book

Index 6

အပိုင်း(၆)

နတ်ရဲတောင်လျို့ဝှက်ချက် ၆

=================


       ရန်မတီးမှာညနေစောင်းချိန်ရောက်မှ

သူ့လူငယ်များထံပြန်ရောက်ရှိလာခဲ့တော့၏ ။


      သူအလာကိုစောင့်မျော်ရင်းရွာသူမိန်းခလေး

ကယ်တင်ရှင်အကြောင်းမေးမြန်းကြသောလူငယ်

များကိုနတ်ရဲတောင်သမိုင်းအစဖြစ်တည်ရာဆန်ဂျေးကူပါရ်အကြောင်းများနဲ့အတူရူဘီနာအကြောင်း

ကိုသေချာစွာပြောပြလိုက်၏ ။

       ”...မင်းတို့ကို အခုတစ်ခုမှာချင်တာက

အားလုံးဟာလူငယ်လူရွယ်တွေဖြစ်တယ်...။


     နောက်ပြီးလူပျိုလူလွတ်တွေဖြစ်တယ်

ငါလည်းငယ်ရာကကြီးလာတော့ လူငယ်သဘာဝ

အပျိုလေးမြင်ရင်စနောက်ချင်စိတ်ရှိတတ်ကြတာ

မဆန်းဘူး 


ဒါပေမယ့် အခုအထူးအရေးတကြီးပြောစရာရှိတာက 

ရူဘီနာဟာငါတို့အတူဒီခရီးကိုလိုက်ပါဖို့ငါဖိတ်

ခေါ်ထားတယ် ။


   ပြောချင်တာကတော့ကွာစနောက်တယ်ဆိုတာက

အချိန်အခါရှိတယ်ဆိုတာပဲ တဖွဲ့လုံးမိန်းခလေးဆို

လို့သူတစ်ယောက်ပဲပါမယ်။

      နောက်ပြီးမိဘနှစ်ပါးလောလောလတ်လတ်သေ၊

ညီမကသေမှန်းမသိရှင်မှန်းမသိစိတ်ခံစားချက်ရှိနေတဲ့

မိန်းခလေးမျိုးကို ခုခရီးမှာ ကို့နှမသားချင်းလို

စောင့်ရှောက်ကြဖို့ မရိုးမသားစိတ်မမွေးကြဖို့

ကြိုမေတ္တာရပ်ခံထားချင်တယ်။

   တကယ်လို့ဒီမိန်းခလေးစိတ်အနှောင့်အယှက်

ဖြစ်ရာတစ်ခုခုလုပ်သူဆို ငါနဲ့တွေ့မယ်...

အဲတာငါပြောချင်တာပဲ.....”


”...ဟာဗျာ...ကျွန်တော်တို့လည်းသူ့အကြောင်း

ကြားရလို့စိတ်မကောင်းပါဘူး စိတ်ချ အန္တရယ်

ကြုံရင်တောင်သူ့ရှေ့ကရပ်တည်ပေးမယ်....”


”....စိတ်ချပါဗျို့ ကျုပ်တို့ရွာသားတွေ ဘယ်လောက် ကိုယ်ကျင့်တရားကောင်းကြောင်း

သူ့တသက်လုံးတဖွဖွပြောနေစေရမယ်...”


”...ဟုတ်တယ်.. မိန်းခလေးယောက်ကျားလေး

ဆိုတာထက်သူကကျွန်တော်တို့ အဖွဲ့ဝင်အသစ်ပဲ

သူတစ်ခုခုမဖြစ်ဖို့ ဘေးအန္တရယ်ကြုံရင်ကျွန်တော်

တို့အရင်ရှေ့ကရင်ဆိုင်မယ်...”


”...မင်းတို့စိတ်ဓတ်တွေသိရတာ အားရလိုက်တာကွာ  ဒါမျိုးမှယောက်ကျားကောင်း

စိတ်ဓတ်ခေါ်တာ  ဦးလေးမင်းတို့ကို ယုံပါတယ်...”


    ရန်မတီးမှာ လူပျိုလူရွယ်လေးများကြားအပျိုအရွယ်မိန်းခလေး

တစ်ယောက်တည်းမို့သူ့ရွာသားလူငယ်များကိုစိုးရိမ်

မိသေးသော်လည်းလူငယ်များမှာရူဘီနာအကြောင်း

ကြားရချိန်စုတ်တသတ်သတ်ဖြင့် လူကိုမမြင်ရသေး

ခင်ကပင်ရူဘီနာအပေါ်သနားနေကြသောလူငယ်များမှာ ရူဘီနာကို သူတို့လည်းကာကွယ်ပေးမည်

ဖြစ်ကြောင်းအားလုံးတက်ညီလက်ညီပြောလာခြင်း

ကြောင့် ဝမ်းသာသွားရခြင်းဖြစ်၏ ။


        ထိုညကိုသူကြီးအိမ်ရှေ့မှာပင်စားသောက်

ကြ၍ ထိုနေရာမှာပင်ဖျာခင်း၍ဖြစ်သလိုအိပ်စက်၍

ညတစ်ညဖြတ်သန်းလိုက်ကြတော့၏ ။

        နောက်တစ်နေ့မနက်စောစောအချိန်တွင်

အားလုံးအိပ်ယာမှစောစောထလိုက်ကြရင်းလိုအပ်

သည်များပြင်ဆင်နေကြချိန် သူကြီးမှမနက်စာအတွက်တောင်ယာဆန်ကိုဆန်

ပြုတ်ကြိုချက်ရန်ရွာသားတစ်ယောက်ကိုမှာကြား

နေတော့၏ ။

       ဆန်ပြုတ်ပြုတ်နေချိန်ထင်းမီးတွင်နွားနောင်

သားများကိုလည်းဖူတ်နေကြပြန်၏ ။


      ဆန်ပြုတ်ကျက်၍စားသောက်ခါနီးအချိန်တွင်

အိန္ဒိယယောက်ကျားလေးများဝတ်ဆင်လေ့ရှိသော

အဝတ်အစားများဝတ်ဆင်၍ ရူဘီနာတစ်ယောက်

ရောက်လာခဲ့တော့၏ ။     


    လူငယ်များမှာ အဝတ်အစားဆန်းပြားခြင်း၊လူမျိုးခြားဖြစ်ခြင်းကြောင့် ရူဘီနာအကြောင်းကြား

ဖူး၍စိတ်ဝင်စားခြင်းကြောင့် အစပထမစိုက်ကြည့်

နေမိကြသေးသော်လည်း သူတို့အကြည့်ကြောင့်

ရူဘီနာအနေရကြပ်နေကြောင်းသတိထားမိကာ

ကပျာကယာ အကြည့်လွဲကုန်ကြတော့သည်။


    မစားသောက်မှီတွင်ရန်မတီးမှသူ့အဖွဲ့သားများ

နဲ့ ရူဘီနာကိုမိတ်ဆက်ပေးလာ၏ ။


      ရူဘီနာအပြင်နောက်ထပ်အဖွဲ့ဝင်တစ်ယောက်

ရန်မတီးအဖွဲ့တွင်ထပ်တိုးလာ၏ ။


    နောက်တိုးလာသောအဖွဲ့သားမှာ ယခုရွာသား

တစ်ယောက်ဖြစ်၍ ညီမဖြစ်သူအဖမ်းခံရသော

ကြောင့်သူကြီးထံခွင့်ပန်၍ ရန်မတီးအဖွဲ့တွင်လိုက်

ပါလာခြင်းဖြစ်သည်။


   ထိုသူမှာ အသက်လေးဆယ်အရွယ် အရပ်တိုတို

လူပုံသေးသေးညှက်ညှက်ရှိသူတစ်ယောက်ဖြစ်သောကြောင့် မျက်နှာကိုသာမကြည့်မိပါက ဆယ့်သုံးဆယ့်လေးအရွယ်ခလေးတစ်ယောက်ဟု

ထင်မိကြမည်ဖြစ်၏ ။


    သူ့တွင်ပစ္စည်းဟူ၍မယ်မယ်ရရမပါပဲတောကြက်

မျိုးနွယ်ဝင်ကြက်တိန်ညင်သုံးလေးကောင်ကို

ဝါးခြင်းတစ်ခုတွင်ထည့်၍ ယူဆောင်လာ၏ ။

  နောက်မှသိရသောအချက်ကထိုသူမှာနတ်အဟော

နဲ့သက်ဆိုင်သောရှေ့ရိုးရာလုပ်ထုံးလုပ်နည်းများတွင်ကြက်ကိုအသုံးချကာ လုပ်ဆောင်တတ်သူဖြစ်

ကြောင်းသိရပါသည်။


   မွေးပျံသောတောင်ယာဆန်ကိုနွားနောက်သား

မီးဖုတ်ဖဲ့ချွေထည့်ထားသောဆန်ပြုတ်ကတောင်

ပေါ်သားများအတွက်စားကောင်းလှသော အထူးမနက်စာပင်ဖြစ်ပင်ဖြစ်ပါတော့သည်။


 စားသောက်ပြီးသောအခါရွာလူကြီးကိုနူတ်ဆက်၍

ရန်မတီးခေါင်းဆောင်သောအဖွဲ့မှာ ခရီးစတင်ထွက်

ခဲ့ကြပါတော့၏ ။


      နယ်ခံရွာသားပါခြင်းကြောင့်ခရီးမှာစမ်းတဝါးဝါးဖြစ်

မနေပဲ နေမြင့်ချိန်ခရီးအတော်တွင်ကာ ထွက်လာ

ရာရွာနဲ့အတော်ဝေးဝေးအရပ်သို့ရောက်ခဲ့ပြီရာ

ရန်မတီးလူငယ်အားလုံးခနတဖြုတ်အနားယူစေ၏။


    အားလုံးအနားယူနေကြချိန်ရူဘီနာမှာအထုတ်အပိုး

လက်နက်များကိုချ၍ လူအုပ်နဲ့ခပ်လှမ်းလှမ်းတောသို့အပေါ့အပါးသွားရန်

ထွက်လာခဲ့တော့၏ ။

       ခြုံကြီးတစ်ခုကိုအကာအကွယ်ပြု၍

ဘေးဘီဝဲယာကိုမျက်လုံးဝေ့ကြည့်အပေါ့အပါးသွား

နေသော ရူဘီနာတစ်ယောက် သူမအပေါ်လူတစ်

ရပ်စာအမြင့်အစ်ကိုင်းပေါ်မှတစ်ကိုယ်လုံးမည်းနက်

နေသောယောက်ကျားကြီးတစ်ယောက်လက်ကောက်ဝတ်အရွယ်တောကြီးမြွေဟောက်တစ်ကောင်မှာ ကိုယ်တဝက်ကိုသစ်ကိုင်းတွင်လိမ်ပတ်

ထားပြီးတစ်ဝက်ကလေပေါ်တွဲလောင်းချအနေအထားဖြင့်အလွန်အန္တရယ် များသောအခြေအနေတွင်

ရှိနေပါတော့၏။ 


   အကယ်၍ ရူဘီနာသာမတ်တတ်ရပ်လိုက်ပါက

မြွေပေါက်ခံရမည်မှာမလွဲမသွေအခြေအနေတွင်

ရှိနေပါတော့၏။ 


       ..ဝှီး.. ဖျန်း.. ဖျန်း... 


..အား.. အမလေး......


  ရူဘီနာမှာကိစ္စဝိစရှင်းပြီး၍မတ်တတ်ရပ်ရန်

ပြုလိုက်ချိန်သူမခေါင်းပေါ်မှ လေတိုးသံကြီးတစ်ခုကြားလိုက်ရခြင်းကြောင့် လန့်ဖျတ်အော်၍ဘေးသို့ခုန်ရှောင်လိုက်ပြီးကြည့်လိုက်ရာ သိမ်းငှက်ကြီးတစ်ကောင်က မြွေတစ်ကောင်ကိုသုတ်ချီသွားခြင်းကိုတွေ့လိုက်ရသောကြောင့် အခြေအနေကိုနားလည်လိုက်တော့၏ ။


           သူမသာမတ်တတ်ရပ်မိပါကမြွေကြီးလက်ချက်ကြောင့် 

အသက်အန္တရယ်ကြုံရနိူင်သောအခြေအနေရှိ၏ ။


  သိမ်းငှက်ကြီးမှာသူ့ခြေသည်းများကြားရုန်းကန်တွန့်လိမ်နေသောမြွေကြီးကို ခြေသည်းများနူတ်သီးများဖြင့် ဆွဲဆိတ်ကုတ်ဖြဲ၍ငြိမ်သက်သွားချိန်တွင်သစ်ကိုင်းတစ်ခုတွင်နား၍မြွေသေကိုခြေသည်းများဖြင့်အသားစများဖဲ့ထုတ်၍စားနေသောမြင်ကွင်းကိုတအံ့တသြကြည့်နေမိစဉ် ရန်မတီးနဲ့တစ်ခြားလူများ ရူဘီနာအနီးရောက်လာ

ကြတော့၏ ။


    ” အော်သံကြားလိုက်လို့ ဘာဖြစ်တာလဲသမီး.

ဘာအန္တရယ်တွေ့လို့လဲ...”


” ဟိုမှာလေဦးလေး  ..တောကြီးမြွေဟောက်ကသမီးခေါင်းပေါ်ရောက်နေတာ ဟိုသိမ်းငှက်ကြီး ကယ်လို့သာပေါ့..”


”...အော်...တော်သေးတာပေါ့ အဲတာ ဒီအဖွဲ့သားတစ်ယောက်ရဲ့သိမ်းငှက်လေ...”


”..ဟင်..ဟုတ်လား  ..ဦးလေး...”


”...ပရမ်ကွမ်းရေ လာပါအုံး  မင်းကောင်ကြီးကို

ကျေးဇူးတင်လို့တဲ့ ....သူပဲ....သမီး.....

သိမ်းငှက်ပိုင်ရှင်....”


”...ဟုတ်လား...သူ့သိမ်းငှက်သမီးအသက်ကိုကယ်

ပေးတာကျေးဇူးတင်တယ်လို့တစ်ချက်ပြောပေးပါ...”


     ရန်မတီးမှာရူဘီနာညွန်ပြသော ပရမ်ကွမ်းသိမ်းငှက်ကြီးကိုမြင်ချိန်တွင် ပရမ်ကွမ်းပိုင်သိမ်းငှက်ဖြစ်ကြောင်းပြောပြရာ ရူဘီနာမှာ

ကျေးဇူးတင်စကားတဆင့်ပြောခိုင်းလာခြင်းဖြစ်၏ ။


    ပရမ်ကွမ်းတစ်ယောက်ရင်ထဲတွင်ပန်းခင်းတစ်ခင့်ဖူးပွင့်သွားသည်အလားခံစားရမိခြင်းနဲ့အတူသိမ်းငှက်ကြီးမိုးတိမ်ကိုကျေးဇူးအထူးတင်မိသွားတော့၏ ။


    နေရင်းထိုင်ရင်းမိုးတိမ်ကျေးဇူးကြောင့် အသက်သခင်ကျေးဇူးရှင်တစ်ယောက်ဖြစ်ခွင့်ရခဲ့ခြင်းဖြစ်၏ ။

    

   ရူဘီနာမှာ သိမ်းငှက်တစ်ကောင်သူမတို့အဖွဲ့တွင်ပါလာခြင်းကိုအစကမသိခဲ့ပဲ သူမအသက်ကို အမှတ်မထင်ကယ်သလိုဖြစ်သွားရာမှ မိုးတိမ်ကိုသိရှိသွားကာပရမ်ကွမ်းထံမိုးတိမ်ပြန်ရောက်လာချိန် ပရမ်ကွမ်းဘေးမှကပ်လိုက်၍ မိုးတိမ်ကိုနှံကောင်လေးများဖမ်းကျွေးရာမိုးတိမ်စားသောက်ခြင်းကိုသဘောအကျကြီးကျလျက်ရှိနေပါတော့၏ ။


  မိုးတိမ်အား ကိုင်ကြည့်လိုကြောင်းအမူအယာပြ၍ပရမ်ကွမ်းကိုပြောလာခြင်းကြောင့် ရူဘီနာလက်မောင်းတွင်ခြေသည်းမရှ

စေရန် သားရေပြားပတ်ပေး၍ မိုးတိမ်ကိုတင်ပေးရာ မိုးတိမ်ကိုပွတ်သပ်ကိုင်ကြည့်ရင်းသဘောကျစွာရယ်မောနေပြန်တော့၏ ။


   တစ်ခြားသောရွာသားလူငယ်များစိတ်အတွင်းသူတို့သိမ်းငှက်တစ်ကောင် မမွေးမိလေခြင်းဟု ၊ ရူဘီနာနဲ့ပရမ်ကွမ်းကိုကြည့်၍ တွေးနေမိကြပါတော့၏ ။

      နောက်ဆုံးလိုက်လာသောရွာသားမှာ တောအုပ်တစ်ခုဖြတ်သန်းပြီးချိန်တွင်ရှေ့ခရီးနယ်မြေ

လမ်းကြောင်းများကို သူမသိတော့ကြောင်းပြောလာ၏ ။


      ထိုသို့ဖြင့်...

ညနေစောင်းအချိန်တွင် ရန်မတီးတို့လူစုမှာရေကျသံတဝေါဝေါနဲ့ကြားနေရခြင်းနဲ့အတူ အပေါ်ဖက်မှရေများတဝေါဝေါစီးကျနေသော

ရေတံခွန်ကြီးမှရေများကအောက်သို့စီးဆင်းနေလျက်ရှိသောဆယ့်ငါးတောင်မျအကျယ်ချောင်းတစ်ချောင်းအနီးသို့ရောက်လာကြသောကြောင့်ကိုယ်လက်များဆေးကြောသုတ်သင်၍ရေတကြီး

သောက်ကာ မောပန်းလာမူကြောင့်ခနတဖြုတ်အနား

ယူနေချိန်တွင်သူတို့လာရာလမ်းမှအသံများကြားလိုက်ရတော့၏ ။


....ဝေါ....ဝေါ......ဖျောင်း.....ဖျောင်း.....ဝေါ.....


....ကျီ....ကျီ.....ကျီ.....ကျီ.....


   ...အားလုံးတဖက်ကမ်းအမြန်ကူးကြမယ်ဟေ့

ဆင်အုပ်ကြီးဒီဖက်ကိုလာနေတယ် အမြန်ကူးကြ....


   ရန်မတီးမှာထွက်ပေါ်နေသော တဝုန်းဝုန်းတဖျောင်းဖျောင်းသစ်ကိုင်းကျိုးသံများနဲ့အတူဆင်အော်သံများကြားလိုက်ရသောကြောင့်တောဆင်

အုပ်ကြီးမှာ တစ်စုံတခုကိုကြောက်လန့်၍သူတို့ထံပြေးလာနေမှန်းသိလိုက်ရသောကြောင့် စိုးရိမ်ထိတ်လန့်စိတ်ဖြင့် သူလူများကိုချောင်းတဖက်ကိုဖြတ်ကူးရန်အော်ဟစ်သတိပေးနေခြင်းဖြစ်သည်။


        ချောင်းရေမှာသိပ်မနက်ပဲ အလယ်ပိုင်းအနက်ဆုံးနေရာမှာပင်လည်ပင်းထိခန့်မျသာအနက်ရှိသောချောင်းကိုဖြတ်ကူး၍တဖက်ကမ်းရောက်ခါနီးအချိန်တွင် ထိတ်လန့်တကြားလန့်ဖျတ်ပြေးလာသောဆင်အုပ်ကြီးမှာသူတို့ရပ်နားရာကမ်းစပ်ထိပ်သို့ရောက်လာပြီးချောင်း

ထဲသို့တဝုန်းဝုန်းအလုအယက်ခုန်ဆင်းလျက်ရှိသောကြောင့် အားလုံးကြောက်လန့်ကုန်ကြတော့၏။


    မြောက်မြားလှစွာသောဆင်အုပ်ကြီးမှာ ခနအတွင်းတဖက်ကမ်းရောက်လာရန်သိပ်မလိုတော့ချေ။

      ဆင်ပြေးအားကို လူကယှဉ်ပြေးရန်မဖြစ်နိူင်သော

ကြောင့်  ဆင်ပြေးလမ်းတွင်ရှိနေသော သူတို့အဖွဲ့မှာကျိန်းသေဆင်းနင်းခံရတော့မည်ဖြစ်သည်။


         အားလုံးဆင်နင်းခံရမည့်အရေးတွေးရင်းကြောက်လန့်စိတ်ဖြင့်တဖက်ကမ်းသို့ ရောက်ချိန်တွင် မမျော်လင့်

ထားသောအခြေအနေတစ်ခုရုတ်တရက်ပေါ်ပေါက်လာ

ပါတော့၏ ။


     ချောင်းအတွင်းခုန်ဆင်း၍တစ်ဖက်ကမ်းသို့ကူးခတ်ရန်ပြင်ဆင်နေကြသောဆင်များမှာ ရုတ်တရက်ရက်ရပ်တန့်သွားကြသလို ရေထဲစဆင်းနေသောဆင်များမှာနောက်ကြောင်းပြန်လှည့်၍နှာမောင်းမြောက်၍တကျီကျီကြောက်လန့်စွာအော်

၍အားလုံးလှည့်ပြေးကြတော့သည်။


       ရန်မတီးတို့လူစုမှာဆင်များသူတို့ဖက်ကူးလာ၍

ဆင်နင်းခံရတော့မည်ဟုကျိန်းသေတွက်ဆထားရာမှ

   ဆင်များနောက်ပြန်လှည့်ပြေးသွားခြင်းကြောင့်တအံ့တသြစိတ်ဖြင့်ရပ်ကြည့်နေမိကြကုန်တော့၏ ။


ချောင်းရေထဲတွင်နောက်ဆုံးတကောင်တည်းကျန်နေသောစွယ်စုံဆင်ကြီးတစ်ကောင်မှာနောက်ဆုံးတစ်ကောင်တည်းကျန်နေရစ်ခဲ့ရာမှ ကမ်းပေါ်တက်ရန်ပြုနေစဉ်ကျီ ဟူ၍နာကျင်စွာတစ်ချက်အော်လိုက်၍ကမ်းပေါ်တက်ပြေးသော်လည်း ဝေးဝေးမရောက်ပဲတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ကာ

ဘိုင်းခနဲပစ်လဲကျကာငြိမ်သက်သွားတော့၏ ။


”...ရေဆင်....ရေဆင်က ငါတို့အသက်တွေကို

ကယ်လိုက်တာပဲ.....”


...ရေဆင်.....


....ရေဆင်....


....ရေထဲကဆင်  ဘယ်လိုကြီးလဲ....


ရန်မတီးမှာတစ်ခုခုကိုသတိရသွားဟန်ထအော်သောကြောင့်တခြားသူများမှာရန်မတီးစကားကိုနားမလည်နိူင်စွာမေးမြန်းနေကြတော့၏ ။


”...မိုးချုပ်တော့မယ် ညဖက်တည်းခိုလို့ကောင်းမယ့်

နေရာရှာဖို့ခက်သွားပြီ ခုချောင်းစပ်မှာပဲ စခန်းချကြတာပေါ့.... ထင်းရှာသူရှာ... ချက်ပြုတ်ဖို့

လုပ်သူကလုပ်ကြဟေ့ အလင်းပျောက်နေပြီ....”


”....ဟာ...တောဆင်တွေနောက်တစ်ခေါက်ပြန်လာမှဖြင့် ခက်ကုန်မယ်ဦးလေး....”


”..ဟုတ်တယ်..ဦးလေး..ခပ်ဝေးဝေးအရပ်အထိသွားသင့်တယ်ထင်တယ်.... ”


” ...ဆင်တွေနောက်တကြိမ်ပြန်မလာစေရဘူးကွာ

ငါ့စကားယုံကြစမ်းပါ လုပ်စရာရှိတာလုပ်ကြ

ပြီးမှဆင်တွေဘာကြောင့်ပြန်မလာတာလဲရှင်းပြမယ်...”


   ရန်မတီးကဆင်ပြန်မလာကြောင်းရဲရဲဝံ့ဝံ့အာမခံနေသောကြောင့်တခြားသူများမှာစောဒကမတက်ဝံ့သော်လည်းစိတ်အတွင်းဆင်အုပ်နောက်တကြိမ်ပြန်လာလျင်ဟူသောအတွေးဝင်လျက်စိတ်စနိူးစနောင့်ရှိနေကြသည်။


   အားလုံးချက်ပြုတ်ပြီးချိန်ညစာကိုအလျင်အမြန်စားသောက်၍ထင်းခြောက်များကိုစုပုံ၍မီးပုံကြီးတစ်ပုံမွေးလိုက်တော့၏ ။


    ညရောက်သည်နဲ့အေးစိမ့်လာသောရာသီဥတုကြောင့်အားလုံးမီးပုံကြီးပတ်ဝိုင်း၍ မီးလူံနေကြတော့သည်။


”....ဒါနဲ့...ဦးလေး.. ဆင်တွေဘာလို့ရုတ်တရက်နောက်လှည့်ပြန်ပြေးတာလဲ... ”


”...ဆင်ကြီးတစ်ကောင်ဆို အကောင်းကြီးကနေတုန်းခနဲ ပစ်လဲသွားတာ အတော်ကြီးထူးဆန်းနေတယ်... ဘာကြောင့်လဲ ဦးလေး....”

”နောက်တခုက ဦးလေးရေဆင်လို့ပြောသံကြားလိုက်တယ်

အဲတာဘာလဲ...”


ရန်မတီးမှာမကြာသေးခင်အချိန်ကဆင်များရုတ်တရက်နောက်ပြန်လှည့်ပြေးသောအကြောင်းကိုသိချင်စိတ်ဖြင့်

မေးမြန်းနေကြသောလူငယ်များကိုဝေ့ကြည့်၍သူ့ဆေးတံအိုးအတွင်းမှဆေးများကိုခေါက်၍ဆေးအသစ်ထပ်

ဖြည့်ကာ မီးစွဲနေသောထင်းချောင်းငယ်တစ်ချောင်းကို

ကိုင်၍ဆေးတံကိုမီးညှိရင်း ဆေးတံကိုတဖွာနှစ်ဖွာဇိမ်

ပြေနပြေဖွာရိူက်နေခြင်းကိုကြည့်၍နားထောင်ချင်၍

စောင့်နေသောလူငယ်များ စိတ်မရှည်နိူင်ဖြစ်နေကြ

တော့၏ ။


ဆေးတံကိုသုံးလေးကြိမ်ဖွာရိူက်ပြီးမှရန်မတီးတစ်ယောက် စကားစပျိုးလာ၏ ။


    ”...ဒီကိစ္စကိုလည်း ဦးလေးအဖေပြောပြတာကြောင့်

ကြားဖူးတာလို့ပြောရမှာပေါ့....

       တကယ်က ကုန်းပေါ်မှာထက်ရေထဲမှာ ရှိတဲ့သတ္တဝါပိုများတယ်ဆိုတာ မင်းတို့ကြားဖူးကြမှာပေါ့

   ဥပမာ  ကုန်းပေါ်မှာအတောင်ပါတဲ့ ငှက်ရှိသလိုရေထဲမှာလည်း အတောင်ပါတဲ့ငါးရှိနေတာမျိုး။


     အခုကလည်းအဲလိုပဲ ကုန်းပေါ်မှာ ဆင်ရှိသလို

ရေအောင်မှာလည်းဆင်ရှိတယ် ရေထဲမှာနေတော့

ရေဆင်ပေါ့...

အဲဒီရေဆင်ကို ကုန်းပေါ်ကဆင်သမျ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ကြတယ် ခုလည်းဒီချောင်းထဲရေဆင်ရှိနေတော့ သူတို့ကြောက်တဲ့ရေဆင်နံ့ရချိန်အလန့်တကြား

ပြန်ဆုတ်ပြေးကြတာပဲပေါ့...”


 ” ....ဒါနဲ့ ဦးလေး ရေဆင်ကိုကျွန်တော်တို့လည်းမတွေ့လိုက်ပါလား ..”


”...နောက်ပြီး ဟိုဆင်ကြီးက ရုတ်တရက်ဘာလို့သေသွားရတာလဲ ပြောပြပါဦလေး...”


    ရန်မတီးမှာလူငယ်များကိုပြောပြပြီးချိန်တွင်ရူဘီနာကိုလည်းသူပြောသမျ အိန္ဒိယ ဘာသာစကားဖြင့်တဖန်

ပြန်လည်ရှင်းပြနေစဉ် ရူဘီနာမှာလည်း စိတ်ဝင်တစား

ဖြင့်နားထောင်လျက်ရှိနေသည်။


”..ခနလေးပါ ဒီခလေးမလည်းပျင်းနေရှာမှာပေါ့

သူ့ခမျာစကားလည်းနားမလည်ရှာဘူးလေ....

ပြောပြမယ်မင်းတို့မမြင်ရတာက ရေဆင်က

တစ်တောင်မပြည့်တဲ့ အရွယ်အစားမို့လို့ပဲ

ဒါပေမယ့်နော်... ဆင်တစ်ကောင်ရဲ့ ကိုယ်လက်

အင်္ဂါအစိတ်အပိုင်းတွေအကုန်ပါတယ်...

အထီးဆိုရင် အစွယ်လေးနှစ်ချောင်းပါသေးတယ်...”


”...ဟာ..အတော်ထူးဆန်းတာပဲနော် ဦးလေး.ရေဆင်ကိုတွေ့ဖူးသေးလား ”


”...ငါတော့မတွေ့ဖူးပါဘူး ငါ့အဖေအသိဆင်ဦးစီးတစ်ယောက်ကငါ့အဖေကို

ရေဆင်အသေအခြောက်လှမ်းပြီးသိမ်းထားပြလို့

မြင်လာခဲ့ရတာတကယ် ဆင်တစ်ကောင်အတိုင်း

အကြီးအသေးပဲကွာတယ်တဲ့....


   နောက်ပြီး အဲဒီရေဆင်အသေကိုဆောင်ထားတဲ့

ဆင်ဦးစီးဟာ ဆိုးပေ့ကြမ်းပေ့ဆိုတဲ့ဆင်တွေကိုတက်စီးတာ 

သူ့နဲ့တွေ့ရင်ဘယ်ဆင်မှ သူ့အမိန့်မလွန်ဆန်ရဲဘူး

လို့အဖေကပြောတယ် တင်ဦးစီးကအဖေ့ကိုပြောတာက ရေဆင်အသေကို

သူ့ကိုယ်နဲ့မကွာဆောင်ထားလို့ ဘယ်ဆင်မှသူ့ကို

အန္တရယ်မပြုရဲတာတဲ့.....”


” အတော်တော့ထူးဆန်းတာပဲနော်ရေဆင်က

ဒါနဲ့ဟိုဆင်သေတာ ဦးလေးမပြောရသေးဘူးနော်.....”


”အော်..အေး...အဲတာကရေဆင်ကလည်းသူရှိရာနေရာကုန်းဆင်တွေလာရင်အတော်စိတ်ဆိုးတယ်တဲ့

 ဒါကြောင့်သူ့အစွယ်နဲ့ ကုန်းဆင်ခြေထောက်တွေကို

လိုက်ထိုးတတ်တယ်တဲ့... ရေဆင်အစွယ်ထိုးမိတဲ့ဆင်ကမိနစ်ပိုင်းအတွင်းသေသွားတာမင်းတို့အမြင်ပဲလေ....

ငါအခုပြောပြတဲ့ရေဆင်အကြောင်းကငါ့အဖေကိုရေဆင်ခြောက်ပိုင်ထားတဲ့ဆင်ဦးစီးပြောပြတဲ့အကြောင်း

တွေကိုအဖေကငါ့ကိုပြောပြတာ ငါကတဆင့်မင်းတို့

ကိုမျဝေပြောပြတာ ငါလည်းရေဆင်ကိုကိုယ်တိုင်

မမြင်ဖူးပါဘူး...”


     လူငယ်များမှာရန်မတီးစကားအဆုံံးတွင်တစ်ယောက်တစ်ပေါက်ရေဆင်အကြောင်းပြောဆိုနေချိန် ရန်မတီးမှာရူဘီနာကို ရေဆင်အကြောင်းပြောပြလျက်

ရှိနေသည်။


           ဆင်များလန့်ပြေးလာရာတောကုန်းထိပ်တွင် အနက်ရောင်ဝတ်ရုံရှည်ဝတ်ထားသောလူတစ်စုရှိနေကြ၏ ။

       ထိုသူများမှာရန်မတီးတို့အဖွဲ့ကိုဆင်နင်းသတ်ခံရစေရန်

တောဆင်ရိုင်းအုပ်ကို တောင်ပေါ်မှခြောက်လှန့်မောင်း

ချသော ဝတ်ရုံနက်ဝတ်ဆင်သူများပင်ဖြစ်၏ ။


     သူတို့တာဝန်မှာ ရန်မတီးတို့လူစုကိုလုပ်ကြံရန်

ဖြစ်၏ ။

     သို့ရာတွင်

ဆင်ရိုင်းအုပ်မှာကြောက်လန့်တကြားရှေ့သို့ပြေးနေရာမှနောက်သို့တပ်ခေါက်ပြန်ပြေးလာခြင်းကြောင့်သူတို့ပင်

အသက်လုပြေးလိုက်ရသေးသည်။


   ဝတ်ရုံနက်များမှာ တောင်ပေါ်မှမြင်နေရသော ရန်မတီးတို့လူစုစခန်းချထားရာမှဖိုထားသော မီးပုံကို

တောင်ပေါ်မှယခုလိုညအချိန်လှမ်းမြင်နေရသောကြောင့် မမှိတ်မသုန်စိုက်ကြည့်ရင်းရှိနေကြ

ပါတော့သည်။


rate now: