book

Index 8

အပိုင်း(၈)

ကိုကိုရဲ့ဒိုးကလေး


ဧကရာဇ် ပြိုင်ဘက်လုပ်ငန်းပိုင်ရှင့် ပန်းတော်ဝင်  နဲ့စားသောက်ဆိုင်တစ်ခုမှာ လုပ်ငန်းအကြောင်းဆွေးနွေးနေပါသည်။


"ကိုကိုတို့ဘက်က အကုန်စည်းစနစ်ကျတဲ့ တော်ဝင် တို့ကြတော့အဲဒီလောက်ကြီး စည်းစနစ်မရှိသေးဘူး"


"အဟင်းး ချီးမွမ်းလွန်ပါတယ် တော်ဝင်လည်း အရမ်းတော်ပါတယ် အုပ်ချုပ်မှုအပိုင်းရော ကျွန်တော်အတုရမဲ့အရာတွေရှိပါတယ်ဗျာ"


"ကိုယ်ကို့အရမ်း နိမ့်ချတာပဲနော် ကိုကိုက"

ဧကရာဇ်နဲ့ပန်းတော်ဝင် ပြုံးပျော်ကာ စားသောက်နေတာကို့ ဟိုဘက်အဝိုင်းက ကေသရာမြင်လိုက်သည်။သူက ဒိုးကလေးကိုမုန့်လာကျွေးတာဖြစ်ပါသည်။


"ဟဲ့ ဟိုင်းအဝိုင်းက ပန်းတော်ဝင်နဲ့ ဧကရာဇ်တို့မဟုတ်လား"


"ဟုတ်တယ်ဟာ အရမ်းလိုက်တာပဲ ပြိုင်ဘက်ကနေ ရွှေလမ်းငွေလမ်းဖောက်တော့မယ်ထင်တယ် နှစ်ယောက်စလုံးကအရမ်းတော်တာ ရုပ်ရည်ကလည်းပြောစရာမလိုဘူး နေနဲ့လ ရွှေနဲ့မြပဲ"


ထိုစကားသံကိုကြားတဲ့ ဒိုးကလေး ဟိုဘက်ကြည့်လိုက်တော့ လူဂွစာကြီးနဲ့မိန်းကလေးချောချောတစ်ယောကျကိုတှေ့လိုကျရတာကွောငျ့ ဒေါသကအလိုလိုထွက်လာသည်။


"ကေသရာ နင်အကိုငါကွယ်ရာမှာဖောက်ပြန်နေတာတွေ့လား"


"မဟုတ်ပါဘူးဟာ အလုပ်အကြောင်းပြောနေတာပါ"


"အလုပ်အကြောင်းပြောတာ အဲလောက်ထိပြုံးပျော်ဖို့လိုလို့လား ကြည်ပါအုံး ငါနဲ့ကျရင် သူ့ရုပ်ကြီးကငရုတ်သီးအများကြီး စားထားတဲ့ရုပ်နဲ့ဒေါသကိုလိမ့်ထွက်နေတာပဲ ဟိုမိန်းကလေးနဲ့လည်းကျတော့ နေနဲ့ထိတွေ့လို့လန်ဆန်းနေတဲ့နေကြာပန်းခင်းကြီးကျနေတာပဲ"


"အဟီး ကိုဒိုးကလေး သဝန်တိုနေတာလားဟင်"


"ဖြစ်စရာလား အမေကမှာထားတဲ့ အိမ်ထောင်တစ်ခုတည်ထောင်ပြီးရင်အပျက်စီးမခံနဲ့တဲ့ နင်အကိုဖောက်ပြန်လို့ အိမ်ထောင်ရေးပျက်စီးမှာစိုးလို့ပြောနေတာ"


"ဒါဆိုရင်လည်း ကိုကြီးရဲ့မဟေသီမှန်းသိအောင် သွားပြီးကြော်ငြာလိုက်ပေါ့"


"ဘယ်လိုသွားကြော်ငြာရမှာလဲ"


"အကြံပေးမယ်လေး ဆိုကာ ဒိုးကလေးအနားကပ်ကတိုးတိုးလေပြောသည်။


"ဟာ မဖြစ်နိုင်ဘူး ငါအဲလိုကြီးမနွဲ့တတ်ဘူး"


"မနွဲတတ်ရင်တော့ ကိုကြီးက အဲဒီမိန်းမလှလေးနောက်ပါသွားမှာပဲ"


"နင်ကလည်းဟာ..ငါတစ်ခါမှာမိန်းကလေးလိုချွဲချွဲနွဲ့နွဲ့မပြောတတ်ဘူးဟာ ပြီးတော့ငါဝတ်လာတဲ့အဝတ်စားက ဟိုမိန်းကလေးထက်အရမ်းဒိတ်အောက်နေတဲ့"


"အဲဒါတော့ ကိုဒိုးကလေး သဘောပဲ ဟိုမှာကြည့်နေစုံတွဲလာထင်ရအောင် ပျော်နေကြတာ ဘေးကလူတှတောငျ လိုက်ဖက်တဲ့ဆိုပြီးပြောနေကြတာနော်"


"ဒါဆိုရင် ခင်ဗျားကြီးကျွန်တော်ကွယ်ရာမှာဖောက်ပြန်နေတာလားဆိုပြီး သွားဆွဲထိုးပစ်လိုက်မယ်လေး ဒါဆိုရင်ရယ်ပြဖို့နေနေသာသာ ထမင်းတောင်ဝါးနိုင်မှာမဟုတ်ဘူး"


"အဲလိုသွားလုပ်ရင် ချက်ချင်းအိမ်ထောင်ရေးပျက်စီးမှာနော် အနုနည်းပဲဖြေရှင်းလို့ရမှာ"


"ပြီးရော့ဟာ နင်ပါလိုက်ခဲ့"


ကေသရာနဲ့ဒိုးကလေး ဟိုစားပွဲဝိုင်းဆီသို့လာခဲ့၏။သူတို့နှစ်ယောက်ကိုမြင်တော့ ဧကရာဇ် အံ့ဪစွာကြည့်နေတုန်း ဒိုးကလေးက ဧကရာဇ်လက်မောင်းကိုပြေးတွဲကာထိုင်ခုံမှာထိုင်ပြီး အရမ်းကိုချစ်စရာကောင်းသောအပြုံးပြုံးကာ


"ကိုကို.. ဒိုးကလေးက ဒီမှာကေသရာနဲ့မုန့်လာစားတာသိလား ကိုကိုကို့လည်းမုန့်စားရင် အရမ်းသတိရနေတာ ကိုကိုကရော့ ဒိုးကလေးကိုသတိမရဘူးလားဟင်..ဟင်လို့"


"သူကဘယ်သူလဲဟင် ကိုဧကရာဇ်"


"ဒိုးကလေးကိုပြောတာလားရှင့် ဒိုးကလေးက ကိုကိုအရမ်းချစ်ရတဲ့ချစ်ဇနီးလေးပါရှင့် အဒေါ်ကြီးကဘယ်သူလဲဟင်"


."အဟွတ်.အဟွတ်"


ပန်းတော်ဝင် ဖျြောရညျသောကျကာ သီသွားရသလို့ ဧကရာဇ်လည်း ကြောင်သွားရသည်။ကေသရာကတော့ ရယ်ချင်စိတ်ကိုထိန်းထားရပါသည်။


"ဒိုးကလေးပြောသလောက် တို့အသက်မကြီးသေးပါဘူး တို့နာမည်ပန်းတော်ဝင်ပါ ကိုကိုလုပ်ငန်းနဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့ တော်ဝင်သဇင်ဟော်တည်က တို့လုပ်ငန်းပါ "


"ဒိုးကလေးက ရိုသေလေးစားစွာဖြင့် အဒေါ်ကြီးလို့ခေါ်မိတာပါရှင် ကိုကို အဒေါ်ကြီးကိုရှင်းပြပြီးဝိုင်းပြောပေးအုံးနော်"


"ဆျောရီး တော်ဝင် ကျွန်တော်ပြန်တော့မယ် အလုပ်အကြောင်းကိုနောက်မှာရုံးခန်းမှာလာပြောပါ ဒိုးကလေး ကိုကိုတို့ပြန်ရအောင်နော်"


"မပြန်သေးဘူး အဒေါ်ကြီးနဲ့စကားပြောချင်သေးတာကို့ ပြန်စေချင်ရင် ဒိုးကလေးကိုအရမ်းချစ်တယ်လို့ တစ်ဆိုင်လုံးကြားအောင်အော်ပြောပေး"


"ဟာ ကျစ် ဒိုးကလေး!!"


ဧကရာဇ် အရမ်းစိတ်ညစ်ပြီး ဒိုးကလေးကိုဒေါသသံနဲ့ ခေါ်မိသည်။


"ကိုကို ဒိုးကလေးအော်လိုက်တာလားဟင် အဟင့် အရမ်းကြောက်ဖို့ကောင်းတာပဲ ကိုကိုတို့ယောကျာ်းတွေရဲ့အချစ်ကဒီလိုပဲလားဟင် အရမ်းချစ်တယ်ဆို တစ်ခါမှလေသံမာမာနဲ့တောင်မပြောဖူးတာကို့ အဟင့်.အဟင့်"


တစ်ဆိုင်လုံးက ဒိုးကလေးတို့ဝိုင်းကိုကြည့်ပြီးအမျိုးမျိုးပြောဆိုကြ၏။ပန်းတော်ဝင်ကလည်း ဒေါသတွေထွက်နေမိ၏။


"ကိုကြီးရဲ့ ပြောလိုက်ပါ တစ်ဆိုင်လုံးကဝိုင်းကြည့်နေပြီ"


"ချစ်တယ်နော် အရမ်းချစ်တယ် ဒိုးကလေးကိုကိုကို့အရမ်းချစ်တယ်ဗျို့..."


"ယေးး အားကျတဲ့ဗျို့ မိန်းကလေးလည်းမငိုပါနဲ့တော့ အရမ်းလည်းမroကြပါနဲ့အသဲယားလွန့် မိန်းကလေးရဲ့နဖူးကိုအနမ်းပေးပြပါဗျို့"


ဆိုင်ထဲကလူတွေအကုန်တောင်းဆိုကြတော့ ဧကရာဇ် ဒိုးကလေးကိုအနိုင်ယူပြုံးပြုံးကာ နမ်းဖို့ခေါင်းငုတ်လိုက်တော့ ဒိုးကလေး ငုတ်လာတဲ့သူရဲ့မျက်နှာကို ခေါင်းနဲ့တိုက်ပြီး ကေသရာလက်ကိုဆွဲကာ ဆိုင်ထဲကနေပြေးထွက်ခဲ့၏။


ဒေါ်ခင်နှင်းဆီး ခြံထဲကသစ်ခွာတွေကိုပြုစုနေတုန်း သားကြီးရဲ့ကားပြန်လာတာကြောင့်ထွက်ကြိုမိသည်။


သားကြီး ပြန်လာတာစောလှချည်းလား ဟယ် နှာခေါင်းကသွေးထွက်လာလိုလား ဘယ်လိုဖြစ်တာတုန်း"


"နောက်မှပြောပြမယ် မေကြီး ဒိုးကလေးနဲ့ကေသရာ ပြန်ရောက်နေပြီးလား"


"အခုနာကပဲပြန်ရောက်တယ် ဘာဖြစ်လိုလဲ"


"ဘာမှမဖြစ်ဘူး သား ဒိုးကလေးဆီသွားလိုက်အုံးမယ်"


ဧကရာဇ် ဒေါသတကြီးအပေါ်တက်ခဲ့၏။ 


"ဒိုးပြားမ ငါကိုဆိုင်မှာတမင်သက်သက်လာလုပ်သွားတာ တော်ဝင်ကိုလည်းအားနာစရာ သူ့ကြောင့်ငါလည်း နှာခေါင်းသွေးထွက်သွားတယ် တှေ့ကွပွီးပေါ့ ဒိုးပြားမရဲ့"ရေရှတျကာ အခန်းထဲဝင်ခဲ့၏။


"ဒိုးပြားမ မင်းကအေးအေးဆေးဆေး ကာတွန်းဖတ်နိုင်သေးတယ်ပေါ့ ဒီမှာတွေ့လား မင်းလုပ်လို့ငါနှာခေါင်းသွေးထွက်သွားပြီး"


"ခင်ဗျားကြီးနော် ဒိုးပြားမ လို့မခေါ်နဲ့"


"အပြောင်းလှဲကာလည်းမြန်လိုက်တာ အခုနဲ့က ကိုကို ဒိုးကလေး အော်လိုက်တာ ဆိုပြီးမိန်းကလေးဆန်ဆန်ပြောနေပြီးတော့ အခုကြတော့ အမေကြမ်းလေသံပါလားကွာ"


"ဒါကတော့ ကျွန်တော်တို့အိမ်ထောင်ရေးပျက်စီးမှာစိုးလို့ ခင်ဗျားနဲ့ဟိုအဒေါ်ကြီး တော်ဝင်လားမြေဝင်လားမသိဘူးပြုံးပျော်ပြီး စကားပြောနေတာကို ဆိုင်ကလူတွေကအတွဲလို့ထင်နေတာကို့ ဒါကြောင့် ခင်ဗျားကြီးမှာမိန်းမရှိကြောင်းတစ်ဆိုင်လုံးသိအောင် လာကြောငြာပြတာ"


"ဒိုးကလေး ပန်းတော်ဝင်ကွာ မြေဝင် မဟုတ်ဘူး"


"ဟွန့် နာမည်တောင်မှားခေါ်မိလို့ဒေါသထွက်နေပုံထောက်ရင် ပြောစမ်းပါအုံး ခင်ဗျား ဒုသနသောကံကျူးလွန်ချင်နေတာလား"


မျက်လုံးပင့်ပြီး မေးပုံကို ရိုက်သတ်ပစ်ချင်စရာပါ။ဒုသနသောကံကျူးလွန်နေတာလားဆိုကတည်းက ငါကိုယ်ကျင့်တရားကိုစော်ကားတာပဲ တော်ဝင်နဲ့ငါကိုစွပ်စွဲလိုက်တာပဲ ဆိုင်မှာချိုသာစွာချွဲနွဲ့ပြောတဲ့ပုံကလေးကိုခဏ ရင်ခုန်မိတာတောင်နှာမျော်မိတယ် တွေးနေရင် ဒေါသထွက်လာ၍ ဒိုးကလေးရဲ့ နှုတ်ခမ်းကို့သူနှုတ်ခမ်းနဲ့နမ်းရှိုက်ပစ်လိုက်သည်။ဒိုးကလေးလည်း အဲလိုနမ်းမယ်မထင်တာကြောင့် ခဏအံ့ဪပြီးကြောင်နေသော်လည်း တစ်အောက်နေတော့အတင်းရုန်းကန်၏။ထိုအချိန်ကေသရာက ကိုကြီးနဲ့ဒိုးကလေးရန်ဖြစ်နေတာကိုထိန်းဖို့ဝင်လာ၏။


"ဟာ ..ညီဘာမှမမြင်ဘူးး ဘာမှမမြင်ဘူး ဆက်နမ်းကြ မဟုတ်ပါဘူး.ဆိုကာ အခန်းတံခါးအလျင်ပိတ်ကာ အောက်ကိုဆင်းပြေခဲ့ကာခလောက်ပါတိုက်ကုန်သည်။


ညထမင်းဝိုင်းမှာ ဧကရာဇ် မျက်မှန်အမဲတပ်ထားပြန်၏။


"ကိုကြီး မျက်မှန်အမဲကဘာလိုတပ်ထားတာလဲ ညဘက်ကြီးကို့"


"ဟုတ်သာပဲ သားကြီးကဘာလိုတပ်ထားတာလဲချွတ်ထားလိုက် မျက်ကွင်းညိုနေလည်း ညဘက်မို့မမြင်ရပါဘူး အဟင်းးအဟင်း"


"ဖေကြီးကလည်း သားမျက်လုံးကို အစုတ်ပလုတ်ပိုးကောင်မကြီးဝင်သွားလို့ မျက်စိနာနေတာ အဲဒါကြောင့်တပ်ထားတာ"


ဒိုးကလေး မျက်စောင်းထိုးကာ ဧကရာဇ်ခြေထောက်ထင်ပြီး ကေသရာ ခြေထောက်ကိုတစ်အားကန်ပစ်၏။


"အားး"


"သားငယ် ဘာဖြစ်တာလဲ လန့်လိုက်တာ"


"အကန်ခံလိုက်ရလို့ "


"ဘယ်သူကန်တာလဲ "


"ဘယ်သူမှမဟုတ်ပါဘူး မေကြီး ဘာမှမဟုတ်တော့ဘူး ထမင်းဆက်စားကြပါဗျာ"


ဧကရာဇ် သူများတွေမသိအောင်ပြုံးမိသည်။ဒိုးကလေး ခြေထောက်ကိုကန်မယ်ဆိုတာသိလို့ ကိုယ်ခြေထောက်ကိုအပေါ်မြင့်ထားပြီးသာပါ။


ညဘက်တော့ ဧကရာဇ်မျက်လုံးနာတာကြောင့် ကွန်ပျူတာနဲ့စာရင်းမစစ်နိုင်ပါ ။အခန်းထဲမှာ သူတစ်ယောက်ထဲခြောက်သွေ့နေပါသည်။ဒိုးကလေးကတော့ မေကြီးတို့နဲ့ အောကျထပျမှာ တီဗီကြည့်နေပါသည်။ညနေက ကေသရာဝငျလာတော့ နမ်းနေတာရပ်သွားသော်လည်း ကေသရာထွက်သွားလို့ပြန်နမ်းမယ်ပြင်တော့ ဒိုးကလေးရဲ့လက်သီးနဲ့တစ်ခါတည်းမိတ်ဆက်ခံရလိုက်ရတာကြောင့် အခုမျက်မှန်တပ်ထားရခြင်းဖြစ်သည်။


"လူယုတ်မာကြီး ခင်ဗျားကြီးရဲ့နှုတ်ခမ်းနဲ့နောက်တစ်ခါနမ်းကြည့် အဲဒီနှုတ်ခမ်းကိုအပ်နဲ့ချုပ်ပစ်မယ် အော့ အန်ချင်လိုက်တာဆိုကာ သူမရေချိုးခန်းထဲပြေးဝင်သွားတော့ သူဒေါသထွက်စွာကျန်ရစ်ခဲ့သည်။သူမလေးရဲ့ ရွံတဲ့ပြောတာကြောင့်ပါတွေးနေတုန်


"လူဂွစာကြီး ဒီနေ့ခင်ဗျား ဟိုဆိုဖာမှာအိပ်ရမယ်အလှည့်နော် သွားအိပ်ဗျာ ကျွန်တော်အိပ်ချင်နေပြီး"


"ငါမအိပ်တတ်ဘူး မင်းအိပ်တတ်တာပဲသွားအိပ် "


"အောင်မာ ခင်ဗျာကြီးပဲပြောတဲ့လေ တစ်ယောက်တစ်လှည့်အိပ်ရမယ်ဆို သွား ဒီနေ့ခင်ဗျားအလှည့် သွားအိပ်"


"မအိပ်ဘူး ခုတင်ပေါ်မှာပဲအိပ်မယ် အကျယ်ကြီးပဲကို့ မင်းဟိုဘက်အခြမ်းအိပ် ငါဒီဘက်အခြမ်းအိပ်မယ်"


"မရဘူးဗျာ သွားအိပ်ဆိုကာ ဧကရာဇ်ရဲ့လက်ကိုဆွဲပြီး၍ အတင်းဆိုဖာပေါ် ဆွဲခေါ်သည်။ဧကရာဇ်ကလည်း ပေကပ်စွာတောင်ခံ၏။


"..ထစမ်းဗျာ ဝက်ပုတ်ကြီးရဲ့လေးလိုက်တာ သွားအိပ်ဆို.ဆိုနေမှာ"


"မအိပ်ဘူးကွာ မင်းဘာသာသွားအိပ်"


"ကြည့်နေ ခင်ဗျားကြီးကို ခုတင်ပေါ်ကနေကန်ချပြမယ်ဆိုကာ အပေါ်ကိုတက်ဖို့ပြင်တော့ ဧကရာဇ် ကဒိုးကလေးလက်ကိုဆွဲချပြီး အတင်းဆွဲဖက်၍ခြေတွေလက်တွေကိုချုပ်ထားသည်။


"လူဂွစာကြီးလွတ်ဗျာ ကျွန်တော်ကိုမဖက်ထားနဲ့ အသက်ရှုကျပ်လာပြီး ခြေတွေလက်တွေကိုချုပ်မထားနဲ့ သေချင်လို့လား လွတ်စမ်း"


"လွတ်လိုက်ရင် မင်းရဲ့ခြေတွေလက်တွေကငါကိုနာကျင်အောင်လုပ်တော့မှာလေး ဒီအတိုင်းပဲအိပ်ရအောင်ကွာ"


"မအိပ်နိုင်ဘူး ခင်ဗျားကြီးကိုသတိပေးမယ် လွတ်မလား မလွတ်ဘူးလား ပြော၍ဒိုးကလေးအတင်းရုန်းကန်နေပါသည်


နောက်နေ့ဆက်ရန်ဗျာ 


စာရေးသူ သွေးမိန့်


rate now: