book

Index 8

အပိုင်း...၈

မင်းမကြည့်လို့ ( အပိုင်း...၈)

**************************


အဲဒီနေ့ က....


မိုးတွေ သည်းသည်းမည်းမည်း ရွာနေခဲ့တယ်..နွယ်လေးဟာ ပြန်မရောက်လာသေးဘူးဆိုတဲ့ သတင်းအကြားမှာ...


အချိန်ဟာ... ပြန်ရောက်သင့်သည့် အချိန်ထက်များစွာနောက်ကျနေချေပြီ..

စိုးရိမ်စိတ်နဲ့အတူ... ရာသီဥတု အေးစိမ့်စိမ့်မှာ သူဟာ မအေးနိုင်ပဲ ရင်ထဲအပူမီးတောက်နေခဲ့တယ်..

ကားပါမသွားဘူး....ကားက ဝပ်ရှော့ပို့ထားရတာ သူကိုယ်တိုင်


ဖုန်းကို အကြိမ်ကြိမ် ခေါ်ဆိုနေပေမဲ့ ဝင်သာ ဝင်သည် မကိုင်...


'' တောက် ကိုကို့ ကို ဘယ်အထိစိတ်ပူအောင်လုပ်မှာလဲ နွယ်လေးရာ "


ဖုန်းဖြေသံမကြားရသည့်အဆုံးမှာ သူမနေနိုင်တော့..

ထီးတချောင်းဆွဲကာ....


သူမအိမ်ဘက် အပြေးတပိုင်းထွက်လာခဲ့သည်...


အရှိန်ပြင်းပြင်း နဲ့ သူ့ကို ကျော်တက်သွားသည့် ကားဟာ အရှေ့ခပ်လှမ်းလှမ်းရပ်သည်..

သူမအိမ်မရောက်ခင်လမ်းထိပ်တင် ရပ်သည့်ကားမို့ သူမ ပါလာမည်မထင်မိသော်လည်း..


ကားပေါ်က ဆင်းလာသူမှာ သူမဖြစ်ကာ...


ရင်းရင်းနှီးနှီး နှုတ်ဆက်နေပုံက နောက်ထပ် ရည်းစားထားနေပြန်ပြီလား...

ပြန်ကွေ့ပြီး သူ့နံဘေးက ဖြတ်မောင်းသွားသည့် ကားကို အလင်းရောင်အောက် အရောက်မှာ..


သေချာ လိုက်ကြည့်မိသည်....


ချောသည်ဆိုတာထက် ပိုသည့် အမျိူးသား...

အေးစက်စက် မျက်နှာထားနှင့် ကြည့်လိုက်တာနဲ့ သူ့ထက် ငယ်မည်ဆိုတာ အသေအချာပင်...

" နွယ်လေး "

မိုးရေးထဲ ယိုင်တိုင်တိုင် လျှောက်နေသည့်သူမနောက် အပြေးတပိုင်းလိုက်ရင်း..

နောက်ကနေ အော်ခေါ်မိတာ..


ဒေါသ သံတွေ စွတ်သွားသလား မသိတော့ပါ


သူမက သူ့ကို မြင်တော့ နောက်ကို ပြန်လှည့်ပြေးလာပြီး သူ့ကို ပြေးဖတ်သည်...

ရုတ်တရက် အပူမူကြောင့် သူ အံသြမိသော်လည်း စူးကနဲ ထွက်လာသည့် အရက်နံကြောင့်...


" မင်း မူးလာတာလား "


'' နဲနဲပါ ကိုကိုကလဲ "


အာလေး လျှာလေးနှင့် ပြောနေပုံဟာနဲနဲ ဟုတ်ဟန်မတူ...ပြေးဖတ်လိုက်တာ အ့သစရာမလိုတော့ပါ မူးနေသည်မဟုတ်လား


'' ကိုကိုကလဲ ဆူပုပ်နေတာပဲ ဘာဖြစ်တာလဲ "


'' လာ..အိမ်ပြန်မယ် "


ရင်ခွင်ထဲက သူမကို ဆွဲထုတ်ကာ အိမ်ပြန်ပို့ဖို့ လုပ်သော်လည်း..

သူမက သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ပါးတွေကို ကိုင်သည်..


" ဆူပုတ်နေတဲ့ ဒီမျက်နှာထားက ကိုကို့ရဲ့ ခန့်ညားမှု့တွေ ကို ပျက်တယ် "


'' နွယ်လေး...."


သူ စကားတွေ ဆက်ပြောခွင့်မရအောင်...


သူမက သူ့နှုတ်ခမ်းတွေကို ဖိကပ်နမ်းသည်..


စိတ်တိုနေတာတွေ အစား...

ရင်ခုန်ခြင်းတွေ စိုးမိုးလာသည်...

အမြဲလိုလို ထိတွေ့ချင်ခဲ့သည့် နှုတ်ခမ်းတွေမဟုတ်လား...

လက်ထဲက ထီးဟာ ဘယ်ဆီရောက်သလဲ သူမသိတော့ပါ..


မိုးစက်တွေနဲ့ အေးစိမ့်စိမ့် ရာသီဥတု ကြားက ရုတ်တရက်ကျဆင်းလာသည့် အနမ်းတွေဟာ နွေးထွေးတာထက်ပိုသည်...

ထို နွေးထွေးမှု့လေးဟာ...


သူမဘက်ကပဲ စတင်ကာ...

သူမ ဘက်ကပဲ ရပ်တန့်လိုက်သော်လည်း...


သူ့ကို စိုက်ကြည့်နေသည့် သူမ ခါးတွေကို လက်တဖက်နှင့် ပွေ့သည့်

နောက်လက်တဖက်က သူမ ပါးလေးပေါ် ခပ်ဖွဖွကိုင်ရင်း..


နွေးထွေးသည့်အနမ်းတွေကို ရင်ခုန်စဖွယ် သူ့ဘက်က တဖန် ပြန်လည် အသက်သွင်းလိုက်မိသည်...

ဒီကာလလေးအတွင်းမှာ....


မှားသည် မှန်သည် သူမတွေးနိုင်တော့ပါ....

ဒီနှုတ်ခမ်းတွေ ကြားမှာ နူးညံစွာပျော်ဝင်သည်....

ဖြူစင်မှု့တွေအကြောင်း.....


ညီမလေးတစ်ယောက်ဆိုတဲ့အကြောင်း...


သူမတွေးဖြစ်ခဲ့ပါ...


အဲဒီနေ့က....


သူမဟာ သူ ၅၂၈နှင့်မဟုတ်ပဲ ၁၅၀၀ဖြင့် နှစ်နှစ်ကာကာချစ်ရသော သူ့ရဲ့ စေ့စပ်ထားသည့် အမျိူးသမီးလေး အနေဖြင့်ရှိနေခဲ့သည်...


အေးစက်စက် မိုးရေတွေနဲ့အပြိုင် ရွာချခဲ့သည့် နွေးထွေးသည့် အနမ်းမိုးတွေ....


'' ကိုကို မင်းကို ချစ်မိနေပြီထင်တယ် "


သူ..ရင်ဖွင့်ခဲ့ပေမဲ့ သူမလေးဟာ ရင်ခွင်ထဲမှာ မှေးစက်နေခဲ့ချေပြီ...

သူမကို ပွေ့ကာ အိမ်အထိ သယ်ခဲ့တဲ့တလျှောက် ရင်ခုန်သံတွေဟာ ထိန်းမရတော့...


'' ဘာဖြစ်လာတာလဲ သား "


သူမကို ပွေ့ချီရင်း အိမ်ထဲဝင်လာသည့် သူ့ကို မေမေမွန်က စိတ်ပူဟန်နှင့်မေးသည်...


" dinner သွားခဲ့တယ်ထင်တယ် မေမေမွန် မူးလာလို့ "


''ဒီကောင်မလေးနှယ့် ဘယ်လောက်တောင်သောက်လာသလဲမသိပါဘူး "


သူမကို အခန်းထဲထိ တန်းသယ်သွားဖို့လုပ်ပြီးမှ ရေစိုလာတာကို သတိရကာ...

ဧည့်ခန်းက ခုံပေါ်တွင်သာ အသာချလိုက်ပြီး..


'' ရေစိုလာတယ် မေမေမွန် အဝတ်အစားတွေလဲပေးမှဖြစ်မယ် "


'' သားရောပဲလေ မင်းညီမကို မေမေနဲ့ အန်တီတို့ လုပ်ပေးလိုက်မယ် သားပါရောဖျားနေမယ် အဝတ်အစားလဲတော့ "


'' ဒါဆို သားသွားလိုက်တော့မယ် မေမေမွန် "


မေမေမွန့်ကို နှုတ်ဆက်ကာ ခပ်သွက်သွက်ထွက်ခဲ့သော်လည်း...သူမကို စိတ်မချ...


'' သားရေ ထီးထီး "


ရေစိုရွဲနေပြီးဖြစ်သော်လည်း....


အပြေးလေး ထီးလိုက်ပေးသည့် မေမေမွန်ရဲ့ မျက်နှာပေါ်မှာ သူ့အတွက်စိုးရိမ်စိတ်တွေကိုတွေ့ရတော့..

ခုန ကိစ္စ အတွက် မလုံချင်ပါ.....

....


ညက သမီးကိုကို လာပို့သွားတာ


အိပ်ယာနိုးနိုးခြင်း မေမေ့စကားကြောင့် သူခေါင်းနပန်းကြီးသွားသည်...

ပြန်စဥ်းစားတော့ ညစာစားပွဲတခုသွားခဲ့တာဖြစ်ပြီး...


မင်းတိမ်လွှာ နှင့် မိုးသားဖြူတို့ဘေးတွေရှိနေခဲ့သည်..

အရက်ဆို မခံနိုင်သည့်သူမက ဘေးမှာချထားသည့် အရက်ခွက်နှင့်အအေးခွက် ဘယ်လိုမှားသည်မသိ...


မှားသောက်မိကာ.....


မင်းတိမ်လွှာ ပြန်ပို့သည့်ကားနှင့်..


နောက်ခန်းမှာ မိုးသားဖြူကို မှီပြီး လိုက်ခဲ့သည်အထိသာ မှတ်မိသည်.....


အိမ်ရောက်သည်အထိ လဲမကျအောင်တင်းထားခဲ့တာပေမဲ့..သူမ မှတ်ဉာဏ်တွေထဲ ကိုကို ဘယ်လိုရောက်လာသည်ကို စဥ်းစားမရခဲ့ပါ....


'' ညကဘယ်လိုဖြစ်လို့ ဒီလောက်တောင် မူးခဲ့ရတာလဲ သမီးရယ် "


'' dinnerတပွဲတက်တာမေမေ အရက်ခွက်နဲ့အအေးခွက်မှားသောက်ခဲ့မိလို့ "


သူမ alcohol နဲ့ဓာတ်မတည့်တာ(Alcohol allergy) သိသည့်မေမေဟာ ထို့ထက်ပိုမမေးခဲ့ပါ...

မိုးလင်းသည်နှင့် စတင်ကာ အရေပြားမှာ ယားယံကာ အနီစက်ကလေးတွေထွက်လာသည်...


'' နွယ်လေး ''


'' ကိုကို ညက နွယ်လေးကိုပြန်လာပို့တာဆို "


''အင်း အိမ်ရှေ့မှာတွေ့ခဲ့လို့ "


မျက်နှာက ရဲနေသလိုလို....


ညက ဘာများ ဖြစ်ခဲ့လို့လဲ....


ဘာမှဖြစ်စရာမှမရှိပဲလေ သူမ ဘာမှစကားမကျွံခဲ့ဖို့သာ အဓိကပါ...

ကိုကိုဟာ သူမ လက်တွေကို သေချာကြည့်ကာ...


" allergy ထပြီမဟုတ်လား ဆေးသောက်ထားလား "


သူမ ခေါင်းညိမ့်ပြတော့ နဖူးကို စမ်းဖို့ပြင်ပြီးမှ လက်ကို ပြန်ရုတ်သွားသည်....


" ညက လိုက်ပို့တဲ့ ခပ်ချောချောကောင်လေးကဘယ်သူလဲ "


'' ဘာလဲ နွယ်လေး ချစ်သူ အသစ်ဖြစ်နေမှာစိုးလို့ အပြေးအလွှားလာမေးတာလား....

လက်ထပ်ဖို့ တိုက်တွန်းခံရမှာစိုးလို့လားဒီလောက်ငြင်းရခက်ခက်ဖြစ်နေရင် ဖျက်သိမ်းလိုက်လေ ကိုကို ငြင်းမနေရတော့ဘူးပေါ့ ''


''နွယ်လေး ...ကိုကို ကို ဘယ်လိုတွေပြောနေတာလဲ ''


''ကြားတဲ့အတိုင်းပဲ လေ... ကိုကို သွားတော့ နွယ်လေး နားချင်ပြီ "


ကိုကို့ရှေ့မှာ မကျစေဖို့ တင်းခံထားရတဲ့မျက်ရည်တွေ...

စောစောစီးစီး အသည်းအသန်ပြေးလာခဲ့တာ ရည်းစားအသစ်အကြောင်းမေးဖို့တဲ့လား...


စိုးရိမ်လို့ လာခဲ့တာ မဟုတ်ဘူးပေါ့.....


မုန်းဖို့ကောင်းလိုက်တာ.....


နွယ်လေးကိုအဲ့သည်လောက်တောင်ပဲ မလိုချင်ဘူးလား ကိုကို


rate now: