book

Index 5

အပိုင်း-(၅)

နတ်ရဲတောင်လျို့ဝှက်ချက် ၅

==================


      ရူဘီနာမှာဖခင်ဖြစ်သူနဲ့အတူတောတက်လာ

ခဲ့၏ ။

    ဖခင်ဖြစ်သူမှာလက်မူပညာတတ်မြောက်သူဖြစ်

သောကြောင့်လက်ဆွဲခြင်းများ၊စားပွဲကုလားထိုင်များ

ကိုကြိမ်ဖြင့်လက်ရာမြောက်စွာပြုလုပ်တတ်သူဖြစ်

၏ ။

     ကြိမ်နွယ်မှာခုတ်ယူနေလှန်းပြီးခြောက်သွေ့ချိန်

မျိုးတွင်မှအသုံးပြု၍ရသောကြောင့်ကြိုတင်၍

ရသမျခုတ်ကာ နေလှန်းစုဆောင်းထားရန်ဖြစ်၏ ။

        ကြိမ်ပင်မှာအပ်ကဲ့သို့ချွန်မြသောအဆူးအခက်များ

ပြည့်နှက်နေသောကြောင့် ဆူးမရှမိစေရန်သေချာ

ဂရုတစိုက်ကြိမ်နွယ်များကိုဖြတ်တောက်ခုတ်ထစ်

ရ၏ ။

     ဖခင်ဖြစ်သူကြိမ်ခုတ်နေချိန်တွင် ရူဘီနာမှာ

တောင်ကြာပင်များလိုက်ရှာနေတော့၏ ။


    တောင်ကြာဟုခေါ်တွင်သော်လည်းရေကန်တွင်

ပေါက်ရောက်နေသောကြာပန်းများနဲ့များစွာကွဲလွဲ

ချက်ရှိ၏ ။


    ပထမအချက်အနေဖြင့်တောင်ကြာမှာကျောက်

တုံးကျောက်ဆောင်များသောတောင်များတွင်ပေါက်

ရောက်သော တစ်တောင်သာသာအမြင့်ရှိ၍အရွက်

မှာကြာရွက်နဲ့ဆင်သော်လည်းကြာရွက်ကဲ့သို့မကြီး

ပဲငါးနှစ်သားခလေးလက်ဖဝါးသာသာအရွယ်မျသာ

ရှိပြီး အပွင့်လည်းမပွင့်သလို အရွက်မှာလည်းတစ်

ရွက်သာရှိသောအပင်တစ်မျိုးဖြစ်၏ ။

        ထိုတောင်ကြာတစ်ပင်လုံးမှာဆေးဖက်ဝင်

၏ ။

    တောင်ကြာပင်အားနူတ်လိုက်ပါကအောက်ခြေ

တွင်သေးငယ်သောဥငယ်လေးတစ်ဥရှိနေတတ်၏။

      တစ်ပင်လုံးပဉ္စငါးပါးထုထောင်း၍ ဒဏ်ရာအနာတရဖြစ်သောနေရာများတွင်လိမ်းအုံပေးပါက ထိခိုက်ဒဏ်ရာမှန်သမျ ပျောက်ကင်းစေ

သောအစွမ်းရှိ၏ ။

        မီးလောင်ဒဏ်ရာများကိုပင်အမာရွတ်မကျန်

အောင်ပျောက်ကင်းနိူင်သောအစွမ်းမျိုးရှိသော

ဆေးဖက်ဝင်အပင်တစ်မျိုးပင်ဖြစ်သည်။


တခြားအပင်များနဲ့ရောနှောနေသော တောင်ကြာပင်ကို ဂရုတစိုက်ရှာနေသော

      ရူဘီနာမှာ လွယ်လာသောကြိမ်ပလိုင်းအတွင်း 

တောင်ကြာအတော်အတန်ရသောအခါ ကြိမ်တော

အတွင်းကြိမ်ခုတ်နေသောဖခင်ဖြစ်သူထံပြန်သွား

ရာခုတ်ပြီးသောကြိမ်နွယ်များကိုအဝိုင်းလိုက်ခွေခေါက်နေသောဖခင်ဖြစ်သူကိုတွေ့လိုက်ရ၏ ။

      ရူဘီနာဖခင်မှာကြိမ်နွယ်ပင်ခွေကိုပခုံးတွင်လက်လျိုထမ်း၍ ရူဘီနာကတောင်ကြာပလိုင်းလွယ်၍

ရွာသို့ပြန်လာခဲ့ကြတော့၏ ။

       

     ရွာနဲ့နီးကပ်လာချိန်အော်ဟစ်ငိုကြွေးသံများ

ကြားလိုက်ရသောကြောင့် သားအဖနှစ်ယောက်

စိုးရိမ်တကြီးဖြင့်ရွာသို့ခြေလှမ်းသွက်သွက်လှမ်း

လာခဲ့ကြတော့သည်။


         ”...ဟင်..မေမေ....ပါးပါး....လုပ်ပါအုံး

မေမေကိုခေါ်လို့မရတော့ဘူး....”


     အပြေးတပိုင်းဖြင့်အိမ်အနီးရောက်ချိန်တွင်

မြင်လိုက်ရသောမြင်ကွင်းကြောင့်သားအဖနှစ်ယောက်ရင်ထဲဆို့နစ်သွားရတော့၏ ။


     ရူဘီနာမိခင်ကြီးမှာမြေကြီးပေါ်တွင်

လဲကျနေခြင်းနဲ့အတူ ရင်ဘတ်မှထွက်နေသော

သွေးများကထိုနေရာမြေကြီးတဝိုက်တွင်အိုင်ထွန်း

လျက်ရှိနေ၏ ။


         ရူဘီနာမှာမိခင်ကြီးမှာအသက်ပျောက်နေပြီ

ဖြစ်သောကြောင့် ရူဘီနာတစ်ယောက်မိခင်အလောင်းကိုပွေ့၍အူလိုက်သည်းလိုက်ငိုကြွေးနေသကဲ့သို့ ဖခင်ဖြစ်သူ

မှာလည်းမျက်ရည်ဖြိုင်ဖြိုင်စီးကျလျက်ဖြင့်ရှိနေပါ

တော့၏ ။

    အေးချမ်းသာယာစွာရှိနေသောသူမတို့ရွအတွင်း

မည်သူကများရန်ငြိုးရန်စမရှိပဲ မိခင်ကြီးကိုသတ်သွားခြင်းကိုတွေး၍မရနိူင်ရှိနေ

ပါတော့သည်။

    ထိုအချိန်မှာပင်တုတ်ဓားလက်နက်ကိုယ်စီ

ကိုင်ထားသော ရွာသားတစ်စုသူမတို့အိမ်ရှေ့ရောက်လာခဲ့ကြတော့

၏ ။


”....ဒီကောင်တွေ ဝေးဝေးမရောက်လောက်သေး

ဘူး ကျုပ်တို့လိုက်ရင်မှီနိူင်သေးတယ်...”


”....ဘာတွေဖြစ်နေကြတာလဲဗျာ ကျုပ်မိန်းမကို

ဘယ်သူကများအငြိုးတကြီးသတ်သွားတာလဲ...”


”...ကျုပ်တို့လည်းမသိဘူး မူရတီး ..တစ်ကိုယ်

လုံးအနက်ရောက်ဝတ်ရုံရှည်ဝတ်ထားတဲ့လူတစ်

စုရောက်လာပြီး ရွာထဲကမိန်းခလေးတွေကို

ဖမ်းခေါ်ကြတာ မိန်းခလေးတချို့ပါသွားတယ်..”


    ရွာသားများနဲ့သူမဖခင်ပြောစကားများကိုကြား

နေရသော ရူဘီနာတစ်ယောက်ယခုမှညီမဖြစ်သူ

အားသတိရ၍ အိမ်တွင်းပြေးဝင်၍ ညီမဖြစ်သူအား

ရှာဖွေရာယခုမှညီမဖြစ်သူပျောက်ဆုံးနေမှန်းသိလိုက်ရတော့၏ ။


”..ပါးပါး...ကဘီနာ ပျောက်နေတယ်...ကဘီနာ

ရှာမတွေ့ဘူး...”


” ဒါဆိုသေချာတယ်.. ဟိုကောင်တွေဖမ်းတဲ့အထဲ

ပါသွားလောက်ပြီ...”


....ဟင်.....


သူမပြောစကားကိုရွာသားတစ်ယောက်က သူ့ထင်

မြင်ချက်ပြန်ဖြေစကားကြားရချိန် ရူဘီနာတစ်ယောက်တပူပေါ်နှစ်ပူဆင့် ဝမ်းနည်း

စရာကြုံရချိန်နောက်ဝမ်းနည်းစရာတစ်ခုထပ်လာ

တိုးရပြန်တော့၏ ။


 ”...ကျုပ်တို့ကဒီကောင်တွေနောက်လိုက်မယ်

မူရတီး ခင်များလည်းလိုက်ချင်လိုက်ခဲ့...”


”..မလိုက်ပဲ ဘယ်နေလို့ရမလဲဗျာ..ကျုပ်မိန်းမ

ကိုသတ် ကျုပ်သမီးကိုဖမ်းတဲ့ကောင်တွေကို

တွေ့လို့ကတော့နူတ်နူတ်စင်းပစ်မှာ....”


”  ..ပါးပါး....ပါး...ပါး...မသွားပါနဲ့.. အန္တရယ်များလွန်းပါတယ်....”


”...မသွားလို့မရဘူး သမီးညီမလေးသူတို့နောက်

ပါသွားတာ ဖေဖေလိုက်ကယ်ရမှာပေါ့

ဘာမှစိတ်မပူနဲ့ဖေဖေပြန်လာခဲ့မယ်.....”


   မေးရိုးကြီး

များထောင်၍အံ့ကြိတ်လျက် ကြိမ်ခုတ်ဓားကောက်

တိုကိုကိုင်ထားသောရူဘီနာဖခင်မှာရွာသားများနောက်လိုက်ပါသွားခဲ့ပြီဖြစ်၏ ။


     ရွာတွင်းသို့ဝင်ရောက်လာသူများမှာ ယောက်ကျားသားများအလုပ်ခွင်ရောက်နေချိန်ကို

တွက်ဆရောက်လာခြင်းဖြစ်ပြီးရွာသူမိန်းခလေးများ

ကိုလာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး သမီးဖြစ်သူအတွက်ကာကွယ်ခုခံသောမိခင်ကြီးကို

သတ်သွားခြင်းဖြစ်နိူင်ကြောင်းရူဘီနာတွေးလိုက်မိ၏ ။

    ရူဘီနာတစ်ယောက် ဝမ်းနည်းပလက်ဖြင့်

မိခင်ကြီးအလောင်းဖက်ငို၍ဖြည်မဆည်နိူင်ခံစားနေရတော့၏ ။

      ရွာထဲမှလူကြီးသူမတချို့ရောက်လာပြီး

မိခင်အလောင်းကိုမီးသဂြိုလ်ရန်စီမံနေကြတော့၏။


    ရူဘီနာတစ်ယောက်မိခင်သေဆုံးရခြင်းအတွက်

ပူဆွေးဝမ်းနည်းနေရသလို၊ဖမ်းဆီးခေါ်ဆောင်သွား

ခြင်းခံရသောညီမဖြစ်သူနဲ့ ညီမဖြစ်သူကိုကယ်တင်ရန်ထွက်ခွာသွားသောဖခင်

ဖြစ်သူအတွက်လည်းစိတ်ပူနေမိရပြန်သည် ။


      ရင်တမမဖြင့်အိမ်ရှေ့လမ်းပေါ်ထွက်၍ဖခင်

ဖြစ်သူနဲ့ညီမပြန်အလာကိုစောင့်မျော်နေမိသော

ရူဘီနာတစ်ယောက် ညနေမှောင်ရီပျိုးစအချိန်တွင်

တောင်ပေါ်မှဆင်း၍ရွာသို့ပြန်လာနေသောရွာသား

များကိုတွေ့လိုက်ရသောကြောင့်ငြိမ်စောင့်မနေနိူင်

တော့ပဲ ရွာသားများထံပြေးသွားလိုက်တော့၏ ။


  ”.....ပါးပါး....ပါးပါး....ညီမလေး....”


   လူအုပ်အတွင်းညီမဖြစ်သူနဲ့ဖခင်အမည်ကိုခေါ်

၍မျက်လုံးဝေ့ဝိုက်၍လိုက်ရှာနေမိတော့၏ ။

    ရွာသားများမှာသွေးရူးသွေးတန်းဖြစ်နေသော

ရူဘီနာကိုကြည့်၍ စိတ်မကောင်းဟန်မျက်နှာဖြင့်

ရှိနေကြ၏ ။


”....ပါးပါးကော.. ပါးပါး မတွေ့ပါလား..

ညီမလေးကိုကောရှာတွေ့ကြလား... ပြောကြပါအုံး....”


”...စိတ်ထိန်းနော် ရူဘီနော်...ငါတို့လမ်းမှာ

တိုက်ခိုက်ခံရတယ် ...အဲဒီမှာ...နင့်ပါးပါး....

  အသတ်ခံလိုက်ရတယ်.....”


.....ဟင်......


..ရူဘီနာ...ရူဘီနာ.. သတိထားပါအုံး.....


    တနေ့တည်းတွင်မိခင်ရောဖခင်ကိုပါဆုံးရူံးလိုက်

ရသည့်အပြင် ညီမဖြစ်သူကသေသည်မသိရှင်

သည်မသိရသော အခြေအနေမို့ ရူဘီနာမှာဖခင်

အကြောင်းကြားလိုက်ရချိန် ကမ္ဘာကြီးတစ်ခုလုံး

အိုးထိန်းစက်ကဲ့သို့ချာချာလည်နေသလိုခံစားရမိခြင်းနဲ့အတူလူကမတ်တတ်ပျော့ခွေလျက်ခံစား

မူအရှိန်ကြောင့်သတိလစ်မေ့မြောသွားပါတော့

သည်။


       ရူဘီနာသတိရချိန်မှစ၍ငိုနေမိ၏ ၊ သူမအတွက်ပျော်ရွင်စရာမိသားစုကမ္ဘာလေးမှာ

အချိန်ခနလေးအတွင်းအစိတ်စိတ်အမွာမွာကွဲကြေ

သွားသောမှန်တချပ်ကဲ့သို့ပြန်၍ဆက်စပ်မရနိူင်

တော့မှန်းတွေးရင်းငိုနေမိခြင်းဖြစ်သည်။


       မိဘများအတွက်ဝမ်းနည်းစွာငိုကြွေးနေရင်းမှ

ညီမဖြစ်သူအကြောင်းတွေးနေမိရာ စိုးရိမ်စိတ်များ

ဝင်လာမိပြန်၏ ။

    ယခုအချိန်ဆိုလျင်ညီမဖြစ်သူမှာရန်သူလက်အတွင်းသေသည်ရှင်သည်မသိရပဲရှိနေ၏ ။

   အကယ်၍အသက်မသေပဲရှိနေပါက အကူအညီ

ကိုမျော်လင့်နေမည်မှာသေချာနေသည်။


    ဖခင်ကြီးသေဆုံးသည်ကိုမသိပဲဖခင်ကြီးလာ

ကယ်မည်မျော်လင့်ချက်ဖြင့်စောင့်နေသောညီမဖြစ်

သူအားစိတ်အတွင်းပြန်မြင်ယောင်ရင်း ပါးထက်မှ

ကျလာသောမျက်ရည်များလက်ဖမိုးဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်တော့သည်။

      ယခုအချိန်တွင်ငိုကြွေးနေသည်ထက်

ကယ်ဆယ်မည့်သူကိုစောင့်ကြိုနေမည့်ညီမဖြစ်သူ

အတွက်အမတစ်ယောက်အနေဖြင့် သူမ ကြံ့ခိုင်

နေရမည်။


  မိဖနှစ်ပါးကိုသတ်သွားသူများကိုပြန်၍လက်စား

ချေမည်အတွေးဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင်

ဆုတ်လိုက်တော့၏ ။


    နောက်တစ်နေ့၏မနက်စောစောအချိန်တွင်

ရူဘီနာတစ်ယောက် ရွာမှထွက်လာခဲ့တော့၏ ။


    သူမကျောတွင် လေးနဲ့မြှားကိုလွယ်ပိုးထားပြီး

ဓားမြှောင်တစ်လက်ကိုဓားအိမ်တွင်ထည့်၍ခါးတွင်

တွင်ချပ်ထား၏ ။


   ရူဘီနာမှာရှည်လျားသောဆံနွယ်များကိုခေါင်းတွင်

စုစည်း၍အဝတ်ပိုင်းတထည်ဖြင့်ခေါင်းပေါင်းထား၏။

   ဝတ်စားထားသောအဝတ်အစားများမှာယောက်

ကျားလေးများဝတ်ဆင်သောအဝတ်အစားများကို

ဝတ်ဆင်ထားသောကြောင့် တခြားလူစိမ်းတစ်ယောက်သာ ရူဘီနာကိုတွေ့မည်

ဆိုပါက ကောင်ချောလေးတစ်ယောက်ဟုထင်မြင်

ကြမည်မှာသေချာနေ၏ ။

       ရူဘီနာဖခင်မှာသားယောက်ကျားလေးအလွန်လိုချင်သူဖြစ်သော်လည်း ရူဘီနာမွေးဖွားလာချိန်

မိန်းကလေးဖြစ်နေခြင်းကြောင့် သားလိုချင်သော

ဖခင်ကြီးမှာရူဘီနာကိုယောက်ကျားလေးတစ်

ယောက်လိုဆက်ဆံ၍ ရိုးရာနပမ်းပညာများ၊ကိုယ်ခံ

ပညာများသင်ကြားပေးသည့်အပြင် သူတောတက်

တိုင်းလည်း ရူဘီနာကိုအဖော်အဖြစ်ခေါ်လေ့ရှိသူ

ဖြစ်သည်။      


  ထို့ကြောင့် ရူဘီနာမှာ ယောက်ကျားလေးဆန်သောစိတ်ရှိ၍မိမိကိုယ်ကို

ယုံကြည်မူရှိလာသည်မှာသူမဖခင်ကြောင့်ဖြစ်သည် ။


     နတ်ရဲတောင်မှာ ကြီး၍မြင့်မားသောတောင်

ကြီးဖြစ်သောကြောင့် အဝေးမှကြည့်ပါကနီးမည်

ထင်မှတ်ရသော်လည်းတကယ်တမ်းသွားသောအခါမူအတော်ဝေးဝေးအရပ်တွင်ရှိ၍တောအုပ်များ

ဖြတ်သန်းသွားရမည်ဖြစ်ကြောင်း ရူဘီနာသိလိုက်

ရသည်။

     ထို့ကြောင့်..နတ်ရဲတောင်ရှိရာကိုမှန်းဆ၍

တောတွင်းလျောက်လာနေစဉ် ပုံဆင်တူသော

သစ်ပင်များကြောင့်တောအုပ်ကြီးအတွင်းမျက်စိ

လည်လျက်ရှိနေပါတော့၏ ။

     ထိုအချိန်မှာပင်မိန်းခလေးတယောက်အော်ဟစ်သံကြားလိုက်ရသောကြောင့်ထိုနေရာသို့ အပြေးအလွားရောက်သွားမိတော့၏ ။


      မိန်းကလေးတစ်ယောက်ကိုအနက်ရောင်

ဝတ်ရုံရှည်ဝတ်ထားသူတစ်ယောက်ကထမ်းပြေး

နေကိုတွေ့လိုက်ရခြင်းကြောင့် အလွန်နီးကပ်နေသော အခြေအနေမို့ ခါးကြားမှ

ဓားတိုလေးကိုထုတ်၍ ပြေးလမ်းရှေ့မှပိတ်ရပ်

လိုက်တော့၏ ။

      ဝတ်ရုံနက်ဝတ်ထားသူမှာမမျော်လင့်ပဲ

ရူဘီနာရောက်လာခြင်းကြောင့် အံ့သြသင့်သွားဟန်

ရှိကာ သူ့ပခုံးတွင်ထမ်းလာသော မေ့မြောနေပြီ

ဖြစ်သောမိန်းခလေးကို ပခုံးပေါ်မှပစ်ချလိုက်ရင်း

ခါးတွင်ချပ်ထားသောဓားရှည်ကိုဆွဲထုတ်၍ 

    ရူဘီနာကိုတရှိန်ထိုးဝင်၍တိုက်ခိုက်လိုက်

တော့၏ ။

       ရူဘီနာမှာတိုက်ခိုက်မူအတွေ့အကြုံနည်း

သည့်အပြင် လက်နက်အတိုအရှည်ကွာဟနေခြင်း

ကြောင့် တိုက်ပွဲတွင်အရေးနိမ့်နေလျက်ရှိနေတော့

၏ ။

     ....ရွတ်...အ....


....ဖောင်း....ဟင်.....


      လက်နက်အတိုအရှည်ကွာဟချက်ကြောင့်

အဝေးမှတိုက်လျင် သူမအတွက်တပန်းရူံးနိမ့်နေသောကြောင့် ရူဘီနာ

မှာရှေ့သို့တိုး၍လူချင်းပူးကပ်၍တိုက်ခိုက်နေရာ

 ဝတ်ရုံနက်မှဓားဖြင့်ဘေးတိုက်ပွတ်ဆွဲခြင်းကို

ဓားမြောင်ဖြင့်ကာထားရာမှလက်မောင်းသားလွတ်ထွက်၍ ရူဘီနာမှာ ဓားချက်ကြောင့်လက်မောင်းမှ.သွေးများဖြာကျလာ

သလိုကိုယ်တပတ်လှည့်၍ ရိုက်လိုက်သော သူမ

လက်ကထိုလူ့ခေါင်းပေါ်ရိုက်မိသွားရာ ဝတ်ရုံနက်

ခေါင်းဆောင်းနောက်သို့လန်ကျသွားခြင်းနဲ့အတူ

  ထိုလူရုပ်သွင်ကိုတွေ့လိုက်ရချိန် ခနမျမှင်သက်

သွားမိတော့၏ ။


    မျက်နှာတစ်ခုလုံးတွင်ဆေးမှင်စက်များမျက်နှာ

အပြည့်ထိုးထားခြင်းကြောင့်ကြည့်ရဆိုးနေသလို

မျက်လုံးများကကြောင်စီစီဖြစ်နေကြပြီး ဟထား

သောပါးစပ်အတွင်းမှသွားများမှာမည်းနက်နေ

ရာယခုလိုပုံစံမျိုးတစ်ခါမှမတွေ့ဖူးသော ရူဘီနာ

ကြောင်ငေးသွားမိခြင်းဖြစ်သည်။


    ထိုလူမှာရူဘီနာသူအားငေးစိုက်ကြည့်နေခြင်း

ကြောင့်သူမျက်နှာကိုစမ်းသပ်ကြည့်ရာ မျက်နှာ

အကွယ်အကာမရှိကြောင်းသိလိုက်ရချိန် ရူဘီနာ

အားမတိုက်ခိုက်တော့ပဲ ခေါင်းဆောင်းကိုပြန်ဆောင်း၍တောအတွင်းသို့

ပြေးဝင်သွားတော့သည်။


       ရူဘီနာမှာထိုလူမည့်သည့်အကြောင်းကြောင့်

ပြေးလွားခြင်းကိုမစဉ်းစားနေအားဒဏ်ရာကိုလက်တဖက်ဖြင့်အုပ်ကိုင်၍

ဒဏ်ရာရနေသောမိန်းကလေးအနီးတိုးကပ်ကြည့်

ရာမူးယစ်စေသောရနံ့တမျိုးမျိုးရူရိူက်ထား၍မေ့

မြောနေမှန်းသိလိုက်ရတော့၏ ။


”…ဒါတွေက ကျွန်မဒီကိုရောက်လာရတဲ့

အကြောင်းတွေပဲ.. ဦးလေး....”


    ရန်မတီးတစ်ယောက်ရူဘီနာစကားအဆုံးတွင်

သက်ပြင်းချလိုက်မိ၏။


   နုနုနယ်နယ်မိန်းခလေးတစ်ယောက်အတွက်

ဆိုးရွားလွန်းသော လောကဓံကို လောလောလတ်လတ်ကြုံထားရသော ရူဘီနာ

ဘဝအကြောင်းကြားလိုက်ရချိန်သားသမီးခြင်း

ကိုယ်ချင်းစာစိတ်ဖြင့်စိတ်မကောင်းမိရခြင်းဖြစ်သည်။


    ရန်မတီးမှာလည်း သူတို့နယ်မှရွာသူများ

ပျောက်ဆုံးခြင်းကြောင့် ခရီးထွက်လာသည့်အကြောင်းများ ရူဘီနာအား

ပြန်ပြောင်းပြောပြနေ၏ ။


”....ဦးလေးအနေနဲ့ သမီးကိုတစ်ခုလောက်

ပြောချင်တယ် ဦးလေးတို့အဖွဲ့ဟာလည်း မိန်းခလေးတွေကယ်ဖို့ နတ်ရဲတောင်သွားမှာမို့

ဖြစ်နိူင်ရင်သမီးကို အိမ်ပြန်စေချင်တယ်...”


”..မပြန်ဘူးဦးလေး...သမီးမိဘတွေအတွက်

သူတို့ကိုတခုခုလက်တုန့်ပြန်ဖို့ဆုံးဖြတ်ချက်ချထား

ပြီးသားမို့ သမီးမပြန်ဘူး.. ဦးလေး...”


”…အဲလိုဆုံးဖြတ်ချက်ရှိတယ်ဆိုရင်လည်း

ဦးလေးတို့နဲ့အတူတူသမီးကိုလိုက်ခဲ့စေချင်ပါတယ်၊

ယောက်ကျားလေးတွေချည်းပဲဆိုပေမယ့် 

ရိုင်းစိုင်းတဲ့ခလေးတွေမပါ ပါဘူး သမီးစိတ်အနှောင့်အယှက်မဖြစ်စေရဘူးလို့

ဦးလေးတာဝန်ယူပါတယ်.... ”


   ရန်မတီးမှာ ဖြစ်နိူင်လျင် ရူဘီနာကိုယခုကိစ္စတွင်

ဝင်မပါစေလိုသော်လည်း လုံးဝမပြန်ရန်စိတ်ဆုံးဖြတ်ချက်ချပြီးသားဖြစ်သော

ရူဘီနာကြောင့် အနီးကပ်ကူညီပေးနိူင်ရန်သူနဲ့တပါ

တည်းလိုက်ပါရန်ခေါ်နေခြင်းဖြစ်ပါတော့သည်။


  အိမ်အပြင်ဖက်တွင်ညနေစောင်းအချိန်မို့လေရူးများ

တသုန်သုန်တိုက်ခတ်လျက်ရှိနေပါ၏ ။


==========================


   ၆ ဆက်ရန်


မြူခိုးအလင်္ကာ


rate now: