ကိုကိုရဲ့ဒိုးကလေး
"ဖြန်း.. ဖြန်း"
"အားး သေပါပြီး အမေရ ဒိုးကလေး ခြေသလုံးအရှိုးရာထင်ပါပြီး ကိုယ်သားလေးကိုရက်ရက်စက်စက်ရိုက်ရက်တဲ့"
"ရိုက်ရမယ် ဒိုးကလေး နင်ရွာထဲမှာဘာအမှားလုပ်ထားလဲ"
အမေရဲ့စကားကြောင့် ပေါ်လာတဲ့အမှားတွေကအများကြီးပါ ရွာတောင်ပိုင်းက ဉီးသံချောင်းကိုခွေးနဲ့ရှုတိုက်တဲ့အမှုလား၊ထန်းတောထဲမှာ မောင်ခွေးတို့နဲ့ရန်ဖြစ်တဲ့အမှုလား ဒါမှမဟုတ် ငါကြက်ဝိုင်းမှာရန်ဖြစ်တဲ့အမှုလား ဒိုကလေးတစ်ယောက်အမှားတွေကိုတွေးရင် နဖူးကချွေးများထွက်လာရပါသည်။
"ဟဲ ငါမေးနေတယ်လေး "
"အမေကလည်းဗျာ သားကဘယ်သိမှာလဲလို့"
"အေး နင်ဒေါ်ဝိုင်းကြည် ခြံကဘူးသီးခိုးတယ်ဆို"
."အမေကို ဘယ်သူပြောတာလဲ သားရုပ်ကသူခိုးရုပ်လား"
"ငတက်ပြားနဲ့တော့ ခပ်ဆင်ဆင်ပဲ လိမ်ဖို့မစဉ်းစားနဲ့ သက်သေအခိုင်အလုံနဲ့လာတိုင်တာ"
"ဘာသက်သေလဲ သားကိုပြလေး"
"အေး နင်သူတို့ခြံထဲမှာ ဘူးသီးခိုးတာကို နွားကျောင်းရင်နဲ့ဖိုးထောင် မြင်တယ်တဲ့"
"ဟာ အမေကလည်း.."
"မဟုတ်ဘူးလား"
"ဟုတ်တယ် "
"ဖြန်း..ဖြန်း နင်ကသူခိုးတောင်ဖြစ်နေပြီးပေါ့ ဟုတ်လား ဒိုးပြားမ"
"နာလိုက်တာ သေပါပြီး အဘရေ..အဘမိန်းမကိုမေးကြည့်ပါအုံး သားရဲ့အမေရင်းဟုတ်ရဲ့လားလို့ ရွာထဲကမသိတဲ့လူတွေက မိထွေးလို့ထင်နေမှာ သားကိုရိုက်တာများ မင်းသားဂျက်လီဓားကိုင်ပြီး ဓားရေးပြနေသလားမှတ်ရတဲ့ ဖြန်း..ရွမ်းနဲ့ နာလိုသေပါပြီး အဘိုးရေကယ်ပါအုံး"
"မိကျင် ရပ်လိုက်စမ်း ငါမြေးအသားနုနုလေးနာကုန်ပြီး ဒိုးကလေး အဘိုးဆီလာခဲ့"
အဘိုးရဲ့ခေါ်သံကြောင့် ဒိုးကလေးအလျှင်အမြန် အမေရှေ့ကပြေးခဲ့သည်။အိမ်မှာအဘိုးနဲ့အဘွားက အာဏာအရှိဆုံးပါ။အဘိုးကိုဆိုရင် အမေနဲ့အဘရော့အိမ်ကလူတွေအကုန်ကြောက်ရပါသည်။မြေးတွေထဲမှာ ဒိုးကလေးကို အချစ်ဆုံးပါ။ဒါကြောင့် ဒိုးကလေးတို့ဆိုးနေတာပေါ့။
"အရမ်းနာသွားလား မြေးလေး"
"နာတာပေါ့ အီးးဟီးး အမေကဝါးခြမ်းပြားနဲ့ရိုက်တာ ကြည့်ပါအုံးသားရဲ့ခြေသလုံး မှာအရှိုးရာတွေကြီးပဲ"
အမေရိုက်တုန်းက အသံပြဲမအော်ရဲပဲ အဘိုးအရှေ့မှာတော့ ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ငိုနေတာကိုကြည့်ပြီး ဒေါ်မိကျင် ဒေါသထွက်ရပါသည်။
"မိကျင် နောက်တစ်ခါ ငါမြေးကိုတုတ်နဲ့ရိုက်ဖို့မပြောနဲ့ လက်နဲ့တောင်မရွယ်မိစေနဲ့ အကြီးမပန်းဝတ်လွှာ "
"ရှင် အဘိုး"
"ငါမြေးကိုအခန်းထဲခေါ်ပြီး ဆေးလိမ်းပေးလိုက်"
"ဟုတ်ကဲ့ အဘိုး"
ဒိုကလေးကို အခန်းထဲမှာ မမကြီးပဲဆေးလိမ်းပေးရပါသည်။မမကြီးကဆေးလိမ်းရင် ဒိုးကလေးကို ဆုံးမပါသည်။
"ဒိုးကလေးရဲ့ ဘာလိုဘူးသီးခိုးရတာလဲ ကိုယ်မှာလည်းပိုက်ဆံရှိနေတာကို ဝယ်ပေါ့"
"မမကြီးကလည်း ခိုးချင်လိုခိုးတာမဟုတ်ဘူး အဲဒီဒေါ်ဝိုင်းကြည့်က သားကိုမထိတထိဒိုးပြားမ လိုခေါ်တာကို့ အဲဒါကြောင့်ပညာပေးတဲ့အနေနဲ့ သူအမြတ်တနိုးထားတဲ့ ဘူးသီးတွေကိုဝင်ခိုးခဲ့တာ အိမ်ကိုလည်း ရင်ဘက်စည်တီးပြီးလာတိုင်တဲ့မဟုတ်လား"
"အဟင်း အမှန်ပဲ ဒေါ်ဝိုင်းကြည့်ကြီး ဒေါသတကြီးလာတိုင်တာပေါ့ ရယ်ချင်စရာတော့ကောင်းတယ်။ဒါနဲ့အမေရိုက်တော့ အာဗြဲကြီးနဲ့မငိုပဲ အဘိုးရှေ့ရောက်တော့ဘာလိုငိုတာလဲ"
"အမေရှေ့ငိုလို့ကတော့ ကိုင်ထားတဲ့ဝါးခြမ်းပြားက ခွေသလုံးအတှကျမဟုတျပဲ ပါးစပ်ထဲရောက်သွားမှာပေါ့"
"ငလည်လေး ဒိုးကလေးရယ် လိမ်မာလိမ်မာနေပါ"
အဝတ်စားရုတ်ပြီး အခန်းထဲဝင်လာတဲ့ မမလေးကဝင်ပြော၏။
"လိမ်လိမ်မာမာနေတာပဲ အမြင်မတော်တဲ့လူတွေ့ရင်တော့ ပညာပေးရမှာပဲ ..ဒိုးကလေးစကားမဆုံးခင်
"မိကျင် မိကျင် ဒိုးကလေးခွေးနဲ့ရှုတိုက်လို့ ငါယောကျာ်းအခုခွေးကိုက်ခံရပြီးဘယ်လိုတာဝန်ယူမလဲ"
"ခွေးကိုက်တာကနောက်မှာထား ကြက်ဝိုင်းမှာငါသားကိုစော်ထဲလိုက်တဲ့ ပြသာနာရှင်းပေး "
"အဲဒီပြသာနာမရှင်းခင် ငါထန်းတောမှာ ရန်ဖြစ်လို့ ထန်းရည်ဆိုင်ပျက်စီးသွားတာ တာဝန်ယူပေးပါ"
ဟုတ်ပါပြီး မဘုတ်ဆုံ၊မတုတ်ကြီးနဲ့ ကိုမြသာ အိမ်ထဲဝင်ပါအုံးရှင်း ခဏထိုင်ကြပါ ကျွန်မဖြေရှင်းပေးပါမယ်။
"မမကြီးဆေးမထည့်နဲ့တော့ နောက်ဖေးပေါက်ကနေလစ်မှာဖြစ်တော့မယ် မဟုတ်ရင်အမေကဒီတစ်ခါဓားနဲ့ပြေးထိုးမယ်ထင်တဲ့ အဘိုးလည်းကယ်နိုင်မှာမဟုတ်ဘူး တာတာ့ပြေးပြီး ဆိုကာ ဒိုကလေးအလျှင်အမြန် အိမ်ကနေထွက်ပြေးခဲ့ပါသည်။
ကျယ်ဝန်းလှပတဲ့ ဟော်တည်ကြီးက ခမ်းနားထည်ဝါလှပါသည်။နိုင်ငံခြားတွေအများအပြားလည်း လာရောက်တည်ခိုကြပါသည်။ ဧကရာဇ်ရာဇာ ဆိုတဲ့ဟော်တည်က မြန်မာပြည်တွင် အကောင်းဆုံးနဲ့ဝန်ဆောင်မှုအပေးနိုင်ဆုံးဟော်တည်ကြီးတစ်ခုပါ။နိုင်ငံရပ်ခြား ခရီးသည်များအများဆုံးလာရောက်နားခိုကြပါသည်။
"အလုပ်ကိုဘယ်လိုလုပ်ကြတာလဲ မင်းတို့တွေအရမ်းပေါ့လျော့လွန်တဲ့ ဧည်ကြိုတွေ မျက်နှာကိုပြုံးပြုံးရွှင်ရွှင်ထားပါ။နင်တို့ရဲ့အပြုံးတွေက လာရောက်တည်ခိုသူတွေ အတွက်စိတ်ကျေနပ်မှုရှိရမယ်။ စားဖိုမှုအဖွဲ့ သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်ပြီးအရသာရှိသော အစာအစားများကိုဖန်တီး ငါအကုန်လုံးကိုလိုက်မပြောနိုင်ဘူး ဒါနောက်ဆုံးသတိပေးခြင်းပါ။နောက်တစ်ခါခေါ်ပြီးဆူရရင် လစာဖြတ်မယ် အားလုံးကိုယ်အလုပ်ကိုယ်လုပ်ကြတော့"
အနောက်တိုင်းဝတ်ဆုံနဲ့ အရမ်းလိုက်ဖက်သောလူငယ်တစ်ဉီးပါ။ရင်အုပ်ကာကာ အရပ်ရှည်ရှည် ဆံပင်တိုတိုကိုကေထောင်ထားတာကိုကသူရဲ့ ခန့်ညားမှုကိုပေါ်လွင်လှပါသည် ။အသံကကြည်လင်ပြတ်သားပြီး အရာရာကိုစေစပ့်သေချာမှန်းသူရဲ့ဝတ်စားဆင်ယင်မှုကိုကြည့်ရင်သိနိုင်ပါသည်။ရုပ်ရည်ကတော့ အချောစားကြီးမဟုတ်ပါ ကြည့်ကောင်းပြီးသန့်တဲ့ဆိုယုံလောက်ပါ ဒါပေမဲ့လည်း မိန်ကလေးအများစုရဲ့နှလုံးသားကိုအရည်ပျော်စေပါသည်။
"ဆရာ တစ်နာရီမှာအစည်းဝေးရှိတယ် ၃နာရီမှာတော့ ဆရာဘိုးဘိုးက ဆရာကိုလာတွေ့မယ်တဲ့"
"ဒါပဲလား ကိုယ်အလုပ်ကိုယ်သွားလုပ်တော့ ၁၂နာရီ၅၅မိနစ်မှာ ငါကိုလာပြော အစည်းဝေးသွားမယ်"
"ဟုတ်ကဲ့ ဆရာ"
အလုပ်စားပွဲမှာထိုင်ပြီး ကွန်ပျူတာကိုနိပ်နေတဲ့သူရဲ့လက်တွေကမြန်ဆန်ကြည့်ကောင်းလျက်ပါ။ အလုပ်လုပ်ရင် ဖုန်းလာတာကြောင့် သူရဲ့မျက်နှာအလိုမကျဖြစ်ပေမဲ့ ဖုန်းကိုကောက်ကိုင်လာပါသည်။
"ပြောပါ ဧကရာဇ်ပါ"
". ......."
"အဲဒါပြောဖို့ကိုများ ဆက်နေရသေးတဲ့ ဒါပဲငါအလုပ်မအားဘူး အစည်ဝေးမှာတွေ့မယ် ဆိုကာဖုန်းကိုချပစ်ကာ ကွန်ပျူတာဘက်အာရုံစိုက်လိုက်ပါသည်။
ဟိုတည်ရဲ့အပေါ်ဆုံးထပ်မှာ လှပတဲ့ဉယျဉ်တစ်ခုဖန်တီးထားပါသည်။ ပန်းပေါင်းစုံစိုက်ကာ ပန်းတွေရဲ့အလယ်မှာရေတံခွန်လေးသဖွယ်ပြုလုပ်ထားပါသည်။ဘေးပတ်လည်တွင် ထိုင်ခုံနဲ့စားပွဲ၊ဒန်းတစ်ခု၊စုံတွဲထိုင်ခုံမှာအများအပြားထားရှိပါသည်။ဒီနေရာကိုရောက်ဖူးတာနဲ့ ဘယ်သူမှမပြန်ချင်လောက်အောင် ဖြစ်ရပါသည်။ဒီနေရာလေးကတော့ ဧကရာဇ်မိသားစုအတွက်သီးသန့်ပါ။မည်သူမှဝင်ခွင့်မရှိပါ။
"ဘိုးဘိုးရောက်နေတာကြာပြီးလား"
အဘိုးအိုကနာရီကိုတစ်ချက်ကြည့်ကာ ပြုံးမိတယ်
"တစ်မိနစ်မှာမစွန်းပဲ အတိအကျရောက်လာတာပဲ ထိုင်ပါ ငါဖရဲသီးဖျော်ရည်ဖျော်ခိုင်းထားတဲ့ မင်းလည်းသောက်မယ်မဟုတ်လား"
"ဟုတ်ကဲ့ ဘိုးဘိုး"
"ဒီနေရာလေးကအရမ်းလှတာပဲ ဘယ်လိုစိတ်ကူးရတာလဲ"
"အငယ်ကောင်ကြောင့်ပါ ဘိုးဘိုး သူကကာတွန်းကားအကြည့်များတဲ့လေး သူရဲ့ဒီဇိုင်းပညာနဲ့ကြည့်နေတဲ့ကားတွန်ရှုခင်းတွေပေါင်းစပ်လိုက်တာ ပါဗျာ"
"အငယ်ကောင်လည်း တော်တာပဲ မင်းရဲ့ဟော်တည်းသတင်းကြားပါတယ် အရမ်းအောင်မြင်နေတယ်ဆိုတာ"
"ဘိုးဘိုးရဲ့ခြေယာကိုမှီဖို့ကြိုးစားရပါအုံးမယ်ဗျာ"
"အဟွန်းး မှီနေပါပြီကွာမင်းရဲ့ အကြောင်းငါအကုန်ကြားပြီးပြီး ဒါနဲ့မင်းအသက်မငယ်တော့ဘူးနော်"
"
ဘိုးဘိုးရဲ့စကားကြောင့် ဧကရာဇ် နည်းနည်းတော့လန့်ပါသည်။အသက်မေးလာပြီးဆိုကတည်းက အိမ်ထောင်ပြုပေးချင်လိုဆိုတာ စီးပွားရေးသမားဖြစ်တဲ့သူက ကောင်းစွာသဘောပေါက်သည်။ဒါကြောင့်ဘိုးဘိုးမပြောခင် သူလက်ဉီးမှုယူပြီးပြောရပါမည်။
"ငယ်သေးပါတယ် သားအသက်ကအခု၂၆ပြည့်ခါစပဲရှိသေးတယ် လုပ်ငန်းတွေလည်းတိုးချဲရအုံးမယ် ချစ်သူရည်းစာတောင်အသက်၃၅ပြည့်မှာစဉ်းစာမယ် တွေးထားပါတယ် ဘိုးဘိုး"
"ဒီကောင် သေချင်ပြီးလား ၃၅မှာရည်းစာထားမယ်ဆိုတော့ မင်းကရိပ်သာမှာမဂ်လာဆောင်မလို့လား ဧကရာဇ် ငါတုန်းကမင်းအရွယ်မှာ မင်းရဲ့အမေနဲ့ဉီးလေးရဲ့အဖေဖြစ်နေပြီးနော် "
"ဘိုးဘိုးကလည်း သားက အိမ်ထောင်ရေးစိတ်မဝင်စားပါဘူးဗျာ လုပ်ငန်းတွေတိုးချဲ့ရအုံးမယ်"
ဉီးမင်းမဟာ မြေးကြီးအကြောင်းသိတာပေါ့ အချစ်ရေးထက် စီးပွားရေးကိုဉီးစားပိုပေးသူ အလုပ်အကြောင်းကလွယ်ပြီး ဘာကိုမှစိတ်မဝင်စားဘူး အဲဒီအကျင့်လေးကို သဘောကျပေမဲ့ မိန်းမလည်တွေရဲ့အမိဖမ်းချင်ကို ဘယ်နေ့ခံရမလဲတွေးပူနေရတာကြောင့် အိမ်ထောင်ပြုပေးဖို့စီစဉ်တာပါ။
"အေးပါကွာ ဒါပေမဲ့ ဘိုးဘိုးရဲ့မွေးရပ်မြေသွားရင်တော့ အလုပ်တွေကိုပစ်ထားပြီး လိုက်ခဲ့ရမယ်နော် ဒါအမိန့်ပေးတာ မငြင်းနဲ့"
ဧကရာဇ် ငြင်းဖို့လုပ်မယ်ပဲကြံသေးတဲ့ ဘိုးဘိုးက ပြောလိုက်တော့ ငြိမ်ကုတ်နေရပါသည်။အိမ်မှာ ဖေကြီးထက် ဘိုးဘိုးကိုပိုကြောက်ရသည်။မထင်ရင်မထင်သလို လူရှေ့သူရှေ့လည်းမရှောင် နရင်းအုပ်တုန်းပါ။ သူ့စိတ်အခန့်မသင့်ရင် အစည်းဝေးလုပ်နေလည်း တွေ့ရာနဲ့ပစ်ပေါက်တတ်သည်။
"ဘိုးဘိုး အမိန့်ကိုနာခံပါမယ်ဗျာ"
"Ok ဒါဆိုရင် ဖရဲသီးဖျော်ရည်သောက်ကြတာပေါ့ကွာ "
"ဟုတ် ဘိုးဘိုး"
နေ့လည်ခင်း နေအရမ်းပူသော်လည်း အညာမြေရဲ့မန်ကျီးပင်အရိပ်က အေးမြနေပါသည်။မန်ကျီးပင်အောက်မှာ ကလေးတွေဆော့ကစား လျက်ရှိသလို လူကြီးတွေလည်း စကားဖောင်ဖွဲ့ကာဝိုင်းပြောလျက်ရှိသည်။အရမ်းကိုပျော်ရွှင်ဖွယ်ကောင်း၍ကြည်နူးစရာမြင်ကွင်းလေးပါ။
"ဟဲ ဟဲ စည်းမခိုးနဲနော် ကြွက်စုတ်"
"မခိုးပါဘူး ကိုဒိုးကလေးကလည်း"
"နင်ကသာမခိုးဘူးနေ အောကျကစညျးက နင်တက်နင်းထားလိုပျက်နေပြီး ဖယ် စည်းဆွဲအုံးမယ်"
"အဲဒါက မမြင်လို့ပါ ကိုဒိုးကလေးကလည်း"
."မမြင်ဘူးတဲ့ ပုစွန်ထုပ်ထက်ပိုပြူးတဲ့ နင်မျက်လုံးကိုရွှေချထားဖို့ကောင်းတယ် "
"ကဲ့ပါ ကြွက်စုတ်နဲ့ ကိုဒိုးကလေးစကားများမနေနဲ့ အချိန်ကြာတယ် ပစ်တော့ ကြွက်စုတ်"
ဒိုးကလေးတို့ကစားနေတာ လောက်စာလုံးပစ်တမ်းပါ။ရွှံကို လုံးပြီးနေပူလှမ်း၍လုပ်ရခြင်းဖြစ်သည်။ရန်ကုန်မှာဆိုရင် ဖန်ဂေါ်သီးလုံးနဲ့ဆော့ကြတာပါ။တောမှာတော့လောက်စလုံးနဲ့ကစားတာပါ။
"နဂငယ်နရင်းချိတ် ပိတ်"
"ယေးးးး ကြွက်စုတ်မထိဘူး ငါအလှည့်"
"ကိုဒိုကလေး နဂငယ်နရင်းချိတ် ပိတ်လို့ပြောတာကြောင့်မထိတာ"
"မဆိုင်တာ ဂလှိုင်လာမခေါက်နဲ့ ကိုယ်ဘာသာလက်မဖြောင့်လို့မထိတာကို့ မကျေနပ်ရင် ငါအလှည့် မင်းပြန်ဆိုပေါ့ကွာ"
"ဆိုမှာပါ ဟွန့်"
မကျေမနပ်ဖြစ်နေသော ကြွက်စုတ်ကို လျာထုတ်ပြောင်ပြီး ပစ်လိုက်သည်။
စာရေးသူ သွေးမိန့်