အတိတ်ခြေရာ
~~~~~~~~~
¤¤¤¤¤¤¤¤
နောက်မနက်ကျောင်းတက်ရက်မှာမှီတစ်ယောက်ကျောင်းကိုစောစီးစွာလာခဲ့သည်။
အခန်းထဲသို့မှီထက်စောရောက်နေသူမှာချစ်စုဖြစ်သည်။ပုံစံမှာလည်းမျက်လုံးတစ်၀ိုက်ဖောင်းအိုက်နေသဘ့်အတွက်မှီထင်မိသည်မှာငိုထားသည်ပုံစံဖြစ်သည်။မှီစာရေးစားပွဲထဲသို့လွယ်အိတ်ကိုထည့်လိုက်သည်။
ပြီးမှချစ်စုကိုနူတ်ဆက်လေသည်။
"ချစ်စု...ဒီနေလာတာစောလှချည်းလား"
ချစ်စုမှာငိုထားသောမျက်ရည်စလေများဖြင့်မှီကိုကြည်လိုက်ပြီးခေါင်းညိတ်ပြသည်။မှီတစ်ယောက်ချစ်စုဖြစ်နေသည့်အကြောင်းရာတို့ကိုမေးခြင်းပေးမယ်
မှီမမေးရက်ပေ။
"ချစ်စု...မှီမုန့်သွား၀ယ်မို့...ချစ်စုလိုက်ခဲ့ပါလား"
"တော်ပါပြီး...မှီ...စုမလိုက်ချင်ဘူး"
"အိုး....စုကလည်းကွာ...အဲလိုမလုပ်ပါနဲ...မှီနဲလိုက်ခဲ့ပေးပါနော်"
မှီ၏သနားချင်ယောင်ပြုလုပ်ထားသောမျက်နှာလေက်ုစုကြည်လိုက်သည်။စုလည်းသိတ်ပြေအောင်သက်ပြင်းကိုတစ်ချက်ချရင်ခေါင်းကိုအသာယာငြိတ်ပြလိုက်သည်။
"ကဲ...ဒါဆိုလည်း...သွားစို့.....စု"
မှီတို့မုန့်စျေးတန်းဘက်လမ်းလျှောက်လာကြသည်။ချစ်စုကတစ်လမ်းလုံးသင်ပြင်းတွေကိုသာချနေသည်။မှီမမေးဘဲမနေနိုင်တောပေ။
"စု...မင်းဘာဖြစ်နေတာလဲ...။
စိတ်ထဲလေးလံနေရင်ပေါ့သွားအောင်မှီကိုရင်ဖွင်လ်ုရတယ်နော်"
ချစ်စုခဏတာတွေးေ၀ပြီးစဥ်စားလိုက်သည်။ပြီးမှ...........
"ဘာရယ်တောမဟုတ်ပါဘူး...မှီရယ်....စုမိသားစု...ပြဿနာတွေပါ..."
"မိသားစုပြဿနာလား...."
"အင်း....."
"မှီ....စု...ကျောင်းထွက်ရတောမယ်ထင်တယ်"
"ဟင့်...ဘာလိုလဲစု"
"အိမ်မှာစီးပွားရေးကအဆင်မပြေဘူးလေ။
စုအထက်မှာအကြီး၃ယောက်ရှိနေပေးမယ်သူတို့ကအိမ်ထောင်တွေကျကုန်ပြီး။
သူတို့မိသားစုအခက်ခဲနဲသူတို့။စုတို့ကိုသူတို့ကပြန်မကြည်နိုင်ဘူးလေ။ပြီးတောစုအောက်မှာလည်းအငယ်၃ယောက်ရှိသေးတယ်။ဖေဖေကလေဖြတ်ထားတာဘာမှမလုပ်နိုင်ဘူး။မေမေရဲ့စျေးရောင်းတာလေနဲမှီနေရတာ။ပြီးတောခုစုင၁၀တန်းကျောင်းစရိတ်တွေနဲဖေဖေနေမကောင်းတုန်းကချေးထားတဲ့အကြွေးတွေကလည်းအတိုးပေါ်အတိုးဆင့်လိုဘယ်လိုမှမတတ်နိုင်တောဘူးမှီ"
ချစ်စု၏စကားကြောင့်မှီပင်သက်ပြင်းရိူက်မိသည်။မှီချစ်စုလက်ကိုတင်းတင်းဆုပ်ကိုင်ထားသည်။
ဒါပေသိမှီလည်းချစ်စုပြဿနာကိုအားပေးစကားပြောယုံကလွဲ၍ဘာမျှမတတ်နိုင်သေးပေ။
"စုရယ်...အားတင်းထားပါကွာ။မင်းကသန်မာတဲ့မိန်းကလေးပါ။စုကိုမှီနားလည်ပါတယ်။အကြီးတွေကအိမ်ထောင်သည်တွေဆိုတောဘယ်ကြည်နိုင်ပါမလဲ။သူတို့ကလွတ်မှမလွတ်လပ်တောတာ...သူတို့ရွေးချယ်ခဲ့တဲ့အကျဥ်းထောင်ထဲမှာသူတိုကျနေပြီးဘဲ။အင်းပေါ့...အဲတောလည်း...မင်းမိသားစုမှာအားက်ုးစရာအကြီးဆိုတောလည်းမင်းတစ်ယောက်တည်းဘဲရှိတာက်ု"
မှီပြောသောစကားကိုချစ်စုပို၍မျက်ရည်လည်လာသည်။
"ဒါနဲ...စု...မှီတို့သူငယ်ချင်းတွေ...မင်းတို့အိမ်ကိုလိုက်ပြောပေးရမလား။ပြီးရင်...စု...ကျောင်းမှာ...ပညာသင်စုလျှောက်ကြည်ပါလား။ဘာဘဲဖြစ်ဖြစ်စုကျောင်းဆင်တက်လိုရမယ်လေ"
"တော်ပါပြီးမှီရယ်...စုကျောင်းဆက်တက်လို...
စုတို့အိမ်မှာအပို၀င်ငွေရမယ်ဆို...စုကျောင်ူဆပ်တက်မယ်။ခုက...ဘယ်လိုမှမဖြစ်ဘူးမှီ...ဘာကြောင့်ဆို...စုအလုပ်လုပ်မလုပ်ရင်...စုတို့လမ်းဘေးရောက်တောမယ်...။
မေမေကအကြွေးတွေအတွက်အိမ်ကိုပေါင်ထားလေရဲ့လေ။ခုအဲဒါတွေကလည်ပင်းမြုပ်နေပြီးမှိရယ်"
ချစ်စုလည်းငို၍ပြောလေသည်။မှီလည်းသက်ပြင်းချလိုက်ပြီး။ဘာမှမတတ်နိုင်တောပေ။မကြာခင်ကခင်မင်ထားသောသူငယ်ချင်းတစ်ယောက်ကိုယခုမကြာမှီအချိန်တွင်ပြန်လည်ခွဲခွာရတောမည်။လူတိုင်း၏အခက်ခဲတွေကမတူညီနိုင်ပေးမယ်။တူညီဝတာတစ်ခုက်တောတွေဆုံခြင်းပြီးလျှင်ခွဲခွာခြင်းနဲနူတ်ဆက်ရမည်ကိုမှီသဘောပေါက်လိုက်သည်။ချစ်စု၏အကြောင်းကိုသီရိမေနှင့်ကေသီလွင်ကြားလျှင်ပိုလိုပင်၀မ်းနည်းမည်မှာအမှန်ပင်ဖြစ်သည်။
မှီနဲချစ်စုတို့မုန့်၀ယ်ပြီးအတန်းပြန်ရောက်တောအတန်းထဲတွင်လူအနည်းငယ်ရောက်နေပြီးဖြစ်သည်။ဒါမယ်မှီတွေချင်သည့်နေယံရှင်းကတောမရောက်သေးပေ။မှီခုံပေါ်လေးလံစွာထိုင်လိုက်သည်။
"ရော...မင်းအတွက်....."
မှီခေါင်းကိုအနည်းငယ်စောင့်ကြည်လိုက်တော
ဟိန်းသူ။
မှီအအေးဘူးကိုလက်နဲဖယ်လိုက်ပြီး။
"ကျေးဇူးလည်းမတင်သလို....ရှင်အအေးဘူးပြန်ယူသွားပါ"
"ဟာ...ရင်းလှချည်းလား...အာစိ"
ဟိန်းသူ၏အနောက်ဘက်ကသူ၏တပည့်ဖြစ်သူကပြောသောစကားဖြစ်သည်။
ဟိန်းသူမှီကိုသေချာကြည်လိုက်ပြီး။ပါးစပ်ထဲ
ရှိပီကယ်ကိုတဖောကိဖောက် ဖောက်နေသည်။
"ပေးရင်ယူ....ကျွေးရင်စား....မင်းစကားမရှည်နဲ"
မှီဟိန်းသူကိုမျက်လုံးစိမ်းစိမ်ူနဲသေချာကြည်နေရင်စာအုပ်ကိုစားပွဲပေါ်ချလိုက်ပြီး။
"ဒီမှာ...ရှင်ပေးရင်ယူကျွေးရင်စားရှင်ခိုင်းတိုင်းလုပ်ရအောက် မှီက
ရှင်အပိုင်းမဟုတ်ဘူး။မှီစိတ်နဲမှီခန္ဓာ မှီကြိုက်တာရွေးချယ်လိုရတယ်။"
"အိုးဟို...ရန်တွေတာလေကကောင်းလှချည်းလား...လရောင်မှီ...အဲဒါမှပိူကြိုက်တာ...ရော...မရဘူး...မင်းယူရမယ်"
ဘေးကချစ်စုကမှီအခြေနေကိုလှမ်းတားလိုက်သည်။
"မှီရယ်...ယူလိုက်ပါ....ပြဿနာကိုအပိုမခေါ်ပါနဲကွယ်...ယူလိုက်ပါ...မှီရယ်"
ချစ်စု၏စကားကြောင့်မှီ ဟိန်းသူကိုကြည်လိုက်ပြီး....
"ဒီမှာ....ယူလိုက်ပြီး"မှီအအေးဘူးကိုလက်နဲယူမြောက်ပြီးပြလိုက်သည်။ဟိန်းသူကလက်ကိုဝိုင်းပြလိုက်ပြီး။
"Ok......."
မှီ ဟိန်းသူကိုပြန်ကြည်လိုက်ပြီးပြူံးလိုက်သည်။
မှီအမှိုက်အိတ်နားသွားလိုက်ပြီး အအေးဘူးကို
ဖောက်လိုက်ပြီး အမိူက်တောင်းထဲအအေးအားလုံးကိုသွန်ချလိုက်သည်။
ဟိန်းသူမှီလက်ကိုဆွဲလိုက်ပြီး......
"လရောင်မှီ....မင်း...ဒါဘာလုပ်တာလဲ:
"ရှင်မမြင်ဘူးလား...မှီဘာလုပ်လ်ုက်တယ်ဆိုတာ"
"မြင်လိုမေးတာပေါ့ကွ....ဘာရည်ရွယ်ချက်နဲလုပ်တာလဲ"
"ရည်ရွယ်ချက်ကတောအတည်အလင်းကြီးရယ်...မရှိပါဘူး...အဓိကကတောရှင်ပေးတာမသောက်ချင်လိုဘဲ"
"မင်း....မင်း....ငါရေတနာစော်ကားတယ်"
"ဟာ...မစော်ကားပါဘူး...မှီမလိုချင်ဘူးပြောသားဘဲ...ဘာလိုရှင်ကအတင်းကြီးပေးတော....ဒါကမှီအပိုင်းဖြစ်သွားပြီးလေ...မှီဘာလုပ်လုပ်...ဒါကမှီအပိုင်း....မှီနဲဘဲဆိုင်တယ်...ရှင်နဲလုံးလုံးမှမဆိုင်တောဘူး"
"တောက်....မင်းအလှည့်ရှိလုပ်ထားပေါ့...."
မီှကဟိန်းသူစကားကိုပခုံးတွန့်ပြလိုက်ပြီး။မတတ်နိုင်ဘူးဆိုသောအမူအရာပြလိုက်သည်။ဟိန်းသူလည်းမှီရှေ့ကထွက်သွားသည်၊ထိုအချိန်ကေသီလွင့်တို့လည်းအတန်းထဲရောက်နေပြီးဖြစ်သည်။
"မှီ...ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဘဲ...ကေသီရယ်...မှီလေအဲကောင်ကိုကြည်လိုကိုမရဘူး....."
"အအမလေ...မှီ...မင်းတစ်ယောက်တည်းကြည်မရတာမဟုတ်ဘူးသူကတစ်ကျောင်းလုံးချဥ်ဖက်ဘဲ"
ကေသီစကားက်ုထောက်ခံသူကသီရိဖြစ်သည်။
ကျောင်းတက်ချိန်ပထမအချိန်ဒေါ်ခင်လေးဆွေအချိန်မှာဟိန်းသူမရှိပေမယ်။တခြားအချိန်မှာတောဟိန်းသူအတန်းထဲမှာရှိသည်။အတန်းထဲရှိသည့်တစ်လျှောက်လုံးတွင်လည်းစာကိုမလုပ်မှီကိုသာငေးနေလေသည်။မုန့်စားဆင်းချိန်မှာမှီတစ်ယောက်နေယံရှင်းခုံဘက်သ်ု့သွားသည်။ဒါကိုမျက်စိဒေါက်ထောက်ကြည်နေသူကဟိန်းသူဖြစ်သည်။
"ဒီမှာရှင်........"
နေယံရှင်းကြည်လိုက်တောမှီဖြစ်သည်။မှီ၏နှလုံးခုန်နူန်းများသည်နေယံရှင်းနှင်အကြည်ခြင်းဆုံးတိုင်းအတော်လေခုန်လေသည်။ဟိန်းသူနှင်တွေ့ချိန်မှာ ဟိန်းသူကိုကြည်မရသလောက်။နေယံရှင်းနှင့်တွေ့ချိန်မှာတောပျိုမြစ်သောနှလုံးသားလေ၏အကြောင်းပြန်ချက်ကြောင့်လပ်ဖျားကလေးများပင်အေး၍လာသည်။သိုပေသိမိန်းကလေးတစ်ယောက်ဖြစ်သဘ့်အတွက်စိတ်ကိုတောတက်နိုင်သမျှမှီချူပ်ထိန်းလေသည်
"ရော...ဒီမှာ...ရှင်....ထီး...မနေ့ကအတွက်မှီဘက်ကရှင်ကိုကျေးဇူးတင်ပါတယ်"
နေယံရှင်းကတောတည်ငြ်မ်အေးချမ်းစွာပြုံးလိုက်ပြီး.....
"ရပါတယ်ဗျ....ဪ...ကျွန်တော်နာမည်မှတ်ထားအုန်း....နေယံရှင်းပါ"
"ဪ...ဟုတ်....မှီနာမည်က..."
"ကျွန်တော်သိပါတယ်....လရောင်မှီ"
"အင်း...ဟုတ်တယ်...လရောင်မှီ...မှီလိုဘဲခေါ်ပါ"
"Okပါဗျ...ဒါနဲမှီ...ကျွန်တော်တို့သူငယ်ချင်းလုပ်လိုရမလား"
နေယံရှင်းထိုသို့ပြောနေချိန်မှာကေသီလွင့်တိုအဖွဲနဲပလင်းသစ်လည်ရောက်လာသည်။မှီအားရကျေနပ်သောအပြုံးကိုပြုံးလိုက်ပြီး
"ရပါတယ်...မှီကိုရင်နှီးတဲ့အနေနဲ...မှီလိုဘဲခေါ်ပါ..."
"ဟိတ်...ကိုနေယံရှင်း...မှီနဲသူငယ်ချင်းဘဲနော်
တို့နာမည်ကကေသီ။သူကသီရိ။သူကချစ်စု။ဟိုဘက်ကလူကတောကိုနေယံရှင်းသိမှာပါ"
နေယံရှင်းရယ်လိုက်ပြီး....
"ကျွန်တော်သိပါတယ်....သူကအလင်းသစ်လေ"
"ဒါနဲ...ရှင်ကိုရော...မှီကဘယ်လိုခေါ်ရမလဲ'"
"မှီ...ကြိုက်သလိုခေါ်ပါ"
"ဒါဆိုရှင်းလိုခေါ်မယ်နော်"
"ရပါတယ်...."
"အဲဒါဆို...မှီတို့မုန့်သွား၀ယ်အုန်းမယ်...ရှင်းရောလိုက်မလား"
"ရပါတယ်...ကျွန်တော်မလိုက်တောဘူး"
"ဪ..ဟုတ်....အဲဒါဆိုမှီတို့ကိုသွားခွင့်ပြုနော်"
မှီတို့နေယံရှင်းနားကထွက်လာသည်။ထိုအခြေနေကိုကြည်ပြီးဟိန်းသူတပည့်တစ်ယောက်က
"အာစိ...အာစိကိုတော...ဒီကောင်နေယံကျော်တောမယ်ထင်တယ်"
ဟိန်းသူ သူ့တပည့်လည်ပင်းကိုလက်မောင်းတံတောင်းဆစ်နဲညစ်လိုက်သည်။ပြီးမှသူတပည့်ကိုစိမ်းရဲသောမျက်လုံးများဖြင့်
ကြည်လိုက်ပြီး
"မင်းအဲစကားကိုပြင်ပြောလိုက်...ငါဘ၀မှာငါလိုချင်တာရကိုရစေရမယ်။အခုမရရင်နောင်တစ်ချိန်ရစေရမယ်။မင်းနောက်တစ်ခါအဲလိုပြောရင်မင်းကိုငါအသေထိုးပြမယ်"
ပြောပြီးသူတပည့်ကိုလွတ်လိုက်သည်။
နေယံရှင်းကိုကြည်လိုက်တောနေယံရှင်းအခန်းထဲကထွက်သွားသည်ကိုဟိန်းသူမြင်၍နေယံရှင်းနောက်သို့လိုက်သွားသည်။
နေယံရှင်းမှာအိမ်သာသို့၀င်သွားသည်။ပြန်အထွက်မှာနေယံရှင်းကော်လံစကိုဟိန်းသူဆွဲလိုက်ပြီး.....
"မင်း...မှီဘေးကနေေ၀းေ၀းနေ"
နေယံရှင်းဟိန်းသူလက်ကိုဖယ်ချလိုက်ပြီး
"မင်းအမိန်းပေးတိုင်းလုပ်ရအောင်ငါကမင်းတပည့်မဟုတ်ဘူး"
"သေချာလား....ငါးစိမ်းသည်ကျွန်မသား"
နေယံရှင်း ဟိန်းသူလည်ပင်းကော်လံစကိုပြန်ဆွဲလိုက်ပြီး......
"မင်းငါအမေ့ကိုမစော်ကားနဲ....."
"မစော်ကားသေချင်ရင်...မင်း...မှီနဲခပ်ေ၀းေ၀းနေလိုက်"
"စိတ်ကူးထဲတောင်မရှိဘူး....မင်းငါကိုစော်ကားသလိုမင်းအသဘ်းနှလုံးကိုလည်းငါခြေမွပြမယ်"
"မင်းအဲလောက်ပြောရအောင်....မင်းမှာဘာအစွမ်းစရှိလိုလဲ"
"ဟာ...မင်းသိချင်ရင်စောင့်ကြည်လ်ုက်ပေါ့"
နေယံရှင်းဟိန်းသူကော်လံစကိုဆောင့်ချလိုက်ပြီး။ထိုနေရာကထွက်လာသည်။နေယံရှင်းအိမ်သာဘက်ကထွက်လာတောမှီတို့လည်းမုန့်စျေးတန်းထဲမှထွက်လာသည်။
"ဟင့်...ရှင်း....မုန့်၀ယ်ပြီပြီးလား..."
"မ၀ယ်တောပါဘူးမှီရယ်...ကိုယ့်ကအိမ်သာဘက်လာတာ"
"အင်း...ဟုတ်လား"
နေယံရှင်းခေါင်းညိတ်ပြသည်။ကေသီနဲချစ်စုကတစ်တွဲသီရိနဲအလင်းသစ်ကတစ်တွဲဖြစ်သည့်အတွက်မှိနှင်နေယံရှင်းတို့အတွဲကအနောက်မှလိုက်သည်။နေယံရှင်းကဟိန်းသူဘက်ဆီကြည်လိုက်ပြီး။
စိတ်ထဲတွင်တော"မင်းဘာတတ်နိုင်သေးလဲ..."
အောင်နိုင်သူအပြုံးနှင်ဟိန်းသူဘက်ကိုပြုံးပြလိုက်သည်။
နောက်အခန်းဆက်ရန်...................
စာရေးသူ-V