ကိုကိုရဲ့ဒိုးကလေး
"ယေးး ကိုဒိုကလေး ခေါင်ကိုထိလို့အကုန်နိုင်သွားပြီး ကြွက်စုတ်ရေ မင်းကိုတော့သနားပါရဲ့"
"သနားစရာမလိုပါဘူး သာဂိ ငါကလယ်ထဲသွားပြီးရွံနဲ့လောက်စလုံးလုံးအုံးမှာ"
"လုံးပါ ကြွက်စုတ်ရာ ဝိုင်းဝိုင်းလေးလုံးခဲ့ နင်ဆီကနေအဲဒီလောက်စလုံးကို အပိုင်သိမ်းဖို့စောင့်နေပါမယ် ငါရဲ့လက်ဘယ်လောက်ဖြောင့်လဲတွေ့တဲ့နော်"
်"ကိုဒိုးကလေးက ကံကောင်းသွားတာပါနော် "
"နင်ကဝန်မခံချင်သေးပါလား ငါလက်ဖြောင့်ကြောင်းဘယ်လိုသက်သေပြပေးရမလဲ"
"ဒေါ်ဇီးကွက် တို့အိမ်ခေါင်မိုးမှာ ချိတ်ပြီးလှမ်းထားတဲ့ဆေးပုလင်းကိုထိအောင်ပစ်နိုင်ရင် ကြွက်စုတ်တို့ ကိုဒိုးကလေးကို ဆရာတင်လိုက်မယ်"
"Ok ထိအောင်ပစ်ပြမယ် ညနေဒေါ်ဇီးကွက်တို့ အိမ်ရှေ့မှာဆုံမယ် အခုတော့ လောက်စလုံးပြန်သိမ်းလိုက်အုံးမယ် ကြွက်စုတ်"
ဒိုကလေး စတိုင်က မိုက်နေရော့ ဒူးဖုံးဂျင်းဘောင်းဘီနဲ့အပေါ်ကစပို့ရှပ်အဖြူလက်တို လောက်စလုံးထည့်ထားတဲ့ လွယ်အိတ်ကို စလွယ်သိုင်းကာလွယ်ထား၏။သူထက် အသက်၁၂နှစ်ငယ်သောကလေးတွေနဲ့ ပေါင်းပြီး ရွာမှာသောင်းကျန်လျက်ပါ။ ရွာကလူတိုင်းကတော့ ဒိုးကလေးကို ချစ်ကြပေမဲ့ တစ်ချို့ကကြည့်မရပါ။ကြည့်မရအောင်လည်း ဒိုးကလေးတို့ကနေရာတကာပါတယ်လေး။အဖေကရွာလူကြီး ၊အဘိုးနဲ့အဘွားကရွာမျက်နှာဖုံး ရွာမှာအချမ်းသာဆုံး၊ အမနှစ်ယောက်ကလည်းဒီရွာမှာအချောဆုံး ဪ အမေလုပ်သူကလည်းရွာမှာ ကျောင်းအုပ်ပါ။ဒါကြောင့်လည်း ဒိုးကလေးတို့ဆိုးတာမဆန်းပါဘူး ။
"အမေရေ ဗိုက်ဆာတဲ့"
"အဝေးကနေ ၇နှစျအိမျကွား၈အိမျကွားအောငျ အော်မနေနဲ့ အိမ်ထဲဝင်ပြီးတိုးတိုးသက်သာပြောလည်းရတယ်"
"အမေကလည်း သားကအကျင့်ပါနေလို့ပါ"
"အကျင့်ပါတယ် လုပ်မနေနဲ့ကြည်စမ်း အင်ကျီအဖြူက လက်နှီးစုတ်ကျနေတာပဲ ဒိုကလေး ဘယ်လောက်တောင်ဆော့လာတာလဲ မျက်နှာကကြောင်ချီးရုပ် အသံကြောင့်သာမှတ်မိတာ မဟုတ်ရင်ဘယ်ကကလေကဝမှနျးမသိဘူး"
"အမေကလည်းဗျာ ပြန်လာတာနဲ့ဆူဖို့ပဲ"
နှုတ်ခမ်းဆူကာ ပြဲကာပြီးထိုင်နေသော ဒိုကလေးကို ဒေါ်ကျင်ကျင် နားရွက်သွားဆွဲလိမ်ကာသည်။
"အားး အမေနာတယ် သားနားရွက်ပြတ်ပြီး လုပ်ကြပါအုံး ကယ်ကြပါအုံးဗျို့"
"တိတ်စမ်း အသံပြဲနဲ့အော်မနေနဲ့ ဘယ်နှစ်ခါပြောရမလဲ ပြဲကာပြီးမထိုင်နဲ့လို့ အမေပြောတာအခေါက်ပေါင်းမနည်း အဲဒီနားကနားမထောင်လိုပြတ်အောင်လိမ်ဆွဲအုံးမှာ"
"အီးးး ဟီးး ဘိုးဘိုးရေ သားကိုကယ်ပါအုံး ဒီမှာသားကိုအမေနိပ်စက်နေတယ် အီးးဟီးး"
ဒိုကလေး အော်သံကြောင့် ဉီးခင်မောင် အိမ်ပေါ်ကနေပြေးဆင်းခဲ့သည်။
"မိန်းမ ရပ်လိုက်တော့ သားအရမ်းနာနေပြီး"
"နာပါစေ ဒင်းကကျွန်မကိုအရေးမလုပ်တာ ဒီမှာ ဒိုးကလေး နင်အဘိုးမြို့ထဲသွားတယ် အကူညီတောင်းဖို့စိတ်မကူးနဲ့ နောက်တစ်ခါပြဲကာထိုင်ကြည့် ပေါင်နှစ်ခြမ်းကိုဆွဲဖြဲပစ်မယ် ပြောကာ ဒိုးကလေး နားရွက်ကိုလွှတ်လိုက်ပါသည်။
"အီးဟီးး နာလိုက်တာနားရွက်ကနီရဲနေပြီး ဖေဖေ"
"မငိုပါနဲ့ကွာ တိတ်တိတ် ဖေဖေသားကယောကျာ်းမဟုတ်လား "
အမေးကိုပါးစပ်နဲ့ မဖြေပဲခေါင်းငြိမ့်ပြသည်။
"ယောကျြားဆိုတာမကျြရညျမကရြဘူး သားရဲ့ ဗိုက်ဆာတယ်ဆို သမီးကြီးရေ မောင်လေးကိုထမင်းခူးကျွေးလိုက်အုံး"
"ဟုတ်ကဲ့ ဖေဖေ"
"ကဲ့သွားစားတော့ သားရဲ့အမေကို ဖေဖေသွားဆူလိုက်မယ်နော်"
"အများကြီးဆူခဲ့ဖေဖေ"
ွဉီးခင်မောင် ခေါင်းသာငြိမ်ပြပြီး ဒျေါကငျြကငျြဆီသိုလာခဲ့သညျ။သားကိုအရမျးမရိုကျဖို့ ပြောရမည်။ဒိုကလေးကမိန်းကလေးဆိုပေမဲ့ ဖေဖေနဲ့သူကယောကျာ်းလေးလိုချင်တာကြောင့် အငယ်ဆုံးကို သားတစ်ယောက်လိုပြုစုပျိုးထောင်ခဲ့တာပါ။
"မိန်းမ သားကိုသိပ်မရိုက်ပါနဲ့ကွာ ဖေဖေပြန်လာလိုသိရင် အဆူခံရမယ်"
."ဆူပါစေ ရှင့်တို့ကြောင့် ဒိုးကလေးအခုလိုဆိုးနေတာ အင့်ဟင့် ကျွန်မလည်း သမီးငယ်ကိုအခုလိုမရိုက်ချင်ပါဘူး ရိုက်ပြီးရင်ကျွန်မပဲ အခုလိုမျက်ရည်ကျရတဲ့"
"ယောကျာ်းတောင်ပန်းပါတယ်ကွာ ဒိုးကလေးအခုလိုဖြစ်တာကိုယ်ကြောင့်ပါ ကိုယ်ကသားလေးတစ်ယောက်လိုချင်မိတာကို့ ဒိုးကလေးယောကျာ်းစိတ်ပေါက်တာ ကိုယ်နဲ့အဖေကြောင့်ပါကွာ မငိုပါနဲ့ ဒိုးကလေးက ချိုသာစွာပြောရင်နားထောင်ပါတယ် သူရဲ့ဆံပင်တောင် ယောကျာ်းလေးလိုညှပ်ချင်တာ မိန်းမချော့ပြောထားလို့မညှပ်တာလေးကွာ"
"ကျွန်မ သမီးငယ်ကိုမိန်းမဘဝလိုပြန်နေစေချင်တယ်"
.ကိုယ်ကြိုးစားပေးပါမယ်ကွာ နော် တိတ်တော့ နောက်တစ်ခါသားကိုအရမ်းမရိုက်နဲ့ ရိုက်ပြီးရင်လည်း မင်းပဲစိတ်မကောင်းဖြစ်ပြီးငိုတာ"
"အင်းပါ ကျွန်မသမီးငယ်ကို မရိုက်မိအောင်ကြိုးစားပါမယ် "
လှပသောခြံဝန်းထဲတွင် သုံးထပ်တိုက်ကြီးကနန်းတော်ပမာခမ်းနားထည်ဝါလျက်ရှိသည်။ခြံထဲတွင် ရေကူးကန်၊ဉယျာဉ်၊ အားကစားခန်းမ၊ ရုံရှင်ရုံအသေးစားလေးပါ ဆောကျလုပျထားပါသညျ။ဒီအိမျခွံရဲ့ နာမည်ကအရှင်သခင်စံအိမ်လိုခေါ်ပါသည်။
"သားကြီး အလုပ်သွားတော့မှာလား"
"ဟုတ်တယ် မေကြီး ပြောစရာရှိလို့လား"
"မရှိပါဘူး သားဘိုးဘိုးက သတိပေးခိုင်းလို့"
"ဘာများလဲ မေကြီး"
"ဘိုးဘိုးရဲ့မွေးရပ်မြေကိုသွားဖို့ နှစ်ရက်ပဲလိုတော့တာနော်"
"သားသိပါတယ် မေကြီး ဒါကြောင့်လည်းအလုပ်တွေလစ်ဟာမှုမရှိအောင် စီစဉ်နေတာပါ"
"အရမ်းကြီးလည်း မလုပ်ပါနဲ့ကျန်းမာရေးထိခိုက်အုံးမယ်"
"မထိခိုက်ပါဘူး သားရဲ့ကိုယ်ပိုင်ဆရာဝန်က တစ်ပတ်တစ်ခါ ကျန်းမာရေးအတွက်လာကြည့်ပေးပါတယ် ဒါကြောင့်စိတ်မပူပါနဲ့"
"ဟုတ်ပါပြီး အလုပ်ကိုလည်းနားနားနေလုပ်ပါ "
"ဟုတ်မေကြီး သွားပြီးတာတာ့ဆိုကာ ဒေါ်တော်ဝင်ရဲ့ ပါးကိုနမ်းသွားပါသည်။
အလုပ်ရောက်တာနဲ့ ဧကရာဇ် အရင်ဆုံး ဝန်ထမ်းတွေကိုလိုက်စစ်တဲ့ ပြီးရင် တည်ခိုသူများ အခန်းကိုသွား၍ဘာတွေလိုအပ်လည်း လိုက်မေးပါသည်။ထိုနောက် မီးဖိုချောင်ကိုစစ်ပြီး သူရဲ့ရုံးခန်းကိုဝင်လာခဲ့သည်။
"ဆရာ ဒီနေ့စစ်ရမယ် စာရင်းပါ"
"Ok နေ့လည် ၂နာရီမှာဘာလုပ်ဖို့ရှိလဲ"
"မရှိပါဘူး ဆရာ ၃နာရီမှာတော့ စားသောက်ပို့ကုန်စစ်ဖို့ရှိပါတယ်ဗျာ"
"ဟုတ်ပြီး ၂နာရီကြရင် ကားပြင်ထားပေးပါ ဉီးသီဟနဲ့သွားတွေ့မယ်"
"ဟုတ်ဆရာ "
"ကော်ဖီတစ်ခွက်လာပေးခိုင်းပါ ပြီးရင် နှစ်ချုပ်စာရင်းလုပ်ပြီး ငါစားပွဲမှာလာတင်ထားပါ"
"ဟုတ်ကဲ့ဆရာ"
ဧကရာဇ် ကွန်ပျူတာကိုပဲအာရုံစိုက်ကာ အလုပ်လုပ်နေပါသည်။သူဘဝမှာအလုပ်ကသာနံပတ်တစ်ပါ အလုပ်နဲ့ပတ်သက်ရင်ဘာတစ်ခုမှအမှားမခံပါ။ဝန်ထမ်းတိုင်းက ဧကရာဇ်ကို တေမိလို့နာမည်ပြောင်းပေးထားကြသည်။ဘာကြောင့်လဲဆိုတော့ မျက်နှာကြီးကတစ်ချိန်လုံး တည်ငြိမ်ကာ ရယ်မောခြင်း ပြုံးခြင်းမရှိလို့ပါ။ဒါတောင် မိန်းကလေးတွေဘာကြောင့်ကြိုက်ကြလဲမသိပါ။
"ဆရာတေမိက အရမ်းတော်တာပဲနော် စည်းကမ်းကိုတိကျနေရော့"
"အမယ်လေး စည်းကမ်းကြီးချက်တော့ နိုင်းလောက်ရှိတယ် ငါတော့ ဆရာတေမိနားသွားရမှာကြောက်တယ်"
"အတူတူပါပဲ ဒေါသကလည်းကြီးပါ ဆရာတေမိငါကိုရုံးခန်းထဲခေါ်ရင် ဘုရားစာရွတ်ပြီးသွားရတယ်"
"ငါလည်းအတူတူပါပဲ ဒူးတောင်တုန်တဲ့"
"ကြည်ပြာနဲ့သီရိ ဘာတွေအတင်းတုပ်"
ပန်းအိုးထိုးရင်အတင်းတုပ်နေတဲ့ သူတို့နှစ်ဉီးလန့်သွား၏။
"လန့်လိုက်တာ ရွှေရည်ရဲ့ ဆရာတေမိအကြောင်းပြောနေတာ"
"အေးနော် သတိထားပြောကြတော်ကြားသွားရင်
အလုပ်မလုပ်ပဲလေပေါနေတဲ့ပေါ့ ချက်ချင်း၁လစာဖြတ်"ဆိုကာ ဧကရာဇ် ပုံစံကိုတုပပြီးပြောတာကြောင့် ကြည်ပြာနဲ့သီရိ ဗိုက်ကိုလက်နဲ့ဖိပြီးရယ်ကြပါသည်။
ဲ"ကြွက်စုတ် ငါလက်အစွမ်းကိုသိစေတော့ ဆိုကာခေါင်မိုးမှာလှမ်းထားတဲ့ ပုလင်းကိုလေးခွနဲ့ချိန်ပစ်သည်။
"ခွမ်းးး"
"ဟာ ငါရဲ့ဆေးပုလင်းကို ဘယ်ကလေကဝအုတ်ကြားမြက်ပေါက်က လေခွနဲ့ပစ်တာတုန်း!!!!"
"ငါတို့အာလုံးကသက်ရဲခံပဲ ပြေးကြတော့ ပြေးနိုင်မှလွတ်မယ်ဆိုကာ "ဒိုးကလေးထိပ်ဆုံးကနေမကြီးမငယ်ပြေးသည်။
"ဟော.ဟဲ ဟောဟဲ မောလိုက်တာဟာ ကြွက်စုတ်
နင်သွားမတိုင်နဲ့နော် အဓိကသက်ရဲခံကနင်ပဲကြားလား နင်ကြောင့်ဖြစ်တာ"
"ကိုဒိုးကလေးဘာသာပစ်တာကို့ သားနဲ့ဘာဆိုင်လို့လဲ"
"နင်ပစ်ခိုင်းတာလေး ကြွက်စုတ်နော် ရုတ်ရုတ်မလုပ်နဲ့အမွေးနုတ်ပြီး ကျီးစားကျွေးပစ်မယ် သာဂိနဲ့ဒီကလူတွေအာလုံးသက်သေရှိတယ်"
"ဟုတ်တယ် ကြွက်စုတ် နင်ပစ်ခိုင်းတာ "
"အေးပါကွာ ကိုဒိုးကလေးက ငါဆရာပါ မတိုင်ပါဘူး"
"ဗိုက်ဆာလိုက်တာကွာ မုန့်သွားဝယ်စားရအောင် ငါဝယ်ကျွေးမယ် "
"ယေးးးယေး မုန့်ဆိုင်ကိုချီတက်ဆိုပြောကာ ကလေးများတစ်သိုက်နဲ့ဒိုကလေးတို့ပျော်ရွှင်စွာချီတက်ခဲ့ကြသည်။
ညနေ၆နာရီအရောက်ပြန်ခဲ့ဆိုလို့ ဒိုးကလေး ကစားတာရပ်ရင်အိမ်ကိုအမြန်အပြေးပြန်ခဲ့သည်။
"သမီးကြီးရေ ထမင်းခူးထားတော့ အမေတို့ထမင်းစားရအောင်"
"အမေ ဒိုးကလေးအတွက်ပါခူးလိုက်ရမလား"
"ခူးရမှာပေါ့ မမကြီးကလည်း သားလည်းဗိုက်ဆာတဲ့"
"အချိန်ကိုမှန်နေရော့ မနက်၈နာရီထမင်းစားပြီးပြီးဆိုရင် ရွာရိုးကိုးပေါက်လျောက်ဆော့ နေ့လည်း၁၂နာရီပြန်လာ ထမင်းပြန်စား ဪ မကြာခင်ပြန်ထွက် ညနေ၆နာရီအိမ်ပြန်လာ အရမ်းကိုဇိမ်ကျနေတာပဲနော်"
"အမေကလည်း သားကိုတွေ့တာနဲ့ပွားဖို့ချည်းပဲ အိမ်ကိုညနေ၆နာရီအရောက်ပြန်ခဲ့ဆို အမေပဲပြောပြီးတော့"
"ဟုတ်ပါပြီး ကဲ့နှုတ်ခမ်းကြီးဆူမနေနဲ့ရေမိုးချိုးပြီးထမင်းလာစား"
"ဟာ အမေကလည်း.စားပြီးနာရီဝက်နေပြီးချိုးမယ်ဗျာ ဗိုက်အရမ်းဆာနေပြီးဆိုကာ အိမ်ပေါ်ကိုပြေးတက်သွားပါသည်။ဒေါ်ကျင်ကျင် စိတ်ပျက်စွာကြည့်ရင် သက်ပြင်းချမိပါသည်။
မေကြီးနဲ့ဖေကြီးက ရှေ့ကားဆီး အဘိုးနဲ့အဘွားရော့ သားတို့ညီအကိုသုံးယောက်က နောက်ကားနဲ့လိုက်ခဲ့မယ်"
"ကရုစိုက်မောင်းနော် "
.ဟုတ်ကဲ့ပါ ဖေကြီးညောင်းရင်ပြော သားလာမောင်းပေးမယ်"
"အေးပါ အညာနေကအရမ်းပူတဲ့နော် အဝတ်စားအပါးတွေထည့်ထားရဲ့လား"
"ထည့်ထားပါတယ် ဖေကြီး"
"ဒါဆိုရင်လည်း သွားစို့ "
ဧကရာဇ်တို့မိသားစုတွေ မွေးရပ်မြေကိုပြန်ခဲ့ကြပါသည်။မွေးရပ်မြေမှာ အိမ်မရှိပေမဲ့ဘိုးဘိုးရဲ့ငယ်သူငယ်ချင်း ဉီးမြတ်သာ အိမ်မှာတည်းခိုကြမှာပါ။
"ကိုကြီး ညောင်းနေပြီးလား ညီလေး မောင်းမယ်"
"မညောင်းပါဘူးကွာ ဖေကြီးတို့ဆီဖုန်းဆက်ကြည့်အုံး ဖေကြီးအနားယူချင်လားမသိဘူး"
"ဟုတ် ကိုကြီး ဖုန်းဆက်ကြည့်မယ် အနားယူမယ်ဆိုရင်တော့ ညီလေးပဲသွားမောင်းလိုက်မယ်"
"Okပါ ဟိုအကောင် ကေသရာဇာ ကတော့ ကုလားသေကုလားမောအိပ်တုန်း"
"အိပ်ပါစေ ကိုကြီးရာ ညီငယ်က အငယ်ဆုံးလေးအလိုလိုက်ရမှာပေါ့"
အနောက်ခန်းမှာဇိမ်ကျကျအိပ်နေသော ကေသရာဇာကို ကြည့်ပြီး ဧကရာဇ် ခေါင်းခါမိပါသည်။အိမ်မှာသူကဗိုလ်ပါ အိမ်ရဲ့ဆည်းလည်းသံဆိုလည်းမမှားဘူး အိမ်လူတွေအကုန်လုံးသူကိုချစ်ကြပါသည်။
စာရေးသူ သွေးမိန့်