book

Index 2

အပိုင်း-(၂)

နတ်ရဲတောင်လျို့ဝှက်ချက်-၂

=================


     ယခုအရပ်ဒေသမှာတစ်ခြားသောနယ်မြေ

များနဲ့အလှမ်းကွာဝေးသလိုဥပဒေလက်လှမ်းမမှီရာ

အရပ်ဖြစ်သောကြောင့်ရွာသားများအတွက်ဥပဒေ

ချမှတ်ပေးသူမှာ ရွာလူကြီးပင်ဖြစ်၏ ။


     ရွာလူကြီးလုပ်သူမှာလည်းရှေးအဆက်ဆက်

ရွာလူကြီးများစည်းကမ်းချက်ကိုတဆင့်ပြန်လည်

အသုံးပြုသောရွာစည်းကမ်းဥပဒေမျိုးပင်။


      ခိုးဝှက်သူကိုကြိမ်ဒဏ်၊ ခိုက်ရန်ဖြစ်ပွားသူများ

ကိုရွာပြင်ထုတ်၍ ကြိုးတုတ်၍ထားခြင်း၊ သူများသားမယားစော်ကားသူကိုအသက်သေဆုံး

ထိအထိပစ်ဒဏ်၊ လူသတ်မူကိုသေဒဏ်၊ စသော

အမူအကြီးအသေးအလိုက်ရွာလူကြီးမှ ကျောသား၊ရင်သားမခွဲခြားစီရင်ပေးရ၏ ။

     ရွာလူကြီးတင်မြောက်ရာတွင်လည်းသမာသမတ်ကျသူကိုတင်မြှောက်သလို၊ ရွာလူကြီးအမိန့်စကား

နဲ့ပြုလုပ်ခိုင်းသောကိစ္စရပ်များရှိပါကငြင်းဆန်ခွင့်

မရှိပေ။


   ရွာလူကြီးမှာလည်းသူ့ကိုယ်ရေးတာအတွက်

ရွာသားများကိုခိုင်းခွင့်မရှိပဲ ရပ်ရေးရွာရေးအတွက်

ခိုင်းခြင်းမျိုးသာရှိသည်။


     သူ့အရပ်သူ့ဇတ်နဲ့အံဝင်ခွင်ကျရှိနေကြသော

အရပ်ဒေသတစ်ခုဟုဆိုရမည်ဖြစ်၏ ။


     ပရမ်ကွမ်းမှာရွာလူကြီးရွေးချယ်သောအဖွဲ့တွင်

ပါဝင်သောကြောင့် မနက်စောစောထ၍

သူ့တကိုယ်စာလိုအပ်သည်များကိုထုတ်ပိုး၍

 မိဘများကိုနူတ်ဆက်စကားဆိုကာမိုးတိမ်ကို

ပခုံးပေါ်တင်လိုက်ပြီးတစ်ခြားသူများနဲ့ချိန်းဆိုထား

ရာဆုံမှတ်ဖြစ်သော ရွာထိပ်သို့လျောက်လာခဲ့တော့

၏။ 

      ရွာထိပ်တွင်အရွက်ဖားဖားများဝေလျက်

လူနှစ်ယောက်ဖက်စာမျရှိသော သစ်ပင်ကြီးတစ်

ပင်ရှိပြီးထိုသစ်ပင်ဘေးတွင် ရွာသားများကိုးကွယ်

သောနတ်စင်တစ်ခုတည်ဆောက်ထားသည်။


      သူကြီးဇောင်ပရမ်းနဲ့နတ်ဆရာမဒလိမှာ

 အစောကြီးအချိန်ကတည်းကပင်ထိုအပင်ကြီး

အောက်ရောက်ရှိနေကြပြီး ပြုတ်ထားသောကြက်

ဖိုကြက်မတစ်စုံကိုနတ်စင်တွင် နတ်ဆရာမှပွဲဆက်

၍နူတ်မှတတွတ်တွတ်ရွတ်ဖတ်နေ၏ ။


      အဖွဲ့သားများစုံသောအခါနတ်ဆရာမှ

အဖွဲ့သားဆယ့်တစ်ယောက်ကို သူတို့ကိုးကွယ်ရာ

ရိုးရာနတ်ထံတိုင်တည်အပ်နှံ၍ လမ်းခရီးတွင်ဘေး

ဒုက္ခမတွေ့စေရန်အကူအညီအတောင်းခံနေ၏။


    နတ်အပ်ပွဲပြီးဆုံးချိန်တွင်ရန်မတီးဦးဆောင်

သောအဖွဲ့မှာ ခရီးတစ်ခု၏အစအဖြစ်ရွာမှထွက်ခွာ

လာခဲ့ကြပြီဖြစ်၏ ။


      သူကြီးဇောင်ပရမ်းနဲ့ နတ်ဆရာ မဒလိတို့နှစ်

ယောက်မှာ ပဟေဠိဆန်စွာပျောက်ဆုံးသွားသော

 မိန်းခလေးများကိုရှာထွက်သွားကြသောရွာသား

အဖွဲ့ဘေးကင်းစွာဖြင့်မိန်းခလေးများကိုအမြန်ရှာ

တွေ့နိူင်စေရန်ဆန္ဒပြုလျက်ရှိနေကြပါတော့၏ ။


      ရွာသားအဖွဲ့ကိုဦးဆောင်သူရန်မတီးမှာအသက်ငါး

ဆယ်အရွယ်ရှိပြီဖြစ်သော်လည်းတောင့်တင်းကြံ့ခိုင်

ဆဲပင်ဖြစ်၏။


လူပျိုပေါက်အရွယ်ကတည်းကပင်ဖခင်မုဆိုးကြီး

ထံမှ မုဆိုးပညာကိုလက်ထပ်သင်ထား၍ မုဆိုး

အတွေ့ကြုံကြွယ်ဝသူတစ်ယောက်ဖြစ်ပြီး ကျားကဲ့

သို့တောဘုရင်မျိုးကိုပင်တစ်ယောက်တည်းပစ်ခတ်

ရရှိဖူးသူဖြစ်၍သတ္တိအရာတွင်အထူးတလည်ဖော်ပြ

ရန်လိုအပ်မည်မထင်ပေ။


     တောသဘာတောင်သဘာဝနဲ့အကျွမ်းအဝင်၍

သူအတွေ့အကြုံများကိုဖော်ပြ၍မကုန်နိူင်အောင်များပြားလွန်းလှ၏ ။


    အသက်အရွယ်ကြောင့်မုဆိုးအလုပ်ကိုစွန့်လွတ်

၍တောင်ယာလုပ်ငန်းပြောင်းလဲလုပ်ကိုင်နေသည်မှာသုံးလေးနှစ်ခန့်ရှိပြီဖြစ်သော်လည်းယခုလိုရွာအတွက်သေရေးရှင်ရေးကိစ္စပေါ်လာချိန်ရဲစွမ်းသတ္တိ

ရှိသော်လည်းအတွေ့အကြုံနူနယ်သောလူငယ်များ

ကိုဦးဆောင်၍ ပျောက်ဆုံးနေသောရွာသူမိန်းကလေးများကိုရှာဖွေ

ရန်ရွာသူကြီးဇောင်ပရမ်းကသူ့အားတာဝန်ပေးလာ

ချိန်တွင် သူကိုယ်တိုင်လည်းထိုတာဝန်ကိုကျေကျေ

နပ်နပ်ကြီးကြီးလက်ခံလိုက်သူဖြစ်သည်။


       ရန်မတီးဦးဆောင်သောအဖွဲ့မှာနေ့တဝက်

ခန့်ခရီးနှင်ပြီးသော် တခြားသောတောင်ပေါ်ရွာငယ်

တစ်ရွာသို့ရောက်လာခဲ့ကြတော့၏ ။


     ထိုရွာမှသူ့သူငယ်ချင်းအိမ်တွင်နေ့လည်စာစား

ကြရင်း သတင်းစကားစနည်းနာကြည့်ကြရာ

   ထိုရွာတွင်လည်းမိန်းမပျိုလေးတချို့ပျောက်ဆုံး

သွားကြောင်းသိကြရပြန်၏ ။


       စားသောက်ပြီးသော်အိမ်ရှင်ကိုနူတ်ဆက်၍

ခရီးဆက်ထွက်ခဲ့ကြပြန်တော့၏ ။


     ထိုသို့ဖြင့် မရပ်မနားဖြင့်ခရီးနှင်နေကြသော

ရန်မတီးတို့အဖွဲ့မှာ တနေကုန်ခရီးရောက်နိူင်သမျ

သွားကြရင်း ညဖက်တွင်သာအနားယူကြ၏ ။


 ရွာတွေ့လျင်ရွာတွင်အိပ်စက်၍ရွာမတွေ့ပါက

တောတွင်းဖြစ်သလိုပင်အိပ်စက်ကြ၏ ။


ခရီးထွက်လာသောရက်သုံးလေးရက်ခန့်

ကြာချိန်တွင်

လမ်းတွင်ရှိသောရွာတွင်ဝင်ရောက်

တည်းခို၍မိန်းကလေးများအကြောင်းသတင်းစုံစမ်း

ကြည့်ရာထိုရွာများတွင်လည်းမိန်းကလေးများပျောက်ဆုံးကြောင်းသိရပြန်၏ 

    မိန်းကလေးများပျောက်ဆုံးသည်မှလွဲ၍မိန်းကလေး

များကိုမည်သူမည်ဝါဖမ်းဆီးသွားသည်ဆိုခြင်းကိုမူ

သဲလွန်စတစ်စုံတရာ မသိရှိရပေ။


   ရန်မတီးတို့လူစုမှာသဲလွန်စတစ်စုံတရာမရှိ

စမ်းတဝါးဝါးခရီးဆက်နေကြရသော်လည်း လက်

လျော့၍ရွာပြန်မည့်အစီအစဉ်မရှိပေ။


  ရန်မတီးမှာတောင်ဖက်အရပ်တချို့ကိုလှည့်လည်

စုံစမ်းရာတွင် သဲလွန်စတစ်စုံတရာမရသောကြောင့်

အခက်တွေ့နေရ၏ ။ 


      ယခုထက်ရှေ့ဆက်ပို၍သွားပါကထိုနေရာ

ဒေသများသို့သူမရောက်ဖူးခြင်းကြောင့် အခက်တွေ့

ရနိူင်၏ ။


     သို့ရာတွင်နောက်ဆုတ်မည့်အစီအစဉ်မရှိ

သောကြောင့် ရှေ့သို့ဆက်သွားရန်သာဆုံးဖြတ်

လိုက်တော့၏ ။


       ရန်မတီးမှာလူငယ်များကိုအထူးသတိဝိရိယ

ထားရန်မှာကြား၍သူတို့တကြိမ်တခါမျမရောက်ဖူး

သောနယ်မြေအသစ်သို့ ခရီးနှင်ခဲ့ကြတော့၏ ။


       တောမှာလူသူအရောက်အပေါက်နည်းပါး

ခြင်းကြောင့်သစ်ပင်ကြီးများမှာတစ်ပင်နဲ့တစ်ပင်

အကိုင်းများယှက်၍ အရွက်များထူပိန်းနေမူကြောင့်

နေပျောက်မထိုးနိူင်အောင်ရှိနေ၏ ။     


       ရန်မတီးမှာရှေ့နောက်ဝဲယာနေရာမလပ်

သတိထားကြည့်၍ ခြေလှမ်းကိုဂရုတစိုက်လှမ်းနေ၏။ 


         မြေအမျိုးအစား၊ပတ်ဝန်းကျင်အခြေအနေ

အရယခုလိုနေရာမျိုးတွင်အသားစားပဒူအုံကြီးများ

မြေကြီးအောက်တွင်ကျင်းဖွဲ့၍ရှိနေတတ်သောကြောင့်ဖြစ်၏ ။


       ပဒူအုံများမှာအကောင်ငယ်သော်လည်း

အုံလိုက်ကျင်းလိုက်ဖြင့်မြေကြီးအောက်တွင်စုဖွဲ့နေတတ်ကြပြီး အပေါ်ယံမြေသားကို သဘာဝအတိုင်း

ရှိနေစရန်ပြုလုပ်၍သူတို့သားကောင်ကိုထောင်ချောက်ဆင်ထားတတ်ကြသည်။


       အသေအချာဂရုတစိုက်ကြည့်ပါကသိနိူင်

သော်လည်း ပေါ့လျော့မိပါက ပေးဆပ်ရမည့်

 လျော်ကြေးက အသက်ပင်ဖြစ်သည်။ 


     လူကိုမဆိုထားနဲ့ကိုယ်ခန္ဓာကြီးမားသော

ဆင်ကြီးများပင် ပဒူကျင်းသို့ခြေကျွံ့ကျမိပါက 

   နာရီပိုင်းအတွင်း အရိုးကျအောင်စားသောက်

တတ်ကြသောအကောင်များပင်ဖြစ်၏ ။


    ...ဝေါ...ဝေါ....ဝေါ....ဝေါ.....


 ...ဘာသံတွေလဲ....


...တောလဲသံကြီးဒီဖက်ကိုလာနေသံပဲ...


..အားလုံးအသံမထွက်ကြနဲ့ဘေးလွတ်ရာ

အကာအကွယ်ယူထားကြမယ်....


    တရွေ့ရွေ့တောတွင်းလျောက်နေကြစဉ်

သူတို့ရှေ့ခပ်လှမ်းဆီမှ တဝေါဝေါအသံကြီးရွေ့

လျားလာသံကြောင့်အားလုံးခြေလှမ်းပြိုင်တူရပ်

လိုက်ကြရင်း လူငယ်များမှာတစ်ယောက်တစ်ပေါက်ပြောဆိုနေ

ကြခြင်းကြောင့် ရန်မတီးမှာလူငယ်များကိုအသံမထွက်စေရန်သတိ

ပေးလိုက်ရင်း သစ်ပင်ကျောက်တုံးကြီးများနောက်သို့အကာအကွယ်ယူ၍ သူတို့ရှေ့မှကြားနေရသောအသံလာရာ

သို့စိတ်ဝင်တစားမျော်ကြည့်နေမိကြတော့၏ ။


    အသံများမှာ တဝေါဝေါတဖျောဖျောဖြင့်အရှိန်

အလျင်အမြန်လာနေခြင်းဖြစ်၏ ။

    ထိုအသံပိုင်ရှင်မှာမည်သည့်သတ္တဝါအမျိုး

အစားဆိုခြင်းကို မုဆိုးတက်သစ်စလူငယ်များမဆိုထားဘိ။

 ဝါရင့်မုဆိုးကြီး ရန်မတီးပင် မှန်းဆ၍ မရနိူင်အောင်ရှိနေသည်။


        အားလုံးအကာအကွယ်နောက်မှနေ၍

နီးကပ်လာသောအသံရှိရာသို့ဒူးလေးမောင်းတင်၍

ပစ်ခတ်ရန်အသင့်ချိန်ထားလျက် ရင်ခုန်စိတ်လူပ်

ရှားနေမိကြတော့၏ ။

      အသံမှာသူတို့နဲ့တဖြည်းဖြည်းနီးကပ်လာသလို

   ရှေ့ပြေးအဖြစ်လန့်ဖျတ်ကာပျံပြေးလာကြသော

တောကြက်များတောကြက်များ၊ ယုန်၊ချေငယ်လေး

များမှာ ပုန်းအောင်းနေသောသူတို့လူစုအနီးမှဖြတ်

ပြေးသွားကြ၏ ။


       ကြားလိုက်ရသောကြောက်စရာအသံ

ကြီးသူတို့အနားသို့နီးကပ်လာချိန်ထိုကြောက်စရာ

အသံပိုင်ရှင်ကိုမြင်လိုက်ရသော သူတို့လူစုမျက်လုံး

များပြူးကျယ်ကုန်ကာ လူမှာလည်းကျောက်ရုပ်

ကြီးများအလားငြိမ်သက်ကုန်ကြတော့သည်။


      သူတို့ရှေ့တွင်မြင်ရသည်မှာကား

မြွေကြီးတစ်ကောင်ဖြစ်၏ ။ 


        မြွေကြီးဆိုရာတွင်သာမာန်မြွေများထက်

 အဆမတရာမကကြီးသောမြွေကြီးတစ်

ကောင်ဖြစ်နေသောကြောင့်ဖြစ်သည်။


     ကိုယ်ခန္ဓာမှာ စည်ပိုင်းခန့်မျရှိ၍ အရှည်မှာ

ဆယ့်လေးငါးတောင်ခန့်မျအရှည်ရှိပြီးမျက်လုံးမှာ

ဟင်းစားပန်းကန်လုံးအရွယ်အစားရှိကာ ကိုယ်ခန္ဓာကိုယ်

လိမ်တွန့်၍လာရာတချို့သေးငယ်သောသစ်ပင်ငယ်တချို့မှာ မြွေကြီးကိုယ်လုံးရိုက်အားကြောင့်

ကျိုးကြေကုန်သလို ကျောက်ခဲငယ်တစ်ချို့မှာလည်းကိုယ်လုံးတွန့်လိမ်

အားဖြင့်ဘေးသို့လွင့်ထွက်၍ သစ်ပင်များကိုအရှိန်

ဖြင့်ပြင်းထန်စွာထိမိရာကျောက်တုန်းထိမှန်ရာနေရာမှပင်စည်အခေါက်များဖွာခနဲ ထွက်ကုန်ကြ၏ ။


  အစပထမမြွေကြီးပြေးလာချိန်တွင် ရန်မတီးတို့

လူစုမှာမြွေကြီးမှာသားကောင်တစ်ကောင်နောက်သို့လိုက်လာခြင်းဟု လျပ်တပျက်ထင်မြင်မိကြ၏ ။


   သို့ရာတွင်

သူတို့ထင်သလိုမျိုးမဟုတ်ပဲမြွေကြီးတစ်ကောင်တည်းကိုသာတွေ့ရပြီးတစ်ခြားမည်သည့်အကောင်

ကိုမှမတွေ့ရခြင်းကြောင့် မြွေကြီးမှာ  အမဲလိုက်ခံ

နေရမှန်းသိလိုက်ကြရတော့၏ ။


    ထိုမျ အရွယ်အစားပမာဏကြီးမားသော

မြွေကြီးကိုအမဲလိုက်ခြင်းမှာမည်သည့်အကောင်မျိုး

ဟုမတွက်ဆနိူင်သော်လည်း ထိုမြွေထက်ကြီးမည်

ဟုအားလုံးတွက်ဆလိုက်ကြမိ၏ ။


     မြွေကြီးမှာသူတို့ရှေ့ခပ်လှမ်းလှမ်းတွင်ခနရပ်

လိုက်ပြီးသူ့ရန်သူလိုက်လာမလိုက်လာနားစွင့်နေဟန်ခေါင်းထောင်လျက်ရှိနေ၏ ။


     ရန်မတီးတို့လူစုမှာလည်းတိုက်ပွဲကြားတွင်

ညှပ်နိူင်သောအခြေအနေမို့ရင်တမမဖြင့်ပုန်းကွယ်နေရာမှကြည့်နေမိကြ၏ ။


     ထိုသို့ရှိနေချိန်မှာပင်မြွေကြီးမှာ ရုတ်တရက်

တစ်စုံတရာကိုတွေ့ရဟန်ခေါင်းလှည့်၍ရုတ်တရက်

လာရာလမ်းသို့လှည့်ပြေးရန်ပြုလိုက်စဉ်မှာပင်တုံခနဲကိုယ်ခန္ဓာတချက်တုန်သွားပြီး ခနမျရုန်းကန်လူပ်ရှား၍ ငြိမ်သက်သွားတော့၏ ။


     ရန်မတီးတို့လူစုမှာရုတ်တရက်မို့မြွေကြီးဘာ

ဖြစ်သွားမှန်းမသိငြိမ်ကျသွားခြင်းကြောင့်နားမလည်

နိူင်စွာတအံ့တသြရှိနေကြတော့၏ ။


      ထိုမျကြီးမားသောမြွေကြီးမှာမိနစ်ပိုင်းအတွင်း

တိုက်ခိုက်ခံလိုက်ရခြင်းနဲ့အတူ တိုက်ခိုက်သော

အကောင်ကိုမမြင်လိုက်ရခြင်းက သူတို့ဦးနှောက်ကိုပို၍တွေးရကြပ်စေ၏ ။


     ရန်မတီးမှာအစပထမမြွေကြီးထိုသို့ဖြစ်သွား

ခြင်းအားသူကိုယ်တိုင်နားမလည်နိူင်ဖြစ်သွားရမိ၏ ။

    နောက်မှသူအဖေထံမှကြားဖူးသောအကြောင်း

အရာတချို့ကိုသတိရသောကြောင့် ပူပန်နေသော

စိတ်တဝက်ပြေလျော့သွားရတော့၏ ။


     ပို၍သေချာစေရန် တခြားသူများကိုနေရာတွင်

ယခုအတိုင်းနေရန်လက်ဟန်ခြေဟန်ဖြင့်သတိပေး

၍သူတစ်ယောက်တည်းမြွေကြီးငြိမ်သက်ရာနေ

ရာသို့သတိထား၍တိုးကပ်လာခဲ့တော့၏ ။


    သစ်ကိုင်းခြောက်တစ်ချောင်းကိုကောက်၍

ငြိမ်သက်နေသောမြွေကြီးကိုထိုးကြည့်ရာမြွေကြီး

မှာတုတ်တုတ်မျမလူပ်သောကြောင့် စိတ်ချသွား

ရပြီးတစ်ခြားသူများကိုထွက်လာရန်အချက်ပြ၍

မြွေကြီးတစ်ကိုယ်လုံးကိုစေ့စေ့စပ်စပ်လိုက်ရှာကြည့်နေမိ၏ ။


      ”..နည်းတဲ့မြွေကြီးလား မြွေဆိုတာထက်

နဂါးလို့တောင်ပြောရမယ် ထိပ်မှာအမောက်ကလေးတောင်ပါသေးတယ်...”


”...ဒီလောက်ကြီးတဲ့မြွေမျိုးကဘာကိုကြောက်ပြီး

ပြေးလာတာလဲ... ”


” အေးကွ..မျက်စိရှေ့မှာပဲသေသွားတာ

နားကိုမလည်နိူင်တော့ပါဘူး....”


   ပရမ်ကွမ်းအပါအဝင်လူငယ်တစ်စုမှာယခုလို

အရွယ်အစားမြွေမျိုး ပထမဆုံးမြင်ဖူးရာတအံ့တသြ

ဖြင့်တယောက်တပေါက်ထင်ရာမြင်ရာပြောဆိုနေကြချိန်တွင် မြေကြီးတစ်ကိုယ်လုံးကိုစေ့စေ့စပ်စပ်

လိုက်ကြည့်နေသောရန်မတီးမှာ မြွေကြီးဦးခေါင်း

ပိုင်းနေရာမှ မဲနက်နေသော နေရာတစ်ခုကိုကြည့်

ရင်းယခုမှအဖြစ်အပျက်ကိုသူ့စိတ်တွင်းဇတ်ရည်

လည်သွားတော့၏ ။


  ”...မြွေကြီးကိုဘာကြောင့်သေသွားလဲ

အဖြေရပြီ.. နဂါးရုံကောင်ကမြွေကြီးကိုသတ်သွား

တာပဲ....”


  ..ဟင်...


...ဟာ .နဂါးရုံကောင်ကသတ်တာဟုတ်လား...


...နဂါးရုံဆိုတာ ဘယ်လိုအကောင်မျိုးလဲ.. အဘ....


”...နဂါးရုံဆိုတာ ငါတို့အနီးအနားမှာခနခနတွေ့ရ

တတ်တဲ့အကောင်မျိုးပါပဲ အရွယ်အစားကပျားလောက်ပဲရှိမယ် ပျားလောက်

ကိုယ်ထည်မကြီးဘူးအတောင်နီနီရဲရဲနဲ့ ရွံ့နွံတွေနဲ့

အပင်၊့မြေကြီးတွေမှာအိမ်ဖွဲ့နေတတ်ကြတယ်

အုပ်စုဖွဲ့ပြီးမနေတတ်ကြဘူး တစ်ကောင်၊နှစ်ကောင်

အများဆုံးပဲ....”


”...ဟုတ်လားအဘ.. အဲဒီနဂါးရုံအဆိပ်က

ဒီလောက်မြွေကြီးကိုတောင်တုန်းခနဲသေတာ

ဆိုတော့ အဆိပ်အတော်ပြင်းတာပဲနော်...”


”..ဟုတ်ပ လူကိုထိုးမိရင်မလွယ်ဘူးနော်..အဘ.”


 ” နဂါးရုံကိုတချို့ကမြွေဘုရင်လို့ခေါ်ကြတယ်

သူတို့ကရန်လိုတတ်တဲ့ကောင်မျိုးမဟုတ်ဘူး

ခုလည်းဒီမြွေကြီးကသွားရင်းလာရင်းသူ့ကို

ထိခိုက်မိပုံရတယ်...နဂါးရုံလိုက်ခံရတဲ့မြွေက

သူတို့ဟာသူတို့အဆိပ်ဘယ်လောက်ပြင်းပြင်း

သေတာများတာပါပဲ..

ရေထဲငုတ်ပြေးရင်တောင်အပေါ်ကပေါ်လာမယ့်အချိန်စောင့်ပြီး ထိုးသတ်တာပါပဲ ...

 လူကိုမတော်တဆထိုးမိရင်မသေပါဘူး 

အဆိပ်နည်းနည်းတက်ပြီးထိုးခံရတဲ့နေရာကကိုက်မယ်ယောင်ရမ်းလာမယ် အဲလောက်ပါပဲ...

မြွေအတွက်ကျတော့ နဂါးရုံအဆိပ်တချက်က

သေမင်းပေါ့....” 


”...အဘပြောမှပဲ နဂါးရုံဟာ မြွေနိူင်မှန်းသိရတော့တယ်...”


”...အဘကော နဂါးရုံအကြောင်းသိနေတာ

အရင်ကတည်းကနဂါးရုံနဲ့မြွေတိုက်ခိုက်တာကြုံ

ဖူးလို့လား...”


” အဘတော့ မကြုံဖူးပါဘူး...အဘဖေကြုံဖူးတဲ့

အဖြစ်အပျက်တစ်ခုပါ 

နဂါးရုံက အဘအဖေရဲ့အသက်သခင်ကျးဇူးရှင်

ဖြစ်ခဲ့ဖူးတယ်လေ...”


”...ဟုတ်လား..ကျွန်တော်တို့ကိုလည်းအဲအကြောင်းပြောပြပါလား...”


” ကျွန်တော်တို့လည်းနားထောင်ချင်တယ် အဘ..”


”...ကဲ..ကောင်းပြီ.. ခနတဖြုတ်အမောဖြေ

နားရင်းပြောပြရတာပေါ့.. ”


ရန်မတီးမှာလူငယ်များကိုမြွေဘုရင်နဂါးရုံအကြောင်းပြောပြရင်းမှ သူဖခင်ကြုံရသောအကြောင်း

သိလိုစိတ်ဖြင့်နားထောင်လိုသောလူငယ်များက

ပြောပြရန်တောင်းဆိုလာကြခြင်းဖြစ်၏ ။


ရန်မတီး သစ်ပင်ကြီးတစ်ပင်အောက်တွင်ပင်စည်ကိုကျောမှီ

၍ထိုင်ချလိုက်ရာလူငယ်များမှာရန်မတီးကိုဝိုင်းဖွဲ့

ဝင်ထိုင်၍သူတို့သိလိုသော နဂါးရုံကောင်ဇတ်လမ်း

ကိုနားစွင့်နေကြတော့၏ ။

==========================

    

    တစ်ခုသောမိုးရာသီတွင် ကာထန်တို့သူငယ်ချင်း

သုံးယောက်မှာအိမ်အတွက်သုံးရန်ဝါးသွားခုတ်ကြ

ရန်တိုင်ပင်ကြ၍ နွေရာသီတွင်ရေတစ်စက်မှမရှိသော်လည်း မိုးရာသီတွင် တောင်ကျချောင်းရေများ ဝါးလုံးထိုးစီး

ဆင်းနေသော ရွာနဲ့ခပ်လှမ်းလှမ်းချောင်းဘေးမှ

အထက်ဖက်ဝါးတောရှိရာဆန်တက်ခဲ့ကြတော့၏ ။


      သူတို့စိတ်ကူးမှာတနေကုန်ဝါးများကိုရသမျ

ခုတ်မည်။နောက်တစ်နေ့တွင်ရသမျဝါးများကို

ဖောင်ဖွဲ့၍ အပေါ်မှအောက်သို့စုန်ဆင်းမည်စိတ်ကူး

ကြောင့်တစ်ညအိပ်နှစ်ရက်ခရီးအတွက်ရိက္ခာတချို့၊ထမင်းအိုးတစ်လုံး၊ဟင်းအိုးတစ်လုံးယူဆောင်

၍ဝါးလုံးအတော်အသင့်ကြီးသောဝါးတောကိုရွေး

ချယ်၍စားချိန်မှလွဲ၍ဝါးခုတ်ကြတော့၏ ။


       အားလုံးမှာလုပ်ငန်းကျွမ်းကျင်သူများမို့

တနေကုန်တနေခမ်းမနားမနေဝါးခုတ်ကြရာ

   လိုအပ်သောဝါးပမာဏရရှိသောကြောင့်

ဝါးတောတွင်ဖြစ်သလိုတညအိပ်၍နောက်နေ့မနက်

စောစောတွင်နွယ်ပင်၊ကြိမ်ပင်တချို့ကိုရှာ၍ဝါး

ဖောင်ဖွဲ့ကြတော့၏ ။

       တစ်ယောက်ကခုတ်ပြီးသမျဝါးများကို

ချောင်းစပ်သို့သယ်ပေးပြီး ကျန်နှစ်ယောက်က

ချောင်းဘေးရေစပ်စပ်တွင်ကြိမ်နွယ်များဖြင့်ဝါးများ

ကိုချည်နှောင်၍ဖောင်ဖွဲ့နေကြတော့၏ ။


      သယ်စရာဝါးကုန်ချိန်တွင်ဝါးသယ်ပေးသော

တစ်ယောက်မှာ အားလုံးစားသောက်ရန်ထမင်း

ချက်ပြုတ်ရန်ပြင်ဆင်တော့၏ ။


       ထမင်းတစ်အိုးကျက်သောအခါ ၊ ချို့ကိုဟင်းအတွက်ဝါးတောအတွင်းဝင်၍မျှစ်တချို့ကိုဟင်းချက်ရန်ချိုးယူနေစဉ်တောင်ကမ်းပါးယံမိုးလွတ်ရာနေရာတစ်ခုတွင် ကြီးမားသောဥကြီးနှစ်ဥ

ကိုတွေ့ရာဝမ်းသာအားရဖြင့်ယူဆောင်လာခဲ့တော့၏။

   မျှစ်များကို အပေါ်ယံအခွံမာများသုတ်သင်၍

ချက်ပြုတ်နေစဉ်၊ ဥကြီးနှစ်ဥကိုအပေါ်ထိပ်ကို

အနည်းငယ်ဖွင့်၍ အင်ဖက်ဖြင့်သေချာစွာထုတ်ကာ

မီးအရှိအနည်းငယ်ဖြင့်ဖုတ်နေပါတော့၏ ။


     အပေါ်ထိပ်အနည်းငယ်ဖွင့်ထားခြင်းမှာ

ဥကိုအလုံးမပျက်မီးဖုတ်ပါက ပေါက်ထွက်တတ်သောကြောင့်ဖွင့်ထားရခြင်း

ဖြစ်၏ ။

     ထမင်းစားချိန်ရောက်သောအခါ

ကျန်သူများမှာထိုဥနှစ်လုံးမှာဘယ်အကောင်ဥ၊

ညာအကောင်ဥခန့်မှန်းပြောဆိုကြရင်းဆားအနည်း

ငယ်လူး၍စားကြည့်ကြရာအလွန်စားကောင်းသော

ကြောင့်ဘာဥညာဥတွေးမနေကြတော့ပဲစားသောက်လိုက်ကြတော့၏ ။


   ထို့နောက်

ဝါးဖောင်မှာလည်းပြီးစီးနေသောကြောင့်အချိန်ဆွဲမနေကြတော့ ထိုးဝါးတစ်ယောက်တစ်ချောင်းကိုင်

၍ဝါးဖောင်ကိုကမ်းမှခွာ၍ကျောက်တုံးကျောက်ဆောင်များနဲ့မတိုက်မိစေရန်ထိုးဝါးများထိုး၍ရေစီး

အတိုင်းမျောနေကြစဉ် သူတို့ဖောင်ဘေးကမ်းစပ်

တလျောက်မှလူ့ပေါင်လုံးအရွယ်ငန်းမြွေကြီးတ

ကောင်မှာဖောင်နောက်သို့တရှိန်ထိုးလိုက်နေ

ကြောင်းကိုသုံးယောက်သားမသိရှိကြပေ။


     ချောင်းကျည်းမှလွန်မြောက်၍ချောင်းမကြီးသို့

ရောက်သွားရာဖောင်မှာကမ်းစပ်နဲ့အတော်ဝေးသွား

အငြိုးတကြီးဝါးဖောင်နောက်သို့လိုက်လာသောငန်းမြွေကြီးမှရေစုန်အတိုင်းမျော၍ဖောင်နောက်လိုက်လာတော့၏ ။

     ”..ဟာ..ဟိုမှာမြွေကြီးတစ်ကောင်....”


”...ဟေ့ကောင်တွေသတိထားဖောင်နောက်လိုက်

လာတာကြ...”


”...ဘယ်လိုလုပ်ကြမလဲ မြွေကအရမ်းနီးလာပြီး..”


    မြွေကြီးမှာခေါင်းတလုံးဖော်၍ဒေါသဖြစ်နေဟန်

ပါးခွက်ကြီးထောင်၍ဖောင်အနီးကပ်လာသောကြောင့်အားလုံးကြောက်လန့်တကြားရှိနေစဉ်မြွေ

ကြီးမှာဝါးဖောင်အနီးရောက်လာပြီးဝါးဖောင်ပေါ်တက်လာရာ ပေါင်လုံးအရွယ်ငန်းမြွေကြီးကိုကြည့်

၍အားလုံးကြောက်လန့်စိတ်များထိန်းမနိူင်သိမ်းမရ

ဖြစ်ကုန်ကြတော့သည်။


    ရေထဲဆင်းပြေးမည်ဆိုပါကလည်းမြွေကိုက်၍

မသေလျင်တောင် ရေစီးကြမ်းလွန်းခြင်းကြောင့်ကူးခတ်မရပဲသေဆုံး

ဖို့ရာခိုင်နူန်းများနေသလို၊ဝါးဖောင်ပေါ်ဆက်နေပါ

ကလည်း မြွေကြီးကြောင့်သေရမည့်အဖြစ်မို့

သုံးယောက်သားပူးကပ်၍ထိုးဝါးကိုယ်စီကိုငန်းမြွေ

ကြီးရှိရာထိုးချိန်ထားကြ၏ ။


     ငန်းမြွေကြီးမှာဒေါသဖြစ်နေဟန်၊ပါးပြင်းထောင်၍ကိုယ်ကိုမတ်လိုက်ရာ လူခါးတရပ်မျမြင့်သွားခြင်းကြောင့် မြွေကြီးကို

ကြည့်၍တုန်တုန်ယင်ယင်ဖြစ်ကုန်ကြလျက်ယခု

တကြိမ်တွင်သူတို့သေပြီဟုသုံးယောက်သားစိတ်

တွင်းတွေးနေကြတော့၏။


     ငန်းမြွေကြီးမှာလူခါးတရပ်မျထောင်မတ်ထား

ရင်းပါးပြင်ခွက်ထားလျက် ခန္ဓာကိုယ်ဘယ်ညာယိမ်းနွဲ့၍အမြီးဖျားထောက်လျက်ရန်သူကိုခုန်အုပ်ရန်ချောင်းမြောင်းနေချိန်။


   ရုတ်တရက်အခြေအနေပြောင်းလဲသွားသော

သောအခြေအနေတစ်ခုပြောင်းလဲသွားတော့၏ ။

  ငန်း မြွေကြီးမှာ ချက်ခြင်းမာန်ဟုန်ထနေသောပါးပြင်းခွက်ပျေလျော့

သွားခြင်းနဲ့အတူ ၊ မတ်တတ်ထောင်နေရာမှဖြေလျော့၍ဖောင်ပေါ်မှ

လျောခနဲဆင်းပြေးတော့၏ ။


         မြွေကြီးဆင်းပြေးပြီးမရှေးမနှောင်းမှာပင်

နဂါးရုံတစ်ကောင်မှာငန်းမြွေကြီးနောက်သို့

့ပျံလိုက်သွားသည်ကိုအားလုံးတွေ့လိုက်ကြရ၏။


ငန်းမြွေကြီးမှာသူပြေး၍မလွတ်မှန်းသိသောအခါ

ကိုယ်ယောင်ဖျောက်ရန်ရေအောက်သို့ငုတ်လျိုးသွားသော်လည်းနဂါးရုံမှာရေအောက်မှမြွေကြီးကို

မြင်ရသည်အလား ရေပြင်ပေါ်ပျံသန်းနေ၏။


    ငန်း မြွေကြီးမှာအတော်ဝေးဝေးငုတ်သွားပြီး

ရန်သူလက်မှလွတ်မြောက်ပြီအထင်ဖြင့် ရေပေါ်

ခေါင်းပေါ်လာချိန်ခနမှာပင် အသင့်စောင့်နေသော

 နဂါးရုံမှာ ငန်းမြွေခေါင်းကိုထိုးချလိုက်ရာမြွေခေါင်း

မှာရေထဲပြန်မြုတ်သွားတော့၏ ။


      ယခုတကြိမ်တွင်မူမြွေကြီးမှာနောက်တကြိမ်

ရေပေါ်သို့ တသက်လုံးပေါ်လာနိူင်တော့မည်မဟုတ်ကြောင်း

မြင်ကွင်းကိုအစအဆုံးလိုက်ကြည့်နေကြသော

ကာထန်တို့သူငယ်ချင်းသုံးယောက်တွေး၍ စိတ်သက်သာရာရစွာသက်ပြင်းကိုယ်စီချလိုက်မိကြ

တော့၏ ။

     နဂါးရုံကောင်မှာဖောင်ဆီသို့ပျံသန်းလာပြီး

ဖောင်ဦးထိပ်တွင်ထောင်ထားသောဝါးပေါ်မှသူ့ရွံ

အိမ်အတွင်းဝင်သွားတော့သည်။

      ထိုဝါးတွင်နဂါးရုံအိမ်ကပ်နေခြင်းကို

သူတို့ရိုးရာဓလေ့ရ ကံကောင်းသောအဆောင်အဖြစ်သဘောထား၍

ကာထန်ကထောင်ထားခြင်းဖြစ်ရာ ယခုကား

တကယ်ပင်သူတို့သုံးယောက်အသက်ဘေးမှလွတ်မြောက်ခဲ့ရပြီဖြစ်၏ ။

     ကာထန်မှာရွာသို့ပြန်ရောက်ချိန်ထိုနဂါးရုံအိမ်

ပါသောဝါးကိုအိမ်ဦးခန်းတွင်တရိုတသေထား၍

အသက်သခင်ကျေးဇူးရှင်ကိုအိမ်တွင်ခေါ်ထားခဲ့တော့၏ ။

  သူ့မိသားစုကိုလည်းထိုနဂါးရုံမှာသူ့အသက်သခင်

ကျေးဇူးရှင်မို့မလေးမစားမလုပ်ရန်သူ့ကြုံရသော

အသက်ဘေးမှနဂါးရုံကယ်၍လွတ်မြောက်သော

ဇတ်လမ်းကိုမကြာခနပြောပြတတ်၏ ။


  ”..ဒါတွေက အဘ အဖေရဲ့ကိုယ်တွေ့အကြောင်း

အရာတွေပဲ....”


”..အတော်ထူးဆန်းတာပဲနော်အဘ..ဒါနဲ့ငန်းမြွေ

ကြီးက အဘအဖေတို့နောက်ကိုဘာလို့အငြိုးတကြီး

လိုက်လာရတာလဲ...”


”...အဲဒါက အသက်ဘေးကလွတ်ပြီးမှအဘ အဖေတို့စဉ်းစားမိတဲ့အကြောင်းပါ


သူတို့စားမိတဲ့ဥနှစ်ဥက ငန်းမြွေကြီးတွေရဲ့

ဥတွေဖြစ်နေလို့ပဲလေ သူ့ဥကိုယူသွားသူတွေကို

အငြိုးတကြီးလက်စားချေဖို့လိုက်လာတာပဲ...၊


တချို့လူတွေဆိုငန်းမြွေဥအိမ်ယူသွားမိလို့

တအိမ်လုံးငန်းမြွေပေါက်သတ်ရတွေတောင်

ရှိဖူးတယ်..”


”…အတော်အငြိုးကြီးတဲ့မြွေပဲနော် အဘ..”


”..ကဲ ..ဒီလောက်ဆိုနဂါးရုံအကြောင်းလည်း

သိသင့်သလောက်သိရပြီမို့ ခရီးဆက်ကြအုံးစို့..”


  ရန်မတီးမှာစိတ်ဝင်တစားမေးမြန်းနေသော

လူငယ်များကိုသူဖခင်ကြုံတွေ့ခဲ့ရသောနဂါးရုံအကြောင်းများပြောပြပြီးသောအခါ နေရာမှထလိုက်၍

ခရီးဆက်ရန်ပြောလာခြင်းကြောင့် ကျန်သူများမှာ

လည်းအထုတ်အပိုးကိုယ်စီလွယ်၍ရှေ့မှသွားနေသော ရန်မတီးနောက်လိုက်ခဲ့ကြတော့၏ ။


     ယခုခရီးအစမှာပင်သည်းထိတ်ရင်ဖို

အဖြစ်အပျက်ကိုလက်တွေ့ကြုံတွေ့ရပြီးပြီမို့နောက်

ထပ်အန္တရယ်အသွယ်သွယ်ကသူတို့ကိုစောင့်ကြို

နေမှန်းအားလုံးစိတ်တွင်းအလိုလိုသိရှိနေကြပါ

တော့သည်။


==========================


 ၃-ဆက်ရန်


မြူခိုးအလင်္ကာ


rate now: