။ရှင်းကလည်းဒီလိုအချိန်မှာဆိုမှီမတွေ့အောင်လက်လေးကို၀ှက်ထားတက်သည်။

အချိန်ကြာလာသည်နှင့်အမျှမှီရင်ထဲတွင်ရှင်းကပိုလိုနေရာယူလာသည်။

​ကျောင်းကအပြန်ကန်​ရေပြင်နှင့်စိန်ပန်းပင်​လေကမှီတို့၂​ယောက်၏ချစ်သက်​သေဖြစ်လာသည်။


"မှီ.....လာမယ်အပတ်စ​နေ​နေဆိုV day​တောင်​ရောက်​တောမယ်​နော်"


"အင်း...ဟုတ်​သား...ရှင်းနဲမှီတို့ချစ်သက်တမ်း​တောင်၁လပြည်​တောမယ်​နော်"


"အင်း..ဒါနဲ​မှီ...ကိုယ့်တို့တွဲတာလည်း၁လပြည်တောမယ်..

ဘာလိုကိုယ့်ကိုသူများ​တွေရှင်းလိုဘဲ​ခေါ်​နေ​သေးတာလဲ"


"နူတ်ကကြို​နေပြီး​လေ...ဘာလဲပြောင်း​ခေါ်​စေချင်​လို့လား"


"အင်း......."


"ဒါဆို​ပြောကြည်....မှီဘယ်လို​ခေါ်ရမလဲ"


"သူများ​တွေ​ခေါ်သလိုချစ်စနိုးနာမည်​တွေလေ"


"အင်း....."


"ဟို...မောင်​တို့...ကိုယ့်​တို့...ကိုကို​တို...အဲထဲက​နေမှီကြိုက်တဲ့နာမ်စားတစ်ခုကို​ခေါ်ကြည်ပါလား"


"အင်း...အဲဒါ​ဆို...ရှင်းကိုမှီကချစ်ယုံတင်မက​လေးစားသမူရိုး​သေသမူလည်းရှိ​ချင်​တော...

မောင်​လို​ခေါ်​မယ်​လေ...​မောင်ဆိုတာဟို​ရှေးမြန်မာလူမျိုး​တွေကကိုယ့်ချစ်တဲ့သူကိုလေးစားသမူရိုးသေသမူလည်းရှိလိုခေါ်တာတဲ့...အဲ​တော...မောင်..."


"ဗျာ...."


"ဟာ..ရှင်းကလဲကွာ...မစ​နဲ...မှီအတည်​ပြောပြ​နေတာ"


"ဟင့်....ဘယ်မှာစလိုလဲ....မှီ​ခေါ်လိုထူးတာ​လေ...​ပြန်​ခေါ်ကြည်ပါလား"


မှီကခေါင်းလေကိုငုံကာရှက်သွေးဖြာ၍ခေါ်လိုက်သည်က


"မောင်. ......"


ရှင်းကအပြုံးတို့နှင်ယှဥ်တွဲထူးလိုက်သည်က


"ဗျာ..."


ရှင်းထူးလိုက်သည့်ဗျာ၏အ​နောက်မှာကပ်ပါလားသည့်ကအ​နမ်း​တစ်ခု။

ထိုအနမ်း​လေကမှီပါး​ပေါ်လွမ်း​မိုး​သွားသည်။

အနမ်း​လေအပြီးရှက်​သွေး​လေနှင်ပါးမို့​လေ​တွေနီရဲ​နေသည်ကမှီ။


"မှီ...စိတ်ဆိုးသွားလား"


"ဘယ်လို​ပြောရ​မှာလဲ...မောင်​ရယ်...မှီ​မောင်အ​ပေါ်စိတ်မဆိုးရက်​ပါဘူး....."


"ဒါနဲ​မှီ...လာမယ်စ​နေV dayကျရင်​မောင်

မှီကိုအမှတ်တရမ​ပေးန်ုင်မှာသိပ်ဆိုးတာဘဲ"


"မလို​ပါဘူး...မောင်...မှီအတွက်​မောင်​ပေးတဲ့လက်​ဆောင်ကပန်း​လေတစ်ပွင့်ဆိုတောင်မှီကအမြတ်တနိုးသိမ်းထားမှာပါ...ဘာ​ကြောင့်ဆိုမှီတို့ရဲအမှတ်တရ​လေဖြစ်​နေလို​လေ"


ရှင်းကမှီကိုရင်ခွင်တွင်သွင်းလိုက်ပြီး။


"သိပ်ချစ်တယ်မှီ။မောင်လိုလူကိုချစ်ပေးလို။ပြီး​တောနားလည်မူ​ပေးလို"


"မှီကလည်း​မောင်ကိုချစ်ပါတယ်။​မောင်​ပျော်ဖို

အတွက်ဆိုမှီကဘာမဆိုလုပ်​ပေးဖိုအသင့်ပါ:


ရှင်းရင်ခွင်ထဲမှာ​နေရ​သောမှီအတွက်အချိန်​လေများသည်မည်သည်အရာနှင်မျှလည်ဖွယ်ရာမရှိ​​ပေ။သိပ်ကိုအဖိုးတန်လွန်​သောအခိုက်တန်​လေဟုမှီထင်မိသည်။အဲ​လောက်ထိမှီ...ရှင်း​ကို

ချစ်နေမိပြီဖြစ်သည်။


​​နောက်အခန်းဆက်ရန်.....


စာ​ရေးသူ-V😷


rate now: