မင်းမကြည့်လို့ ( အပိုင်း....၅)
***************************
"ဖေဖေဆုံးပြီ ကိုကို "
သူ...သတင်းကြားကြားချင်း သူမ အိမ်ဆီ ပြေးလာခဲ့တာဖြစ်သည်...
တကယ်တမ်းဆေးကုနေရတာ မေမေမွန် ဖြစ်ပေမဲ့ အလှည့်အပြောင်း ကံကြမ္မာက ေဖဖေထူးကို ခေါ်သွားခဲ့လေသလား..
" မေမေမွန်ရော "
သူ့ကို မြင်တာနဲ့ ရင်ခွင်ထဲ ပြေးဝင်ငိုနေခဲ့သည့် ကောင်မလေးကို နှစ်သိမ့်ရင်း ရောဂါသည် မေမေမွန်ကို သူစိတ်ပူမိသည်..
'' အခန်းထဲမှာ ကိုကို "
သူမ လက်ကလေးကို ဆွဲရင်း...အခန်းထဲ အပြေးသွားကြည့်တော့ မေမေမွန်ဟာ သူ့ကို မြင်မြင်ချင်း သားအကြီးကို မြင်ရသည့်နှယ်...
ဓာတ်ပုံကလေးပိုက် တင်းခံထားသည့် အခြေနေကနေ
'' သားကြီး... သားဖေဖေထူး ...သားဖေဖေ... ဟင့် "
အာ့သည့်အချိန်က သူဟာ...
သူကိုယ်သူ ဒီအိမ်ရဲ့ တာဝန်ရှိသည့်သားအကြီး သူမရဲ့ အုပ်ထိန်းသူ အဖြစ် စိတ်ထဲမှတ်ယူခဲ့သည်..
လစ်လပ်သွားသည် ဖခင်မေတ္တာအစား... သူ ပိုချစ်ပေးရမည် မဟုတ်ပါလား...
ရောဂါသည် မေမေ မွန်ကို လဲသွားမည်လဲ စိုးရိမ်ရကာ..
" စိတ်ထိန်းပါ မေမေ သားတစ်ယောက်လုံးရှိပါတယ် "
သူမလေးကို စိတ်မချစွာလှည့်ကြည့်တော့...
နောက်ကရောက်လာသည့် မေမေ့ ရင်ခွင်ထဲမှာ ကပ်၍ငိုနေလေသည်...
သားနဲ့ ညီမလေးကို တကယ်ပဲ စိတ်ချလက်ချထားခဲ့ ပြီလား ဖေထူး
သူမျက်ရည်တွေ အလိုလိုကျဆင်းရကာ...
သူမအတွက်ပါ ပိုကြိုးစားရမည်...
နာရေး ကိစ္စအဝဝကိူ သူ့ဖေဖေက စီစဥ်ပေးနေသော်လည်း..အတော်ကိုမျက်နှာမကောင်းပါ...
မိဘတွေရဲ့ သံယောဇဥ်ဟာ သူ့တသက်မကဘူးမဟုတ်လား...
ဖေထူးကို မြေချသည့်နေ့က...
မေမေနှင့် မေမွန်ဟာ ဖက်ကာ ငိုယိုနေကြသည်..
ဖေဖေကတော့...
ဒီကောင်သွားတာ သိပ်စောလွန်းတယ် တဲ့လေ
သူ့ သူငယ်ချင်းကို နှမြောနေသလား....
လွမ်းနေသလား...
သူမလေးကတော့ ကလေး ပီပီ အော်ဟစ်ငိုယိုလို့ပါပဲ...
သူ့အနားက တောက်လျှောက် မခွာသလို..
သူ့လက်တွေကို အားကိုးတကြီးဆုပ်ကိုင်ရင်း...
သူရင်ခွင်ထဲမှာ သူမ ကျခဲ့ရသည့်မျက်ရည်တွေ......
မီးခိုးခေါင်တိုင်က အခိုးအငွေတွေကို ကြည့်ရင်း....
သွားနှင့်အုန်းတော့ ဖေထူးရေ....
ဖေထူးတာဝန်တွေကို သားလွှဲယူမှာပါ...
ညီမလေးအပေါ် သားတာဝန်ကြေရပါစေမယ်...
ညီမလေးကို ဖေထူးထားသလို ပြည့်ပြည့်စုံစုံနဲ့ ထားနိုင်အောင် သားကြိုးစားမှာပါ.....
သူ ကတိ တွေ အထပ်ထပ်ပေးရင်း...
ထိုနေ့က သူမလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း အရာရာ ကြိုးစားဖို့ ဆုံးဖြတ်ချက်ချခဲ့သည်....
................
ရက်လည်သည့်အထိ သူမအိမ်တွင် သူပြောင်းနေပြီးသည့်တိုင်..
သားအမိနှစ်ယောက်ထဲရှိတော့သည့် သူမတို့ကို စိတ်မချဟုဆိုကာ သူဟာ အခုထိ အိမ်မပြန်ဖြစ်သေးပါ..
သူ့ဆီက ဒီလို ဂရုစိုက်မှု့တွေရလေ.....
သူမ ပိုပို ရင်ခုန်လာလေ ဖြစ်လာတက်သည်..
သို့သော် သူကတော့ သူမကို ညီမလေး တစ်ယောက်လို အပြင်မပိုခဲ့တာ မျက်လုံးအကြည့်တွေက သိသာစေသည်.။
" နွယ်လေး... မအိပ်သေးဘူးလား "
အသားမကျသေးတဲ့ စိတ်နဲ့ ဖေဖေကို သတိရတိုင်းငိုနေတက်တာကို သူမ မထိန်းချူပ်နိုင်ပါ..
အခန်းထဲ ကြိပ်ငိုနေမိသည့် သူမအသံကို သူ ကြားသွားတယ်ထင်ပါရဲ့ စိုးရိပ်နေသည့်အသံနှင့် အပြင်ကနေလှမ်းမေးသည်....
"ဝင်ခဲ့လေ ကိုကို နွယ်လေး တံခါးဖွင့်ထားတယ် ''
သူမဆီက ဝင်ခဲ့ဖို့ခေါ်သံ မကြားမချင်း အခန့်ရှေ့မှာ ပေရပ်နေသည့် ကိုကို...
အရင်ဆို ဒီအခန်းကို တံခါးမရှိ ဓားမရှိ ဝင်နေကြမဟုတ်ဘူးလား..
ဘာကြောင့် စိမ်း နေရသလဲ.....
သူမမျက်ရည်တွေကို....
သူ့ကို မမြင်စေချင်ပါ...
ဒီရက်တွေမှာ နေ့မအိပ် ညမအိပ်...
ရှိနေပေးတဲ့ ကိုကို့ ကိုနောက်ထပ် မပင်ပန်းစေချင်တော့ပါ... သိသိသာသာ မျက်ကွင်းတွေ ချောင်နေခဲ့တာမဟုတ်လား..
" ကိုကို မအိပ်သေးဘူးလား "
'' ရေသောက်ချင်လို့ နွယ်လေး အခန်းက အသံကြားလို့ "
သူမ... ဘာမှပြန်မဖြေ မိပါ..
စိတ်ထဲ လွမ်းလွမ်းဆွေးဆွေးရှိလှတာရယ်...
သူ့ကို မြင်တော့ ဖေဖေ့ကို လွမ်းသည်..
ဖေဖေဟာ.....
ကိုကို့ ကို သိပ်ချစ်ခဲ့တာမဟုတ်လား....
ကိုကို ဘွဲ့ယူသည့်နေ့က ဂုဏ်ယူတဲ့အပြုံးနဲ့ ပြုံးကြည့်နေခဲ့တာကို သူမ မျက်လုံးထဲမှာ စွဲနေအောင်မြင်ယောင်သည်...
သားကြီးက သိပ်ကို ခန့်ညားနေတာပဲကွာ
ငါ့သားတောင် လူကြီးဖြစ်ပြီဟေ့...
ငါ့သမီးလေး အလှည့်ကျရင်လဲ ဖေဖေက ဂုဏ်ယူချင်သေးတာ..
ဖေ့ဖေ့ဆန္ဒတွေ ပြည့်မသွားခဲ့ပါလား....
ထိန်းထားသည့်ကြားက မျက်ရည်တွေ ပေါက်ကနဲ့ ကျလာသည်...ကိုကိုက သူမ ပခုံးတွေကို ဆွဲယူတော့ အလိုက်သင့် သူ့ပခုံးပေါ်မှာ မျက်နှာအပ်ရင်း ငိုချမိသည်...
" မေမေမွန် ကြားသွားမယ် နွယ်လေးရယ် နွယ်လေးက မိသားစု အတွက်သန်မာမှဖြစ်လိမ့်မယ် "
ဘယ်သူကရော....
မသိလို့လဲ ကိုကိုရယ်......
ဘာမှပြန်မပြောဖစ်ခဲ့ပေမဲ့...ဒီလိုမျိူး နှစ်သိမ့်စကားတွေကို သူမ လိုချင်တာမှမဟုတ်တာ...
လုပ်သင့်လုပ်ထိုက်တာတွေထက်...
ကိုကို ရှိပါတယ် တိတ်တော့နော်ဆိုတာလေးပဲ ကြားချင်ခဲ့တာ...
သူမရဲ့ ငိုသံတွေဟာ..
သူ့အတွက် ကမ္ဘာပျက်မတက်ပါပဲ...ဟန်ဆောင်ရတော့ပိုဆိုးသည်...
ရင်ခွင်ထဲတိုးဝင်လာသည့်ကောင်မလေးအပေါ် မရိုးမသား ဖြစ်မိသည့် သူ့ကိုယ်သူ မုန်းမိတာပါပဲ...
ဖြူစင်မှု့တွေကို အရောင်မဆိုးမှ ဖြစ်မယ်..
ခံစားချက်တွေကို သူမ မမြင်အောင်.......
ထိန်းချူပ်ရတာခက်လှသည်.....
တအိအိ ငိုနေသည့် သူမ ပခုံးလေးတွေကို မရဲတရဲ ဖက်ရင်း သူပြောတဲ့ အစီငေါမတည့်စကားတွေဟာ နှစ်သိမ့်မှု့မှဖြစ်ရဲ့လား...
သူ......တကယ်မသိတော့ပါ
ဝုန်းဒိုင်းကျဲ ရင်ခုန်သံတွေကြားမှာ သူမ နဖူးမကျဥ်းမကျယ်လေးတွေကို ခပ်ဖွဖွ နမ်းမိတာ...
ငိုနေတဲ့ သူမ ကတော့...
သတိထားမိမယ် မထင်ပါဘူးလေ.....
အခွင့်ရေး ယူသလို ဖြစ်ခဲ့သည့်အတွက် သူ့ကိုယ်သူလဲ မလုံပါ...
မောသွားသည့် ကောင်မလေးကတော့.....
ရင်ခွင်ထဲမှာ ငိုသံတွေဆဲသွားလို့ ငုံကြည့်တော့ အိပ်ပျော်နေချေပြီ
ရိုးသားစွာ အားကိုးသည်.....
သူကတော့ မရိုးသားသည့် စိတ်တွေနဲ့တဲ့လား....
မုန်းဖို့ကောင်းလိုက်တဲ့ကောင်.......
သူမလေးကို အိပ်ယာပေါ်အသာချကာစောင် ခြုံပေးရင်း...
မနေနိုင်စွာ...
နဖူးလေးတွေဆီ နောက်တကြိမ်....
သူမ... မနိုးအောင်ဖြေးဖြေးနမ်းသည်
မရိုးသားတဲ့ ကိုကို ကပဲ တောင်းပန်ပါတယ် နွယ်လေး