book

Index 44

(အပိုင်း..၄၄)

မင်းမကြည့်လို့ 

***************************


ပုံမှန်ထက်တိတ်ဆိတ်မှု့ဟာ...ကြီးဆိုးနေသည် 

နေရီသက်ဝေ

ပထမဆုံးသတိရမိတာသူမကိုဖြစ်ကာ....

မှောင်မဲနေသည့်အိမ်ထဲမှာ ပထမဆုံးသူမကိုသာ ဦးတည်ရှာနေမိသည်...


ကျေးဇူးပြုပြီး ထင်သလိုမဖြစ်ပါစေနဲ့


ဖြူလွှလွှကုတင်ပေါ်ဝယ်...

ရဲတောက်နေသည့်သွေးကွက်ရယ်...

လက်ကောက်ဝတ်ပေါ်က ဒဏ်ရာတွေရယ်...


" လုပ်ပြန်ပြီကွာ "


သူမကို ဒီလိုပုံစံမကြာမကြာမြင်နေခဲ့သော်လည်းတုန်လှုပ်မှု့က သူရိန်အတွက်အသားမကျနိုင်ပါ...

ဖြူဖြော့နေတဲ့နှုတ်ခမ်းကလေးတွေကသူ့ရင်ကိုအခါခါနာကျင်စေပြန်တယ်...


" လွတ်မြောက်ခွင့်ပေးပါ "


သူ့လက်ပေါ်ကသေးသေးသွယ်သွယ်ကောင်မလေးရဲ့သတိမရတချက်မှာပြောသွားသည့်စကားက...

လွတ်မြောက်ခွင့်ပေးပါတဲ့လား.....


ဒီကကောင်ကိုရော....မင်းထည့်တွက်ရဲ့လားနေရီ


သွေးသားရင်သွေးကလေး ကို သူကိုယ်တိုင်လက်နဲ့သတ်ပစ်ခဲ့ရပြီးဆုံးရှုံးခဲ့ရပြီးပြီ...

ချစ်တက်သွားတဲ့အခါမှ ဝဋ်တွေလည်နေတာအကြိမ်ကြိမ်....

အဆင်ပြေအောင်နေနေရပေမဲ့....

ရင်ထဲမှာပြိုလဲနေတာအကြိမ်ကြိမ်....


မိသားစုဘဝလေးလိုချင်နေတဲ့ကောင်ရဲ့ရင်သွေးကိုမှဖြတ်ချပစ်ပြီး...

မချစ်တက်တဲ့ကောင်ကိုချစ်မိသွားပြီး မပြတ်သားနိုင်အောင်လုပ်ထားပြီးရင်လဲအေးဆေးနေပါတော့လား....


Ren Hospital ဟာသူ့အပိုင်မို့လို့သာတော်သေးသည်


ဘဝမှာ..ပိုက်ဆံတွေရှိနေတာ အာဏာတွေရှိနေတာကိုတောင်ကျေးဇူးတွေတင်နေမိသည်


လုပ်ပါနေရီ.... ဘယ်လိုအခြေနေဖြစ်ဖြစ်ရအောင်အသက်ဆက်မယ် မင်းပြောသလိုအတူတူလောင်ကျွမ်းကြတာပေါ့


မင်းပေးတဲ့ဒဏ်ရာတွေဟာဘာများအရေးလဲ...ကိုယ့်ဘဝမှာဒီထက်မကနာကျင်ခဲ့ဖူးပြီးပါပြီလေ


.....................


"ဘာဖြစ်လို ဒီလိုတွေလုပ်ရတာလဲနေရီ "


" ကျမ..မသိဘူး ကျမလွတ်မြောက်ချင်တယ် "


တိုးလျလျလေသံကလေးနဲ့သူမအဖြေဟာသူ့နားထဲကန့်လန့်ဝင်လာသည်....ပုံမှန်စိတ်နဲ့ဆိုရင် သူ ဒီလိုအကြိမ်ကြိမ်စိတ်ဒုက္ခပေးတဲ့မိန်းကလေးမျိူးကိုအနားကနေအဝေးပို့ပစ်တာကြာလှပြီဖြစ်သော်လည်း..ယခုတော့


ခဏကလေးမတွေ့ရရင်တောင်...

လွမ်းမိ စိတ်ပူမိတဲ့အထိဖြစ်ရသည်မို့...


ဝေးများသွားရင်သူခံနိုင်ရည်ရှိမည်မထင်ပါ...


သို့သော်...သူအတ္တကြောင့်ဒီလိုဆွဲထားမိတာဟာ သူမကိုဒုက္ခပေးသလိုများဖြစ်နေမလားလို့အခုမှပြန်တွေးမိတော့....


" ကိုယ်..ဘာလုပ်ပေးရမလဲ ကွာရှင်းပေးဖို့လိုအပ်သလား "


" ဟင့်အင်း.....သေဆုံးသွားရင်တောင်ရှင့်ရင်ခွင်ထဲမှာပဲသေဆုံးသွားချင်တယ် ကျမတောင်းပန်ပါတယ် "


"ဟုတ်ပြီ ကိုယ်မင်းကိုချစ်တယ်ဆိုတာသိထားနေရီ ပြီးတော့မင်းသိထားတာထက်ပိုပြီးချစ်နေတယ်ဆိုတာလဲသိထားပေး.....

မင်းစိတ်တိုင်းကျ မင်းသဘောအတိုင်းအားလုံးဖြစ်နေရမယ် "


သူမမျက်ရည်တွေကိုသူသုတ်ပေးရင်း.....


"မငိုပါနဲ့....နာကျင်ရရင်တောင် နာကျင်ရသူဟာကိုယ်ပဲဖြစ်ချင်တယ် နောက်တခါဒါမျိူးမလုပ်ပါနဲ့လို့ကိုယ်မချူပ်ချယ်ပါဘူး...

မင်းဘာပဲလုပ်လုပ် မင်းအသက်ကိုကိုယ်ရအောင်ကယ်မှာမို့လို့ "


"နေရီ..တောင်းပန်ပါတယ် "


" ဒုတိယအကြိမ်မှားယွင်းတဲ့ရွေးချယ်မှု့မျိူးမလုပ်စေချင်ယုံပါပဲ.. ကိုယ်ကမှားယွင်းတယ်ထင်သရွေ့မင်းအသက်ကိုရအောင်ကယ်မယ်..

မင်းကမှန်တယ်ထင်သရွေ့...ထင်ရာကိုလုပ်ပါ "


နဂိုကမှပိန်ပါတယ်ဆိုတဲ့လက်ကလေးဟာ...

ပြောစရာမလိုအောင်ပိုပိုပိန်သွားခဲ့ပြီ.....

စိတ်ပင်ပန်းရတဲ့ကြားကပြုံးမိသေးသည်


မင်းတိမ်လွှာ သူ့ဇနီးကိုသည်းသည်းလှုပ်နေတုန်းကပိုကိုပိုတယ်လို့ထင်ခဲ့ဖူးသူမဟုတ်လား

တကယ်တော့အချစ်မှာပိုတယ်ဆိုတာမရှိပါလားသူမကြောင့်နာကျင်ရတယ်သူမကြောင့်ပျော်ရွှင်ရတယ်....


သူမပေးတဲ့ဟန်ဆောင်ပျော်ရွှင်မှု့ကလေးကတောင်သူ့အတွက်တဘဝစာနာကျင်ဖို့လုံလောက်တဲ့အကြင်နာတွေပဲမို့သူခံနိုင်ရည်ရှိပါတယ်.....

အလုပ်တွေပြေးလုပ်ရ....

ဆေးရုံပြေးစောင့်ရသလို


ဒီနေ့ဆိုရင် ဒဏ်ရာတွေနဲ့လှဲလှောင်းပြီးသူမသွေးတွေပေကျံတေသည့်ကုတင်တခုလုံးပစ်ဖို့လုပ်ရတဲ့အပြင် ဒီအိမ်ခန်းဆီနောက်ထပ်သူမကိုခေါ်မလာချင်သည်မို့..


အိမ်ပြောင်းဖို့စီစဥ်ရသလို.....


သူမကိုစိတ်ဒဏ်ရာရစေသည့် ထိုအိမ်ကိုရောင်းထုတ်ပစ်ဖို့ဆုံးဖြတ်လိုက်သည်တချိန်ကဒီအိမ်ထဲမှာ သူသဘောကျသည့်မိန်းကလေးပုံတွေလာဆွဲတက်သည်......

အခုတော့ သူချစ်ရတဲ့မိန်းကလေးကိုနာကျင်စေသည်မို့အမြန်ဆုံးရောင်းထုတ်ဖို့သံယောဇဥ်ပြတ်စီစဥ်နိုင်ခဲ့သည်


တနေကုန်နားချိန်မရှိပြေးလွှားခဲ့ရသည်မို့....


သူမနံဘေးကုတင်ပေါ်ခေါင်းတင်ရင်းအိပ်ပျော်သွားခဲ့ကာ....


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်သူရိန်မျက်နှာဟာ နဂိုထက်နွမ်းနယ်နေပုံပေါ်လေသည်...


အတ္တတွေကိုရှေ့တန်းတင်ခဲ့မိသလို


မချစ်တဲ့မိဘတွေကြားကလေးကိုမြေဇာပင်မဖြစ်လိုတာမို့ဖြတ်ချခဲ့ပေမဲ့လဲတကယ်တမ်းရင်သွေးလေးမရှိတော့မှာ...

သူမဘဝဟာနဂိုထက်မှောင်မိုက်လာသည်....


နောင်တတွေတပွေ့တပိုက်နှင့်ရင်ထဲလောင်မြိုက်ရသလို...

သူနဲ့မတူအောင်သည်းခံနေတဲ့သူရိန်ကိုကြည့်ပြီးနောင်တရချင်လာသည်....


ဘဝမှာသူမဟာဘယ်တုန်းကမှအချစ်မခံခဲ့ရဖူးပါ သူများတွေလွယ်လွယ်ကူကူပေါပေါသီသီရသည့်ချစ်ခြင်းမေတ္တာတွေဟာ ၅၂၈မှာရော ၁၅၀၀မှာပါအားနည်းသည်....

သူကရောတကယ်ပဲချစ်တာလား..........


သူမကရောအချစ်ခံဖို့ထိုက်တန်ရဲ့လား......


သူ့ကိုနာကျည်းလို့ဒဏ်ရာတွေပေးခဲ့တာပေမဲ့ထူးဆန်းစွာသူမကပိုနာကျင်နေပြန်သည်....


" Sorry ကိုယ်အိပ်ပျော်သွားတယ် "


" အိပ်ပါ...ရှင်အိပ်ဖို့လိုအပ်နေတာမဟုတ်ဘူးလား "


" မင်းကို စိတ်မချလို့ "


" ကျမ နေကောင်းနေပါပြီရှင်စိတ်ချလက်ချအိပ်ပါ "


" သြော် ပြီးတော့ ကိုယ်အိမ်ပြောင်းလိုက်ပြီ "


" အိမ်ပြောင်းလိုက်ပြီ? "


" မင်းကိုမကြာမကြာနာကျင်စေမဲ့အမှတ်တရတွေရှိနေတဲ့အိမ်အဟောင်းကို....ကိုယ်ပြန်ရောင်းလိုက်ပြီနေရီ အိမ်အသစ်မှာကျန်းကျန်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင်နေကြရအောင်နော်...."


" အဟွန့်......ဘာလို့ပြောင်းပစ်လိုက်တာလဲ နာကျင်စေတာလဲအမှတ်တရပဲလေ ရှင်ရက်စက်ခဲ့တာတွေမေ့သွားစေချင်လို့လား "


" ကိုယ်တောင်းပန်ပါတယ် မင်း......မင်းမကျေနပ်ရင် ကိုယ့်ကိုရိုက်လိုက်ပါ ငိုတော့မငိုပါန့ဲ "


" ရှင်..တအားပင်ပန်းထားတယ်ထင်တယ် အိပ်တော့ ကျမကုတင်ဘေးမှာမှောက်အိပ်မနေနဲ့ "


" မင်းကိုထားပြီးသွားအိပ်ဖို့ကို..စိတ်မချလို့"


" ဟိုဘက်ကုတင်နဲ့ဒီဘက်ကုတင်နီးနီးလေးကိူ "


" ရပါတယ်ကိုယ်အဆင်ပြေတယ် မင်းသာအိပ်တော့ "


"အပိုတွေမလုပ်နဲ့ကိုသူရိန် ရှင့်ကိုယ်ရှင်လဲကြည့်အုန်းမျက်တွင်းတွေကျနေတာလူမမားကျလို့ ကုတင်းနှစ်ခုနဲနဲလေးပဲခြားတာစိတ်ချလက်ချသွားအိပ် "


"ကိုယ်မှ မင်းနဲ့ခြားပြီးမအိပ်တက်တာ "


" ဟာ "


" ဟိတ် အပိုလို့မပြောနဲ့နော် ဒီလတွေအတွင်းမှာရင်ခွင်ထဲလာလာတိုးပြီးအကျင့်လုပ်တာမင်း "


" ရှင်ဆိုသည်မှာ.....တကယ်ပဲ ကျမကရှင်အိပ်ရေးပျက်မှာစိုးလို့ "


"တကယ်အိပ်စေချင်တာလား "


" အင်း "


သူမစိတ်အားထက်သန်စွာခေါင်းညိမ့်ပြတော့...သူ့ရုပ်ကပြုံးစိစိဖြင့်...


" ဒါဖြင့်...ဒီလိုအိပ်မယ် "


သူမခြုံထားသည့်စောင်ကိုလှန်ကာသူမနံဘေးဝင်အိပ်ရင်း....

ထထိုင်နေသည့်သူမကိုပါ သူ့နံဘေးဆွဲလှဲချရင်းဖက်အိပ်တော့သည်...


" ကုတင်တွေက ထင်ထားတာထက်ကျဥ်းနေတယ်နောက်ဆိုလူနာကုတင်ကိုနဲနဲပိုကြီးတာတွေလဲခိုင်းရမယ် "


သူ့ဘာသူရေရွတ်ရင်းမျက်လုံးတွေကိုဇွတ်မှိတ်ထားသည်မို့...

ဘာမှပြောချိန်မရသည့်သူမငြိမ်၍သာနေလိုက်တော့သည်လိုချင်တာရအောင်ယူ...

လုပ်ချင်တာဖြစ်အောင်လုပ်တက်သည့်သူကို....

သူမနိုင်အောင်မပြောနိုင်တော့ပါ.....


တကယ်ဆိုဒီရင်ခွင်ကိုထပ်တွေ့ခွင့်မရတော့ဘူးလို့ထင်ထားခဲ့တာမဟုတ်လား........


rate now: