မင်းမကြည့်လို့ ( အပိုင်း...၇)
**************************
coffee ဆိုင်ထဲ ဝင်လိုက်သည်နှင့် တစ်ဆိုင်လုံးဟာ ရှင်းလင်းနေသည်..
ခပ်မှောင်မှောင် ထောင့်ဆုံးဝိုင်းမှာ သူ့ကို ကျောပေးထိုင်နေသည့် အမျိူးသားထံ..
နွေဦးနွယ်...
တန်းတန်းမတ်မတ်လျှောက်သွားခဲ့သည်....
Sky Castle ကပါ လို့ အစချီပြီး....
သူမ ကြုံနေရတဲ့ စီးပွားရေး ပြသာနာ အချိူ့ကို ရေရွတ်ပြရင်း...
အထူးသဖြင့်..
ကိုကို တို့ Group နှင့် ပူးပေါင်း Collaboration လုပ်မည့် အဝတ်အစား ဒီဇိုင်းအသစ်အတွက် ကုန်ကြမ်း က ပြသာနာတက်နေသည်...
ကိုကို ရှေ့မှာ ထက်မြက်သည့်အမျိူးသမီး ဆိုသည့် Image တခု ရချင်သည်မို့..
ဒီပြသာနာဟာ...
သူမအတွက် အရာရာဖြစ်နေသည်မဟုတ်လား...
Sky Castle ဆိုတာ....
စီးပွားရေးလောကရဲ့ ဒိတ်ဒိတ်ကျဲ Group တခု ဆိုတာထက်ပိုသည်..
တစ်ဦးတည်းပိုင်ဖြစ်ကာ....
Gruop of company တွေ မနည်းပိုင်ဆိုင်သည်....
Sky Castle ရဲ့ အမွေဆက်ဆံသူ သခင်ကို...
သူမတို့လောက က ဘယ်သူမှ.... မမြင်ဖူးကြသည်အထိ Low profile နှင့်နေတက်သည်ဟု ကြားခဲ့ဖူးသည်...
ဒါကြောင့်......
သူတို့ ချိန်းသည့်နေရာ ကို အရဲစွန့်လာခဲ့တာပင်...
'' ထိုင်ပါ မ နွေဦးနွယ် "
သူမ ကို သိနေသည်ထင်ရဲ့.... သူမက မမေးခင် အရင်ထိုင်ခိုင်းသည်...
ရှပ်အကျီအဖြူလက်ရှည်နှင့် ထိုအမျိူးသားဟာ..
သူမ ထက်ငယ်မည့်ပုံပေါက်ကာ....
သိပ်ချောလွန်းသည့် အမျိူးသား ဟု မှတ်ချက်ချသည်...
အသားဖြူဖြူ နှင့် ထင်းနေသည့် ထိုအမျိူးသားကို ချောလွန်းတာမို့... သူမ ငေးကြည့်နေမိသည့်အထိပင်..
အေးတိအေးစက် မျက်နှာထားနှင့် ထိုအမျိူးသားက...
သူမကို စိတ်မဝင်စားသလို မျက်နှာထားနှင့် သူ့ကိုယ်သူမိတ်ဆက်သည်..
'' ကိုယ့်နာမည် မင်းတိမ်လွှာ Sky Castle ရဲ့ အမွေဆက်ခံသူ "
'' အဟွန်း.... Sky Castle ရဲ့ ပိုင်ရှင်က ဘယ်သူ ဘယ်ဝါဆိုတာ တော်ရုံလူ မသိတာ မင်းလာလိမ်နေတာရော မဖြစ်နိုင်ဘူးလား "
မျက်ခုံးတွေ မြင့်တက်သွားကာ.....
သူမ စကားတွေကို အသိမှတ်ပြုသည့် အေးစက်စက် အပြုံးတခု သူ့မျက်နှာမှာပေါ်လာပြီးနောက်....
သူ့ဘေးက ဝိုင်းက လူကိူ ညွန်ပြကာ...
'' ကိုယ့်ကို မသိရင်တောင် Sky Castle မှာ အမြဲလူရှေ့ထွက် လှုပ်ရှားတက်တဲ့ သူ့ကိုတော့မင်းသိမှာပါ ''
သိတာပေါ့....
သူမ ကောင်းကောင်းသိသည်....
ထိုသူနှင့် ဆုံဖို့တောင်မလွယ်ပါ.... သူရိန်.. ဟုတ်သည် အရင်က သူရိန်ကို Sky Castle ရဲ့ပိုင်ရှင်လို့ထင်ခဲ့ဖူးသည်မို့ကောင်းကောင်းမှတ်မိသည်...
ထိုသူကတော့ ပိုင်ရှင် ဘယ်သူပါလို့သိလောက်မှာမို့.. သူမ ဆက်မမေးတော့ပါ...
သေချာသည်...သူတို့ လူလိမိမဟုတ်...
" ဒါဖြင့် Sky Castle လို နာမည်ကြီး တွေက ကျမလို သေးသေးနုတ်နုတ် Company လေးကို ဘာကြောင့် ချိန်းရတာလဲ သိပါရစေ "
'' အများစုက ကိုယ်ဘယ်သူပါလို့သိရင် ရှိန်သွားကြတယ် မနွေဦးနွယ်ကတော့ ပုံမှန်ပါပဲ သတ္တိနဲ့ ထက်မြက်ပုံက ကြားထားတဲ့အတိုင်းလေးစားစရာပါပဲ "
ဒီလိုမျိူး.... လူအများစုဆီက မကြာမကြာကြားပေမဲ့ ကိုကိုကတော့ နီးနေလို့ထင်ပါရဲ့ မမြင်ခဲ့ဖူးလေ....
'' personal အကူညီလေးတောင်းချင်လို့ပါ...ခင်ဗျား ဆီမှာ မိုးသားဖြူ ဆိုတဲ့ကလေးမ .ရှိတယ်မဟုတ်လား.. သူ့နားကို ရောက်အောင် ကူညီပေးပါ... ခင်ဗျား ပြသာနာတက်နေတဲ့ ကုန်ကြမ်းတွေ ကိုယ်တို့ဘက်က ပေးနိုင်ပါတယ် "
'' Sky Castle နဲ့ပူးပေါင်းလို့ ကျမဘက်က နစ်နာတာ မရှိပါဘူး...ရှင်တို့ဘက်က စကမ်းလှမ်းတဲ့အထိ ဒီမိန်းကလေးက အရေးပါတယ်ထင်ပါရဲ့ ဘာပတ်သတ်ပါသလဲ "
'' ကျွန်တော့ ဇနီး ဖြစ်လာမဲ့သူ "
အခြေနေတွေကို..... သူမ အရိပ်အကဲသိမြန်သူပီပီ ချက်ချင်းသဘောပေါက်သည်..ဒီကောင်မလေးကို အလုပ်ခန့်ပေးဖို့..
ဖေဖေထူးကိုယ်တိုင် အကူညိီတောင်းဖူးသည်..
အာ့တုန်းက ဖေဖေထူးနောက်ကွယ်မှာ..... မင်းတိမ်လွှာ ရှိခဲ့သလား...
နောက်တော့ ဖေဖေထူးနှင့် စီးပွားရေးအရ မကင်းတာကြောင့်ရယ် အင်အားပိုတောင့်သယောင်အခြေနေရယ်ကြောင့် အမြဲလိုလိုပြိုင်ဘက်ဖြစ်ခဲ့သည်...
TUN Company က ဖေဖေထူးအပေါ် အစွယ်ကျိူးခဲ့သည်မဟုတ်လား...
သူမ ကို အတင်းပတ်သတ်ခဲ့သည့်....
သျှံထွန်းပင် နယ်ပို့ခံလိုက်ရသည်ကို သူမကြားလိုက်သည်...
ဒါတွေနောက်ကွယ်မှာ....
မင်းတိမ်လွှာရှိခဲ့သလား...
" တန်ဖိုးကြီးတဲ့ အပေးအယူပဲ တစ်ဖတ်သတ် ကမ်းလှမ်းမှု့နဲ့တော့ မရဘူးနော် "
'' လိုချင်တာကိုပြောပါ "
'' အဲ့ဒီမိန်းကလေး အနားကိုရောက်အောင် ကျမ ကူညီနိုင်တယ် မြန်မြန်နီးစပ်ဖို့ရောပေါ့..."
အရောင်တောက်လာတဲ့ သူ့မျက်ဝန်းတွေကို..သူမ မြင်နေရသည်...
အချစ်နဲ့တွေ့ရင်.... မင်းတိမ်လွှာ လိုအေးစက်စက် လူကိုတောင် အရည်ဖျော်ချနိုင်သတဲ့လား....
ကိုကို.....
ကိုကိုဆိုရင်ကော.......
ကိုကိုသာ အချစ်နဲ့တွေ့ရင် ချစ်ရမဲ့ မိန်းကလေးတွေ့လာခဲ့ရင် မင်းတိမ်လွှာ လိုပဲနေလေမလား...
မဖြစ်ရဘူး...ကိုကို
ဒါဟာ...ကျမရဲ့ နောက်ဆုံးစမ်းသပ်ခြင်းပဲ
ဒီစမ်းသပ်မှု့မှာပါ ကိုကိုအရင်လိုပဲဆိုရင် လက်လွှတ်ပေးတော့မယ်...
လူတစ်ယောက်ကို နှစ်ပေါင်းအကြာကြီး သူမ တွယ်လာခဲ့ ပြီးပြီမဟုတ်လား...
" ကျမအကြောင်း သိပြီးသားဆိုတော့ ကျမနဲ့စေ့စပ်ထားတဲ့ အမျိူးသားအကြောင်း မင်းသိလောက်ရောပေါ့..."
'' ဆိုပါတော့ "
'' ရှင်က Personal အကူညီပြန်တောင်းလို့ရမလား "
'' ပြောကြည့်ပါ "
''သြဇာဂုဏ်ဟာ ကျမကို ညီမလေးတယောက်အပြင် ပိုတဲ့သံယောဇဥ်မရှိဘူး ရှင်နဲ့ ရှင့်မိုးသားဖြူကို ကူညီရင်...
ကျမကို သြဇာဂုဏ်နဲ့ ပတ်သတ်ပြီး ပြန်ကူညီပေးပါ "
'' ကိုယ် အာမခံတယ် သြဇာဂုဏ်ဟာ ခင်ဗျားကို ချစ်နေတယ် "
''မဖြစ်နိုင်တာ ''
'' နောက်ဆုံးအနေနဲ့ သေသေချာချာ စမ်းသပ်ကြည့်မလား ခင်ဗျားအရင်က လုပ်ခဲ့သလို စမ်းသပ်မှုမျိူးမဟုတ်ပဲပေါ့ "
'' ဘယ်လိုမျိူးလဲ "
'' ကျွန်တော် ခင်ဗျားနဲ့တွဲမယ်.... ခင်ဗျားရဲ့ ဝန်ထမ်းတခုခု အနေနဲ့ ခင်ဗျားအနားကိုခေါ်သွင်းပေး ခင်ဗျားကျွန်တော်တွဲနေတယ်လို့ မိုးသားဖြူကိုပဲ အသိပေး... သြဇာဂုဏ် တမင်ရိပ်မိအောင် ကျွန်တော်လုပ်ပေးမယ် ''
'' Deal မင်း အဆင်ပြေတဲ့ နေ့ ကြိုက်တဲ့ရာထူးနဲ့ ကျမဆီ အလုပ်ဝင်နိုင်ပါတယ် "
'' မနက်ဖန် ကုန်ကြမ်းတွေအတွက်စာချူပ်ချူပ်ဖို့ မင်းဆီကို သူရိန်ကိုယ်တိုင်လာပါလိမ့်မယ် "
''ok ဒါဖြင့် ကျမကို ခွင့်ပြုပါအုန်း "
ဒီတခေါက်နောက်ဆုံး ကစားပွဲအနေနဲ့.....
သူမ အသေချာ ကစားကြည့်ချင်သည်.....
သူမ အနားရှိခဲ့သမျှ ယောက်ျားတွေထက် အပုံကြီးသာသည့် အမျိူးသားတစ်ဦး...
ကိုကိုထက် အစစအရာရာသာသည့် အမျိူးသားတစ်ဦး...
သူမအနား ရှိနေလျှင်.....
ကိုကို အရင်လို တည်ငြိမ်နိုင်အုန်းမလား သူမ သိချင်သည်...
ဒါကိုမှ တည်ငြိမ်နေသေးသည်ဆိုလျှင်....
နွယ်လေး ကိုကို့ ကို လက်လွှတ်အဆုံးပေးတော့မယ် ကိုကို...
နွယ်လေးကို တကယ်ပဲ မချစ်ခဲ့ဘူးလား...
ကျေးဇူးပြုပြီး နောက်ဆုံးစမ်းသက်ချက်မှာ နွယ်လေးနိုငိပါရစေ ကိုကိုရယိ....
(မင်းတိမ်လွှာကို လွမ်းနေကြသူတွေရှိရင်လက်ထောင် ✌✌✌✌)