book

Index 9

အပိုင်း(၉)

နတ်ရဲတောင်လျို့ဝှက်ချက်. ၉

==============


      ညကြီးသန်းခေါင်အချိန်ကြောက်လန့်တကြားအော်ဟစ်၍ပြေးလာသောနွားခြံစောင့်အော်သံကြောင့်အိပ်ပျော်နေ

သောရွာသားများနိူးလာကြပြီးယောက်ကျားသားများမှာ

တုတ်ဓားများဆွဲ၍ အသံကြားရာဝိုင်းလာကြတော့၏ ။

       နွားခြံစောင့်မှာသူကြုံခဲ့ရသောကြောက်မက်ဖွယ်ရာ

ထူးဆန်းသောသစ်ပင်ကြီးအကြောင်းကိုရွာသားများ

ကိုပြောပြရာရွာသားများမှာယုံရခက်မယုံရခက်ဖြင့်

ရှိနေကြတော့၏ ။


    ရွာလူကြီးဦးဆောင်၍ရွာသားတစ်ချို့မှာ နွားနောက်ခြံသို့လာကြည့်ကြရာတွင်ပြိုပျက်နေသောနွားခြံကိုတွေ့ရခြင်းနဲ့အတူ ။ 

      ဒဏ်ရာများဖြင့်လဲနေသော နွားခြံစောင့်ခွေးငယ်

လေးကိုတွေ့လိုက်ကြရတော့၏ ။


       ရွာသားများမှာ နွားခြံစောင့်မြင်လိုက်ရသော

သစ်ပင်ကြီးလူပ်ရှားသွားလာသည်ဆိုခြင်းကိုလက်ခံယုံကြ၏်ရန်ခက်ခဲနေကြသည်။


    သူတို့တသက်တာတွင်ထိုကဲ့သို့အဖြစ်အပျက်မျိုးမကြုံဖူးသောကြောင့် ၊သစ်ပင်က အသက်ဝင်၍လူပ်ရှားသွား

လာသည်ဆိုခြင်းမှာ လုံးဝဖြစ်နိူင်စရာအကြောင်းမရှိပဲ

သရဲတစ္ဆေ၏လှည့်စားမူကြောင့် နွားခြံစောင့်ရွာသား

  ကြောက်လန့်မူကြောင့် စိတ်ထဲတွင်ထင်ယောင်ထင်မှားဖြစ်ခြင်းဟုသာမှတ်ယူ

လိုက်ကြ၏ ။


      နွားခြံစောင့်ရွာသားကြုံရသောအဖြစ်အပျက်ကြောင့်ရွာ

တွင်းမွေးမြူထားသော နွား၊ဝက်၊ဆိတ်များကိုဖမ်းယူနေသောအကောင်မှာ တောကောင်

ကျား၊တောခွေးများမဟုတ်ပဲ သရဲတစ္ဆေကြီးတစ်ကောင်

ဟူ၍ရွာအတွင်းသတင်းပျံ့နှံ့သွားခြင်းနဲ့အတူ ရွာသားများမှာ သားရဲတိရိစ္ဆာန်ကို ရင်ဆိုင်ရန်လက်မတွန့်ကြသော်လည်း သရဲတစ္ဆေဆိုခြင်းကြောင့် ထိတ်လန့်ကြောက်ရွံ့ကုန်ကြ

တော့သည်။


        ထိုသို့ဖြင့် 

ရွာသားများကြောက်ရွံ့ထိတ်လန့်နေကြသော တစ္ဆေ၊သရဲကြီးမှာ တပတ်တခါ အိမ်မွေးတိရိစ္ဆာန်များပျောက်ကုန်သောကြောင့်ပို၍ထိတ်လန့်လာကြတော့၏ ။


     ထိုကိစ္စများဖြစ်ပေါ်နေချိန်တွင်ကာထန်မှာအိမ်တွင်ရှိမနေပဲ တစ်ခြားသူ့အမေဇာတိရွာတွင် ကျားဆိုးတစ်ကောင်သောင်းကျန်းနေသောကြောင့်

မုဆိုးကောင်းကောင်းမရှိသောကြောင့်ကာထန်အား

အကူအညီလာတောင်းကြသောကြောင့်သွားရောက်ပစ်

ခတ်ပေးနေရာတစ်လကိုးသီတင်း

ခန့်မျကြာနေချိန်ရွာတွင်ထိုကိစ္စရပ်များဖြစ်ပေါ်နေခြင်းဖြစ်သည်။


      ကာထန်ပြန်ရောက်လာချိန်တွင်သူကြီးမှကာထန်အား

ခေါ်ယူ၍ရွာတွင်ကြုံရသ်မျအခြေအနေများကိုပြောပြ၍

ကာထန် အမြင်ကိုမေးလာ၏ ။


    ကာထန်မှာ သရဲတစ္ဆေဟူသော ကိစ္စရပ်များထက်လက်တွေ့သဘောတရားအရဖြေရှင်းရန်သူကြီးကိုအကြံပြု၍သူ့အကြံအစည်များကိုပြောပြလာသည်။


 ပထမဦးစွာ ရွာမှသားကောင်များကို သရဲကြီးဟုရွာသားများခေါ်နေကြသောအကောင်ကြီးမှသုံးလေးရက်ခန့်တစ်ခါ ၊တပတ်တခါ လာရောက်ဆွဲယူတတ်ကြောင်းသိရသလို

ထိုကောင်ကြီးသားကောင်ဆွဲယူသွားသည်မှာတပတ်ခန့်အချိန်ရှိပြီဖြစ်ကြောင်းသိလိုက်ရတော့သည်။


    ထို့ကြောင့်

သရဲတစ္ဆေလားတခြားသောသားကောင်တစ်ကောင်လားမည်သည့်အကောင်ဖြစ်နေစေကာမူ၊အစာဖြင့်

မြှားပစ်ရန်ဆုံးဖြတ်လိုက်တော့၏ ။


        ထိုညမှာပင်ရွာတောင်အစပ်တွင်

နွားနောက်တစ်ကောင်ကိုကြိုးချည်၍ ကာထန်နဲ့ ရွာသားသုံးလေးယောက်မှာတောင်ကမ်းပါးယံတွင်ပေါက်ရောက်နေသောအပင်ကြီးခွဆုံပေါ်တွင်လင့်စင်ထိုး၍နွားနောက်ကိုလာဖမ်းမည့်အကောင်အားစောင့်ဆိုင်းလျက်ရှိနေကြပါတော့သည်။


        လကွယ်ရက်ဖြစ်သောကြောင့်ပတ်ဝန်းကျင်မှာ

မဲမဲမှောင်လျက်တစ်ကောင်တည်းရှိနေသောနွားနောက်မှာတစ်ကောင်တည်းအဖော်မဲ့ကြောက်လန့်ဟန်အောင်မြည်သံပြုလျက်ရှိနေပါတော့သည်။


          ကာထန်နဲ့တစ်ခြားရွာသားများမှာလင့်စင်ပေါ်တွင်

 မြောက်မြားလှစွာသောခြင်အုပ်ကြီး၏ ၊ကိုက်ခဲမူဒဏ်ကိုအလူးအလှိမ့်ခံနေရလျက်ရှိနေပါသည်။


       ခြင်ကိုအသံထွက်အောင်လည်းမရိုက်ရဲ၊ လူပ်ရှားသံဆူဆူညံ့မပြုလုပ်ရန်လည်းကာထန်ကမှာကြားထားခြင်းကြောင့် တစ်ကိုယ်လုံးပြွတ်ခဲနေသော

ခြင်များကိုလက်ဖြင့်ပွတ်ချ၍ကြိတ်မှိတ်သည်းခံ၍သာ

ခံစားနေရပါတော့သည်။


        ထိုသို့ဖြင့်ညနက်ပိုင်းအချိန်သို့ရောက်မှန်းမသိ

ရောက်လာခဲ့တော့သည်။

         အမှောင်အတွင်းနွားနောက်ရှိရာမြှားဖြင့်ချိန်၍

ငြိမ်သက်စွာရှိနေ၏ ။


        အမှောင်အတွင်းမကြာခနအော်မြည်နေသော

နွားနောက်အသံပြောင်းသွားသလို နွားနောက်မှာ နှာတဖူးဖူးမူတ်နေသံကြားလိုက်ကြရတော့သည်။ 


    နွားနောက်အနီးသို့ရန်သူရောက်နေသောကြောင့်နွားနောက်မှာနှာမူတ်သံပြု၍ ရန်သူကိုပြန်ရင်ဆိုင်ရန်ပြု

နေကြောင်း ကာထန်သိလိုက်သောကြောင့် မီးအုပ်ဆောင်းဖွင့်ရန်သူလူများကိုအချက်ပြလိုက်သည်။


       (သစ်သားတုံးကြီးကိုအခေါင်းထွင်း၍ထိုအခေါင်းအတွင်း

အောက်ခံသံပြားခွက်ငယ်ပေါ်တွင်မီးစာများထည့်၍

မီးထွန်းညှိပါက အလင်းမှာဘေးသို့ပြန့်မသွားပဲ ရှေ့အပေါက်မှ အပြင်ထွက်၍အတော်ဝေးဝေးအလင်း

ရောက်နိူင်ကာ လက်နှိပ်ဓတ်မီးအသွင် ရှေးလူကြီးများ

အသုံးပြုခဲ့သော မီးအုပ်ဆောင်းတစ်မျိုးဖြစ်၏ ။)


   ကာထန်ဘေးတစ်ချက်မှ မီးအုပ်နှစ်ခုမီးထွန်းညှိဖွင့်လိုက်ရာတွင် မီးအုပ်ဆောင်းအလင်းနှစ်ခုမှာနွားနောက်ကိုယ်ပေါ်လွန်းခြုံကျသွားခြင်းနဲ့အတူမြင်လိုက်ရသောမြင်ကွင်းကြောင့်အားလုံးပါးစပ်အဟောင်းသားကြောင်ငေးကုန်ကြ

တော့သည်။


  အားလုံးကိုယ်မျက်စိကိုယ်မယုံကြည်နိူင်ဖြစ်ရခြင်းအကြောင်းမှာ နွားနောက်ရှေ့တွင် သစ်ပင်ကြီးတစ်ပင်ရောက်ရှိနေသောကြောင့်ဖြစ်ပါတော့သည်။

   အစပထမထိုနေရာတွင်မည်သည့်သစ်ပင်မှမရှိမှန်း

အားလုံးသိပြီးသားဖြစ်သောကြောင့် ရုတ်တရက်သစ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသော

ကြောင့်အားလုံးအံ့အားသင့်ကုန်ကြခြင်းပင်ဖြစ်သည်။


      ထိုအချိန်မှာပင် 

သစ်ပင်ကြီးမှာအသက်ဝင်နေသည်အလား ယိမ်းထိုးလူပ်ရှားလာခြင်းနဲ့အတူ သစ်ကိုင်းကြီးတစ်ကိုင်းက နွားနောက်ကျောပေါ်သို့ရိုက်ချလိုက်ခြင်းကြောင့်

နွားနောက်ထံမှအရိုးကျိုးသံများထွက်ပေါ်လာခြင်း

နဲ့အတူ မြေပေါ်ပုံကျသွားတော့၏ ။


      သစ်ပင်ကြီးမှအကိုင်းအခက်များမှာအသက်ငင်

နေသောနွားနောက်ကိုသစ်ကိုင်းဆုံပေါ်တင်ပြီးထိုနေရာမှလျင်မြန်စွာဖြင့်ထွက်ခွာ၍ အမှောင်အတွင်းဝင်ရောက်

ပျောက်ကွယ်သွားပါတော့၏ ။


     ကာထန်မှာတို့လူစုမှာကားအံ့အားသင့်စရာကောင်းလှသောမြင်ကွင်းကိုမျက်ဝါးထင်ထင်တွေ့လိုက်ရသော

ကြောင့်ပါးစပ်အဟောင်းသားဖြင့်ကြောင်ငေး၍သာ

ရှိနေကြပါတော့၏ ။


       ကာထန်မှာအိမ်ပြန်ရောက်ချိန်ထိအိပ်မပျော်နိူင်ပေ။


       သူကြုံတွေ့၊မြင်တွေ့ခဲ့ရသော အသက်ဝင်နေသောသစ်ပင်ကြီးအကြောင်းကိုတွေးတောရင်းဖြင့်ရှိနေပါတော့သည်။


       မိုးလင်းချိန်ရေနွေးတစ်အိုးတည်ရင်းဖြင့်

သစ်ပင်ကြီးအကြောင်းတွေးနေရာမှရုတ်တရက်ခေါင်းအတွင်းတစ်စုံတစ်ခုကိုသတိရလိုက်သောကြောင့် 

    အိမ်နောက်ဖက်သို့ခပ်သုတ်သုတ်ပြေးလာခဲ့ရင်း

တောစပ်မှသစ်ပင်ကြီးတစ်ပင်ရှေ့ရပ်လိုက်ပါတော့၏ ။


         သူကျားပစ်စဉ်ကတွေ့ရှိခဲ့ရာမှယူဆောင်လာ၍

စိုက်ပျိုးခဲ့သောသစ်ပင်ငယ်လေးမှာ သုံးလေးနှစ်အတွင်း ကြီးမားသောအပင်ကြီးတစ်ပင်အဖြစ်သို့ရောက်ရှိနေခြင်းကမယုံကြည်နိူင်စရာကောင်းလွန်းနေပါတော့သည်။

          သစ်ပင်နဲ့ပတ်သက်၍ထူးခြားချက်များကို

ကာထန်တစ်ခုခြင်းအသေးစိတ်တွေးနေမိပါတော့၏ ။


       သုံးလေးနှစ်အတွင်းယခုသစ်ပင်မှာ ဆယ့်လေးငါးနှစ်သက်တမ်းရှိသစ်ပင်ကြီးအရွယ်ရှိနေခြင်း။

      သစ်ရွက်များမှာရဲရဲတောက်၍သွေးရောင်ကဲ့သို့

ရဲရဲနီနေကာ အလယ်တွင်သွေးကြောကဲ့သို့အစိမ်းရောင်အကြောလေးများယှက်သန်းလျက်ရှိနေကြ၏ ။


   ထို့အပြင်သစ်ပင်ကြီးအနီးတွင်ညှီစို့စို့အနံ့များရနေပြီး

အညှီအပုတ်ကြိုက်သောယင်မဲရိုင်းများမှာ အပင်တစ်ဝိုက်အုံလိုက်ကျင်းလိုက်ပျံသန်းနေကြလျက်

ရှိနေသည်။

      ကာထန်မှာလက်လှမ်းမီရာသစ်ကိုင်းမှသစ်ရွက်တစ်ရွက်ကိုအညှာတံမှဆွဲဖြုတ်ကြည့်ရာ သစ်ရွက်ခူးရာ

နေရာမှထွက်လာသောအစေးများမှာ သွေးရောင်သန်း

လျက်ရှိနေပါတော့သည်။


    ကာထန်မှာညကသစ်ပင်ကြီးကိုမြင်ခဲ့ရချိန်တွင်

သူ့အနေနဲ့ထိုသစ်ပင်မျိုးတစ်နေရာတွင်ရင်းရင်းနှီးနှီးမြင်

ဖူးနေသလိုခံစားနေရသောကြောင့် ယခုလိုသူစိုက်ပျိုးခဲ့သောသစ်ပင်အောက်လာကြည့်ရင်းဖြင့်ရှိနေပါတော့သည်။


     ကာထန်သံသယများမှာတစ်ခုပြီးတစ်ခုခိုင်မာလာသောကြောင့် အိမ်အနီးမှတူးရွင်းပြားကိုယူ၍ သစ်ပင်အောက်ခြေကိုတူးကြည့်ရာတွင်ဆိုးရွားလွန်းသောအပုတ်နံ့များနဲ့အပင်အောက်တွင် တိရိစ္ဆာန်အရိုးများတွေ့လိုက်ရချိန် ကာထန်မှာ အံ့သြထိတ်လန့်မူဆိုဖွယ်ရာမရှိတော့ပေ ။

       မနေ့ညကလောလောလတ်လတ်နွားနောက်သေကိုလည်းတွေ့ရခြင်းနဲ့အတူ နွားနောက်ကိုယ်ပေါ်တွင်

သစ်ပင်အမြစ်ကလေးပေါင်းများစွာက ရစ်ပတ်ခွေလိမ်

ထိုးစိုက်နေသည်ကိုလည်းတွေ့ရပြန်သည်။ 


     ကာထန်မှာအံ့သြသင့်စိတ်၊ မယုံကြည်နိူင်လောက်သောမြင်ကွင်မျိုးမြင်တွေ့နေရခြင်းကြောင့်ဖြစ်သောစိတ်တို့ဖြင့်ရှိနေ၏ ။


     သူမတော်တဆတွေ့၍ယူခဲ့သောအပင်မှာ 

တိရိစ္ဆာန်သွေးသားမျာုးကိုစုတ်ယူစားသောက်သောသားစားအပင်မျိုးဖြစ်နေသည်ကိုမယုံကြည်နိူင်စရာတွေ့ရှိရ

ပြီးနောက်တွင် သူစသောဇတ်လမ်းကိုသူကိုယ်တိုင်

အဆုံးသတ်ရန်ဆုံးဖြတ်လိုက်တော့၏ ။


      ကာထန်မှာတောင်ယာခုတ်ဓားမကြီးဖြင့်သားစား

အပင်ကြီးကိုခုတ်လှဲပစ်လိုက်တော့၏ ။

        အပင်ကြီးကိုခုတ်လှဲနေစဉ် အပင်ကြီးအသက်ဝင်လူပ်ရှား၍သူ့အပေါ်အန္တရယ်တစ်စုံတရာပြုမည်လားဟု မဝံ့မရဲစိတ်ဝင်နေမိသေးသည်။

       သို့ရာတွင်

အပင်ကြီးမှာ ညအချိန်မှသာအသက်ဝင်လူပ်ရှားနိူင်သည်လားမဆိုနိူင်ပေ။

   အန္တရယ်တစ်စုံတရာမတွေ့ရပေ။ သို့ရာတွင်အပင်ခုတ်ရာတွင်ထွက်သောအစေးများမှာအားလုံးသွေးရောင်ဖြစ်နေသောကြောင့်တစ်ခြားတစ်

ယောက်သာမြင်ပါက ကာထန်တစ်ကိုယ်လုံးသွေး

အလိမ်းလိမ်းကပ်ငြိနေသည်ဟုသာထင်မှတ်ကြမည်

မှာသေချာနေသည်။


   ကာထန်မှာ အပင်အားခုတ်လှဲပြီးချိန်တွင်သစ်မြစ်ဆုံကိုကိုပါ အလုံးလိုက်တူးဖော်၍ ထင်းခြောက်များ သစ်ရွက်ခြောက်များဖြင့်အပင်ကိုစုပုံ၍မီးရိူ့လိုက်ပါတော့၏။

ထိုသစ်ပင်ကြီးအားကာထန်ခုတ်လှဲ၍မီးရိူ့လိုက်ချိန်မှစ၍

အိမ်မွေးတိရစ္ဆာန်များကို လာဆွဲတတ်သောအပင်သရဲ

ကြီးမှာလည်းပျောက်ကွယ်သွားပါတော့၏ ။


         ”ဒါကတော့ အဘ အဖေ ကြုံခဲ့ရတဲ့

ထူးဆန်းတဲ့သားစားသစ်ပင်အကြောင်းပါပဲ....”


    ရန်မတီးမှာသူ့ဖခင်ကြုံတွေ့ခဲ့ရသောထူးဆန်းသော

သစ်ပင်ကြီးအကြောင်းကို လူငယ်များပြောပြပြီးသောအခါ အနားမနေနိူင်သေးပဲ

ရူဘီနာကို နောက်တစ်ကြိမ် အိန္ဒိဘာသာဖြင့် အကျည်းချုံး၍ပြောပြနေရပြန်သည်။


      ”...ဒါနဲ့..အဘ..ကျွန်တော်တို့ကြုံခဲ့ရတဲ့

သစ်ပင်ကရော ဘယ်လိုအပင်မျိုးလို့ အဘထင်လဲ...”


  ”...အဘလည်းအတိအကျမပြောတတ်ပါဘူး

မနူသာသစ်ပင်နဲ့ နွယ်ရှင်ပင်နှစ်မျိုးစုပေါင်းပြီး

ဖြစ်တည်နေမူမျိုးပဲ.... ကဲ..ညနက်နေပြီ...

အလှည့်ကျကင်းတာဝန်ခွဲပြီးအိပ်ဖို့လုပ်ကြရအောင်...”


အချိန်မှာစကားတပြောပြောဖြင့်ညနက်လာပြီဖြစ်သောကြောင့် ရန်မတီးမှသူ့လူများကို အိပ်စက်ရန်ပြောဆိုကြရာလူငယ်များမှာ ရန်မတီးမှာအသက်အရွယ်ကြောင့်လည်းကောင်း၊ရူဘီနာမှာမိန်းမသားဖြစ်နေခြင်းကြောင့်လည်းကောင်း

ကင်းအဖွဲ့မှ ချန်လှပ်ထားခဲ့တော့၏ ။


      ကောင်းကင်တွင်လမင်းကြီးမှာပြည့်ဝိုင်းစွာသာလျက်ရှိနေသော်လည်းရန်မတီးတို့ရောက်နေရာမှာမြေကြီးမှအခိုး

အငွေ့များထွက်နေသောကြောင့် ပတ်ဝန်းကျင်မြင်ကွင်း

များကိုပီပြင်စွာမမြင်ရပဲမပီဝိုးတဝါးဖြင့်သာမြင်တွေ့နေရ၏။


        ထိုအချိန်မှာ

ရန်မတီးတို့ရောက်နေရာနတ်ကွန်းအဆောက်အအုံရှေ့ခပ်လှမ်းလှမ်းရှိသစ်ပင်ပေါ်တွင်ဖူးငုံနေသောပန်းအငုံ

အဖူးများမှာလရောင်အလင်းဖြင့် တဖူးပြီးတဖူးပွင့်ဖူး

လာကြပါတော့၏  ။


     ပန်းမှာဖြူလွလွအရောင်ရှိ၍လော်စပီကာနဲ့ဆင်တူသော

ပန်းပွင့်ငယ်များပင်ဖြစ်ပါ၏ ။


  ပန်းများပွင့်လာခြင်းနဲ့အတူ ချိုအီမွေးပျံသော ပန်းရနံ့လေးများက လေနဲ့အတူပတ်ဝန်းကျင်တဝိုက်

ပျံနှံလျက်ရှိနေပါတော့သည်။


       ရန်မတီးတို့လူစုမှာတစ်နေကုန်ခရီးကြမ်းနှင်လာရသော

ကြောင့် တခူးခူးတခေါခေါဟောက်၍ အိပ်စက်လျက်ရှိ

နေကြသော်လည်း  ကင်းစောင့်နေသောလူငယ်နှစ်ယောက်မှာ မအိပ်စက်နိူင်ပဲ နတ်ကွန်းအဆောင်ရှေ့လရောင်အောက်တွင်ထိုင်၍

ရောက်တတ်ရာရာပြောဆိုနေကြစဉ် လေနဲ့အတူပါလာ

မွေးရနံ့တမျိုးကိုရူရိူက်မိလိုက်ကြတော့၏ ။


       ထိုမွေးရနံ့မှာ စတင်ရူရိူက်မိစဉ်အလွန်တရာမွေးပျံ၍နှစ်လိုဖွယ်ကောင်းသော်လည်းအချိန်ကြာလာသောအခါတွင်ဦးခေါင်းအတွင်းရီဝေဝေခံစားမူမျိုးစတင်ခံစားလာကြရတော့သည်။


     ထိုအချိန်မှာပင်

သူတို့နားအတွင်းတခစ်ခစ်ရယ်မောသံများကြားလိုက်ကြရာ အညိူ့ခံထားရသူအလားနေရာမှထရပ်လိုက်

ကြပြီးသော်အသံကြားရာအရပ်သို့ဦးတည်လျောက်လာ

ခဲ့ကြတော့၏ ။


         လရောင်အလင်းအောက်တွင်တစ်ပင်လုံးဖြူဖွေးစွာပွင့်နေသောပန်းပင်ကြီးမှာရင်ခုန်တိမ်းမောဖွယ်လှပနေခြင်း

နဲ့အတူ။ မွေးပျံသောပန်း ရနံ့များကိုကလည်းပန်းပင်အနီးသို့ရောက်ရှိလာလေပို၍

မွေးပျံလာလေဖြင့်ရှိနေပါသည်။


      ပို၍ရင်ခုန်တိမ်းမောဖွယ်ရာ နောက်တစ်ခုမှာ

ဆယ့်ခွန်၊ဆယ့်ရှစ်အရွယ်ချောမောလှပသော မိန်းကလေးလေးယောက်မှာဖြူလွလွဝတ်စုံရှည်များဝတ်ဆင်၍ အပင်ပေါ်မှပန်းများကို ကညွတ်ပန်းခွေလေးများပြုလုပ်၍ ခေါင်းပေါ်စွတ်ထား

ကြ၏။


 သစ်ရွက်စိမ်းလေးတချို့နဲ့ရောနေသောပန်းကညွတ်ခွေ

လေးများက မိန်းကလေးများနဲ့ပနံရလှပလွန်းနေပြန်သည်။


    မိန်းကလေးများမှာပတ်ဝန်းကျင်ကိုဂရုမပြုဟန်ဖြင့်

တစ်ယောက်နဲ့တစ်ယောက်စနောက်ကျီစယ်၍ 

 တခစ်ခစ်ရယ်သံပြု၍ပြေးလွားနေသည်မှာကြည့်

ကောင်းလွန်းလှသည်ဟုကင်းတာဝန်ကျသော

လူငယ်နှစ်ယောက်စိတ်အတွင်းထင်မြင်နေမိတော့၏။


      ကင်းသမားလူငယ်နှစ်ယောက်မှာအညိူ့ခံထား

ရသူများအလား သူတို့စိတ်အတွင်းအရာအားလုံးကို

မေ့လျော၍  စိတ်အာရုံမှာ မိန်းကလေးများထံတွင်သာ

ရှိနေကြပါတော့သည်။


      မိန်းကလေးများမှာအချင်းချင်းကျီစယ်နောက်ပြောင်မူကိုရပ်လိုက်ကြရင်းကြောင်ငေးစွာရပ်ကြည့်နေသော

လူငယ်နှစ်ယောက်ကိုကြည့်၍ အချင်းချင်းမျက်စပစ်

လိုက်ကြရင်း ကင်းသမားလူငယ်နှစ်ယောက်ကို

လက်ယပ်၍ခေါ်လိုက်ကြရာ လူငယ်နှစ်ယောက်

မှာသူတို့အားလှမ်းခေါ်သောမိန်းကလေးများထံ

   အိပ်မက်ရင်းလမ်းလျောက်သူများကဲ့သို့လျောက်

လှမ်းသွားကြပါတော့သည်။


    အမှန်စင်စစ်တွင်မူ ကင်းတာဝန်ကျသောလူငယ်နှစ်ယောက်မှာ လရောင်ဖြင့်ထူးဆန်းစွာပွင့်လာသောပန်းပွင့်ရနံ့များကို

ရူရိူက်မိရာတွင် ပန်းရနံ့ကြောင့်စိတ်အာရုံများကဝေဝါး

လျက်လက်ရှိအမှန်မဟုတ်သော မြင်ကွင်းမျိုးမြင်နေရခြင်းမျိုးဖြစ်ပါတော့၏ ။


         သူတို့အမြင်အာရုံလှည့်စားမူဖြင့်တွေ့နေရသော

ချစ်စဖွယ်ရုပ်သွင်ဟန်ပန်ရှိသောမိန်းကလေးများ

တကယ်တမ်းရုပ်သွင်မှာ တကိုယ်လုံးလောက်ကောင်များတဖွားဖွားကျလျက်

အပုတ်နံ့တထောင်းထောင်းထွက်နေသောမကောင်း

ဆိုးဝါးများသာဖြစ်ပါတော့၏ ။


     ကင်းသမားလူငယ်များမှာပန်းရနံ့ကိုအချိန်အတန်ကြာရူရိူက်နေသောကြောင့်ထိုအမှန်တရားများကိုမမြင်နိူင်

ဖြစ်နေကြခြင်းမျိုးဖြစ်သည်။


      လူငယ်နှစ်ယောက်မှာမကောင်းဆိုးဝါးများထံ

တစိုက်မတ်မတ်လျောက်သွားရာမကောင်းဆိုးဝါးများနဲ့ဝါးတရိုက်ခန့်အကွာသို့ရောက်ချိန်တွင် လူ့အသွေး၊အသားကိုဝါးမြိုရန်မကောင်းဆိုးဝါးများ ရှေ့တိုးလာကြတော့၏ ။


        ထိုအချိန်တွင်

လူငယ်နှစ်ယောက်ခြေလှမ်းတုံခနဲရပ်သွားခြင်းနဲ့အတူ။


ခြေထောက်များကမြေကြီးပေါ်မှလွတ်၍လေပေါ်ယက်ကန်ယက်ကန်ဖြစ်ကုန်တော့၏ ။


   အကြောင်းမှာသူတို့အကျီ င်္ကော်လံစအား လက်တစ်ဖက်မှကိုင်၍မြောက်ထားခြင်းကြောင့်ဖြစ်တော့၏ ။


....ဝှီး.......ဝှီး....


....ဘုတ်...ဘုတ်....


....အ...အ.....


    လူငယ်နှစ်ယောက်ကိုလက်တစ်စီဖြင့်ကော်လံစကိုကိုင်၍နောက်သို့အရှိန်ဖြင့်လွင့်ပစ်ရာနှစ်ယောက်သားမြေကြီးပေါ်ခွေးကျကျသွားခြင်းကြောင့်နာကျင်စွာငြီးငြူလျက်ရှိနေကြပါတော့၏ ။


     လူတစ်ယောက်ကိုလက်နှစ်ဖက်ဖြင့်ပင်လွဲပစ်ရန်

မလွယ်ကူနိူင်ပေ။

   ယခုလက်တစ်ဖက်ဖြင့်လူနှစ်ယောက်ကိုခပ်ဝေးဝေးပစ်နိူင်ခြင်းက အလွန်အားရှိသန်မာသူသာလုပ်နိူင်သော

ကိစ္စမျိုးဖြစ်၏ ။


        လူငယ်နှစ်ယောက်ကိုလက်တစ်ဖက်စီဖြင့်ကိုင်၍လွင့်ပစ်သူမှာ အိန္ဒိယမင်းညီမင်းသားများဝတ်ဆင်ပုံမျိုး

ဝတ်ဆင်ထားသူတစ်ယောက်ဖြစ်၏ ။


      ထူးခြားချက်အဖြစ်မျက်လုံးများကလရောင်ဟပ်ချိန်အနီရောင်လက်လက်ထွက်နေခြင်းဖြစ်ပါတော့၏ ။


    မကောင်းဆိုးဝါးများမှာထိုလူကိုတွေ့ချိန်တွင်ကြောင်ရွံဟန်ဖြင့်နောက်ဆုတ်သွားကြတော့၏ ။


    ထိုလူမှာမကောင်းဆိုးဝါးများကိုကြည့်၍

သူ့ခါးကြားတွင်ချိတ်ထားသောဓားကိုဆွဲထုတ်လိုက်ချိန်တွင်မကောင်းဆိုးဝါးများထိုနေရာမှဝေးရာဆုတ်ခွာပြေး

ကုန်ကြတော့၏ ။


       ထိုလူမှာမကောင်းဆိုးဝါးများနောက်ဆက်မလိုက်ပဲနတ်ကွန်းရှိရာအဆောင်ဖက်သို့ဝင်သွားပါတော့သည်။


     လူငယ်နှစ်ယောက်မှာ ပန်းရနံ့များကိုအချိန်အတန်ကြာရူနေရသည့်အပြင်

မြေပေါ်သို့ပြုတ်ကျ၍ နာကျင်မူဒဏ်တို့ဖြင့် ဒယိမ်းဒယိုင်ဖြင့်ရှိနေကြကာသူတို့ဘာဖြစ်လို့ဖြစ်နေမှန်းမသိသောအခြေအနေရှိနေပါတော့သည်။


======================


၁၀-ဆက်ရန်


မြူခိုးအလင်္ကာ


rate now: