အတိတ်ခြေရာ
÷÷÷÷÷÷÷÷÷÷÷
÷÷÷÷÷÷÷÷
မောင်ကိုပြန်တွေ့ပြီး အဆက်သွယ်ပြန်ရတာတော့ မှီပျော်ပါသေးသည်။မောင်က မှီနှင့်ပြန်ဆက်ရန်ကြိုးစားသေးသည်။ဒါမယ်မှီဘက်က အဲလိုအခြေနေကိုလုံဝလက်မခံနိုင်ပေ။မောင်ကိုချစ်သည်။သို့ပေမယ်အချစ်က ဘ၀မဟုတ်သည်ကိုမှီသိသည်။သို့ပေမယ် ဒီအကြောင်းတွေ့ကို အကိုကိုမပြောရသေးပေ။အကိုသိရင် ချစ်တဲ့စိတ်နဲ သဝန်တိုစိတ်တို့ရောနှောကာ မှီကိုဘယ်လိုများ အပြစ်တင်ပါမည်နည်း။
မောင်နဲအဆက်သွယ်ရတာပျော်တယ်ဆိုပေမယ်။မောင်အပေါ်ကို သံယောဇဥ်ရှိယုံသာ ရှိချင်ဖြစ်သည်။သို့ပေမယ် အကိုကိုကတော့ မှီ၏တစ်ဘ၀စာ အားကိုးချင်သောသူဖြစ်သည်။
အားကိုးချင်သည်ဟုဆိုသော်လည်း အကို၏တစ်ခါတစ်ခါသ၀န်တိုမှုများ ချုပ်ချယ်မှုများက မှီအတွက်မှီသိက္ခါတွေ မှီအဆင်တန်း
တွေကို တနည်းဖျက်စီးနေသလားလိုထင်မိသည်။ဒါပေမယ်လည်း ချစ်မိသူဆိုတာ အမှားနဲဘယ်ကင်ပါမည်နည်း။ မှီနားလည်နိုင်ပါသေးသည်။မှီလည်းမောင်နှင့် ပတ်သက်ဖူးတုန်းက အမှားတွေလုပ်ခဲ့မိသေောကြောင့် ဒီလိုနားလည်ခြင်းသာ ဖြစ်သည်။
@@@@@@@@@@@@@@@@@အကိုနဲမှီတို့date နေစဥ် အကိုထံသို့phတစ် ခုဝင်လာသည်။အကိုက ဖုန်းကိုအပြင်ထွက်ေပြောသည်ကသူ၏အကျင့်တစ်ခု ဖြစ်သည်။ဒါဟာအကိုလုပ်နေကြအမူအကျင့်တစ်ခုဖြစ်သည်။ဒီလိုလုပ်တတ်သည့်အကိုအမူအရာတွေကို မှီကဘဲခွင့်လွတ်ရစည်။ဘာမဟုတ်သည့်ကိစ္စတွေကိုရေးကြီးခွင့်ကျယ်လုပ်နေလျှင် သေချာသည့်ကချစ်သူနှစ်ဦးကြားယုံကြည်မူ ပျက်ပြားယုံကလွဲလိုဘာမှရှိလာတောမည်မဟုတ်ပေ။တစ်ခါတစ်ခါlineပေါ်တွင် အကိုအလုပ်သဘောအရဟုဆိုကာ ကောင်မလေးတစ်သိုက်နှင့်ပုံတွေ ဒါမမဟူတ်လျှင် ပါတနာဟုဆိုရမည်ဖြစ်သော
ကောင်မလေးတွေနဲပုံတင်တိုင်း မှီဘက်ကဘာမှမမေးဘဲ ကိုယ်ကိုယ့်ကိုသာဖြေရသည့်အချိန်တွေလည်းရှိသည်။ဒါကိုအကိုသိချင်မှသိမည်။အကိုကိုဒီကိစ္စတွေအပေါ် ဘာတစ်ခုမှဝင်မစွက်ဖက်ခြင်းသည် အကိုနဲမှီတို့ကဘာမှမဆိုင်သေးသည့် မိဘသဘောတူထားသည့်အဆင့်သာရှိသေးသည်။ဒီလိုအချိန်မှာ အရာရာတိုင်းကိုဝင်စွက်ဖက်နေလျှင် မှီကသာမကောင်းဖြစ်မည်။ဒါကြောင့် သူအကြောင်းကိုယ့်အကြောင်းတွေကို ဘာသိဘာသာနေနိုင်ပေမယ် အကိုကတောမနေနိုင်ပေ။မှီအကြောင်းတွေဖြစ်သည့် မောင်နဲပြန်တွေ့ပုံ ၊ ဟိန်းသူက မှီ၏ceo charmအနေဖြင့် ပြန်ရောက်လာပြီး မှီအပေါ် အနိုင်ယူမူတွေကို အကိုသိလျှင် မှီလိူမျိုးအကိုသဘောထားနိုင်ပါမလား။မသိချင်ယောင်ဆောင်နိုင်ပါမလား။
မှီမိုးရေစက်တို့သီထနေသည့်မှန်ပြတင်းကို ကြည်၍အတွေးတွေကတစ်စတစ်စ ရှည်လျားစပြုလာစဥ်တွင်....
"မှီ...."
မှီပခုံးပေါ်သို့ လက်ကလေးတစ်ဖက်ကြလာပြီး။မှီပါးတစ်ဖက်ပေါ်သို့ သူ့၏ပါးတစ်ဖက်ကိုတင်ကာ....
"မှီ...အကို...သွားရတောမယ်...ထင်တယ်"
"အင်း...သွားရတောမယ်ဆိုတော...သွားပါ..."
မှီအပြောတစ်ခုကြောင့်အကိုကမှီနဲမျက်နှာချင်းဆိုင်ခုံမှာ ပြန်နေရာယူလိူက်ပြီး။
"အကိုက်ုမတားတောဘူးလား...မှီ"
မှီငုံထာယသည်အအေးပိုက်လေကို နူတ်မှလွတ်ချလိုက်ပြီး။
"မတားပါဘူး...အကိုအရေးကြီးလိုသွားမယ်ကိစ္စတစ်ခုဘဲ...မှီကဘာလိုတားရမှာလဲ။"
"အင်း...အကို...မှီနဲတွေ့တိုင်း...အကိုသွားစရာပေါ်လာလိုထွက်သွားရင်...မှီဘက်ကအကိုကို...ဘာလိုမတားရတာလဲ။ဘာလိုအဲလောက်တောင်နားလည်မူပေးရတာလဲ။တစ်ခါတလေမှာ မှီ...အကိုကိုချစ်ရောချစ်ရဲလား"
"အချစ်ဆိုတဲ့စကားတစ်ခုကိုတောအကိုမမေးပါနဲ။မှီ...ဘ၀မှာ...အကိုက...အဲအချစ်ဆိုတဲ့စကားထက်တောင်ပိုတဲ့...အဓိပ္ပါယ်များစွာရှိတဲ့အရာတွေနဲဖွဲ့စည်းထားတာပါ။အကိုကိုမှီယုံကြည်နေသ၍ မှီ...အကိုကိုဘယ်တောမှတားမှာမဟုတ်ဘူး။"
မှီ...အကိုလက်တို့ကိုဆုပ်ကိုင်၍ယုံကြည်မူထက်ပိုသည့် စကားများကိုပြောမိချင်ဖြစ်သည်။
"ဒါနဲ...အကို...မှီ...အကိုကိုပြောဖိုတွေအများကြီးရှိတယ်။ဒါမယ်...အခုတော...အကိုသွားလိုက်ပါ"
မှီ...အကိုကိုဝန်ခံစရာရှိသည် များကိုဝန်မခံတောဘဲ။အကိုကိုသာမှီအနားကနေမောင်းထုတ်လိုက်သည်။ဒီအချိန်မှာဆိုလိုခြင်း သည့်အဓိပ္ပါယ်ကိုဘယ်လိုပြောပြော အကိုဘက်က ဘယ်လိုနားလည်မှာမဟုတ်မည်ကို မှီသိနေသည်။
အကိုထိုင်ခုံကနေမတ်တပ်ရပ်လိုက်ပြီး။ပါလာသည်အိတ်နှင့်ကုတ်အကျီကိုယူလိုက်ပြီး။မှီကိူသေချာပြန်ကြည်ကာ.....
"ဒီတစ်ခါသွားမှာ...မင်းကိစ္စနဲပတ်သက်နေတယ်...လရောင်မှီ...ငါမင်းကိုယုံကြည်ခြင်းသေးတယ်"
အကို၏ဒီစကားကြောင့် မှီ...အကိုပြန်ကြည်လိုက်စဥ် အကိုထွက်သွားသည်။ပြောခဲ့သည်စကား၏အဓိပ္ပါယ်ကိုမှီသိပ်နားမလည်ချေ။မှီအကိုနောက်ကိုလိုက်ဖို့ ကားဌားလိုက်သည်။
"ရှေ့ကtaxiကိုမှီအောင်လိုက်ပေးပါနော်"
မှီကားသမားဦးလေးကြီးပြောပြီး။ရင်ထဲမှာတောစိုးထိတ်မူများစွာရှိနေသည်။အစောနားကအေးစက်သောာမိုးရေစက်များသည်ပင်ယခုအချိန်တွင်တောရေနွေးသဖွယ်ဖြစ်နေကာမှီပူလောင်နေရသည်။
မြေနီကုန်းဘက် တနေရာရောက်တော့ အကို
ဌားသည့် ကားလေရပ်သွားသည်။မှန်အပြည်ကာရံထားသည် ကော်ဖီဆိုင်လေတစ်ဆိုင်သာဖြစ်သည်။မှီလည်းအကိုကားနှင့် မလှမ်းမကမ်းတွင်ရပ်ပြီး ကွယ်နေလိုက်သည်။
အကိုဆိုင်ထဲဝင်သွားမှ မှီဆိုင်ထဲကိုကြည်လိုက်သည်။အကိုထိုင်လိုက်သောစားပွဲမှ အကိုပါတနာကိုကြည်လိုက်တောမှမှီစိတ်တွက်မတင်မကျဖြစ်ရတောသည်။
"ဟင့်...ဟိန်းသူပါလား။အကိုနဲဟိန်းသူတို့ကဘာကြောင့်များတွေ့နေရသနည်း။"
အကြောင်းအရင်းကိုမသိပေမယ်။မှီ ခြေလှမ်း
များကို နောက်ပြန်လှည့်ခဲ့သည်။ခေါင်းထဲမှာတောအတွေးတွေနဲရူတ်နေသည်။
@@@@@@@@@@@@@@@@@
"ခင်ဗျားကို...ကျွန်တော်က....လာမယ်လိုတောင်မထင်ဘူး။အတော်လေခေါ်ယူရတယ်နော်"
"ပြောပါ...ceo Charm ...မှီနဲပတ်သက်ပြီးခင်ဗျား...ကျွန်တော်ကိုဘာပြောချင်တာလဲ။
ပြောစရာရှိတာပြောလိုက်ပါ။အချိန်ဆွဲမနေနဲ"
"ကျွန်တော်ပြောရင်ခငဗျားခံနိုင်ရည်ရှိပါမလား။ခင်ဗျားက...လရောင်မှီကိုသိပ်ချစ်တာဆို"
"ဒါတွေက...ခင်ဗျားသိစရာမလိုတဲ့ ။ကျွန်တော်နဲမှီကြားကကိစ္စပါ"
"ခင်ဗျားနဲမှီနဲကြားကကိစ္စတဲ့လား။ဟုတ်လား။
ဟား....ဟား....ဟား....သိပျရယျရတာဘဲ။
ဒါနဲခင်ဗျား....လရောင်မှီကိုချစ်တယ်ပြောတိုင်း...လရောင်မှီကရောခင်ဗျားကိုချစ်တယ်လိုပြောဖူးလို့လား"
Charm ၏အရှိုက်တည့်တည့်ထိုးနှက်လိုက်သောစကားကြောင့် ကောင်းကင်ယံခေတ္တငြိမ်သက်သွားသည်။
"ဖြေကြည်ပါအုံး...မှီကရော...ခင်ဗျားကိုနူတ်ကနေ...ချစ်တယ်လို့...ဘယ်နှစ်ခါပြောဖူးလဲ"
ကောင်းကင်ယံတစ်ချက်ပြုံးလိုက်သည်။ဒါမယ်အပြုံးကအမဲ့ဖြစ်နေသည်။သူ့၏အပြုံးကိုသူကိုယ်တိုင်သတိမထားမိပေမယ့်charmက သတိထားမိသည်။
"မှီ...ကျွန်တော်ကိုချစ် မချစ်ကို ခင်ဗျားကိုပြောဖို့မလိုဘူး"
ကောင်းကင်ယံက Charm ၏စကားကိုပြတ်သားစွာငြင်းလိုက်သည်။ဆက်၍
"ခင်ဗျား...ကျွန်တော်ကိုချိန်းတာ...မှီအကြောင်းဆို...အကြောင်းက:"
ကောင်းကင်ယံ၏ အမေးကိုဖြေရန် charmက သူ၏အိတ်ထဲကစက္ကူထုတ်တစ်ထုတ်ကို ထုတ်
ယူလိုက်သည်။
"ရော...ခင်ဗျား...သိချင်ရင်...ဒီထဲကပုံတွေကိုကြည်လိုက်"
ကောင်းကင်ယံလှမ်းယူ၍ကြည်လိူက်သည်။
"မှီနှင့်အမျိုးသားတစ်ယောက်...အကြိမ်ပေါင်းများစွာ တွေ့နေသောပုံများ၊ထီးတစ်ချောင်းကို၂ယောက်အတူဆောင်နေပုံများ၊မှီ၏အရယ်အပြုံးမျက်နှာလွှာများ။
"ကိုင်း...ဒီပုံတွေကိုကြည်ရတာနဲ...ခင်ဗျားမှီတစ်ယောက် ပျော်နေတယ်လိုမထင်ဘူး"
Charm ၏စကားကို ကောင်းကင်ယံစိတ်ဝင်စားစပြုလာသည်။ဟိုတည်းက မှီနှင့်ပတ်သက်လျှင် သဝန်တို၊ဇီဇာကြောင့်၊ချုပ်ချယ်တတ်သော ကောင်ကင်းယံတစ်ယောက် အခုတောမယူံကြည်မူတွေ တစ်စတစ်စတိုးလာသည်။
"ဒါ...ဘယ်သူလဲ"
"ဖြေးဖြေးပေါ့...ကျွန်တော်ကပြောမှာပါ"
Charm ၏မျက်နှာတွင်တောကျေနပ်ပီတိအရိပ်ယောင်များလွမ်းခြုံနေသည်။
"သူနာမည်က...နေယံရှင်း...မှီရဲ့ငယ်ချစ်...ဟို
တစ်ခါ...မှီသူငယ်ချင်းမင်္ဂလာဆောင်တုန်းက
သူတို့နှစ်ယောက်ပြန်အဆက်သွယ်ရတယ်ဆိုဘဲ...ဒီအကြောင်းကို...ခင်ဗျားကိုမပြောပြဖူးလား။"
Charm အမေးကိုကောင်းကင်ယံဘာမှပြန်မပြောပေ။မျက်လုံးထဲတွင်တော ဒေါသအရိပ်ယောင်များေ ဖုံးနေသည်။ဒါကိုCharm ရိပ်မိသည်။Charm ၏စိတ်ထဲတွင်တော.....
"ငါမရတာကို...ဘယ်သူမှမရစေရဘူး။
မင်းတို့လည်းမရစေရဘူး"
ကောင်းကင်ယံကပုံများကိုသာ စေ့စေ့ကြည်နေသည်။
"သူတို့နှစ်ယောက်ကငယ်ချစ်တွေ...တအားချစ်ခဲ့ကြတာ၊ဒါနဲ...ခင်ဗျားချစ်သူလေကို ကျွန်တော်လည်းပိုပန်းခဲ့ဖူးတယ်။သူမကျွန်တော်ဆီမှာအလုပ်လာလုပ်တာကိုရော...ခင်ဗျားသိလား။"
ကိုယ့်ချစ်ရသူတစ်ယောက်က ကိုယ့်နောက်ကွယ်မှာတခြားသောသူ၏ချစ်သူ သူကိုချစ်နေရသူတွေနဲဆက်ဆံနေတာကို ချစ်သူတစ်ယောက်က မသိရဘူးဆိုတာကို သိရတော ကောင်းကင်ယံစိတ်ထဲတွင်ပို၍ဗလောင်ဆူလာသည်။လက်သီူများကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ထိုင်နေသည့် ခုံမေကနေကောင်းကင်ယံချက်ချင်းထရပ်လိုက်သည်။
"ကျွန်တော်ကိုအသိပေးတဲ့အတွက်...ခင်ဗျားကိုကျေးဇူးတင်တယ်။အခုတော...ကျွန်တော်ကိုခွင့်ပြုအုန်း"
ထွက်သွားသည့် ကောင်းကင်ယံ၏ကျောဘက်ကိုကြည်ပြီး။စိတ်ထဲတွင်သိပ်ကိုအလိုကျ၍ နူတ်ခမ်းတွင်တောကျေနပ်အားရဖွယ်အပြုံးတစ်ခုဖန်တီးလိုက်သည်။
ကော်ဖီခွက်ကိုအေးဆေးစွာကိုင်လိုက်ပြီး။
"လရောင်မှီ...မင်း...ငါဆီပြန်လာတောင်ပန်ရမယ်"စကားနှင့်အတူပို၍ ပြုံးရယ်လိုက်သည်။
စာရေးသူ-V (EYU )