book

Index 6

အပိုင်း(၆)

ကိုကိုရဲ့ဒိုးကလေး 


"ဟယ် မြို့ကြီးသား ကိုလူချောကိုမှန်သွားပြီး ဒိုးကလေးတော့ မွှေလိုက်ပြန်ပြီး"


"ကိုလူချောမျက်နှာနီက ဒေါသတွေထွက်နေပြီး ဒါပေမဲ့လည်း ကြည့်ကောင်းတယ် အသားကလည်းဝင်းဝါနေတာပဲ"


ကောက်စိုက်ပျိုဖြူမလေးတွေက တိုးတီးစွာ တစ်ယောက်နဲ့တစ်ယောက်ပြောနေကြ၏။


"မင်းဘယ်လိုလုပ်တာလဲ ဒိုးပြားမ"


"ဘာ ဒိုးပြားမ ဟုတ်လား ကဲ့ဟာ"


ဒီတစ်ခါ ဒိုးကလေး ချိန်ရွယ်ပြီးပစ်လိုက်တာကြောင့် ဧကရာဇ် အဝတ်စားတစ်ခုလုံး ပေသွားပါသည်။


"ဟာ မင်းလွန်ပြီးနော် ငါမိန်းကလေးမိုလို့သည်းခံနေတာ"


"အောင်မာ လူဂွစာကြီး ကျွန်တော်ကိုဒိုးပြားမ လိုခေါ်တာကို ပထမတစ်ခါကမတော်တဆထိတာ အခုတစ်ခါချိန်ရွယ်ပြီးပစ်ပေါက်တာ"


"ငါလုပ်ရင်သေတော့မယ် "


"လုပ်ရဲရင်လုပ်ကြည့်ပါလား လာစမ်းကျွန်တော်ကလည်း တစ်ပွဲတစ်လမ်းနွှဲချင်ပါရဲ့"


"တောက် ကျစ် မင်းကိုပြောစရာရှိလို့လာတာ မင်းမိဘတွေဘာပဲပြောပြော အသဲအတန်ငြင်းပါ။ငါသတိပေးလိုက်ပါရဲ့ ဘာပဲပြောပြောငြင်းပါ မင်းအရှေ့မှာနေရင် ငါလူသတ်ချင်စိတ်ပေါက်မှာစိုးလို့ ကေသရာ ပြန်မယ်"


စိတ်တိုစွာပြောပြီး ပြန်သွားတော့ ဧကရာဇ်ကိုကြည့်ပြီး ဒိုးကလေး မျက်နှာမဲ့မိ၏။


"ဘာပြောပြောငြင်းတဲ့ လာအမိန့်ပေးရအောင် သူကငါကိုထမင်းကျွေးထားလို့လား။သူကိုကြည့်ရတာ ငါလက်ခံရင် အရမ်းကိုစိတ်ဆင်းရဲပြီးသောကရောက်မဲ့ပုံပဲ ဟွန့် စိတ်ချကျွန်တော်က မိဘတွေဘာပဲပြောပြောလက်ခံဖိုဆုံးဖြတ်ပြီးပြီး  

"တွေးရင် ဧကရာဇ် ရပ်သွားတဲ့နေရာကို ဗွက်အများကြီးနဲ့အားပါးတရ ပစ်ပေါက်လိုက်ပါသည်။


တောသဘာဝ တောအလှက အရမ်းကိုချစ်စရာကောင်း၍ပျော်စရာကောင်းမှန်း ဧကရာဇ်သိပါသည်။ဒါပေမဲ့ ဟိုဒိုးပြားမ ကြောင့်တောအလှကိုလည်းမခံစားနိုင် အလုပ်တွေလည်းကောင်းကောင်းမလုပ်နိုင်ပါ။အခုလည်း ကွန်ပျူတာနဲ့ ရန်ကုန်ကပို့လာတဲ့နှစ်ချုပ်စာရင်းကိုစစ်သော်လည်း ဟိုဒိုးပြားမ မျက်နှာပေါ်ပေါ်လာလို ကွန်ပျူတာကိုပိတ်ပြီး တောက်ခေါက်ရတာ အခါခါပါ။


"အဲဒီ ဒိုးပြားမ ကြောင့် ငါအဝတ်စားတစ်စုံပစ် လိုက်ရပြီး ဟူးး အလုပ်တွေလည်းမလုပ်နိုင်ဘူး ဒီဖက်လုံးကြီးသာ ဒိုးပြားမဆိုလိုကတော့ ဟောလိုခြေထောက်နဲ့ကန် လက်သီးနဲ့အားပါးတရထိုးပစ်လိုက်ပြီး ရေရွတ်ရင် ဖက်လုံးကို စိတ်ရှိသလိုပြုမှုနေပါသည်။


"ဟူးးအခုမှာပဲ စိတ်ပြေတော့တဲ့"


"ဘာကိုပြေတာလဲ ကိုကြီး"


"ဟာ လန့်လိုက်တာ တံခါးခေါက်ပြီးဝင်လာလေး ကေသရာနဲ့နေသရာ"


."ကိုကြီးရဲ့ ရုံးဝန်ထမ်းအနေနဲ့လာတာမဟုတ်ဘူး ညီအကိုအနေနဲ့လာတာ"


"ကိုလတ်ပြောတာ အမှန်ပဲ ကိုကြီးဘာလိုချွေးတွေထွက်နေတာလဲ"


"ဘာမှမဖြစ်ဘူး အိုက်လို့"


"အိုက်တဲ့ပြောရအောင် အင်ယားကွန်ကလည်းဖွင့်ထားတာကို့"


"ဪ လျှာရှည်လိုက်တာ မိကျောင်းသားရဲ့ ငါအခန်းထဲဘာလာလုပ်ကြတာလေး". 


"ဒိုးကလေးသာ သဘောတူရင်လက်ထပ်မယ်ဆို မေကြီးပြောလိုသိပြီးပြီးချင်း ကိုကြီးဆီရောက်လာတာ အဟီး လာပြီးအင်တာဗျူးတာ"


"ဟုတ်ပါတယ်ဗျာ BBCသတင်းဌာနာကပါဗျာ ဉီးဧကရာဇ် ရဲ့ဇနီးလောင်းကိုချစ်လားဗျာ"


နေသရာက အင်တာဗျူးမယ်လည်းပြောတော့

 ကေသရာက လက်ကိုမိုက်လုပ်ပြီး နှောက်တော့


"အရူးနှစ်ကောင် အဲဒီးဒိုးပြားမ ကိုချစ်ဖိုနေနေသာသာ အခုချိန်တွေ့ရင် နရင်းကိုအုပ်ပစ်ချင်တာ"


"ဒါပေါ့ ဒါပေါ့ အရိုးကွဲအောင်ရိုက်မှာအသဲစွဲအောင်ချစ်မယ် သဘောပေါ့ ဉီးဧကရာဇ်က "


"ဟားး ဟားး ညီတော်တယ် "


"ညီနော် မုန်းနေပါတယ်ဆို ထွက်သွားကြနှစ်ယောက်စလုံး မထွက်သွားဘူးဆိုရင် ဟိုဒိုးပြားမ အပေါ်ကျရောက်နေတဲ့ ဒေါသတွေမင်းတို့ဆီရောက်သွားမယ်နော် ငါအကြောင်းသိတယ်မဟုတ်လား"


ကေသရာနဲ့ နေသရာ သူတို့အကိုကြီးဒေါသကို သိသောကြောင့် ချက်ချင်းအခန်းထဲကနေထွက်သွားကြသည်။


ဒိုးကလေး အိပ်နေပြီးလား မအိပ်သေးရင် အမေနဲ့ခြံထဲလမ်းလျောက်ပြီး စကားပြောရအောင်"


ခုတင်ပေါ်မှ ဝမ်းလျာမှောက်ပြီး ခြေထောက်နှစ်ချောင်းထောင်က ကာတွန်းဖတ်နေသော ဒိုးကလေး မျက်နှာဆူပုတ်မိသည်။


"ဟဲ့ မေးနေတာဖြေအုံး"


"မအိပ်သေးဘူး အမေ သားထွက်လာခဲ့မယ်"


ခြံထဲကို အမေကအရှေ့ကနေလျှောက်သော်လည်း အနောက်ကနေ ဒိုးကလေးက မျက်နှာဆူပုတ်စွာလိုက်လာသည်။ အခုနာကဖတ်နေတဲ့ ခါဉနဲ့ထွန်းခင်ကာတွန်းကိုမဖတ်ရလို့ စိတ်ကသိပ်မကြည်ပါ။


"အမေ အခုပြောမဲ့စကားက အရမ်းအရေးကြီးတဲ့ သမီးငယ်ဘဝနဲ့ဆိုင်တယ်"


"သမီးငယ်က ဘယ်သူလဲအမေ သူ့ဘဝအကြောင်း သားကိုဘာလိုလာပြောပြနေတာလဲဟင်"


"ဟာ ဖျန်းး သမီးငယ်က နင်လေး ဒိုးပြားမ ရေချိုးရင် ကိုယ်ကို့ပြန်ငုတ်ကြည့်အုံး အထီးလား အမလားလို့.


"အမေကလည်း ဗျာ အထီး၊ အမပြောရအောင် သားကနွားလား"


"တိတ်စမ်း ဘယ်တော့မှစကားအကောင်းမပြောရဘူး အေးဆေးလညျး ပြောလိုရမဲ့ပုံမပေါ်ဘူး ရှင်းရှင်းပဲပြောမယ် သားဧကရာဇ်နဲ့နင်ကို... "


"လက်ခံတယ် အမေ သားလက်ခံတယ်"


"ဟဲ့ ငါစကားဆုံးအောင်နားထောင်အုံးလေး"


"နားထောင်စရာမလိုပါဘူး သားလက်ခံတယ် အမေတို့ဘာပြောချင်လဲ သားမသိပေမဲ့ သားသဘောတူတယ်"


"ပြီးရော့နော် နောက်မှာငါကိုအရှက်မခွဲနဲ့ အဲဒီအခါကျရင် ငါရဲ့အသုဘကို နင်ကိုယ်တောင်စီစဉ်ရဖို့ပြင်"


"ဘယ်လောက်အရေးကြီးတဲ့ အကြောင်းအရာလည်းမသိပေမဲ့ သား သဘောတူတယ် ဒါပဲမဟုတ်လားပြောစရာက "


."အင်း"


"ဒါဆိုရင် အခန်းထဲပြန်ဝင်တော့မယ် အမေ "


ဒေါ်ကျင်ကျင် ခေါင်းငြိမ့်ပြလိုက်တာနဲ့ ဒိုးကလေး ချက်ချင်းအခန်းထဲဝင်ပြေးတော့သည်။သူရဲ့ကာတွန်းစာအုပ်ကိုဖတ်ချင်တာကြောင့်ပါ။


အိပိမက်များလား.. မယုံနိုင်ဘူး မောင်ရဲ့ရင်ခုန်သံနဲ့ပြောတဲ့စကားလား...ကိုယ်ကြည်နူး..ရင်တစ်သိမ့်သိမ့်လိုက်ဖိုများး..အိပ်မက်များလား...တကယ်တော့...မောင်သာကျွန်မဘဝလေးရဲ့မီးပြတိုက်တစ်ခု...သေချာတယ်..မောင်မရှိတော့တဲ့..နေ့ရက်တို့ရင်မဆိုင်ရဲ..


မဂ်လာဆောင်သီချင်းသံက တစ်ရွာလုံးကို ဖုံးလွှမ်းနေပါသည်။ဒီမဂ်လာဆောင်ကတော့ ဧကရာဇ်နဲ့ဒိုးကလေးတို့ရဲ့ မဂ်လာဆောင်ဖြစ်ပါသည်။ရွာထဲကလူတွေအားလုံးလည်း အံ့ဪ၍ဘာပြောရမှန်းမသိအောင်ပါပဲ။မဂ်လာဆောင်လေးကတော့ ကလေး၊လူကြီးပါမကျန်ပျော်ရွှင်ရပါသည်။မဂ်လာဆောင်ပြီးတာနဲ့ ချက်ချင်းရန်ကုန်ပြန်ကြမှာဆို့တော့ ဒိုးကလေးကိုလာရောက်ဝိုင်းနှုတ်ဆက်သူတွေကတော့ အများကြီး သာဂိနဲ့ကြွက်စုတ်ကတော့ မျက်ရည်တွေဝဲလျက်ပါ။


"ကိုဒိုးကလေး သားတို့သတိရနေမယ်နော်"


"အေးပါကွာ ငါလည်းမင်းတို့အားလုံးကိုသတိရနေမှာ  အီးးးဟီးးး ငါလည်းရန်ကုန်ကိုမသွားချင်ပါဘူးကွာ"


"ဒိုးကလေးရဲ့ မငိုပါနဲ့နော် မေကြီးနဲ့ဖေကြီးက စိတ်ချမ်းသာအောင်ထားမှာပါနော် တိတ်တိတ်"


ဒေါ်ခင်နှင်းဆီနဲ့ ဉီးသူသရ သူတို့ရဲ့ချွေးမလေးကိုချော့မော၍ကားပေါ်ခေါ်တင်သွားရသည်။ဒိုးကလေးတို့မိသားစုအားလုံးလည်းမျက်ရည်ကျနေပါသည်။ဒေါ်ကျင်ကျင်နဲ့သမီးနှစ်ယောက်ကတော့ ကြိတ်ငိုလို့မဆုံးပါ။အိမ်ရဲ့ဆည်းလည်းသံလေး ဒိုးကလေးကို မခွဲနိုင်ကြပါ။


"ညီမလေး ကျင်ကျင်နဲ့ကိုခင်မောင် ဘဘသာမြတ်နဲ့ဒေါ်ဒေါ်သီသီတို့ စိတ်ချပါနော် နှင်းဆီ ဒိုးကလေးကို မိခင်အရင်းတစ်ယောက်လိုစောင့်ရှောက်မှာပါ"


"ယုံပါတယ် သမီးနှင်းဆီး ကဲ့သွားကြတော့ တော်ကြာမိုးချုပ်နေအုံးမယ်"


"ဟုတ်ကဲ့ ဘဘ အားလုံးကိုနှုတ်ဆက်ပါတယ်ရှင့်"


ဒိုးကလေးပါသွားသော ကားကို တစ်ရွာလုံးက လက်ပြနှုတ်ဆက်ကြပါ၏။ရွာထိပ်အထိပါ ဒိုးကလေးမရှိရင် တစ်ရွာလုံးကတိတ်ဆိတ်နေမှာသေချာပါသည်။


"မင်းငိုလို့မပြီးသေးဘူးလား ဒိုးပြားမ"


"ခင်ဗျားနော် မစာမနာမပြောနဲ့ ကျွန်တော်ကမိသားစုနဲ့ခွဲလာရတာ ပြီးတော့ ဒိုးပြားမ လိုမခေါ်နဲ့လိုဘယ်နှစ်ခါပြောရမလဲ"


"အမှန်အတိုင်းခေါ်တာပဲကို"


"လူဂွစာကြီး!!! နောက်တစ်ခါထပ်ခေါ်ကြည့် ကျွန်တော်လက်သီး ခင်ဗျားမျက်နှာကိုမထိုးမိရင် ကြိုက်သလိုပြော"


"တော်ကြာပါတော့ ကိုကြီးနဲ့ကိုဒိုးကလေးရယ် ညီကားမောင်းရတာ အနှောက်အယှက်ဖြစ်တယ်

အခုပဲမဂ်လာဆောင်လာတယ် ကားပေါ်မှရန်မဖြစ်ကြပါနဲ့ အေးအေးဆေးဆေးလိုကျခဲ့ကွပါဗြာ ရန်ကုန်ရောက်မှာရန်ဖြစ်ကြနော်"


ဒိုးကလေးနဲ့ ဧကရာဇ် တစ်ယောက်ကိုတစ်ယောက်မကျေနပ်သလို ပြိုင်တူကြည့်၍ ဟွန့်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာလွှဲသွားကြ၏။ကေသရာ ကတော့ လေတစ်ချွန်ချွန်နဲ့ ကားမောင်းလာပါသည်။


ဧကရာဇ်ကတော့ ဒိုးကလေးကို သူအတန်တန်ငြင်းခိုင်းရဲ့သာနဲ့ လက်ခံလို အရမ်းကိုမုန်းတီးမိပါသည်။


"ဟိတ်...ဟိတ်..ထတော့ အိမ်ရောက်ပြီး"


"ဟင် ရောက်ပြီးလား ညောင်းလိုက်တာဗျာ ဝါးးး"


"သန်းနေလိုက်တာ ကဲ့ဒိုးကလေး ကားပေါ်ကဆင်းတော့"


"ဆင်းမှာပါဗျာ"


ဒိုးကလေး အိမ်ကြီးကို အထူးအဆန်းသဖွယ်ငေးကြည့်မိပါသည်။ 


"ငေးကြည့်မနေနဲ့ ကိုယ်အထုပ်ကိုယ်သယ်ပြီး အိမ်ထဲဝင်ခဲ့"


"သားကြီးကလည်း ဒိုးကလေးကို သယ်ခိုင်းစရာလား မြလေးနဲ့မခင်ကြည်ရေ အထုပ်တွေလာဝိုင်းသယ်အုံး"


"ဟုတ်ကဲ့ မမကြီး"


မိသားစုတွေအကုန်လုံး ဧည်ခန်းထဲမှာခဏနားကြသည်။


"ဒိုးကလေး "


"ဗျာ မေကွီး"


"အဲလိုမထူးရတော့ဘူးလေး မေကြီးပြောထားတဲ့လေး"


"ဟုတ်ကဲ့ အကျင့်မဖြစ်သေးလို့ပါ မေကြီး"


"ပင်ပန်းနေပြီးလား"


"အရမ်းညောင်းတယ် မေကြီး တစ်နေ့ကုန်ထိုင်လိုက်လာရလို့"


"ဟုတ်တာပေါ့ သားကြီး ဒိုးကလေးကို အခန်းထဲခေါ်သွားပြီးနားခိုင်းလိုက်တော့ "


."ဟုတ်မေကြီး လာလိုက်ခဲ့"


ဒိုးကလေး စကားနာခံစွာ ဧကရာဇ်နောက်လိုက်သွားပါသည်။


"အခန်းထဲက ငါရဲ့ပစ်စည်းတွေတစ်ခုမှမထိပါနဲ့"


"မထိပါဘူးဗျာ အိပ်ယာပေါ်လှဲအုံးမယ် ညောင်းလိုက်တာ"


"ဟိတ်..ဟိတ် မင်းရဲ့ကိုယ်ကချွေးစော်နံတဲ့ ခွလေကျဆေးအဝတျစားလှဲပွီးမှ ခုတင်ပေါ်တက်"


"ကျွန်တော်ကို ဂုတ်ကနေဆွဲမထားနဲ့ လွှတ်..လွှတ်ဗျာ"


"မဆွဲထားရင် မင်းက ခုတင်ပေါ်ကို တက်နေလောက်ပြီးလေး"


"အခု ခင်ဗျားပြောလို့ မတက်တော့ဘူးလေး လွတ်ဗျာ ကျွန်တော်ခြေထောက်ကလေမှာဝဲနေပြီး"


"ငါလည်း အလန့်တကြားတားလိုက်ရတာပါ မင်းကိုယ်ကအရမ်းလေးတာပဲ ဆိုကာ ဂုတ်ကကိုင်ထားတဲ့ လက်ကိုလွတ်လိုက်တော့ ဒိုးကလေး အမြင်ကပ်စွာ ဧကရာဇ်ရဲ့ ခြေထောက်ကြီးကို ဆောင့်နင်း၏။


"အားး!!!နာလိုက်တာ..မင်း..မင်းကွာ"


"..ကျွန်တော်ကို ဂုတ်ကနေဆှဲထားအုံး နောက်ဆိုရင်ဆွဲထားတဲ့လက်ကိုပါ ကိုက်ပစ်မယ် အခုတော့အနာခံလိုက်အုံး ဗြဲ..ဗြဲ"


လျှာထုတ်ပြောင်ကာ ရေချိုးခန်းထဲပြေးဝင်သွားတဲ့ ဒိုးကလေးကို ဧကရာဇ်ရိုက်သတ်ချင်စိတ်မနည်းထိန်းထားရပါသည်။ဒိုးကလေး ရေခှုးခန်းထဲကထွက်လာတော့ ဧကရာဇ်က ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေပါသည်။


နောက်နေ့ဆက်ရန်


စာရေးသူ သွေးမိန့်


rate now: