မင်းမကြည့်လို့ ( အပိုင်း..၆)
**************************
D khit ကို Group အဖြစ်ပြောင်းလဲနိုင်ဖို့ အလုပ်တွေထဲခေါင်းနှစ်ရင်း သူမနဲ့ ပိုပို အလှမ်းဝေးခဲ့သည်ထင်ပါရဲ့..
အောင်မြင်မှု့တွေရလို့...
အချိန်ပေးသည့်အခါ သူမနှင့်စိမ်းသက်သွားခဲ့သည်
ချစ်စရာကောင်းတဲ့ ညီမလေး အဖြစ်မှသည်...
ထက်မြက်စမတ်ကျသော မိန်းမပျိူလေး အဖြစ် သူ့မျက်စိရှေ့တွင်ပဲ ပြောင်းလဲသွားသည့် နွယ်လေးကို...
သူ အံသွရသလို.........
တခါတရံ ဖြူစင်တဲ့ဟန်ပန်လေးတွေကိုလွမ်းရသည်..
ခက်ထန်တဲ့မျက်နှာထားရယ်...
ခပ်ထူထူ နှုတ်ခမ်း တွေကို အမြဲလိုလို အရောင်ရင့်ရင့် နှုတ်ခမ်းဆိုးဆေးတွေခြယ်သထားတက်သည့် သူမ ပုံစံဟာ...
သူ ဖြူစင်စွာ ချစ်ရသည့် နွယ်လေးမဟုတ်တော့ပဲ..
King Co.ltd ရဲ့ CEO နွေဦးနွယ်အဖြစ်ပြောင်းလဲခဲ့သည်...
ရည်းစားတွေ ထည်လဲတွဲတက်သည်.....
တွဲသမျှ ဘဲတိုင်းကို တခါတရံ သူက လိုက်ရှင်းပေးရသည့် အခါတွေလဲရှိခဲ့သည်...
'' နွယ်လေးဟာ မင်းတနေ့လက်ထပ်ယူရမဲ့ မိန်းကလေးပဲ မင်းဘာမင်းကြည့်ထိန်း "
ဟုဆိုကာ...
ဖေဖေဟာ........သူမကို ရော company ကိုပါ သူ့အပေါ် တာဝန်ပေးသည်
" ကိုကို က နွယ်လေးကို မချစ်ပါဘူး "
လို့ မပြောတော့တာလဲ ကြာခဲ့ပါပြီ......
D Khit ကလဲ company မှသည်....Group အဖြစ် လုပ်ငန်းတွေတိုးချဲ့နိုင်ခဲ့ပြီ
'' သားနဲ့ သမီးကို စေ့စပ်ထားပေးချင်တယ် "
မိဘတွေဘက်က တရားဝင်ထုတ်ပြောသည့်အချိန်က..
အပျော်ရဆုံးလူက သူပဲ ဖြစ်မည်ထင်သည်...
သို့သော် သူမ ဘက်က လွတ်လွတ်လပ်လပ် နေချင်ပုံရပါသည် ထို့ကြောင့် လက်ထက်ဖို့ကို သူအချိန်ဆွဲ ပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်သလို...
သူမ ဆီကို ခြေလှမ်းမိတိုင်း.....
အလုပ်တွေသာ ဖိလုပ်ခဲ့သည်......
အရင်လို သူ့ရှေ့ပေါ်တင် ရည်းစားမထားတော့တာကလွဲရင် သူမ ကတော့ အရာရာ ပုံမှန်အတိုင်းပင်...
သူမ တကယ်ပဲ သူနဲ့ လက်မထပ်ချင်ဘူးလား..
.....
ကိုကို ဟာ မာနတွေပြသည်......
သူမကို မချစ်ကြောင်း နည်းမျိူးစုံနှင့် အသိပေးသည်...
သူမကို သိသိသာသာရှောင်လာသလိူ...
အဆ်ိုးဆုံးဟာ.... လက်ထပ်ဖို့ကို နည်းအမျိူးမျိူးနဲ့ ရွေ့သည်
သူမကို ဒီလောက်တောင်ပဲ မလိုချင်ဘူးလား......
ဘယ်အချိန်ထိ သဝန်မတိုပဲနေမလဲဟု.....
သူမ အမျိူးမျိူး ကြိုးစားသော်လည်း ကိူကိုဟာ ရေခဲတုံးပါပဲ..
စေ့စပ်ပြီးနောက်ပိုင်း....
ကောင်လေးတွေနဲ့တွဲလျှင် ကိုကို မသိအောင်တွဲသည်..
တကယ်တမ်း ကိုကို က သိဟန်ပြသည့်အခါတိုင်း သူမဘက်က ဇာတ်လမ်းတွေကို ဖြတ်ခဲ့သည်သာ...အဲ့သည်လောက်အထိ ချစ်ခဲ့တာပါ..
ကိုကိုဟာ သူမကို ဇနီးမယားအဖြစ် အစထဲက မလိုချင်ခဲ့ဘူး မဟုတ်လား....
ငြင်းစရာ အကွက်မတွေ့စေချင်ပါ....
သူမ အခုထိ တွဲသမျှ ယောက်ျားတွေဟာ သူမ ချစ်သူမဟုတ်ခဲ့ကြ
ဘယ်သူ့ကိုမှ ချစ်တယ်လို့ မပြောဖြစ်တာတာ ကိုကို မှမသိပဲ...
'' နွယ်လေး "
ကိုကို အသံကြားသည်နှင့်...မခြောက်တခြောက်ဖြစ်နေသည့် ဆံပင်ကို dryer မှုတ်ခြင်းမှ ရပ်ကာ အခန်းတံခါးပြေးဖွင့်မိသည်...
သူမကို မြင်တော့ မခြောက်သေးသည့် ဆံပင်တွေကို တချက်လှမ်းကြည့်ကာ...
" ညနေက မင်းနဲ့အတူရှိနေတဲ့ အမျိူးသားက ဘယ်သူလဲ "
'' ဘယ်သူလဲ ''
'' မသိဘူး မေမေတို့ တွေ့ခဲ့တာ...အခု လူကြီးတွေက ကိုယ့်ကို ပြောနေပြီ နွယ်လေးကို ..ကိုယ်မထိန်းနိုင်တော့ဘူးလားတဲ့ "
'' ထိန်းရအောင် နွယ်လေးက ဘာဖြစ်နေလို့လဲ "
'' နွယ်လေး ဘာသာ နွယ်လေး အသိဆုံးနေမှာပါ လူကြီးတွေ မျက်လုံးရှေ့ထိရောက်တာတော့ဘယ်ကောင်းမလဲကွာ "
'' နွယ်လေးကို ကလေးဆူသလို လာဆူမနေပါနဲ့ "
'' အခု လူကြီးတွေက လက်ထပ်ပွဲအတွက်လောနေကြပြီ ကိုကို ဘယ်လို အချိန်ထပ်ဆွဲပေးရမလဲ "
'' မသိဘူး "
သူမ တံခါးကို အသံကျယ်ကျယ်ထွက်အောင်ပိတ်ပစ်လိုက်ကာ...
အရာရာ သူ့အတ္တ အတွက်ကြီးပဲ.....
သူ့ဆီက ဂရုစိုက်မှု့တွေ လိုချငိမိတဲ့ ကိုယ်က ရူးနေလို့ပဲ နေပါလိမ့်မယ်...
သူမ ဘယ်လောက်ပြောင်းလဲပြောင်းလဲ...
သူ့မျက်လုံးထဲ ကလေးပေါက်စ အပြင် ပိုမလာခဲ့ပါ....
မျက်ရည်တွေ ကျနေမိကာ....
ဆံပင်တွေလဲ ဆက်လုပ်မနေချင်တော့.....
သူမ ငိုရတိုင်း.. ...
သူ့ကြောင့်ကြီးပဲ မုန်းတယိ အတ္တသမား လူကြီးကို မုန်းတယ်....
" သမီး နွယ် "
" ဟုတ်ကဲ့အန်တ်ိီ "
အိမ်က အန်တီကြီး အသံကြောင့် မျက်ရည်တွေ အမြန်သုတ်ရင်း တံခါး ဖွင့်လိုက်သည်..
" နွားနို့ပူပူလေးရယ် ဆေးရယ် "
'' ဟင် ဘာဆေးလဲ သမီး ဘာမှ မမှာပါဘူး "
'' သမီး ကိုကိုပြောသွားတာလေ သမီးလေးခေါင်းလျှော်ထားတယ် ဖျားမှာစိုးလို့ ဆေးကြိုတိုက်ထားအုန်းဆိုလို့ "
ကိုကို ကလား.... သူမ အတွက်တဲ့....
အနာပေးလိုက်ဆေးပေးလိုက်နဲ့ သြဇာဂုဏ်ကို စိတ်ထဲ မကြည်လင်ပါ..
ဒါလေးနဲ့ သူမ ကျေနပ်ရမည်လား...
လက်မထပ်ချင်လို့......
အတင်းပြေးပြီး လာဆူတဲ့ ကိုကို....
ခါတိုင်းဆို ဆံပင်တွေ မခြောက်တာမြင်ရင် ဘယ်လောက်အရေးကြီးကြီး သူမကို အရင်လုပ်ကိုင်ပေးတဲ့ ကိုကို သြဇာဂုဏ်ဟာ မရှိတော့ဘူးထင်ပါရဲ့....
သူမကို ယောက်ျားတယောက်နဲ့တွေ့လို့...
လာသတိပေးတဲ့ ကိုကိုဟာ... သဝန်တိုခြင်းကင်းနေတာ သူမ သိသည်
အန်တီကြီးပေးနေသည့်ဆေးတွေကို ယူကာ...
ဒေါသထွက်နေသော်လည်း...
နွားနို့ပူပူတွေကို ကြိပ်မှိတ်မျိူချလိုက်သည်...
ကိုကိုစကားဆို ရှေ့ရော ကွယ်ရာကော မလွန်ဆန်နိုင်သည့် သူမ...
"သမီး ဆံပင်တွေ မခြောက်သေးဘူးလေ "
အန်တီကြီးဟာ...
သူမ ငယ်ငယ်ထဲက ဒီအိမ်မှာ အလုပ်လုပ်ခဲ့တာမို့ သူမအကြောင်းသိသည်...
အခန်းထဲ ဝင်လာရင်း ဆံပင်တွေကို ခပ်ဖွဖွ သုပ်ပေးနေသည်...
ကိုကိုဟာ အနီးမှာရှိနေပေမဲ့ နှလုံးသားတွေဝေးနေသည်...
ကိုကို့ ကိုလွမ်းတယ်....
ကို့ကို စကားတွေ အမိန့်လိုနာခံနေကြသူမဟာ ဘယ်တုန်းကမှ မလွန်ဆန်နိုင်ခဲ့ပါ..
ဘယ်လောက်ပဲ သူများတွေနဲ့ဆို ထက်မြက်နေပါစေ..
သူ့ရှေ့ရောက်ရင် ယုန်သူငယ်လေးပင်....
တကယ်ဆို ဒီနှစ်တွေဟာ သူမ သိပ်ပင်ပန်းတယ်...
ဖေဖေမရှိတော့ စီးပွားရေး ကို မကိုင်တွယ်တက်သည့်မေမေဟာ company ကို ဆက်ဦးစီးရင်း...
သူမ ဘွဲ့ရသည့်အခါ.....
စီးပွားရေးဟာ ကျဆင်းလာသည်....
Company ဟာ ကျလုဆဲဆဲ အခြေနေကနေ ရုန်းတက်ရသည် အခုထိ အဆင်ပြေလှသည်မဟုတ်ပါ...
သို့သော် ကိုကိုဟာ သူမကို အဆင်ပြေနေသလား တခွန်းမမေးသလို သူမဘက်ကလဲ ဘာဆိုဘာမှ မဟ ခဲ့..
အကူညီမတောင်းခဲ့.........
တို့မင်းကို မချစ်နိုင်ဘူး နောက်ထပ်မဆက်သွယ်ပါနဲ့
ခပ်ပြတ်ပြတ်စာတစောင်ပို့ပြီး...
ထိုယောက်ျားနဲ့ ပတ်သတ်သမျှအကုန် ရှင်းထုတ်ပစ်လိုက်သည်....
ကိုကို က မကြိုက်ဘူးမဟုတ်လား.....