book

Index 9

အပိုင်း(၉)

ကိုကိုရဲ့ဒိုးကလေး


"မလွတ်ဘူးပေါ့ ရတယ် "


"အားး နာလိုက်တာ ခွေးမ ငါရင်ဘက်မှာမင်းသွားရာထင်သွားပြီး"


"ထင်ပါစေပေါ့ ခင်ဗျားကြီးကို့ ဟိုဆိုဖာမှာသွားအိပ် သွားး!!"


"အေးပါ မင်းလိုခွေးစိတ်ပေါက်တဲ့လူနဲ့လည်း အတူတူမအိပ်နိုင်ပါဘူး ဆို၍ခေါင်းအုံးယူကာ ဆိုဖာမှာသွားအိပ်သည်။


"သမီး မေကြီးကို ကြက်သွန်နီလှီးပေးအုံး"


"ဟုတ်ကဲ့ မေကြီး"


မီးဖိုချောင်းမှာ ဒိုးကလေးနဲ့ဒေါ်ခင်နှင်းဆီ ထမင်းဟင်းတွေချက်နေကြတာပါ။မမြလေး နဲ့ဒေါ်ခင်ကြည့် စျေးသွားလို့ပါ။


"သမီးက ဟင်းချက်တတ်တယ်ပေါ့"


"ဟုတ် ချက်တတ်ပါတယ်မေကြီး အမေကအကုန်သင်ပေးတဲ့ မလုပ်ရင် သားကို အယ် သမီးကို ရိုက်တာ"


"အဟင်း သမီးက ယောကျာ်းလေလိုနေခဲ့တော့ မေကြီးက ထမင်းဟင်းချက်နည်းသင်ပေးရမယ်ထင်နေတာ အခုတော့ ကျင်ကျင်က အကုန်သင်ပေးထားတာပဲ"


"ဟီးး ဟုတ်တယ်မေကြီး"


"သမီးနောက်ဆိုရင် ထမိန်ဝတ်ရမယ်နော် မေကြီး သမီးအတွက်ဝင်းဆက်တွေချုပ်ထားပေးတဲ့"


"မေကြီးကလည်း သမီးမှထမိန်မဝတ်တာ"


"မေကြီး သင်ပေးမှာပေါ့ "


"သမီး မိန်းကလေးလိုပြောင်းနေရတော့မှာလားဟင်"


"ဒါပေါ့ သမီးရဲ့ အိမ်ထောင်ရှင်မတစ်ယောက်က မိန်းမပီသမှကိုယ်ယောကျာ်းကပစ်မသွားမှာပေါ့ အခုခေတ်မိန်းမလည်တွေက သူများအိမ်ထောင်ရေးမသာယာမှုကိုအခွင့်ကောင်းယူပြီး စနိုက်ကြော်ကြတာ သမီးရဲ့ ပြီးတော့ သားကြီးက စီးပွားရေးမှာလည်းအရမ်းတော် ရုပ်ရည်ကလည်း မိန်းကလေးတွေသဘောကျကြတော့ အနားမှာဝိုင်းနေတာ"


"သမီးက အိမ်ထောင်ရေးမပြိုကွဲအောင်မိန်းမပီပီသသနေရမှာပေါ့"


"သမီးဖြေးဖြေးချင်း ကြိုးစားပြီးပြင်ပါမယ်"


"အေးပါသမီးရဲ့"


ဒေါ်ခင်းနှင်းဆီ ဒိုးကလေးကို အချစ်တိုးမိရပါသည်။ကလေးဆန်ဆန်ဆိုးတာကလွဲ ရင်စိတ်သဘောထားကောင်း၍ချစ်စရာလေး


"တော်ဝင် ကိုဧကရာဇ် ပါတီသွားမလိုလား"


"ဟုတ်တယ်လေး အလှဆုံးဖြစ်အောင်ပြင်ပြီးသွားမှာ ဟိုဒိုးကလေး ထက်အစစအရာရာသာနေရမယ်"

.


"ဒိုးကလေးက ကိုဧကရာဇ်ရဲ့ဇနီးလောင်းမဟုတ်လား"


"ဟုတ်တယ် ဒါပေမဲ့ချစ်လိုယူထားတာမဟုတ်ဘူး မိဘတွေအတင်းပေးစားလို့ယူထားတာ အဲဒီတော့ သူတို့အိမ်ထောင်ရေးကသာယာမှမဟုတ်ဘူး "


"နင်ကဘာဆက်လုပ်ဖို့ကြံစည်ထားတာလဲ "


"မသာယာတဲ့သူရဲ့အိမ်ထောင်ရေးကို ငါကသာယာအောင်လုပ်ပေးမှာပေါ့ ဟိုဒိုးကလေးကို ကိုကိုအနားကနေအဝေးဆုံးရောက်အောင်ကန်ထုတ်ရမယ် ဘယ်လိုလဲ ငါလှရဲ့လား"


အသားကဖြူဖွေးဝင်းဝါ၍ ရုပ်ရှင်မင်းသမီးတွေထက်တောင် လှနေသော ပန်းတော်ဝင်ကိုမိန်းမချင်းတောင် ငေးယူရပါသည်။ပိုးသားဂါဝန်အနီရောင်နဲ့ သူ့အသားအရည်ကပြောစရာမလိုအောင်လှဖက်လိုက်သည်။ဆံပင်ရွှေအိုရောင်အကောက်လေးက ပန်းတော်ဝင်ကိုဘာဘီရုပ်လေးလိုလှပါစေပါသည်။


လှတာပေါ့ တော်ဝင်ရဲ့ နင်ကတကယ်ကိုတော်ဝင်မင်းသမီးတစ်ပါးပဲ မိန်းမချင်းတောင်နှစ်ခါပြန်ကြည့်ကြမှာသေချာတယ်"


"အဟွန်း လာ ပါတီသွားကြစို့"


ခြံဝန်းထဲမီးရောင်စုံထွန်းတော့လည်း ဒိုးကလေးပါ။ခုံတွေစားပွဲတွေနေရာချတော့လည်းပါတာပဲ။


"နေသရာ အဲဒီသစ်ရက်ကိုင်းခုတ်ဖို့လိုတယ် မီးသီးနဲ့မလွတ်ဘူး"


"ဟုတ်တယ် ဘဘကြိုင် သားတက်ခုတ်လိုက်မယ်"


"နေပါ ကျွန်တော်တက်ခုတ်ပေးမယ် ရွာမှာသစ်ပင်ပေါ်တက်နေကြ"


"အပင်ပေါ်မတက်ပါနဲ့ ဒိုးကလေးရ အကိုပဲတက်ခုတ်ပါမယ်"


"ကိုနေသရာ ကရေချိုးပြီးပြီးလေး ကျွန်တော်ကမချိုးရသေးဘူး ဓားပေး ကျွန်တော်တက်ခုတ်မယ်ဆိုကာ အတင်းဓားကိုင်ပြီး သစ်ပင်ပေါ်တက်သွား၏။


"ွမင်းအဲဒီအကြောင်းကို သေချာရှင်းပြ ပြီးတော့ ငါရဲ့ပါတီပွဲကိုဖိတ်ခိုင်းအုံးနော် "


". ..."


"အေးအဲဒါဆိုရင် ဒါပဲလေး ငါမင်းကိုယုံကြည့်မယ်"


ဧကရာဇ်ဖုန်းပြောပြီး ဝရန်တာကနေခွံထဲကိုတဈခကြျကွညျ့ပွီး အခန်းထဲဝင်မယ်ပြင်တော့ သစ်ပင်ပေါ်က ဒိုးကလေးကိုတွေ့လိုက်တာကြောင့်


"ဟိုမျောက်မ သစ်ပင်ပေါ်ဘာတက်လုပ်တာလဲ ဆင်းခဲ့ပြုတ်ကျမယ် အော်တော့လည်း ဒိုးကလေးကမကြားပါ။ဧကရာဇ် တောက်ခေါက် ကာအောက်ထပ်ကိုဆင်းခဲ့ပါသည်။


ဒိုးကလေး ကတော့ သစ်ကိုင်းခုတ်ပြီးလို့ဆင်းလာပါသည်။


"ကဲ့ မီးသီးဆင်လိုရသွားပြီး ကျွန်တော်တစ်ခါထဲဆင်ပေးရမလား"


."ဘာကိုဆင်အုံးမလဲ မျောက်မ ငါအပေါ်ကနေအော်နေတာမကြားဘူး သစ်ပင်ပေါ်ကနေပြုတ်ကျရင်ခြေလက်ကျိုးမယ် ပါတီပွဲကစဖို့နီးနေပြီး ရေကအခုထိမချိုးရသေးတဲ့ မျောက်မ လာရေသွားချိုးရမယ် ဆိုကာ ဧကရာဇ် ဒိုးကလေးကို ဂုတ်ကနေကိုင်ကာ အပေါ်ထပ်သို့ခေါ်သွားပါသည်။ဧကရာဇ်က ဗလတောင့်၍အားရှိသောကြောင့် ဒိုးကလေးအရုပ်တစ်ရုပ်လိုပါသွားရ၏။


လူဂွစာကြီး လွတ်ဗျာ ဂုတ်ကနေမကိုင်နဲ့လို့ဘယ်နှစ်ခါပြောရမလဲ လွတ်ဗျာ"


"အတင်းရုန်းကန်မနေနဲ့ ငါလှေကားပေါ်ကနေအောကျကိုပဈခမြိမယျ မင်းလုပ်ပုံတစ်ခုမှအချိုးမပြေဘူး ငါရဲ့စီးပွားရေးလုပ်ငန်းရှင်တွေ မင်းအခုသစ်ပင်ပေါျတကျတဲ့ပုံမွငျသှားကွညျ့ ငါမျက်နှာဘယ်သွားထားရမလဲ"


"ကြွက်တွေလာတဲ့နေရာမှာသွားထားလိုက်ပေါ့ အနည်းဆုံးတော့ခင်ဗျားမျက်နှာကြီးကိုမြင်ပြီး ကြွက်တွေမသောင်းကျန်းရဲတော့ဘူးလေး"


"မင်းနော် ပါးစပ်က ပြန်ပြောဖို့တော့တတ်တဲ့ သွားရေချိုးပြီး မေကြီးအခန်းထဲသွားအလှပြင်ပေးမယ်တဲ့


ဟွန့် ရေချိုးမှာပါ ခင်ဗျားကြီးလည်း ကျွန်တော်ကို ခွေးတွေကြောင်တွေလို ဂုတ်ကနေဆွဲမကိုင်မိစေနဲ့ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ ပြော၍ ဧကရာဇ် ခြေထောက်ကို ဆောင့်နင်းကာ ရေချိုးခန်းထဲဝင်ခဲ့သည်။


အားး ဒိုးပြားမ ငါခြေထောက်ကိုတက်နင်းသွားပြန်ပြီး နာလိုက်တာ


ပါတီပွဲကို တက်ရောက်လာသူတွေကတော့ တကယ်စီးပွားရေးလုပ်ငန်းရှင်တွေပါ။ဒီပါတီပွဲမှာ ဒိုးကလေးကို ဧကရာဇ် ဇနီးအဖြစ်ကြော်ညာမှာလည်းဖြစ်သည်။လူတွေစုံတော့ ဧကရာဇ်က စင်ပေါ်တက်ပြီး


"ကြွရောက်လာတဲ့ ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းများအားလုံးကို ပထမဆုံးပြောချင်တာက အခုလိုပါတီပွဲကိုတက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီပါတီပွဲလုပ်ရခြင်းရဲ့အကြောင်းအရင်းကတော့ ကျွန်တော်ရဲ့ဇနီးနဲ့မိတ်ဆက်ပေးဖို့ဖြစ်ပါတဲ့ ကျွန်တော်ကအိမ်ထောင်သည်တစ်ယောက်ဆိုတာကိုအသိပေးချင်ပါ။မဂ်လာပွဲကို တောမှာပဲလုပ်လိုက်ရတာကြောင့် ကျွန်တော်ရဲ့မဂ်လာပွဲကိုမဆင်နွှဲလိုက်ရတဲ့သူတွေအကုန်လုံး ဒီပွဲမှာပျော်ပါးစွာဆင်နွှဲပေးကြပါဗျာ"


"ဇနီးနဲ့လည်း စင်ပေါ်မှာတစ်ခါတည်းမိတ်ဆက်ပေးပါဗျို့"


"ဟုတ်တယ်ဟေ့"


"အားလုံးရဲ့ သဘောအတိုင်းဖြစ်စေရပါမယ်ဗျာ"


ဧကရာဇ် ဒိုးကလေးရဲ့လက်ကိုကိုင်ပြီး စင်ပေါ်သို့ဆွဲခေါ်လာရပါသည်။ဒိုးကလေးကတော့ အစားအသောက်ငမ်းနေတာကြောင့် ဘာမှမသိပဲပါလာခဲ့သော်လည်း ဧကရာဇ်ကိုင်ထားတဲ့လက်ကိုမသိမသာရုန်းနေပါသေးသည်။


သူ့ကကျွန်တော်ရဲ့ ဇနီး ပန်းမှုန်ဖူးပါဗျာ အိမ်နာမည်ကတော့ ဒိုးကလေးပါဗျာ"


"အရမ်းချစ်စရာကောင်းပြီး နှစ်ယောက်သားလိုက်ဖက်ပါတယ်ဗျို့.. "


"ဒါနဲ့ နမ်းပြပါနော်..နမ်းပြပါ..နမ်းပြပါ"


"တောင်းဆိုနေတဲ့ ဒိုးကလေး ငါမင်းကို တကယ်နမ်းပြရမှာလား"


"နမ်းရဲရင်နမ်းကြည့်နော် ကျွန်တော်..


"အွမ်"


ဖွောငျး ဖြောင်းး လက်ခုပ်သံတွေ လက်ခေါက်မှုတ်သံတွေထွက်ပေါ်လာပါသည်။


ဧကရာဇ် ဒိုးကလေးစကားမဆုံးခင်နမ်းလိုက်တာကြောင့်ပါ။


"ဘယ်လိုလဲ ငါအနမ်းကချိုမြိန်ရဲ့လား မင်းလက်သီးနဲ့ထိုးရင် ဟိုမှာတွေလား မေကြီးစိတ်ဆင်းရဲရလိမ့်မယ်"


"လူယုတ်မာကြီး အခန်းထဲကျရင် ခင်ဗျားသေပြီးမှတ်"


"အဟင်း အဟင်း အစားအသောက်များကို သုံးဆောင်ကြပါအုံးဗျို့"


ဒိုးကလေး ဒေါသထွက်တာကို့ သူကသဘောကျစွာရယ်မောလျက်ပါ။


"ကိုကို တော်ဝင် လက်ဆောင်ယူလာတယ် ကိုကိုအကြိုက်ပါ"


"တော်ဝင်က ဒီနေ့အရမ်းလှတာပဲဗျာ ကျေးဇူးပါ လက်ဆောင်တွေဘာတွေမလိုပါဘူးဗျာ"


"ကိုဒိုးကလေးက ဒီမှာမုန့်တွေစားနေ ကိုကြီးကတော့ မဒီလေးတွေနဲ့ပျော်ပါးနေပြီး"


"ဘာ!!!"


"မယုံရင် ဟိုဘက်ကိုကြည့်လိုက် တွေ့လားရယ်လိုမောလို့ ဘေးနားကမဒီအလန်းတွေကလည်းအပြုံးတွေဝေဆာနေတာပဲ"


"ဟိုအဒေါ်ကြီးကလည်း ဘေးနားမှာပါလား နဂါးမှန်းသိအောင်အမောက်ထောင်ပြရမယ် "


"အဲလိုသွားကြမ်းလိုမရဘူးနော် ဟိုတစ်ပတ်ကလို့.. "


"တော် တော် အဲလိုမလုပ်နိုင်ဘူး "


"မေကြီးကတော့ ဖေကြီးဘေးနားကကပ်လာတဲ့မိန်းမတွေကိုအနုနည်းနဲ့ပဲ ဖယ်ရှားပစ်တာ အကြမ်းနည်းနဲ့ဖယ်ရှာရင် အိမ်ထောင်ရေးကပြိုကွဲလွယ်တယ်တဲ့"


" အေးပါဟာ ငါအိမ်ထောင်ရေးမပြိုကွဲစေရဘူး"


ကေသရာ ထင်တာက ကိုကြီးဆီသွားပြီး စားသောက်ဆိုင်ကလိုသွားပြောမယ်ထင်တာ တကယ်တမ်း ဒိုးကလေး ဧကရာဇ် ဆီသို့မသွားပဲ လူငယ်ချောချောလေးတွေအဝိုင်းသို့သွားသည်။


"ဟာ မင်းကလည်း ငါပြောတာအမှန်ပါ "


"မမှန်ဘူး မင်းပြောတာမှားတယ် သရဲကတကယ်မရှိဘူးလေး"


"ရှိတယ်ကွာ ငါသေချာမြင်လိုက်တာ ဒီအိမ်ရဲ့အနောက်ဖေးမှာ သရဲမကြီးကို ဂါဝန်အဖြူနဲ့တွေ့လိုက်တာ"


"ဒီမှာ ခင်ဗျားတို့ပြောတာမှားနေပြီး ကျွန်တော်တို့အိမ်မှာသရဲမရှိပါဘူး"


"ရှိပါတယ်ဆို"


"ဒါဆိုရင် လောင်းမယ် "


"အခုအိမ်နောက်ဖေးကိုသွားကြမယ် သရဲမရှိရင် ခင်ဗျားတို့ ပိုက်ဆံ၁သိန်းပေးကြေး"


"ပေးမယ် "


"ဒါဆိုရင်သွားကြမယ် ရှိလို့ကတော့ မင်းငါတို့ကိုပြန်ပေးရမယ်"


"Okပါ သွားကြစို့"


ဒိုးကလေး အမှန်တကယ် ဧကရာဇ်ဆီသွားဖို့ပါ။ဒါပေမဲ့ဘေးဝိုင်းကလူငယ်တွေက အိမ်မှာသရဲရှိနေတဲ့ပြောလို့ဝင်ပါခြင်းပါ။သူတို့ပြောနေတဲ့ သရဲကတစ်ခြားသူမဟုတ်ပါဘူး ဒိုးကလေးပါပဲ ။ကေသရာ ကိုခြောက်ဖို့အဝတ်စားစမ်းဝတ်ကြည့်တာကို့ သူတို့လူတွေထဲကတစ်ယောက်ကမြင်သွားခြင်းဖြစ်သည်။


"ကဲ့ အိမ်နောက်ဖေးရောက်ပြီးနော် ဒီအခန်းထဲကနေတွေ့လိုက်တဲ့လိုပြောတဲ့နော် ခဏစောင့်"


ဒိုးကလေး သူဝတ်ခဲ့တဲ့သရဲဝတ်ဆုံဝတ်ပြီးထွက်လာတော့


အားး သရဲဆိုကာ လူငယ်တစ်စု အော်၍ပါတီပွဲထဲပြေးကုန်၏။ဒိုးကလေးကလည်း သရဲမဟုတ်ကြောင်းအော်ပြောကာ သူတို့အနောက်ကပြေးလိုက်၏။


"သရဲဗျို့ သရဲဗျို့"


"ဘယ်မှာတုန်း အားး သရဲ"


"မဟုတ်ပါဘူး မကြောက်ကြပါနဲ့ ကျွန်တော်ပါ"


ဒိုးကလေး ရှင်းပြသော်လည်း လူတွေကမယုံပဲကြောက်၍ ထွက်ပြေးကာ ပါတီပွဲကပျက်စီးကုန်ပါတော့သည်။နောက်ဆုံး ဧကရာဇ်က


"မင်းတကယ် ဒိုးကလေးလား "


"ဟုတ်ပါတယ်ဆို လူဂွစားကြီးရဲ့"


"လူတွေသရဲလို့ထင်တာလည်းမမှားဘူး မင်းပုံစံကိုမင်းပြန်ကြည့်လိုက်အုံးဆိုကာ ဖုန်းထဲ ကင်မရာကိုဖွင့်ပြီးပြလိုက်တော့


အောင်မလေး သရဲ!!လိုအော်ကာ သတိလစ်သွားပါတော့သည်။ဒိုးကလေးပြင်ထားတာကလည်း တကယ်ကြောက်စရာကြီးပါ။သတိလစ်နေတဲ့ ဒိုးကလေး ကိုကေသရာဇ်ပွေ့ချီ၍အခန်းထဲခေါ်သွားရပါသည်။


"တောက် ဒါသက်သက် သားတို့မိသားစုကိုအရှက်ခွဲတာ"


"မဟုတ်ပါဘူး သားကြီးရဲ့ ဟိုကလေးတွေကိုမေးပြီးပြီးပဲ တိုက်ဆိုင်သွားတာပါ"


"တိုက်ဆိုင်တာကအရေးမကြီးဘူး သားမျက်နှာဘယ်နားသွားထားရမလဲ သတင်းတွေမှာတက်နေပြီး ဆို၍ဒေါသထွက်နေသည်။


နောက်နေ့ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: