ကိုကိုရဲ့ဒိုးကလေး
"ရေ..ရေပေးပါ အရမ်းဆာတယ်"
."သတိရလာပြီးလာ သမီး မေ့နေတာကြာပြီး ဘာကြောင့်အခုလိုလုပ်ရတာလဲ"
"မေကြီး သမီးကိုစိတ်စိုးနေတာလားဟင် သမီးတကယ်မရည်ရွယ်ပါဘူး"
"မင်းက မရည်ရွယ်ပေမဲ့ ငါရဲ့အရှက်တွေတော့ မြောင်းထဲရောက်ကုန်ပြီး တောက် ပါတီပွဲမှာဘယ်လောက်ရုပ်ပျက်ဆင်းပျက်ဖြစ်သွားလဲ မင်းသိလား"
"အီးးဟီးး လူဂွစာကြီးက သမီးကိုဆူနေတယ်"
"သားကြီး ဒေါသလျော့စမ်း သမီး ရေသောက်လိုက်နော်မငိုနဲ့ တိတ်တိတ် သမီးအမှားမှမဟုတ်တာကွယ်"
"မေကြီးနော် အဲဒီဒိုးပြားမကို့ကာကွယ်ပေးနေ သားဘယ်လိုမျက်နှာနဲ့ အလုပ်သွားရမလဲ"
"ဂုန်နီအိတ်စွပ်သွား နင်ရဲ့မျက်နှာကို တကယ်ပဲ ဒီညနင်အဖေနဲ့သွားအိပ် ဒီမှာငါနဲ့သမီးအိပ်တော့မယ်"
"ဟာ အဲဒါတော့မရဘူးဗျာ ဒေါသမထွက်တော့ပါဘူး ဖေကြီးမိန်းမကို ချေါသှားတော့"
"ငါလည်း ခေါ်မှာပါ လာချစ်ကိုယ်တို့သွားအိပ်ကြရအောင် ဒီမှာမအိပ်နဲ့နော် ချစ်နဲ့အတူတူမအိပ်ရရင်ကိုယ်အိပ်ပျော်မှမဟုတ်ဘူး လာသွားကြရအောင်"
"ဖေကြီးနဲ့မေကြီးရေ သားတွေအရှေ့မှာအရမ်းမroကြပါနဲ့ ဝက်သက်လည်းမပေါက်ကြပါနဲ့ဗျာ"
"အောင်မာ ကေသရာနော် ကိုယ်မိဘတွေအရမ်းချစ်ပြတာကိုမကြည်နူးဘူး "
"ဖေကြီးကလည်းဗျာ ကြည်နူးပါတဲ့ဒါကြောင့် မေကြီးနဲ့ဖေကြီးတို့ကြားမှာ သားလာအိပ်မယ်နော်"
"မလာနဲ့ လာမိန်းမအခန်းထဲအမြန်ပြေးပြီး တံခါးပိတ်ရအောင်"
"ရှင်ကြီးဘယ်လိုဖြစ်နေတာလဲ သားငယ်လာ အမေနဲ့ဖက်ကြမယ်ဆို၍ကေသရာ ကိုခေါ်သွားတော့ ဉီးသူသရ မျက်နှာမဲ့၍ကျန်ခဲ့သည်။
"မင်းသက်သာရဲ့လား ခေါင်းမူးတာတွေဖြစ်သေးလား"
"မဖြစ်တော့ပါဘူး ဒါနဲ့ခင်ဗျားကြီး ကျွန်တော်ကို စိတ်မစိုးပါနဲ့တမင်သက်သက်လုပ်တာမှမဟုတ်တာ"
"အဟွန့် မင်းနော်အရမ်းပြသာနာရှာလွန်တဲ့ အိပ်တော့ငါဒီညဆိုဖာမှာအိပ်လိုက်မယ်နော် မင်းကျန်းမာရေးကြောင့်ပါ"
ဧကရာဇ်ခေါင်းအုံယူပြီး ဆိုဖာပေါ်သွားအိပ်တော့ ဒိုးကလေးပြုံးမိပါသည်။ကိုဧကရာဇ်က လူကောင်းဆိုတာကို သူမလက်ခံပါသည်။အင်းယာကွန်းဖွင့်တော့ အရမ်းအေးမှာပဲတွေးမိကာ သူကို့စောင်သွားပေးခြုံမိပြီး ငေးကြည့်နေမိသည်။သွယ်တန်းသော မျက်ခုံးထင်ထင်လေးတွေကအရမ်းကိုကြည့်ပါသည်။အဖုအပိတ်မရှိသော သူရဲ့မျက်နှာကအသားရည်ကောင်းမွန်ကြောင်းသိသာစေပါသည်။ဒိုးကလေးတွေးနေရင်ကြည်နူးစွာပြုံးနေမိပါသည်။
"မင်းငါကို ငေးကြည့်နေတော့မှာလား"
"ဟမ် မငေးကြည့်ပါဘူးနော် စောင်လာခြုံပေးတာကို့ ခင်ဗျားကြီးရဲ့မျက်နှာကကြွက်စုတ်ရေနူနေတဲ့ရုပ်ကိုများ အော့ အန်တောင်အန်ချင်လာပြီး ငေးကြည့်ရအုံးမယ်တဲ့ ဟ ဟပဲရမယ်ဗျို့"
ဒိုးကလေး ပြန်ပြောပြီးသည်နှင့် ခုတင်ပေါ်တက်ပြီးအိပ်တော့ပါသည်။ဧကရာဇ်ကတော့ ရယ်ချင်တာကိုအောင့်ထားပြီးပြုံးနေမိပါသည်။
ဟော်တည်ကိုရောက်ခဲ့တကည်း ဒိုးကလေး စိတ်လှုပ်ရှာရားရပါသည်။ဒီနေ့ လူဂွစာကြီးက ဘာစိတ်ကူးပေါက်လိုလဲမသိဘူး ဟျောတညျချေါလာတာပါ။
"ဒိုးကလေး ငါအခန်းထဲကနေ ဘယ်မှာမသွားရဘူးနော်"
"အဲဒါတော့မရဘူးလေ လျှောက်ပြီးကြည့်အုံးမှာပေါ့ ခင်ဗျားကြီးနော် ကျွန်တော်ကိုပိတ်လှောင်ဖို့မကြိုးစားနဲ့ ဟွန့်"
."ဒါဆိုရင်လည်း ကြည့်တာကကြည့်ပေါ့ ပြသာနာတော့မရှာမိစေနဲ့ ပြီးရင်ငါလိုအပ်တာ လုပ်ပေးဖို့မမေ့နဲ့"
."ခင်ဗျားကြီး ကကျွန်တော်ကိုခိုင်းဖို့ခေါ်လာတာကို့ ဟွန့်"
"အပြစ်ပေးတာ မနေ့ကပါတီပွဲကိုပျက်အောင်လုပ်လို့ ရှင်းတဲ့နော် သွား ငါကိုကော်ဖီတစ်ခွက်ဖျော်ခဲ့"
ဒိုးကေလး မီးဖိုေခ်ာင္ကို ေကာ်ဖီဖျော်ဖို့လာခဲ့သည်။
"ဆရာကတော် ဘာလိုရှိလိုပါလဲဗျာ"
"ကော်ဖီဖျော်မလို့ပါ "
"ကျွန်တော်တို့ဖျော်ပေးပါမယ်ဗျာ"
"ရပါတယ် ဒိုးကလေးဘာသာဖျော်ပါမယ် "
"ဟုတ်ကဲ့ ဆရာကတော်"
"ဝေယံ မင်းအိမ်က ဖုန်းလာနေတယ် ရော့မင်းလည်း ဖုန်းကိုပစ်ထားသိလား ဆရာကတော်ပါလား "
"အရမ်းကြီးမကြောက်ကြပါနဲ့ ဒီအတိုင်းပုံမုန်ဆက်ဆံပါ။
"ဟုတ်ကဲ့ ဆရာကတော်"
ဒိုးကလေး ကော်ဖီဖျော်ရည်ရင် ကိုဝေယံရဲ့ဖုန်းပြောသံကိုအတိုင်းတာကြားနေရပါသည်။
"ဘာ ငွေလိုပြန်ပြီးလား"
"ဟုတ်တယ် အကိုကြီး အိမ်ကအမေဆေးဖိုးလိုနေပြီး ညီမလေးလည်း ကျောင်းမနေပဲအလုပ်ထွက်လုပ်တော့မယ်"
"တိတ်စမ်း ကျောင်းထွက်မယ်ပြောတာနောက်ဆုံးဖြစ်ပါစေ ငွေကိုငါလွဲလိုက်မယ် နင်သာစာကိုသေချာကြိုးစား ဒါပဲနော် ငါအလုပ်ချိန်ဖုန်းပြောလို့မရဘူး ပြောရင်ဒဏ်ရိုက်ခံရမယ်"
"ဝေယံ မင်းဖုန်းပြောနေပြန်ပြီးလား ဒဏ်ငွေပေးဆောင်တော့"
"ဂျာကြီးကလည်းဗျာ အရေးကြီးဖုန်းမို့လို့ပါ"
"ဒါပေမဲ့ မင်းစည်းကမ်းကိုချိုးဖောက်တာပဲလေး မင်းရဲ့လစာတစ်ဝက်ဖြတ်မယ်"
"မလုပ်ပါနဲ့ဗျာ တောင်ပန်းပါတယ်"
"မင်းတောင်ပန်းလည်း အရာမထင်တော့ဘူး"
ဒိုးကလေး ကျောဖီဖျြောနရေငျ ဒေါသထောင်းခနဲ့ထသွားပါသည်။
"ဒီမှာ ကိုဝေယံရဲ့လစားကို လုံးဝမဖြတ်ရဘူး"
"မင်းက ဘာလဲကွာ ဘယ်လိုလုပ်ဒီနေရာကိုရောက်နေတာလဲ"
"သူက..."
ဝေယံက ဒိုးကလေးကို ဆရာကတော်ဖြစ်ကြောင်းပြောဖို့ပြင်တော့လည်း ဒိုးကလေးက လက်ထောင်ပြကာ တားဆီးလိုက်သည်။
"ကျွန်တော် ဘယ်သူလည်းဆိုတာ ခင်ဗျားသိစရာမလိုပါဘူး ဒါနဲ့သူရဲ့လစာတစ်ဝက်ကို ဖြတ်ဖို့ခွင့်မပြုနိုင်ဘူး"
"မင်းက ဘယ်သူမိုလို့လာအမိန့်ပေးနေတာလဲကွာ လုံခြုံရေး ဒီကောင်မကိုဆွဲထုတ်စမ်း"
ဒိုးကလေး ကို ဧကရာဇ်မိန်းမမှန်း ဝန်းထမ်းတစ်ချို့ကသိပ်မသိကြပါဘူး။ဒါကြောင့် လုံခြုံဝန်းထမ်းတွေ ဒိုးကလေးကို လာဆွဲထုတ်ဖို့ပြင်တော့ ဒိုးကလေး ဖျြောထားတဲ့ ကော်ဖီပန်းကန်နဲ့ဂျာကြီးဆိုသူကိုပစ်ပေါက်ပစ်ငည်။
"ခွမ်းး"
"အားး ပူလိုက်တာ ငါအမိန့်ပေးတဲ့ အဲဒီကောင်မကိုမိန်းကလေးဆိုပြီးမညာနဲ့ ချပစ်"
"ခွမ်း ဒုန်း ဖြောင်း.ခွပ်..ဒိန်း"
ွီမီးဖိုချောင်ထဲက အသံပေါင်းစုံးဆူညံက တစ်ခန်းလုံးကိုရှုပ်ပွသွားသည်။ဒိုးကလေးကတော့ ကိုယ်ခံပညာတတ်ထားသူပီပီ လုံခြုံရေးဝန်ထမ်းနဲ့ ဂျာကြီးဆိုသူကို ကောင်းကောင်းဆော်ပလော်တီးပစ်၏။
"ဆရာရေ..ဆရာ မီးဖိုချောင်းမှာပြသာနာတက်နေပြီး"
"ဘာကွ ဝန်းထမ်းအချင်းချင်းရန်ဖြစ်တာမကြိုက်ပါဘူးဆို တောက် အလုပ်ကိုထုတ်ပစ်မယ်"
."အခုဖြစ်တဲ့ပြသာနာက ဝန်ထမ်းအချင်းချင်းမဟုတ်ဘူး ဆရာကတော်နဲ့"
"ဘာ!!!!"
ဧကရာဇ် ဒေါကြီးမောကြီး မီးဖိုချောင်ထဲ ပြေးလာခဲ့သည်။သူမြင်လိုက်ရတဲ့ရန်ပွဲကတကယ်အပြင်းအထန်ပါ။ဒိုးကလေးကတော့ သူကိုယ်သူဂျက်မ များထင်နေလာမသိဘူး ချတာများလှစ်ခနဲ့နေတာပဲ။
"တော်ကြစမ်း ရပ်လိုက်ကြတော့"
ဂျာကြီးနဲ့ လုံခြုံရေးဝန်ထမ်းတွေကရပ်လိုက်တော့လည်း ဒိုးကလေးကတော့ ဂျာကြီးရဲ့ခေါင်းကို အနီးအနားကပန်းအိုးနဲ့လှမ်းပေါက်ပစ်၏။
"ဒိုးကလေး ရပ်လိုက်တော့လိုဘယ်နှစ်ခါပြောရမလဲ မင်းငါအလုပ်လာပြီးပြသာနာရှာပြန်ပြီး ထွက်သွား!!!"
"သွားမှာ ခင်ဗျားကြီး အနားကနေအဝေးဆုံးကိုထွက်သွားပစ်မှာ"
ဒိုးကလေး ငိုပြီးဟော်တည်ထဲကနေထွက်သွားတော့ ဧကရာဇ်မတားမိပါ။ဒေါသကအရမ်းထွက်နေတာလေ။
ဒိုးကလေး ဘယ်သွားရမှန်းမသိပါ။ဘောင်းဘီအိတ်ကိုနိုက်ကြည့်တော့ ပိုက်ဆံတစ်သောင်းပဲပါတာကြောင့်လမ်းဘေးကမုန့်ဆိုင်ကနေ မုန့်တွေဝယ်စားပြီး လျှောက်သွားပါတော့သည်။
ညနေစောင်း အိမ်ကိုပြန်တော့မယ်အချိန်မှာ ဧကရာဇ် ဒိုးကလေးကိုသတိရပြီးလိုက်ရှာတော့မတွေ့ပါ။သူထင်တာက ဒိုးကလေးက ဟော်တည်တစ်နေရာမှာရှိမယ်ထင်လို့ပါ။
"ဒိုးကလေးရေ.. ဒိုးကလေး"
"ဆရာ တစ်ဘက်မှမရှိဘူး "
"ဒီဘက်အခြမ်းမှားလည်းမရှိဘူး ဆရာ"
"တပ်ထားတဲ့ cctvတို့မှာရှာကြည့်ရအောင်"
ကေရာဇ် cctvအခန်းကိုသွားပြီးကြည့်တော့လည်း ဒိုးကလေး ငိုပြီးထွက်ပြေးသွားတာပဲ မြင်ရတာကြောင့် သူအရမ်းသနားသွားပါသည်။
"ဒိုးကလေးရေ မင်းဘယ်တွေရောက်နေပြီးလဲ ရန်ကုန်ရောက်တာ၁လပဲရှိသေးတာကို့ ဘယ်မှသွားတတ်မှမဟုတ်ဘူး ဝန်ထမ်းတွေ နေရာအနှံငါမိန်းမကိုတွေ့အောင်ရှာပါ။
"ဖြန်း ..ဖြန်း"
"မေကြီး ကိုကြီးကိုမရိုက်ပါနဲ့တော့"
"မရိုက်လို့ရမလား ငါသမီးကိုတွေ့အောင်ရှာခဲ့ ဧကရာဇ်"
"ရှာနေပါတယ် မေကြီး သားသူကို့ဒေါသထွက်လို့ထွက်သွားခိုင်းမိတာပါ သားအမှားပါဗျာ သားရင်ထဲလည်းအရမ်းပူလောင်နေပါတယ် မေကြီး သားရဲ့ပါးကိုရိုက်ပါဗျာရိုက်ပါ"
"အေး ရိုက်အုံးမှာ ငါသမီးကို့တွေ့အောင်ရှာလာခဲ့ပါ ရန်ကုန်ရောက်တာဖြင့် သိပ်တောင်မကြာသေးဘူး အဟင့် မင်းကြောင့် ..မင်းကြောင့်"
"မိန်းမရယ် စိတ်ထိန်းပါကွာ ကိုယ်တို့လည်း ဒိုးကလေးကိုရှာနေပါတယ်ကွာ သားကြီးလည်း အရမ်းပူလောင်နေတာမင်းအမြင်ပဲလေး"
"ကျွန်မအရမ်းနောင်တရတယ် သူနဲ့ဒိုးကလေးကိုပေးစာရမှမဟုတ်ဘူး သားငယ်နဲ့ပေးစားလိုက်ရမှာ အဲဒါဆိုရင် ဘာပဲဖြစ်ဖြစ် ဒိုးကလေးက ကျွန်မအနားမှာရှိနေမှာ အဟင့် အဟင့်"
"တိတ်ပါကွာ အခုနာက စကားကိုမပြောသင့်ပါဘူး သားတို့ ဒိုးကလေးကိုသွားကြပါ "
"ဟုတ်ကဲ့ ဖေကြီး"
ညီအကိုသုံးယောက် ကားတစ်ယောက်တစ်စီးဖြစ် ပတ်ရှာကြသည်။ဧကရာဇ်ကတော့ မေကြီးပြောတဲ့စကားကိုနားထဲကနေမထွက်ပါ။သားငယ်နဲ့ပေးစားရမှာတဲ့လား အင်ဟင်းကျွန်တော်သဘောမတူနိုင်ဘူး ဘာလိုလဲဆိုတော့ သား ဒိုးကလေးကိုမခွဲနိုင်စွာချစ်မိနေပြီး သူရဲ့ကလေးဆန်မှုနဲ့သူရဲ့ရန်ဖြစ်သံကိုကြားစေချင်သေးတယ် တွေးနေရင် ဒိုးကလေးကို ရှာဖွေနေမိပါသည်။
"မိုးတောင်ချုပ်လာပြီး ငါအိမ်ကိုဘယ်လိုပြန်ရမလဲ ပိုက်ဆံက၂၀၀၀လောက်ပဲရှိတော့တယ် စိတ်ညစ်လိုက်တာနော်"
"ဘာတွေညစ်နေတာလဲဗျာ"
"ဟမ် ကျွန်တော်ဘာသာဘာညစ်ညစ်ပေါ့ ခင်ဗျားနဲ့ဘာဆိုင်လဲ"
."အဟီး အစွာလေးပဲ ငါနာမည် မင်းသုတ ပါ"
"အဲဒါဘာလုပ်ရမှလဲ "
"မိတ်ဆက်တာလေးကွာ မင်းကိုကြည့်နေတာကြာပြီး ဘယ်သွားမလိုလဲ ငါလိုက်ပို့ပေးမယ်"
"မလိုပါဘူး ကိုယ်လမ်းကိုယ်သွားစမ်းပါ လာမနှောက်ယှက်နဲ့"
"နှောက်ယှက်တာ မဟုတ်ပါဘူး ကူညီမလိုပါဗျာ"
ဒိုးကလေးထိုလူကိုသေချာ ကြည့်မိတယ်။ရုပ်ရည်က သန့်သန့်ပြန့်ပြန့်ပါပဲ အဝတ်စားကလည်းကြည့်ကောင်းပါသည်။လူဆိုးတော့မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချမိ၍
"ခင်ဗျား ကျွန်တော်ကို ဒီလိပ်စာပို့ပေးနိုင်မလား"
"ရတာပေါ့ ကားပေါ်တက်လေး"
ဒိုးကလေး ယုံကြည်စွာ ကားပေါ်တက်လိုက်သည်။တကယ်တော့ ထိုလူက လူကုန်ကူးတဲ့အဖွဲ့ကပါ။ဒိုးကလေး ကိုတစ်ယောက်ထဲတွေ့လိုလိုက်ကြည့်နေတာပါ။သူတို့ရဲ့နေရာဆီ ဒိုးကလေးကိုခေါ်သွားပါသည်။
"ခင်ဗျား လာတာမြို့ပြင်ရောက်နေပြီး"
"ရောက်မှာပေါ့ ငါကမင်းသွားခိုင်းတဲ့ဆီသွားတာမှမဟုတ်တာ"
"ဘာ ခင်ဗျားအခုချက်ချင်း ကားကိုရပ်ပါ"
"မရပ်ပါဘူး မင်းကငါအတွက်စျေးကောင်းရမှာသေချာတယ် ဟား..ဟား"
"လူယုတ်မာ အင့် ခွပ် ခွပ်"
ဒိုးကလေးပဲ ထိုလူကိုနှစ်ချက်ဆင့်ထိုးပြီး ကားဘရိတ်ဆိုတဲ့နေရာကိုခြေနဲ့နင်းပစ်ကာ လမ်းဘေးကိုကားရပ်ပစ်၏။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်