book

Index 4

အပိုင်း-(၄)

နတ်ရဲတောင်လျို့ဝှက်ချက် ၄

=================


          မိန်းမချောလေးမှာ ရန်မတီးတွေးထင်ထား

သောအိန္ဒိယအမျိုးသမီးလေးတစ်ယောက်ဖြစ်နေပါ

တော့၏ ။

(   အောက်တွင်ဖော်ပြမည့်ရန်မတီးနဲ့မိန်းမချောလေးပြောစကားများမှာအိန္ဒိဘာသာစကားဖြင့်ပြောဆိုခြင်းဖြစ်ပါကြောင်း--စာရေးသူ)


   ” မင်္ဂလာပါ..... ”


    ”...မင်္ဂလာပါ.. သမီး...ဦးလေးနာမည်က

ရန်မတီးလို့ခေါ်ပါတယ်...”


 ” ..ဟုတ်ကဲ့ သမီးနာမည် ရူဘီနာပါ...”


 ”… ဒီကသမီးကို ဦးတစ်ခုလောက်မေးချင်ပါတယ်

ဦးတို့နေတဲ့ရွာကမိန်းခလေးတွေဟာ ရုတ်တရက်

အစရှာမရအောင်ပျောက်သွားတဲ့အတွက်


ပျောက်သွားတဲ့မိန်းခလေးတွေကိုရှာဖို့ထွက်လာကြ

တာပါ။

  ဒီလိုနဲ့လမ်းမှာတွေ့တဲ့ရွာတွေမှာစနည်းနာမေးမြန်း

စုံစမ်းတော့ အဲဒီရွာကမိန်းခလေးတွေဟာလည်း

အကြောင်းတစ်စုံတရာရှာမရပဲပျောက်ကုန်တာသိ

ခဲ့ရတယ် ။

     သဲလွန်စတွေပျောက်ပြီးစမ်းတဝါးဝါးဖြစ်နေချိန်

ခုဒီရွာရောက်ချိန်မှာ ထူးထူးဆန်းဆန်းအဖမ်းမခံရပဲလွတ်မြောက်လာတဲ့

မိန်းခလေးတစ်ယောက်ရှိသလို ကယ်တင်ရှင်တစ်

ယောက်လည်းရှိနေတယ်ကြားရတာမို့ ..


ဦးလေးတို့

ရွာကမိန်းခလေးတွေအပါအဝင်တနယ်လုံးကပျောက်ဆုံးနေကြတဲ့မိန်းခလေးတွေအကြောင်းနဲ့ဆက်စပ်ပြီးဒီကသမီးဆီကအကြောင်းတစ်စုံတရာများသိရမလားဆိုပြီး သမီးဆီရောက်လာခဲ့ရတာပါ.....”


   ရန်မတီးစကားကြားရချိန် ရူဘီနာမျက်နှာမှာ

ပြိုတော့မည့်မိုးကဲ့သို့မိူင်းညိူ့သွား၏ ။


       သက်ပြင်းများလည်းကြိတ်၍မကြာခနချ

နေခြင်းကိုရန်မတီးတွေ့နေရကာ တစ်ခနတာမျ

နူတ်ဆိတ်ငြိမ်သက်သွားတော့၏ ။


          ”...ဒီအကြောင်းအရာတွေကို အိပ်ယာဝင်

ပုံပြင်တပုဒ်အဖြစ် ကျွန်မငယ်ငယ်ကအမေ ခနခန

ပြောပြခဲ့ဖူးပါတယ်...။

       အဲဒီပုံပြင်မျိုးအပြင်မှာအမှန်တကယ်

ဖြစ်လာလိမ့်မယ်လို့ တကယ်မထင်ခဲ့မိဖူးပါဘူး..

    ကျွန်မအကြောင်းမပြောပြခင် ခုမိန်းခလေးတွေ

ပျောက်ဆုံးမူနဲ့ဆိုင်တဲ့ဇတ်လမ်းတပုဒ်ကိုပြောပြ

ချင်ပါတယ်...”


     ရူဘီနာမှာသူမစကားကိုခနမျရပ်ထားလိုက်

ရင်းဝမ်းနည်းကြေကွဲနေသောစိတ်ခံစားမူကိုခနတာ

မျထိန်းချုပ်နေဟန်ရှိနေပါ၏ ။


ရန်မတီးမှာမိန်းခလေးများပျောက်ဆုံးခြင်းအကြောင်းကိုသိရမည့်အရေးမို့ရင်စိတ်ဝင်စားစွာနားစွင့်

လျက်ရှိနေပါ၏ ။

      ရန်မတီးမှာ ရူဘီနာနဲ့စကားပြောဆိုချိန်တွင်

တချို့စကားလုံးများနားမလည်သည်များရှိရာနောက်တကြိမ်ပြန်မေးရသည်များရှိသလိုရူဘီနာက

လည်း ရန်မတီးနားလည်စေရန်ဖြည်းဖြည်းခြင်းပြောပြနေ

သောကြောင့်ဘာသာစကားဆက်သွယ်မူအဆင်ပြေသည်ဆိုရမည်ဖြစ်၏ ။


      သူကြီးနဲ့ရွာသူမိန်းခလေးမှာစကားနားမလည်

သောကြောင့် နှစ်ယောက်သားအေးဆေးစကားပြောနိူင်ရန်ရှောင်ထွက်သွားကြခြင်းကြောင့်နှစ်ယောက်တည်းသာ

ရှိနေပါ၏ ။


    ဆန်ဂျေးကူပါရ်ဟုအမည်ရသောသူကြွယ်သား

တစ်ယောက်မှာဟိမဝန္တာနဲ့ဆက်စပ်သောရွာငယ်

လေးတစ်ရွာမှဖြစ်၏ ။

         အညိုဖက်လုသောအသားအရေ

မြင့်မားသောအရပ်အမောင်းကြံ့ခိုင်သောကိုယ်ကာ

ယရှိ၍နူတ်ခမ်းမွေးကားကားဖြင့်ဆန်ဂျေးပုံစံက

သူတို့လူမျိုးများကြား ယောက်ကျားပီသသူဟု

သတ်မှတ်ခံရသူဖြစ်၏ ။

       ဆန်ဂျေးမှာထူးဆန်းသောစိတ်နေစိတ်ထား

ရှိသူဟုဆိုရမည်ဖြစ်၏ ။

     ထိုထူးဆန်းသောစိတ်ကတခြားမဟုတ်ပဲ

လောကီအတတ်ပညာရပ်များကိုအထူးတလည်စိတ်ဝင်စားသူတစ်ယောက်ဖြစ်သည်။


    အပြင်ပန်းမျက်နှာအမူအယာမှာအပြုံးတပွင့်

ကိုနူတ်ခမ်းတွင်အမြဲတတ်ဆင်ထားတတ်၍

  မရှိသူများကိုပေးကမ်းစွန့်ကြဲခြင်းဖြင့် သူ့ကိုဂရုဏာရှင်ကြီးအဖြစ်လူအများကြား

စံပြပုဂ္ဂိုလ်အဖြစ်ချီးမွမ်းခံရသူတစ်ယောက်ဖြစ်၏။


   တကယ်တမ်းဆန်ဂျေးကူပါရ်အတွင်းစိတ်မှာ

သူမတူအောင်ရက်စက်ကြမ်းကြုတ်သောစိတ်ထား

ရှိသူတစ်ယောက်ပင်ဖြစ်သည်။


    သို့ရာတွင်

ကြမ်းကြုတ်သောသူ့စိတ်ကိုဖုံးကွယ်ရန်အကာအကွယ်ယူထားခြင်းသာဖြစ်၏ ။


   ဆန်ဂျေးမှာတောင်ပေါ်တွင်နေထိုင်သော

နတ်ဆိုးကိုးကွယ်သောလူမျိုးစုရွာမှ နတ်ဆရာကြီး

ထံတပည့်ခံယူထားသူဖြစ်၏ ။


      မကောင်းသောအောက်လမ်းကျင့်စဉ်များကို

ကျင့်သည့်အပြင်ကိုးကွယ်သောနတ်ဆိုးကို တိရိစ္ဆာန်သွေးသားများဖြင့် ယစ်ပူဇော်သောလူရိုင်း

များနဲ့ပူးပေါင်းရသောအကြောင်းအရင်း ဆန်ဂျေး

တွင်ရှိနေ၏ ။

    နှစ်ကာလကြာမြင့်သော်လည်းရုပ်ရည်အိုမင်း

 ရင့်ရော်မူမရှိအသက်ကိုနှစ်ထောင်ပေါင်းများစွာရှည်၍ထာဝရနူပျိုစွာနေထိုင်သွားနိူင်

သောလျို့ဝှက်နည်းကို နတ်ဆရာကသိသည်ဆို

ခြင်းကြောင့်ပေါင်းသင်းနေခြင်းဖြစ်၏ ။


     ထိုသို့ဖြင့်

ထာဝရနူပျိုမူကိုရရှိစေရန် ရက်စက်သောလုပ်ငန်း

ကိုစတင်လုပ်ဆောင်ပါတော့၏ ။


     မိန်းခလေးပေါင်းတစ်ရာတိတိ၏အသက်ဝိညဉ်

ကိုနတ်ဆိုးအတွက်စတေးပူဇော်ရမည့်ရက်စက်လွန်းသော အစီအရင်ကိုဆန်ဂျေးကူပါရ်တစ်ယောက် သူ့အလို

လောဘအတွက် ကောင်းသည်၊ဆိုးသည်မစဉ်းစား

ပဲစတင်လုပ်ဆောင်ပါတော့၏ ။


     ရွာအတွင်းမှမိန်းခလေးတစ်ချို့နဲ့ တစ်ခြား

ရွာနီးစပ်ချုပ်မှမိန်းခလေးများကို ဆန်ဂျေးလူများ

ကဖမ်းဆီး၍ အစီအရင်တဆင့်ခြင်းစတင်ပြုလုပ်

ပါတော့၏ ။

         တစ်ခြားတဖက်တွင်ရက်စက်သောအပြု

အမူလုပ်ရပ်များလုပ်ကိုင်နေသော ဆန်ဂျေးကူပါရ်

တစ်ယောက်တစ်ခြားတဖက်တွင် ဂရုဏာရှင်ကြီး

အဖြစ်ပြုမူနေထိုင်သောကြောင့်သူ့အားမည်သူမှ

  ထိုကဲ့သို့ရက်စက်သော အမူကိစ္စကိုကြိုးကိုင်

နေသူဟုမရိပ်မိလောက်အောင်ပင်ဆန်ဂျေးက

  သရုပ်ဆောင်ကောင်းလွန်းလှ၏ ။


    သို့ရာတွင်...

မည်မျပင်ဟန်ဆောင်ကောင်းလွန်းသူဖြစ်လင့်ကစားအချိန်တစ်ခုအတွင်းဟန်ဆောင်ထားသောမျက်နှာဖုံးမှာကွာကျရစမြဲပင်ဖြစ်၏ ။   


 မိန်းမပျိုလေးများအစရှာမရပျောက်ဆုံးခြင်းကြောင့်

ထိုနယ်တဝိုက်ရွာသားများအထူးတလည်သတိထား

နေကြသောကြောင့် သူ့အတွက် ယစ်သားကောင်

ဖမ်းယူရေးခက်ခဲလာခြင်းဖြစ်၏ ။


       ထိုသို့တိတ်တဆိတ်ဖမ်းဆီး၍မရသောအခါ

သူလူများကိုပြောင်ပြောင်တင်းတင်းအကြမ်းဖက်၍

ခေါ်ဆောင်လာစေ၏ ။


    ဆန်ဂျေးတစ်ယောက်ထာဝရအသက်ရှည်

နူပျိုမူအဆင့်တဆင့်တိုးလာတိုင်း ရက်စက်ကြမ်း

ကြုတ်စိတ်များပို၍တိုးလာလျက်ရှိနေ၏ ။


    ဆန်ဂျေးအတွက်နောက်ဆုံးသောယစ်ပူဇော်

ပွဲနေ့ရောက်လာခဲ့၏ ။


      တကြိမ်တွင်မိန်းမပျိုအယောက်နှစ်ဆယ်

လည်ချောင်းသွေးဖြင့် မကောင်းမူနက္ခတ်ယှဉ်တွဲ

ဖြစ်ပေါ်ချိန်မျိုးတွင်ပြုလုပ်ရသောအချိန်မျိုးဖြစ်

သောကြောင့်အချိန်ကာလမှာလည်းတစ်နှစ်တိတိ

ကြာမြင့်၍ နောက်ဆုံးသော ယစ်ပူဇော်ပွဲသို့ရောက်

လာခဲ့ခြင်းဖြစ်သည်။


     ယခုနောက်ဆုံးယစ်ပူဇော်ပွဲပြီးမြောက်လျင်

ဆန်ဂျေးတစ်ယောက်နှစ်ကာလအချိန်အတန်ကြာ

နူပျိုသောရုပ်သွင်ဖြင့်နေထိုင်သွားနိူင်သောဘဝမျိုး

ပိုင်ဆိုင်ရမည်ဖြစ်၏ ။


  မိမိအလိုဆန္ဒတစ်ခုအတွက်အပြစ်မဲ့သော မိန်းမပျိုအယောက်နှစ်ဆယ်မှာရက်စက်စွာလည်ပင်းဖြတ်သတ်ခံလိုက်ရပါတော့သည်။


 ဆန်ဂျေးအတွက်နောက်ဆုံးအဆင့်အစီအမံစတင်

နေချိန်တွင်မမျော်လင့်ထားသောအခြေအနေတစ်ခု

ပြေပေါ်ပေါက်လာခဲ့တော့၏ ။


       ရွာပေါင်းစုံမှလူများမှာ ဆန်ဂျေးအစီအမံပြု

လုပ်နေချိန်တွင်ရုတ်တရက်ရောက်ရှိလာပြီးလျင်

ဆန်ဂျေးတပည့်များကိုတိုက်ခိုက်လိုက်ကြပါတော့

၏ ။

     ဒေါသထွက်နေသောလူအုပ်ကြီးမှာဆန်ဂျေး

တပည့်အပါအဝင် တောင်ပေါ်လူရိုင်းများကိုသတ်

ဖြတ်လိုက်ကြတော့သည်။


   ဒေါသဖြစ်နေသောလူအုပ်ကြီးမှာတွေ့မဲမဲမြင်ရာ

အလွတ်မပေးတိုက်ခိုက်ရင်း ဆန်ဂျေးတို့စခန်းအခြေစိုက်ရာတောင်လိူဏ်ဂူအတွင်းဆန်ဂျေးကိုမြေလှန်ရှာဖွေကြသော်လည်း

ဆန်ဂျေးတစ်ယောက်အစနပင်ရှာမတွေ့တော့ပဲ

ထူးဆန်းစွာပျောက်ဆုံးသွားပါတော့၏ ။   


      ဆန်ဂျေးတစ်ယောက်ထိုအချိန်မှစ၍ထိုနယ်

မှထူးဆန်းစွာပျောက်ဆုံး၍ ဆန်ဂျေးဇတ်လမ်းတခန်းရပ်သွားပါတော့သည်။


     ကြောက်လန့်သွေးပျက်စရာအဖြစ်ဆိုးများမှာ

လည်းဆန်ဂျေးနဲ့အတူကွယ်ပျောက်သွားခဲ့ကာ

နယ်မြေတစ်ခုလုံးအေးချမ်းသာယာစွာဖြင့်နှစ်အတန်ကြာထိစိတ်အနှောင့်အယှက်ကင်းစွာရှိနေကြ

ပါတော့သည်။


      အစပထမ မိန်းမပျိုလေးများလည်ချောင်းသွေးဖြင့် ယစ်ပူဇော်

သောဆန်ဂျေးသတင်းက တောမီးသဖွယ်ပျံနှံ့၍

 အမျိုးမျိုးအဖုံဖုံသောချဲ့ကားသောဇတ်လမ်းများ

ပေါ်ထွက်ပြောဆိုကြပါတော့သည်။


       ရက်မှ၊လပြောင်းလမှနှစ်ပြောင်းဖြင့် 

ဆယ်နှစ်ဟူသောအချိန်ကာလအရောက်တွင်ဆန်ဂျေးအကြောင်းလူများစိတ်တွင်မေ့လျော့စပြုလာခဲ့

ပြီဖြစ်သည်။     

      ထိုသို့လူများမေ့လျောချိန်အရောက်တွင်

နောက်ထပ်ကြောက်လန့်စရာဇတ်လမ်းတပုဒ်ကထပ်မံအစပြုဖြစ်တည်လာခဲ့ပါတော့၏ ။


-----------------------------------------------------


      ရူဘီနာမွေးဖွားရာအရပ်မှာအိန္ဒိယနိူင်ငံ၏

အစွန်အဖျားအရပ်ဟုဆိုရမည်ဖြစ်သောဟိမဝန္တာ

တောင်တန်းကြီးနဲ့ဆက်စပ်နေသောအရပ်တော

ရွာလေးတစ်ရွာတွင်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။  


     ရွာကလေးမှာတောင်တန်းကြီးများအောက်

တွင်တည်ထောင်ထားသော အိမ်ခြေသုံးဆယ်ခန့်

ရှိရွာငယ်လေးတစ်ရွာပင်ဖြစ်သည်။


       တစ်အိမ်လုံးကိုမြေသားရွံ့စေးများဖြင့်တည်

ဆောက်ထားခြင်းဖြစ်သည်။


         ရွံစေးမြေသားအပေါ်မှမြေသားမခြောက်မှီ

နွားချေးများ ခပ်ပါးပါးသုတ် အိမ်အောက်ခြေမြေ

သားကိုညီညာစွာညှိလိုက်သောအခါ ကြမ်းပြင်မှာ

ညီညာ၍မာကျောသွားသလိုဘေးဖက်နံရံများကိုလည်းအတွင်းအပြင်နွားချေးဖြင့်သုတ်လိမ်းထားပြန်၏ ။


   အမိုးအတွက်ကားသစ်ရွက်ခပ်ကြီးကြီးများခူး၍

ဝါးခြမ်းဖြင့်တစ်ရွက်ချင်းဝါခြမ်းအလယ်တွင်ထက်ပိုင်းညီညာစွာခေါက်၍ပြုတ်မကျစေရန်နှီးပြားလေး

ဖြင့်ကလန့်၍ဓနိပစ်သကဲ့သို့ပြုလုပ်၍အိမ်တွင်မိုး

ကြ၏ ။


    မိုးရာသီကာလများတွင်

သည်းထန်စွာရွာတတ်သောမိုးဒဏ်ကိုအလူးအလဲ

ခံကြရသော်လည်းတခြားသောရာသီများတွင်နေ

ထိုင်ရအဆင်ပြေသည်ဟုဆိုရမည်ဖြစ်၏ ။


          ရွာသားများမှာဆိတ်များ၊နွားများမွေးမြူကြသလိုဆန်စပါးစိုက်ခင်းများကလည်းမြေဆီမြေနှစ်ကောင်းမွန်မူကြောင့်ဖြစ်ထွန်း

အောင်မြင်လှ၏ ။


        ခြုံပြောရလျင်ရွာငယ်လေးမှာရိုးသားအေး

ဆေးသောရွာသားများကြောင့် စိတ်ချမ်းမြေ့ဖွယ်

ရွာတစ်ရွာပင်ဖြစ်နေပါတော့သည်။


 ရူဘီနာမိဘများမှာလည်းရွာသားများနည်းတူ

ဆိတ်မွေးခြင်း၊လယ်ယာလုပ်ခြင်းဖြင့် ပျော်စရာ

မိသားစုလေးအဖြစ်ရှိနေကြပါတော့၏ ။


     ရူဘီနာတွင်သူ့ထက်တစ်နှစ်ငယ်သော

ကာဘီနာဟူသော ညီမငယ်တစ်ယောက်ရှိ၏ ။


   ရူဘီနာမှာသူမတို့ရွာမှလမ်းကြည့်လျင် ခပ်ဝေးဝေးအရပ်ဆီတွင်ရှိသော မိူင်းညိူ့ညိူ့

တောင်တန်းကြီးကိုမကြာခနငေးကြည့်ရင်းသူမတို့

ညီအစ်မအားညအိပ်ယာဝင်ခါနီးတိုင်းပြောပြဖူး

သောမိန်းမပျိုလေးများဖမ်း၍ယစ်ပူဇော်ခဲ့သော

လူတစ်ယောက်အကြောင်းတွေးနေမိတော့၏ ။


   သူမတို့အားလည်းငယ်စဉ်ကအပြစ်တစ်ခုလုပ်မိတိုင်းမလိမ်မာလျင်ထိုတောင်ပေါ်မှလူကြီးတစ်ယောက်

ဆင်းလာပြီးဖမ်းခေါ်ခံရလိမ့်မည်ဖြစ်ကြောင်းမကြာ

ခနခြောက်လှန့်တတ်၏ ။


 သူမမိခင်စနောက်ခြောက်လှန့်ပြောဆိုသောစကား

အတည်ဖြစ်သောနေ့တစ်နေ့ရောက်ရှိလာလိမ့်မည်

ဟုသူမစိတ်အတွင်းတခါမှမထင်မိခဲ့ချေ။


သို့သော်လည်း...

ပြီးဆုံးပြီဟုအားလုံးထင်မှတ်ထားသောကိစ္စတစ်ခု၊

ဇတ်လမ်းဟောင်းတပုဒ်က တကျော့ပြန်အစပြုရန်

နိဒန်းပျိုးချိန်ရောက်လာပါတော့သည်။


==========================


၅ ဆက်ရန်


 မြူခိုးအလင်္ကာ


rate now: