အတိတ်ခြေရာ
☆☆☆☆☆☆☆☆☆☆
°°°°°°°°°°°°
ဟိန်းသူကိုဆေးမိသည်နေကစပြီးမတွေ့ရတောပေ။သူငယ်ချင်းမိကေသီ၏ပြောပြချက်အရ ဟိန်းသူက်ုကျောင်းကထုတ်လိုက်သည်ဟုသိရသည်။
"ဟိန်းသူကတောကျောင်းထွက်သွားရပြီးမှီရေ"
"အင်း...."
"ဒါနဲကေသီသူမိဘတွေကကရင်တိုင်းငွေနဲမဖြေရှင်းဘူးလား"
"ဖြေရှင်းပါသီရိရေ...."
သီရိအမေးကိုအလင်းသစ်ကပြန်ဖြေခြင်းဖြစ်သည်။
"ရှင်းပြလိုက်...အလင်းသစ်"
"ငွေနဲဖြေရှင်းတာပေါ့...ဒါမယ်သူပြစ်မူတွေကများနေပြီးလေ...အဲတောကျောင်းကရန်ပုံငွေ
လည်းမယူဘူး...သူလကိုလည်းကျောင်းကနေအပြီးထုတ်လိုက်တယ်လေ"
"အင်း....အဲလိုကောင်မျိုးထွက်သွားတာ၀မ်းမနည်းပါဘူး...ရှိနေတို့ကျောင်းတောင်နာမည်ပျက်သေးတယ်...ဟုတ်တယ်မလား"
သီရိဆိုသောစကားဖြစ်သည်။
မှီတို၃ယောက်ကတောထောက်ခံဟန်ခေါင်းညိတ်လိုက်သည်။
ကျောင်းဆင်းချိန်တွင်ကေသီ၊သီရိ၊အလင်းသစ်တို့၃ယောက်ကမှီကိုရှင်းနှင့်ထားခဲ့ပြီးထွက်သွားသည်။ရှင်းကတောထုံးစံအတိုင်းလမ်းထိပ်ထိလိုက်ပို့သည်။
ရှင်းလိုက်ပ်ု့သည့်အနောက်မှမှီစီးတိုင်းရှင်း၏အကျီစကိုဆွဲထားတတ်သည်။ဒီကနေတောတို့သို့မဟုဆ်ပေ။
လမ်းတစ်နေရာရှင်း၏ဘရိတ်ပြင်းစွာအုပ်မူကြောင့်မှီ...ရှင်းခါးကိုဖက်မိသည်။ရှင်းကတောဒီအခြေနေမှာမည်သို့ဖြစ်မည်ကိုမှီမသိ။မှီကတောရင်ခုန်မိပြန်သည်။လမ်းထိပ်ရောက်တောမှီ...ရှင်းကိုနူတ်ဆက်သည်။
"သွားပြီးနော်...ရှင်း...နင်ဂရုစိုက်ပြီးလည်းပြန်အုန်း"
"အင်း....."
ဟုပြောပြီးရှင်းသည်မှီရှေကထွက်သွားသည်။
@@@@@@@@@@@@@@@#@
ဒီနေ့သည်တနဂ်နွေနေ့ဖြစ်သည်။မှီအိမ်ကအဒေါ်ကိုအလုပ်၀ိုင်းလုပ်ပေးသည်။
"မိမှီ...ညည်းသတင်းတွေကြားနေရတယ်နော်"
"ဟင့်...ဒေါ်လေးကလည်းမှီဘာလုပ်လိုလဲ"
"ညည်း..မသိချင်ယောင်လုပ်မနေနဲ...ငါပြောမှညည်းသိမှာလား"
"ဟာ..ဒေါ်လေးကလည်းဘာကိုလဲ"
"ညည်းကိုကျောင်းဆင်းတိုင်းလိုက်ပို့တဲ့ကောင်လေးကဘယ်သူလဲ"
"ဟင်...ဒေါ်လေးဘယ်လိုသိ"
"ညည်းကိုကျူပ်ပြောသားဘဲ...ကျူပ်မှာမျက်စိတွေနားတွေရှိတယ်လို"
"ရပါပြီး...ဒါဆိုရင်တောပတ်၀န်းကျင်ကပြောတဲ့စကားဘဲဟုတ်တယ်မလား"
မှီပြောလိုက်သောစကားကိုဒေါ်လေကဘာမှပြန်မပြောတောပေ။
"ခက်တာဘဲ...ဒီပတ်၀န်းကျင်နဲတော...ဒါနဲဒေါ်လေးအဲပတ်၀န်ကျင်ဆိုတဲ့အရာကြီးကခက်တို့ကိုဘာတွေပြောတာလဲ"
"အအမလေ...ညည်းမဆင်မခြင်နေမူကြောင့်ပေါ့....ငါနာမည်ကိုထိပ်ကတင်ပြီး...ငါတူမညည်းကအဲလိုအဆင့်မရှိတဲ့အကောင်နဲကြိုက်နေပါတယ်တဲ့တော"
"ဟင့်...အဆင့်မရှိဘူးဟုတ်လား...အဲအဆင့်မရှိဘူးပြောတဲ့လူတွေကအဲအဆင့်တန်းကိုဘာနဲခွဲတာလဲ...သူတို့ကသာသူများသားသမီးကိုနောက်မှာအတင်းပြောတာအဲဒါအဆင့်အတန်းလားဒေါ်လေး...."
"မသိဘူးဟေ့...အဆင့်တန်းဆိုတဲ့အရာကိုလူတွေကအမျိုးမျိုးခွဲကြတာဘဲ....ဘာဘဲဖြစ်၂
ညည်းအနေထိုင်ဆင်ခြင်စမ်း"
"ဟုတ်ကဲပါ...ဒေါ်လေး...ဒါမယ်မှီနဲရှင်းကရိုး
ရိုးသူငယ်ချင်းတွေပါ...အဲဒါကိုစက်ဘီးလေအတူစီးလိုက်တာနဲဘဲ...သူတို့ပြောတဲ့အဆင့်ထဲကိုရောက်သွားရောတဲ့လား"
"ညည်းတို့ဘာညည်းတ်ု့ဘာကြီးဘဲဖြစ်ဖြစ်၊အနည်းဆုံးတောပတ်၀န်းကျငွကိုဂရုစိုက်အေ...."
"ဟင့်...ဘာလိုဂရုစိုက်ရမှာလဲ။အဲပတ်၀န်းကျင်ဆိုတာကြီးကလေသူတို့ရဲအတင်းဖျင်းတွေကိုဖုံးကွယ်ဖို့ပြီးတောလူတွေကသူတိုရဲ၁ယောက်အပြစ်ကို၁ယောက်ဆီပုံချဖို့အတွက်ပတ်၀န်းကျင်ဆိုတဲ့
စကားတစ်ခုနဲလုပ်စားနေကြတာ"
"အေး...ညည်းဘာသာညည်းပတ်ဝန်းကျင်ကို
ဘယ်လိုပုံစံမြင်မြင်ကျူပ်နဲမဆိုင်ဘူး။
အေး...ဒါမယ်...ကျူပ်လိုအပျိုကြီးအတွက်ကတောပတ်၀န်းကျင်ကအမြငိသိပ်အရေးကြီး
တယ်အဲတောညည်းအနေထိုင်ဆင်ခြင်"
"ဟင့်...ကိုယ့်လုပ်စာကိုယ့်စားနေပြီသူများအပြောမခံရအောင်ဂုဏ်သရေရှိပုံစံဖမ်းရအုန်းမှာပါလား"
မှီ...သူ့ဒေါ်လေးကိုရွဲပြောလိုက်သည်။ဒေါ်လေးကလည်းသိသည်။
"မိမှီရွဲမနေနဲ...ညည်းလောကကြီးအကြောင်းကိုမသိသေးပါဘူးအေ...ညည်းရှေမှာလျောက်ရမယ်လမ်းတွေအများကြီးကျန်သေးတယ်။တစ်ခါတစ်လေလောကမှာလေသူယုတ်မာဖြစ်နေရင်တောင်သူတော်ကောင်းယောင်ဆောင်နေကြသူတွေအများကြီး...အဲဒါမှလည်းသူတို့နောင်ရေးစိတ်ချရမှာလေ။လူဆိုတာအမှားမကင်းသလိုအမှန်ကိုလည်းတွေရစမြဲဘဲ...အဲလိုအရာတွေကပတ်၀န်းကျင်မှာရှိတယ်.. ..."
ဒေါ်လေးကဟင်းအိုးကိုတွေ့တွေ့လေမွှေရင်ပြောနေချင်ဖြစ်သည်။
"ဒါနဲ....မိမှီ...ညည်းစောနပြောတာ...အဲကောင်လေးနဲညည်းနဲက"
"ဒီတိုင်းသူငယ်ချင်းပါ......"
"ဒီတိုက်းသူငယ်ချင်း....ဟင့်...မကြာခင်ရော
အဆင့်တိုးကြတောမှာလား"
"ဟာ...ဒေါ်လေးကလည်းဘာတွေပြောနေတာလဲ"
"ဘာတွေပြောနေတာလဲမဟုတ်ဘူး။
ဒေါ်လေးပြောပြမယ်....ညည်းသိပ်ကြိုက်တဲ့အကျီ၁ထည်၀ယ်မယ်ဆိုညည်းဘာအရင်လုပ်မလဲ။"
"ပိုက်ဆံစုမှာပေါ့...ဒေါ်လေးရယ်"
"အင်းအခုကောင်လေးလည်းအဲတိုက်းမိမှီ...
သူသဘောကျတဲ့အရာကိုယူဖို့အတွက်ပိုက်ဆံစုနေတာ...၁နည်းပြောရရင်ညည်းဆီကအမှတ်တွေယူမေတယ်လိုညည်းမထင်ဘူးလာယ"
"ဟင်အင်း...မထင်ပါဘူး...သူကရိုးသာယပါတယ်"
"ဟင့်ဒေါ်လေးမြင်ဖူးတာတောအဲရိုသားတဲ့လူတွေကဘဲ...သူခိုးဖြစ်နေကြတာ"
"ဟာဒေါ်လေးကလည်းသူများသားသမီးစွတ်၂
စွဲ၂"
"အေးပေါ့လေ...ညည်းနဲကျုပ်အခုတောအမြင်ဘယ်တူပါမလဲ။တနေနေ့ညည်းသိလားမှာပါ၊ဒါမယ်မှီ....ဘ၀အရှည်လမ်းကြီးရဲ့လမ်းခုလတ်မှာတွေ့တဲ့ရွှေစလေတစ်ခုကိုရွှေတောင်ကြီးလိုတော...ညည်းမထင်နဲပေါ့၊ဒီရွှေစလေကိူညည်းကောက်ယူမိရင်
တကယ့်ရွှေတောင်ကြီးတွေတဲ့အခါကျရင်ညည်းလက်ထဲမှာရှိတဲ့ရွှေစလေနဲဘဲနှစ်သိမ့်ရလိမ့်မယ်အဲကျနောင်တမရအောင်အခုထဲကတွေးပေါ့"
"ဟုတ်ကဲပါ...ဒေါ်လေး...ဒါမယ်ရောင်ရဲတင်းတိမ်နိုင်သူဆိုအဲရွှေစလေနဲလည်းကျေနပ်ကြမှာပါ"
မှီစသလိုပြောလိုက်သောစကားကြောင့်ဒေါ်လေးကမှီကိုနားရွက်ဆွဲလိုက်သည်။
"ညည်းငါဆီမှာကောင်းကောင်ယမနေဘူးဆို
ညည်းမိဘတွေဆီပြန်ပို့လိုက်မယ်'
"ဟာ..ဒေါ်လေးကလည်းအဲလိုတောမလုပ်ပါနဲ...မှီကလည်းပြောပြတာပါ...အဟီး"
#########################
နောက်နေ့ကျောင်းဆင်းချိန်တွင်ရှင်းကမှီကိုစောင့်နေသည်။မှီတို့အတူတူကျောင်းထဲကထွက်လာသည်။ကျောင်း၀တွင်ဟိန်းသူကိုမှီတို့တွေလိုက်သည်။ဟိန်းသူကမှီလက်ကိုဆွဲလိုက်သည်။
"မှီ....ကိုယ်နဲခနလိုက်ခဲ့"
"လွတ်စမ်းဟိန်းသူ...."
ရှင်းကဟိန်းသူလက်ကိုထပ်ကိုင်လိုက်သည်။
"မင်းနဲဘာမှမဆိုင်ဘူး...နေယံရှင်း"
"ဘာလိုမဆိုင်ရမှာလဲ...မှီကအခု...ငါကောင်မလေး...အဲတော...သူကိစ္စကငါနဲလည်းသက်ဆိုင်တယ်...
မင်းပြောချင်ရင်ဒီမှာပြော"
"ဟာ...အစေခံမသားကဒီနေရာမှာအမြဲလက်သွက်တာဘဲ"
"မင်း........"
ရှင်းကဟိန်းသူကိုထိုးရန်လက်ရွှယ်လိုက်သည်။မှီကတားလိုက်သည်။
"ရှင်းမလုပ်ပါနဲ...ကျောင်းရှေ့ကြီးမှာရန်မဖြစ်ပါနဲ...မှီကိုခင်တယ်ဆို"
"ဘာလဲ...မင်းထိုးမိုလား...ထိုးလိုက်စမ်း
ဒါမယ်အနားပေါ်တုတ်ကျရင်လူတိုင်းကနာတတ်စမြဲဘဲ....
မှီ...သူငယ်ချင်းတစ်ယောက်အနေနဲမင်းကိုလည်းတခါတည်းသတိပေးလိုက်မယ်မင်းအဲကောင်ကိုချစ်မိရင်မင်းတနေ့ရင်နာရလိမ့်မယ်...ထွီး....."
မှီမဲ့ပြုံးပြုံး ပြုံးလိုက်ပြီး။
'မှီကိုသတိပေးတာကျေးဇူးပါ။ဒါမယ်မှီကဆေးသမားထက်စာရင်ရှင်းလိုလူမျိုးကမှီနဲပ်ုသင့်တော်မှာပါ"
မှီ၏စကားကြောင့်ရှင်း...မှီကိုငဲ့ကြည်လိုက်သည်။ဟိန်းသူကတောမှီ၏စကားကြောင့်ဒေါသပြင်းစွာထွက်ပြီးမှီကိုလက်ညှိုထိုးလိုက်သည်။
"မင်းအဲစကားအတွက်တစ်နေနောင်တရစေရမယ်...မှီ"
"အဲဒါ...ရှင်ဘက်ကပေးတဲ့စကားလား"
"သိပ်သေချာတာပေါ့...မင်းတနေ့ကျအဲကောင်ကြောင့်နဲခုလိုငါစော်ကားတဲ့အတွက်နောင်တရစေရမယ်"
"ဟုတ်ကဲ....ကျေးဇူးပါ...ဒါမယ်အခုတောရှင်မှီရှေ့ကနေထွက်သွားပေးပါ"
မှီမောင်းထုတ်လိုက်သောစကားကြောင့်ဟိန်းသူမှာခေါင်းလှည့်ကာထွက်သွားသည်။ပြီးမှမှီ...ရှင်းကိုကြည်လိုက်ပြီး
"သွားစို့....ရှင်း"
ရှင်းကစက်ဘီးရှေ့ကနင်းသည်မှီကနောက်ကလိုက်သည်။
စိန်ပန်းတွေခြယ်ထားသောကန်ရေပြင်တစ်ခုပေါ်ကိုကျော်ချိန်တွင်ရှင်းကစက်ဘီးကိုရုတ်တရက်ရပ်လိုက်သည်။
"ဘာလုပ်တာလဲ...ရှင်း....."
"ကန်ရေပြင်နဲ...စိန်ပန်းအလှကိုကြည်ဖို့လေ"
ဟုတ်ပါသည်ဒီရူခင်းလေကသိပ်ကိုလှပါသည်။
"ရှင်းက...ဒီလိုရူခင်းမျိုးကိုသဘောကျတာလား"
"အင်း...အဓိကကတောဟောဒီလိုတိမ်ညိုညိုတွေအောက်ကနီနီရဲသစ္စာမပျက်ပွင်တဲ့စိန်ပန်းတွေကိုသဘောကျတယ်။ပန်းရဲအလှရှိတယ်။
ရနံကတောမထင်ရှားဘူးဒါမယ်ဘယ်လောက်လေလာလာရဲရဲတောက်ပွင့်နေတဲ့စိန်ပန်းတွေကိုသဘောကျတယ်...မှီကရော"
"မှီကမိန်းကလေးလေ...အဲတောအရောင်အဆင်းအနံ့တဲ့ပန်းဘယ်ပန်းမဆိုကြိုက်တယ်"
"ဒါဆိုရင်ကိုယ့်သဘောကျတဲ့စိန်ပန်းကိုရော"
"နည်းနည်း.....သဘောကျတယ်'
"ဒါဆို...ကိုယ့်ကြိုစားဖိုလိုသေးတာပေါ့နော်"
"ဟင့်....ဘာကိုလဲ"
"မင်ူဆီကအချစ်ရဖို့"
"ရှင်....."
"ဟုတ်တယ်...ကိုယ့်မင်းကိုချစ်တယ်မှီ"
"ဘာတွေပြောနေတာလဲရှင်း....ဒီစကားမှီမကြားဘူးလိုသဘောထားလိုက်မယ်"
"အဲလိုမလုပ်ပါနဲ...မှီ....မင်းကို...တစ်ယောက်တည်းထားခဲ့ရမှာကိုယ့်စိတ်မချဘူး"
"ဘာကိုပြောချင်တာလဲ.....ရှင်း"
"ကိုယ့်ကျောင်းထွက်ရတောမယ်"
"ဘယ်လို......"
"ဟုတ်တယ်ကိုယ့်ကျောင်းထွက်ရတောမယ်....
အိမ်မှာအဆင်မပြေတောဘူး....အမတစ်ယောက်အခြေနေမကောင်းဖြစ်နေတယ်"
"ဟင့်.....ဘယ်လိုဖြစ်တာလဲ.....ရှင်းရဲ"
"ဟုတ်တယ်....အဲလိုဖြစ်သွားတယ်....ကိုယ့်ပညာကံကဒီလောက်ဘဲပါလားတယ်မှီ....အဲဒါကြောင့်မှီကိုစိတ်မချဘူး...မှီစဥ်စားပေးပါနော်"
"ရှင်းကျောင်းထွက်သွားရင်မှီကတစ်ယောက်ထဲဘဲကျန်ခဲမှာလေအဲဒါကိုရောရှင်းကစိတ်ချလား"
"အဲဒကြောင့်ပေါ့မှီ...အနည်းဆုံးမှီမှာကိုယ့်ကကောင်လေးအဖြစ်ရှိနေရင်ကပ်ချင်သူတွေတောင်မကပ်လောက်တောဘူး....ပြီးတော
မှီကိုကိုယ့်ချစ်တာလည်းပါတယ်"
"ဟင့်....ချစ်စကားဆိုတာကြီးကလည်း....ကဲပါ
ထထားပါလေ....မှီစဥ်စားပါမယ်...အခုမှီကိုလိုက်ပို့တောနောက်ကျနေပြီး"
"ဒါနဲ...စိတ်ချမှီကိုယ့်ကမင်းအတွက်စိန်ပန်းဘဲ"
ရှင်းကမှီအပေါ်သစ္စာရှိမည်အကြောင်းကိုစိန်ပန်းတစ်ခုနဲနိူင်းလိုက်ချင်ဖြစ်သည်။
"ကဲပါ...ဟုတ်ပါပြီး။ဒေါ်လေးဆူအုန်းမယ်ပြန်ပို့တော"
"ကိုယ့်ဘယ်တောအဖြေရမှာလဲ"
"Coming soon. ..."
မှီတိူ့စကားပြောပြီး။ရှင်းကမှီအိမ်ကိုလိုက်ပို့သည်။
နောက်အပိုင်းဆက်ရန်
ရှင်းနဲမှီဘာဆက်ဖြစ်မှာလဲ......
ရှင်းကရောစိန်ပန်းတစ်ပွင်လို့သစ္စာရှိမှာလား..
ဆကျ၍.............
စာရေးသူ-V😷