မင်းမကြည့်လို့ ( အပိုင်း...၉ )
***************************
လူတစ်ယောက်မှာ စိတ်ဟာ အရေးအကြီးဆုံးပဲဆိုတာသိပ်မှန်တယ် ...
လူကျန်းမာဖို့တင်မဟုတ်ဘူး.....
စိတ်ကျန်းမာဖို့လဲလိုသေးတယ်မဟုတ်လား...
တကယ်ဆို
Allergy ဆိုတာ သူမအတွက်ထူးဆန်းသည့်အရာမဟုတ်ပေမဲ့..
ဒီတခေါက်မှ စိတ်ထောင်းကိုယ်ကြေနှင့်လူက
အိပ်ယာပေါ်မလဲ ယုံတမယ် မနည်းတင်းထားရသည်...
ရုံးကပြန်ရောက်ရောက်ခြင်း...
လူကတင်းထားသည့်စိတ်ကိုလျှော့လိုက်သည့်ကြောင့်လားမသိ...
ဧည့်ခန်းက ထိုင်ခုံတွေမှာ...
ခွေခွေခေါက်ခေါက်ထိုင်နေမိသည်...
'' နေမကောင်းဘူးလား သမီးရယ် သမီးလေးပုံက စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသလိုပါလား "
'' မဟုတ်ပါဘူးမေမေ နဲနဲနုံးနေယုံပါ "
မေမေ့ရှေ့မှာ...
အားနည်းနေသည့်ပုံ မပြချင်ပါ...
မေမေကိုယ်တိုင်ရောဂါသည်မဟုတ်လား....
ကုန်ခမ်းလုလု အားအင်တွေကို တင်းထားကာ အခန်းထဲထိရောက်အောင်တက်ခဲ့ရသည်..
ကိုကို..... ခါတိုင်းဆို အူယားဖားယားပြေးလာတက်သညိပေမဲ့
ဒီတခေါက် သက်သာရဲ့လားတောင်မမေးပါလား...
သူမကို ဘယ်စိတ်ဝင်စားနိုင်ပါ့မလဲ....
ကြားနေရသည့် သတင်းတွေဟာ နားနဲ့မဆံ...
ဘယ်တုန်းကမှ မိန်းမတွေနှင့်မပတ်သတ်ခဲ့သည့် ကိုကိုဟာ...
သူ့နံဘေးမှာ..
ငယ်ရွယ် သွက်လက်ပြီး လှပသည့် အမျိူးသမီးငယ်လေးနှင့် သာမန်ထက်ပိုသည့် တွဲခုပ်မှု့တွေရှိနေသည်...
သူမ.....အစထဲက သူ့ဘေးနားက ထိုအမျိူးသမီးကို သဘောမကျပါ..
တိုက်ဆိုင်မှု့က ထိုအမျိူးသမီးဟာ....
မင်းတိမ်လွှာ နှင့် လွန်ခဲ့သည့်နှစ် ကိုကို့ဆီမှာ အလုပ်ဝင်ပြီး မကြာခင်ကမှ လမ်းခွဲလိုက်သည့်ချစ်သူတဲ့လား...
အခုတလောမှာမှ.....
သစ္စာရှင်ဆိုသည့် မိန်းကလေးအပေါ် နီးကပ်စွာအရောဝင်လာသည်..
အစထဲက ရာထူးတိုးမြန်လို့ သတင်းတွေထွက်ခဲ့သည့် မိန်းကလေးနှင့်မှ...
သူမ.... စိတ်ထဲသဘောမကျသည့် မိန်းကလေးနှင့်မှ....
သားညီမလေး....အလုပ်မှာတခုခုအဆင်မပြေတာများရှိသလား သားရယ်
စိုးရိမ်စိတ်နဲ့ ဖုန်းဆက်မေးလာတဲ့ မေမေမွန်ရဲ့စကားသံတွေအဆုံးမှာ...
သူမဆီကို ပြေးသွားလိုက်ချင်မိသည်အထိ...
ခြေလှမ်းမိတိုင်း....နာကျင်သွာ ပြန်ဆုပ်ရသည်
နေမကောင်းဘူး..ဆိုတဲ့စကားကြားရတာနဲ့တင် သူမအပေါ် စိတ်လဲ မနာနိုင်ပါ...
သူမက သူ့ကို လိုချင်သည်ဖြစ်စေ မလိုချငိသည်ဖြစ်စေ သူမကို စောင့်ရှောက်ပါ့မယ်လို့ သူမဖေဖေ့ကို သူအကြိမ်ကြိမ်ကတိပေးခဲ့တယ်မဟုတ်လား...
........
'' နွယ်လေး "
နေမကောင်းဘူးဆိုသည့်အသံကြားသည်နှင့်...တင်းထားသည့်ကြားက အပြေးလာခဲ့သော်လည်း
သူမ.. ခါးတွေကို ပိုင်စိုးပိုင်နင်း ကိုင်ရင်း..
ကားပေါ်တင်ပေးဖို့လုပ်နေသည့်အမျိူးသား
ဟိုနေ့က သူတွေ့ခဲ့သည့်အမျိူးသားမဟုတ်လား...
" နွယ်လေး ဆေးခန်းသွားမလို့ နောက်မှ လာခဲ့နော် "
'' မေမွန်ရော တစ်ယောက်ထဲလား "
'' မေမေက အပြင်ခနသွားတယ် တိမ်လွှာပါနေတာပဲ နွယ်လေး အဆင်ပြေပါတယ် "
ကိုကို လိုက်ခဲ့ရမလားလို့ ပြောဖို့မလိုတော့အောင်အထိ သူမ ငြင်းလိုက်ပုံကလှသည်...
ခါတိုင်း သူမရဲ့ ကောင်လေးတွေဟာ...
သူ့မျက်လုံးရှေ့ရောမလာခဲ့ဖူးပါ....
ဒီကောင်လေးနဲ့ကျမှ...
တသက်လုံးအတူရှိလာသည့်သူ့ကို လျှစ်လျှူရှူသွားတာ...
ဘာအထာလဲ.....
ရင်ထဲ ဟာတာတာနဲ့ တခုခုလိုနေသလို ခံစားရကာ ဒီကောင်မလေးကို သူဆုံးရှုံးလိုက်ရသလိုလိုပါပဲ...
လူကြီးတွေဆီ အမြန်ပြေးကာ လက်ထပ်ပွဲအမြန်စီစဥ်ဖို့အထိ လောလိုက်ချင်သော်လည်းပဲ..
သူမအတွက်မတရား ရာကျမည်ထင်သည်..
သူမ ခါးတွေကို ပိုင်စိုးပိုင်နင်း ကိုင်ထားသည့်လက်တွေကို မျက်လုံးထဲက မထွက်..
ကားထွက်သွားပြီး အတော်ကြာသည်အထိ ထိုနေရာမှာပင် ရပ်ကျန်ခဲ့သည်.....
'' Sorry သြဇာဂုဏ် ရဲ့ သဝန်တိုမှု့ Level ကို သိချင်လို့ "
အေးစက်စက် ထွက်ပေါ်လာတဲ့အသံတွေနှင့်အတူ...
Sorry ဆိုတာ ခါးကို ဖက်လိုက်သည်ကို ရည်ရွယ်ပုံရပါသည်..
'' မင်း သူလာမှာကို ဘယ်လိုသိနေလဲ "
'' ဒီလိုပါပဲ ''
ထို့နောက် စကားသံတွေ တိတ်ဆိတ်သွားသည်..
သူမ အိမ်မှာရှိနေတာကိုလဲ သိနေကာ...
သူမဆီကိုကို လာနေတာကိုလဲ သိနေသည်
ရုတ်တရက် ဖုန်းဆက်လာကာ ကိုကိုမရောက်ခင် သူအရင်ရောက်လာသည်...
ဒီလူဟာ....
အရာရာခန့်မှန်းရခက်သလို သွေးအေးလွန်းသည် မသိတာဘာမှမရှိသလို ဘာလုပ်လုပ်တိကျလွန်းသည်..
တကယ်ကို ပရိုဖိုင် ဖျောက်နေတက်သူ ပီသပါပေရဲ့...
သူဘာလုပ်လုပ်နောက်ကွယ်မှာ သူ့အင်အားတွေကအမြဲအသင့်ရှိသည် အကွက်မြင်တက်သည့်..
မင်းတိမ်လွှာဆိုသည့် အမျိူးသား Sky Castle အောင်မြင်နေတာကို သူမ.. မအံ့သြတော့ပါ ငယ်ရွယ်ပေမဲ့ တကယ့် လူတော်ပင်..
'' သြဇာဂုဏ်ဟာ ခင်ဗျားအပေါ်မှာ လေးနက်တဲ့ ခံစားချက်တွေရှိနေတယ် "
'' အဟွန်း...ညီမလေးတယောက်လို ကလေးတယောက်လို လေးနက်တဲ့ ၅၂၈ မေတ္တာတွေနေမှာပေါ့ "
'' မဟုတ်ဘူး "
စကား အပိုတွေမပြောတက်သူပီပီ..
သူမတို့အကြောင်းကို ဒီထက်ပိုပြီး မဝေဖန်ပါ
သဘောတူထားသည့်အတိုင်း...တာဝန်ကြေအောင်လုပ်သည်
ဆက်ဆံရေးကအစ တကယ့်ကို ဝဋ်ကြေတန်းကြေ မှန်း သိသာလှစွာအေးစက်လှသည့် မင်းတိမ်လွှာဘက်က ထွက်လာသည့် ပထမဆုံး မှတ်ချက်ဖြစ်သည်..
တကယ်ပဲ ခံစားချက်တွေရှိနေသလား...
'' မင်းနဲ့ မိုးသားအခြေနေရော "
'' ခင်ဗျားရည်းစားဆိုတာ သိနေတော့ သိပ်ထူးခြားတာမရှိပါဘူး "
'' Sorry ကွာ "
'' မလိုပါဘူး ချာတိတ်မက ကျွန်တော့ဇနီး ဖြစ်ကိုးဖြစ်လာမှာမို့လို့ "
သူ့ဘာသူ ဘာကောင်ဖြစ်ပါစေ..သူမထက် သူဟာ အသက်ငယ်သည်မို့ သူမဘက်က မင်းနဲ့ အမ ဟုသာသုံးဖြစ်သည်..
သူကတော့ လူအများရှေ့ဆို အမခေါ်တက်ပေမဲ့ ကျန်တဲ့အချိန်ဆို အေးစက်စွာ ခင်ဗျား ဟုသုံးတက်သည်...
ကိုကိုနှင့် ဆန့်ကျင်ဘက်အမျိူးသားဖြစ်သည် ကိုကိုဟာ တလောကလုံးအပေါ် အထူးသဖြင့် အမျိူးသမီးတွေအပေါ် ဖော်ရွေသည် သူမ အပေါ်မှ ထူးပြီး ဂရုစိုက်တက်တာမဟုတ်ပါ...
'' မကြာခင် သြဇာဂုဏ် ဘက်က ကျွန်တော်နဲ့ ခင်ဗျားအကြောင်း စုံစမ်းလိမ့်မယ် အာ့အချိန်ကျရင် ချာတိတ်မကိုအကူညီတောင်းပြီး ကျွန်တော့ကို ချာတိတ်မ ချစ်သူ အဖြစ် ပွဲထုတ်လိုက်ပါ "
သူ့ဘက်က plan တွေ တောက်လျှောက်ချတက်သလို ဖြစ်လာမလာ မသေချာသည့် ကိစ္စတွေကို
အကြားအမြင်ဆရာလို အသေအချာပြောတက်သည့်အကျင့်ရှိနေပြန်သည်...
ထိုနေ့က ဆေးခန်းပို့ပေးကာ သွားချင်သည့်ဆီ စိတ်ရှည်စွာဖြင့် မင်းတိမ်လွှာက ပို့ပေးသည်..
သူ ချစ်ရသူမှလွဲ၍တခြားမိန်းကလေးတွေပေါ်ဆက်ဆံပုံက ရေခဲတုံး..
တခါတရံ ကိုကို့ ကို သူ့လိုဖြစ်စေချင်မိသော်လည်း..
အေးစက်လွန်းတာထက် နွေးထွေးလှသည့် ကိုကိုဟာ...
သူမ အတွက်ပိုပြီး သက်တောင့်သက်သာရှိလှသည်မို့ အချစ်မရှိသလို မျက်နှာထားနှင့် ဝဋ်ကြေတန်းကြေ လုပ်ကိုင်တက်သည့်Type ထက်..
ကိုကို ဟာ ပိုချစ်ဖို့ကောင်းသည်...
ကိုကိုဟာ ကိုကိုမို့လို့ကို ချစ်ဖို့ကောင်းနေတာထင်ပါရဲ့..ဟုတ်သည်..
သြဇာဂုဏ် ဟာ သြဇာဂုဏ်ပင်..
အမျိူးသမီးတွေကို လေးစားပြီး ကြင်နာတက်တဲ့ အကျင့် ဟာ သားတွေကို သင်ပေးဖို့လိုအပ်သည့်အရာမို့...
ကိုကိုရဲ့အကျင့်ဟာ သူမ..... သဝန်တိုသင့်သည့်အရာမဟုတ်ပါ
ဒီလိုလေး ပြောင်းမြင်ကြည့်ပေးလိုက်သည့်အခါ ရင်ထဲအေးချမ်းရတာပါပဲလေ...
သူမ... မင်းတိမ်လွှာ ပြောသည့်စကားကို မသိစိတ်ကနေ ယုံကြည်သည်...
ကိုကိုဟာ........ ကျမအပေါ် လေးနက်သည့် ခံစားချက် တွေရှိနေနိုင်သည်..