book

Index 1

အပိုင်း-၁

အတိတ်​ခြေရာ

@@@@@@@


▪▪▪▪▪▪▪▪▪▪▪▪▪

လူတိုင်းမှာအတိတ်ဆိုတာရှိစမြဲပါ။ဒီအတိတ်တွေထဲမှာ ​ကောင်းတဲ့အရာ​တွေလည်းရှိ​နေနိုင်သလို ဆိုးတဲ့အရာတွေလည်းပါတတ်စမြဲပါ။

လ​ရောင်မှီဆိုတဲ့ မှီအတိတ်ကို​ပြောရရင်ဆိုးရွားလွန်းတဲ့အတိတ်တစ်ခုပေါ့။

အဆိုးရွာဆုံးထဲကတစ်ခူကတော မှီဟာကိုယ့်စိတ်ထဲသိပ်ယုံကြည်ခဲ့အိသည်​ယောကျာ်း၂​ယောက်​ကြောင်းဖြစ်သည်။


တကယ့်​တော ဒီဇာတ်လမ်းမှာမှီတို့၃​ယောက်မ​တွေ့ခဲ့ရင်သိပ်​ကောင်းမှာဘဲလိုမီှ​တွေးမိသည်။ယခု​တောထိုသို့မဟုတ်​ပေ။ဒါ​ကြောင့်ဖြစ်ပျက်ခဲ့သည့်အရာ​တွေကိုမှီဘယ်သူကိုအပြစ်တင်ရမည်နည်း။​တွေဆုံခွင့်​ပေးခဲ့​သောကံ​တရားလိုလား

သို့တည်းမဟု​တ်သိပ်ကိုအယုံလွယ်ပြီးသိပ်ချစ်တတ်သည့်မှီနှလုံးသားကိုလား။တကယ့်လိုသာအတိတ်​တွေကိုမီှ​နောက်ပြန်လှည့်လိုရရင်​လေသိပ်ချစ်တတ်ခဲ့စည့်မှီနှလုံးသားကိုဒဏ်​ခေတ်မိမည်မှာအမှန်​ပင်​ဖြစ်သည်။

ဒီအချိန်မှာမှီသက်ပြင်းက်ု​လေးလံစွာချလိုက်ပြီး။ငြိမ်သက်​နေ​သောကန်​ရေပြင်ကိုစူးရှစွာကြည်ကာ လွန်ခဲ့​စောအတိတ်ဆီကဇာတ်လမ်းသို့အတွေးနယ်ချဲလိုက်သည်။

😥😥😥😥😥😥😥😥😥😥😥😥😥

ဟိုလွန်ခဲ့သောအတိတ်နှစ်တွေဆီသို့......


"ဖြောင်း.....ဖြောင်း......ဖြောင်း......."


တီချယ်​ဒေါ်ခင်​လေး​ဆွေ၏ကြိမ်လုံးရိုက်သံ​ကြောင့် ​ကျောင်းသားများအားလုံးငြိမ်သက်သွားသည်။​ကျောင်းသားအားလုံး၏အာရုံမျက်စိ​ရှေ့တွင်​ဒေါ်ခင်​လေး​ဆွေ ​ရောက်ရှိ​လေပြီးဖြစ်သည်။

တီချယ်ခင်​လေးဆွေ၏ ဘေးတွင်ရပ်နေသူမှာ

ကျမလရောင်မှီဖြစ်သည်။

လရောင်​မီှ တီချယ်နံ​ဘေးတွင်​ကြောက်​ကြောက်နှင့်ရပ်​နေသည်ကို​သေချာစွာကြည်​နေသူက​နေယံရှင်းဖြစ်သည်


"ကဲ...ဒီနေ...အားလုံးနဲ​ကျောင်းသူသစ်တစ်​ယောက်ကိုမိတ်ဆက်မယ်"


တီချယ်ခင်လေးဆွေမှထိုသို့ပြောပြီး မှီဘက်ကိုလှည့်လိုက်ကာ.....


"ကဲ...သမီး...အတန်းထဲကလူ​တွေအားလုံးကိုသမီး...နာမည်​...မိတ်ဆက်လိုက်ပါ"


"ဟုတ်ကဲ့ပါ....တီချယ်"


မီှမျက်လုံးကိုမိှတ်လက်ကိုပိုက်လိုက်ပြီး သူမ

ကိုယ့်သူမအားတင်းလိုက်ကာ......


"အားလုံး​ဘဲ...မဂ်လာပါ...မှီ​နာမည်က...လရောင်​မီှ​ပါ...


မှီသူမကိုယ့်သူမမိတ်ဆက်ပြီး။တီချယ်ခင်​လေး​ဆွေမှအတန်းထဲက လူတွေက်ုတစ်ချက်ကြည်လိုက်ပြီး.....


"အားလုံး...သူငယ်ချင်းနာမည်ကိုမှတ်ထားကြ​နော်။"


"ဟုတ်ကဲ့​ပါ...တီချယ်"


တီချယ်ကမှီကိုပြန်ကြည်လိုက်​ပြီး.......


"မီှ....သမီး...လွတ်တဲ့​နေရာမှာသွားထိုင်ပါ"


"ဟုတ်​ကဲ...တီချယ်"


မီှတီချယ်​ရှေ့မှ​ခေါင်းကိုအသာငုံလက်ကိုပိုက်ပြီးထွက်လာသည်။ပြီး​နောက်မှီ​ရွေးချယ်လိုက်သည့် အတန်း​က အလယ်roll၏အလယ်​လောက်ရှိ​သောနေရာတွင်မှီ​နေရာယူလိုက်သည်။မီှထိုင်ပြီး​တောမှတီချယ်ကနာမည်စာရင်းစ​ကောက်​လေသည်။​ယောကျာ်​လေးအမည်များကိုတီချယ်ကစ​ခေါ်​လေသည်။

မီှမှတ်မိသ​လောက်အ​ယောက်၂၀​မြောက်လူကိုတီချယ်ဘက်က​ခေါ်​လေသည်။


"ဟိန်း​သူ........"

ထူးသံမကြားပေ။ဒုတိယအကြိမ်တီချယ်ကထပ်ခေါ်လေသည်။


"ဟိန်း​သူ......"မထူး​ပေ။​နောက်ဆုး​အကြိမ်ခေါ်ခါနီးမှာယောကျာ်းလေးထဲမှတစ်ယောက်ကမတ်တပ်ရပ်လိုက်ပြီး......


"ဟိန်း​သူ...မရှိဘူး....တီချယ်"


"ဒီနေ...ဒီကောင်...ကျောင်းထပ်ပြတ်တာလား...​နေယံရှင်း"


တီချယ်ခင်​လေး​ဆွေအ​မေးကိူ​နေယံရှင်းဘက်မှခေါင်းခါသည်။


"​ကျောင်း​တောမပြတ်ဘူးလို​တော....ကျွန်​တော်ကိုမှာလိုက်ပါတယ်"


"အဲဒါ​ဆို...အဲ​ကောင်ဘယ်မှာလဲ။"


"ကျွန်​တော်လည်းမသိဘူးတီ​ချယ်.....

ဒါ​မယ်...သူ​ဘက်က....ကျွန်​တော်ကို​ပြောလိုက်​တာက...."


​နေယံရှင်းစကားကိုအရင်မ​ပြောခင်တီချယ်မျက်နှာကိုအရင်ကြည်လိုက်သည်။အ​ခြေ​နေသိပ်မ​ကောင်း​ပေမယ်လည်း​ပြောရမည်အ​ရေးဖြစ်သည့်အတွက်​ပြောလိုက်သည်


"မ​နေ့ကတီချယ်​ပြောထားတာကိုသူကမှတ်ပြီးမလာတာပါ"


"ဟင့်...မနေ့က...ငါ​ပြောတာ"


"ဟုတ်ပါတယ်​တီ​ချယ်...တီ​ချယ်​က...တီချယ်စာသင်ချိန်မှာမသင်ချင်တဲ့လုအပြင်ထွက်​နေဆိုလိုပါတဲ့....အဲဒါ​ကြောင့်...

ဟိန်သူက...ဒီ​နေတီချယ်အချိန်ကိုမလာတာပါ"


"ဪ...ဒင်း​က...ဒီလို​လား...အဲ​ကောင်ခုဘယ်မှာလဲ"


"အဲဒါတောကျွန်တော်လည်းမသိပါဘူး...တီချယ်"


​ဒေါ်ခင်​​လေး​ဆွေမှာလက်ကာလိုက်ပြီး​နေယံရှင်းကိုထိုင်ခိုင်းလိုက်သည်။


"ကောင်းတယ်...​ကောင်းတယ်။ငါ့အတန်းချိန်မှာအဲလိုကျက်သ​ရေတုံး​တွေမရှိတာ​ကောင်းတယ်။ငါလည်းအကုသိုလ်ကင်းတယ်။ဒင်းလည်းငရဲကလွတ်တယ်"


တီချယ်​ပြောပြီးမိန်းက​လေးနာမည်များကိုစ​ခေါ်​လေသည်။မိန်းက​လေးနာမည်များ​ခေါ်လိုပြီးချိန်မှာတီချယ်ကစာသင်ရန်ပြင်လိုက်သည်။ထိုအချိန်မှာ​ကျောင်းအုပ်ကြီးရုံးခန်းဆီမှတီချယ်ခင်​လေး​ဆွေအား​ခေါ်သံကိုမီှတိုတသ်တန်းလုံးသာမကတစ်​ကျောင်းလုံးပင်ကြားသည်။

"တီ​ချယ်...ရုံးခန်းသွားအုန်းမယ်။မင်းတို့အားလုံးငြိမ်ငြိမ်​နေ​နော်"


"ဟုတ်​ကဲ​ပါ...တီချယ်"ဟုပြောလိုက်​ပေ​မယ်

ကျောင်းသားအားလုံး၏သဘာ၀က ဆရာမထွက်သွားလျှင်စကားများကြသည်မှာဓမ္မတာပင်ဖြစ်သည်​။


ထိုထဲမှမှီ​ဘေးမှာထိုင်​သော၃​ယောက်ကမှီကိုစမိတ်ဆက်လေသည်။


"Hi...လ​ရောင်မှီ...တို့နာမည်ကကေသီလွင့်။

တို့က...ချစ်စု"


နောက်ဆုံးသောတစ်ယောက်ကမီှကိုပြုံးပြလိုက်ရင်.......


"တို့က...သီရိ​မေ........."


ထိုထဲမှ​ကေသီလွင့်ကသီရိ​မေကိုစလ်ုက်သည်


"ဘာသီရိမေလဲ.....နင်က...သီရိထုံပါ"


"ဟာ​ကွာ....​ကေသီ...မစ​နဲ...တီချယ်မရှိတုန်းစကားပြောရတာကိူ...​ကောင်း​ကောင်း​ပြောစမ်းပါကွာ"


"Ok ......"


လ​ရောင်မီှသူတို့၏ခင်မင်မူကိုကြည်ကာပြုံးမိသည်။မှီစာအုပ်များကိုစာပွဲခုံထဲသို့ထည့်နေစဥ်ချစ်စုကမှီကိုသေချာကြည်ပြီး..  .


"မင်းနာမည်က....လ​ရောင်မှီ​နောိ"


"ဟုတ်ပါတယ်...မှီကိုတရင်းတနှီးနဲမှီလို​ခေါ်လည်းရပါတယ်"


"Ok...မှီ...မင်းကနာမည်​လေလှသလို..လူ​လေကလည်းချစ်စရာ​လေဘဲ"


ချစ်စု​ပြော​သောစကားကို​ကေသီလွင်ကရွတ်​နောက်​နောက်နဲ​နောက်ပြေန်သည်။


"ဟေ.....ချစ်စုတို့ကတောမြှောက်နေပြီး

သတိထား​တော....မှီ​ရေ"


"ဟာ...​ကေသီကလည်းစပြန်ပြီ"

ချစ်စု​ပြောလိုက်​သောစကားဖြစ်သည့်


ထိုအချိန်မှာမီှသည်နူတ်ခမ်းလေကိုမပွင့်တပွင့်ထပ်ပြုံးလိုက်သည်။ဒီအ​ရွယ် ဆယ်​ကျော်သက်အရွယ်အပြုံးတို့သည်မိန်းကလေးတစ်ယောက်အတွက် အပြစ်ကင်းစင်​သော 

အပြုံးပန်း​လေပင်ဖြစ်သည်။ထိုအပြုံးတို့ကိုငေးနေမိသူက နေယံရှင်းဖြစ်သည်။လ​ရောင်​မှီ ၏အပြုံးတို့ကို​နေယံရှင်း​ငေး​နေစဥ်မြင်ကွင်းတို့ကိုရှုတ်လိုက်

သူက​အလင်း​သစ်​ဖြစ်သည်။


အလင်းသစ်သည်အလယ်roll၏​နောက်မှ

လာပြီးမီှကိုနူတ်ဆက်လေသည်


"လရောင်​မှီ........"


အလင်းသစ်၏​ခေါ်သံ​ကြောင်မှီ အလင်းသစ်ကိုလှည့်ကြည်လိုက်သည်။မျက်လုံးမှာ​တောမည်သူနည်းဟူ​သော​မေးခွန်းများကိုထုတ်​နေသည်။​ထိုအ​ချိန် အလင်း​သစ်​မှ​မီှ ပခုံးကိုပုတ်လိုက်ပြီး၊


"ဟဲ....မီှ....နင်ငါကိုမမှတ်မိ​တောဘူးလား"


မှီ​ခေါင်းငိုအသာယာခါလိုက်သည်။


"ငငါ​လေ...အလင်းသစ်...လေဟာ...

နင်အ​မေ​တွေနဲသိတယ်​လေ။ငါတို့ကငယ်ငယ်

က​သူငယ်ချင်း​တွေ​လေ...နင်မမှတ်မိဘူးလား:


အလင်းသစ်မည်သို့ပင်ပြောစေ မှီမှာအလင်းသစ်ကိုမမှတ်မိ​ပေ။


"အေး​ပါ​လေ...မမှတ်မိဘုးဆိုလည်းထားတော

နင်ငါကိုမသိ​ပေမယ်။ငါကတောနင်ကိုသိတယ်

သူငယ်ချင်း​မ​ရယ်...ဒါနဲနင်အခုကသစ်ရပ်ကွက်မှာဘဲ​နေတာမလား"


"အင်း.. .ဟုတ်တယ်"


"Ok...အဲဒါ​ဆို...​ကျောင်းပြန်ရင်အတူပြန်ကြမယ်"


အလင်း​သစ်. မီှကိုပြောပြီး။မှီပြန်ပြောတာတောင်မစောင့်ဘဲထွက်သွားသည်။


အလင်းသစ်ထွက်သွားသည့်နောက်သို့ မှီမျက်လုံးလေက ေ၀၀ဲကြည်လိုက်တောသူနှင့်အကြည်ခြင်းဆုံလေသည်။သူဆိုသူမှာ တခြား​လူမ​ဟုတ် 

​နေယံရှင်းပင်ဖြစ်သည်။နေယံရှင်းသည်

မှီနှင့်အကြည်ခြင်းဆုံးသွားသော မျက်လုံး​များကို လျှင်မြန်​စွာပင်ရုတ်သိမ်းလိုက်သည်။


သိပ်မကြာခင်မှာတီချယ်ခင်​​လေး​ဆွေတစ်​ယောက်​ကျောင်းသားတစ်​ယောက်ကိုဂုတ်ကဆွဲပြီးအတန်းထဲပြန်၀င်လာသည်။


"ဟိန်း​သူ....မင်းငါအချိန်မှာစာမသင်ခြင်း...အပြင်ဝရံတာမှာထွက်​နေလိုရတယ်။အခုတောဘယ်နှယ့်ကျောင်းချိန်မှာအတန်း​ထဲ​မရှိ...ဟို​သွား​ဒီ​သွား​နဲ...မင်း​ကြောင့်ငါအတန်းနာမည်ပျက်တယ်။အဲ​တောမင်းအခုစာမသင်ချင်ဘူးမလား"


ဟိန်းသူကပုခုံးကိုတွန့်ပြလိုက်သည်​။


"အေး....ဟုတ်ပြီးအဲဒါဆိုမင်းဝရန်တာမှာထွက်​နေလိုက်"


တီချယ်​ပြောသည့်စကားတို့ကိုအ​ရေးမစိုက်​တောဘဲဟိန်းသူပုဆိုးကိုမလိုက်ပြီးအပြင်ထွက်သွားသည်။တီချယ်ကစာဆက်သင်ရန်မှီတို့ကို

Engစာအုပ်ထုတ်ခိုင်းသည်။တီချယ်စာသင်နေစဥ်မှာ မီှထိုထူးဆန်းလွန်သည့် ဟိန်းသူကိုတစ်ချက်တစ်ချက်ကြည်မိသည်။ထို့သို့ကြည်မိတိုင်းဟိန်းသူနှင်မှီတစ်ခါတစ်ရံမှာအကြည်ခြင်းဆုံသလို​နေယံရှင်းနှင့်လည်းအကည်ခြင်းဆုံမိသည်။ဟိန်းသူနှင့်အကြည်ခြင်းဆုံချိန်မှာ​ကြောက်စိတ်တို့ကလွမ်း​နေ​ပေးမယ်​။

​နေယံရှင်းနှင့်အကြည်ခြင်းဆုံချိန်မှာ​တောမှီနှလုံးသားလေကမခုန်စဖူးခုန်လေသည်။


​နေလယ်​ကျောင်းဆင်းချိန်မှာမှီတို့မုန့်သွား၀ယ်ရန်အတန်းထဲမှထွက်လာကြသည်။မှိတစ်​ယောက်​ခေါင်းငိုက်စိုက်စွာထွက်လာသဖြင့်​လှေခါးရင်းမှာလူတစ်​ယောက်၏ရင်ခွင့်နှင့်တိုက်မိသည်။မော့ကြည်လိုက်တောဟိန်းသူဖြစ်သည်။


"မင်းမျက်လုံးမပါဘူးလား....."


"ပါ​တာပေါ့....ပါလိုဘဲရှင့်ကိုကြည်​နေတာ​လေ"


"မှီ......"


​ကေသီလွင့်​ခေါ်​သောအသံကိုဟိန်းသူက​ကေသီလွင့်တိုကိုတစ်ချက်ကြည်လိုက်ပြီ။


"မင်းတို့သွား​တော........"


အမှန်​တောဒီ​ကျောင်းတစ်ခု၏လူဆိုးမှာဟိန်းသူလို​ပြောလျှင်မှားနိုင်ဖွယ်မရှိ​ပေ။ဟိန်းသူသည်​ကျောင်းတစ်ခုလုံး၏​ရှောက်သီးဖြစ်သည်။သူနှင့်ဖက်ပြီးရန်မဖြစ်ကြသလိုသူကိုတွေ့လျှင်ပင်အေ၀းကရှောင်ကြသည်။

​ကေသီလွင့်တို့မှီကိုကြည်ပြီးထွက်သွား​သည်။


"နေ​အုန်း​လေ....​ကေသီ"

​ခေါ်သံကို​တောင်မသိချင်​ယောင်​ဆောင်ထွက်သွားသည်။​ကေသီတို့ထွက်သွား​တောမှဟိန်းသူမှီကိုပြန်ကြည်လိုက်ပြီ။


"ဒါဆို...ငါ...ဘာလို၀င်တိုက်လဲ။​ဘာလဲ...

မင်းငါကိုသ​ဘောကျ​နေလိုလား"


မှီထိုအ​မေး​ကြောင့်မျက်လုံးပြူးကာ.....


"ဟင့်....ရှင်က​ို​မှီက...သဘောကျ​နေလို....ဟုတ်လား....အမ​လေး....စဥ်စား​ပေါ့"


ဟိန်း​သူ သူမကိုစူးရှစွာကြည်​နေသည်၊သူကိုထိုသို့ပြန်​ပြောရဲသူမှာဒီ​ကျောင်းတစ်ခုလုံးတွင်သူမတစ်​ယောက်သာယှိ​နေသည်။


"မင်း...ငါက​ို...မသိဘူးလား"


"ဟက်​အင်း...မသိဘူး...သိစရာလည်းမလိုဘူးထင်တယ်"


"လိုတယ်...ဒီ​ကျောင်းတစ်ခုလုံးမှာငါလို့​ကောင်

ကို​ပြန်​ပြောရဲတာမင်းတစ်​ယောက်ဘဲရှိ​သေးတယ်။ဒါနဲ...မင်းက​ပျောင်းသူသစ်လား"


"ဟုတ်တယ်......."


"အိုး​ဟို...အဲဒါ​ကြောင့်မင်းကငါကိုမသိတာကို"


ဟိန်း​သူ သူမရင်ဘက်က​ကျောင်းတံဆိပ်​ကို​ကြည့်​လိုက်သည်။


"Grade-11....ဒါဆိုမင်းနဲငါကတစ်ခန်းတည်းဘဲ"


"ဟုတ်တယ်​ရှင်....မှီမုန့်စား​နောက်ကျတော​မယ်...ရှင်မှီကိုရန်ရှာ​နေတာပြီးအုန်းမှာလား"


မှီအ​ပြော​ကြောင့်ဟိန်းသူမှီ​ခေါင်းကိုအသာပုတ်လိုက်​ပြီး....။


"ကောင်း​ပြီး....ကလေးမ.....See you​ပေါ့"


လို​ပြောပြီးမှီကိုလမ်းဖွင့်ပေးသည်။


"စိတ်ကူးထဲ​တောင်မရှိဘူး"


ဟိန်းသူကိုပြန်​ပြောပြီးဟိန်းသူ​ရှေ့ကထွက်လာသည်။

မုန့်​စျေးတန်းထဲ​ရောက်​တော​ကေသီတို့နှင့်မှီ​တွေ့​လေသည်။​ကေသီတို့အ​အေး၀ယ်​နေ​သောဆိုင်နားသို့မှီသွားလိုက်သည်။


"အမ​​လေ...​နော်...​နင့်တိုများ...သိပ်ကိုစိတ်ချရတာဘဲ​နော်...အခုမှခင်တဲ့သူငယ်ချင်းပူပူ​နွေး​နွေးကိုဟိုသူ​တောင်းစား​ရှေ့မှာထားခဲ့နိုင်တယ်​နော်"


မှီကသူ​တောင်းစားလို​ပြောလိုက်​သောစကား​ကြောင့်​ကေသီမျက်လုံးပြူးပြီး။


"မှီသူကိုသူ​တောင်းစားလို​ခေါ်လိုင်တာလာူ"


"အအင်း​လေ...ဘာလိုလဲ"


"အမလေ....ဟိုကကြားရင်​တောမလွယ်ဘူးမှီ"


"ဟင့်...​ကေသီတို့ကအဲ​ကောင်ကိုအဲ​လောက်​တောင်​ကြောက်တာလား"


"​ကြောက်တာမဟုတ်ဘူး...မှီ​ရေ....ချဥ်တာ"


စကားကိုလှမ်း​ထောက်​ပြောလိုက်သူကချစ်စုဖြစ်သည်။


"ဒါနဲ...မှီ...သူနဲဘာ​စကား​တွေများ​သေးလဲ"


"မ​များ​ပါဘူး...သီရိရယ်...သူ​ပြောတာကိုပြန်​ပြောခဲ့တယ်။အဲဒါ​လောက်ပါဘဲ"


"နင်ပြန်​ပြောတာကိုသူကဘာမှမလုပ်ဘူးလား"


ကေသီအမေးကိုမှီပုခုံးလေတွန့်လိုက်ပြီး။


"No"


"ဟာ...အဲဒါ​ဆိုရင်​တော...ဒီ​ကောင်ထူး​ဆန်း​သွားပြီး...မှီ​ရေ...မင်းသတိသာ​ထား​တော"


ချစ်စုစကားကိုမှီမှပြန်​မေးမိသည်။


"Why.....?"


"ဘာ​ကြောင့်ဆိုဒီလိုဖြစ်တိုင်ူဒီ​ကောက်ကလွတ်​ပေးတာရှားတယ်...မင်းကိုလွတ်ပေးလိုက်တယ်ဆိုတော...ဒီ​ကောင်မှာအကြံကြီး​တောရှိမှာ"


ချစ်စုစကားကို​ကေသီကလက်​ဖျောက်တီးပြီး​ထောက်ခံလိုက်သည်။


"လုံး၀ကိုsure"


​ကေသီတိုသတိ​ပေး​သောစကာယကိုမှီမှာ​ခေါင်းတဆတ်ဆတ်ညိတ်ပြီး​နေသည်။

မုန့်စားဆင်ူချိန်ပြီးမှီတို့အတန်းပြန်စသည်

အတန်း​ပြန်စတည်းကဟိန်းသူတစ်​ယောက်မျက်လုံးများမှီအနားကမခွာ​တော​ပေ။

​နေယံရှင်းတို့၏အကြည်တို့ကလည်းမခွာ​ပေ။ဒါကိုသတိထား​စောင့်ကြည်​နေသည့်​သူက​အလင်း​သစ်​ဖြစ်သည်။

မှီမှာ​နေယံရှင်းနှက့်အကြည်ဆုံးတိုင်းရင်ခုန်ရ​ပေမယ်။ဟိန်းသူနှင့်အကြည်ဆုံးတိုင်းမျက်​စောင်းသာခဲ့မိသည်။


​ကျောင်းဆင်းချိန်မှာမိုး​တွေကသည်းလွန်စွာရွာ​နေသည်။မှီတစ်​ယောက်​အောက်ထပ်ကဝရံတာမှာမိုးအတိတ်​စောင့်​နေသည်။


"လရောင်​မှီ....."


​ခေါ်သံ​ကြောင့်အ​နောက်ကိုကြည်​တော​နေယံရှက်း​ဖြစ်သည်။


"ဪ....ရှင်...."


"မင်းထီး​မပါ​လို့လား......"


"ဟုတ်တယ်​ရှင့်......."


"ဒါဆို​....ရော့....ကိုယ့်ထီးယူသွား"


"အယ်...မှီက...ရှင်ထီး​ယူ​လိုက်​တော...ရှင်က​ရောဘယ်လိုပ့န်မှာလဲ"


"ရပါတယ်...ကိုယ့်အိမ်ကနီးတယ်...ပြီး​တောမင်းကမိန်းက​လေး​လေ..​တော်ကြာမိုးမိရင်ခက်မယ်"


မှီမျက်နှာကိုတသ်ဖက်လှည့်ရင်နူတ်ခမ်းကိုရွဲလိုက်ကာ....


"မှီကမိန်းက​လေးမို့အားနွဲသူမို့...ညှာတာ​တယ်ဆို...ရှင်ထီးကိုရှင်ပြန်ယူသွား.....​ရော့"


"ဟာ...အဲလို​ဆို​လိုတာ​မဟုတ်ပါဘူး။

ကျွန်​တော်ကတကယ့်​စေတနာနဲ​ပေးတာပါ"


"အဲဒါ​ဆို​လည်း...ပြီးတာဘဲ...စေတနာဆိုတဲ့စကားကြောင့်ေ၀ဒနာဖြစ်အောင်မလုပ်တောဘူး...ဒါမယ်မှီတို့လိုမိန်းမသား​တွေကိုအားနွဲသူဆိုပြီးယူဆ​နေတဲ့ရှင့်တိုယောကျာ်းတွေရဲ့အယူဆတွေကိုပြင်လိုက်တော..."


"ဟုတ်ပါပြီး​ဗျာ....အဲဒါဆိုကိုယ့်ကဘဲ​တောင်ပန်းပါတယ်...ok"


"Ok....."


"အဲဒါ​ဆို...ကိုယ့်ကိုခွင့်ပြုအုန်း"


"အင်း....."


​နေယံရှင်းထွက်သွား​တောမှ​ကေသီလွင့်တို့အဖွဲနှင့်အလင်းသစ်ဆင်းလာသည်။


"အအမ​လေ....မှီ​ရေ...တို့​တွေအကုန်​တွေ့တယ်​နော်"


မှီ​ပြုံး​သာ​နေသည်။


"ဝိုး...ဒီတစ်​ခေါပ်မှီအပြုံး​တွေအရမ်းလှ​နေပါလား။ပြီူ​တောအရမ်းလည်း​တောက်ပ နေတယ်"


"​တော်ပါကွာ....မင်းတို့ကလည်း"


မှီရှက်သွားသည်။မှီရှက်ပြူံးတို့ကိူကြည်ပြီး​ကေသီက​ဘဲ


"ဆယ်​ကျော်သက်အရွယ်မိန်းကလေး​တွေရှက်ပြုံး...ပြုံးရင်...အဲလူကိုလိုတာထက်ပိုစိတ်၀င်စားလ်ုတဲ့"


"ဟား...ဟား...မဖြစ်နိုင်​တာ...ကေ​သီ​ရယ်

ရယ်စရာ​တွေ​ပြော​နေသလိုဘဲ"


"အေး​ပေါ့...အခု​တော​ရယ်​စရာ...အချိန်တစ်ခုထိ​စောင့်ကြည်မယ်မှီ"


"Okပါ....ကသေီ"


"ကဲ...တော်တော...အိမ်ပြန်ဖို့​နောက်ကျ​တောမယ်မိုးလည်းစည်းပြီးပြန်ကျစို့။တော်ကြာမိုးထပ်ရွာမှအကုန်ကြွက်စုတ်​ရေနစ်​တွေဖြစ်ကုန်မယ်"


"အေး​ပါ...အလင်း​သစ်​ရယ်...အဲဒါဆိုသွားစို့"


​​ပြောလ်ုက်သူကသီရိ​မေဖြစ်သည်။

မှီတို့အားလုံး​ကျောင်း၀န်ကြီး​ထဲမှ​ထွက်လာ​ကြသည်။


နောက်​အခန်း​ဆက်​ရန်.............


စာဖတ်သူ​လေများ၏အား​ဆေး​​လေများ​ပေးခဲ့အုန်း​နော်။သ​ဘောကျမကျcmt​လေထားခဲ့​ပေးအုန်း​နော်❤❤❤❤❤


စာ​ရေးသူ-V


rate now: