အတိတ်ခြေရာ
@@@@@@
°°°°°°°°°°°°°
ဒီလိုပဲမှီတို့အဆက်သွယ်ပြတ်သွားကြသည်။မှီစိတ်တွင်ယုံကြည်နေသည်က မောင်သည်မှီ
ကလွဲ၍တခြားတစ်ယောက်မောင်၏ဘဝတွင်မရှိတောဟုယုံနေမိနေသေးသည်။ဒီယုံကြည်မှုတွေအမှားကြီးမှားနေသည်ကိုသိခဲ့သည်နေ။ထိုနေကမိုးခပ်အုံ့အုံ့
လေရှိသည်နေ။မှီတို့အောင်စာရင်းထွက်ပြီးမှီစာမေးပွဲအောင်သည့်နေ့။အောင်စာရင်းကြည်ရန် ကေသီတို့နှင့်ဆုံသည်နေတွင်ဖြစ်သည်။
မှီ...မောင်ကိုသိပ်သတိရနေသည်အတွက်မောင်အကြောင်းကိုကေသီထံတွင်မေးမိသည်။
"ကေသီ...မောင်အဆင်ပြေလား"
"မိမှီ...အဆင်ပြေမပြေသိရဖို့ကမှီတွေ့တဲ့အခါကျရင်သိပါလိမ့်မယ်"
ကေသီ၏စကားကြောင့်မှီနည်းနည်းလေတောအတွေးစိမ့်သွားသည်။
မှီတို့အောင်စာရင်းကြည်ပြီးအပြန်တွင် မောင်ထံသွားရန် ကေသီတို့ကိုထပ်၍တောင်းဆ်ုမိပြန်သည်။
"ကေသီ...မှီ...မောင်ဆီသွားမိုလိုက်ခဲ့ပေးပါလား"
ကေသီကဘာမှမပြောဘဲငြိမ်နေသည်။ထိုအချိန်မှာသီရိက...
"ကေသီ...မှီကိုအဖြစ်မှန်တွေပြောလိုက်ပါတောလားကွာ"
သီရိ၏စကားကြောင့်မှီပို၍သိချင်လာသည်။
"ဘာကိုလဲ...သီရိ...ဘာအဖြစ်မှန်လဲ..."
"ဒီလိုမှီ...အခုအချိန်မှာနေယံရှင်းကလူလွတ်မဟုတ်တောဘူး"
"ဟင့်...မဖြစ်နိုင်တာ...မဟုတ်တာဘဲ...နင်တို့ငါကိုမနောက်နဲ..ရှေင်းကိုမှီအရမ်းသတိရနေတာ...
မနောက်ပါနဲဟာ...နင့်တို့ကလည်း...မှီနဲရှင်းတို့ခွာနေကြတာဘယ်လောက်ကြာပြီလဲဆိုတာ...သူငယ်ချင်းတို့လည်းသိရက်နဲ"
မှီ၏စကားကိုဖြတ်၍အလင်းသစ်ကပါပါလားသည်
"ငါတို့တကယ့်ပြောနေတာ...မှီ....မှီအဲကောင်ကိုမေ့လိုက်တော"
"မဖြစ်နိုင်တာ...မှီမျက်လုံးနဲမတွေ့ရတဲ့အရာတစ်ခုကိုမှီမယုံဘူး..."
"ဒါဆို...မှီကမျက်စိနဲမြင်မှယုံမယ်ပေါ့"
"ဟုတ်တယ်အလင်းသစ်"
"ရတယ်...ဖြစ်စေရမယ်...မှီ...ဒါမယ်မှီ...စိတ်တောနိုင်ရမယ်"
"အင်းပါ....."
သူငယ်ချင်းအားလုံးကမှီကိုမောင်နေသည်နေရာဆီခေါ်သွားသည်။
ထိုအချိန်တွင်တွေ့ရသည့် မြင်ကွင်းကြောင့်မှီ
စိတ်ထဲဗလောင်ဆူသလိုဝမ်းနည်းသလိုဖြစ်ရသည်။
သူငယ်ချင်းတွေ ရှေ့မှာပြောမထွက်ပေးမယ်။
စိတ်ထဲတွင်တော အကြိမ်ကြိမ်ရွတ်နေမိသည်က
"မောင်ရယ်...လုပ်ရက်လေခြင်း"ဟူသောစကားများကပဲ့တင်ထပ်နေသည်။ပဲ့တင်ထပ်သံနှင့်အတူမျက်ရည်များကအလိုလိုစီးကျလာသည်။ဒါတွေကိုလည်း အိပ်မက်ဖြစ်ပါစေလို့ဆုတောင်းနေမိသည်။
သို့ပေမယ် ဒီအရာတေ့ကအိမ်မက်မဟုတ်
တကယ့်လက်တွေမှတကယ့်လက်တွေ့စစ်စစ်
ပင်ဖြစ်နေသည်ကိုမှီလက်ခံရတောမည်။အချိန်ခဏကြာမျှရပ်ကြည်နေမိသည်။
"မှီ...ပြန်ကြရအောင်...သူငယ်ချင်း"
"ခဏလေပါ...ကေသီ...မှီ...မောင်ကို...နောက်ဆုံးအနေနဲ...ကြည်ပါရစေ..."
မောင်ကိုကြည်နေရင်စီးကျလာသောမျက်ရည်တွေကအတားဆီးမရှိတောပေ။နှလုံးသား၌လည်းနာကျင်မူတွေကပြောမပြတတ်အောင်ပေ။ဒီနေရာမှာမှီအော်င်ုလိုက်ချင်သည်။ဒီစိတ်ကိုလည်းမနည်းမျိုသိပ်ထားရသည်။အံ့ကိုကြိတ်လက်သီးကိုဆုပ်ကာ မောင်အရင်း
က ပြောခဲ့သည်စကားများကပဲ့တင်ထပ်နေသည်။ရက်စက်လွန်သောမောင်ကိုကြည်ပြီးသွားပေါက်ကွဲပစ်လိုက်ချင်သည်။သို့ပေမယ်ဒီလိုလုပ်တာကမကောင်းသည်ကိုမှီသိသည်။မှီမောင်ကိုမုန်းလည်းမမုန်းရက်ပေ။
မောင်တို့က်ုရပ်ကြည်နေရင်ရုတ်တရက်အတွေးထဲကအမေးတွေပေါ်လာသည်။ကေသီကိုမေးလိုက်သည်။
"ဒါနဲ..ကေသီ...မောင်လက်ထပ်တာကြာပြီးလား"
"အင်း...၁လလောက်တောရှိပြီး...."
"မှီ...မောင်နဲစကားပြောချင်တယ်...ကေသီ"
"မဖြစ်ဘူးလေ...မှီ...အခုအခြေနေကိုလည်းမှီ
သိနေပြီဘဲ...နောက်ဆုတ်လိုက်ပါတောမှီရယ်
သူကနင်နဲမတန်ဘူး"
ကေသီစကားမဆုံးလိုက်ပေ။မှီမောင်တို့အိမ်ရှေ့ကိုပြေးသွားသည်။
သူငယ်ချင်းတွေကလည်းမှီနောက်ကိုပြေးလိုက်လာသည်။
"မောင်....."
ရေတွေစိုနေသောမောင်ကမှီကိုကြည်လိုက်ပြီ
"မှီ......."
မျက်ရည်တွေကအတားဆီမရှိပိုလိုဆိုလားသည်။ဒီအချိန်မှာအသိတစ်ခုကသိပ်ချစ်ရသောမောင်ကိုလွန်ခဲ့သည်၁လလောက်တည်းကဆုံးရူံးခဲ့သည်ကိုမသိလိုက်သောမှီတစ်ယောင်မောင်မှမောင်စွဲလမ်းရူသွပ်သောမှီတစ်ယောက်ယခုတွက်တောကောက်ရိုးစတစ်မျှင်လောက်တောင်မျှော်လင်ချက်မဲ့စွာမောင်ကိုဆုံးရူံးထားရသည်။
"ဒါတွေက...ဘယ်လိုဖြစ်တာလဲ...မောင်"
မှီအသံကြောင့်အိမ်ပေါ်တက်သွားသည့်ကောင်မလေးပြန်ဆင်းလာသည်
"ကိုကို...သူကဘယ်သူလဲ"
မောင်၏အိမ်သူသက်ထားဇနီးချောလေကမေးလိုက်သောအမေးတစ်ခုကြောင့်မှီဒေါသစိတ်တစ်ချို့ကိုမျိုသိပ်လိုက်သည်။သူ့၏ဇနီးရှေ့တွင် မှီအိုပေါက်ကွဲမိလျှင်မှီပို၍ရူံးမည်ကိုမှီမလိုလားပေ။
မောင်ကသူမကိုပြုံးပြလိုက်ပြီး။
"ကိုကို...သူငယ်ချင်းပါ"
မောင်ပြောလိုပ်သောစကား
"သူငယ်ချင်း...သူငယ်ချင်းတဲ့မောင်ရယ်
မောင်အရင်ကသိပ်ချစ်ခဲ့တဲ့ချစ်သူပါလို...ဘာလိုမပြောရတာလဲ"
မှီစိတ်ထဲတွင်ပို၍ဝမ်းနည်းစွာဆ်ုနေမိသည်။
"ဪ...အိမ်ပေါ်ခေါ်အုန်းလေ...ကိုကို"
"ရပါတယ်...ကျမမတက်တောပါဘူး..."
မှီမျက်ရည်တသ်စကိုမျိသိပ်ရင်ဆိုလိုက်သည်။
"ဒါနဲ...ညီမလေးကမောင်ရဲ့ဇနီးပေါ့..."
"ဟုတ်ပါတယ်..."
မောင်ဝန်မခံသည့်စကားတချိုကိုမှီဘက်က
ဝန်ခံရတောမည်။
"ကျမက....မောင်ငယ်ချစ်ပါ...နာမည်က
လရောင်မှီ...ကျမမောင်ကို...ညီမဆီထားခဲ့ပါမယ်..."
မှီ...မောင်ကြိုက်တတ်သည့်အရာတွေပုံစံတွေ
ဟင်းတေ်နဲမောင်မှာရှိတဲ့ရောဂါအခြေနေနဲ
ဆေးဝါးတွေ့ကိုကအစမှီပြောပြလိုက်သည်။
ပြီးနောက်မောင်လက်ကိုမှီစွဲကိုင်လိုက်ပြီး
တားဆီးမရသည်မျက်ရည်စတွေ့နှင့်အတူ
"မောင်ကိုနူတ်ဆက်ခဲ့ပါတယ်...
မောင်ပျော်ရက်မှီလည်းပျော်တယ်ဆိုတာမှတ်ထားပေးပါ"
မှီပြန်ထွက်လာသည်။လမ်းတစ်လျှောက်မငိုဖို့ရန်မှီစိတ်ကိုမှီအားတင်းထားလိုက်သည်။စိန်ပန်းနီနီနှင့်ကန်ရေပြင်နားဆီရောက်တော
ဘယ်အရာကမှထိန်းချုပ်မရတောပေ။
"မောင်ရယ်...လုပ်ရက်တယ်...မှီကိုဘာလိုမစောင့်ရတာလဲ...အချစ်ဆိုတာဘာမှန်းမသိသည်မှီတစ်ယောက်မောင်ကိူဘဲအရမ်းချစ်ခဲ့တာပါ...အခုတောအချစ်ကိုလည်းမောင်ကသင်ပေးသလိုမောင်ကိုမုန်းဖို့ကိုလည်းမောင်ကတိုက်တွန်းလိုက်ပြီး အချစ်ဆိုတာတခြားသူအတွက်ပေါင်းစုံခြင်းဆ်ုပေမယ်မှီအတွက်ကခွဲခွာခြင်းလာမောင်ရယ်။
တကယ့်လိုနောင်ဘ၀များမှာတွေ့ဖြစ်ရင်ထပ်ခွဲခွာရမယ်ဆိုမှီတိုဘယ်တောမှမတွေ့ဆုံပါရစေနဲတောလားမောင်ရယ်"
စိတ်ထဲတွင်ရေရွတ်ခြင်းများနှင့်အတူနှလုံးသားကိုလည်းမည်သူမှန်းမသိသည့်တစ်စုံတစ်ဦးကဝင်ရောက်ဆွဲဖဲ့နေသလိုခံစားရသည်။ဒီထက်ဆိုးသည်ကမှီတို့၂ယောက်အကြောင်းတွေ့လိုက်လျှင်နှလုံးသားတစ်ခုလုံးမီးကွမ်းလောင်းသလိုပူလောင်မွတ်သိပ်ခံစားရသည်။ဒီကိစ္စတွေအားလုံးအတွကိမောင်ကိုလည်းမှီအပြစ်မတင်ရက်ပေ။
မောင်ကိုအချိန်ပြည့်လွမ်းနေခဲ့သောမှီတစ်ယောက်ကိုအချိန်ကဘဲကုစားပေးခဲ့သည်။
ထိုအချိန်တွေကစ၍မောင်နှင့်လည်းမတွေ့ဖြစ်တောသလိုသူငယ်ချင်းတွေနဲလည်းမတွေ့ဖြစ်တောပေ။မှီအတွက်မောင်နဲတွေဆုံခဲ့သည်အချိန်မှစလမ်းခွဲသည့်အချိန်ထိ
သည်ပုံပြင်တစ်ပုဒ်အိမ်မက်တစ်ခုလိုသာသဘောထားလိုက်သည်။အတိတ်ကအရာတွေကိုမှီပွေ့ပိုက်မထားခြင်းတောပေ။မှီလည်းတက္ကသိုလ်ပြောင်းခဲ့သည့်အတွက်သူငယ်ချင်းတွေ့နဲဝေးကွာခဲ့ရသည်။တစ်ခါတစ်ရံfbလိုင်းပေါ်မှာတွေဆုံကြပေမယ်။fbဆက်ဆံရေလောက်သာရှိခဲ့သည်။
@@@@@@@@@@@@@@@@@
မှီကိုအချိန်တွေကကုစားပေးခဲ့သည်။
မှီဆီကိုဘယ်လိုအရာတွေဝင်လာအုန်းမှာ
လည်းဆိုတာ.......
နောက်အပိုင်းဆက်ရန်😊☺
စာရေးသူ-V(EYU)😷😭😔