book

Index 13

အပိုင်း-၁၃

အတိတ်​ခြေရာ

÷÷÷÷÷÷÷÷÷÷÷


÷÷÷÷÷÷÷÷÷


မှီဆီတ​နေ့ပြန်လာမယ်​နောင်တရ​စေရမယ်လိုပြော​ခဲ့သောဟိန်းသူ

မှီအလုပ်ရှင်ceoကcharm/ ဟိန်းသူမှန်းသိ​တောမှီအလုပ်ထွက်ဖိုက်ုဆုံးဖြတ်လိူက်သည်။အလုပ်ထွက်စာ​ရေးပြီcharmအခန်းတံခါးကိုခေါက်လိုက်သည်​။


"ဝင်ခဲ့...."


အထဲကအသံ​ကြောင့်မှီအခန်းတံခါးကိုဖွင်လ်ုက်သည်။

Charmကမှီ​ကို​ကြည်​လိုက်ပြီး...


"ဘယ်သူမျာူလဲလို့...မှီကို"


"လာ...ထိုင်​လေ"


မှီကို​ပြောပြီးcharmကသူအလုပ်လုပ်​နေသည့်စာ​ပွဲက​နေထပြီးဧည့်ခန်းဆိုဖာတစ်ခု​ပေါ်​တွင်ထိုင်​လိုက်သည်။

မှီက​တောသူ​ပြောသည်ကိုဂရုမစိုက်ဘဲအလုပ်ထွက်စာကို

ဧည်ခန်းစားပွဲ​ပေါ်တွင်တင်လိုက်သည်။


"ဒါ​ဘာလဲ​မှီ..."


"အလုပ်​ထွက်​စာ​ပါ..."


"ဘာလို...."


"မှီ..ဒီအလုပ်ထဲမှာစိတ်မပါ​တောလို့ပါ"


"No...မဟုတ်ဘူး...မှီ...မင်း...ကိုယ့်​ကြောင့်မလား"


"မဟုတ်ပါဘူး...မှီစိတ်မပါ​တောလို့ပါ"


"ဒီမှာ​မှီ...မင်းဒီအလုပ်ကိုစစ၀င်ထဲကမင်ကတက်ကြွတဲ့သူ...ပြီး​တောဒီအလုပ်အ​ပေါ်အရမ်းစိတ်အားထက်သန်တဲ့လူတစ်​ယောက်။​ခုမှ​ဘာလို...ဗြုန်းစားကြီး"


"မှီ...ဘာမှမ​ပြောချင်​ပါဘူး...မှီကိုအလုပ်ထွက်ခွင့်​ပေးပါ:


"Okလေ...ဒီမှာမင်းအလုပ်စ၀င်တုန်းကကိုယ့်တို့နဲထိုးထားတဲ့သ​ဘောတူညီ​ကြောင်းစာချုပ်ဖတ်ကြည်ပါ"


မှီသူ၏လက်ထဲကစာချုပ်ကိုယူ၍ထပ်​ဖတ်​ကြည်​သည်။

စာချုပ်​ထဲတွင်

အလုပ်မှသတ်မှတ်ထားသည့်နှစ်မ​ရောက်ခင်အလုပ်ထွက်လိုပါကအလုပ်ရှင်အားနစ်နာကြေး၅သိန်းပေးရန်....

မှီအခုမှဒီစာချုပ်ကိုအသေချာဖတ်ရခြင်းဖြစ်သည်။


Charmက​အေး​ဆေးစွာ​လက်ဖက်​ရည်ကို​သောက်​နေပြီး...


"ကဲ...ဘယ်လိုလဲ...​ဒေါ်လ​ရောင်မှီ...အလုပ်​ထွက်​ချင်​တယ်ဆို...ဒီထဲကစာချုပ်အတိုင်း​ပေးရလိမ့်မယ်"


မှီ​ဒေါသစိတ်​လေကိုခနထိန်းလိုက်ပြီ။


"​ကောင်းပါပြီ...မှီပြန်စဥ်စားပါမယ်"


"မစဥ်​စား​နဲ...မနက်ဖြန်ကစပြီး...ကျွန်တော်

အတွင်း​ရေးမှူးထိုင်ခုံမှာခင်ဗျားကို​တွေ့ချင်တယ်"


"မဖြစ်နိုင်​ဘူး...ဟိန်း​သူ...ခုမှမှီကအလုပ်​စ၀င်တာ...အဲဒါကိုဒီရာထူးကလုံ၀မဖြစ်နိုင်ဘူး"


Charmကမှီ​ပြောတာကိုမကြား​ယောင်​ဆောင်ပြီး။မှီဘက်ကိုလှည်လိုက်ပြီးစူးရှ​သောမျက်လုံးများဖြင့်ကြည်​ကာ....


"ကျွန်​တော်တစ်ခုသတိ​ပေးမယ်...ကျွန်တော်

ကို​ဒီ​ရုံးမှာ...ဟိန်းသူဆိုတဲ့နာမည်ကိုမ​ခေါ်ပါနဲ

ကျွန်​တော်နာမည်charm...ဟိန်းသူကလွန်ခဲ့တဲ့အထက်တန်း​ကျောင်းဘ၀မှာ​သေဆုံးသွားပြီး...

လူ​တွေရဲ့​လှောင်​ပြောင်ကဲ့ရဲမှု​အောက်မှာ​သေသွားပြီး။ဒါကိုမင်းနားလည်ဖိုလိုတယ်...

လ​ရောင်မှီ။​နောက်...ကျွန်တော်ကဒီကုမ္ဗဏီရဲ့

သူ​ဠေး။ကျွန်တော်ရာထူးတိုးပေးတာကို ဘယ်သူကမင်းက်ု​ပြောရဲ​မှာ​လဲ။"


"ဒါ​မယ့်...:"


"ရူး...ဒီအလုပ်မှာ...ခင်ဗျား...ကျွန်တော်အမိန့်ပေးတာဘဲနာခံရမယ်။ဘယ်သူမှခင်ဗျားကို

အမိန့်​ပေးပိုင်ခွင့်မရှိဘူး"


တံခါးကိုဖွင့်ပြီးအပြင်ထွက်ဖို့လုပ်​နေသည့်charm။ကြောင်သေသေနေသော

မှီကို​ကြည်​ပြီး....မဲ့ပြုံးတစ်ချက်နှင့်​အတူ

"လ​ရောင်​မှီ...မင်းနောင်တရ​စေရ​မယ်။ငါက်ုတစ်ခါငြင်းဖူးတဲ့မင်း...အကြိမ်ကြိမ်

နာကျင်ရမယ်။

ငါမင်းကိုအပိုင်သိမ်းပြမယ်"


မှီအရင်ကသိခဲ့ဖူးတဲ့ဟိန်းသူကအခုဟိန်း​သူ

မဟုတ်​တောဘူးဆိုတာမှီသတိထား​မိသည်။


​နောက်ရက်များတွင်မှီတစ်​ယောက်ဟိန်းသူ၏ရုံးခန်းထဲတွင်အတွင်း​ရေးမှူးအဖြစ်အလုပ်လုပ်ရ​တောသည်။

ရုံးတွင်းကလူအများ၏နူတ်ဖျားမှာ​တော

မှီကပိုင်လုံလုပ်ချင်တာ။​နောက်မှပွင့်တဲ့​ရွှေကြာကလာလန်း​နေတယ်။စသဖြင့်အတင်း

အဖျင်း​တွေအစုံကိုမှီကြားလာရသည်။ဒီအကြောင်းကိုဟိန်းသူကိုပြောပေးမယ်

ဟိန်းသူကဂရုသိုက်သည့်အရိပ်​ယောင်မပြ​ပေ။

မှီကိုသူသွားသည့်​နေရာတိုင်း​ခေါ်သွားသည်။တခါတ​လေအစည်းအ​ဝေးဆို့သည်ခေါင်းစဥ်အောက်ကနေသူနဲတွဲသည့်ကောင်မလေး​တွေနဲသွား​တွေ့/သွားအိပ်တိုင်းလည်းမှီလိုက်ကသည်။ဒီလိုအချိန်မှာမှီကိုအခန်းတစ်ခန်းစီစဥ်​ပေးသည်။ဒီလိုအရာ​တွေ့ကိုဘာ​ကြောင့်လုပ်​နေသည့်ကို​တောမှီမသိ​ပေ။။တခါတ​လေ​နောက်ကျမှပြန်ရမည်အချိန်မျိုးတွင်လည်း

သူကဟိုတယ်တွင်အခန်းဌား​ပေးသည်။


"မှီ...ဒီည​နေအစည်း​ဝေးရှိတယ်။မင်းလိုက်ခဲ့ရမယ်"


"အစည်းဝေးကဘယ်ကိုလဲ။ကြာမှာလား"


မှီ​မေးလိုပင်မဆုံး​သေး။charm၏​ခြေလှမ်းများကမှီနားကိုတိုးလာသည်​။


"မင်းကိုကျွန်​တော်ကအစီရင်ပြန်ခံရမှာလား။ကျွန်​တော်​ပြောတာဘဲ...မင်းနား​ထောင်"


မှီ...ဟိန်းသူကိုမျက်​စောင်းနဲကြည်လိုက်​သည်။


"ဟက်...ရှင့်ရဲအစည်းအဝေးဆိုတဲ့ခေါင်းစဥ်အောက်ကနေ...တခြား​ကောင်မ​လေး​တွေနဲသွားတွေ့​တိုင်း...မှီမလိုက်နိုင်​တောဘူး။ဒါမှီအလုပ်မဟုတ်​ဘူးလို့...မှီထင်တယ်"


"​ကောင်မ​လေး​တွေ့နဲသွား​တွေ့တာလည်းဒါငါအလုပ်တစ်ခုမို့ငါသွား​တွေ့​တာ

ဘာဘဲအဖြစ်ဖြစ်လုပ်ငန်းတစ်ခုမှာအထားတစ်ခု​တောရှိတယ်ကွာ"


"ဘာအထာ...မှီ...မြင်တာကတော...သူများသမီးပျို​တွေ့ကိုအညွှန့်ချိုတဲ့အထာလား"


"မှီ​...တော်တော...မင်း"


"ဘာလဲ...နာသွားတာလား"


"မင်းကွာ...မင်းမိုလိုငါသည်းခံနေတာ..

တခြား​လူ​ဆို...ဒီနေရာမှာ​တင်...အလုပ်ထုတ်ပစ်တယ်"


"ဪ...အလုပ်​ထုတ်​မို့လား...ထုတ်​လိုက်ပါ..

မှီအတွက်အဆင်တောင်ပြေသေးတယ်"


"မထုတ်ဘူး...မင်း...ငါ​ဘေးမှာဘဲ​နေရမယ်"


"ရှင်...ဘာ​တွေအရူးထချင်​နေတာလဲ"


"ကိုယ့်အရူးထတာမဟုတ်ဘူး...ကိုယ့်​မင်းကို​ချစ်တယ်...လ​ရောင်မှီ"

မှီကိုဖက်ထားလိုက်သည်။ဒီလိုရုံးခန်းထဲမှာမှီပိုဖက်ထားတာကတခြားလူ​တွေတွက်​ပြောစရာဖြစ်ရသည့်အတွက်မှီရုန်းမိသည်။


"ဖယ်​ပါ...charm..."


"ခ​န​လေဘဲ​နေ​ပေးပါ"

ဒီလိုအချိန်မှာမှီအမှန်တစ်ခုကိုထုတ်ပြောရတောမည်။


"ဟိန်း​သူ..."


"အင်း...."


"ငါမှာ...​စေ့စပ်ထားတဲ့လူရှိပြီးသား"


ဟိန်းသူဒီအချိန်မှမှီကိုလွတ်လိုက်ပြီး။


"​စေ့စပ်ထားတာ​လေတသ်ခုဘဲမလား။ဘာဘဲ

ဖြသ်ဖြစ်လပ်ထပ်ရ​သေးတာမှမဟုတ်တာ။မှီစိတ်​ပြောင်းလိုရတာဘဲ"


"ဟင်​အင်း...မှီဘယ်​တောမှအဲလိုလုပ်မှာမဟုတ်ဘူး။

လူ​တွေရဲ့အမြင်နဲကြားထဲမှာမှီ...သစ္စာမရှိသူအဖြစ်မှီမ​နေချင်ဘူး"


"လူ​တွေရဲ့အမြင်ကိုဂရုမစိုက်ပါနဲမှီ...အ​ရေးကြီးတာကိုယ့်တို့၂​ယောက်အပြန်လှန်ချစ်ဖို့ဘဲမလား...ဒါဆိုအရာရာကအဆင်​ပြေသွားမယ်မလား"


"မှီ...ဟိန်းသူကို...ဘယ်တုန်းကများချစ်တယ်လို​ပြောဖူးလိုလဲ"


"ဘာ​ပြောလ်ုက်တယ်မှီ..."


"ဟုတ်တယ်...မှီ...ဟိန်းသူကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး...."


"ဘာကြောင့်လဲ...ဘာ​ကြောင့်ကိုယ့်ကိုမ​ချစ်ရ​တာလဲ...အရင်ကဟိန်းသူကိုမချစ်ဘူးဆိုတာထားပါတော။သူမှာဘာအရည်ချင်းမှမရှိလို

အခုကဟိန်းသူမဟုတ်​တောတဲ့အရည်ချက်း​တွေအများကြီးရှိတဲ့charmပါ"


"အဲဒါ​တွေမှီမသိဘူး...မှီ...ဟိန်းသူက်ုချစ်လိုမရဘူး။ပြီး​တောမိန်းမတကားပ​ရောပရည်​နေတဲ့ရှင်ကိုမှီပိုလို​တောင်ရွံတယ်"


"နေ​အုန်း...မှီ...အဲဒါကမင်းကိုယ့်ကိုသဝန်တို​စေခြင်းလ်ုပါ"


"ဒါမယ်မှီ...အခုရှင်ကိုသဝန်မတိုဘူး...ရွံ​့ 

တယ်။

ဒါဆိုမင်းမကြိုက်တာ​တွေအားလုံးကိုယ့်ဆင်ခြင်မယ်​လေ။"


"မလိုပါဘူး...ရှင်စိတ်ထဲရှိတဲ့အရာတစ်ခုကို

ရှင်ဆင်ခြင်​နေလဲ...အချ်န်တန်ရင်ပြန်ပေါ်မှာဘဲလေ...မှီအတွက်​ရော...ရှင်အတွက်​ရောဘယ်​တောမှ​ပျော်ရွင်မှာမဟုတ်ဘူး"


"ဟာ...ဟာ...​ကောင်းပါပြီ...​ကောင်းပါပြီ

သိပ်​ကောင်း​တာဘဲ...အရင်ကဟိန်းသူက်ုမင်းငြင်းခဲ့လိုမင်းကိုလက်စား​ချေဖိုပြန်လာတာ။ဒါမယ်အရင်ကအတိုင်းခံစားချက်​တွေမ​ပျောက်ဘဲခံစားချက်​တွေရှိခဲ့တယ်။​နောက်ဆုံး​တောငါအမှားဘဲ​ပေါ့ကွာ။ဒါဆ်ုမင်းနဲ​စေ့စပ်ထားတဲ့လူကိုမင်းချစ်တယ်​ပေါ့"


မှီမချစ်သည့်လူတစ်​ယောက်ကိုချစ်လားလို့​​မေး​တော

ချက်ချင်းကြီးမဖြေဘဲဆွံ့အနေခဲ့သည်။တကယ့်​တောမှီစိတ်ထဲမှာရှိသည့်လူက​မောင်အပြင်ဘယ်သူမှမရှိခဲ့။အကိုကို​​ရွေးချယ်ခဲ့သည်ဆိုတာကလည်းမှီအတွက်

အကိုကအားကိုးထိုက်သည့်လူအဖြစ်မြင်လိုသာရွေးချယ်ခဲ့ခြင်းဖြစ်သည်။


"မှီ...ကိုယ့်​​မေးတာ​ဖြေ​လေ"

မှီ...ဟိန်းသူကိုမျက်​စောင်းတစ်ချက်ဖြင့်စိုက်ကြည်​လိုက်ပြီး​။


"မှီ...သူကို...ချစ်တယ်"


ဟိန်းသူ၏ခြေလှမ်းများယိမ်းယိုင်လာသည်။


"ရပြီ...မှီ...မင်း​ထွက်သွား​တော..."


မှီထွက်သွားဖို့လုပ်​တောမှီလက်ကိုဟိန်းသူလှမ်း​ဆွဲလိုပ်ပြီး။


"မင်း​စိတ်ထဲမှာ​ရှိတဲ့​လူ...တသ်ဦးတည်း​သောလူတစ်​ယောက်ကိုငါသိတယ်မှီ။မင်း

တ​​နေ့ငါဆီပြန်လာရမယ်"


"ဟင့်...မှီ​ကို...ထွက်သွားခွင့်ပြုတဲ့အတွက်

ရှင်ကို​ကျေးဇူးတင်ပါတယ်"


မှီ...

ဟိန်းသူဆွဲထားသောလက်ကိုခါချလိုက်သည်။


"လရောင်​မှီ...မင်းငါကိုအသည်းခွဲတာ၂ခါရှိပြီး

ဘယ်သူကိုမှမ​ပေးဘူးတာမင်းကို​ပေးခဲ့တယ်။မင်ူကအမြဲငါကိုငြင်းပယ်ခဲ့တယ်။တ​နေ့ပြန်​တွေးအုန်းမယ်။ငါမရတဲ့ပန်းတစ်ပွင့်ကိုဘယ်သူလက်ထဲမှအပါမခံနိုင်ဘူး။မက်းကိုငါဘဲပိုင်ရမယ်"

ဟိန်းသူစိတ်ထဲတွင်ကြိမ်ဝါး​မိသည်။


အလင်းသစ်နဲသီရီတို့ရဲမင်္ဂလာ​ဆောင်​ကြောင်းမှီ...​ဒေါ်​လေ​ေးဆီ​ရောက်ဖြစ်သည်။သူငယ်ချင်းမင်္ဂလာ​ဆောင်ကိုမှီအရင်သွားရသည်။


"ဟယ်...မှီ....လှလာလိုက်တာ...အရင်ကနဲမတူ​တောဘူး"


"ဒါဆို...​ကေသီကမှီကိုအရင်ကရုပ်ဆိုးတယ်မြင်တယ်​ပေါ့"


"မဟုတ်ပါဘူး​ကွာ...မှီကအရင်ကထက်ပိုလှလားလိုပါ"


မှီတို့စားပွဲတွင်​ကေသီ၊မှီနဲချစ်စုတို့၃​ယောက်ထိုင်၍​ရှေး​ဟောင်း​နှောင်းဖြစ်တွေပြောဖြစ်ကြသည်။


"မှီ...မင်းသတင်းကြားပြီးပြီလား"


"ဟင်း...ဘာသတင်းက်ုကြားရမှာလဲ....​ကေသီ"


"မင်း​ရဲ့အချစ်​ဟောင်းကြီး​​နေယံရှင်း​လေ"


​မောင်၏နာမည်ကြားသည့်နှင့်မှီ၏ရင်​တွေပြန်ခုန်လာသည့်ကိုငြင်းဖွယ်မရှိ​ပေ။သို့​ပေမယ်သူငယ်ချက်း​တွေ​ရှေ့မှာ​တောဟန်​ဆောင်မျက်နှာဖုံးကိုတပ်ရအုန်းမည်ဖြစ်သည်။


"အင်း...အဲ​တောဘာဖြစ်လဲ"


"သူမိန်းမနဲကွဲသွာူပြီးတဲ့မှီရယ်"


"အင်း...ဟုတ်လား...အဲဒါကိုမှီကဘာလုပ်ရမှာလဲ။"


"ဘာမှမ​လုပ်ရ​ပါဘူး...ဘာဘဲဖြသ်ဖြစ်နင်သူကိုမချစ်​တောဘူးမလား"


"သူကိုချသ်ခဲတဲ့အချသ်က​သေပြီးလိုမှီမှတ်ထားတယ်။မှီတို့က​တစ်​ယောက်နဲတစ်​ယောက်မထိုက်တန်​တောဘူး​လေ"


မှီတို့စကား​ပြောနေသည့်နားသို့အလင်းသစ်ရောက်လာသည်။


"စကား​တွေ​ကောင်း​နေတယ်ဟုတ်လား"


"အေး​ပေါ့...သတိုသားနဲသတိုသမီးက​သေချာမဧည့်ခံ​တောလည်း...တို​တွေအပျင်ယ​ပြေစကား​ပြောပြီ​နေယုံပြင်ဘာရှိ​သေး"


"အဲလို​တောမ​ပြောပါနဲ​ကေသီပျိုကြီးကြီးမမရယ်။ဒါနဲစကားမစပ်

ဒီအပျိုကြီး၂​ယောက်ဘယ်​တောများမှစားရမှာလဲ"


"ဒီမှာ..သီရိ​ရေ...​ကေသီကို​တောမ​မျော်မှန်းနဲ

အိမ်​ထောင်ကျတာက​ထောင်ကျတာနဲအတူတူ

ဘဲ​တဲ့လေ...အဲ​​ထောင်ကြီးထဲ​တောကိုယ့်ကတစ်သက်လုံးဝင်မှာမဟုတ်ဘူး။"


"အမ​လေး...ဒီမှာမိ​ကေသီ...​ရှေးအဆိုတစ်ခုမကြားဖူးဘူးလား"


"​ပြောကြည့်"


"တံခွန်မရှိတဲ့​ဘုရား...အလံ​မရှိတဲ့​ရထားကမတင့်တယ်သလို

လင်မရှိတဲ့မိန်းမကလည်းမတင်တယ်ဘူးတဲ့​လေ"


"အင်း...အလင်းသစ်ကအဲလိုချုပ်ကွက်​တွေနဲချုပ်ထားတာလား"


"မဟုတ်ပါဘူး...သီရိ​ပြောတာပါ"


"​နေပါစေ​တော..သီရိရယ်...ကေ​သီ​က​တော​လေ...လူအများအမြင်မှာတင်တယ်ဖိုမလိုဘူး

သူတို့​ပြော​တာဆိုတာ​တွေဂရုစိုက်​နေရင််​လေ

ဟို​ချောက်ကြီးထဲကို​ရောက်ချင်မလှ​ရောက်သွားမှာဘဲ...စိုးရိမ်တယ်။ပြီး​တော​လေလူအများရဲအမြင်​မှာ....တင်တယ်မှု​အောက်မှာ​နေရဖို့အတွက်နဲ...ကိုယ့်ဘ၀ကိုကိုယ့်မီးဖို​ချောင်း​မှာအချိန်တွေမဖြုန်းနိူင်ဘူး။

အာယလုံးကလူခြင်းအတူတူ​ဘဲ​ကွာ...သူ​နေရာနဲသူ​တောအသုံးဝင်မယ်မလား"


"ဟုတ်ပါတယ်...​ကေသီ​ပြောတာလည်း​မှန်ပါတယ်။ဒါမယ်သီရိတစ်​ခု​တော​ပြော​မယ်

ကိုယ့်အမြင်သဘာဝတစ်ခုတည်းနဲအားလုံးကဒီလိုဆိုတာကို​ကောက်ချက်ချလိုမရဘူး​။

မိန်းမကို​ချောင်ထိုးထားခြင်းတဲ့​ယောကျာ်း​တွေရှိသလို့မိန်းမကိုလူလည်မှာအမွှန်းတင်ခြင်းတဲ့​ယောကျာ်း​တွေဘည်းအများကြီးရှိပါ​သေးတယ်"


"ဟင့်...၁၀ယောက်၁ယောက်လက်ညိုထိုးပြလိုရပါတယ်ကွာ...အဲလိုလူမျိုးက"


"ကဲ...ကဲ...အပျိုကြီး...အဲလောက်တောင်ယောကျာ်းမကောင်းကြောင်ယပြောနေရင်

Youဒီ၁သက်အိမ်​ထောင်မကျ​တောဘူး"


"တော်​ပါကွာ...ကိုယ့်ကလည်း​ထောင်မကျခြင်း​တောအ​ခက်သား"


​ကေသီနဲသီရီတို့၂ယောက်စကားပြောရပ်သွားချိန်မှာအလင်းသစ်ကထပ်၍စလေသည်။


"မှီ....အင်း...​ပြော​လေ...အလင်း"


"နင်...အခု​တွဲ​နေတဲ့...နင်နဲစေစပ်ထားတဲ့လူဆိုတာ...နင်နဲအဆင်​ပြေရဲ့လား"


"ပြေပါ​တယ်..."


"နင်ကိုချစ်​ရောချစ်ရဲလားမှီ"


"ချစ်ပါတယ်...ဒါမယ်သူကချုပ်ချယ်တာ​လေတစ်ခုပါဘဲ"


"အဲဒါ​ကမှ...​ကေသီ​ပြောသလို​ထောင်ဘဲ...မှီ​ရဲ

နင်သူနဲလက်မထပ်ခင်သေချာစဥ်စားဖိုလိုတယ်...မှီ"


"မှီကို​သတိ​ပေးလို...အလင်း​ကို...မှီ...​ကျေးဇူးတင်ပါတယ်"


"ငါတို့​က...နင့်ကိုတစ်ခါမှားပြီးသူမို့​နောက်တစ်ခါမမှား​စေချင်​လို့ပါ"


"နင်​သေချာစဥ်စား​ပေါ့မှီရယ်"


"အင်း​ပါ...ဒါနဲနင့်တို့ကို...မှီမှာ​ပြောစရာတစ်ခုရှိတယ်"


"အင်း...ဘာများလဲ"


"ဟိန်း​သူ​အကြောင်း​လေ..."


"ဟိန်း​သူ​လား....."


"ဟုတ်တယ်"

မှီကဟိန်းသူနဲပြန်​တွေ့ခဲ့သည့်အ​ကြောင်းရာများက်ုသူငယ်ချင်း​တွေကို​ပြောပြဖြစ်သည်။

မှီကိုချစ်​ရေးဆိုသည့်ကိစ္စကို​တောမှီသိုဝှက်ထားခဲ့မိသည်။


မှီတို့ဟိန်းသူအ​ကြောင်း​ပြော​ပြီးစဥ်မှာမှီတို့ခုံဝိုင်းအ​နောက်မှ


"မှီ....."


အသံက​မောင်အသံနဲဆင်​နေသည်။မှီ​ဖြေး​ဖြေးခြင်းလှည့်ကြည်မိတော...​သေချာပေါက်ကိုမောင်ဖြစ်နေသည်။

မှီရင်ခုန်​နေသည့်စိတ်တို့ကိုထိန်းချု​ပ်​ကာ


"ရှင်း...."


သီရိကလည်းရှင်းက်ု​ခေါ်လိုက်သည်။


"​ရောက်​ပြီး​လား...ရှင်း...you​နောက်ကျတယ်​နော်...လာ...ဒီမှာထိုင်"


"ဒီမှာထိုင်စရာမလိုဘူးလိုတော...​​ကေသီထင်တယ်"

​ကေသီကရှင်းကိုစိမ်းကားစွာဆက်ဆံသည်။


"အို...ကေ​သီ​ကလည်း...အဲလိုမလုပ်​ပါနဲ​ကွာ...

သူငယ်ချင်းအခြင်းခြင်း​တွေဘဲကို"


"သီရိ...တိုအရင်ကခင်ခဲ့တဲ့​နေယံရှင်ူကမရှိ​တောဘူး။လွန်ခဲ့တဲ့နှစ်​တွေကမှီကိုသစ္စာ​ဖောက်ခဲ့တဲ့​နေယံရှင်းဘဲရှိ​တော​တယ်၊အဲလိုလူမျိုးကမုန်းဖို့​ကောင်းတယ်"


"ရပါတယ်...​​ကေသီ...နင်ငါကိုအရမ်းမုန်း​နေတယ်ဆိုတာ။ငါလွန်ခဲ့တဲ့နှစ်​တွေကမှီကိုသစ္စာဖောက်ခဲ့မိတယ်။ဒါကလည်း

အ​ကြောင်းပမျိုးမျိုးရှိတယ်"


"ဘာ​အကြောင်းလဲ...လုပ်ချင်တာလုပ်ပြီးမှအ​ကြောင်ယပြချက်​ပေးတာ​ယောကျာ်း​ကောင်းတစ်​ယောက်ရဲ့လုပ်ရပ်မဟုတ်ဘူး"


​ကေသီ၏​ဒေါသ​တွေကိုသူငယ်ချင်းအားလုံးထိန်း​ရ​တော​သည်။


"​ကေသီ...သတိထား​အုန်း..ဒါ...သီရိမင်္ဂလာပွဲ​နော်"


"အေး​ပါ...မှီ​ရယ်...ငါစိတ်တိုလိုပါ"


"ဖြစ်ပြီးတာ​တွေလည်းဖြစ်ပြီးပြီဆို​တော...

မှီ​လည်း​ဘာမှမ​ဖြစ်​ဘူးလေ...အဲ​တောသူငယ်ချင်း​တွေဘဲ​လေ​ကျေ​အေးလိုက်ကြရ​အောင်လား​ကေသီ"


သီရိမင်္ဂလာ​ဆောင်လည်ူဖြစ်​နေသည့်အတွက်သာ​ကေသီဘာမှမပြောတောဘဲငြိမ်သွားချင်ဖြစ်သည်။


မှီတို့မင်္ဂလာပွဲပြီး​တောအိမ်ပြန်ကျချိန်မှာ​မောင်ကမှီကိုလိုက်ပိုသည်။ဒါကိုမ​​ကျေမချမ်းဖြစ်သူက​တော​ကေသီအပြင်မည်သူမှရှိနိုင်မည်မဟုတ်ပေ။


"မှီ...ကေငီမုန်းသလို...ကိုယ့်ကိုမုန်း​နေပြီးလား"


"မ​မုန်း​ပါဘူး..."


"ဒါဆို...အရင်လိုချစ်​သေးလား"


မှီ...မောင်ကိုတသ်ချက်ကြည်လိုက်ပြီး။ပြုံးလိုက်သည်။


"ဒီစကားကိုရှင်းဘက်ကမ​ပြောသင့်​တောဘူးလို့မှီထင်တယ်။ဒါမယ်​ပြောလိုက်ပါမယ်အမုန်းမရှိ​တောတဲ့ရင်ခွင်တစ်ခုမှာအချစ်ဆိုတာလဲမရှိ​တောဘူး။တစ်နည်း​ပြောရရင်ခံစားချက်​တွေ​သေသွားပြီး"


"မှီအဲ​လောက်​တောင်မှ​ပြောင်းလဲသွားတာလား"


"ဒီအ​ကြောင်း​တွေမ​ပြောပါနဲလား။မှီတို့တခြား​အ​​ကြောင်း​ပြောရင်ပိုအဆင်​ပြေမယ်ထင်တယ်။"


"အင်း​ပါ...မှီအဆင်​ပြေတယ်မလား"


"ပြေပါ​တယ်...အရာအားလုံးကအရင်ကထက်​တောင်ပို​ကောင်ယ​နေ​သေးတယ်"


"မှီ​ပျော်​နေတာမြင်​တောကိုယ့်လည်း​ပျော်ပါတယ်"


"​သေချာလို့လား"


"သိပ်​သေချာတာ​ပေါ့"


"မှီ...ကိုယ့်တို့သူငယ်ချင်းဖြစ်လိုရအုန်းမလား"


"မှီ​အပေါ်​ရိုးသား​တယ်ဆို...အဆင်​ပြေပါတယ်"


"ဒါဆို...ကိုယ့်ကိုphနံပါတ်​လေ​ပေးပါလား"

​မောင်​...တောင်းသည်ဖုန်းနံပါတ်ကို...မှီမပေးဘဲမနေနိုင်ဖြစ်ခဲ့၍ပေးခဲ့မိသည်။


"ဒါဆို...ကိုယ်phဆက်မယ်​​နော်။​ရှေ့နားမှာမှီအိမ်လည်းရောက်ပြီးဆိုတော့...

ဒီ​မှာတင်ဘဲမှီကိုနူတ်ဆက်ပါတယ်​နော်"


"အင်း...."


မှီဆီကိုပြန်လာ​​သောမောင်နှင့်တဖက်မှာကမှီနဲ​စေစပ်ထား​သောသူ။ဒီနှစ်​ယောက်ကြားမှာမှီဗျာမများခြင်းပါ။ဒီကြားထဲ

ဟိန်းသူကလည်းတမျိုး​မွေ​နေပြန်​​သေးသည်။

​သေချာသည်က​တောမှီနဲ​မောင်ကမဆုံနိုင်​တောသည့်လမ်းနှစ်သွယ်ဖြစ်နေသည်ကိုတောမှီသတိထားမိသည်။


ဒီအ​ခြေ​နေ​တွေကို​နောက်ကထပ်ကြပ်မကွာလ်ုက်၍ဓါတ်ပုံခိုးရိုက်​နေသူကဟိန်းသူ၏အလုပ်သမားပင်ဖြစ်သည်။


ကဲ....၃ပွင့်တောင်မဟုတ်ဘဲ၄ပွင့်တောင်ဆိုင်လာပြီးနော်...reader လေ​တို့​ရေ....


နောက်​အခန်းဘာဆက်ဖြစ်မယ်ဆိုတာ​စောင့်​မျော်ရင်နဲ....

​နောက်အခန်းမှာဆုံး​ကြမယ်​နော်....


စာ​ရေးသူ-V (EYU)


rate now: