book

Index 8

အပိုင်း(၈)

နတ်ရဲတောင်လျို့ဝှက်ချက် ၈

============


         သစ်ခြောက်ပင်ထိပ်မှရုတ်တရက်လူပ်ရှားသက်ဝင်လာသောမြင်ကွင်းများကိုရန်မတီးမြင်တွေ့လိုက်ရ၏ ။


        ပင်စည်အတွင်းပိုင်းမှဖောက်ထွက်လာသောလက်မောင်းလုံးအရွယ်နွယ်ပင်ကြီးများမှာ ရုတ်တရက်လျင်မြန်စွာရှည်ထွက်လာကြသောကြောင့်

ရန်မတီးမှာသူ့လူများကို ပြေးလွားရန်အော်ဟစ်ရင်းသူလည်းလျင်မြန်စွာပြေးထွက်ခဲ့တော့၏ ။


       ....ဟာ....ဟေ့လူ.....မသွားနဲ့ .....

.ပြန်လာ...ပြန်လာခဲ့...အန္တရယ်ရှိတယ်


.....ဝှစ်...ဝှစ်....ဝှစ်...ဖျစ်....ဖျစ်.....ဖျစ်......


.....အ.....အ.....အား......


...ဟာ.....


...အလိုလေး....


...ဟာ တစ်ခုခုလုပ်ကြပါအုံး...


       တခြားသူများမှာ ရန်မတီးအော်ဟစ်သတိပေးသံကြားရချိန်တွင်ဘာဖြစ်မှန်းမသိသော်လည်းရန်မတီးနောက်မှပြေးလိုက်ခဲ့ကြတော့၏ ။

ကံဆိုးသွားသူမှာကြက်သမားရွာသားပင်ဖြစ်ပါတော့၏ ။

     သစ်ခြောက်ပင်ဟုအစပထမသူတို့ထင်မြင်ခဲသောအပင်ကြီးမှာနွယ်ပင်များမှာအသက်ရှိနေသူလို့ပြေးလွားနေသောလူများနောက်တလူးလူးတလွန့်လွန့်လိုက်လာကြပါတော့သည်။


     အားလုံးမှာပြေးလွားရန်အချိန်မှီသောကြောင့်နွယ်ပင်များလိုက်လာချိန်ဝေးရာသို့ရောက်နေကြပြီဖြစ်သော်လည်းကြက်သမားမှာ ရုတ်တရက်ကမူတစ်ခုကိုခလုတ်မိသောကြောင့်လူမှာ

တပတ်ဂျွမ်းပစ်၍ မြေပေါ်ဒလိမ့်ခေါက်ကွေးကျသွားတော့၏ ။


      ကြက်သမားမှာချက်ခြင်းထပြေးလျင်လွတ်မြောက်နိူင်၏  ။

    သို့ရာတွင် သူလဲကျနေချိန်တွင်ပြုတ်ကျကျန်နေရစ်ခဲ့သောကြက်ခြင်းကိုအပြေးအလွားသွားကောက်နေရာ အဝေးရောက်နေသူများမှာကြက်သမားကိုစိုးရ်ိမ်တကြီးဝိုင်းအော်ကြသော်လည်း ကြက်သမားမှာအားလုံးအော်ဟစ်တားမြစ်နေခြင်းကို

အရေးမထားပဲ သူ့ကြက်ခြင်းကိုပြေးကောက်လိုက်ပြီး

လှည့်ပြေးရန်ပြုလိုက်စဉ်....


လူပ်ရှားတွန့်လိမ်၍ပြေးဝင်လာသောနွယ်ပင်များမှာ သူ့ခြေလက်ကိုယ်ခန္ဓာကိုယ်အား

မြွေကဲ့သို့ရစ်ပတ်၍အပင်ဆီသို့ဆွဲခေါ်နေရာ ကြက်သမားတစ်ကိုယ်လုံးနွယ်ပင်များကြားပျောက်

ကုန်တော့သည်။


အရိုးကျိုးသံတဖျောက်ဖျောက်နဲ့ကြက်သမား၏နာကျင်စွာအော်ဟစ်လိုက်သောအော်သံကြီးကိုစိတ်မကောင်း

စွာဖြင့်ကြားလိုက်ရတော့သည်။


   အပင်ကြီးမှာလည်းနဂိုမူလသစ်ခြောက်ပင်ကြီးပုံစံမျိုးမဟုတ်ပဲ တပင်လုံးမြေပေါ်တွင်အမြစ်များကျွတ်ထွက်တော့မည့်အလားလူပ်ရှားယိမ်းထိုးလျက်ရှိနေသလို ပင်စည်လုံးပတ်အလယ်တွင် ကြီးမားသောအပေါက်ကြီးတစ်ပေါက်ရှိနေလျက်

နွယ်ပင်များနဲ့မှာကြက်သမားကိုထိုအပေါက်ကြီးအတွင်း

ဆွဲထည့်သွားကြတော့၏ ။


      ကြက်သမားမှာပင်စည်ပေါက်ထဲရောက်သွားချိန်တွင်နွယ်ပင်လက်တံများမှာလည်း သစ်ပင်အတွင်းအလျိုလျိုဝင်ရောက်ကုန်လျက်ပျောက်ကွယ်ကုန်ကာ သစ်ခြောက်ပင်ကြီးမှာလည်း နဂိုမူလပုံစံအတိုင်းရှိနေလျက်မူလပုံစံအတိုင်းရှိနေပါတော့၏။    


     ရန်မတီးတို့လူစုမှာကားကြက်သမားအဖြစ်ဆိုးကိုရပ်ကြည့်နေရုံမှအပ ဘာမှမတတ်နိူင်သောအခြေအနေမျိုး

တွင်ရှိနေပါတော့၏ ။


”...ဦးလေး...ဘယ်လိုဖြစ်သွားတာလဲ...ကြက်သမားကိုကယ်ဖို့တစ်ခုလုပ်ကြရအောင်....”


”....ကြက်သမားကခုလောက်ဆို အရိုးအသားတစ်ခြားစီဖြစ်နေလောက်ပြီ ဒီတော့ ဒီနေရာကခွာပြီး လုံခြဲုမယ့်နေရာတစ်ခု အမြန်ရှာကြ

ရအောင်....”


   ရန်မတီးမှာတစ်ယောက်တစ်ပေါက်ဖြင့်အဖွဲ့သားတစ်ယောက်မျက်စိရှေ့တွင် လောလောလတ်လတ်သေသည်မသိရှင်သည်မသိသောကြောင့်ဘာဆက်လုပ်ရမည်ကိုမသိဖြစ်နေကြသော

လူငယ်များကို စိတ်မကောင်းသော်လည်းအဖြစ်မှန်ကို

ပြောပြရင်း ပတ်ဝန်းကျင်ကလည်းမြူခိုးများနဲ့အမှောင်အတော်

လွမ်းခြုံနေပြီမို့တစ်ညတာဘေးကင်းကင်းနဲ့နားခိုရန်နေရာမျိုးရှာဖွေရန်ဆက်၍ထွက်ခွာလာခဲ့တော့သည်။


           တစ်ခြားသူများမှာကြက်သမားနဲ့သူတန်ဖိုးထားသော

ကြက်များကိုမျက်စိအောက်မှာရုတ်ချည်းပျောက်ကွယ်သွားအောင်ပြုလုပ်ခဲ့သောအပင်ကြီးကိုတစ်ချက်ကြည့်

၍ရန်မတီးနောက်မှလိုက်လာခဲ့ကြတော့သည်။


သစ်ခြောက်ပင်ကြီးမှာယခုသူမဟုတ်သည်အလားငြိမ်သက်စွာရှိနေ၏ ။


 သို့ရာတွင်အနားတိုးကပ်၍သာသေချာကြည့်မည်ဆိုပါ

လောလောလတ်လတ်သွေးတစ်ချို့ ပင်စည်မှစိမ့်၍ထွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်၏ ။


   လူငယ်များမှာရန်မတီးအားသစ်ပင်အကြောင်းသေချာ

မေးမြန်းချင်သော်လည်းရန်မတီးပုံကအရေးတကြီးဟန်ခပ်သုတ်သုတ်သွားလာနေခြင်းကြောင့် နောက်မှမေးမြန်းရန်အားမွေးထားလိုက်ကြတော့သည်။

 ကောင်းကင်ယံတွင်မပြည့်တပြည့်လမင်းကြီးသာနေသော်လည်း သူတို့ရောက်နေရာသောနေရာတွင် မြူခိုးများကြောင့်မပီဝိုးတဝါးအလင်းသာရှိနေပါ၏ ။


အောက်ခြေမြေပြင်မြင်ကွင်းများကိုသာသေချာရှင်းလင်းစွာမြင်ရပါကအားလုံးကြောက်လန့်သွားမည်ကအသေအချာပင်ဖြစ်၏ ။


    အကြောင်းမှာရန်မတီးတို့ရောက်နေသောနေရာတွင် 


မြေစာပုံမို့မို့များပတ်ချာလှည့်တွင်ရှိနေသော 


ရှေးယခင်တောင်ပေါ်နေရွာသားများမြုတ်နှံရာသချိုင်းမြေဖြစ်နေသောကြောင့်ဖြစ်ပါ၏ ။


    ထို့ကြောင့်ပတ်ဝန်းကျင်ကိုသေချာသဲကွဲစွာမမြင်ရသည်ကအကောင်းသားဟုဆိုရမလိုပင်ဖြစ်နေပါသည်။


       ရှေ့မှသွားနေသောရန်မတီးမှာ အဆောက်အဦးကြီးတစ်ခုကိုရုတ်တရက်တွေ့လိုက်ရသောကြောင့်ခြေလှမ်းရပ်လိုက်ကာ သူ့လူများကိုအသံမထွက်စေရန်အချက်ပြ၍ ထိုအဆောက်အဦးအနီးသို့တိုးကပ်လာခဲ့ကြတော့သည်။

     အနီးရောက်သောအခါမှအဆောက်အဦးအခြေအနေကိုရှင်းလင်းစွာမြင်တွေ့လိုက်ကြရပါတော့၏ ။


      ကျောက်တုံးကြီးများကိုအကာအရံအဖြစ်ပြုလုပ်ထားပြီး

နှစ်ကာလကြာငြောင်းမူအတွက်လေဒဏ်မိုးဒဏ်ကြောင့်ကျောက်တုံးကြီးများမည်းနက်လျက်နွယ်ပင်များကတောထ၍နံရံကိုပိတ်ဖုံးနေကြသည်။


အရှေ့မျက်နှာစာမှခြုံနွယ်များကိုဖယ်၍ ကျောက်လှေကားလေးဆင့်ကိုနင်းဖြတ်၍အဆောက်အဦးပေါ်တက်ခဲ့ကြရာ

ကျောက်တုံးကြီးများအောက်မှဆင့်၍အပေါ်တွင်ချောမွေ့သောကျောက်ပြားကြီးများကိုညီညာစွာခင်းထားသော

ခန်းမကျယ်ကြီးကိုတွေ့ရပြီးဟိုဒီကြည့်ရူနေကြစဉ်....


”.....ဟာ....လူရှိတယ်....”


”....ဟာ...သတိထား....ဓားကြီးနဲ့.....”


.....ဟာ.....လက်ရာမြောက်လိုက်တာ

လူထင်ပြီးလန့်သွားတယ် ....


...ဟုတ်ပ ဓားကတကယ့်ဓားအစစ်ပဲ လက်ရာကလည်းမြှောက်တော့ လူထင်နေတာ.......


လူတစ်ယောက်ကိုဓားကြီးကိုင်လျက် ခုတ်ပိုင်းမည့်ဟန်ဖြင့်ဓားမြောက်၍ရှိနေကြခြင်းကြောင့်

အားလုံးစုရုံး၍ထိုလူထံလေးမြှားကိုချိန်၍အသင့်ပြင်ထားကြသော်လည်း အချိန်အတော်ကြာသည်အထိ

နေရာမှရွေ့မလာပဲထိုပုံစံအတိုင်းရှိနေခြင်းကြောင့် 

မရဲတရဲရှေ့တိုးကြည့်ရာတွင်အဖြစ်မှန်ကိုသိလိုက်ကြရတော့၏ ။


     ထိုအဆောက်အဦးတွင် နောက်ဖက်နံရံတွင်ကပ်လျက် လူတစ်ရပ်ကျောက်အမြင့်ပေါ်ကျောက်သားစင်ပေါ်တွင် လူတစ်ယောက်အရွယ်အစားအတိုင်းထုလုပ်ထားသော

ကျောက်ရုပ်တုတစ်ရုပ်ရှိနေခြင်းကို အမိုးများပေါက်ပြဲနေရာမှအဆောင်အတွင်းကျရောက်

နေသောလရောင်အောက်တွင်မြင်တွေ့လိုက်ရသည်။


       ကျောက်ရုပ်တုမှာနှစ်ကာလကြာ၍ရာသီဥတုဒဏ်ကြောင့်ကျောက်သားများကိုရေညှီများစွဲကပ်၍ အရောင်မွဲ

နေသော်လည်းမူလပုံစံမှာပျက်စီးမူယိုယွင်းမူမရှိပဲ အလွန်လက်ရာမြောက်သောအရုပ်မျိုးဖြစ်သည်။         


     အရုပ်ုပုံမှာထူးဆန်း၍မြန်မာပြည်လက်ရာမျိုးမဟုတ်ပဲ

အိန္ဒိယယဉ်ကျေးမူလက်ရာမျိုးဖြစ်၏ ။


       ခက်ထန်ကြမ်းတမ်းသောမျက်နှာအသွင်အပြင်ရှိပြီး

ပန်ချာပီခေါင်းပေါင်းထား၍အိန္ဒိယမင်းညီမင်းသားများ

ဝတ်ဆင်ထားသောအဝတ်အစားများဝတ်ဆင်ထားပုံကို

အနူစိတ်စနစ်တကျထုဆစ်ထားခြင်းမှာလက်ရာမြောက်သည့်ပြင်လက်တစ်ဖက်တွင်ဓားအိမ်ကိုကိုင်၍တခြားလက်တစ်ဖက်တွင် ဓားအလွတ်ကိုခုတ်ပိုင်းမည့်ဟန်လက်လွဲမြှောက်ထားပုံကတကယ်သက်ရှိလူသားပမာအသက်ဝင်လွန်းလှသည်။ 

 မျက်လုံးနေရာတွင်အနီရောင်ကျောက်တစ်မျိုးထည့်ထားခြင်းကြောင့်လရောင်အောက်တွင်အရောင်တဖိတ်ဖိတ်

တောက်ပလျက်ရှိနေပါ၏ ။


”...ဦးလေး...ဒါ...သမီးတို့ရဲ့ ရိုးရာနတ်တစ်ပါးပဲ

စွမ်းအားကြီးတယ် ၊အမျက်ဒေါသကြီးတယ် 

သူကိုကြည်ညိုပူဇော်သူတွေကို ကာကွယ်စောင့်ရှောက်မူပေးတယ် ။မလေးမစားလုပ်မိသူတွေ သူ့အမျက်ဒေါသနဲ့ရင်ဆိုင်

ရတတ်တယ်  ဒီတော့ ကိုယ်၊နူတ်အမူအယာ မလေးမစားမပြုမိပါစေနဲ့ ဦးလေး....”


”...အိမ်း..သမီး...ဦးလေးတစ်ခြားသူတွေကို 

သေချာမှာထားပါ့မယ်....”


     ရုပ်တုကြီးကိုအားလုံးတအံ့တသြငေးမောကြည့်ရူ

နေကြချိန်တွင် ရူဘီနာမှာရန်မတီးအားလက်တို့၍ရုပ်တုနဲ့ဝေးဝေးနေရာ

သို့ခေါ်၍ရုပ်တုအကြောင်းပြောပြနေခြင်းဖြစ်၏ ။


        ရန်မတီးမှာလည်းသူ့လူများကိုရူဘီနာပြောသမျ

ပြန်ပြော၍တစ်ခြားတစ်ပါးသောလူများ၏ယုံကြည်ကိုးကွယ်မူကို မိမိကမယုံကြည်သော်လည်း လေးစားမူထားကြရန် အဓိကအချက်အဖြစ်ကိုယ် ၊နူတ်အမူအယာဖြင့်မစော်ကားမိကြစေရန်အထူးမှာကြား

နေရသည် ။


          တဆက်တည်းမှာ ယခုနေရာတွင်စခန်းချမည့်အကြောင်းပြောကာနေရာကိုသန့်ရှင်းစေ၏ ။


     လူငယ်များမှာတာဝန်ကိုယ်စီခွဲဝေ၍

တချို့မြေမူန့်များကျောက်စလစ်များဖြင့်ရှိနေသောအခန်းကိုရှင်းလင်းနေကြချိန်တွင်  တချို့လူငယ်များမှာ

အဆောက်အဦးအနီးအနားမှထင်းခြောက်သစ်သား

ချောင်းများကောက်ယူ၍အဆောက်အအုံအနီးမြေကွက်လပ်တွင်မီးမွေး၍ ချက်ပြုတ်ရန်စီမံနေကြ၏ ။


       ရူဘီနာမှာမူ အဝတ်သန့်သန့်တစ်ထည်ဖြင့်ရုပ်ထုကြီးခြေနင်းအောက်ခုံကိုသန့်ရှင်းရေးပြုလုပ်ခြင်းနဲ့အတူရှေ့ယခင်

မီးထွန့်ရာတွင် အသုံးပြုဟန်တူသောကျောက်ခွက်ငယ်

နှစ်ခုကိုတွေ့သောကြောင့် အဝတ်ဟောင်းကိုဖြဲဆုတ်၍

ကြိုးပွပွလက်ညိူးအရွယ်အစား၊အရှည်ကျစ်ပြီးသော် 

  မီးထွန်းဆီတွင်နှစ်၏ ။


ခွက်အတွင်းဆီအနည်းငယ်နှစ်ပြီးသောအခါ ဆီစိမ်ကြိုးကို ခွက်နူတ်ခမ်းပေါ်တင်၍မီးညှိလိုက်ရာ 

   ဆီမီးခွက်နှစ်ခုရရှိသွားရာ ထိုခွက်နှစ်ခွက်ကို ရုပ်ထုခြေနင်းကျောက်ခုံတွင်ထွန်းညှိထားလိုက်ရာ

    နှစ်ကာလအတန်ကြာ ပူဇော်ပသသူမရှိသော

ရုပ်တုကြီးမှာဆီးမီးရောင်ထိန်ထိန်ဖြင့်ရှိနေပါသည်။


        ပြောင်းဆန်ရောဆန်ပြုတ်တွင် နွားနောက်သားထည့်၍ချက်ထားသော ရောသမမွေဆန်ပြုတ်ကျက်ချိန်တွင်လည်းကျောက်သားခွက်တစ်ခုတွင် ဆန်ပြုတ်ထည့်၍ တရိုတသေဟန်ဖြင့်ဆက်ကပ်လျက်ရှိနေပါတော့သည်။


    တခြားလူငယ်များမှာလည်း ရန်မတီးမှာထားခြင်းကြောင့် ရူဘီနာလုပ်သမျ မစနောက်ဝံ့ကြချေ။

   လောလောလတ်လတ်ကြက်သမားသေဆုံးသွားခြင်းက

သူတို့အတွေးကိုစိုးမိုးလျက်စိတ်မကောင်းခြင်းကြောင့်

အားလုံးနူတ်ဆိတ်လျက်ရှိနေကြပါတော့သည်။


   စားသောက်ပြီးသော် ခန်းမပေါ်တွင်ထိုင်နေသော

ရန်မတီးအနားသို့ စုရုံးလာကြတော့သည်။


   ”....အဘ..ကြက်သမားကို ဖမ်းဆွဲသွားတဲ့ အပင်ကဘာပင်မျိုးလဲ....”


”...နွယ်ရှင်ပင်ဆိုတာမျိုးလည်းကြားဖူးတယ် ပေါက်ရောက်ပုံကျ အဲလိုမဟုတ်ဘူးလားလို့....”


”...ဟုတ်တယ်... အဘ....နွယ်ရှင်ပင်က 

သစ်ခြောက်ပင်ကထွက်လာတာ ဘယ်လိုကြီးလဲ...

ကျွန်တော်တို့ကိုရှင်းပြပါအုံး....”


”....ကောင်လေးတွေ အဘဟာတောတကာတောင်တကာပတ်ပြီးမုဆိုး

လုပ်လာတဲ့သက်တမ်းမှာထူးဆန်းတဲ့အဖြစ်အပျက်ပေါင်းစုံကြုံဖူးတယ်... နွယ်ရှင်ပင်တွေရော...မနူသသစ်ပင်လိုအပင်မျိုးတွေရော သစ်စုန်းတွေရော အိုကွာပြောရရင်စုံနေတာပါပဲ...

ပြောရရင်ကွာ ဒီအပင်မျိုးခုမှတခါပဲတွေ့ဖူးသေးတယ်...”


  ရန်မတီးမှာလူငယ်များမေးမြန်းခြင်းကိုပြန်၍ဖြေကြားနေခြင်းဖြစ်၏ ။

  သို့ရာတွင်အစောက အပင်နဲ့ပတ်သက်၍တိကျရေရာသောအဖြေကရှိမနေပေ။  


  ”....ဘာကြောင့်များလဲ.. အဘ...မနူသာသစ်ပင်ဆိုတာကရော နွယ်ရှင်ပင်ဆိုတာကရောဘယ်လိုမျိုးတွေလဲ ကျွန်တော်တို့ကိုပြောပြပါအုံး....”


   ”...နွယ်ရှင်ပင်ဆိုတာမျိုးက ရှားရှားပါးပါးလို့ဆိုရမယ် လောကကြီးရဲ့ အံ့သြစရာကောင်းတဲ့အချက်တွေထဲမှာ မနုသာသစ်ပင်

လိုအပင်မျိုး နွယ်ရှင်ပင်မျိုးက အသက်ဝင်နေကြတာ

မျိုးလည်းပါတယ် ရှားလည်းရှားပါတယ်....”


    မုဆိုးကြီးရန်မတီးအဖြစ်တောတောင်များကိုလှည့်လည်ရာမှသူကြုံခဲ့ရသောအဖြစ်အပျက်များကိုတွေးတောမြင်

ယောင်နေဟန်ဖြင့် ရန်မတီးမှာဆေးတံကြီးတဖွာဖွာဖြင့်

ရှိနေရင်း ရပ်ထားသောစကားကိုပြန်ဆက်လာပြန်၏။


”...နွယ်ရှင်ပင်အကြောင်းကိုအရင်ရှင်းပြမယ်...

နွယ်ရှင်ပင်ဆိုတာ ထူးထူးဆန်းဆန်း ရှားရှားပါးပါးအသက်ဝင်နေတဲ့ နွယ်တစ်မျိုးဆိုပါတော့

သူတို့ကအသားစားတယ်အသွေးသောက်ပြီးကြီးထားကြတာ ။ နွယ်ဆိုတာဘေးနားမှာသစ်ပင်ကြီးတွေရှိရင်

တွယ်တက်တတ်ကြတာမျိုးမဟုတ်လား....။


   နွယ်ရှင်ပင်ကျတော့ အဲတာနဲ့ဆန့်ကျင်ဖက်သဘောတရားရှိတယ်။

သူတို့က အပင်တွေပေါ်နွယ်မတက်ဘူး သူတို့နွယ်နဲ့သူတို့ယှက်လိမ်ပြီး ခြုံပုတ်ကြီးလိုဖြစ်နေကြတာ...။


       သူတို့သားရဲတိရိစ္ဆန်တွေသူတို့ နွယ်မှီလောက်တဲ့ အကွာအဝေး မရောက်မချင်းသာမာန်နွယ်ပင်လိုပဲရှိနေတတ်ကြတယ်..။

   အဲ..သူတို့နွယ်ကြိုးမှီလောက်တဲ့ပမာဏရောက်ရင်တော့ ချက်ချင်းသားကောင်ရှိရာနွယ်ကြိုးတွေရောက်သွားပြီး

နွယ်တွေနဲ့ရစ်ပတ်ဖမ်းပြီး သူတို့အမြစ်ကြားတွေထဲဆွဲသွင်းသွားကြတယ်။


   တချို့မုဆိုးတချို့နွယ်ရှင်ခြုံတွေကိုရှင်းလင်းဖူးတာ

သူတို့ပြောပြချက်အရ နွယ်ရှင်ပင်ကိုဖြတ်လိုက်ရင်သွေး

လိုမျိုးပန်းထွက်လာတတ်တယ်အနံ့ကလည်းတယ်ညှီစို့စို့သွေးအတိုင်းပဲတဲ့.....။


အောက်ခြေကိုအမြုဖြုတ်တူးကြည့်ရင်တော့အောက်မှာ

လိူဏ်ခေါင်းလိုကြီးဖြစ်နေတတ်ပြီး တိရိစ္ဆာန်တွေရဲ့အရိုးတွေ တောင်လိုပုံထပ်နေတာပဲတဲ့..။


အဲတာ အဘသိသသလောက်နွယ်ရှင်အကြောင်းပဲ

သူ့ထက်အသေးစိတ်ကျတာတော့ရှိမှာပေါ့ ဦးလေး

သိသလောက်ပြောပြပေးတာပဲ...”


မနုသာသစ်ပင်လို့ခေါ်ရမလားသစ်စုန်းလို့ခေါ်ရမလား

အဲလိုအဖြစ်အပျက်မျိုးကတော့ အဘအဖေကိုယ်တွေ့ကြုံခဲ့ရတာတစ်ခုရှိတာ

ပြောပြမယ်...”


မုဆိုးကြီးဖခင်မှာကာထန်ဟူါသောအမည်ရှိသောတောင်ပေါ်နေချင်းလူမျိုးတစ်ယောက်ဖြစ်ပြီး အမဲလိုက်

မုဆိုးကြီးတစ်ယောက်ဖြစ်၏ ။


       ကာထန်မှာအိမ်ထောင်မကျမှီလူပျိုဘဝက

တောတောင်တကာလှည့်၍တပတ်ဆယ်ရက်အမဲပစ်

ထွက်တတ်သူဖြစ်၏ ။


     တောင်ပေါ်မုဆိုးများမှာရိက္ခာကိုအများကြီးသယ်ယူသွားတတ်သူများမဟုတ်ပဲ စားသောက်ရန်ဆန်အနည်းငယ်နဲ့ ဆားအနည်းငယ်သာယူဆောင်သွားတတ်ကြသည်။


   ဟင်းလျာအတွက် တောသတ္တဝါအကောင်အသေးများကိုပစ်ခတ်၍မီးကင်ဖုတ်၍ကြုံသလိုစားတတ်ကြသလို အကယ်၍ဆန်၊ဆား

ပြတ်သွားပါကလည်း စားကောင်း၍အရသာရှိသောဥများဥသောအပင်များကို

သိသောကြောင့် တူးဖော်၍မီးဖူတ်စား၍သော်လည်းကောင်းပြုတ်၍

စားခြင်းဖြင့်လည်းကောင်း ရိက္ခာအတွက်ပူပန်စရာမလိုပေ။


    ဆားပြတ်လပ်ပါကလည်း ဝါးရွက်နုများများကိုမီးရိူ့ပြာချ၍ရသောပြာမှာအငံဓတ်ရှိသောကြောင့်ထိုပြာကိုပင်စားအစားထိုးအသုံးပြုသောကြောင့်တောအတွင်းအမဲပစ်ထွက်ရာတွင် ရိက္ခာအတွက်

များများစားစားထည့်ယူလေ့မရှိချေ။


. ကာထန်မှာအမဲပစ်ထွက်ရင်းတစ်ကြိမ်တွင် ဟင်းကောင်ကြီးနဲ့ထိပ်တိုက်ဆုံရတော့၏ ။

       တောမုဆိုးများမှာတောဘုရင်ကျားကိုနှံနှိမ်သောအား

ဖြင့်ကျားဟုခေါ်လေ့မရှိပဲ ဟင်းကောင်ကြီးဟုသာ

ခေါ်တတ်ကြသည်။


     ကာထန်မှာ အမဲတစ်ကောင်ပစ်ခတ်ရာတွင် သူနည်းတူ သားကောင်ကိုချောင်းမြောင်းနေသောကျား

ကြီးနဲ့တိုက်ဆုံရခြင်းဖြစ်သည်။


       ရုတ်တရက်အခြေအနေမို့ သက်စောင့်အဆိပ်မြှားကိုသုံးချိန်မရပဲ

ရိုးရိုးမြှားကိုသာသုံးလိုက်ရတော့သည်။


(တစွေ့ခုန်အဆိပ်သုတ်ထားသောအဆိပ်မြှား ထိုအဆိပ်ထိမှန်သော သားကောင်မှာ

မည့်သည့်နေရာကိုထိမှန်သည်ဖြစ်စေသွေးစို့ရုံမျဖြင့် အပေါ်သို့ တချက်မျခုန်၍ပြန်ကျအလာတွင်အသက်ပျောက်သည်အထိအဆိပ်ပြင်းထန်သောအဆိပ်မြှားကို မုဆိုးများမှာ

တခြားသားကောင်များပစ်ခတ်ရန်သုံးလေ့သုံးထမရှိပဲ

အသက်အန္တရယ်ကြုံချိန်တွင်သုံးရန် မြှားကိုဆောင်

တတ်သောကြောင့် သက်စောင့်အဆိပ်မြှားဟူ၍ခေါ်

တွင်ကြသည်။)


 ကျားကြီးမှာချက်ကောင်းကိုမထိမှန်ပဲ ထွက်ပြေးသွားခြင်းကြောင့် ထိုကျားနောက်ကိုလိုက်၍လက်စတုံးသတ်ဖြတ်ရန်မုဆိုးကောင်းတစ်ယောက်ပီပီကျားနောက်သို့ခြေရာခံ

၍လိုက်ရတော့သည်။


    သားစားတိရိစ္ဆာန်ကျားတစ်ကောင်မှာကိုယ်လက်အင်္ဂါတစ်စုံတရာထိခိုက်သွားပါက သူအစာတောသားကောင်များကို အမဲလိုက်ရာတွင်

အခက်အခဲရှိလာ၏ ။

    ထို့ကြောင့် 

သားကောင်အလွယ်တကူဖမ်းဆီးရနိူင်သောလူနေအိမ်ခြေများအနီးသို့ချည်းကပ်၍ လူများမွေးထားသော

နွားများဝက်များကိုဝင်ဆွဲတတ်ကြသည့်အပြင် သူ့ကို

ဒုက္ခိတဘဝပို့ပေးသော လူသားများကိုရန်သူအဖြစ်

သတ်မှတ်၍ လူကိုပါအန္တရယ်ပေးလာတတ်ကြသည်။


    မုဆိုးကောင်းများလိုက်နာရမည့်စည်းကမ်းတွင်

မိမိပစ်လိုက်သောကျားတခါတည်းမသေပဲဒဏ်ရာရ

သွားသည်ဆိုပါက တစ်ခါတည်းလိုက်သတ်ရခြင်းပင်

ဖြစ်၏ ။


      ဒဏ်ရာရနေသောကျားနောက်သို့ခြေရာခံလိုက်နေသောကာထန်တစ်ယောက် ညအိပ်ချိန်တစ်ချက်သာနား၍ ကျားနောက်သို့

မနားတမ်းလိုက်ခဲ့ရာ သုံးရက်သုံးညကြာမြင့်ခဲ့ပြီ

ဖြစ်သလို တောမှာသုံးရက်  ကြာမြှင့်ခဲ့ပြီဖြစ်သလို

တောမှာလည်းသူကျင်လည်ကျက်စားရာတောမှ

လွန်မြောက်၍ ဟိမဝန္တာ၏အတွင်းပိုင်းသို့ရောက်

ရှိနေခဲ့ပြီဖြစ်၏ ။


     နောက်ဆုံးတွင် 

ဒဏ်ရာရနေသောကျားမှာသူရန်သူကိုပုန်းအောင့်စောင့်

ဆိုင်းရင်းအလစ်ပြန်တိုက်ခိုက်တော့သည်။


   သို့သော်လည်း 

မုဆိုးသက်ရင့်၍ သားကောင်ပရိယယ်ကြိုတွက်ဆထားသောကာထန် 

အဆိပ်လူးမြှားချက်ကြောင့် ကျားမှာဘဝကူးသွား

ရတော့၏ ။


     ကာထန်မှာကျားကြီးကိုသတ်၍သူ့တာဝန်ပြီးဆုံးပြီမို့စိတ်

အေးသွား၍အိမ်ပြန်လာခဲ့ရာလမ်းတွင်ထူးဆန်းသော

အပင်ငယ်တစ်ပင်ကိုတွေ့ရသောကြောင့်စိတ်ဝင်တစား

ကြည့်ရူနေမိတော့၏ ။


    အပင်ငယ်လေးမှာ တစ်တောင်ကျော်ခန့်မျအမြင့်ရှိ၍အရွက်အခက်ဝေဆာအုပ်ဆိုင်းနေသောအပင်ငယ်မျိုးဖြစ်၏ ။


     ထူးဆန်းသည်ဟုဆိုရခြင်းမှာ အရွက်များအားလုံးမှာ ရဲရဲတောက်နီနေလျက်ရှိပြီးပင်စည်အပါရိုးတံများမှာ

မီးသွေးကဲ့သို့နက်ချိတ်မဲမှောင်လျက်ရှိနေသော

ထူးဆန်းသောအပင်လေးကိုသူ့တသက်တခါမှမမြင်ဖူး

သောကြောင့် ကြည့်နေမိခြင်းပင်ဖြစ်၏ ။


       အပင်ပုံစံကိုကြည့်၍ထူးဆန်းသလိုဆေးဖက်

တစ်စုံတစ်ရာဝင်နိူင်လောက်သည်ဟုအတွေးဖြင့် အပင်ပတ်လည်မြေသားများနဲ့ အပင်ကိုတူးယူခဲ့တော့

၏ ။


   ရွာရောက်ချိန်တွင်ကာထန်မှာတူးယူခဲ့သောအပင်ကို

ရွာထဲမှလူကြီးသူမများကိုပြကြည့်ရာ ထိုအပင်ကိုမည်သူမျ မသိကြသောကြောင့် ကာထန်မှာ

အပင်ငယ်လေး၏ထူးဆန်းစွာလှပမူကိုသဘောကျ၍ သူ့အိမ်နောက်ဖက်တောစပ်မြေကွက်လပ်တွင်စိုက်ပျိုးခဲ့တော့သည်။


       ထိုအပင်ငယ်စိုက်ပျိုးပြီးကာထန်မှာအစပထမ

ရေလောင်းခြင်းမျိုးရှိတတ်သော်လည်း သူ့တွင်အမဲပစ်ရန်တောမကြာခနတက်ရခြင်း၊အခြားသောလူမူရေးကိစ္စများဖြင့် ထိုအပင်လေးကိုမေ့

လျော့သွားတော့၏ ။


      နှစ်နှစ်ကျော်သုံးနှစ်ခန့်အချိန်အရောက်တွင်

တည်ငြိမ်အေးချမ်းစွာရှိနေသောရွာငယ်လေးတွင်ပွက်လောရိုက်ဂယက်ထကုန်သောကိစ္စများတစ်ခုပြီးတစ်ခုဆက်တိုက်ပေါ်ပေါက်လာတော့သည်။


      ...ဒူ....ဒူ....ဒူ......


  ရွာသူကြီးအိမ်မှမောင်းထုသံကြောင့်ရွာသားများမှာလုပ်လက်စအလုပ်များရပ်နား၍ သူကြီးအိမ်သို့စုရုံးရောက်ခဲ့

ကြတော့သည်။


   သူကြီးအိမ်မှမောင်းထုသံမှာတစ်ရွာလုံးစုရုံးရန်

အချက်ပေးသံမှန်းအားလုံးသိထားသောကြောင့် 

လုပ်လက်စအလုပ်များရပ်နား၍သူကြီးအိမ်သို့

ရောက်လာခဲ့ကြခြင်းဖြစ်သည်။


   ရွာသားများစုံမစုံရွာလူကြီးမှမေးမြန်းရင်း

ရွာလူကြီးမှ ရွာသားများကိုတိတ်တိတ်နေရန်လက်ဟန်ပြရင်း

ရွာသားများဖက်လှည့်၍စကားပြောလာ၏ ။


”...နှစ်ပေါင်းများစွာအေးချမ်းစွာရှိနေတဲ့ ကျုပ်ရွာမှာ

ခုတလော ခိုးဝှက်မူတွေဆက်တိုက်ဖြစ်နေတယ်..။


     လွန်ခဲ့တဲ့ တပတ်က ဆိတ်ပျောက်မူကျုပ်ဆီ

လာတိုင်တယ်။


 နောက်မကြာဘူး ကုန်ခဲ့တဲ့သုံးရက်က ဝက်ပျောက်လို့

လာတိုင်ပြန်ရော...။


ခုပိုဆိုးလာတယ် မနေ့က. နွားနောက်ကြီးပျောက်လို့

လာတိုင်ပြန်တယ်...။


ကျုပ်ပြောချင်တာကကျုပ်တို့ရွာမှာခုလိုပျောက်ရှမူတွေကြုံရတာကျုပ်ရွာသားတွေကိုကျုပ်မစွတ်စွဲပါဘူးထင်လည်းမထင်ပါဘူး... ။      


ကျုပ်တို့ရွာနားကို တစ်ခြားရွာကလူတွေ ဒါမှမဟုတ်သားကောင်တစ်ကောင်ကရွာကအိမ်မွေးတိရိစ္ဆာန်တွေကို ဝင်ဆွဲနေပြီလို့ကောက်ချက်နှစ်ခုဆွဲထားတယ်။


   ဒီတော့ရွာမှာအဖွဲ့ဖွဲ့ကင်းစောင့်ပြီးတရားခံကိုမိအောင်

ဖမ်းဖို့လုပ်ရမယ်....”


 ရွာသူကြီးမှာရွာတွင်ဖြစ်ပျက်နေသောပြသာနာများကို

ပြောပြရင်းကင်းအဖွဲ့ ဖွဲ့၍ ရွာပတ်လည်တွင်ညပိုင်းတွင်

အဖွဲ့ခွဲ၍ကင်းပုန်းဝပ်ရန်စီမံစေသည်။


      ရွာသားများမှာတစ်ရွာလုံးဆွေမျိုးသားခြင်းဖြစ်သည့်အပြင်တခြားရွာများနဲ့အဆက်သွယ်မလုပ်ကြသည့်အတွက်နွားနောက်ကဲ့သို့အကောင်မျိုးကို ခိုးဝှက်ရန်

အကြောင်းမရှိပေ။


  ဆိတ်၊ဝက်ကဲ့သို့အကောင်အသေးမျိုးကိုလူငယ်များ

စုဖွဲ့၍ ခေါင်ရည်နဲ့မြည်းရန် အမြည်းလုပ်တတ်ကြသည်

ဆိုသော်လည်း ခိုးဝှက်ခြင်းမျိုးမဟုတ်ပဲ တခြားပစ္စည်း

တချို့နဲ့လဲလှယ်ယူကြခြင်းဖြစ်သည်။


(ထိုနေရာတွင် တောင်ပေါ်ဒေသတွင်မွေးသော ဝက်များအကြောင်းအနည်းငယ်ပြောပြချင်ပါသည်။

တောင်ပေါ်ဒေသတွင်မွေးသောဝက်များမှာ အကောင်သေး၍ လုံးကျစ်ကျစ်ရှိကာ အဆီနည်းပါး၏ ။   ဝက်မှာနူတ်သီးချွန်ချွန်ရှိပြီး တောဝက်နဲ့ဆင်တူ၍

အသားများ၍အဆီနည်းပါးသော တောဝက်နွယ်ဝင်

ဝက်တစ်မျိုးဖြစ်ပါသည်။)


 ရွာသားများမှာသူတို့ရွာမှတောတိရိစ္ဆာန်များကိုခိုးဝှက်နေသည်မှာလူမဟုတ်ပဲ တောခွေးအုပ်၊ ကျား စသောအသားသတ္တဝါတစ်ကောင်ကောင်လက်ချက်ဖြစ်နိူင်ကြောင်းကောက်ချက်ချကြတော့သည်။


         နွားနောက်များ ဆိတ်များကိုဟိုးယခင်အချိန်ကလွတ်ထားကြသော်လည်းပိုင်ရှင်များမှာ စားကျက်တွင်လူစောင့်ကျောင်းနေ

ကြတော့သည်။


       တပတ်အခန့်အချိန်အထိသူခိုးမှာတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေရာ ညအိပ်ကင်းစောင့်နေရာအခြေအနေထူး

ခြားမူမရှိအိပ်ရေးပျက်လာကြသောကြောင့်အလုပ်အကိုင်ပျက်နေကြရာသူကြီးမှာလည်းသူ့ကင်းအဖွဲ့ကိုဖျက်

လိုက်ရတေ့သည်။


      ကင်းအဖွဲ့ဖျက်သောနေ့၏ ညရောက်ချိန်တွင်

ကင်းစောင့်ချိန်ရောက်မလာသောသူခိုးမှာနောက်တစ်ကြိမ်ပြန်ပေါ်လာပြန်တော့၏ ။


      လပြည့်ညဖြစ်သောကြောင့်လရောင်ကမ္ဘာမြေပြင်ပေါ်သို့အစွန်းရှိသမျ သူ့အလင်းကိုဖြန့်ကျက်ပေးနေပါသည်။


      ရွာအပြင်တောင်ခြေဘေးတွင်နွားနောက်များမွေးမြူထားသောခြံကျယ်ကြီးတစ်ခုရှိနေပါ၏ ။


       ရွာအတွင်းမှလူတစ်ဦးပိုင်ဆိုင်ခြင်းဖြစ်ပြီး

ရွာသားတစ်ယောကို ဝမ်းစာစပါးပေး၍သူ့နွားနောက်များထိန်းကျောင်းရန်ငှါး

ရမ်းထားရာထိုသူမှာတောင်ခြေနွားနောက်ခြံတွင်တဲထိုး

၍နွားနောက်များကိုစောင့်နေခြင်းဖြစ်သည်။


      ပိုင်ရှင်မှအမျိုးအမည်မသိသူခိုးတစ်ယောက်ပေါ်နေသောကြောင့်သူ့နွားနောက်များကို သေချာဂရုစိုက်ရန်မှာကြားထားခြင်းကြောင့်ညနက်သည်အထိလရောင်ဖြင့်နွားနောက်ခြံဘေးလမ်းလျောက်နေရာမှာ မျက်လုံးများမှေးစင်း၍ခနတဖြုတ်

အိပ်စက်လိုက်မည်တွေး၍ တဲပေါ်တက်၍ခေါင်းချသည်နဲ့တခူးခူးဟောက်၍

အိပ်ပျော်သွားတော့သည်။ 


     ထိုအချိန်မှာပင်

နွားနောက်များ ဝရုန်းသုန်းကား အော်ဟစ်ပြေးလွားသံ၊ သူ့ခွေး၏စူးစူးဝါးဝါးထိုးဟောင်မူတို့ကြောင့်ရွာသားမှာ

ခေါင်းအုံးအောက်တွင်ထားအိပ်သောဓားကိုဆွဲထုတ်၍

နွားနောက်ခြံဘေးသို့ပြေးလာခဲ့တော့၏ ။


      နွားနောက်ခြံတခါးမှာ ပြင်းထန်သောအရှိန်တခုခုဖြင့်ဝင်တိုက်ထားဟန် ကာရန်ထားသောသစ်လုံးများကျိုးပဲ့လျက် နွားများမှာ

ခြံအတွင်းဂဏှာမငြိမ်နှာတဖူးဖူးမူတ်လျက်ရှိနေကြတော့သည်။


    သူ့ခွေးအဆက်မပြတ်ဟောင်သံကြောင်းဓားကိုကျစ်ကျစ်ပါအောင်ဆုတ်၍ခွေးဟောင်သံကြားရာသို့ပြေး

လွားသွားလိုက်ရာ လရောင်အောက်တွင်အပင်တစ်ပင်ကိုထိုးဟောင်နေသောသူ့ခွေးကိုတွေ့လိုက်ရတော့သည်။


    နွားခြံစောင့်ရွာသားမှာသူ့ခွေးအပင်ကြီးကိုသဲသဲမဲမဲဘာကြောင့်ဟောင်သလဲနားမလည်နိူင်စွာဝေခွဲရခက်သွားသော်လည်း အပင်အကိုင်းခွဆုံတွင်နွားနောက်တစ်ကောင် ရုန်းကန်

နေသည်ကိုမြင်လိုက်ရရာ အံ့သြသင့်မိရ၏ ။


   နွားနောက်မှာမည်သည့်အကြောင်းကြောင့်အပင်ပေါ်

ရောက်နေသနည်း။

   ထို့အပြင်နောက်ထပ်အကြောင်းအရာတစ်ခုကိုထပ်မံတွေးလိုက်မိရာ သူ့မျက်စိကိုသူမယုံကြည်နိူင်ဖြစ်သွားရတော့သည်။


ရုတ်တရက်မို့ ထူပူကာမစဉ်းစားမိသော်လည်းယခုနေရာတွင်ဟိုးယခင်ကမည်သည့်အပင်မျိုးမှရှိမနေပဲယခုမှ ချက်ခြင်းအပင်ကြီးတစ်ပင်တွေ့လိုက်ရသည့်အပြင်

နွားနောက်က အပင်ပေါ်ရောက်နေပြန်ရာ ရွာသားမှာ

မှင်သက်ငေးမောနေစဉ်.....။


...ဝုတ်....ဝုတ်...ဝုတ်...ဝုတ်....


...ဝှီး.....ဖုန်း.....


...ကိန်.....ဂိန်.....ဂိန်....


...အား...အောင်မလေး....သရဲ...သရဲ...အပင်သရဲ.....


   ရွာသားမှာနားမလည်နိူင်သောမြင်ကွင်းမို့မှင်သက်ငေးမောနေစဉ်

သစ်ကိုင်းရုတ်တရက်လွဲယမ်းလာပြီး ဟောင်နေသော

ခွေးကိုရိုက်လိုက်ရာခွေးမှာနာကျင်စွာအော်ဟစ်၍အရှိန်ဖြင့်အဝေးသို့လွင့်သွားသလို ၊သစ်ပင်ကြီးမှာလည်းသက်ရှိသတ္တဝါတကောင်အလား

အမြေစ်များကိုအသုံးပြု၍ထိုနေရာမှလျင်မြန်စွာထွက်ခွာ

သွားသောကြောင့် ရွာသားမှာ ကြောက်ဒူးတဆတ်ဆတ်တုန်ကာသေးပင်ထွက်ကျကုန်၏။

    ပြီးနောက်ငယ်သံပါအောင်အော်ဟစ်၍

ရွာဖက်သို့ပြေးလွားသွားပါတော့သည်။


    နွားနောက်ကြီးကိုတင်ဆောင်၍အသက်ဝင်နေသည်အလားသွားနေသောသစ်ပင်ကြီးမှာ ကာထန်အိမ်နောက်တောစပ်သို့ရောက်ရှိလာပြီး ကြီးမားသောမြေကျင်းကြီးတစ်ခုရှေ့တွင်ရပ်လိုက်ရင်း....

အကိုင်းအခက်များဖြင့်ရိုက်နှက်ထား၍မသေမရှင်ဖြစ်နေသောနွားနောက်ကြီးကိုမြေကျင်းအတွင်းပစ်ချလိုက်တော့၏ ။


    ထို့နောက် အပင်ကြီး၏အမြစ်များကထိုကျင်းအတွင်းဆင်းလိုက်ရင်းအပေါ်တွင်ပွကျဲနေသောမြေစာခဲအချို့ကိုအတွင်းသို့ယက်ချလိုက်ပြီးသော်၊အပင်ခြေလက်ရာခြေရာမပျက် သာမာန်အပင်ကြီးတစ်ပင်အဖြစ်ငြိမ်သက်စွာရှိနေတော့၏။


    ပင်စည်ကိုင်းများမဲနက်နက်၊ သွေးနီရောင်လွမ်းနေသောသစ်ရွက်များဖြင့် ထူးဆန်းသောအပင်ကြီးတစ်ပင်လရောင်အောက်တွင်

အိနြေ္ဒမပျက်သာမာန်အပင်များအလားရှိနေပါတော့၏ ။


======================


၉-ဆက်ရန်


  မြူခိုးအလင်္ကာ


rate now: