book

Index 43

(အပိုင်း..၄၃)

မင်းမကြည့်လို့

**************************


ဒီရက်တွေမှာ..

သူမရော သြဇာဂုဏ်ပါအလုပ်ရှုပ်နေကြသည်မို့မျက်နှာချင်းဆိုင်မိသည့်အချိန်ကခပ်ရှားရှားဖြစ်နေလေသည်..

အရင်ကဆိုဘယ်လောက်အလုပ်များများ...


သူမကလဲ သူ့အတွက်အချိန်ရအောင်ပေးခဲ့သလို...

သူကတော့ပြောစရာမလိုအောင်သူမအနားသာကပ်နေတက်ခဲ့တာ...


အခုတလောသူကိုယ်တိုင်ကရှောင်ဖယ်နေခဲ့သည်မို့တအိမ်ထဲနေပြီး စကားပင်မပြောဖြစ်ကြပါ...


" နွယ်လေး မအိပ်သေးဘူးလား "


ရီဝေဝေမျက်ဝန်းတွေဟာအရက်သောက်လာမှန်းသူမ ရိပ်မိသည်...


" အင်း..အခုတလော နွယ်လေး အတွင်းရေးမှူးက ဆေးရုံတင်ထားရတော့အလုပ်တွေက မပြတ်ဖြစ်နေတယ်...

အဟွန်း မရှိတော့မှတန်ဖိုးသိဆိုသလိုပါပဲ ဒီကောင်မလေးသိပ်စေ့စပ်တာ "


" သူရိန်ဇနီး နေရီသက်ဝေမဟုတ်လား "


" အင်း..."


" နွယ်လေး "


သူဟာသူမအနီးတိုးကပ်လာပြီး သူမလက်ဝါးကလေးကို သူလက်နှစ်ဖက်နှင့်ညင်သာစွာကိုင်ယူကာ....


" ကိုကို..ကိုကတိပေးပါ အဲ့ဒီမိန်းကလေးလိုတူညီတဲ့ဖြစ်စဥ်မျိူးဖြစ်ရင်တောင်...နွယ်လေး ကိုယ်တို့ရင်သွေးလေးအပေါ်မရက်စက်ပါဘူးလို့ "


သူ့မျက်ဝန်းဟာတောင်းပန်တိုးလျှိူးနေသလို...မျက်ရည်တွေဝဲနေလေသလား


" မုန်းရင်..ကိုကို ကိုပဲမုန်းပါကလေးနော်..ရိုက်နှက်ပစ်လို့ရပါတယ်ကိုကို လက်ညှိူးနဲ့တောင်မထိုးပဲခံယူပါမယ် ဒေါသတွေမာနတွေနဲ့အတ္တတွေကို အပြစ်မဲ့ရင်သွေးလေးအပေါ်မပုံချပါနဲ့နော် "


" ကိုကို...နွယ်လေးတို့မှာက ရင်သွေးမှရှိမနေတာ "


" ကိုကို သိပါတယ် ကိုယ်ခံနိုင်ရည်မရှိတဲ့အရာမို့ကြိုတောင်းပန်ထားပါရစေနွယ်လေးရယ်နော်...

နွယ်လေးသာ သူ့လိုရွေးချယ်မှု့မျိူးလုပ်ရင်ကိုကိုသေလိမ့်မယ် "


တခုခုပြန်ပြောဖို့ပြင်ပြီးမှသူမရှေ့မှာဒူးထောက်ထိုင်နေသလိုပုံစံရယ်..

မော့ကြည့်နေတဲ့အားငယ်နေသည့်မျက်ဝန်းတွေဟာသူဘယ်လောက်တုန်လှုပ်နေသလဲဆိုသည့်သက်သေတွေပါလား....


သူမ.....သူ့ပခုံးတွေပေါ်ကနေပွေ့ဖက်ထားမိကာ ရင်ထဲလှိုက်ကနဲဖြစ်မိရဲ့....


မရှိသေးသည့်ရင်သွေးအပေါ်ပူပန်မှု့လား....

သူမကိုစိုးရိမ်နေသလား....

ဘာမှန်းသူမသေချာမသိပါ သို့သော်သူ့စကားတွေသူ့မျက်ဝန်းတွေကနေတဆင့်အလိုလိုနားလည်မိနေတာသူ့ရဲ့ပူပန်မှု့တွေကိုပါ...


သူမပခုံးပေါ်မေးတင်ရင်း....


" ကိုယ် သူတို့သတင်းကြားပြီးထဲက တရက်မှအိပ်မပျော်သေးဘူးနွယ်လေး....

ရင်သွေးလေးမရှိတာကလွဲရင်အိမ်ထောင်ရေးအဆင်မပြေကြတာချင်းတူနေတော့...ကိုကို ....."


" စိတ်ချပါ နွယ်လေးဒေါသတွေကို ကိုကိုပြောသလိုဖြေဖျောက်ပါ့မယ်...ပြီးတော့လေမပြေလည်ကြတာချင်းတူပေမဲ့ နာကျင်ရပုံခြင်းမတူဘူးကိုကို မလုပ်သင့်ဘူးဆိုပေမဲ့နေရီရင်ထဲကဒဏ်ရာကို နွယ်လေးနားလည်တယ်...

သူဟာနွယ်လေးလိုအချစ်ခံရတဲ့ဇနီးမဖြစ်ခဲ့လို့ပါ"


" နွယ်လေး....ကိုကို့ ကိုမကွာရှင်းပါနဲ့တော့လား နော် ကိုကို ဒီထက်မကပိုချစ်ပေးဖို့ကြိုးစားပါမယ် တယောက်ထဲတော့မထားခဲ့ပါနဲ့လားကလေးရယ် ကိုယ်ရူးလိမ့်မယ် ကိုယ့်အတွေးနဲ့ကိုယ်ပူလောင်ရင်းမတွေ့ဖြစ်တဲ့ရက်လေးမှာတောင်လွမ်းရလွန်းလို့ ညတိုင်းနွယ်လေးကိုထိုင်ကြည့်နေမိတဲ့အထိပါပဲ..."


" ကိုကို....... "


" ကိုယ်သိပါတယ်ကွာ ပြန်စဥ်းစားပေးယုံပါနော်ကလေး "


" အင်း....စဥ်းစားကြည့်ပေးမယ် ကိုကိုအပြုအမူပေါ်မူတည်ပြီးတော့ပေါ့ "


" ကျေးဇူးပါ နွယ်လေး "


ဘယ်လိုလုပ်ရပါ့မလဲ....

စိတ်တွေနာနေခဲ့ပေမဲ့.....


သူ့ရဲ့ဒီပုံစံနဲ့စိုးရိမ်နေပုံတွေဟာသူမအတွက်မဟုတ်သည့်တိုင်အောင်

ရင်ထဲထိရှနေစေသည်......


ဘယ်သူ့ဘက်ကစတင်ခဲ့သလဲမသိသည့်အကြင်နာအနမ်းတွေရယ်...

Toxic Zone ကိုနောက်တကြိမ်မဝင်ချင်တော့ဘူးလို့ကြွေးကြော်နေခဲ့သော်လည်း...

နှလုံးသားကရှုံးနှင့်နေခဲ့ပြီထင်ပါရဲ့...


ချစ်တယ်..ကိုကို


နွေးထွေးခြင်းတွေရဲ့ခေါ်ဆောင်ရာနောက်ကိုသူမကျေကျေနပ်နပ်တိုးဝင်မိသည်...ရင်ခုန်ရသည့်သူမတို့ကမ္ဘာမှာအချစ်တွေ..နားလည်မှု့တွေနဲ့သာဖုံးလွှမ်းနေစေချင်သည်...

ဒီညတော့......

အချစ်နဲ့အတူ

မိုက်မဲပါရစေလား.....


သူမလည်တိုင်ထက်ဆီသူချွေချသည့်အနမ်းကြမ်းကြမ်းတွေကိုသူမ မက်မောမိလေသည်.........


............................................


မနက်ခင်းနေရောင်နွေးနွေးနဲ့အပြိုင်...

နွေးလွန်းသည့်ရင်ခွင်ကျယ်ထဲအိပ်စက်ရတာ

သူမနှစ်ခြိုက်သည်...


သူမတို့အခြေနေဟာဘယ်လိုအခြေနေလဲသူမ...မသိတော့ပါ

ရင်ခုန်သံတွေလတ်ဆက်စွာရှိနေခဲ့သည့်မနေ့ညကအခြေနေကိုသဘောကျသည်..

သူမနောက်တကြိမ်အချစ်မှာရှုံးနိမ်သွားပြန်ပြီထင်ပါရဲ့....


အချိန်ကစောနေသေးပေမဲ့.....


အလုပ်တွေရှိနေသေးသည်မို့သူ့ဘေးကအသာထရင်းရေချိူးခန်းထဲဝင်ခဲ့သည်....

သူမ..သူ့ကိုအခွင့်ရေးပေးသင့်သလား....


နောက်ထပ်...မသိစိတ်ကဖောက်ပြားနေမှာမျိူးတွေကိုလဲသူမကြောက်နေမိတာ

ယုံကြည်မှု့တွေတည်ဆောက်ရတာခက်သလောက်ပြိုပျက်ဖို့ကလွယ်ကူလွန်းနေသည်......


" နွယ်လေး ရေချိူးတာကြာနေပြီဖျားမယ်နော် "


သူ့အသံကြားတော့နှုတ်ခမ်းတွေဟာအလိုလိုပြုံးမိတာမျိူး...

ဘာတွေပဲပြောင်းလဲပါစေ...

ရေချိူးတိုင်းစောင့်ကြည့်သတိပေးတက်သည့်သူ့အကျင့်ကတော့မပြောင်းလဲပါ....


သဘက်ကလေးသာပတ်ပြီး ပြန်ထွက်လာသည့်သူမ...

ဆံပင်တွေပေါ်ကတွဲလွဲခိုနေသည့်ရေသီးကလေးတွေဟာရင်ဘက်ပေါ်တစက်စက်ကျနေသည်

ရဲနေသည့်နှုတ်ခမ်းကလေးတွေနှင့်....

သူမအလှဟာ ရင်ဖိုစဖွယ်ကောင်းလှတာ...


အသင့်ကိုင်ထားသည့်သဘက်နှင့်သူမကိုယ်လေးကိုပတ်လိုက်ပြီး...

ရေစိုလာသည့်ဆံနွယ်လေးတွေကို သုတ်ပေးရင်းရင်ခုန်သံတွေဟာထိန်းမနိုင်သိမ်းမရ...


" ကိုကို "


" ဗျာ "


" အတင်းလုပ်ယူတဲ့ဟန်ဆောင်မှု့တွေမဟုတ်ပဲအခုလိုလေး စိတ်ဖွင့်ပြီးပဲ ဆက်ဆံပေးပါလား "


" ကိုကို့တဘဝလုံး ကလေးအပေါ်စိတ်ရင်းအတိုင်းပဲဆက်ဆံခဲ့တာပါကလေးရဲ့ "


" မဟုတ်ဘူး.....လွန်ခဲ့တဲ့နှစ်တွေကအင်း..အတိအကျပြောရရင်မင်္ဂလာဆောင်ပြီးထဲက ကိုကိုဟာ နွယ်လေးစိတ်ခံစားချက်တွေကိုလဲနားမထောင်ပေးတော့ပဲ....

စကားနဲရန်ဆဲ စွတ်တောင်းပန်ခြင်းတွေနဲ့ပဲရန်ပွဲတွေကိုအဆုံးသတ်ပစ်လိုက်တာ "


" ကိုကိုကလား...?"


" လင်နဲ့မယား လျှာနဲ့သွား တဲ့ ကိုက်မိတဲ့အခါကိုက်မိမယ် တိုက်မိတဲ့အခါတိုက်မိမှာပဲကိုကို...ဒါပေမဲ့ကိုက်မိတဲ့အချိန်မှာအစွမ်းကုန်နာကျင်ပြီးရင် စည်းချက်ညီညီထာဝရရှိနေမှာ လျှာနဲ့သွားပဲမဟုတ်လား...

သူမှားတယ်ငါမှားတယ်ငြင်းခုန်ကြရငိး...ရန်ဖြစ်ကြရင်းနဲ့ပဲ ပြန်ပြေလည်ကြရမယ် စိတ်ထဲအရှိအတိုင်းပွင့်ပွင့်လင်းလင်းဆက်ဆံနိုင်တဲ့ဆက်ဆံရေးမျိူးဟာလင်မယားတွေကြားမှာရှိကိုရှိသင့်တယ်..."


" မလျော့မတင်းသွားရမဲ့ကြိုးတွေဟာ သံယောဇဥ်ကြိုးတွေပဲလိုနွယ်လေးနားလည်ထားတာမို့...စိတ်ထဲအရှိအတိုင်းဆက်ဆံတဲ့အိမ်ထောင်ရေးမျိူးပဲလိုချင်တယ် "


" ကိုယ်...အတွေးတိမ်သွားတယ်

နွယ်လေးကိုဆုံးရှုံးရမှာစိုးလို့ ကိုကို...ဆက်ဆံရေးတွေကိုအတင်းလုပ်ယူမိသွားတယ်ထင်တယ် "


"ပွင့်ပွင့်လင်းလင်းပြောရင်...ဘာမဆိုလက်ခံနိုင်တာမို့ တကယ်လို့များပေါ့ ချစ်ရတဲ့သူနောက်ထပ်ပေါ်လာခဲ့ရင်တောင် ပြောပြပြီးထားခဲ့နိုင်တယ် .... နွယ်လေးခွင့်လွှတ်တယ် ကိုကိုသာအဲ့လိုပွင့်လင်းတဲ့အခြေနေမျိူးနဲ့နွယ်လေးအပေါ်ဆက်ဆံမယ်ဆိုရင်...နွယ်လေး မကွာရှင်းတော့ဘူး ၃ လစောင့်ကြည့်မယ်...ဒီလတွေအတွင်းအရင်လို Toxic RS မျိူးပြန်ဖြစ်သွားခဲ့ရင်ဘယ်လိုအကြောင်းပြချက်မှမပေးပဲအမေးအမြန်းမရှိဖြေရှင်းချက်မရှိကွာရှင်းပေးပါ "


"ဘဝမှာကိုယ်နွယ်လေးကလွဲပြီးအရင်ကလဲစိတ်နဲ့ရောလူနဲ့ရောနဖောက်ပြန်ခဲ့ဖူးတာယုံပါ...ကိုကိုသစ္စာရှင်အပေါ်စေတနာပိုခဲ့ပေမဲ့ ကို့စေတနာတွေဟာဖြူစင်ရိုးရှင်းပါတယ်ဒါပေမဲ့စိတ်ချပါအနာဂတ်မှာ ဖြူစင်တဲ့စေတနာတောင်သူစိမ်းမိန်းကလေးတွေအပေါ်မပိုစေရပါဘူး.......

ကိုကို... ကလေးနဲ့နှစ်ပေါင်းများစွာသိခဲ့ခင်ခဲ့ချစ်ခဲ့တဲ့သံယောဇဥ်တွေနဲ့ကျိန်ဆိုရဲပါတယ် "

".....''


" စိတ်ချပါ ၃လအတွင်းမကဘူး...တဘဝလုံးနောက်ထပ် Toxic relationship မျိူးမကြုံစေရပါဘူး ကြုံခဲ့ရင်ကတိအတိုင်းနောက်တကြိမ်နွယ်လေးကိုမဆွဲထားပဲလွှတ်ပေးပါမယ်....

သြဇာဂုဏ်ဆိုတဲ့နာမည်နဲ့ရင်းပြီးကတိပေးပါတယိ "


သူမရဲ့အေးစက်စက်ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းမိတော့လက်ကလေးတွေဟာသူ့ခါးကိုပြန်ဖက်တွယ်သညိ...


မုန်တိုင်းတွေပြီးတဲ့အခါ....


ရောက်လာတဲ့လေပြေညှင်းတွေဟာအေးချမ်းမှု့အရှိဆုံးပဲမဟုတ်ပါလား


rate now: