book

Index 1

အပိုင်း-(၁)

နတ်ရဲတောင်လျို့ဝှက်ချက် - ၁

====================


       ရာသီဥတုမှာကြည်လင်သာယာလျက်ရှိနေ

သောအချိန်အခါသမယဖြစ်၏ ။

     

   ကောင်းကင်တွင်မိုးတိမ်လိပ်များမှာလေနဲ့အတူ

ရွေ့လျားလျက် နေမင်းကြီးမှါတိမ်စိုင် တိမ်လိပ်များ

ကိုဖြတ်သန်း၍ ပူပြင်းသော သူ့ရောင်ခြည်ကိုအစွန်းကုန်စတင်ရန်အရှိန်ပြုသော

နေ့လည်ဆယ့်နှစ်နာရီအချိန်ဖြစ်၏ ။


    လူတရပ်အမြင့်ခန့်သာရှိသောကျောက်တောင်ငယ်

လေးများ ဟိုတစ်ပင်ဒီတစ်ပင် ခပ်ကျဲကျဲပေါက်နေ

သောသစ်ပင်ကြီးများသာရှိသော ကွင်းပြင်ကြီးမှာ

မိုးရာသီတွင်တောထ၍လူခါးလည်ခန့်မျရှိသော်လည်းယခုလိုပူပြင်းသောနွေရာသီကာလများတွင်

မြက်ခြောက်ပင်များကိုမီးလောင်ကုန်သောကြောင့်

  ကွင်းပြင်ကြီးတစ်ခုလုံးရှင်းလင်းနေ၏ ။


   အောက်မြေအစိုဓတ်ရသောကျောက်တောင်ကြီး

များအောက်ခြေတွင်မူ မြက်ပင်စိမ်းလေးများပေါက်

နေလျက်ရှိသော်လည်း နွေရာသီမို့ညိူးရော်စွာဖြင့်

အားအင်မပြည့်မဖြိုးသောမြက်ပင်လေးများက ကျောက်တောင်ခြေများအောက်တွင်ဟိုတစ်စု၊ဒီတစ်စုပေါက်ရောက်နေ၏ ။


     ထိုကွင်းပြင်ကြီးအပေါ်ကောင်းကင်တွင်သိမ်း

ငှက်ကြီးတစ်ကောင်မှာ အတောင်ကိုအားပြုခတ်၍

ပျံသန်းလိုက်လေကြောမိနေချိန်အတောင်ဖက်ကိုတန်းတန်းကြီးဆန့်၍လေဟုန်စီးလျက်ဖြင့်ကွင်းပြင်ကြီးကိုဝေ့ဝိုက်ပျံသန်းလျက်ရှိနေ၏ ။


   အပေါ်ခပ်ဝေးဝေးတွင်ပျံသန်းနေသောသိမ်းငှက်

ကြီးမှာ ကွင်းပြင်ကျယ်ကိုလှည့်ပတ်ပျံသန်း၍အစာ

ရှာနေခြင်းပင်ဖြစ်ပါ၏ ။


   သိမ်းငှက်များမှာ မျက်လုံးစူးရှကာ မိုင်အတော်

ဝေးသောအကွာအဝေးမှသူ့အစာသားကောင်များ

ကိုမြင်နိူင်စွမ်းရှိသော အမြင်အာရုံစူးရှသောငှက်

မျိုးဖြစ်၏ ။

       ထိုအချိန်

ယုန်ငယ်လေးတစ်ကောင်မှာ ဘေးဘီဝဲယာကိုခေါင်းထောင်၍မျက်လုံးဝေ့ကြည့်လိုက်၊ သူ၏အကြားအာရုံခံနားရွက်နှစ်ဖက်ကိုထောင်၍

ပတ်ဝန်းကျင်အသံကိုနားထောင်လိုက်ဖြင့် သူပုန်း

အောင်းနေရာကျောက်တောင်ကြားမှထွက်၍မြက်

ပင်စိမ်းများကို ကိုက်ဖြတ်စားသောက်လျက်ရှိနေ

တော့၏ ။

      အမြင်အာရုံစူးရှသောသိမ်းငှက်ကြီးမှာ

မြက်စားနေသော သူ့ပစ်မှတ် ယုန်ကိုတွေ့သွားပြီ

ဖြစ်၏ ။

      ထို့ကြောင့် အမြင့်တွင်ပျံသန်းနေရာမှ

အောက်သို့တဖြည်းဖြည်းခြင်းနိမ့်ဆင့်ပျံဝဲလာရင်းမှ

မြေပြင်နဲ့အတန်ငယ်နီးလာချိန်အတောင်ကိုဘေး

ကပ်၍လေဟုန်ခွင်းကာ ယုန်ရှိရာနေရာသို့ ဝါးလုံး

ထိုးစိုက်ဆင်းလာတော့၏ ။


     ယုန်ငယ်လေးမှာ ရုတ်တရက်သူ့ခေါင်းပေါ်မှ

လေဟုန်ခွင်းသံကြားရခြင်းနဲ့အတူ၊ရိပ်ခနဲအရိပ်

တစ်ခုတွေ့လိုက်ရသောကြောင့်ရန်သူဟူသောအသိဖြင့် ရှေ့လက်ကိုထောက်၍သူအားသန်သော

နောက်ခြေနှစ်ချောင်းကိုအားယူ၍ထိုနေရာမှာ

ဆတ်ခနဲခုန်ထွက်လိုက်၏ ။


      သို့ရာတွင် ယုန်ကလေး၏အသက်ဘေးလွတ်

ရန်ကြိုးစားမူမှာ လက်မတင်လေးနောက်ကျသွား

သည်ဟုဆိုရမည်ပင်။ 

     ယုန်အခုန်တွင်အပေါ်မှထိုးစိုက်ဆင်းလာသော

သိမ်းငှက်ခြေသည်းက ကျောပေါ်ကုတ်မိလျက်

သိမ်းငှက်ခြေသည်းသည်းများက နူံးညံ့သော ယုန်

ကျောပြင်အသားများကိုဖောက်ထွင်း၍ စိုက်ဝင်သွား

ကြရာ ခြေသည်းစိုက်မိရာနေရာမှသွေးများငေါက်

ခနဲပန်းထွက်လာကြတော့၏ ။

       အသက်ဘေးမို့ ယုန်ကလေးမှာ အားကုန်ရုန်းနေသော်လည်း သိမ်းငှက်ခြေသည်း

များကချိတ်သဖွယ်အသားအတွင်းစိုက်ဝင်နေသော

ကြောင့်မလွတ်မြောက်နိူင်သလို၊သိမ်းငှက်မှာလည်း

ဆူဖြိုးလှသောယုန်ကြီးကိုအပေါ်မှအတောင်ကိုအားယူခတ်၍ အပေါ်သို့ဆွဲခေါ်ရန်ကြိုးစားနေ၏။


    သို့ရာတွင်ယုန်မှာအလေးချိန်များလွန်းသလို

သေငယ်ဇောဖြင့်ရုန်းကန်နေခြင်းကြောင့် အထမမြောက်နိူင်ပဲရှိနေ၏ ။


      ယုန်နဲ့သိမ်းငှက်အားပြိုင်နေကြချိန်တွင်

ခပ်ဝေးဝေးကျောက်တောင်ကွယ်တစ်ခုတွင်သိမ်း

ငှက်ကြီးယုန်ကိုသုတ်ချီသည့်မြင်ကွင်းကိုအစအဆုံးကြည့်နေသူတစ်ယောက်မှာ ပုန်းကွယ်နေရာ

မှတရှိန်ထိုးပြေးထွက်လာရင်းသိမ်းငှက်နဲ့ယုန်

အနီးရောက်သောအခါ ယုန်ကိုတုတ်တိုတစ်ချောင်း

ဖြင့်ခေါင်းကိုရိုက်လိုက်ရာ ယုန်ငယ်လေးမှာတဆတ်ဆတ်တုန်လျက်ငြိမ်ကျ

သွားတော့၏ ။

       တဆက်တည်းသိမ်းငှက်ကြီးကိုထိန်းကိုင်၍

ယုန်ကျောပေါ်မှခြေသည်းများကို တစ်ချောင်းစီဂရု

စိုက်ဆွဲဖြုတ်ပေးပြီးသော သိမ်းငှက်ကြီးကိုလွတ်

ပေးလိုက်၏ ။

     သိမ်းငှက်ကြီးမှာထိုလူလက်မှလွတ်မြောက်သွားချိန်

လန့်ဖျတ်၍ အဝေးသို့ပျံသန်းသွားရမည့်အစားကျောက်တောင်

ပေါ်တွင်ပေါက်နေသော သစ်ပင်ပုလေးပေါ်နားနေ

လျက် သူ့အမဲလိုက်ထားသော ယုန်နဲ့ လူသားကို

ကြည့်၍ အော်သံစူးစူးပြုနေပါသည်။


”...နည်းတဲ့ယုန်ကြီးလား...ညနေစာကောင်းကောင်းဖူလုံပြီ....မင်းတော်တယ်... တိမ်တိုက်ကြီးရေ......လာခဲ့...အမောပြေရေလာသောက်...”

      လူငယ်ကသိမ်းငှက်ကြီးကိုလှမ်းစကားပြောရင်း

သားရေပတ်ထားသော သူ့ညာလက်ကောက်ဝတ်

ကိုဆန့်တန်းပေးလိုက်ရာ သိမ်းငှက်ကြီးမှာလူစကားနားလည်သည်အလား

ထိုလူလက်ပေါ်လာနားတော့၏ ။


         ယခုဖြစ်ပေါ်နေသောအခြေအနေကိုကြည့်

၍ပြောပြရမည်ဆိုပါက လူသားက သိမ်းငှက်ကို

မွေးမြူ၍သိမ်းငှက်ဖြင့် အမဲလိုက်ခြင်းဖြစ်ပင်ဖြစ်

သည်။


သိမ်းငှက်ပိုင်ရှင်လူငယ်အမည်မှာ ပရမ်ကွမ်း ဟုအမည်ရသောလူငယ်တစ်ယောက်ပင်ဖြစ်၏။


ပရမ်ကွမ်းမှာ အသက် ၂၀အရွယ် အသားလတ်လတ် အရပ်မနိမ့်မမြင့်ကျစ်လစ်သော

ကိုယ်ခန္ဓာ၊ ခန့်ညားသောရုပ်သွင်ရှိသူဖြစ်၏ ။


    ယခုသိမ်းငှက်ကြီးငယ်စဉ်ကတည်းကပင် ပရမ်ကွမ်း မွေးမြူထားခြင်းဖြစ်၏ ။


 သိမ်းငှက်အကောင်ပေါက်များရှာဖွေရန်အလွန်

ခက်ခဲ၏ ။

     သိမ်းငှက်မများမှာ သူတို့အသိုက်ကို လူသူ

တက်ရောက်ရန်မလွယ်ကူသော ကျောက်တောင်

ထိပ်များ၊အောက်ခြေအခက်အလက်များမရှိသော

မြင့်မားရှည်လျားသော လူတက်ရောက်ရန်မလွယ်ကူသောသစ်ပင်ကြီးတွင်

အသိုက်ဖွဲ့တတ်ကြ၏ ။


    ငှက်တစ်သိုက်တွင်လည်းအလွန်ဆုံးသုံးကောင်

မျသာရှိတတ်ကြ၏ ။

    ထို့အပြင် သိမ်းငှက်ပေါက်လေးများကိုယူရာ

တွင်လည်း အဆင်မသင့်ပါက အသက်ပင်ပေးသွား

ရတတ်၏ ။


    သိမ်းငှက်မကြီးမှာ သားဇောဖြင့်လူသားကိုပင်

သားပေါက်ချိန်တွင်တိုက်ခိုက်တတ်ကြသောကြောင့်အထူးအန္တရယ်များပြားလှ၏ ။


      ပရမ်ကွမ်းမှာ ယခုသိမ်းငှက်ကြီးအကောင်

ပေါက်ဘဝ သိမ်းငှက်မကြီးအစာရှာထွက်နေချိန် အသိုက်မှယူစဉ်က မြင့်မားသော

သစ်ပင်ထိပ်ဖျားပေါ်တက်၍ ငှက်သိုက်အားကြည့်

ရာတွင် တခြားသိမ်းငှက်ပေါက်လေးများသေဆုံး

သွားဟန် သိမ်းငှက်ပေါက်တကောင်သာတွေ့ရ၏ ။

 

ငှက်သိုက်မှာပုတ်အက်နံစော်လျက် မြွေသေများ

ကြွက်များကို သိမ်းငှက်လေးစားရန် မိခင်သိမ်းငှက်

မကြီးလာထားရာ ကျန်သော အပိုင်းအစများက

ပုတ်နေကြခြင်းဖြစ်၏ ။


အသင့်ယူလာသောလှောင်ချိုင့်ငယ်တွင်

သိမ်းငှက်ပေါက်စလေးကိုထည့်ပြီးထိုလှောင့်ချိုင့်

ကိုလွယ်အိတ်အတွင်းထည့်၍ပြန်ဆင်းရန်ပြုနေစဉ်

စူးရှသောအော်သံပြု၍ သူ့ထံသို့ ဝါးလုံးထိုးစိုက်ဝင်

လာနေသောသိမ်းငှက်မကြီးကိုတွေ့ရသောကြောင့်

ထိတ်လန့်သွားရတော့၏ ။


    ယခုလိုမြင့်မားသော သစ်ပင်ပေါ်တွင် တိုက်ခိုက်ခံရပါက ခြေသည်းကုတ်ချက် ထိုးဆိတ်ချက်များကြောင့် သစ်ပင်ပေါ်မှပြုတ်ကျ

သေဆုံးသူများရှိကြသောကြောင့် ပရမ်ကွမ်း ထိတ်

လန့်တကြားဖြစ်မိရခြင်းပင်။


       ရုတ်တရက်မို့သူ့တွင်သိမ်းငှက်ပြန်လှန်

တိုက်ခိုက်ရန် ဓားမြောင်တိုတစ်ချောင်းသာပါ

သောကြောင့်မထူးဇတ်ခင်း၍ သိမ်းငှက်မကြီးကို

ဓားမြောင်တိုထိ၍အရှိန်တန့်ကာအောက်သို့ပြုတ်ကျသွားမှ ပရမ်ကွမ်းတစ်ယောက်သက်ပြင်းချနိူင်

တော့၏ ။

        ထို့နေ့ကသိမ်းငှက်ပေါက်လေးအရှင်ရလာ

သည့်အပြင် အိမ်ဟင်းစားအတွက် သိမ်းငှက်မကြီး

ရလာခဲ့သည်။

     သိမ်းငှက်ငယ်လေးကိုအမြင့်ဝေဟင်တွင်

ပျံသန်းခြင်းကိုအစွဲပြု၍  တိမ်တိုက်  ဟုနာမည်

ပေးကာ ဖားကလေး ငါးကလေးများရှာဖွေကျွေး

မွေး၍ အတောင်အလက်စုံချိန်တွင် ယခုလိုယုန်

လိုက်ခြင်း၊ ဆတ်၊ချေကဲ့သို့အကောင်ကြီးများကို

သူပစ်ခတ်ရန်ရှာဖွေခိုင်းခြင်းတို့အတွက် တိမ်တိုက်

မှာ ပရမ်ကွမ်း အတွက်အလွန်ပင် အားကိုးရ၏ ။


 သားကောင်များကိုအချိန်တိုအတွင်းအလွယ်တကူ

ရှာနိူင်သောကြောင့် ပရမ်ကွမ်းမှာ တစ်ခြားသူများ

လိုအမဲကောင့လိုက်ရှာနေရန်မလိုပဲ အလွယ်တကူ

ပစ်ခတ်နိူင်သောကြောင့် ပရမ်ကွမ်းသိမ်းငှက်ကြီးကို နွားနောက် သုံးကောင်

နဲ့ပင်လာရောက်လှဲလှယ်ကြသည်။


     ပရမ်ကွမ်းတို့ တောင်ပေါ်ဒေသတွင် သာမာန်

မြေပြန့်နွားနဲ့အနည်းငယ်ကွဲလွဲသော ခြေတံလက်တံတိုတို ၊ အကောင်သေးသေးကျစ်ကျစ်နွားနောက်များမှာ

တောင်ပေါ်တွင် ထွန်ယက်စိုက်ပျိုးရာတွင်မြေပြန့်

လယ်သမားများကဲ့သို့ နွားနောက်ကိုအသုံးပြု

၍ထွန်ယက်ရသောကြောင့် ၊ အလုပ်ခိုင်းရန်

အသားစားရန် အသုံးတည့်လွန်းလှ၏ ။


     ပရမ်ကွမ်းမှာသူ့သိမ်းငှက်ကြီးတိမ်တိုက်အပေါ်

အလွန်ချစ်သောကြောင့်ထိုအခွင့်ရေးကိုငြင်းပယ်

ခဲ့၏ ။

    တိမ်တိုက်မှာလည်း ပရမ်ကွမ်း စကားကိုနား

လည်သည်အလား သင်ပြသမျ အလွယ်တကူ

တတ်မြောက်သော ညဏ်ကောင်းသော သိမ်းငှက်

လိမ္မာတစ်ကောင်ပင်ဖြစ်၏ ။


ပရမ်းကွမ်းတစ်ယောက် ယုန်ကိုအရေဆုတ်မီးမြိုက်နေရင်း မီးမမြိုက်ပဲချန်

ထားသော ယုန်သားတချို့ကို တိမ်တိုက်ကိုပစ်

ကျွေးနေရင်းမှ တိမ်တိုက်ကိုသူစတင်မွေးမြူခဲ့သောအကြောင်းကို

တွေးနေမိခြင်းဖြစ်၏ ။


    ယုန်သားမီးကင်ပြီးသောအခါ ပရမ်ကွမ်းမှာ

တိမ်တိုက်ကို ပခုံးပေါ်တင်၍ ရွာသို့ပြန်လာခဲ့ကြ

တော့၏ ။


     ပရမ်ကွမ်းတို့ရွာမှာဟိမဝန္တာတောင်စဉ်တောင်

ဖျားဆက်စပ်ရာ အရပ်ဒေသတစ်ခုဖြစ်၏ ။


    ရွာသားများမှာစားသောက်ရန် တောင်ယာတွင်

လူး၊ဆတ်၊ပြောင်း၊စပါးတို့ကိုစိုက်ပျိုးခြင်း။


အမဲလိုက်ခြင်းများကိုလုပ်ကိုင်ကြပြီး ငွေကြေးဟူ၍

မရှိပဲ တစ်ယောက်လိုအပ်သောပစ္စည်းကိုတစ်ခြား

တစ်ယောက်လိုအပ်သော ပစ္စည်းဖြင့်လဲလှယ်၍

သုံးစွဲတတ်ကြသည်။


    ဥပမာအားဖြင့် အမဲလိုက်သူအမဲရလာပါက

အသားတွဲတစ်တွဲ ဆန်မည်မျ၊အသီးအနှံဆိုပါက

မည်မျဟူသောသတ်မှတ်ချက်ဖြင့်လဲလှယ်တတ်

ကြသည်။


      ထိုဒေသတစ်လျောက်နေထိုင်ကြသော

လူမျိုးစုများမှာ ရွာငယ်လေးများသာများပြီး တစ်ရွာ

နဲ့တစ်ရွာကူးသန်းသွားလာရာတွင်လည်းခြေလျှင်

ခရီးသာသွားကြရ၏ ။


      ပရမ်ကွမ်းတို့ရွာမှာအကြီးဆုံးဟုဆိုရမည်

ဖြစ်၏ ။


    အိမ်ခြေခုနှစ်ဆယ်ခန့်ရှိကာ ဆယ်အိမ်တစ်စု

ဆယ့်ငါးအိမ်တစ်စုဖြင့်ရွာတည်ကြသော ဒီဒေသတွင် အကြီးဆုံးဖြစ်နေခြင်းဖြစ်၏ ။


      ပရမ်ကွမ်းတို့ရွာမှာ တောင်ကြီးသုံးလုံးဖိုခနောက်ဆိုင်အနေအထားရှိေ

 အလယ်ချိုင့်ဝှမ်းတွင်ရွာတည်ထားခြင်းဖြစ်၏ ။ 


      ရွာအိမ်ငယ်များမှာလည်းရိုးရှင်းသောအိမ်

ဆင်တူများဖြစ်ကြ၏ ။


     အိမ်ကိုဆယ်တောင်အမြင့်ခန့်တွင် အခန်းဖွဲ့တည်ဆောက်ထားပြီး အိမ်ပေါ်တက်ရန်

သစ်သားတန်းကြီးတစ်ချောင်းကို အရစ်များဖော်၍

ခြေနင်းရန်လှေကားထစ်အဖြစ်ပြုလုပ်ထား၏ ။


         အမိုးအတွက်အင်ဖက်မိုး၍ 

အကာနဲ့အခင်းကို ပျဉ်သို့မဟုတ် ဝါးကိုယက်၍

ကာသလို အခင်းအဖြစ်လည်းသုံးတတ်ကြ၏။


   အိမ်ကိုအမြင့်ဆောက်ခြင်းမှာတောတောင်နဲ့

နီးရာအရပ်ဖြစ်သောကြောင့် တခါတရံတောကောင်

များရွာသို့ဝင်လာတတ်သောကြောင့်တောကောင်များအန္တရယ်မှကင်းဝေးရန်ဆောက်လုပ်ထားခြင်း

ဖြစ်သည်။         

     ရွာအမည်မှာ ဒူပွန်ရွာဟုရွာကို

ခေါ်တွင်ကြ၍ ရွာကိုအုပ်ချုပ်သော သူကြီးအမည်မှာကား ဇောင်ပရမ်းဟုအမည်ရ၏။


 နှစ်ကာလများစွာငြိမ်သက်အေးချမ်းစွာရှိနေသော

ဒူပွန်ရွာလေး၏တစ်ခုသောနေ့တွင်

အုတ်အော်သောင်းနင်းဆူညံကုန်တော့၏ ။


   အကြောင်းမှာရွာမှတောထဲသို့ဟင်းသီးဟင်းရွက်

ခူးရန်ထွက်သော ရွာသူပျိုဖြူတစ်ဖွဲ့မှာရွာသို့ပြန်မရောက်လာခြင်း

ကြောင့်ပင်ဖြစ်သည် ။


      တောကောင်များနဲ့ကြုံတွေ့၍ရောက်မလာ

နိူင်ခြင်းလားဟူသောစိုးရိမ်မူများကြောင့် ရွာသားများစုဝေး၍ တောနင်းရှာသောလည်းထူး

ခြားမူတစ်စုံတစ်ရာကိုမတွေ့ရသောကြောင့်တစ်ရွာ

လုံးစဉ်းစားရကြပ်ကုန်၏ ။


   တနေကုန်၍နောက်တနေ့ဆက်ရှာသော်လည်း

မိန်းခလေးများနဲ့ပတ်သက်သော သဲလွန်စတစ်စုံတရာကို ရှာမရပေ ။   


    သုံးရက်မြောက်တောနင်းရှာပြီးချိန်တွင်

သူကြီးဇောင်ပရမ်းမှာမိန်းခလေးများကို ရှာဖွေရန်

အစီအစဉ်နောက်တမျိုးပြောင်းလိုက်တော့၏ ။


ရွာတွင်နှစ်စဉ်ကောက်သစ်စား

ပွဲတင်မြောက်ရန်၊ ရွာဘေးအန္တရယ်မှကင်းဝေးရန်

ပွဲတော်များပြုလုပ်ပေးသော မဒလိ ဟူသောနတ်ဆရာတစ်ယောက်ရှိ၏ ။


  သူကြီးဇောင်ပရမ်းတစ်ယောက်ကြံရာမရသည့်

အဆုံးတွင် နတ်ဆရာ မဒလိထံတွင်နတ်မေးရန်

စီစဉ်လိုက်ပါတော့၏ ။

       ဝက်တစ်ကောင်၊နွားနောက်တစ်ကောင်

သတ်ဖြတ်၍ အကောင်လိုက်မီးကင်ကာ နတ်ဆက်

ပြီးသောအသားများကို သူကြီးဇောင်ပရမ်းက ရွာသားများကို ခွဲဝေပေးရာ ရွာသားများမှာ ခေါင်ရည်နဲ့အသားများတွဲဖက်စားသောက်ရင်းဖြင့်

ပျော်မြူးနေကြချိန်။


    သမီးပျောက်မိဘများနဲ့ သူကြီးဇောင်ပရမ်းမှာ

နတ်ဆရာအနီးခေါင်းငုံထိုင်လျက်ရှိနေကြတော့၏။

     နတ်ဆရာမှာ အသက် ၆၀ကျော် အရပ်ပုပု

ပိန်ပိန်ပါးပါးကိုယ်ခန္ဓာရှိ၍ ဖြူဖွေးရှည်လျားနေသော ဆံပင်များကိုဦးခေါင်း

အလယ်တည့်တည့်တွင် ဆံထုံးထုံးထား၏ ။


      နတ်ဆရာမှာသစ်ပင်၊နွယ်ပင်များကိုကြိတ်ထု

ထားသောအမူန့်တစ်မျိုးကိုသူရှေ့မီးပုံအတွင်းပစ်

ထည့်လိုက်ရာစိမ်းရွေရွေရနံ့တမျိုးမီးခိုးငွေ့များနဲ့

ထွက်လာခြင်းနဲ့အတူ၊ မီးတောက်အရောင်မှာလည်း စိမ်းလဲ့လဲ့အရောင်

ပြောင်းနေတော့၏ ။


နတ်ဆရာ မဒလိမှာပါးစပ်တလူပ်လူပ်ဖြင့်ရိုးရာဘာသာ

စကားဖြင့်မန္တာန်တစ်ခုကိုမာန်ပါပါရွတ်ဆိုရင်းကိုယ်

ခန္ဓာမှာငှက်ဖျားဝင်နေသူအလားတဆတ်ဆတ်တုန်

လာသလိုမျက်လုံးများကလည်းကြောင်စီစီဖြင့်ရှိနေ

တော့၏ ။


     နတ်ဆရာနဲ့နှစ်များစွာကြုံဖူးဆက်ဆံဖူးသော

သူကြီးဇောင်ပရမ်းမှာ နတ်ဆရာသူ့ကိုယ်အားအသုံးပြု၍ရိုးရာနတ်ကို

ဆင့်ခေါ်ထားပြီမှန်းသိလိုက်ရတော့၏ ။


”…ကျုပ်တို့ရွာက မိန်းခလေးတစ်စု ဘယ်နေရာ

ရောက်နေလဲ ခုထိအသက်ရှင်နေသေးလား

ဘေးအန္တရယ်ကြုံနေရရင်တောင် ဘယ်လိုအန္တရယ်မျိုးနဲ့ကြုံတွေ့နေရလဲမေးချင်ပါတယ်....”


....မိန်းခလေးတွေ ခုထိအသက်ရှင်နေသေးတယ်.....


   သူကြီးဇောင်ပရမ်းအမေးစကားကိုနတ်ဆရာမှ

တစ်လုံးပြန်ဖြေနေခြင်းပင်။


   နတ်ဆရာအဖြေစကားကြောင့်သမီးပျောက်မိဘ

များစိတ်အနည်းငယ်အေးသွားသော်လည်းသူတို့

သမီးများဘယ်ကိုရောက်၍ဘာဖြစ်နေသလဲဆက်

၍သိချင်စိတ်ဖြင့်နတ်ဆရာစကားကိုဆက်၍နား

စွင့်နေလျက်ရှိနေကြတော့၏ ။


    ...သူတို့ဟာ ဒီအရပ်နဲ့ ဝေးတဲ့အရပ်တစ်ခု

ကိုဖမ်းခေါ်ခံသွားရတာပဲ...


    သမီးရှင်မိဘများထံမှအလန့်တကြားအာမေဋိတ်

သံများထွက်လာသောကြောင့် သူကြီးဇောင်ပရမ်းမှ

တိတ်တိတ်နေရန်ကိုယ်ဟန်အမူအယာပြ၍တား

လိုက်၏ ။


....မကောင်းဆိုးဝါး ဝိညဉ်တွေကို ကိုးကွယ်တဲ့

လူ့မျိုးစုတစ်စုက မိန်းခလေးတွေကို ဖမ်းခေါ်သွား

ကြတာပဲ...


”…သူတို့ဘယ်နေရာမှာရှိတာလဲဆိုတာ

သိချင်ပါတယ် ခင်မျ....”


   သူကြီးစကားကြောင့် နတ်ဆရာမှာမျက်လုံးများ

ကိုမှေးမှိတ်ကိုယ်ခန္ဓာမှာတဆတ်ဆတ်ဖြင့်ပို၍

တုန်ယင်လာ၏ ။


...ဒီနေရာရဲ့တောင်စူးစူး ဝေးကွာလွန်းတဲ့နေရာမှာ

တောင်ကြီးတစ်တောင်မြင်နေရာ.မကောင်းဆိုးဝါး

တွေအများကြီး သေမင်းရဲ့ ရနံ့တွေအများကြီး...

သေလမ်းပဲ အဲနေရာက သေမင်းပိုင်နက်နေရာပဲ

....အား.....   


....ဟင် ..နတ်ဆရာ...နတ်ဆရာ.....


  နတ်ဆရာမှာကြောက်ရွံ့တုန်လူပ်စွာပြောနေသလိုစကားအဆုံးတွင်နေရာတွင်ပြိုလဲကျ

သွားတော့၏ ။

     သူကြီးဇောင်ပရမ်းတစ်ယောက်နတ်ဆရာအား

စိုးရိမ်တကြီးပွေ့ထူလိုက်ရာ နတ်ဆရာနူတ်ခမ်းထောင့်မှသွေးစတချို့စီးကျလျက်နတ်ဆရာမှာသတိလစ်မေ့မြောနေရာမှ

ခနအကြာမှသတိရလာတော့၏ ။


...အင်း..ဟင်း....ဟင်း....


..ဘယ်လိုဖြစ်သွားတာလဲ နတ်ဆရာ အဆင်ပြေ

ရဲ့လား...


...သူကြီးငါနင့်ကိုအရေးတကြီးစကားနှစ်ကိုယ်ကြားပြောချင်တယ်...


   နတ်ဆရာမှာအရေးကြီးစကားမို့တခြားသူများ

မကြားစေချင်သောစကားမျိုးပြောမည်မှန်းသဘော

ပေါက်နားလည်သော သူကြီးဇောင်ပရမ်းမှာသမီးဖြစ်သူအတွက်စိတ်ပူနေ

ကြသောမိဘများကိုစိတ်မပူကြရန် မကြာမှီပြန်ရှာ

တွေ့မည်ဖြစ်ကြောင်းနှစ်သိမ့်စကားဆိုရင်းအိမ်

ပြန်လွတ်လိုက်တော့၏ ။


       ယခုမူ နတ်ဆရာ မဒလိနဲ့ သူကြီးဇောင်ပရမ်း

တို့နှစ်ယောက်သာရှိနေ၏ ။

   နတ်ဆရာအသွင်ကမောပန်းနွမ်းဟိုက်သော

အသွင်ကိုဆောင်လျက်ရှိသည်။


     ”…ဘယ်လောက်တောင်အရေးကြီးစကား

မျိုးလဲ နတ်ဆရာ... ”


   ”...အရေးကြီးတယ် သူကြီး ငါနတ်ဆရာ

လုပ်လာတဲ့သက်တမ်းတလျောက်ခုလိုမျိုးထူးဆန်း

ပြီးကြောက်စရာမျိုးမတွေ့ခဲ့ဖူးဘူး...”


”...ထူးဆန်းတယ် သူကြီး ငါတွေ့ရသလောက်

မိန်းခလေးတွေဖမ်းချုပ်ခံထားရတဲ့တောင်မှာ

 မကောင်းဆိုးဝါးတွေအများကြီးမြင်ခဲ့ရတယ်

ပြောရရင်မကောင်းဆိုးဝါးတွေကျက်စားအုပ်

ချုပ်ရာနေရာတစ်ခုလိုပဲ.. ဒီတော့....

ငါမေးချင်တာက နင်ရှေ့ဆက်ဘာလုပ်မှာလဲ...”


”..ကျုပ်ဘယ်လို လူစားလဲ နတ်ဆရာသိပါတယ်

ကျုပ်ရွာသားတွေဟာ ကျုပ်မိသားစုလိုပဲ...

မိန်းခလေးတွေအသက်ရှင်နေမှတော့ ဒီအတိုင်း

ထားရမလား ဘယ်လိုအခက်အခဲရှိပါစေ

ရအောင်ကယ်ရမှာပေါ့ ဒီအတိုင်းဥပက္ခာပြုထားရင်

ဖမ်းခံထားရတဲ့မိန်းခလေးတွေခမျာ ကယ်သူမဲ့ပြီး

ဘာဖြစ်သွားမလဲ မဆိုနိူင်ဘူး...

သူ့တို့လေးတွေမိဘတွေရဲ့ သားသမီးအပေါ်ပူပန်

သောကရော ...ကျုပ်ရွာသားတွေဘေးကင်းဖို့

ကျုပ်ဘာမဆိုလုပ်မယ်....”


”...နင်နဲ့ ငါနဲ့ ပြောစရာလူတွေမဟုတ်ဘူး

သူကြီး နင်လည်းရွာသားတွေကို နင့်နည်းနင့်ဟန်

နဲ့ ဘေးကင်းဖို့ကာကွယ်ပေးသလို

ငါလည်းငါ့နည်းငါ့ဟန်နဲ့ကူညီပေးနေသူ...

ငါပြောချင်တာက အဲဒီနေရာဟာ တကယ့်ကြောက်

စရာမိစ္ဆာနယ်မြေမို့ တကယ်လို့ တခြားသူတွေသွား

ရင်တခြားသူတွေပါဘေးဒုက္ခရောက်နိူင်တာမို့လို့........”


”နတ်ဆရာ ပြောချင်တာ မိန်းခလေးတွေကိုဒီအတိုင်းထားလိုက်စေချင်တာ

မဟုတ်လား..

မလုပ်နိူင်ဘူး နတ်ဆရာ ကျုပ်ရွာသားတွေကို

ဒီအတိုင်းအသေမခံနိူင်ဘူး...

ကျုပ်လုပ်စရာရှိတာတွေ မနက်ဖြန်စလုပ်မယ်.. ”


....ဟူး.....


   စိတ်ဓတ်ပြင်းထန်၍ ရွာသားများအပေါ်သံယောဇဉ်ကြီးလှသောသူကြီး

ဇောင်ပရမ်းစကားကြောင့်နတ်ဆရာမှာရှေ့ဆက်စကားဆက်ရခက်ဟန်နူတ်ဆိတ်သွားစေ၏ ။


   သူကိုယ်တိုင်လည်းသူကြီးထက်မသာလျင်ပင်

မလျော့သောစေတနာ၊သံယောဇဉ်ရှိသော်လည်း

အန္တရယ်နယ်မြေအတွင်းနောက်ထပ် တခြားသူများ

ဘေးရောက်မည်စိုး၍ ရင်နာနာဖြင့်တားနေရခြင်း

ဖြစ်၏ ။


    မီးပုံမှမီးမှာလောင်စရာထင်းချောင်းများကုန်သော

ကြောင့်မီးခဲရဲရဲအဖြစ်ရှိနေကာ လေတချက်အဝှေ့တွင်မီးကျီးခဲများတဖျစ်ဖျစ်မြည်၍ မီးပွားလေးများကအပေါ်သို့ဝေ့ဝဲတက်လာနေကြ၏ ။


    နတ်ဆရာနဲ့သူကြီးမှာမီးပုံ၏ဟိုဖက်ဒီဖက်ရပ်

လျက်ကျောက်ရုပ်ကြီးများအလားငြိမ်သက်လျက်

အတွေးကိုယ်စီဖြင့်ရှိနေကြပါတော့၏ ။


    ဒူပွန်ရွာသူများပျောက်ဆုံးပြီးနောက်ရက်များတွင်

အနီးအပါး ပတ်ဝန်းကျင်ရွာများမှ ရွာသူလေးများ

ပျောက်ဆုံးသောသတင်းဆက်တိုက်ကြားကြရတော့၏ ။


    ဒူပွန်ရွာသူကြီး ဇောင်ပရမ်းမှာ 

အချိန်ဆွဲ၍ မရတော့မှန်း တွေးမိသောကြောင့် 

   ရွာထဲမှ သတ္တိကောင်း၍ စိတ်ချရသော

လူငယ်ဆယ်ယောက်နဲ့အတူ။ ရန်မတီးဟုအမည်ရ

သော တောအတွေ့ကြုံကြွယ်ဝသော မုဆိုးကြီး

တစ်ဦးကို မိန်းခလေးများကယ်တင်ရန်တာဝန်ပေး

အပ်လိုက်တော့၏ ။


     ထိုသို့ရွေးချယ်ခံရသောလူငယ်များကြားတွင်

ပရမ်ကွမ်းတစ်ယောက်လည်းအပါအဝင်ဖြစ်၏ ။


      မိမိဒေသတောတောင်များတွင်လူပ်ရှားကျင်

လည်ဖူးပြီးတခြားသောနယ်မြေများသို့မရောက်

ဖူးသော ပရမ်းကွမ်းမှာ နယ်မြေသစ်သို့သွားရမည့်

အရေးမို့ စိတ်လူပ်ရှားတက်ကြွလျက်ရှိနေတော့၏။


”....မိုးတိမ်..မနက်ကျရင်တော့ မင်းနဲ့စွန့်စား

ခန်းအသစ်တွေ နယ်မြေသစ်မှာရှာကြတာပေါ့ကွာ.....”


    သိမ်းငှက်ကြီးမိုးတိမ်မှာ ပရမ်ကွမ်းစကားကို

နားလည်သည်အလားပခုံးပေါ်မှ အော်သံတစ်ချက်

ပြုလိုက်သောကြောင့် ပရမ်ကွမ်း တစ်ယောက်

သဘောကျစွာရယ်မောလိုက်ပါတော့၏ ။


==========================


  အပိုင်း၂ ဆက်ရန်

===========


    မြူခိုးအလင်္ကာ


rate now: